The Traveller

The Traveller Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Traveller, Travel Agency, Yangon.

ဘာကြောင့် Power bank တွေကိုခရီးဆောင်အိတ်ထဲထည့်ခွင့်မပြုတာလဲ ❓❓❓လေယာဥ်​ပေါ်မှာ Power Bank ကမီးထ​လောင်====================...
13/01/2023

ဘာကြောင့် Power bank တွေကိုခရီးဆောင်အိတ်ထဲ
ထည့်ခွင့်မပြုတာလဲ ❓❓❓

လေယာဥ်​ပေါ်မှာ Power Bank ကမီးထ​လောင်
==============================

မနေ့ကညနေ ၇ နာရီ ၄၀ မိနစ်မှာ ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ကနေ စင်ကာပူသို့ပျံသန်းဖို့ပြင်နေတဲ့ Scoot လေကြောင်းလိုင်း ခရီးစဉ်အမှတ် TR933 ပေါ်မှာ ပါဝါဘဏ့် (Power Bank) မီးထလောင်ခဲ့တဲ့အတွက် လူ (၂) ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

Scoot လေယာဉ်ဟာ Taoyuan လေဆိပ်ဂိတ်ပေါက်ကနေထွက်ခွာလာပြီး ပြေးလမ်းပေါ်မှာပျံတက်ဖို့ မောင်းနှင်လာနေစဉ်မှာပဲ မီးထလောင်ခဲ့တာဖြစ်ပါတယ်။

မိနစ်ပိုင်းကလေးနောက်ကျခဲ့ရင် လေယာဉ်ပြေးလမ်းပေါ်မှာပျံတက်ဖို့အရှိယူနေစဉ်သာဖြစ်ခဲ့ရင် အတော်ကသိကအောက်နိုင်မယ့်ကိစ္စဖြစ်ပါတယ်။

ပါဝါဘဏ့်တွေကိုသုံးစွဲရင် သတိထားရပါတယ်။

❌ လေယာဉ် Check-in ခရီးဆောင်အိတ်တွေထဲထည့်မပေးရပါဘူး။ လေယာဉ်ပျံသန်းနေစဉ် အခုလိုမီးထလောင်ခဲ့ရင် အခြားခရီးဆောင်အိတ်တွေကိုပါမီးလောင်ပြီးအန္တရာယ်ကြီးပါတယ်။

❌ ပါဝါဘဏ့်ဖောင်းကြွနေရင်၊ သုံးစွဲစဉ်မှာအရမ်းပူတတ်ရင် မသုံးစွဲသင့်ပါ။ ပါဝါဘဏ့်တွေဟာ အပူလွန်ပြီးမီးလောင်မှုမကြာခဏဖြစ်တတ်ပါတယ်။

❌ ပါဝါဘဏ့်ကိုအိမ်မှာအားသွင်းထားပြီး အပြင်မသွားသင့်ပါ။ အပူလွန်ပြီးမီးထလောင်တတ်ပါတယ်။

အခုလိုပါဝါဘဏ့်လို့ပြောတာက အားသွင်းလက်နှိပ်ဓာတ်မီးကနေ လျှပ်စစ်ဆိုင်ကယ်တွေ အထိပါပါတယ်။

အထူးသဖြင့် ဒရုန်းဘက်ထရီတွေကို အားသွင်းထားချိန်မှာ အနီးမှာတစ်ယောက်စောင့်ကြည့်ပေးဖို့လိုပါတယ်။

ဒရုန်းဘက်ထရီတွေဟာ mAh အရမ်းများတဲ့အတွက် ပိုမိုဂရုစိုက်ဖို့လိုပါတယ်။ ထပေါက်ကွဲခဲ့ရင်အတော်အန္တရာယ်များတာပါ။

အခုဖြစ်စဉ်မှာ ထိုင်ဝမ် Taoyuan လေဆိပ် လေယာဉ်ခရီးစဉ်တွေထိခိုက်မှုမရှိခဲ့ပါ။ လေဆိပ်ကသိသိခြင်း လေယာဉ်ဆီကို မီးသတ်ကားတွေစေလွှတ်ပေးခဲ့ပါတယ်။

Scoot လေကြောင်းလိုင်း ခရီးစဉ်အမှတ် TR933 ကတော့ အချိန်ပြန်ပြောင်းပြီး ခရီးစဉ်ဆက်ခဲ့ရပါကြောင်း။

crd

အိန္ဒိယ လေယာဉ်တစ်စီး ခရီးသည် ၅၅ ယောက်ကို မေ့ထားရစ်ပြီး ထွက်ခွါသွားမှု ဖြစ်ပွား.....................နယူးဒေလီ၊ ဇန်နဝါရီ ၁၂...
13/01/2023

အိန္ဒိယ လေယာဉ်တစ်စီး ခရီးသည် ၅၅ ယောက်ကို
မေ့ထားရစ်ပြီး ထွက်ခွါသွားမှု ဖြစ်ပွား.....................
နယူးဒေလီ၊ ဇန်နဝါရီ ၁၂

အိန္ဒိယ နိုင်ငံရှိ လေဆိပ်တစ်ခုမှာ လေယာဉ်ပေါ်တက်ဖို့ ဘတ်စ်ကားနဲ့ လိုက်ပါလာတဲ့ ခရီးသည် ၅၅ယောက်ကို မေ့ထားရစ်ပြီး လေယာဉ် ပျံတက်သွားတဲ့ ဖြစ်ရပ်တစ်ခု ဇန်နဝါရီလ ၉ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

စီးနင်းခ သက်သာတဲ့ Go Firstလေကြောင်းလိုင်းက လေယာဉ်တစ်စီး အထက်ပါ အတိုင်း ခရီးသည် ၅၅ယောက်ကို မေ့ကျန်ရစ်ပြီး ထွက်ခွါသွားခဲ့တာ ဖြစ်ပါတယ်။

လေဆိပ် အဆောက်အဦးကနေ လေယာဉ်ရှိရာဆီသို့ ဘတ်စ်ကားနဲ့ လာတဲ့ ခရီးသည်တွေဟာ ဘန်ဂါလူရု လေဆိပ်ကနေ မြို့တော် ဒေလီသို့ သူတို့ကို မခေါ်ဘဲ ထွက်ခွါသွားတဲ့ လေယာဉ်ကို ဒီအတိုင်း စောင့် ကြည့်နေခဲ့ကြရပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်ကနေ အဲ့ဒီလေယာဉ်ဟာ သတ်မှတ်ချိန်မနက် ၆နာရီ နဲ့ မိနစ်၂၀အတိမှာ ခရီးသည်တွေ အများကြီးကို ချန်ထားရစ်ပြီး ထွက်ခွါသွားခဲ့တာပါ။

ဖြေရှင်းချက်ပေးဖို့နဲ့ လျှော်ကြေးပေးဖို့ ခရီးသည်တွေက တွစ်တာပေါ်မှာ ဒေါသတကြီး တောင်းဆိုခဲ့ကြပြီးနောက် အဆင်မပြေမှုတွေ အတွက် တောင်းပန်ပါကြောင်း Go Firstလေကြောင်းလိုင်းက ဖော်ပြထားပါတယ်။

crd

18/03/2021

အရေးတော်ပုံအောင်တာနဲ့ debut songထုတ်ပါမည်✊🏻🔴

🇨🇳တရုတ်နိုင်ငံမှာ ကျင်းမယ့်S2O festivalကတော့ line upတွေကြေငြာနေပါပီ:)ကိုယ့်လိပ်ပြာ ကိုယ်လိုးကြပါစေနော်
18/03/2021

🇨🇳တရုတ်နိုင်ငံမှာ ကျင်းမယ့်S2O festivalကတော့ line upတွေကြေငြာနေပါပီ:)

ကိုယ့်လိပ်ပြာ ကိုယ်လိုးကြပါစေနော်

03/02/2021

မြန်မာနိုင်ငံဂီတအစည်းအရုံး ဟုခေါ်သော အစိုးရမဟုတ်သောလွတ်လပ်သောအဖွဲ့အစည်းဟု အမည်ခံထားပြီး ယခုလက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တစ်ကွ ပြည်သူမှရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်လောင်းများအား ဖမ်းဆီးကာ စစ်တပ်မှ အာဏာသိမ်းသော လုပ်ရပ်အပေါ်တွင် ရေငုံနှုတ်ပိတ်နေခြင်းအား ရှက်ရွံ့ဖွယ်ကန့်ကွက်ပါသည်။

ယခုကဲ့သို့ နိုင်ငံတော်အာဏာသိမ်းမှုကို ကျနော့်အနေနဲ့ ကန့်ကွက်ရှုံ့ချသလို ဂီတအစည်းအရုံး အဖွဲ့အစည်းအနေဖြင့် ဂီတလောကအတွက် လောက်လောက်လားလား ပြစရာ လုပ်ဆောင်ချက်ရယ်လို့ သေသေချာချာ ထုတ်ဖော်ပြစရာမမြင်မိသေးသလို ယခုကိစ္စရပ်မှာပါ ရေငုံနှုတ်ပိတ်နေခြင်းကို ကန့်ကွက်ရှုံ့ချပါတယ်။

ပူးပေါင်းပါဝင်ပြီး လှုံ့ဆော်ပေးကြပါ







29/01/2021

I’d inform that my debut song will last long due to my health problems
Sry guys,I just inform😔

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Traveller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category