Nature Ride Myanmar

Nature Ride Myanmar Nature Ride Myanmar is holiday mountain bike cycling tour one stop service based in Yangon, Myanmar f

စက်ဘီးစီးနင်းနေသူများ ကျေးဇူးပြု၍ အောက်ပါ  Survery Form တစ်ခုကို ကူညီဖြေဆိုပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်။
08/12/2023

စက်ဘီးစီးနင်းနေသူများ ကျေးဇူးပြု၍ အောက်ပါ Survery Form တစ်ခုကို ကူညီဖြေဆိုပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်။

By Young City Shapers မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကင်းမြို့နယ် မြမာလာပန်းခြံတွင် စက်ဘီးများအန္တရာယ်ကင်းစွာရပ်နား....

ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာနှစ်စဉ်ပြုလုပ်ကျင်းပတဲ့ Chiang Rai Road Classic ပွဲတော်..
04/11/2023

ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာနှစ်စဉ်ပြုလုပ်ကျင်းပတဲ့ Chiang Rai Road Classic ပွဲတော်..

"Embrace the Rain and Pedalled Away: cycling and wet monsoon, a perfect pair!" We were on the road again.
25/06/2023

"Embrace the Rain and Pedalled Away: cycling and wet monsoon, a perfect pair!" We were on the road again.


မနေ့ကစက်ဘီးစီးရင်းဘောနက်ကြီးရွာထိပ်ကဇီးသီးတွေကောက်ပုဂံကထန်းလျှက်နဲ့ဇီးယိုထိုးစားရ၍ပျော်နေကြပုံ 😁
09/02/2023

မနေ့ကစက်ဘီးစီးရင်း
ဘောနက်ကြီးရွာထိပ်ကဇီးသီးတွေကောက်
ပုဂံကထန်းလျှက်နဲ့ဇီးယိုထိုးစားရ၍
ပျော်နေကြပုံ 😁

“39 Miles- Salu Dam- Secret Capes- 34km”Thanks much the Secret Capes officials for your super delicious lunch and boat a...
07/02/2023

“39 Miles- Salu Dam- Secret Capes- 34km”
Thanks much the Secret Capes officials for your super delicious lunch and boat arrangements.
Cheers to a first timer lady biker!

Nature Ride Myanmar

City Circus Ride with 3 super strong lady cyclists👏
11/01/2023

City Circus Ride
with 3 super strong lady cyclists👏

07/01/2023
🤶 Celebrating Christmas Day Today! 🎅 “မြောင်းတကာ-ဖူးကြီးဆည်- ဖူးကြီးဘူတာ- ရိုးမဖြတ်လမ်း- ဂျိုးဖြူဝ-တိုက်ကြီး-မြောင်းတကာ”...
25/12/2022

🤶 Celebrating Christmas Day Today! 🎅

“မြောင်းတကာ-ဖူးကြီးဆည်- ဖူးကြီးဘူတာ- ရိုးမဖြတ်လမ်း- ဂျိုးဖြူဝ-တိုက်ကြီး-မြောင်းတကာ” 55km Friendship Trip

A happy Merry Christmas to all our Christian Friends.🎄 On this special occasion, we would like to wish you and your family as well as your beloved ones full with joys , happiness and prosperity in life. 🎄




18/05/2022

စိန်ပန်း​တွေနဲ့လှ​နေတဲ့
မနက်ခင်း 26km

15/05/2022

တောလမ်းမစီးဖူး​သေးတဲ့​ဘော်ဒါ​တွေနဲ့
အဆီကျအသားကျစ်ပိန်​ဆေး
34km ဆန်း​ဒေးခရီး​စဥ် 😅

ဆောင်းမနက်ခင်း​မှာစီးလို့လည်း​ကောင်းစားလို့လည်း​ကောင်းJan 23, 35km Offroad ခရီးစဥ်စီးတဲ့သူအားလုံး​အဆင်​ပြေကြတယ်ဆိုလို့ N...
24/01/2022

ဆောင်းမနက်ခင်း​မှာ
စီးလို့လည်း​ကောင်း
စားလို့လည်း​ကောင်း
Jan 23, 35km Offroad ခရီးစဥ်

စီးတဲ့သူအားလုံး​အဆင်​ပြေကြတယ်ဆိုလို့
Nature Ride က ဝမ်းသာရပါတယ်

20/01/2022

တောလမ်းစက်ဘီးစီးနိုင်ပါ့မလားမေးတဲ့သူတွေ...

တောလမ်းလိုက်စီးနိုင် မစီးနိုင် မသေချာတဲ့သူတွေ..

ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါတော့ 🤗

(အပတ်စဉ် စနေ (သို့) တနင်္ဂနွေနေ့တိုင်း ခရီးစဉ်တွေရှိပါတယ်)

လာမယ့် တနဂ်နွေ (Jan 23, 2022)မှော်ဘီနှစ်ဘီးခြံအခြေစိုက်35km off road Breakfast- အုန်းနို့ခေါက်ဆွဲ၊ ဆီထမင်းနှင့်ငါးခြောက်...
18/01/2022

လာမယ့် တနဂ်နွေ (Jan 23, 2022)
မှော်ဘီနှစ်ဘီးခြံအခြေစိုက်
35km off road

Breakfast- အုန်းနို့ခေါက်ဆွဲ၊ ဆီထမင်းနှင့်ငါးခြောက်၊ နှပ်ကော်ဖီ၊ လိမ္မော်သီး၊ ငှက်ပျောသီး

Lunch- ကြက်သောက်ဆမ်း၊ ငါးကလေးကြွပ်ကြော်၊ ခြံထွက်အော်ဂဲနစ်- ခရမ်းသီးနှပ်၊ ချဥ်ပေါင်ဖူးထောင်း၊ ကန်စွန်းရွက်ကြော်၊ ပင်ကျထန်းရည်၊ Non Alcoholic Mojito

ကြိုတင်စာရင်းပေးရန်
Cb or Viber( 09775105673)

အသေးစိတ်ထပ်မံသိရှိလိုပါလျှင် Cb or Viber မှမေးမြန်းနိုင်ပါသည်။

ကာလအတန်ကြာရပ်နားထားခဲ့ပြီးခရီးသည်တွေရဲ့တောင်းဆိုမှုကြောင့်Jan 15th ကစီးခဲ့တဲ့35km off road ခရီးစဥ်..စီးနင်းကြသူ အားလုံးအ...
16/01/2022

ကာလအတန်ကြာရပ်နားထားခဲ့ပြီး
ခရီးသည်တွေရဲ့တောင်းဆိုမှုကြောင့်
Jan 15th ကစီးခဲ့တဲ့
35km off road ခရီးစဥ်..
စီးနင်းကြသူ အားလုံး
အဆင်ပြေခဲ့ကြတယ်လို့သိရတဲ့အတွက်
NRM က ပီတိဖြစ်ရပါတယ်
အားလုံးကျန်းမာကြပါစေ..
နှစ်ဘီးခြံ - မှော်ဘီ

လာမယ့် စနေနေ့ (Jan 15, 2022)Nature Ride က စက်ဘီးစီးပါမယ် @မှော်ဘီနှစ်ဘီးခြံ အခြေပြု (၃၅) ကီလိုမီတာတောလမ်း၊ ရွာလမ်း၊ ဆည်၊...
10/01/2022

လာမယ့် စနေနေ့ (Jan 15, 2022)
Nature Ride က စက်ဘီးစီးပါမယ်

@မှော်ဘီနှစ်ဘီးခြံ အခြေပြု (၃၅) ကီလိုမီတာ
တောလမ်း၊ ရွာလမ်း၊ ဆည်၊ တောင်ကုန်း
စိုက်ခင်းတွေဖြတ်..
အော်ဂဲနစ်အသီးအနှံတွေနဲ့ချက်ပြုတ်ဧည့်ခံမယ့်
မနက်စာ-နေ့လယ်စာရယ်
စက်ဘီးဆေးစရာ၊ ရေချိုးစရာ
ကားတွေထားခဲ့စရာ
လုံခြုံပြီးသန့်သန့်ပြန့်ပြန့်နေရာ ရှိပါတယ်

ရန်ကုန်ကနေ (၁) နာရီ (၁၅) ကားမောင်းပြီး
စုရပ်ခြံကို မနက်(၆)နာရီခွဲအရောက်လာရပါမယ်
Mountain Bike စက်ဘီးလိုရင်ငှါးပေးပါတယ်

စိတ်ဝင်စားသူများ
အသေးစိတ်ကို CB ကနေဆက်သွယ်နိုင်ပါတယ်
နှစ်ဘီးခြံ - မှော်ဘီ

We miss all of you & that time we struggled together ♥️
16/12/2021

We miss all of you & that time we struggled together ♥️

Edit: Organiser အဖွဲ့ Seasonal Flu ဖြစ်နေပါသဖြင့် ယခုလာမယ့်အပတ် အောက်ပါခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါသည်.. လာမယ့် တနဂ်နွေန...
11/10/2021

Edit: Organiser အဖွဲ့ Seasonal Flu ဖြစ်နေပါသဖြင့် ယခုလာမယ့်အပတ် အောက်ပါခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါသည်..

လာမယ့် တနဂ်နွေနေ့ (Oct 17) ခရီးစဥ်ရှိပါတယ်
မှော်ဘီနှစ်ဘီးခြံအခြေပြု (၃၅) ကီလိုမီတာ..
Breakfast+ Lunch ပါတယ်
စက်ဘီးဆေးစရာ၊ ရေချိုးစရာ
ကားတွေထားခဲ့စရာ
လုံခြုံပြီးသန့်သန့်ပြန့်ပြန့်နေရာ ရှိပါတယ်
ပြီးခဲ့တဲ့ခရီးစဥ်ကပုံလေးတွေကြည့်ပြီး
တောလမ်းခရီးစီးချင်စိတ်ပေါက်ရင်
အစီအစဥ်အသေးစိတ်ကို
Cb ကနေမေးမြန်းနိုင်ပါတယ်
သက်လုံကောင်းသူ
Mountain Bike စီးတတ်သူများသာ
လိုက်ပါစီးနင်းသင့်ပါတယ်..

တချို့က အားကစားတစ်ခုအနေနဲ့ စက်ဘီးစီးကြတယ်တချိ့ကလည်းတစ်နေရာနဲ့တစ်နေရာသွားလာဖို့ commute လုပ်ဖို့ စက်ဘီးကိုအသုံးပြုကြတယ် တ...
27/09/2021

တချို့က အားကစားတစ်ခုအနေနဲ့ စက်ဘီးစီးကြတယ်

တချိ့ကလည်းတစ်နေရာနဲ့တစ်နေရာသွားလာဖို့
commute လုပ်ဖို့ စက်ဘီးကိုအသုံးပြုကြတယ်

တစ်ခါတလေကျတော့လည်း စိတ်ဓာတ်ကျတဲ့အခါ
ထွက်ပေါက်တစ်ခုအနေနဲ့ စက်ဘီးစီးကြတယ်

ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့
စက်ဘီးစီးကြတယ်

ခုတော့ ကားဆီစျေးတက်နေတယ် စက်ဘီးပိုစီးကြတာပေါ့..

သဘာဝပတ်ဝန်းကျင်လည်းထိန်းသိမ်းရာရောက်သလို
ကျန်းမာရေးအတွက်လည်းကောင်းတယ်မလား

27/09/2021

လာမယ့် တနဂ်နွေ
3/10/2021
46km တောလမ်းခရီးစဥ်ရှိပါတယ်
ကြိုတင်စာရင်းပေးသွင်းရပါမယ်

Contact:
Ko Wunna & Ma Nyein

မိုးတွင်းဆိုတော့လမ်းတွေပျက်ပြီအောင်သိဒ္ဓိကျောင်းဆရာတော်နဲ့ကျောင်းသားတွေကအများသူငါအတွက်လမ်းပြင်ပေးကြတော့မယ်အင်းကလေးကုန်းဆ...
26/06/2021

မိုးတွင်းဆိုတော့လမ်းတွေပျက်ပြီ
အောင်သိဒ္ဓိကျောင်းဆရာတော်နဲ့ကျောင်းသားတွေက
အများသူငါအတွက်လမ်းပြင်ပေးကြတော့မယ်
အင်းကလေးကုန်းဆရာတော်ကြီးလည်း
ဒီဒေသမှာကျောင်းထိုင်တာ နှစ်(၃၀)ကျော်ပြီ
ဝန်းကျင်ရပ်ရွာများရဲ့အားကိုးအားထားပေါ့
ကျွန်တော်တို့စက်ဘီးသမားတွေစုပေါင်းပြီး
အခေါက်တိုင်း နဝကမ္မလှူဖြစ်ပါတယ်
ငှက်ပျောချဉ်၊ ရေသန့်ဗူး‌ပြန်စွန့်တယ် ဘုန်းဘုန်းတွေက
သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့...
ကလေးတွေကိုမုန့်၊ စာအုပ်၊ အရုပ်တွေဝေလေ့ရှိတဲ့
စက်ဘီးသမားတွေကို...
ဒီဒေသကနွေးထွေးစွာကြိုဆိုကြတယ် ❤️

မနှစ်ကမိုးတွေရွာပြီးရွှံ့ထူတဲ့အချိန်မှာစစီးခဲ့ကြတာ ခုတော့ တစ်နှစ်တစ်ခါလည်ပြီ
02/06/2021

မနှစ်ကမိုးတွေရွာပြီးရွှံ့ထူတဲ့အချိန်မှာစစီးခဲ့ကြတာ
ခုတော့ တစ်နှစ်တစ်ခါလည်ပြီ

" ဇန်နဝါရီ(၃၁)ရက်နေ့ - တနဂ်နွေနေ့ - အထူးခရီးစဉ်အသစ် " လမ်းကြမ်း Advanced Level 😎မှော်ဘီဝါးနက်ချောင်း-ကလီထော်ဆည်-ကြို့ကုန...
24/01/2021

" ဇန်နဝါရီ(၃၁)ရက်နေ့ - တနဂ်နွေနေ့ - အထူးခရီးစဉ်အသစ် " လမ်းကြမ်း Advanced Level 😎

မှော်ဘီဝါးနက်ချောင်း-ကလီထော်ဆည်-ကြို့ကုန်း-ဖောင်ကြီးလမ်း-အမြန်လမ်း (၁၅)မိုင်

စုစုပေါင်း (၄၀) ကီလိုမီတာကို တစ်နေကုန်နီးပါး ပျော်ပျော်ပါးပါး နားရင်း စားရင်း ရယ်မောရင်း တောတိုးကြမယ်..
လမ်းကြောင်းတွေလှချက်ကတော့ ပုံတွေကိုသာကြည့်လိုက်ပါနော်..

(အထူးမေတ္တာရပ်ခံချက် - Mountain Bike ကို ပိုင်နိုင်စွာစီးနင်းနိုင်သူများ၊ သက်လုံကောင်းသူများသာ လိုက်ပါသင့်တဲ့ ခရီးစဉ်ဖြစ်ပါတယ်..)

မနက် (၅)နာရီခွဲ ရန်ကုန်ဆုံရပ်ကနေ လူစီး (၃၃)ယောက်စီးလေအိပ်ကား- စက်ဘီးတင်ကားများနဲ့ စတင်ထွက်ခွာပြီး မှော်ဘီဝါးနက်ချောင်းကနေ စတင်စီးနင်းပါမယ်..
နေ့လယ် (၃)နာရီခန့် ဆုံးမှတ်ကိုပြန်လည်ရောက်ရှိပြီး ကားများနဲ့ ရန်ကုန်ပြန်ဝင်ကြပါမယ်..

ကိုယ်နဲ့လိုက်ဖက်တဲ့စက်ဘီးပါ NRM က ငှားပေးမှာဖြစ်ပြီး နံနက်စာ-နေ့လယ်စာ- ရေ- အချိုရည်-မုန့် ကားခများအပါအဝင် အပြီးအစီး တစ်ဦးလျှင် (၄၀၀၀၀)ကျပ်ပါ..

NRM နှင့် ပထမဆုံး Join သူဖြစ်ပါက Test Ride စီးရန်လိုအပ်ပါသည်။
Test Ride အကြောင်းအသေးစိတ်ကို ဒီမှာ https://www.facebook.com/103912081399773/posts/176532254137755/?d=n ဖတ်ရှုနိုင်ပါသည်။
ဘာလို့ Test Ride စီးသင့်သလဲဆိုတာကို ဒီမှာဖတ်ပေးပါနော် https://www.facebook.com/103912081399773/posts/179780143812966/?d=n
ကျေးဇူးတင်ပါတယ် 😍

Exploring around Yangon Region with bike 🚴 Nature itself is so beautiful
18/01/2021

Exploring around Yangon Region with bike 🚴
Nature itself is so beautiful



အားလုံးပျော်ခဲ့ကြတဲ့ (၆၂)ကီလိုမီတာ တစ်နေကုန်ခရီးဆောင်းတွင်းဆိုတော့အရင်စပါးခင်းတွေနေရာမှာ ပဲခင်းတွေဖြစ်သွားပြီမရိုးနိုင်တ...
17/01/2021

အားလုံးပျော်ခဲ့ကြတဲ့ (၆၂)ကီလိုမီတာ တစ်နေကုန်ခရီး
ဆောင်းတွင်းဆိုတော့
အရင်စပါးခင်းတွေနေရာမှာ ပဲခင်းတွေဖြစ်သွားပြီ
မရိုးနိုင်တဲ့ သဘာဝအလှတွေနဲ့အတူ
တက်ညီခြေညီတဲ့ စုစုပေါင်း (၁၈)စီး 🤩😍

မနေ့ကဖြစ်သည်(၇)နှစ်ခွဲနဲ့(၁၀)နှစ်သားလေးနှစ်ယောက်ခရီးသည်အားလုံးရဲ့ရှေ့ဆုံးမှာကီလို(၃၀)တောလမ်းခရီးကိုအသာလေးပဲချန်ပီယံလေးတွ...
17/01/2021

မနေ့ကဖြစ်သည်
(၇)နှစ်ခွဲနဲ့(၁၀)နှစ်သားလေးနှစ်ယောက်
ခရီးသည်အားလုံးရဲ့ရှေ့ဆုံးမှာ
ကီလို(၃၀)တောလမ်းခရီးကိုအသာလေးပဲ
ချန်ပီယံလေးတွေကိုလေးစားပါတယ် 😍

ရန်ကုန်မြို့ထဲ ပိတ်မိနေရင်း အလုပ်နားရက်တွေ ဘယ်သွားကြမလဲ ?NRM အနေနဲ့ကတော့ မောပန်းစွာပျော်ရွှင်ရမယ့် စက်ဘီးခရီးစဉ်တွေအကြော...
16/01/2021

ရန်ကုန်မြို့ထဲ ပိတ်မိနေရင်း အလုပ်နားရက်တွေ ဘယ်သွားကြမလဲ ?

NRM အနေနဲ့ကတော့ မောပန်းစွာပျော်ရွှင်ရမယ့် စက်ဘီးခရီးစဉ်တွေအကြောင်း ပြောပြချင်ပါတယ် 😎

တစ်နည်းပြောရရင်တော့ စနစ်တကျစီစဉ်ထားတဲ့ Adventure/Off-road Cycling Trips တွေအကြောင်းပေါ့။

🪄 စနစ်တကျစီစဉ်ထားတယ်ဆိုတာ? 🧐

စီးမယ့်လမ်းကြောင်းတွေကို Organiser တွေကကြိုတင်ရှာ​ဖွေ၊ လမ်းခရီး နယ်မြေလုံခြုံစိတ်ချရမှုရှိမရှိ၊ အနားယူစရာနေရာတွေကြိုတင်စီစဉ်ထားရှိပေးထားဖြစ်လို့ စက်ဘီးပေါ်တက် စိတ်ချလက်ချနင်းရုံဖြစ်ပါတယ် 👌

NRM နဲ့ စက်ဘီးလိုက်စီးမယ်ဆို ပင်ပန်းပါမယ်။

🪄 ဒါကိုဘာလို့စီးနေကြတာလဲ ? 🌚

(စက်ဘီးနင်းရလို့ပဲပင်ပန်းမှာပါ) သက်သောင့်သက်သာဖြစ်စေဖို့ 13 Seater/ 33 Seater Bus တွေနဲ့ စက်ဘီးစစီးမယ့်နေရာကိုပို့ဆောင်ပေးပါတယ်) 🌝

NRM ကစီစဉ်တဲ့ အသက်သာဆုံး 30km ခရီးစဉ်တွေတောင် ပထမဆုံးစီးမယ့်သူတွေအတွက်တော့ Challenging ဖြစ်မှာအမှန်ပါပဲ။ 🔥

သို့သော်..ခရီးစဉ်ပြီးသွားတဲ့အခါ စက်ဘီးစီးတယ်ဆိုတာထက်ပိုတဲ့ကျေနပ်မှုကို ယူတတ်သူတွေကတော့ ရရှိသွားပါတယ်။ ✨

တစ်ခါမှ Adventure Activity မလုပ်ဖူးတဲ့သူတွေ နောက်တစ်ဆင့်တက်ဖို့ စဉ်းစားလာကြတယ်။ ဒါမျိုးက လုပ်ဖူးသူမှသိတဲ့ Feeling ဆိုတော့ ဘယ်လိုပြောရမလဲ? ဆိုပြီး Facebook Search မှာရိုက်ရှာလိုက်ရင် စီးဖူးတဲ့သူတချို့ရဲ့ Review တွေကိုသာဖတ်ရှူလိုက်ပါ။ 😉

🪄 စက်ဘီးမရှိဘူး၊ မစီးတာလည်းကြာပြီဆို? 🌝

ဒါဆိုလည်း Test Ride အစီအစဉ်ရှိပါတယ်
ဒီမှာဖတ်ပေးပါနော်
https://www.facebook.com/103912081399773/posts/176532254137755/?d=n

🪄 စျေးနှုန်းတွေနဲ့ ခရီးစဉ်တွေကရော ? 👀

ခရီးစဉ်တွေက နေ့ဝက် (သို့) တစ်ရက်တာ ခရီးစဉ်တွေရှိပါတယ်။ လမ်းကြောင်းတွေကလည်း Level အမျိုးမျိုးရှိပါတယ်။

စျေးနှုန်းကတော့ ခရီးအကွာအဝေး၊ ပါဝင်တဲ့ Service တွေပေါ်မူတည်ပြီး ခရီးစဉ်တစ်ခုကို တစ်ဦးလျှင် (MMK 40,000 - MMK 60,000) အတွင်းရှိပါတယ်။ စက်ဘီး၊ ဦးထုပ်ပါပြီးသားအပြင် ကားခ၊ လိုပ်ပါစောင့်ရှောက်ပေးမယ့် Guide/Marshal ဝန်ဆောင်မှု၊ Snacks & Beverages တွေပါပြီးသားပါ။

🪄 ဘယ်သူတွေစီးကြလဲ ? 🤗

အသက် (၈) နှစ်ကလေးကအစ (၅၅) နှစ်ကျော် အမျိုးသားအမျိုးသမီးတိုင်းလိုက်စီးကြပါတယ်။ Test Ride စီးပြီး အခြေအနေအရ အဆင်ပြေမှတောလမ်းခေါ်သွားပေးပါတယ်။

Company တွေ၊ Organisation တွေအနေနဲ့ Team Building/ Team Trip အတွက်ဆို ရုန်းကန်ရတဲ့ ခရီးစဉ်တွေက တစ်ဦးနဲ့တစ်ဦး Bonding တွေတိုးစေပါတယ် (NRM အနေနဲ့ Team Trip/Corporate Trip တွေကိုလည်း အောင်မြင်စွာစီစဉ်ပေးခဲ့ပြီးဖြစ်ပါတယ်)။

တက်ကြွတဲ့စိတ်ဓာတ်လေးရယ်
စက်ဘီးစီးလို့ရမယ့် ဘောင်းဘီ အင်္ကျီပဲဝတ်ခဲ့ပါ
ကျန်တာ NRM က တာဝန်ယူပါတယ်

ခရီးစဉ်နဲ့ပတ်သတ်ပြီး သိလိုတာရှိရင်လည်း ပေ့ချ်မက်ဆင်ဂျာက (သို့) ဖုန်း - 095169020 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ် 😇

13/01/2021

လမ်းရီးတစ်ဝက်အနားယူ သံပုရာသီးစား

ပျော်မပျော်တော့မသိပင်ပင်ပန်းပန်းကြီးတောလိုက်တိုးတဲ့Rider တစ်သိုက်Happy Karen New Year ✨Off-Road Ride with Nature Riders ...
13/01/2021

ပျော်မပျော်တော့မသိ
ပင်ပင်ပန်းပန်းကြီးတောလိုက်တိုးတဲ့
Rider တစ်သိုက်

Happy Karen New Year ✨
Off-Road Ride with Nature Riders
(50 + kilometers)

Today is off for the regular trips anyhow the NRM marshals on the way for scouting routing! Stay tuned for new routes De...
09/01/2021

Today is off for the regular trips anyhow the NRM marshals on the way for scouting routing! Stay tuned for new routes Dear riders!!! 😀

Something exciting and tiring is happening with NRM 😉

“ပိတ်ရက် စနေ၊ တနင်္ဂနွေတွေ ရန်ကုန်မှာ ဘယ်သွားပြီး ဘာလုပ်ကြမလဲ? စက်ဘီးခရီးစဉ်တွေရှိလို့ကိုယ်အားတဲ့ရက် အဆင်ပြေတဲ့ခရီးစဉ်ကိ...
08/01/2021

“ပိတ်ရက် စနေ၊ တနင်္ဂနွေတွေ ရန်ကုန်မှာ ဘယ်သွားပြီး ဘာလုပ်ကြမလဲ? စက်ဘီးခရီးစဉ်တွေရှိလို့ကိုယ်အားတဲ့ရက် အဆင်ပြေတဲ့ခရီးစဉ်ကို လိုက်စီးလို့ရပါတယ်နော်”

𝟏𝟎/𝟎𝟏/𝟐𝟎𝟐𝟏 (𝐒𝐮𝐧𝐝𝐚𝐲) - 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐂𝐢𝐭𝐲 𝐑𝐢𝐝𝐞 (𝟑𝟎𝐤𝐦)

Detail : ယခင် City Ride အတိုင်း

https://www.facebook.com/103912081399773/posts/197480862042894/?d=n

========

𝟏𝟑/𝟎𝟏/𝟐𝟎𝟐𝟏 (𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲) ကရင်နှစ်သစ်ကူးနေ့

လမ်းကြောင်း : ဝါးနက်ချောင်း - ကလီထော် - ငါးဆူတောင်- ဖောင်ကြီးလမ်း- ၁၅ မိုင် (50km) (One Day Trip) (6am - 4pm)

လမ်းအနေအထား : Off-road

ခရီးစဉ်အကြောင်း (Level 2) : Nature Ride Myanmar နှင့် ယခင်လိုက်စီးဖူးသူများထဲမှ လမ်းကြောင်းအသစ်စီးချင်သူများအတွက် တောလမ်း လမ်းကြမ်းခရီးစဉ်။ Level (2) ကုန်းတက်ကုန်းဆင်းများပြီး သာယာတဲ့တောလမ်းကိုဖြတ်ရမယ်။ ကျယ်ပြောတဲ့ ကလီထော်ဆည်ကိုရောက်ပါမယ်။

ယခင်ကသွားဖူးတဲ့ခရီးစဉ် Link (မိုးတွင်းလိုရွှံ့မရှိတော့ပါ) : https://www.facebook.com/103912081399773/posts/129978192126495/?d=n

စျေးနှုန်း : Full Package (စက်ဘီး၊ ဦးထုပ်၊ အဆာပြေမှုန့်၊ Marshal Service ပါပြီး) တစ်ဦးကို MMK 50,000

မှတ်ချက် (တောလမ်းလမ်းကြမ်းခရီးစဉ်ဖြစ်သည့်အတွက် အခုမှပထမဆုံး တောလမ်းကိုလိုက်ပါစီးနင်းမည့်သူများ လိုက်ပါရင်မသင့်တော်ပါ)

========

𝟏𝟔/𝟎𝟏/𝟐𝟎𝟐𝟏 (𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲)

လမ်းကြောင်း : ဝါးနက်ချောင်း - ပန်းတပွင့်တောင် - ဖူးကြီးဆည် - မှော်ဘီ (30km) (Half-Day Trip)
(12pm - 8pm)

လမ်းအနေအထား : On-road, Off-road

ခရီးစဉ်အကြောင်း : ရာဘာတောတစ်ဝက် ၊ ရွာလမ်းတစ်ဝက်ဖြတ်စီးရမည်ဖြစ်သည်။

ယခင်ကသွားဖူးသည့် Link : https://www.facebook.com/103912081399773/posts/203869621404018/?d=n

စျေးနှုန်း : Full Package (စက်ဘီး၊ ဦးထုပ်၊ အဆာပြေမှုန့်၊ Marshal Service ပါပြီး) တစ်ဦးကို MMK 40,000

မှတ်ချက် ( ပထမဆုံးတောလမ်းလိုက်စီးမည့်သူများအတွက် အသင့်တော်ဆုံးလမ်းကြောင်းဖြစ်ပါသည်။ Test Ride စီးပြီး အဆင်ပြေသူတိုင်း လိုက်ပါနိုင်ပါသည်)

======

𝟏𝟕/𝟎𝟏/𝟐𝟎𝟐𝟏 (𝐒𝐮𝐧𝐝𝐚𝐲)

လမ်းကြောင်း: ကုလားဝဲ - ရွာသစ်ကုန်း - အေးရွာ - ဒါးပိန် (50km) (One Day Trip) (6am - 4pm)

လမ်းအနေအထား : On-road

ခရီးစဉ်အကြောင်း (Level 1) : လမ်းကြောင်းရှည်ပြီး မြေပြင်ညီနင်းရမည့်လမ်းဖြစ်ပါသည်။ လမ်းတစ်လျှောက် စပါးခင်း၊ ယာခင်း နှင့် ရွာလမ်းလေးများကိုဖြတ်စီးရပါမည်။

ယခင်ကသွားဖူးတဲ့ခရီးစဉ် Link : https://www.facebook.com/103912081399773/posts/174832257641088/?d=n

စျေးနှုန်း : Full Package (စက်ဘီး၊ ဦးထုပ်၊ အဆာပြေမှုန့်၊ Marshal Service ပါပြီး) တစ်ဦးကို MMK 40,000

မှတ်ချက် (on-road ဖြစ်သည့်အတွက် ရှူခင်းခှသော်လည်း အရိပ်ကောင်းသည့်အပင်များနည်းပါသည်။ နေမြင့်လာသောအခါ နေပူဒဏ်ခံရနိုင်ပါသည်။ 30km ထက်ကျော်လွန်ပြီးခရီးရှည်စီးချင်သူများ Join နိုင်ပါသည်)

=======

NRM နှင့် ပထမဆုံး Join သူဖြစ်ပါက Test Ride စီးရန်လိုအပ်ပါသည်။

Test Ride အကြောင်းအသေးစိတ်ကို ဒီမှာ https://www.facebook.com/103912081399773/posts/176532254137755/?d=n ဖတ်ရှုနိုင်ပါသည်။

ဘာလို့ Test Ride စီးသင့်သလဲဆိုတာကို ဒီမှာဖတ်ပေးပါနော် https://www.facebook.com/103912081399773/posts/179780143812966/?d=n

ကျေးဇူးတင်ပါတယ် 😍

ဘယ်ရောက်ရောက်နင်းမယ်ဆိုတဲ့ NRM Club Member တွေနဲ့ (70km) Off-road တစ်နေ့တာ 🚵‍♀️
04/01/2021

ဘယ်ရောက်ရောက်နင်းမယ်ဆိုတဲ့ NRM Club Member တွေနဲ့ (70km) Off-road တစ်နေ့တာ 🚵‍♀️

ဒီနေ့အဖွဲ့ကတော့ မနေ့ကအဖွဲ့ရဲ့စံချိန်ကိုချိုးပါတယ် (3/01/2021) 🌅 နေဝင်ချိန်ကြည့်လို့ရတဲ့နေရာတွေကိုအရောက်သွားပြီး ပုံမှန် ...
03/01/2021

ဒီနေ့အဖွဲ့ကတော့ မနေ့ကအဖွဲ့ရဲ့စံချိန်ကိုချိုးပါတယ် (3/01/2021)

🌅 နေဝင်ချိန်ကြည့်လို့ရတဲ့နေရာတွေကိုအရောက်သွားပြီး ပုံမှန် (၄) နာရီလောက်နင်းကြတဲ့ တောလမ်း (၃၀) ကီလိုမီတာကို (၃) နာရီကျော်ကျော်လေးပဲနင်းပြီး စောစောအိမ်ပြန်ခဲ့ကြသည်

02/01/2021

PMCT 2020 ကို စီစဉ်ပေးခွင့်ရခဲ့ပြီး အားလုံးပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေနဲ့ပြီးဆုံးခဲ့လို့ NRM Organiser တွေလည်း အားလုံးနဲ့ထပ်တူပျော်ရွှင်ရပါတယ်

(Ariel Footage တွေနဲ့ Photo တွေကိုတော့ Studio Zenith ကရိုက်ကူးပေးထားပါတယ်)

နင်းလိုက်ကြတာ အရိပ်တောင်မမြင်ရတဲ့အဖွဲ့~ 2/01/2021 ~သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကိုရောက်တဲ့အချိန်စောနေလို့ Bonus လမ်းကြော...
02/01/2021

နင်းလိုက်ကြတာ အရိပ်တောင်မမြင်ရတဲ့အဖွဲ့
~ 2/01/2021 ~

သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကို
ရောက်တဲ့အချိန်စောနေလို့ Bonus လမ်းကြောင်းအပိုလေးတွေစီးကြတဲ့သူတွေ

စုစုပေါင်း (၁၉) ယောက်တိတိ ~

တစ်ယောက်မှမကျန်ခဲ့ပဲ ဇွဲကောင်းကောင်းနဲ့ လိုက်စီးခဲ့ကြရင်း NRM ရဲ့ 2021 ပထမဆုံး ခရီးစဉ်ကိုဖွင့်ပေးလိုက်ကြသူတွေ

🥳 Congratulations & Thank you 🎉

“3/1/2021 (တနင်္ဂနွေနေ့) ညနေခင်းမှော်ဘီမြို့အနီး စက်ဘီးခရီးစဉ်”( NRM နဲ့ ယခုမှ စတင်ပြီး ခရီးစဉ်လိုက်ပါမည့်သူများအတွက် Te...
01/01/2021

“3/1/2021 (တနင်္ဂနွေနေ့) ညနေခင်းမှော်ဘီမြို့အနီး စက်ဘီးခရီးစဉ်”

( NRM နဲ့ ယခုမှ စတင်ပြီး ခရီးစဉ်လိုက်ပါမည့်သူများအတွက် Test Ride မစီးပဲလိုက်ပါလို့ အဆင်မပြေနိုင်ပါ )

ဘာလို့ Test Ride မဖြစ်မနေစီးဖို့လိုအပ်တယ်ဆိုတာ ဒီမှာဖတ်ပေးပါနော်..

https://www.facebook.com/natureridemyanmar/posts/179780143812966

Test Ride မှာ Riding Techniques တွေပြောပြပေးမှာဖြစ်ပြီး အဆင်ပြေမှ တောလမ်းကိုခေါ်သွားပေးမှာဖြစ်ပါတယ်.

=====

ခရီးစဉ်အကြောင်း

နေဝင်ခါနီးဆည်းဆာအလှမှာ တောလမ်းတွေ၊ ရွာလမ်းတွေ၊ လယ်ကွင်းတွေ ဖြတ်စီးမယ် 🤩

✨ လမ်းကြောင်း : ဝါးနက်ချောင်း-ရာဘာခြံ-ဖူးကြီးဆည်-ပန်းတပွင့်တောင်စေတီ တစ်ဝိုက်မှာရှိတဲ့လမ်းကြောင်းတွေကို ညနေခင်းပတ်စီးမှာဖြစ်ပါတယ်။

✨ ထွက်ခွါချိန် : နေ့လယ် (၁၂ : ၃၀) နာရီမှာ ရန်ကုန်ကနေ ကားတွေနဲ့စတင်ထွက်ခွာပြီး နေ့ခင်း (၂ : ၃၀) နာရီမှာ စက်ဘီးစစီးပါမယ်

✨ ဆုံရပ် : ရွှေင်္ဟသာလမ်းသွယ်၊ ရွှေဟင်္သာကွန်ဒိုအနောက်ဘက် - (ခြောက်မိုင်ခွဲ (Marketplace အနီး)

✨ ဆုံချိန် : နေ့လယ် (၁၂ : ၃၀) အရောက်

✨ စက်ဘီးနင်းရမည့်အကွာအဝေး : 40 km ( 25 mile ခန့်)

ကုန်ကျစရိတ်က ( ၄၀,၀၀၀ ကျပ်) ပါ။ မှော်ဘီမြို့အနီးဆိုပေမယ့် အရင်လမ်းကြောင်းထက်ပိုဝေးဝေးဝင်ရပါတယ်။ လမ်းကြောင်းမတူပါ

✨ ကားခ၊ စက်ဘီး ၊ ဦးထုပ် ၊ လက်အိတ် ငှါးပေးပြီး အဆာပြေမုန့် ၊ ရေသန့် ၊ အအေး၊ လမ်းပြ၊ အတွေ့အကြုံရှိတဲ့ Organiser တွေကလည်း ဂရုတစိုက် စောင့်ရှောက်ပေးမှာပါ

🙌 (ကိုယ်ပိုင်စက်ဘီးယူလာချင်သူများအနေနဲ့စက်ဘီးကြံ့ခိုင်မှုရှိဖို့နဲ့ တောလမ်းမှာစီးလို့ရတဲ့စက်ဘီးဖြစ်မဖြစ် Test Ride စီးရင်းကြိုတင်စစ်ဆေးပေးဖို့လိုပါတယ်..

ကိုယ့်ကားနဲ့ကိုယ်လိုက်ပါလိုသူများအနေဖြင့် ကားမောင်းမည့် Driver ပါဖို့လိုအပ်ပါသည် ) 🙌

လိုက်ပါနိုင်သူဦးရေ (၁၂ ယောက်အထိ) ပဲစာရင်းပေးသွင်းတာကိုလက်ခံနိုင်ပါတယ်

====

စက်ဘီးခရီးလိုက်ပါရန်စိတ်ဝင်စားသူများအနေဖြင့် -

Test Ride အတွက်အရင်ဆက်သွယ်ရန်လိုအပ်ပါပြီး ဖုန်း 09-5136277 ကိုဖုန်းဆက်ပြီး Test Ride အတွက် Boooking လုပ်နိုင်ပါတယ်။

Test Ride နဲ့ပတ်သတ်ပြီး အသေးစိတ်ဖတ်ရန် https://web.facebook.com/natureridemyanmar/posts/174948090962838

Test Ride မှာအဆင်ပြေတယ်။ တောလမ်းလိုက်ဖို့ အဆင်သင့်ဆို ပေ့ချ်ရဲ့ မက်ဆင်ဂျာမှာ အမည်၊ လိုက်ပါမည့်ရက်၊ ဖုန်းနံပါတ်တို့ပို့ပေးထားပေးပါနော်

စာရင်းသွင်းပြီးအတည်ပြုရန် ငွေကြိုလွှဲပေးရမှာဖြစ်ပြီး မက်ဆင်ဂျာမှာ ငွေလွှဲရမယ့်အကောင့်ကို ပို့ပေးပါမယ်။ အကြောင်းအမျိုးမျိုးကြောင့်မလိုက်ဖြစ်ပဲ တစ်ရက်ကြိုတင်ပြီး အသိပေးပါက (၈၀ %) ငွေပြန်လွှဲပေးပါတယ်နော်

တက်ကြွကျန်းမာစွာနဲ့ 2021 ကိုဖြတ်သန်းကြမယ်ကြံကာရွယ်  ~ 2020 ကိုနှုတ်ဆက်ရင်း စီးခဲ့ကြတယ် ~
31/12/2020

တက်ကြွကျန်းမာစွာနဲ့ 2021 ကိုဖြတ်သန်းကြမယ်ကြံကာရွယ်
~ 2020 ကိုနှုတ်ဆက်ရင်း စီးခဲ့ကြတယ် ~



(31/12/2020) မနက်ဖြန် City Ride စီးမယ့်သူများသို့.. မနက်စာအတွက် ဘယ်မှာမှဝယ်စားလို့မရတဲ့ ပေါ့ပေါ့ပါးပါး Home-made Sandwic...
30/12/2020

(31/12/2020) မနက်ဖြန် City Ride စီးမယ့်သူများသို့..

မနက်စာအတွက် ဘယ်မှာမှဝယ်စားလို့မရတဲ့ ပေါ့ပေါ့ပါးပါး Home-made Sandwich လေးပြင်ထားပေးပါတယ်

အရသာကတော့ပုံမှန်ပါ 😁

ထူးခြားတာကစေတနာတွေအပြည့်နဲ့
Quality Ingredients တွေထည့်ပေးထားတာပါပဲ 😍

ဆလပ်ရွက် နဲ့ မုန်လာဥနီဆို Organic ကိုပဲသုံးထားပြီး Chedder Cheese, Egg, Mayonnaise, Pink Salt တို့ပဲပါတာဆိုတော့ လူမျိုးဘာသာမရွေးစားသုံးလို့အဆင်ပြေမယ်ထင်ပါတယ် ✔️

အိမ်မှာပဲသေချာလုပ်ထားတာဆိုတော့ သန့်ရှင်းပြီးလတ်ဆတ်တယ်ဆိုတာတော့အာမခံပါတယ်✔️

မနက်လိုက်စီးမယ့်သူအားလုံး စုရပ်ရောက်တာနဲ့ မမေ့မလျော့တစ်ယောက်တစ်ခုယူပေးကြပါနော် 😉

ကြယ်ငါးပွင့်ဟော်တယ်ကလက်ရာလောက်ကောင်းမှာမဟုတ်ပေမယ့် စက်ဘီးစီးသူ NRM Organiser တွေရဲ့ စေတနာတွေအပြည့်နဲ့ မုန့်လေးဆိုတော့အားပေးကြပါဦး 😁

လမ်းတစ်ဝက်မှာ ကိုယ်နှစ်သက်ရာမနက်စာ ဝယ်စားလို့ရအောင်လည်း လက်ဖက်ရည်ဆိုင်ကြီးတစ်ခုမှာနားပါမယ်..ကဲ.မနက်လိုက်စီးမယ့်သူများ စောစောအိပ်ကြပါတော့လို့ 😉

" စက်ဘီးစီးဝါသနာရှင် မိတ်ဆွေများ မင်္ဂလာပါ "* ဒီဇင်ဘာ (၃၁)ရက်နေ့နံနက်တွင် လိုက်ပါစီးနင်းကြမည့် ခရီးသည် (၂၆)ဦးရှိပါသည်* မ...
30/12/2020

" စက်ဘီးစီးဝါသနာရှင် မိတ်ဆွေများ မင်္ဂလာပါ "

* ဒီဇင်ဘာ (၃၁)ရက်နေ့နံနက်တွင် လိုက်ပါစီးနင်းကြမည့် ခရီးသည် (၂၆)ဦးရှိပါသည်

* မနက် ၅း၃၀ ထက်နောက်မကျပဲ ဆုံရပ်သို့လာရောက်ကြပါရန်

* မိမိအရပ်နှင့်ကိုက်ညီသောစက်ဘီးများရွေးချယ်ပေးသည်ကိုလက်ခံပေးကြပါရန် (မိမိထက်သေးသောစက်ဘီးများကိုရွေးချယ်ခြင်းမှာ ကြာရှည်တွင်ခရီးမတွင်နိုင်ပါ)

* စက်ဘီးများရရှိပြီးပါက ခရီးစဉ်မစတင်မီ စမ်းသပ်စီးနင်းပြီး လိုအပ်သည်များ ချိန်ညှိပေးနိုင်အောင် ကြိုတင်အကြောင်းကြားကြပါရန်

* ထိုင်ခုံကိုလိုအပ်သည်ထက်ပို၍ နှိမ့်စီးခြင်းမှာ တစ်နာရီအတွင်း ကြွက်တက်ခြင်း၊ တံခေါက်ကွေးကြောညပ်ခြင်းစသည်တို့ ဖြစ်လာတတ်သည်ကိုသတိပြုကြပါရန်

* စက်ဘီးစီးဦးထုပ်များ လက်ခံရယူပြီးပါက မိမိဦးခေါင်းနှင့်အဆင်ပြေအောင် ကြိုတင်ချိန်ညှိထားကြပါရန်

* တစ်ဦးစီကြိုတင်ပေးအပ်မည်သော Home-made breakfast (Sandwich) ဗူးနှင့် အဝတ်အစားအပိုတစ်စုံထည့်သွင်းနိုင်ရန် ကျောပိုးအိပ်ငယ်များယူဆောင်လာကြပါရန်

* စလွယ်သိုင်းရသောအိပ်များမှာ စက်ဘီးစီးခြင်းနှင့်အဆင်မပြေပါ.. ရှေ့သို့လျှောကျလာတတ်၍ စက်ဘီးစီးခြင်းကိုများစွာ အနှောက်အယှက်ဖြစ်စေနိုင်ပါသည်

* Test Ride အောင်မြင်ပြီးသူများနှင့် အမာခံစီးနေကြမိတ်ဆွေများတူတူစီးနင်းကြမည်ဖြစ်၍ 10km/hour ထက်မနှေးသောအရှိန်ဖြင့် စီးနင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် (သို့မှသာ မနက်နေရောင်နှင့်အတူ အားလုံးတူတူခရီးဆုံးအထိ တစ်စုတစ်စည်းတည်း နေမပူပဲ ပျော်ရွှင်စွာပြန်ရောက်နိုင်ကြမည်ဖြစ်ပါသည်)

* စိန်ခေါ်မှုပေါင်းများစွာနှင့်တွေ့ကြုံခဲ့ရသော ၂၀၂၀ ခုနှစ်ကိုနှုတ်ဆက်ရင်း အေးမြသောမနက်ခင်းနှင့်အတူ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း Nature Ride Myanmar မှဆုမွန်ကောင်းတောင်းအပ်ပါသည်

၂၀၂၀ ကိုနှုတ်ဆက်တဲ့ ဒီဇင်ဘာ(၃၁)ရက်နေ့ရန်ကုန်မနက်ခင်းမှာ စက်ဘီးစီးကြမယ်..Morning City Ride တွေရဲ့ထုံးစံအတိုင်းမနက် ၅:၃၀ စ...
27/12/2020

၂၀၂၀ ကိုနှုတ်ဆက်တဲ့ ဒီဇင်ဘာ(၃၁)ရက်နေ့
ရန်ကုန်မနက်ခင်းမှာ စက်ဘီးစီးကြမယ်..

Morning City Ride တွေရဲ့ထုံးစံအတိုင်း
မနက် ၅:၃၀ စထွက်မယ်

ဒီတစ်ခေါက် ရွှေတိဂုံစေတီတော်ကြီးရှေ့အထိ
ဦးတိုက်ကြမှာဖြစ်လို့ လမ်းနည်းနည်းပိုရှည်မှာဆိုတော့
(၃၃) ကီလိုမီတာခန့် ရှိသွားမယ်

စုရပ်ကို မနက်(၉)နာရီပြန်ရောက်မယ်
စကျဘီးပါ ၁၀၀၀၀ိ/-
စကျဘီးမပါ ၁၅၀၀၀ိ/-
အားလုံးကြိုက်ကြတဲ့
Home-made Breakfast လေးပါပါတယ်နော် 😍

====

Saying Goodbye 2020 Morning City Ride on
(31 Dec 2020, Thursday)

Time : (5:30am to 9:00am)

Distance : 33km

Meeting Point : (Shwe Hinthar Street, Near 6.5 mile, Marketplace, Pyay Road)

Route : Pyay Road, Inya Road, Shwe Dagon Pagoda, Golden Velly, Yankin, Parami Road

Fees :
(MMK 150,00) / What we provide? (Bicycles, Helmets & Bicycle Lights)
For those who will bring own bike will cost MMK 10,000.

Maximum Number of Passenger (12 Pax)

To contact for registration 👉 Page Messenger

Nature Ride Myanmar စက်ဘီးစီးခရီးသည်များ၏ ကောင်းမှုဖြင့်ဆရာတော် ဥုးအိန္ဒက ဦးစီးတည်ဆောက်သောရှမ်းပြည်နယ်၊ ညောင်ရွှေခရိုင်၊...
25/12/2020

Nature Ride Myanmar စက်ဘီးစီးခရီးသည်များ၏ ကောင်းမှုဖြင့်
ဆရာတော် ဥုးအိန္ဒက ဦးစီးတည်ဆောက်သော
ရှမ်းပြည်နယ်၊ ညောင်ရွှေခရိုင်၊ စံကားကျေးရွာ စာကြည့်တိုက်အတွက်
(၇)သိန်းကျပ်တန်ဖိုးရှိသော ရာဘာကြမ်းခင်းများပေးပို့လှူဒါန်းလိုက်ပါသည်။

စက်ဘီးစီးခရီးသည်များ ကုသိုလ်အကျိုးကြောင့်
စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ဘေးအန္တရာယ်ကပ်ဆိုးများ
ကျော်လွှားနိုင်ကြပါစေ..

Address

Yangon
11041

Alerts

Be the first to know and let us send you an email when Nature Ride Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share