Kumudra Travels & Tours

Kumudra      Travels     &     Tours 𝕐𝕠𝕦 𝔻𝕖𝕤𝕖𝕣𝕧𝕖 𝕋𝕙𝕖 𝔹𝕖𝕤𝕥

ဗုဒ္ဓဂယာ ခရီးစဉ်လေးမှာ လိုက်ပါခဲ့သည့် အစ်မတစ်ယောက်ရဲ့ ပြန်လည်မျှဝေပေးမှုလေးပါ။ယခုလို မေတ္တာများဖြင့် မျှဝေပေးတဲ့အတွက် ကု...
25/12/2023

ဗုဒ္ဓဂယာ ခရီးစဉ်လေးမှာ လိုက်ပါခဲ့သည့် အစ်မတစ်ယောက်ရဲ့ ပြန်လည်မျှဝေပေးမှုလေးပါ။
ယခုလို မေတ္တာများဖြင့် မျှဝေပေးတဲ့အတွက် ကုမုဒြာမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
နောက်ခရီးစဉ်တွေမှာလည်း ပြန်လည်ဆုံတွေ့ရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

ဗီယက်နမ် (ဟနွိုင်း - ဟာလောင်းပင်လယ်အော်)ခရီးစဉ်💙ခရီးစဉ်ထွက်ခွာမည့်ရက်- 19.1.2024💙ခရီးစဉ်ကြာမြင့်ရက်- 3 ညအိပ် / 4 ရက်💙ခရီ...
25/12/2023

ဗီယက်နမ် (ဟနွိုင်း - ဟာလောင်းပင်လယ်အော်)ခရီးစဉ်
💙ခရီးစဉ်ထွက်ခွာမည့်ရက်- 19.1.2024
💙ခရီးစဉ်ကြာမြင့်ရက်- 3 ညအိပ် / 4 ရက်
💙ခရီးစဉ်အတွက် ကုန်ကျငွေ - 570 USD
-----------------------------------------------------------
💙 ထောင်ပေါင်းများစွာသော ကျွန်းတွေကြားထဲမှာ သင်္ဘောကြီးကို စီးရင်းအမှတ်တရတွေကို ဖန်တီးနိုင်မည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Halong Bay
💙အမှတ်တရလက်ဆောင်နဲ့ စားစရာတွေဝယ်ဖို့အတွက် Halong Night Market နှင့် ဟနွိုင်းမြို့ရှိ Old Quarter
💙ဗီယက်နမ်နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းအတွက်အမှတ်တရဆောက်လုပ်ထားခဲ့တဲ့ Hochiminh Mausoleum
💙ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးသောတက္ကသိုလ် Temple of Literature
💙လှပလွန်းပြီး ရာဇဝင်တွေထဲက Hoankiem Lake နှင့် Huc တံတား
💙ဆုတောင်းပြည့်တဲ့ One Pillar Pagoda
💙ဟင်းအမျိုးပေါင်း 200 ကျော်ရှိတဲ့ ဘူးဖေးလ်
💙ဗီယက်နမ်၏ နာမည်ကျော် egg coffee
💙အမှတ်တရအဖြစ် ဗီယက်နမ်ဝတ်စုံလေးနဲ့ ဓာတ်ဖမ်းချင်ပါတယ်ဆိုရင်တော့ ဖုန်းလေးတော့ဆက်ဖို့လိုမယ်နော်.....
'' ခရီးစဉ်တွင်ပါဝင်သည့် ဝန်ဆောင်မူများ ''
💙ရန်ကုန် - ဟနွိုင်း - ရန်ကုန် တိုက်ရိုက် အသွားအပြန် လေယာဉ်လက်မှတ်
💙နံနက်စာ၊ နေ့လည်စာ၊ ညစာ။
💙လည်ပတ်သည့် နေရာများ၏ ဝင်ကြေးများ။
💙ခရီးစဉ်အစအဆုံး လိုက်ပါဝန်ဆောင်ပေးမည့် ယဉ်ကျေးပျူငှာသော TOUR LEADER နှင့် ဒေသခံ ဧည့်လမ်းညွှန်
💙ခရီးစဉ်တလျှောက်သွားလာလည်ပတ်နေစဉ်အတွင်း အသုံးပြုမည့် အဲယားကွန်းကား
💙တည်းခို နေထိုင်ရန် 3 Star အဆင့်ရှိဟိုတယ်များ
💙ခရီးသွားအာမခံ။
Kumudra Travels & Tours
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အမှတ်
ပြည်တွင်း၊ ပြည်ဝင် - T/I(YGN) - 2885
ပြည်ပ - T/O(YGN) - 0798
ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီအမှတ်စဉ်- BPWC-234
A member of Union of Myanmar Travel Association (UMTA)
09 44522 6936
09 425 615 199
Email- [email protected]
Thanks For Watching
page - https://www.facebook.com/KMDTRAVELS
YouTube - https://www.youtube.com/channel/UCKn3l-PcGEIYN6hq6DfW94A
Tik Tok - https://www.tiktok.com/?lang=en See less See less

24/12/2023

အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ရှိ
ဂင်္ဂါမြစ်အတွင်းမော်တော်ဘုတ်ကလေးများစီးရင်း
နံနက်ခင်း နေထွက်သည့်အလှကိုကြည့်ရှုခံစားခဲ့ကြသည့်
အမှတ်တရလေးပါခင်ဗျာ။

#ကုမုဒြာ #ဂင်္ဂါ #ဗာရာဏသီ #ဗုဒ္ဓဂယာခရီးစဉ်

23/12/2023

🙏အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိ
မဟာဗောဓိစေတီတော်မြတ်ကြီးအား
ညပိုင်းအချိန်အခါသမယတွင် ဖူးမြော်ကြရစဉ်။

#ဗုဒ္ဓဂယာ #မဟာဗောဓိစေတီ #ကုမုဒြာ

မင်္ဂလာပါခင်ဗျာ။ လက်ထဲမှာ Passport အဆင်သင့်ရှိရုံနဲ့ 7.1.2024 မှာ ထွက်ရှိမည့် ၄ညအိပ် / 5 ရက် ဗုဒ္ဓဂယာခရီးစဉ်လေးကိုလိုက်ပ...
22/12/2023

မင်္ဂလာပါခင်ဗျာ။ လက်ထဲမှာ Passport အဆင်သင့်ရှိရုံနဲ့ 7.1.2024 မှာ ထွက်ရှိမည့် ၄ညအိပ် / 5 ရက် ဗုဒ္ဓဂယာခရီးစဉ်လေးကိုလိုက်ပါဖူးမြော်နိုင်ပါပြီနော်။

ခရီးစဉ်တိုင်းကို လူဦးရေ ၁၆ ယောက်သာ ထားရှိထားသည့်အတွက် အေးဆေးစွာဖြင့် ဘုရားဖူးမြော်ကုသိုလ်ပြုချင်သည့် ဓမ္မမိတ်ဆွေများအတွက် အဆင်ပြေ သင့်တော်သောခရီးစဉ်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။
---------------------------
🙏ဗုဒ္ဓဂယာ၊ ရာဇဂြိုဟ်၊ ဗာရာဏသီ (4ည/5ရက်)
ဟိုတယ်တည်းခရီးစဉ် =750 USD
ထွက်ခွာမည့်ရက်
7.1.2024
------------------------------------
သွားရောက်ဖူးမြော်မယ့်နေရာလေးတွေကတော့..

ဗုဒ္ဓဂယာ - ဗာရာဏသီ (မိဂဒါဝုန်)- နာလန္ဒာ - ရာဇဂြိုဟ် စသည့်နေရာတွေကို ဖူးမြော်လည်ပတ်သွားကြမှာဖြစ်ပါတယ်...
--------------------------------------------------------------------
🙏ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ ဖူးမြော်ကြည်ညိုကြမည့်နေရာများ
🙏မဟာဗောဓိစေတီတော်
🙏 သတ္တဌာန(၇)ဌာနထဲမှ တစ်ခုဖြစ်သော ဗောဓိပင်နှင့် 🙏အပရာဇိတပလ္လင်
🙏 သတ္တဌာန(၇)ဌာနထဲမှ တစ်ခုဖြစ်သော အနိမသစေတီတော်
🙏 သတ္တဌာန(၇)ဌာနထဲမှ တစ်ခုဖြစ်သော ရတနာစင်္ကြံတော်
🙏 သတ္တဌာန(၇)ဌာနထဲမှ တစ်ခုဖြစ်သော ရတနာဃရ(ရွှေအိမ်)
🙏 သတ္တဌာန(၇)ဌာနထဲမှ တစ်ခုဖြစ်သော အဇပါလနိဂြောဓ(ဆိတ်ကျောင်းညောင်ပင်)
🙏 သတ္တဌာန(၇)ဌာနထဲမှ တစ်ခုဖြစ်သော မုစလိန္ဒအိုင်(ကျည်းပင်အိုင်)
🙏 သတ္တဌာန(၇)ဌာနထဲမှ တစ်ခုဖြစ်သော ရာဇာယတန(လင်းလွန်းပင်)
🙏နေရဥ္ဖရာမြစ်
🙏သုဇာတာအိမ်နေရာ
🙏သုဇာတာသဌေးသမီး ဃနာနို့ဆွမ်းဆက်ကပ်သည့်နေရာ
🙏ဘုရားလောင်း ရွှေခွက်မျှောသည့်နေရာ
🙏မြက်ရှစ်ဆုပ်အလှူခံတော်မူရာနေရာ
🙏ကမာကူရဆင်းတုတော်
🙏မြတ်စွာဘုရားလောင်း ဒုက္ကရစရိယာကျင့်တော်မူရာ ဥရုဝေလတော
🙏နိုင်ငံတကာကျောင်းများဖြစ်သည့် (ထိုင်းကျောင်း၊ တိဘက်ကျောင်း)
🙏အမှတ်တရ စျေးဝယ်ထွက်နိုင်မည့် စျေးတန်းများ
--------------------------------------------------------------------
🙏တရားဦး-သံဃာဦး-ရဟန္တာဦး-ဝါဆိုဦး-သာသနာဦး(ဦးငါးဦး)တည်ရှိရာ ဗာရာဏသီ(မိဂဒါဝုန်)ရှိ ဖူးမြော်ကြည်ညိုကြမည့်နေရာများ
🙏ပဥ္စဝဂ္ဂီငါးဦးတို့မှ မြတ်စွာဘုရားရှင်အား ခရီးဦးကြိုဆိုသည့်နေရာအထိမ်းအမှတ် ချောက်ခဏ္ဍီစေတီ
🙏အာသောကကျောက်စာတိုင်
🙏မြတ်စွာဘုရားရှင်မှ ပဥ္စဝဂ္ဂီငါးဦးတို့အားဓမ္မစကြာတရားဦးဟောတော်မူရာ ဓမ္မရာဇိကစေတီတော်
🙏အနတ္တလက္ခဏသုတ်ဟောကြားရာနေရာအထိမ်းအမှတ်ဖြစ်သည့် ဓမ္မေခစေတီ
🙏နန္ဒိယကျောင်းတော်ရာ
🙏မူလဂန ္ဗ္ဗ္ဗကဋိ၀ိဟာရ (မြတ်စွာဘုရားရှင်၏ဓာတ်တော်များကိမ်းဝပ်ရာနေရာ)
🙏အိမ်အပြန်လက်ဆောင်များ ဆာရီ၊ တဘက်၊ကောဇောများဝယ်ယူနိုင်မည့်စျေးဆိုင်များ
--------------------------------------------------------------------
🙏နာလန္ဒာတွင် ဖူးမြော်ကြည်ညိုကြရမည့်နေရာများ
🙏ကမ္ဘာကျော်ရှေးဟောင်းနာလန္ဒာတက္ကသိုလ်
🙏အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးဖွားမြင်တော်မူသည့် နေရာ
--------------------------------------------------------------------
🙏ပထမသင်္ဂါယနာတင်တော်မူရာ တောင်ငါးလုံးကာခို ရာဇဂြိုဟ်မြို့တွင်ဖူးမြော်ကြည်ညိုရမည့်နေရာများ
🙏မြတ်စွာဘုရားရှင် သြဝါဒပါတိမောက်ပြသောနေရာဖြစ်သည့် ဝေဠုဝန်ကျောင်းတော်
🙏အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး၏ဓာတ်တော်များကိုဌာပနာထားရှိပြီးတည်ထားသည့်စေတီ
🙏ဟိန္ဒူမျိုးတို့၏ ရေချိုးရာရေပူစမ်း
🙏ပိပ္ပလိကျောက်ဂူ
🙏ရာဇဂြိုဟ်မြို့ရိုးဟောင်း
🙏ဗိမ္ပိသာရမင်းကြီး၏ ဆွန်ဘဏ္ဍတိုက်
🙏ဗိမ္ပိသာရမင်းကြီးအား သားတော်အဇာတသတ်မှ အကျဉ်းချထားရှိခဲ့ရာအကျဉ်းထောင်
🙏ရှေးကလှည်းကုန်သည်များ အသွားအလာများခဲ့သည့်အတွက် ကျောက်သားများပေါ်တွင်တည်ရှိနေသည့် ကျောက်လှည်းဘီးရာ
🙏ဆေးဆရာကြီး ဆရာဇီဝက၏ သရက်ဥယျာဉ်တော်
🙏ရတနာဂီရိတောင်ပေါ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံမှလှူဒါန်းထားသည့် ငြိမ်းချမ်းရေးစေတီတော် (၀ိရွှသျှန္တိစေတီတော်)
🙏ဂိဇ္ပ္ဈကုဋ်တောင်ထိပ်ရှိ မြတ်စွာဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတော်ရာ
စသည်ဖြင့်နေရာစုံအောင်ဖူးမြော်သွားမည့်ခရီးစဉ်လေးပဲဖြစ်ပါတယ်။
------------------------------------
🙏 နေ၊စား၊ စရိတ်ငြိမ်း အားလုံးအပြီးအစီးပါ။
🙏 မိတ်ဆွေတို့ဘက်မှ ကိုယ်ပိုင် လှူဒါန်း ခြင်းများနှင့် စျေးဝယ်ခြင်းအတွက်သာ ထပ်မံကုန်ကျပါလိမ့်မည်။
🙏ခရီးစဉ်ထွက်ခွာသည့်နေမှ ပြန်ရောက်သည့်နေ့အထိ မည်သည့်ငွေကြေးမှ ထပ်မံမကောက်ပါ။
🙏ခရီးစဉ်အတွင်း မော်တော်ယာဉ်အား ညဘက်တွင်မောင်းနှင်ကာ ကားပေါ်တွင်အိပ်ခြင်း လုံးဝ (လုံးဝ) မပါဝင်ပါ။
🙏ခရီးစဉ်အသေးစိတ်ကို သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
#ဗုဒ္ဓဂယာ #ဘူတန် #ဧဝရတ်တောင် #ကရှ်မီးယား #ဆန်ချီ # #
------------------------------------
09 44522 6936
09 425 615 199
09 789 426 481
------------------------------------
Kumudra Travels
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အမှတ်
ပြည်တွင်း၊ ပြည်ဝင် - T/I(YGN) - 2885
ပြည်ပ - T/O(YGN) - 0798
ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီအမှတ်စဉ်- BPWC-234
A member of Union of Myanmar Travel Association (UMTA)
Email- [email protected]
page – https://www.facebook.com/kumudratravels/
YouTube - https://www.youtube.com/channel/UCKn3l-PcGEIYN6hq6DfW94A
အမှတ်(၃)၊ ဒုတိယထပ်(က)၊ ကျွန်းတောလမ်း၊ ဝေဠုဝန်ရပ်ကွက်(မြောက်)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

21/12/2023

မင်္ဂလာပါခင်ဗျာ။
ဟိုတယ်တည်းခရီးစဉ်လေးနဲ့ ပတ်သတ်ပြီး မေးမြန်စုံစမ်းကြတဲ့ မေးခွန်းလေးတွေပါ။

မေး ။ ။ဟိုတယ်တည်းခရီးစဉ်မှာ ဘယ်လိုဟိုတယ်တွေမှာ ထားကြတာလဲ
ဖြေ ။ ။ အိန္ဒိယနိုင်ငံ၏ 4 Star အဆင့်ရှိတဲ့ဟိုတယ်တွေမှာ စီစဉ်ပေးထားပါတယ်။

မေး ။ ။ အစားအသောက်ကကော ဘယ်လိုလဲ
ဖြေ ။ ။ အစားအစာတွေကတော့ နံနက်စာ၊ နေ့လည်စာ၊ ညစာ တွေကို ဘူဖေးလ်စနစ်အဖြစ်တည်ခင်းထားတာဖြစ်လို့ စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်များလည်းပါဝင်လို့ သားသတ်လွတ်သမားများအတွက်လည်း အဆင်ပြေပါတယ်။

Kumudra Tour..
09 44522 6936
09425615199
09789426481

🙏မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ 🙏မလ္လမင်းတို့၏မင်းနေပြည်တော်ဖြစ်သည့် ကုသိနာရုံရှိမြတ်စွာဘုရားရှင် ပရိန...
18/12/2023

🙏မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ

🙏မလ္လမင်းတို့၏မင်းနေပြည်တော်ဖြစ်သည့် ကုသိနာရုံရှိ
မြတ်စွာဘုရားရှင် ပရိနိဗ္ဗ္ဗာန်စံတော်မူရာအထိမ်းအမှတ် မဟာပရိနိဗ္ဗ္ဗာနစေတီတော် သို့သွားရောက်ဖူးမြော်ကြည်ညိုပြီး ရွှေကြာသင်္ကန်းဖြင့် ကပ်လှူပူဇော်ခဲ့ကြသည့် ကုမုဒြာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏ အမှတ်တရပုံရိပ်များ။🙏

#ကုမုဒွာ #ကုသိနာရုံ #ပရိနိဗ္ဗာန်စံတော်မူရာ #အင်္ဂါရစေတီ

မြတ်စွာဘုရားလောင်း ဖွားမြင်တော်မူရာလုမ္ဗီနီ၊ နီပေါနိုင်ငံသို့ သွားရောက်ဖူးမြော်ခဲ့ကြသည့် ကုမုဒြာဘုရားဖူးအဖွဲ့၏အမှတ်တရပုံ...
17/12/2023

မြတ်စွာဘုရားလောင်း ဖွားမြင်တော်မူရာ
လုမ္ဗီနီ၊ နီပေါနိုင်ငံသို့ သွားရောက်ဖူးမြော်ခဲ့ကြသည့်
ကုမုဒြာဘုရားဖူးအဖွဲ့၏အမှတ်တရပုံရိပ်လွှာလေးပါခက်ဗျာ။
#နီပေါ #လုမ္ဗိနီ #ကုမုဒြာ

Hello Singapore😊 Coming Soon😊
17/12/2023

Hello Singapore😊 Coming Soon😊

အသက် (၈၃)နှစ်မြောက် အဘိုးရဲ့ ၄ ကြိမ်မြောက်အဖြစ်မြတ်စွာဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိမြို့ရှိ ဇေတဝန်ကျောင်းသို့ သွား...
16/12/2023

အသက် (၈၃)နှစ်မြောက် အဘိုးရဲ့ ၄ ကြိမ်မြောက်အဖြစ်
မြတ်စွာဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိမြို့ရှိ ဇေတဝန်ကျောင်းသို့ သွားရောက်ဖူးမြော်ကြစဉ်အမှတ်တရ။ နောင်နှစ်များမှာလည်း အခုလိုကျန်းမာပျော်ရွှင်စွာဖြင့် ဘုရားဖူးနိုင်ကြပါစေ🙏🙏🙏🙏🙏

#အကျ‌ရည် (လက်ဖက်ရည်)သောက်မယ်၊
#စမူဆာစားကြမယ်😁
#မိသားစုသီးသန့်ခရီးစဉ်

ကောသလတိုင်း၊သာဝတ္ထိမြို့, ဇေတဝန်ကျောင်း ၁။ သာဝတ္ထိရသေ့၏ နေထိုင်ရာ၌ မြို့တည်ထားသောကြောင့်လည်းကောင်း၊ အလုံးစုံအကုန် ပစ္စည်...
16/12/2023

ကောသလတိုင်း၊သာဝတ္ထိမြို့, ဇေတဝန်ကျောင်း

၁။ သာဝတ္ထိရသေ့၏ နေထိုင်ရာ၌ မြို့တည်ထားသောကြောင့်လည်းကောင်း၊ အလုံးစုံအကုန် ပစ္စည်းဥစ္စာများပေါများသောကြောင့်လည်းကောင်း သာဝတ္ထိမြို့၊
၂။ ဇေတဝန်ကျောင်း၊ ပုဗ္ဗာရုံကျောင်း၊ ရာဇိကာရုံ(ဘိက္ခုနီမ)ကျောင်းကြီး သုံးတိုက်တည်ရှိသောနေရာ၊
ကောသလမင်းကြီးသည် ဗုဒ္ဓဘာသာအမည်ခံသော်လည်း မယ်မယ်ရရမကိုးကွယ်ပဲ ဖြစ်နေ၍ ဗုဒ္ဓဘာသာ၏ဆန့်ကျင်ဘက် နိကဏ္ဍဂိုဏ်းဝင် ဂျိန်းများ၊ အာဇီဝကများ၊ပရိဗိုဇ်များ၊တိတ္ထိများ ဗြဟ္မဏအယူများစသည်ဖြင့် ဘာသာရေးမြို့တော်တည်ရှိတဲ့နေရာ၊
၃။ အနာထပိဏ်သူဌေး၊ ဝိသာခါကျောင်းအမ၊ မလ္လိကာမိဖုရားစတဲ့ သာသနာမှာ နာမည်ကြီး ပုဂ္ဂိုလ်များပြား၍ ဗုဒ္ဓဘာသာဝင်များ အတုယူရမည့်နေရာ၊
၄။ ဇေတဝန်ကျောင်း၌ (၁၉)ဝါ၊ ပုဗ္ဗာရုံကျောင်း၌ (၆)ဝါ စုပေါင်း (၂၅)ဝါကို သာဝတ္ထိမြို့၌ မြတ်စွာဘုရား ဝါဆိုတဲ့နေရာ၊
၅။ ကောသလအိမ်မက် (၁၆)ချက်ကို မြတ်စွာဘုရားရှင် ဖြေကြားတဲ့နေရာ၊
၆။ သာဝတ္ထိ၌ မြတ်စွာဘုရားရှင် (၂၅)ဝါတိုင်တိုင် ဝါဆိုသော်လည်း ကောသလမင်းကြီး၏ လားရာဂတိကို ရှာမတွေ့၍ ပုထုဇဥ်လူသားများ သံဝေဂယူရမည့်နေရာ၊
၇။ သံယောဇဥ်အပူမီးတောက်လောင်၍ အရူးဘဝရောက်နေသော ပဋာစာရီစသောပုဂ္ဂိုလ်မျိုးကိုကုသနိုင်သည့်အတွက် ပုထုဇဥ်အရူးများကို ဓမ္မဆေးနဲ့ကုသရင် ပျောက်ကင်းခဲ့တဲ့နေရာ၊
၈။ ရှင်ဒေဝဒတ်၊နန္ဒလုလင်တို့လို့ မပြစ်မှားထိုက်တဲ့ သူများကို ပြစ်မှားမိသောကြောင့် မြေမြိုခံရမှုကို သိရ၍ သင်္ခန်းစာယူရမည့်နေရာ၊
၉။ အောင်ခြင်းရှစ်ပါးထဲမှာ စိဥ္စာမာန မိန်းမယုတ်ကို အောင်မြင်ခဲ့တဲ့နေရာ၊
၁၀။ ပရိတ်ကြီး (၁၁)သုတ်တို့တွင် မင်္ဂလသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ ဓဇဂ္ဂသုတ်များကို မြတ်စွာဘုရားရှင် ဟောကြားတဲ့နေရာ၊
၁၁။ ဇေတဝန်ကျောင်းတော်၌ သုတ္တန်ပေါင်း (၈၄၄) သုတ်ကို မြတ်စွာဘုရား ဟောကြားတဲ့နေရာ၊
၁၂။ ပွင့်ထွန်းတော်မူပြီးသည့် မြတ်စွာဘုရားရှင်တိုင်း မစွန့်အပ်သော အဝိဇဟိတဌာန တစ်ခုဖြစ်သလို နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာ ဘုရားရှင်၏ အဝိဇဟိတဌာနတစ်ခုလည်း ဖြစ်တဲ့နေရာ၊
၁၃။ ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူသော (၁)ဂန္ဓကုဋီ-နံသာကျောင်းတော်၊ (၂) ကရေကုဋီ-ရေခံတက်ပင် ရှိသောကျောင်းတော်၊ (၃) သဠလာဂါရကုဋီ-သလာကုဋိကျောင်းတော်၊ (၄) ကောသမ္ဗကုဋီ ကြို့ပင်ရှိသောကျောင်းတော်အားဖြင့် ဘုရား သီတင်းသုံးတော်မူသောကျောင်းတော် လေးကျောင်းရှိသောနေရာ။
၁၄။ ဘုရားရှင်ကိုယ်စား ပရိဘောဂစေတီထိုက်သော အာနန္ဒာဗောဓိပင်ရှင်တဲ့နေရာ။

#သာဝတ္ထိ #ဇေတဝန်ကျောင်းတော် #ကုမုဒြာ

Happy Birthday To You❤️ဗုဒ္ဓဂယာမြေမြတ်မဟာသို့ (၄) ကြိမ်မြောက်အဖြစ်သွားရောက်ဖူးမြော်ခဲ့သည့် ဓမ္မမိတ်ဆွေ၏ မွေးနေ့ပွဲလေးကို...
15/12/2023

Happy Birthday To You❤️

ဗုဒ္ဓဂယာမြေမြတ်မဟာသို့ (၄) ကြိမ်မြောက်အဖြစ်သွားရောက်ဖူးမြော်ခဲ့သည့် ဓမ္မမိတ်ဆွေ၏ မွေးနေ့ပွဲလေးကို
ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်အတွင်း ယနေ့ရောက်ရှိဖူးမြော်နေကြသည့် ဗာရာဏသီမြို၊ အိန္ဒိယနိုင်ငံလေးမှာ အမှတ်တရအဖြစ်ဖန်တီးပေးခဲ့ပါတယ်ခင်ဗျာ🙏🙏🙏🙏🙏

❤️ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာ၊ ချမ်းသာစွာဖြင့် သာသနာပြုနိုင်ပါစေကြောင်းနှင့် ဗုဒ္ဓဂယာမြေမြတ်မဟာသို့လည်း ထပ်ခါထပ်ခါ သွားရောက်ဖူးမြော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏🙏🙏

❤️အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ရှိ ဆေးဝင်္ဂဘာကျောင်းမှ ဆရာတော်အရှင်သူမြတ်များနှင့် အစစအရာရာကူညီပေးခဲ့ကြသည့် ညီကိုမောင်နမများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏🙏🙏

🙏ဗုဒ္ဓဂယာ၊ ဗာရာဏသီ ၊ ရာဇဂြိုဟ်၊ နာလန္ဒာ(4 ညအိပ်/5 ရက် )ဘုန်းကြီးကျောင်းတည်းခရီးစဉ်= 630 USDဟိုတယ်တည်းခရီးစဉ်= 750 USD🙏ထွ...
14/12/2023

🙏ဗုဒ္ဓဂယာ၊ ဗာရာဏသီ ၊ ရာဇဂြိုဟ်၊ နာလန္ဒာ(4 ညအိပ်/5 ရက် )
ဘုန်းကြီးကျောင်းတည်းခရီးစဉ်= 630 USD
ဟိုတယ်တည်းခရီးစဉ်= 750 USD
🙏ထွက်ခွာမည့်ရက်များ
📿7.1.2024
📿14.2.2024
📿6.3.2024
------------------------
🙏ဗုဒ္ဓဂယာ (၇ ညအိပ်/၈ ရက် )
ဘုန်းကြီးကျောင်းတည်းခရီးစဉ်= 810 USD
ဟိုတယ်တည်းခရီးစဉ် = 1050 USD
🙏ထွက်ခွာမည့်ရက်များ
📿7.1.2024
📿14.2.2024
📿6.3.2024
------------------------
🙏ဗုဒ္ဓဂယာ (၁၄ ညအိပ်/၁၅ရက် )
ဘုန်းကြီးကျောင်းတည်းခရီး = 980 USD
ဟိုတယ်တည်းခရီး= 1550 USD
🙏ထွက်ခွာမည့်ရက်များ
📿7.1.2024
📿14.2.2024
📿6.3.2024
------------------------
🙏Passport အဆင်သင့်ရှိသူများအတွက် (၃) သောင်းကျပ်၊ သာသနာ့ဝန်ထမ်း ရဟန်းသံဃာများနှင့် သီလရှင်ဆရာလေးများအတွက် 30 USDအား မေတ္တာဖြင့်ပြန်လည်ကုသိုလ်ယူ လှူဒါန်းသွားပါမည်။
------------------------
🙏နေ၊စား၊ စရိတ်ငြိမ်း အားလုံးအပြီးအစီးပါ။
🙏မိတ်ဆွေတို့ဘက်မှ ကိုယ်ပိုင် လှူဒါန်း ခြင်းများနှင့် စျေးဝယ်ခြင်းအတွက်သာ ထပ်မံကုန်ကျပါလိမ့်မည်။
🙏ခရီးစဉ်ထွက်ခွာသည့်နေမှ ပြန်ရောက်သည့်နေ့အထိ မည်သည့်ငွေကြေးမှ ထပ်မံမကောက်ပါ။
🙏ခရီးစဉ်အတွင်း မော်တော်ယာဉ်အား ညဘက်တွင်မောင်းနှင်ကာ ကားပေါ်တွင်အိပ်ခြင်း လုံးဝ (လုံးဝ) မပါဝင်ပါ။
🙏ခရီးစဉ်အသေးစိတ်ကို သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
------------------------------------
09 44522 6936
09 425 615 199
09 789 426 481
------------------------------------
ကုမုဒြာ ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အမှတ်
ပြည်တွင်း၊ ပြည်ဝင် - T/I(YGN) - 2885
ပြည်ပ - T/O(YGN) - 0798
ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီအမှတ်စဉ်- BPWC-234
A member of Union of Myanmar Travel Association (UMTA)
Email- [email protected]
page – https://www.facebook.com/kumudratravels/
YouTube - https://www.youtube.com/channel/UCKn3l-PcGEIYN6hq6DfW94A
အမှတ်(၃)၊ ဒုတိယထပ်(က)၊ ကျွန်းတောလမ်း၊ ဝေဠုဝန်ရပ်ကွက်(မြောက်)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဗုဒ္ဓဂယာမြေမြတ်မဟာသို့ရောက်ရှိဖူးမြော်နေကြသည့်ကုမုဒြာဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့၏အမှတ်တရပုံရိပ်လွှာလေးပါခင်ဗျာ။ #၇ညအိပ်၈ရက်  ...
13/12/2023

ဗုဒ္ဓဂယာမြေမြတ်မဟာသို့
ရောက်ရှိဖူးမြော်နေကြသည့်
ကုမုဒြာဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့၏
အမှတ်တရပုံရိပ်လွှာလေးပါခင်ဗျာ။

#၇ညအိပ်၈ရက် #ဘုန်းကြီးကျောင်းတည်းခရီးစဉ်
#ဗုဒ္ဓဂယာ #ကုမုဒြာ

ဗုဒ္ဓဂယာအတွက်ကတော့ အဖြူရောင်လေးပေါ့တခြားနိုင်ငံတွေအတွက်ကတော့ Black...
09/12/2023

ဗုဒ္ဓဂယာအတွက်ကတော့ အဖြူရောင်လေးပေါ့
တခြားနိုင်ငံတွေအတွက်ကတော့ Black...

မင်္ဂလာပါခင်ဗျာ။ကုမုဒြာ ရဲ့ ဖုန်းနံပါတ်တွေဖြစ်သော09 445 226 93609 425 615 199များသည် နယ်ဒေသများသို့ ရောက်ရှိနေပါသဖြင့်ဆက...
09/12/2023

မင်္ဂလာပါခင်ဗျာ။

ကုမုဒြာ ရဲ့ ဖုန်းနံပါတ်တွေဖြစ်သော

09 445 226 936
09 425 615 199

များသည် နယ်ဒေသများသို့ ရောက်ရှိနေပါသဖြင့်
ဆက်သွယ်ရန် အခက်အခဲများရှိပါက

09 789 426 481 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း
ရိုသေလေးစားစွာဖြင့် အသိပေးပါရစေခင်ဗျာ။

ချစ်ခြင်းများစွာဖြင့်
ကုမုဒြာ

ငါးရာ့ငါးဆယ်နိပါတ်တော်အရေအတွက်ဇာတ်တော်များနှင့် ဘုရားအလောင်းဘဝဖြစ်စဉ်=================(က) ဧကကနိပါတ်I. အပဏ္ဏကဝဂ်၁။ အပဏ္ဏက...
09/12/2023

ငါးရာ့ငါးဆယ်နိပါတ်တော်အရေအတွက်ဇာတ်တော်များနှင့် ဘုရားအလောင်းဘဝဖြစ်စဉ်
=================
(က) ဧကကနိပါတ်
I. အပဏ္ဏကဝဂ်
၁။ အပဏ္ဏကဇာတ် - လှည်းကုန်သည်
၂။ ဝဏ္ဏုပထဇာတ် - လှည်းမှူးကြီး
၃။ သေရိဝဝါဏိဇဇာတ် - ရွဲကုန်သည်
၄။ စူဠသေဋ္ဌိဇာတ် - စူဠသေဋ္ဌိသူဌေး
၅။ တဏ္ဍုလနာဠိဇာတ် - ရာပြတ်အမတ်
၆။ ဒေဝဓမ္မဇာတ် - မဟိံသမင်းသား
၇။ ကဋ္ဌဝါဟနဇာတ် - ကဋ္ဌဝါဟနမင်းသား
၈။ ဂါမဏိဇာတ် - ပညာရှိအမတ်
၉။ မဃဒေဝဇာတ် - မဃဒေဝမင်း
၁ဝ။ သုခဝိဟာရိဇာတ် - ရသေ့
II. သီလဝဂ်
၁၁။ လက္ခဏမိဂဇာတ် - သမင်
၁၂။ နိဂြောဓမိဂဇာတ် - နိဂြောဓသမင်
၁၃။ ကဏ္ဍိဇာတ် - ရုက္ခစိုးနတ်
၁၄။ ဝါတမိဂဇာတ် - ဗာရာဏသီမင်း
၁၅။ ခရာဒိယဇာတ် - သမင်မင်း
၁၆။ တိပလ္လတ္ထမိဂဇာတ်- သမင်
၁၇။ မာလုတဇာတ် - ရသေ့
၁၈။ မတကဘတ္တဇာတ် - ရုက္ခစိုးနတ်
၁၉။ အာယာစိတဘတ္တဇာတ် - ရုက္ခစိုးနတ်
၂၀။ နဠပါနဇာတ် = မျောက်
III. ကုရုင်္ဂဝဂ်
၂၁။ ကုရုင်္ဂမိဂဇာတ် - ဆတ်သတ္တဝါ
၂၂။ ကုက္ကုရဇာတ် - ခွေး
၂၃။ ဘောဇာဇာနိယဇာတ် - ဘောဇာဇာနီယသိန္ဓောမြင်း
၂၄။ အာဇညဇာတ် - သိန္ဓောမြင်း
၂၅။ တိတ္ထဇာတ် - ပညာရှိအမတ်
၂၆။ မဟိဠာမုခဇာတ် - ပညာရှိအမတ်
၂၇။ အဘိဏှဇာတ် - ပညာရှိအမတ်
၂၈။ နန္ဒိဝိသာလဇာတ် - နန္ဒိဝိသာလနွား
၂၉။ ကဏှဇာတ် - နွားလားဥသဘ
၃၀။ မုနိကဇာတ် - မဟာလောဟိတနွား
IV. ကုလာဝကဝဂ်
၃၁။ ကုလာဝကဇာတ် - သိကြားမင်း
၃၂။ နစ္စဇာတ် - ဟင်္သာမင်း
၃၃။ သမ္မောဒမာနဇာတ် - ငုံး
၃၄။ မစ္ဆဇာတ် - ပုရောဟိတ်
၃၅။ ဝဋ္ဋကဇာတ် - ငုံး
၃၆။ သကုဏဇာတ် - ပညာရှိငှက်
၃၇။ တိတ္တိရဇာတ် - ခါ
၃၈။ ဗကဇာတ် - ရုက္ခစိုးနတ်
၃၉။ နန္ဒဇာတ် - သူကြွယ်
၄၀။ ခဒိရင်္ဂါရဇာတ် - ဗာရာဏသီသူဌေး
V. အတ္ထကာမဝဂ်
၄၁။ ‌လောသကဇာတ် - ဒိသာပါမောက္ခ
၄၂။ ကပေါတဇာတ် - ခို
၄၃။ ဝေဠုကဇာတ် - ရသေ့
၄၄။ မကသဇာတ် - ကုန်သည်
၄၅။ ရောဟိဏီဇာတ် - သူဌေး
၄၆။ အာရာမဒူသကဇာတ် - ပညာရှိယောက်ျား
၄၇။ ဝါရုဏိဒူသကဇာတ် - ဗာရာဏသီသူဌေး
၄၈။ ဝေဒဗ္ဗဇာတ် - ပုဏ္ဏား၏တပည့်
၄၉။ နက္ခတ္တဇာတ် - ပညာရှိမြို့သား
၅၀။ ဒု‌မ္မေဓဇာတ် - ဗာရာဏသီမင်း
VI. အာသီသဝဂ်
၅၁။ မဟာသီလဝဇာတ် - မဟာသီလဝမင်း
၅၂။ စူဠဇနကဇာတ် - မဟာဇနကမင်း
၅၃။ ပုဏ္ဏပါတိဇာတ် - ဗာရာဏသီသူဌေး
၅၄။ ကိံဖလဇာတ် - လှည်းမှူးကြီး
၅၅။ ပဉ္စာဝုဓဇာတ် - ပဉ္စာဝုဓမင်းသား
၅၆။ ကဉ္စနက္ခန္ဓဇာတ် - လယ်သမား
၅၇။ ဝါနရိန္ဒဇာတ် - မျောက်
၅၈။ တယောဓမ္မဇာတ် - မျောက်
၅၉။ ဘေရိဝါဒကဇာတ် - စည်တီးသမား
၆၀။ သင်္ခဓမဇာတ် - ခရုသင်းမှုတ်သမား
VII. ဣတ္ထိဝဂ်
၆၁။ အသာတမန္တဇာတ် - ဒိသာပါမောက္ခ
၆၂။ အဏ္ဍဘူတဇာတ် - ဗာရာဏသီမင်း
၆၃။ တက္ကပဏ္ဍိတဇာတ် - တတ္ထပဏ္ဍိတရသေ့
၆၄။ ဒုရာဇာနဇာတ် - ဒိသာပါမောက္ခ
၆၅။ အနဘိရတိဇာတ် - ဒိသာပါမောက္ခ
၆၆ ။ မုဒုလက္ခဏဇာတ် - ရသေ့
၆၇။ ဥစ္ဆင်္ဂဇာတ် - ဗြဟ္မဒတ်မင်း
၆၈။ သာကေတဇာတ် - နကုလပိတာတို့၏သား
၆၉။ ဝိသဝန္တဇာတ် - ဆေးဆရာ
၇၀။ ကုဒ္ဒါလဇာတ် - ကုဒ္ဒါလပဏ္ဍိတ
VIII. ဝရုဏဝဂ်
၇၁။ ဝရုဏဇာတ် - ဒိသာပါမောက္ခ
၇၂။ သီလဝနာဂရာဇဇာတ် - သီလဝဆင်
၇၃။ သစ္စံကိရဇာတ် - တရားမင်းရသေ့
၇၄။ ရုက္ခဓမ္မဇာတ် - ရုက္ခစိုးနတ်
၇၅။ မစ္ဆဇာတ် - ငါး
၇၆။ အသင်္ကိယဇာတ် - ရသေ့
၇၇။ မဟာသုပိနဇာတ် - ရသေ့
၇၈။ ဣလ္လိသဇာတ် - ဆတ္တာသည်
၇၉။ ခရဿရဇာတ် - ကုန်သည်
၈၀။ ဘီမသေနဇာတ် - စူဠဓနုဂ္ဂဟပဏ္ဍိတ
IX. အပါယိမှဝဂ်
၈၁။ သုရာပါနဇာတ် - ရသေ့
၈၂။ မိတ္တဝိန္ဒကဇာတ် - ရုက္ခစိုးနတ်
၈၃။ ကာဠကဏ္ဏိဇာတ် - ဗာရာဏသီသူဌေး
၈၄။ အတ္ထဿဒွါရဇာတ် - ဗာရာဏသီသူဌေး
၈၅။ ကိံပက္ကဇာတ် - လှည်းမှူးကြီး
၈၆။ သီလဝီမံသကဇာတ် - ပုရောဟိတ်ပုဏ္ဏား
၈၇။ မင်္ဂလဇာတ် - ရသေ့
၈၈။ သာရမ္ဘဇာတ် - နန္ဒိဝိသာလနွား
၈၉။ ကုဟကဇာတ် - ပညာရှိယောက်ျား
၉၀။ အကတညုဇာတ် - ဗာရာဏသီသူဌေး
x. လိတ္တဝဂ်
၉၁။ လိတ္တဇာတ် - ကြွေအန်သမား
၉၂။ မဟာသာရဇာတ် - ပညာရှိအမတ်
၉၃။ ဝိဿာသဘောဇနဇာတ် - ဗာရာဏသီသူဌေး
၉၄။ လောမဟံသဇာတ် - အာဇီဝကရဟန်း
၉၅။ မဟာသုဒဿနဇာတ် - မဟာသုဒဿနစကြာမင်း
၉၆။ တေလပတ္တဇာတ် - ညီထွေးမင်းသား
၉၇။ နာမသိဒ္ဓိဇာတ် - ဒိသာပါမောက္ခ
၉၈။ ကူဋဝါဏိဇဇာတ် - ကုန်သည်
၉၉။ ပ‌ရောသဟဿဇာတ် - မဟာဗြဟ္မာ
၁၀၀။ အသာတရူပဇာတ် - ဘုရင်
XI. ပရောသတဝဂ်
၁၀၁။ ပရောသတဇာတ် - မဟာဗြဟ္မာ
၁၀၂။ ပဏ္ဏိကဇာတ် - ရုက္ခစိုးနတ်
၁၀၃။ ဝေရိဇာတ် - ဗာရာဏသီသူဌေး
၁၀၄။ မိတ္တဝိန္ဒကဇာတ် - ရုက္ခစိုးနတ်
၁၀၅။ ဒုဗ္ဗလကဋ္ဌဇာတ် - ရုက္ခစိုးနတ်
၁၀၆။ ဥဒဉ္ဇနီဇာတ် - ရသေ့
၁၀၇။ သာလိတ္တကဇာတ် - ပညာရှိအမတ်
၁ဝ၈။ ဗာဟိယဇာတ် - ပညာရှိအမတ်
၁၀၉။ ကုဏ္ဍကပူဝဇာတ် - ကြက်ဆူပင်စောင့်နတ်
၁၁၀။ သဗ္ဗသံဟာရကပဉှဇာတ် - မဟောသဓာ
XII. ဟံစိဝဂ်
၁၁၁။ ဂဒြဘပဉှဇာတ် - မဟောသဓာ
၁၁၂။ အမရာဒေဝီပဉှဇာတ် - မဟောသဓာ
၁၁၃။ သိင်္ဂါလဇာတ် - ရုက္ခစိုးနတ်
၁၁၄။ မိတစိန္တိဇာတ် - မိတစိန္တိငါး
၁၁၅။ အနုသာသိကဇာတ် - ငှက်မင်း
၁၁၆။ ဒုဗ္ဗစဇာတ် - လှံခုန်ဆရာ၏တပည့်
၁၁၇။ တိတ္တိရဇာတ် - ဆရာရသေ့
၁၁၈။ ဝဋ္ဋကဇာတ် - ငုံး
၁၁၉။ အကာလရာဝိဇာတ် - ဒိသာပါမောက္ခ
၁၂၀။ ဗန္ဓနမောက္ခဇာတ် - ပုရောဟိတ်အမတ်
XIII. ကုသနာဠိဝဂ်
၁၂၁။ ကုသနာဠိဇာတ် - သမန်းမြက်ချုံစောင့်နတ်
၁၂၂။ ဒုမ္မေဓဇာတ် - ဆင်
၁၂၃။ နင်္ဂလီသဇာတ် - ဒိသာပါမောက္ခ
၁၂၄။ အမ္ဗဇာတ် - ရသေ့
၁၂၅။ ကဋာဟကဇာတ် - ဗာရာဏသီသူဌေး
၁၂၆။ အသိလက္ခဏဇာတ် - မင်းသား
၁၂၇။ ကလဏ္ဍုကဇာတ် - ဗာရာဏသီသူဌေး
၁၂၈။ ဗိဠာရဝတဇာတ် - ကြွက်
၁၂၉။ အဂ္ဂိကဘာရဒွါဇဇာတ် - ကြွက်
၁၃၀။ ကောသိယဇာတ် - ဒိသာပါမောက္ခ
XIV. အသမ္ပဒါနဝဂ်
၁၃၁။ အသမ္ပဒါနဇာတ် - သင်္ခသူဌေး
၁၃၂။ ဘီရုကဇာတ် - တက္ကသိုလ်၌ မင်းဖြစ်သူ
၁၃၃။ ဃတာသနဇာတ် - ငှက်မင်း
၁၃၄။ ဈာနသောဓနဇာတ် - မဟာဗြဟ္မာကြီး
၁၃၅။ စန္ဒာဘဇာတ် - မဟာဗြဟ္မာ
၁၃၆။ သုဝဏ္ဏဟံသဇာတ် - ဟင်္သာ
၁၃၇။ ဗဗ္ဗုဇာတ် - ကျောက်သွေးသမား
၁၃၈။ ဂေါဓဇာတ် - ဖွတ်
၁၃၉။ ဥဘတောဘဋ္ဌဇာတ် - ရုက္ခစိုးနတ်
၁၄၀။ ကာကဇာတ် - ကျီး
XV. ကကဏ္ဋကဝဂ်
၁၄၁။ ဂေါဓဇာတ် - ဖွတ်
၁၄၂။ သိင်္ဂါလဇာတ် - မြေခွေး
၁၄၃။ ဝိရောစနဇာတ် - ခြင်္သေ့
၁၄၄။ နင်္ဂုဋ္ဌဇာတ် - ရသေ့
၁၄၅။ ရာဓဇာတ် - ပေါဋ္ဌပါဒကျေး
၁၄၆။ သမုဒ္ဒကာကဇာတ် - သမုဒ္ဒရာစောင့်နတ်
၁၄၇။ ပုပ္ဖရတ္တဇာတ် - အာကာသစိုးနတ်
၁၄၈။ သိင်္ဂါလဇာတ် - မြေခွေး
၁၄၉။ ဧကပဏ္ဏဇာတ် - ရသေ့
၁၅၀။ သဉ္ဇီဝဇာတ် - ဒိသာပါမောက္ခ
(ခ) ဒုကနိပါတ်
XVI. ဒဠှဝဂ်
၁၅၁။ ရာဇောဝါဒဇာတ် - ဗြဟ္မဒတ်မင်း
၁၅၂။ သိင်္ဂါလဇာတ် - ခြင်္သေ့
၁၅၃။ သူကရဇာတ် - ခြင်္သေ့
၁၅၄။ ဥရဂဇာတ် - ရသေ့
၁၅၅။ ဘဂ္ဂဇာတ် - ပုဏ္ဏား၏သား
၁၅၆။ အလီနစိတ္တဇာတ် - အလီနစိတ္ထမင်းသား
၁၅၇။ ဂုဏဇာတ် - ခြင်္သေ့
၁၅၈။ သုဟနုဇာတ် - ပညာရှိအမတ်
၁၅၉။ မောရဇာတ် - ဥဒေါင်းမင်း
၁၆ဝ။ ဝိနီလဇာတ် - ဝိဒေဟမင်း
XVII. သန္ထဝဂ်
၁၆၁။ ဣန္ဒသမာနဂေါတ္တဇာတ် - ရသေ့
၁၆၂။ သန္တဝဇာတ် - ရသေ့
၁၆၃။ သုသီမဇာတ် - ပုဏ္ဏားလုလင်
၁၆၄။ ဂိဇ္ဈဇာတ် - လင်းတ
၁၆၅။ နကုလဇာတ် - ရသေ့
၁၆၆။ ဥပသာဠကဇာတ် - ရသေ့
၁၆၇။ သမိဒ္ဓိဇာတ် - ရသေ့
၁၆၈။ သကုဏဂ္ဃိဇာတ် - ဘီလုံးငှက်
၁၆၉။ အရကဇာတ် - အရကရသေ့
၁၇ဝ။ ကကဏ္ဋကဇာတ် - မဟောသဓာ
XVIII. ကလျာဏဝဂ်
၁၇၁။ ကလျာဏဓမ္မဇာတ် - သူဌေး
၁၇၂။ ဒဒ္ဒရဇာတ် - ခြင်္သေ့
၁၇၃။ မက္ကဋဇာတ် - ရသေ့
၁၇၄။ ဒုဗ္ဘိယမက္ကဋဇာတ် - ပုဏ္ဏား
၁၇၅။ အာဒိစ္စုပဋ္ဌာနဇာတ် - ရသေ့
၁၇၆။ ကဠာယမုဋ္ဌိဇာတ် - ပညာရှိအမတ်
၁၇၇။ တိန္ဒုကဇာတ် - မျောက်
၁၇၈။ ကစ္ဆပဇာတ် - အိုးထိန်းသည်
၁၇၉။ သတဓမ္မဇာတ် - ဒွန်းစဏ္ဍား
၁၈၀။ ဒုဒ္ဒဒဇာတ် - ရသေ့
XIX. အသဒိသဝဂ်
၁၈၁။ အသဒိသဇာတ် - အသဒိသမင်းသား
၁၈၂။ သင်္ဂါမာဝစရဇာတ် - ဆင်ဆရာ
၁၈၃။ ဝါလောဒကဇာတ် - ပညာရှိအမတ်
၁၈၄။ ဂိရိဒတ္တဇာတ် - ပညာရှိအမတ်
၁၈၅။ အနဘိရတိဇာတ် - ဒိသာပါမောက္ခ
၁၈၆။ ဒဓိဝါဟနဇာတ် - ပညာရှိအမတ်
၁၈၇။ စတုမဋ္ဌဇာတ် - ရုက္ခစိုးနတ်
၁၈၈။ သီဟကောတ္ထုဇာတ် - ခြင်္သေ့
၁၈၉။ သီဟစမ္မဇာတ် - လယ်သမား
၁၉၀။ သီလာနိသံသဇာတ် - သမုဒ္ဒရာစောင့်နတ်
XX. ရုဟကဝဂ်
၁၉၁။ ရုဟကဇာတ် - ဗြဟ္မဒတ်မင်း
၁၉၂။ သိရိကာဠကဏ္ဏိဇာတ် - မဟောသဓာ
၁၉၃။ စူဠပဒုမဇာတ် - ပဒုမမင်း
၁၉၄။ မဏိစောရဇာတ် - သူကြွယ်မင်း
၁၉၅။ ပဗ္ဗတူပတ္ထရဇာတ် - ပညာရှိအမတ်
၁၉၆။ ဝလာဟကဇာတ် - ဝလာဟကမြင်း
၁၉၇။ မိတ္တာမိတ္တဇာတ် - ရသေ့
၁၉၈။ ရာဓဇာတ် - ရာဓကျေး
၁၉၉။ ဂဟပတိဇာတ် - သူကြွယ်
၂၀၀။ သာဓုသီလဇာတ် - ဒိသာပါမောက္ခ
XXI. နတံဒဠှဝဂ်
၂၀၁။ ဗန္ဓနာဂါရဇာတ် - သူဆင်းရဲယောက်ျား
၂၀၂။ ကေဠိသီလဇာတ် - သိကြားမင်း
၂၀၃။ ခန္ဓဇာတ် - ရသေ့
၂၀၄။ ဝီရကဇာတ် - ဝီရကတင်ကြီးငှက်
၂ဝ၅။ ဂင်္ဂေယျဇာတ် - ရုက္ခစိုးနတ်
၂၀၆။ကုရုင်္ဂမိဂဇာတ် - ကုရုင်္ဂသမင်
၂၀၇။ အဿကဇာတ် - ရသေ့
၂၀၈။ သုသုမာရဇာတ် - မျောက်
၂၀၉။ ကုက္ကုဋဇာတ် - ရုက္ခစိုးနတ်
၂၁၀။ ကန္ဒဂလကဇာတ် - ခဒိဂဝနိယသစ်တောက်ငှက်
XXII. ဗီရဏထမ္ဘဝဂ်
၂၁၁။ သောမဒတ္တဇာတ် - သောမဒတ္ထပုဏ္ဏား
၂၁၂။ ဥစ္ဆိဋ္ဌဘတ္တဇာတ် - နဋသူတောင်းစား
၂၁၃။ ဘရုဇာတ် - ရသေ့
၂၁၄။ ပုဏ္ဏနဒီဇာတ် - ပုရောဟိတ်
၂၁၅။ ကစ္ဆပဇာတ် - ပညာရှိအမတ်
၂၁၆။ မစ္ဆဇာတ် - ပုရောဟိတ်
၂၁၇။ သေဂ္ဂုဇာတ် - ရုက္ခစိုးနတ်
၂၁၈။ ကူဋဝါဏိဇဇာတ် - တရားရေးအမတ်
၂၁၉။ ဂရဟိတဇာတ် - မျောက်
၂၂၀။ ဓမ္မဓဇဇာတ် - ဓမ္မဓဇအမတ်
XXIII. ကာသာဝဝဂ်
၂၂၁။ ကာသာဝဇာတ် - ဆင်
၂၂၂။ စူဠနန္ဒိယဇာတ် - မဟာနန္ဒိယမျောက်
၂၂၃။ ပုဋဘတ္တဇာတ် - ပညာရှိအမတ်
၂၂၄။ ကုမ္ဘိလဇာတ် - မျောက်
၂၂၅။ ခန္တိဝဏ္ဏဇာတ် - ဗာရာဏသီမင်း
၂၂၆။ ကောသိယဇာတ် - ပညာရှိအမတ်
၂၂၇။ ဂူထပါဏဇာတ် - ရုက္ခစိုးနတ်
၂၂၈။ ကာမနီတဇာတ် - သိကြားမင်း
၂၂၉။ ပလာယိတဇာတ် - တက္ကသိုလ်မင်း
၂၃၀။ ဒုတိယပလာယိတဇာတ် - ဗာရာဏသီမင်း
XXIV. ဥပါဟနဝဂ်
၂၃၁။ ဥပါဟနဇာတ် - ဆင်ဆရာ
၂၃၂။ ဝီဏာထူဏဇာတ် - နိဂုံးသူဌေး
၂၃၃။ ဝိကဏ္ဏကဇာတ် - ဗာရာဏသီမင်း
၂၃၄။ အသိတာဘူဇာတ် - ရသေ့
၂၃၅။ ဝစ္ဆနခဇာတ် - ရသေ့
၂၃၆။ ဗကဇာတ် - ငါး
၂၃၇။ သာကေတဇာတ် - ပုဏ္ဏားလင်မယားသား
၂၃၈။ ဧကပဒဇာတ် - ဗာရာဏသီသူဌေး
၂၃၉။ ဟရိတမဏ္ဍူကဇာတ် - ဖား
၂၄ဝ။ မဟာပိင်္ဂလဇာတ် - မဟာပိင်္ဂလမင်း၏သား
XXV. သိင်္ဂါလဝဂ်
၂၄၁။ သဗ္ဗဒါဌဇာတ် - ပုရောဟိတ်ပုဏ္ဏား
၂၄၂။ သုနခဇာတ် - ပညာရှိယောက်ျား
၂၄၃။ ဂုတ္တိလဇာတ် - ဂုတ္ထိလစောင်းသမား
၂၄၄။ ဝိဂတိစ္ဆဇာတ် - ရသေ့
၂၄၅။ မူလပရိယာယဇာတ် - ဒိသာပါမောက္ခ
၂၄၆။ ဗာလောဝါဒဇာတ် - ရသေ့
၂၄၇။ ပါဒဉ္ဇလီဇာတ် - ပညာရှိအမတ်
၂၄၈။ ကိံသုကောပမဇာတ် - ဗာရာဏသီမင်း
၂၄၉။ သာလကဇာတ် - စပါးကုန်သည်
၂၅ဝ။ ကပိဇာတ် - ရသေ့
(ဂ) တိကနိပါတ်
XXVI. သင်္ကပ္ပဝဂ်
၂၅၁။ သင်္ကပ္ပရာဂဇာတ် - ရသေ့
၂၅၂။ တိလမုဋ္ဌိဇာတ် - ဒိသာပါမောက္ခ
၂၅၃။ မဏိကဏ္ဌဇာတ် - ရသေ့
၂၅၄။ ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ် - မြင်းကုန်သည်
၂၅၅။ သုကဇာတ် - ကျေးမင်း
၂၅၆။ ဇရူဒပါနဇာတ် - လှည်းကုန်သည်မှူး
၂၅၇။ ဂါမဏိစန္ဒဇာတ် - အာဝါသမုခမင်း
၂၅၈။ မန္ဓာတုဇာတ် - မန္ဓာတုမင်း
၂၅၉။ တိရီဋဝစ္ဆဇာတ် - ရသေ့
၂၆၀။ ဒူတဇာတ် - ဘောဇနသုဒ္ဓိကမင်း
XXVII. ပဒုမဝဂ်
၂၆၁။ ပဒုမဇာတ် - သူဌေးသား
၂၆၂။ မုဒုပါဏိဇာတ် - မင်း
၂၆၃။ စူဠပလောဘနဇာတ် - အနိတ္ထိဂန္ဓမင်းသား
၂၆၄။ မဟာပနာဒဇာတ် - သိကြားမင်း
၂၆၅။ ခုရပ္ပဇာတ် - တောအုပ်စောင့်အမျိုးသား
၂၆၆။ ဝါတဂ္ဂသိန္ဓဝဇာတ် - ဝါတဂ္ဂသိန္ဓောမြင်း
၂၆၇။ ကက္ကဋကဇာတ် - ဆင်
၂၆၈။ အာရာမဒူသကဇာတ် - ပညာရှိယောက်ျား
၂၆၉။ သုဇာတဇာတ် - မင်း
၂၇ဝ။ ဥလူကဇာတ် - ဟင်္သာ
XXVIII. ဥဒပါနဝဂ်
၂၇၁။ ဥဒပါနဒူသကဇာတ် - ရသေ့
၂၇၂။ ဗျဂ္ဃဇာတ် - ရုက္ခစိုးနတ်
၂၇၃။ ကစ္ဆပဇာတ် - ရသေ့
၂၇၄။ လောလဇာတ် - ခို
၂၇၅။ ရုစိရဇာတ် - ခို
၂၇၆။ ကုရုဓမ္မဇာတ် - ဓနဉ္စယကောရဗျမင်း
၂၇၇။ ရောမကဇာတ် - ခို
၂၇၈။ မဟိံသရာဇဇာတ် - ကျွဲ
၂၇၉။ သတပတ္တဇာတ် - လူဆိုးဗိုလ်
၂၈၀။ ပုဋဒူသကဇာတ် - ပုဏ္ဏား
XXIX. အဗ္ဘန္တရဝဂ်
၂၈၁။ အဗ္ဘန္တရဇာတ် - ရသေ့
၂၈၂။ သေယျဇာတ် - ဗာရာဏသီမင်း
၂၈၃။ ဝဍ္ဎကီသူကရဇာတ် - ရုက္ခစိုးနတ်
၂၈၄။ သိရိဇာတ် - မင်းဆရာ
၂၈၅။ မဏိသူကရဇာတ် - ရသေ့
၂၈၆။ သာလူကဇာတ် - မဟာလောဟိတနွား
၂၈၇။ လာဘဂရဟဇာတ် - ဒိသာပါမောက္ခ
၂၈၈။ မစ္ဆုဒ္ဒါနဇာတ် - သူကြွယ်ကုန်သည်
၂၈၉။ နာနာဆန္ဒဇာတ် - မင်း
၂၉၀။ သီလဝီမံသကဇာတ် - ပုရောဟိတ်ပုဏ္ဏား
###. ကုမ္ဘဝဂ်
၂၉၁။ သုရာဃဋဇာတ် - သိကြားမင်း
၂၉၂။ သုပတ္တဇာတ် - သုပတ္ထကျီး
၂၉၃။ ကာယနိဗ္ဗိန္ဒဇာတ် - ရသေ့
၂၉၄။ ဇမ္ဗုခါဒကဇာတ် - ရုက္ခစိုးနတ်
၂၉၅။ အန္တဇာတ် - ရုက္ခစိုးနတ်
၂၉၆။ သမုဒ္ဒဇာတ် - သမုဒ္ဒရာစောင့်နတ်
၂၉၇။ ကာမဝိလာပဇာတ် - သရဘင်္ဂဆရာရသေ့
၂၉၈။ ဥဒုမ္ဗရဇာတ် - ရုက္ခစိုးနတ်
၂၉၉။ ကောမာရပုတ္တဇာတ် - ကောမာရပုတ္တရသေ့
၃၀၀။ ဝကဇာတ် - သိကြားမင်း
(ဃ) စတုက္ကနိပါတ်
###I. ကာလိင်္ဂဝဂ်
၃၀၁။ စူဠကာလိင်္ဂဇာတ် - ရသေ့
၃၀၂။ မဟာအဿာရောဟဇာတ် - ဗာရာဏသီမင်း
၃၀၃။ ဧကရာဇဇာတ် - ဗာရာဏသီမင်း
၃ဝ၄။ ဒဒ္ဒရဇာတ် - မဟာဒဒ္ဒရနဂါး
၃၀၅။ သီလဝီမံသနဇာတ် - ပုဏ္ဏားလုလင်
၃ဝ၆။ သုဇာတာဇာတ် - ပညာရှိအမတ်
၃၀၇။ ပလာသဇာတ် - ရုက္ခစိုးနတ်
၃၀၈။ သကုဏဇာတ် - သစ်တောက်ငှက်
၃၀၉။ ဆဝကဇာတ် - စဏ္ဍာလ
၃၁၀။ သေယျဇာတ် - ပုရောဟိတ်သား ရသေ့
###II. ပုစိမန္ဒဝဂ်
၃၁၁။ ပုစိမန္ဒဇာတ် - တမာပင်စောင့်နတ်
၃၁၂။ ကဿပမန္ဒိယဇာတ် - ရသေ့
၃၁၃။ ခန္တီဝါဒီဇာတ် - ခန္တီဝါဒီရသေ့
၃၁၄။ လောဟကုမ္ဘီဇာတ် - ရသေ့
၃၁၅။ သဗ္ဗမံသလာဘဇာတ် - သူဌေးသား
၃၁၆။ သသပဏ္ဍိတဇာတ် - ယုန်
၃၁၇။ မတရောဒနဇာတ် - သူဌေး
၃၁၈။ ကဏဝေရဇာတ် - ခိုးသူကြီး
၃၁၉။ တိတ္တိရဇာတ် - ရသေ့
၃၂၀။ သုစ္စဇဇာတ် - ပညာရှိအမတ်
###III. ကုဋိဒူသကဝဂ်
၃၂၁။ ကုဋိဒူသကဇာတ် - သိင်္ဂိလငှက်
၃၂၂။ ခုဒ္ဒုဘဇာတ် - ခြင်္သေ့
၃၂၃။ ဗြဟ္မဒတ္တဇာတ် - ရသေ့
၃၂၄။ စမ္မသာဋကဇာတ် - ကုန်သည်
၃၂၅။ ဂေါဓရာဇဇာတ် - ဖွတ်
၃၂၆။ ကက္ကာရုဇာတ် - အကြီးအကဲနတ်သား
၃၂၇။ ကာကဝတီဇာတ် - ကုဏာလငှက်မင်း
၃၂၈။ အနနုသောစိယဇာတ် - ရသေ့
၃၂၉။ ကာဠဗာဟုဇာတ် - ရာဓကျေး
၃၃၀။ သီလဝီမံသဇာတ် - ပုရောဟိတ်ပုဏ္ဏား
###IV. ကောကိလဝဂ်
၃၃၁။ ကောကိလဇာတ် - ပညာရှိအမတ်
၃၃၂။ ရထလဋ္ဌိဇာတ် - တရားရေးအမတ်
၃၃၃။ ပက္ကဂေါဓဇာတ် - ပညာရှိအမတ်
၃၃၄။ ရာဇောဝါဒဇာတ် - ရသေ့
၃၃၅။ ဇမ္ဗုကဇာတ် - ခြင်္သေ့
၃၃၆။ ဗြဟာဆတ္တဇာတ် - ပညာရှိအမတ်
၃၃၇။ ပီဌဇာတ် - ရသေ့
၃၃၈။ ထုသဇာတ် - ဒိသာပါမောက္ခ
၃၃၉။ ဗာဝေရုဇာတ် - ဥဒေါင်းမင်း
၃၄ဝ။ ဝိသယှဇာတ် - ဝိသယှသူဌေး
###V. စူဠကုဏာလဝဂ်
၃၄၁။ ကဏ္ဍရီဇာတ် - ကုဏာလငှက်မင်း
၃၄၂။ ဝါနရဇာတ် - မျောက်
၃၄၃။ ကုန္တိနီဇာတ် - ဗာရာဏသီမင်း
၃၄၄။ အမ္ဗဇာတ် - သိကြားမင်း
၃၄၅။ ရာဇကုမ္ဘဇာတ် - ပညာရှိအမတ်
၃၄၆။ ကေသဝဇာတ် - ကပ္ပရသေ့
၃၄၇။ အယကူဋဇာတ် - ဗာရာဏသီမင်း
၃၄၈။ အရညဇာတ် - ရသေ့
၃၄၉။ သန္ဓိဘေဒဇာတ် - ဗာရာဏသီမင်း
၃၅၀။ ဒေဝတာပဉှာဇာတ် - မဟောသဓာ
(င) ပဉ္စကနိပါတ်
###VI. မဏိကုဏ္ဍလဝဂ်
၃၅၁။ မဏိကုဏ္ဍလဇာတ် - ဗာရာဏသီမင်း
၃၅၂။ သုဇာတဇာတ် - သုဇာတ(သူကြွယ်သား)
၃၅၃။ ဝေနသာခဇာတ် - ဒိသာပါမောက္ခ
၃၅၄။ ဥရဂဇာတ် - လယ်ယာလုပ်သားပုဏ္ဏား
၃၅၅။ ဃဋဇာတ် - ဗာရာဏသီမင်း
၃၅၆။ ကောရဏ္ဍိယဇာတ် - ကောရဏ္ဍိယပုဏ္ဏား
၃၅၇။ လဋုကိကဇာတ် - ဆင်
၃၅၈။ စူဠဓမ္မပါလဇာတ် - ဓမ္မပါလမင်းသား
၃၅၉။ သုဝဏ္ဏမိဂဇာတ် - သမင်
၃၆၀။ သုယောနန္ဒီဇာတ် - ဂဠုန်
###VII. ဝဏ္ဏာရောဟဝဂ်
၃၆၁။ ဝဏ္ဍာရောဟဇာတ် - ရုက္ခစိုးနတ်
၃၆၂။ သီလဝီမံသဇာတ် - ပုရောဟိတ်ပုဏ္ဏား
၃၆၃။ ဟိရိဇာတ် - ဗာရာဏသီသူဌေး
၃၆၄။ ခဇ္ဇောပနကဇာတ် - မဟောသဓာ
၃၆၅။ အဟိတုဏ္ဍိကဇာတ် - စပါးကုန်သည်
၃၆၆။ ဂုမ္ဗိယဇာတ် - လှည်းမှူးကြီး
၃၆၇။ သာဠိယဇာတ် - သူကြွယ်၏သားသူငယ်
၃၆၈။ တစသာရဇာတ် - ပညာရှိသူငယ်
၃၆၉။ မိတ္တဝိန္ဒကဇာတ် - နတ်သား
၃၇၀။ ပလာသဇာတ် - ဟင်္သာ
###VIII. အဍ္ဎဝဂ်
၃၇၁။ ဒီဃီတိကောသလဇာတ် - ဒီဃာဝုမင်းသား
၃၇၂။ မိဂပေါတကဇာတ် - သိကြားမင်း
၃၇၃။ မူသိကဇာတ် - ဒိသာပါမောက္ခ
၃၇၄။ စူဠဓနုဂ္ဂဟဇာတ် - သိကြားမင်း
၃၇၅။ ကပေါတဇာတ် - ခို
(စ) ဆက္ကနိပါတ်
###IX. အဝါရိယဝဂ်
၃၇၆။ အဝါရိယဇာတ် - ရသေ့
၃၇၇။ သေတကေတုဇာတ် - ပုရောဟိတ်အမတ်
၃၇၈။ ဒရီမုခဇာတ် - ဗြဟ္မဒတ္တကုမာရမင်းသား
၃၇၉။ နေရုဇာတ် - ဟင်္သာ
၃၈၀။ အာသင်္ကဇာတ် - ရသေ့
၃၈၁။ မိဂါလောပဇာတ် - လင်းတ
၃၈၂။ သိရိကာဠကဏ္ဏီဇာတ် - သုစိပရိဝါရသူဌေး
၃၈၃။ ကုက္ကုဋဇာတ် - ကြက်
၃၈၄။ ဓမ္မဓဇဇာတ် - ငှက်မင်း
၃၈၅။ နန္ဒိယမိဂရာဇဇာတ် - နန္ဒိယသမင်
###X. ခရပုတ္တဝဂ်
၃၈၆။ ခရပုတ္တဇာတ် - သိကြားမင်း
၃၈၇။ သူစိဇာတ် - ပန်းပဲလူငယ်
၃၈၈။ တုဏ္ဍိလဇာတ် - မဟာတုဏ္ဍိလဝက်
၃၈၉။ သုဝဏ္ဏကက္ကဋကဇာတ် - ပုဏ္ဏားလုလင်
၃၉ဝ။ မယှကဇာတ် - ရသေ့
၃၉၁။ ဝိဇ္ဇာဓရဇာတ် - သိကြားမင်း
၃၉၂။ သိင်္ဃပုပ္ဖဇာတ် - ရသေ့
၃၉၃။ ဝိဃာသာဒဇာတ် - သိကြားမင်း
၃၉၄။ ဝဋ္ဋကဇာတ် - ငုံး
၃၉၅။ ပါရာဝတဇာတ် - ခို
(ဆ) သတ္တကနိပါတ်
###XI. ကုက္ကုဝဂ်
၃၉၆။ ကုက္ကုဇာတ် - ပညာရှိအမတ်
၃၉၇။ မနောဇဇာတ် - ခြင်္သေ့
၃၉၈။ သုတနုဇာတ် - သုတနုဆင်းရဲသား
၃၉၉။ ဂိဇ္ဈဇာတ် - လင်းတ
၄၀၀။ ဒဗ္ဘပုပ္ဖဇာတ် - ရုက္ခစိုးနတ်
၄၀၁။ ပဏ္ဏကဇာတ် - သေနကအမတ်
၄၀၂။ သတ္တုဘသ္တဇာတ် - သေနကသုခမိန်
၄၀၃။ အဋ္ဌိသေနုဇာတ် - အဋ္ဌိသေနရသေ့
၄၀၄။ ကပိဇာတ် - မျောက်
၄၀၅။ ဗကဇာတ် - ကပ္ပရသေ့
###XII. ဂန္ဓာရဝဂ်
၄၀၆။ ဂန္ဓာရဇာတ် - ဂန္ဓာရမင်း
၄၀၇။ မဟာကပိဇာတ် - မျောက်
၄၀၈။ ကုမ္ဘကာရဇာတ် - ရသေ့
၄၀၉။ ဒဠှဓမ္မဇာတ် - အမတ်
၄၁၀။ သောမဒတ္တဇာတ် - သိကြားမင်း
၄၁၁။ သုသီမဇာတ် - သုသီမမင်း
၄၁၂။ ကောဋသိမ္ဗလိဇာတ် - ရုက္ခစိုးနတ်
၄၁၃။ ဓူမကာရိဇာတ် - ဝိဓုရပညာရှိ
၄၁၄။ ဇာဂရဇာတ် - ရသေ့
၄၁၅။ ကုမ္မာသပိဏ္ဍိဇာတ် - မင်း
၄၁၆။ ပရန္တပဇာတ် - မင်းသား
(ဇ) အဋ္ဌကနိပါတ်
###XIII. ကစ္စာနိဝဂ်
၄၁၇။ ကစ္စာနိဇာတ် - သိကြားမင်း
၄၁၈။ အဋ္ဌသဒ္ဒဇာတ် - ရသေ့
၄၁၉။ သုလသာဇာတ် - တောင်စောင့်နတ်
၄၂၀။ သုမင်္ဂလဇာတ် - မင်း
၄၂၁။ ဂင်္ဂမာလဇာတ် - ဥဒယမင်း
၄၂၂။ စေတိယဇာတ် - ကပိလပုဏ္ဏား
၄၂၃။ ဣန္ဒြိယဇာတ် - သရဘင်္ဂဆရာရသေ့
၄၂၄။ အာဒိတ္တဇာတ် - မင်း
၄၂၅။ အဋ္ဌာနဇာတ် - ရသေ့
၄၂၆။ ဒီပိဇာတ် - ရသေ့
(ဈ) နဝကနိပါတ်
၄၂၇။ ဂိဇ္ဈဇာတ် - လင်းတ
၄၂၈။ ကောသမ္ဗိယဇာတ် - ဒီဃာဝုမင်းသား
၄၂၉။ မဟာသုဝဇာတ် - ကျေး
၄၃၀။ စူဠသုဝဇာတ် - ကျေး
၄၃၁။ ဟရိတစဇာတ် - ဟရိတစရသေ့
၄၃၂။ ပဒကုသလမာဏဝဇာတ် - ပဒကုသလလူငယ်
၄၃၃။ လောမသကဿပဇာတ် - လောမသကဿပရသေ့
၄၃၄။ စက္ကဝါကဇာတ် - စက္ကဝါငှက်ဖို
၄၃၅။ ဟလိဒ္ဒိရာဂဇာတ် - ရသေ့
၄၃၆။ သမုဂ္ဂဇာတ် - ရသေ့
၄၃၇။ ပူတိမံသဇာတ် - ရုက္ခစိုးနတ်
၄၃၈။ ဒဒ္ဒရဇာတ် - ခါ
(ည) ဒသကနိပါတ်
၄၃၉။ စတုဒွါရဇာတ် - ရုက္ခစိုးနတ်
၄၄၀။ ကဏှဇာတ် - ကဏှရသေ့
၄၄၁။ စတုပေါသထိကဇာတ် - ဝိဓုရသုခမိန်
၄၄၂။ သင်္ခဇာတ် - သင်္ခပုဏ္ဏား
၄၄၃။ စူဠဗောဓိဇာတ် - စူဠဗောဓိရသေ့
၄၄၄။ ကဏှဒီပါယနဇာတ် - တဏှဒီပါယနရသေ့
၄၄၅။ နိဂြောဓဇာတ် - နိဂြောဓမင်း
၄၄၆။ တက္ကလဇာတ် - သားငယ်
၄၄၇။ မဟာဓမ္မပါလဇာတ် - ဓမ္မပါလလုလင်
၄၄၈။ ကုက္ကုဋဇာတ် - ကြက်
၄၄၉။ မဋ္ဌကုဏ္ဍလီဇာတ် - နတ်သား
၄၅၀။ ဗိဠာရကောသိယဇာတ် - သိကြားမင်း
၄၅၁။ စက္ကဝါကဇာတ် - စက္ကဝါငှက်ဖို
၄၅၂။ ဘူရိပညဇာတ် - မဟောသဓာ
၄၅၃။ မဟာမင်္ဂလဇာတ် - ရက္ခိတရသေ့
၄၅၄။ ဃဋပဏ္ဍိတဇာတ် - ဃဋပဏ္ဍိတ
(ဋ) ဧကာဒသကနိပါတ်
၄၅၅။ မာတုပေါသကဇာတ် - ဆင်
၄၅၆။ ဇုဏှဇာတ် - ဇုဏှဘုရင်
၄၅၇။ ဓမ္မဒေဝပုတ္တာဇာတ် - ဓမ္မနတ်သား
၄၅၈။ ဥဒယဘဒ္ဒဇာတ် - သိကြားမင်း
၄၅၉။ ပါနီယဇာတ် - မင်း
၄၆၀။ ယုဓဉ္ဇယဇာတ် - ယုဓဉ္စယမင်းသားရဟန်း
၄၆၁။ ဒသရထဇာတ် - ရာမမင်း
၄၆၂။ သံဝရဇာတ် - ပညာရှိအမတ်
၄၆၃။ သုပ္ပာရကဇာတ် - သုပ္ပာရက,မာလိန်မှူးသား
(ဌ) ဒွါဒသကနိပါတ်
၄၆၄။ စူဠကုဏာလဇာတ် - ကုဏာလငှက်မင်း
၄၆၅။ ဘဒ္ဒသာလဇာတ် - အင်ကြင်းပင်စောင့်နတ်
၄၆၆။ သမုဒ္ဒဝါဏိဇဇာတ် - လက်သမား
၄၆၇။ ကာမဇာတ် - ပညာရှိလုလင်
၄၆၈။ ဇနသန္ဓဇာတ် - ဇနသန္နမင်းကြီး
၄၆၉။ မဟာကဏှဇာတ် - သိကြားမင်း
၄၇၀။ ကောသိယဇာတ် - သိကြားမင်း
၄၇၁။ မေဏ္ဍကပဥှဇာတ် - မဟောသဓာ
၄၇၂။ မဟာပဒုမဇာတ် - မဟာပဒုမင်းသား
၄၇၃။ မိတ္တာမိတ္တဇာတ် - ပညာရှိအမတ်
(ဍ) တေရသကနိပါတ်
၄၇၄။ အမ္ဗဇာတ် - ဒွန်းစဏ္ဍား
၄၇၅။ ဖန္ဒနဇာတ် - တောစောင့်နတ်
၄၇၆။ ဇဝနဟံသဇာတ် - ဇဝနဟင်္သာမင်း
၄၇၇။ စူဠနာရဇာတ် - ရသေ့
၄၇၈။ ဒူတဇာတ် - ပုဏ္ဏားလုလင်
၄၇၉။ ကာလိင်္ဂဗောဓိဇာတ် - ကာလိင်္ဂဘာရဒွါဇပုရောဟိတ်
၄၈၀။ အကိတ္တိဇာတ် - အကိတ္တိရသေ့
၄၈၁။ တက္ကာရိယဇာတ် - တက္ကာရိယလုလင်
၄၈၂။ ရုရုမိဂဇာတ် - ဆတ်
၄၈၃။ သရဘမိဂဇာတ် - သမင်
(ဎ) ပကိဏ္ဏကနိပါတ်
၄၈၄။ သာလိကေဒါရဇာတ် - ကျေး
၄၈၅။ စန္ဒကိန္နရီဇာတ် - စန္ဒကိန္နရာ
၄၈၆။ မဟာဥက္ကုသဇာတ် - ခြင်္သေ့
၄၈၇။ ဥဒ္ဒါလကဇာတ် - ပုရောဟိတ်
၄၈၈။ ဘိသဇာတ် - မဟာကဉ္စနသူဌေးသား
၄၈၉။ သုရုစိဇာတ် - သိကြားမင်း
၄၉၀။ ပဉ္စုပေါသထိကဇာတ် - ရသေ့
၄၉၁။ မဟာမောရဇာတ် - ရွှေဥဒေါင်းမင်း
၄၉၂။ တစ္ဆကသူကရဇာတ် - ရုက္ခစိုးနတ်
၄၉၃။ မဟာဝါဏိဇဇာတ် - လှည်းမှူးကြီး
၄၉၄။ သာဓိနဇာတ် - သာဓိနမင်း
၄၉၅။ ဒသဗြာဟ္မဏဇာတ် - ဝိဓုရပညာရှိအမတ်
၄၉၆။ ဘိက္ခာပရမ္ပရဇာတ် - ရသေ့
(ဏ) ဝီသတိနိပါတ်
၄၉၇။ မာတင်္ဂဇာတ် - မာတင်္ဂဒွန်းစဏ္ဍား
၄၉၈။ စိတ္တသမ္ဘူတဇာတ် - စိတ္တဒွန်းစဏ္ဍား
၄၉၉။ သိဝိဇာတ် - သိဝိမင်းကြီး
၅ဝဝ။ သိရီမန္တဇာတ် - မဟောသဓာ
၅၀၁။ ရောဟဏမိဂဇာတ် - ရောဟဏသမင်
၅၀၂။ စူဠဟံသဇာတ် - ဟင်္သာ
၅၀၃။ သတ္တိဂုမ္ဗဇာတ် - ပုပ္ဖကကျေးသား
၅၀၄။ ဘလ္လာတိယဇာတ် - ဘလ္လာတိယမင်း
၅၀၅။ သောမနဿဇာတ် - သောမနဿမင်းသား
၅ဝ၆။ စမ္ပေယျဇာတ် - စမ္ပေယျနဂါးမင်း
၅၀၇။ မဟာပလောဘနဇာတ် - အနိတ္ထိဂန္ဓမင်းသား
၅၀၈။ ပဉ္စပဏ္ဍိတဇာတ် - မဟောသဓာ
၅၀၉။ ဟတ္ထိပါလဇာတ် - ဟတ္ထိပါလပုရောဟိတ်သား
၅၁ဝ။ အယောဃရဇာတ် - အယောဃရပညာရှိ
(တ) တိံသနိပါတ်
၅၁၁။ ကိံဆန္ဒဇာတ် - ရသေ့
၅၁၂။ ကုမ္ဘဇာတ် - သိကြားမင်း
၅၁၃။ ဇယဒိသဇာတ် - အလီနသတ္တုမင်းသား
၅၁၄။ ဆဒ္ဒန္တဇာတ် - ဆဒ္ဒန်ဆင်မင်း
၅၁၅။ သမ္ဘဝဇာတ် - သမ္ဘဝပညာရှိ
၅၁၆။ မဟာကပိဇာတ် - မျောက်
၅၁၇။ ဒကရက္ခသဇာတ် - မဟောသဓာ
၅၁၈။ ပဏ္ဍရကနာဂရာဇဇာတ် - ဂဠုန်
၅၁၉။ သမ္ဗုလာဇာတ် - အဖရသေ့
၅၂ဝ။ ဂဏ္ဍတိန္ဒုကဇာတ် - တည်ပင်စောင့်နတ်
(ထ) စတ္တာလီသနိပါတ်
၅၂၁။ တေသကုဏဇာတ် - ဇမ္ဗူကကျေးသား
၅၂၂။ သရဘင်္ဂဇာတ် - သရဘင်္ဂရသေ့
၅၂၃။ အလမ္ဗုသာဇာတ် - ခမည်းတော်ရသေ့
၅၂၄။ သင်္ခပါလဇာတ် - သိင်္ခပါလနဂါး
၅၂၅။ စူဠသုတသောမဇာတ် - သုတသောမမင်းကြီး
(ဒ)ပဏ္ဏာသနိပါတ်
၅၂၆။ နိလိနိကာဇာတ် - ခမည်းတော်ရသေ့
၅၂၇။ ဥမ္မာဒန္တီဇာတ် - သိဝိမင်း
၅၂၈။ မဟာဗောရိပရိဗ္ဗာဇကဇာတ် - မဟာဗောဓိပရိဗိုဇ်
(ဓ) သဋ္ဌိနိပါတ်
၅၂၉။ သောဏကဇာတ် - အရိန္ဒမမင်းကြီး
၅၃၀။ သံကိစ္စဇာတ် - သံကိစ္စရသေ့
(န) သတ္တတိနိပါတ်
၅၃၁။ ကုသဇာတ် - ကုသမင်း
၅၃၂။ သောဏနန္ဒဇာတ် - သောဏရသေ့
(ပ) အသီတိနိပါတ်
၅၃၃။ စူဠဟံသဇာတ် - ဓတရဋ္ဌရွှေဟင်္သာမင်း
၅၃၄။ မဟာဟံသဇာတ် - ဓတရဋ္ဌရွှေဟင်္သာမင်း
၅၃၅။ သုဓာဘောဇနဇာတ် - သိကြားမင်း
၅၃၆။ မဟာကုဏာလဇာတ် - ကုဏာလငှက်မင်း
၅၃၇။ မဟာသုတသောမဇာတ် - သုတသောမမင်း
(ဖ) မဟာနိပါတ်
၅၃၈။ တေမိယဇာတ် - တေမိယမင်းသား
၅၃၉။ မဟာဇနကဇာတ် - မဟာဇနကမင်း
၅၄၀။ သုဝဏ္ဏသာမဇာတ် - သုဝဏ္ဏသာမသူငယ်
၅၄၁။ နေမိဇာတ် - နေမိမင်း
၅၄၂။ မဟာဥမင်္ဂ(မဟောသဓာ)ဇာတ် - မဟောသဓာ
၅၄၃။ ဘူရိဒတ္တဇာတ် - ဘူရိဒတ်နဂါးမင်း
၅၄၄။ စန္ဒကုမာရဇာတ် - စန္ဒကုမာရမင်းသား
၅၄၅။ နာရဒဇာတ် - နာရဒဗြဟ္မာမင်း
၅၄၆။ ဝိဓုရဇာတ် - ဝိဓုရသုခမိန်
၅၄၇။ ဝေဿန္တရာဇာတ် - ဝေဿန္တရာမင်း
******************************
ကိုးကား -
ဦးအောင်ညွန့်ဝင်းရေး ငါးရာ့ငါးဆယ်အနှစ်ချုပ်စာအုပ်မှ မှီငြမ်းပြုစုပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Address

No(3), Second Floor-A, Kyun Taw Road, Wailuwon Ward(North), Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959445226936

Website

Alerts

Be the first to know and let us send you an email when Kumudra Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kumudra Travels & Tours:

Videos

Share

Nearby travel agencies