20/11/2022
ရှမ်းနှစ်သစ်ကူးအကြောင်း
-----------------------
နှစ်သစ်ကူးခြင်းဆိုသည်မှာ နှစ်ဟောင်းကုန်ဆုံး၍
နှစ်သစ်သို့ရောက်ရှိခြင်းဖြစ်သည်။နတ်တော်လ
တွင် ရှမ်းလူမျိုးတို့နှစ်သစ်ကူးခြင်းကား ရှမ်းလူမျိုး
များသည် သီးခြားပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွှန်း
လျက်ရှိသည်။ ရှမ်းနှစ်သည် သာသနာတော်နှစ်
ထက် ၄၅၀နောက်ကျသည်။ရှမ်းနှစ်သစ်ကူးပွဲတော်သည်
ရှေးခေတ်ကာလမှ စ၍ ယနေ့တိုင် ရှမ်းလူမျိုးများ
အမြတ်နိုးဆုံးပွဲတော်အဖြစ် ဆက်လက် ဆင်နွှဲကျင်းပလာခဲ့ကြ၏။ထိုနှစ်သစ်ကူးပွဲတော်
တွင် -
၁.နှစ်သစ်ကူး အစားအစာပေးပို့လှူဒါန်းခြင်း။
ရှမ်းရိုးရာအစားအစာဖြစ်သော မုန့်ဖက်ထုပ် မုန့်
ပေါင်းစသည်တို့ကို ပြုလုပ်ပြီး ရင်းနှီးသော မိတ်ဆွေများထံသို့ ပေးပို့ကြရသည်။အိမ်ရှင်က
ဝမ်းသာစွာ လက်ခံပြီး ဆုမွန်ကောင်းများပေး
ရသည်။
၂.နှစ်သစ်ကူး စောင့်ကြိုခြင်း။
နတ်တော်လဆန်းတစ်ရက် မရောက်မီ တန်ဆောင်မုန်း လပြည့်ကျော်၁၄မှ၁၅ရက်တို့့တွင် ပွဲလမ်းသဘင်များ ကျင်းပခြင်း ,သီချင်းဆို
ခြင်း,တရားစာနာယူခြင်း,ရှေးခေတ်က သူရဲ
ကောင်းများ အကြောင်းကို ပြောပြခြင်း,
သမိုင်းကြောင်းကို ပြောပြခြင်းများ ပြုလုပ်၍ နှစ်
သစ်ကူးကိုစောင့်ကြိုကြရသည်။
၃.နှစ်သစ်ကို ကြိုဆိုခြင်း။
နှစ်သစ်ကူးအချိန်ဖြစ်သည့် တန်ဆောင်မုန်းလ
ကွယ်(နှစ်ဟောင်းအကုန်)နှင့် နတ်တော်လဆန်း
တစ်ရက် (နှစ်သစ်အရောက်)၀၀:၀၀နာရီအချိန်
တွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း,အိုးစည်ဗုံ
မောင်းများ တီးခတ်ခြင်း,ကခုန်မြူးထူးခြင်းများ
ကို ပြုလုပ်၍ နှစ်သစ်ကို ဝမ်းသာစွာ ကြိုဆိုကြလေ
သည်။(ရှေးအခါက အရုဏ်တက်ချိန်တွင် နှစ်သစ်
ကို ကြိုဆိုကြသည်ဟုဆိုသည်)။
၄.နှစ်သစ်ဝမ်းမြောက်ခြင်း။
နှစ်သစ်ကို ကြိုဆိုပြီးနောက် ဝမ်းမြောက်ဝမ်းသာ
ပျော်ပျော်ရွှင်ရွှင် အိုးစည်ဗုံမောင်းစသည် တီးခတ်
ခြင်း , နှစ်သစ်မင်္ဂလာသီချင်းသီဆိုခြင်း,ကခုန်ခြင်း
များသည် နှစ်သစ်ဝမ်းမြောက်ခြင်းဖြစ်သည်။
၅.နှစ်သစ်မင်္ဂလာပြုခြင်း။
နတ်တော်လဆန်းတစ်ရက် နှစ်သစ်ကူးနေ့မှ
စ၍ နတ်တော်လပြည့်နေ့အထိ (သို့) နတ်တော်
လကုန်အထိ မိတ်ဆွေအိမ်သို့သွားပြီး မိုင်ဆွန်ခ
ကောင်းခြင်းမင်္ဂလာ အဖြာဖြာ ပြည့်စုံပါစေ ဟုဆို၍
နှစ်သစ်မင်္ဂလာကို ယူကြရသည်။
၆.နှစ်သစ်စီမံခြင်း။
နှစ်သစ်ကူးပွဲတော်အတွက် လိုအပ်သည်များကို
စီမံခြင်းဖြစ်သည်။ဤနှစ်သစ်ကူးနှင့်အတူ မိမိတို့
လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို
စီမံကိန်းချထားခြင်းဖြစ်သည်။(ရှေးအခါက ရာထူး
ခန့်ခြင်း,ရာထူးတိုးမြှင့်ခြင်း စသည်တို့ကို ရှင်ဘုရင် က စီမံဆောင်ရွက်ပေးခဲ့သည်)
၇.နှစ်သစ်စာ သုံးဆောင်ခြင်း။
ဘုရားရှင်အား ဆွမ်းတော်တင်လှူခြင်း,
သံဃာတော်များကို ဆွမ်းကပ်ခြင်း,ရပ်နီးရပ်ဝေး
မိတ်ဆွေများကို ပင့်ဖိတ်၍ စာဂလှူဒါန်းခြင်းများ
ပြုလုပ်သည်။ရင်းရင်းနှီးနှီး အတူတကွ
စားသောက်ခြင်းများ ပြုလုပ်သည်။
၈.နှစ်သစ်လက်ဆောင်ပေးခြင်း။
နှစ်သစ်တွင် အမှတ်တရ ဖြစ်စေရန်အတွက်
တစ်ဦးကိုတစ်ဦး လက်ဆောင်ပေးခြင်း,ရပ်ဝေး
မိတ်ဆွေများထံ နှစ်သစ်ဆုတောင်း သဝဏ်လွှာပေးပို့ခြင်း ,လက်ဆောင်ပေးပို့ခြင်း
များဖြစ်သည်။
မှတ်ချက်-တက္ကသီလ မဟာဓမ္မာစရိယ ကျမ်းပြု
ဦးသုခမိန္ဒ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်
ကိုးကွယ်မှု နှင့် ဓလေ့ထုံးစံများ။စာ ၃၅၃-၅၆ ရ
မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်သည်။
ရှမ်းနှစ်သစ်ကူး နှင့်အတူ မင်္ဂလာရှိသော
နှစ်သစ်ဖြစ်ပါစေ။
By .. Nang Noi Kham MayMyo(May myo)