21/08/2022
ထိုင်းကို လေယာဉ်နှင့်လာမည့်သူများ သေချာဖတ်ပါ။
✅✴✴ ✴ ✴ ✴ ဟိုတယ်ကိုဘွတ်ကင်မှန်းမသိ ကွန်ဖန်းမှန်းမသိစျေးသက်သာရင်ပီးရောလုပ်တတ့သူများ
ဒွန်မောင်းလေဆိပ်မှာ ပြန်လွှတ်ခံရသူအေရမ်းများတာ
အဝတ်အစားကြောင့်လား?
စာရွက်စာတမ်းမပြည့်စုံလို့လား?
မေးခွန်းမဖြေတတ်လို့လား?
သုံးခုလုံးနဲ့လည်းဆိုင်ပါတယ်။
အဓိက Return Ticket ကိုနှမြောပြီးဝယ်မလာတာမျိုး။ အရင်ဆုံးကြည့်တာက Passport ကိုပါ။
ဘယ်နှစ်ကြိမ်လာဖူးလဲ? ဘာနဲ့လာဖူးလဲ?
ပထမဆုံးအကြိမ်လား?
ပထမဆုံးအကြိမ်ဆို တည်းမယ့်နေရာတွေ အသွားအပြန်လက်မှတ်အပြည့်အစုံ ကြည့်ပါတယ်။ Show money အခုဆိုစစ်ပါတယ်။
အပြည့်အစုံပါလာရင် ✅14 days visaသမားတွေကို ဘာမှထပ်မရစ်ဘဲ တုံးထုပေးလိုက်ပါတယ်။
ED Visa✅ အထူးသဖြင့် မြန်မာကနေ Language Schoolကိုအရင်အပ်ပြီးမှ ED Visaနဲ့ဝင်လာမယ့်သူတွေပါ။ University Letter နဲ့လာတဲ့သူတွေတော့သိပ်မရစ်တတ်ပါဝူး
မေးခွန်းတွေကတော့...
ကျောင်းကပို့လိုက်တဲ့ Document ကိုတောင်းပါတယ်။
မလာခင်တည်းက ကျောင်းကိုမေးထားတာပိုကောင်းပါတယ်။ ဘယ်နေ့လာမယ် လေဆိပ်မှာစာရွက်စာတမ်းတောင်းရင်ဘာကိုပြရမလဲလို့ပါ။ အကြောင်းအရာကို eng လိုသေသေချာချာရှင်းပြပေးနိုင်ဖို့လို့ပါတယ်။
လက်ခံနိုင်တဲ့ အကြောင်းပြချက်ပေးဖို့ တစ်ခါတည်းစဉ်းစားလာဖို့လိုပါတယ်။
Tourist Visa ✅ နဲ့လာသူတချို့ဖြေတယ်
သူများတွေ အေးဆေးပါဘဲ ဘာမှတောင်မမေးဘူးမရစ်ဘူးဆိုတာနဲ့ ကိုယ့်ဘက်ကဘာမှမပြင်ဆင်သွားတာပါ။
အဲ့လူတွေကလည်း တစ်ခါတစ်လေလာပြီးမရစ်ခံရတာနဲ့ သူတို့အရစ်မခံရပါဘူး အေးဆေးပါနဲ့ ရေးတော့ နောက်လူတွေကအဟုတ်ထင်ပြီး ဘာမှမပြင်ဆင်သွားတဲ့အခါ ပြန်ပို့ခံရတာတွေဖြစ်တတ်ပါတယ်။
တစ်ကယ်ကတော့ ဘယ်လိုပဲဝတ်စားလာလာ စစ်တဲ့ အင်မီဂရေးရှင်းလူ ပေါ်မှာပဲမူတည်ပါတယ်။ တချ်ု့ကျ မေးခွန်းတွေတောက်လျှောက်မေးပြီး မဖြေနိုင်တာနဲ့ အသင့်ရှိနေတဲ့ ရဲထပ်ထပ်ကိုအပ်ပြီး ထိုင်ရစ်တော့တာပါ။
Tourist Visa နဲ့လာရင်လည်း ပထမဆုံးကြည့်တာ အဝတ်အစား နှင့်Passport ကိုပါ။ ဘာနဲ့လာဖူးလဲ? ဘယ်နှစ်ကြိမ်ဝင်ထွက်ဖူးလဲ? ဘယ် Visa တွေနဲ့နေခဲ့ဖူးလဲအရင်စစ်ပါတယ်။ ပြီးမှ လူကိုကြည့်ပြီးမေးခွန်းမေးပါတယ်။ ပထမဆုံးလာဖူးတဲ့သူဆို return ticketတွေပြခိုင်းတာ ဘာလုပ်လာတာလဲတို့ မေးတတ်ပါတယ်။ အဲမှာ အလည်visa pv passportဆို အလည်လာတာ ကိုဖြေရပါမယ်
အဲမီာ အသိအမေအမျိုးသမီးမောင်နှရှိလို့လာနေတာလို့ဖြေရင်ပြန်လွှတ်ခံရမယ်မှတ်ပါ
အသိမိဘဆွေမျိုးဆီအလည်လာတာလို့ဖြေရမှာပါ လာတဲ့visaကအလည်visaမို့ပါ
နေဖို့လာတယ်ဆိုရင်ခေါ်စာအမျိုးမျိုးနဲ့Non B visa✅ နဲ့နေထိုင်ခွင့်လျောက်ခဲ့ရတာမျိုးဆိုနေဖို့လာတာဖြေလို့ရပါတယ်
တစ်ချို့ Officer.တွေကတော့ သေချာစစ်မေးပြီးတော့မှ သူတို့သဘောကျလောက်တဲ့ အဖြေမျိုး သွက်သွက်လက်လက်လည်းဖြေတတ်တယ်ဆိုရင် တုံးထုပေးလိုက်ပါတယ်။
ရပါတယ်။ ဒါပေမယ့် လေယာဉ်တစ်စီးတည်း တစ်ရက်တည်း ဘွတ်ကင်တူစာရွက်တူဟိုတယ်တည်းမည်းသူအတူတူလာတဲ့သူချင်းတောင် အဝင်တာမတူတဲ့အခါ Officer မတူတဲ့အခါ တစ်ယောက်ကတော့ အ ဖြေတ မတတ်ရင်စ်ယောက်ကတော့ ပြန်လွှတ်ခံရတာမျိုးရှိတတ်ပါတယ်
အိပ်လိပ်စာနဲ့ပြ မယ်ဆိုရင်ပက်သက်ပြီးးေမးခံရတဲ့အခါ အကူအညီတောင်းဖို့ မှန်ကန်ကြောင်း ဖုန်းနံပါတ်တောင်းသင့်ပါတယ်။ ဘယ်နေ့လာမယ် ကြိုပြောထားပြီး လေဆိပ်ဆင်းမယ့်အချိန်မှာ ဖုန်းကိုင်ဖို့ အဆင်သင့်ရှိနေဖို့ ပြောထားရင်ပိုကောင်းပါတယ်။ အိမ်စာချုပ်ပါပြနိုင်အောင်ပြင်ဆင်ထားပါ။ ဘာလုပ်ဘာကိုင်ဘယ်လိုနေတာတေမေးရင်ပြင်ဆင်ထားရပါမယ်
Passport ထဲမှာ ထုထားတဲ့အဝင်အထွက်တွေကိုစစ်ပါတယ်။ ဘယ်တွေသွားထားဖူးလဲ? ဘယ်နှစ်ခါလာဖူးလဲ? ဘာVisa တွေနဲ့နေဖူးလဲပါ။ ✴✴✴✴✴
ပထမဆုံးလာတဲ့သူတွေအတွက်ကတော့ နေမယ့်လိပ်စာဟိုတယ်လိပ်စာ အပြည့်အစုံအတိကျပါဖို့လို့ပါတယ်။အခုဆိုဟိုတယ်ဘွတ်ကင်စာရွက်နဲ့မရနော့ပါဝူး ဟိုတယ်ကို ဖုန်းဆက်ကျိလိုငွေပေးချေမှုရှိထားပါမှာ ကွန်ဖန်းဟိုတယ်စာရွက်လိုပါတယ် ✴✴✴✴✴
ဘွတ်ကင်ပဲတင်ထားပီးငွေပေးချေမှုမရှိရင်ကန်ဆယ်ဖစ်တတ်တဲ့စာရွက်နဲ့ဝင်မရတော့ပါဝူးနော်✴✴✴✴✴
နေဖို့ငွေပေးချေမယ်ဆို တည 9သေတာင်း/1သိန်းဝန်းကျင်ဘန်ေကေ်ဟိုတယ်နဲ့နီစ်ညစာလောက်အနဲဆုံးဘွတ်ကင်တင်ပီးကျန်ရက်တေကိုဘယ်မှာနေမလဲရှင်းပြတတ်မှဝင်ခွင့်ရမှာပါ
သူငယ် ချင်း မိဘရှိလို့ ခေါ်လို့လာတာဆိုရင်တော့ Invitation Letter ပါပြင်ဆင်လာမှအဆင်ပြေပါတယ်။ သူတို့က ဖိတ်ခေါ်လို့လာတာပါလို့ဖြေမိရင် Invitation Letter ပါတောင်းကြည့်တတ်ပါတယ်။ ✴✴✴✴✴
ဘာလုပ်လာတာလဲမေးတတ်ပါတယ်။ အကြောင်းပြချက်လည်းခိုင်လုံတယ် ဖြေတာလည်းသဘောကျတယ်ဆိုရင် အသွားအပြန် လက်မှတ်တောင်းကြည့်တတ်ပါတယ်။
အသွားအပြန် လက်မှတ်လည်းပါတယ်။ အကြောင်းပြချက်လည်း သူတို့လိုချင်တဲ့ အကြောင်းပြချက်ပေးနိုင်တယ်။ အဝတ်အစားလည်း သပ်ရပ်စွာဝတ်ဆင်ထားတယ်။ Show moneyအပြည့်အစုံပါတယ်။ ဒီလိုအချက်တွေနဲ့ပြည့်စုံရင်ရင်တော့ ဘာမှစိတ်ပူစရာမလိုပါဘူး။
ထိုင်းစကားမတတ်ရင် ဘာလို့မပြောတတ်တာလဲEလိုမေးတတ်ပါတယ်။ အဲ့တာဆိုရင်တော့ လုံလောက်တဲ့အကြောင်းပြချက်ပေးဖို့လိုပါတယ်။ ပြီးတော့ ဘာလို့လာတာလဲဆိုရင်လည်း သူတို့ကျေနပ်လောက်တဲ့ အကြောင်းပြချက်ပေးနိုင်ရင် ဝင်ခွင့်ပေးပါတယ်။
ကိုယ့်အလှည့်ရောက်မှ ကံဆိုးပြီး အစုံမေးခံရပြီး ပြန်ပို့ခံရတာထက်စာရင် အပြည့်အစုံပြင်ဆင်လာပြီး သေချာလေးလုပ်တာကြောင့် ဝင်ခွင့်ရတာကပိုကောင်းပါတယ်။
နောက်တခုက အရင်က ဘာမှမေလးပါဝူးလိပ်စားေ ဖြေည့် းပြောပွးဝင်သွားရုံပဲအခုမှဘာလို့မရတာလဲဇွတ်ကြီးလာမပြောကြနဲ့နော် လူဝင်မှုေပမေူတည်ပီးသူ့့စည်းမျဉ်းသူပြောင်းလဲသတ်မှတ်မှုပါ။
လူတိုင်းကိုမရစ်ပါဘူး။ မေးခွန်းပေါ်ကိုကြည့်ပြီးဖြေတတ်ဖို့ရယ်။ အဝတ်အစားကိုသပ်ရပ်စွာဝတ်စားလာဖို့ရယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သေချာလေးပြင်ဆင်လာဖို့ရယ်လိုပါတယ်။ အဓိကကတော့ စိတ်ရင်းကောင်းတဲ့ Immigration Officer ဆီဝင်သွားမိဖို့ပါ
အဆင်ပြေ ကြပါစေ
Credit