30/05/2021
ကိုရီးယားစာမှာ Level1 ကနေ Level6 ဆိုပီးကိုရီးယားစာအရည်အချင်းတွေကို ခွဲခြားပီးသတ်မှတ်ထားပါတယ်....."
ဘယ်လိုမျိုးသတ်မှတ်လဲ???
TOPIK1 , TOPIK2 စာမေးပွဲ 2မျိုးရှိပါတယ်...
TOPIK1 စာမေးပွဲဖြေဆိုပီး Level 1 Level 2 ကိုသတ်မှတ်ပါတယ်
TOPIK1 စာမေးပွဲမှာ topik 1 နဲ့သက်ဆိုင်တဲ့စာ အမှတ် 200 ဖိုးဖြေဆိုရပါတယ်အာ့တာတွေကတော့ Listening(နားထောင်ခြင်း)100ဖိုးနဲ့ Reading (ဖတ်ခြင်း)100ဖိုး စုစုပေါင်း အမှတ် 200 ဖိုးဘဲဖြစ်ပါတယ်.....
အမှတ်80ကနေ139 ထိရရှိသူတွေကိုတော့ Level1
အမှတ်140ကနေ200(အမှတ်ပြည့်)ထိရရှိသူတွေကိုတော့Level2
ဆိုပီးခွဲခြားသတ်မှတ်ပါတယ်
အမှတ်80အောက်ဆိုရင်တော့စာမေးပွဲကျပါတယ်
TOPIK2 စာမေးပွဲဖြေဆိုပီး Level3,4,5,6 ကိုသတ်မှတ်ပါတယ်
TOPIK2 စာမေးပွဲမှာ topik2 နဲ့သက်ဆိုင်တဲ့စာ အမှတ် 300 ဖိုးဖြေဆိုရပါတယ်အာ့တာတွေကတော့ Listening(နားထောင်ခြင်း)100ဖိုး,Writing(ရေးသားခြင်း)100ဖိုးနှင့်Reading(ဖတ်ခြင်း)100ဖိုး စုစုပေါင်း အမှတ် 300 ဖိုးဘဲဖြစ်ပါတယ်......
အမှတ်120ကနေ149ထိရရှိသူတွေကိုတော့Level3
အမှတ် 150ကနေ189ထိရရှိသူတွေကိုတော့Level4
အမှတ်190ကနေ229ထိရရှိသူတွေကိုတော့Level5
အမှတ်230ကနေ300(အမှတ်ပြည့်)ထိရရှိသူတွေကိုတော့Level6
ဆိုပီးခွဲခြားသတ်မှတ်ပါတယ်
အမှတ်120အောက်ဆိုရင်တော့စာမေးပွဲကျပါတယ်
ကိုရီးယား TOPIK စာမေးပွဲကို ပုံမှန်အားဖြင့်မြန်မာပြည်မှာ 1နှစ်ကို 1ကြိမ်သာ ကျင်းပလေ့ရှိပီး 8လပိုင်းမှာ ဖောင်တင်ကာ 10 လပိုင်းမှာ ဖြေဆိုကျရပါတယ်.... 2020 မှာတော့ COVID ကြောင့်စာမေးပွဲမကျင်းပနိုင်ခဲ့ပါဘူး.........."