Sweet life travels & tour Co.Ltd

Sweet life travels & tour Co.Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sweet life travels & tour Co.Ltd, Travel Company, Yangon.

ရှမ်းနှစ်သစ်ကူးအကြောင်း -----------------------နှစ်သစ်ကူးခြင်းဆိုသည်မှာ နှစ်ဟောင်းကုန်ဆုံး၍နှစ်သစ်သို့ရောက်ရှိခြင်းဖြစ်သ...
20/11/2022

ရှမ်းနှစ်သစ်ကူးအကြောင်း
-----------------------
နှစ်သစ်ကူးခြင်းဆိုသည်မှာ နှစ်ဟောင်းကုန်ဆုံး၍
နှစ်သစ်သို့ရောက်ရှိခြင်းဖြစ်သည်။နတ်တော်လ
တွင် ရှမ်းလူမျိုးတို့နှစ်သစ်ကူးခြင်းကား ရှမ်းလူမျိုး
များသည် သီးခြားပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွှန်း
လျက်ရှိသည်။ ရှမ်းနှစ်သည် သာသနာတော်နှစ်
ထက် ၄၅၀နောက်ကျသည်။ရှမ်းနှစ်သစ်ကူးပွဲတော်သည်
ရှေးခေတ်ကာလမှ စ၍ ယနေ့တိုင် ရှမ်းလူမျိုးများ
အမြတ်နိုးဆုံးပွဲတော်အဖြစ် ဆက်လက် ဆင်နွှဲကျင်းပလာခဲ့ကြ၏။ထိုနှစ်သစ်ကူးပွဲတော်
တွင် -

၁.နှစ်သစ်ကူး အစားအစာပေးပို့လှူဒါန်းခြင်း။

ရှမ်းရိုးရာအစားအစာဖြစ်သော မုန့်ဖက်ထုပ် မုန့်
ပေါင်းစသည်တို့ကို ပြုလုပ်ပြီး ရင်းနှီးသော မိတ်ဆွေများထံသို့ ပေးပို့ကြရသည်။အိမ်ရှင်က
ဝမ်းသာစွာ လက်ခံပြီး ဆုမွန်ကောင်းများပေး
ရသည်။

၂.နှစ်သစ်ကူး စောင့်ကြိုခြင်း။

နတ်တော်လဆန်းတစ်ရက် မရောက်မီ တန်ဆောင်မုန်း လပြည့်ကျော်၁၄မှ၁၅ရက်တို့့တွင် ပွဲလမ်းသဘင်များ ကျင်းပခြင်း ,သီချင်းဆို
ခြင်း,တရားစာနာယူခြင်း,ရှေးခေတ်က သူရဲ
ကောင်းများ အကြောင်းကို ပြောပြခြင်း,
သမိုင်းကြောင်းကို ပြောပြခြင်းများ ပြုလုပ်၍ နှစ်
သစ်ကူးကိုစောင့်ကြိုကြရသည်။

၃.နှစ်သစ်ကို ကြိုဆိုခြင်း။

နှစ်သစ်ကူးအချိန်ဖြစ်သည့် တန်ဆောင်မုန်းလ
ကွယ်(နှစ်ဟောင်းအကုန်)နှင့် နတ်တော်လဆန်း
တစ်ရက် (နှစ်သစ်အရောက်)၀၀:၀၀နာရီအချိန်
တွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း,အိုးစည်ဗုံ
မောင်းများ တီးခတ်ခြင်း,ကခုန်မြူးထူးခြင်းများ
ကို ပြုလုပ်၍ နှစ်သစ်ကို ဝမ်းသာစွာ ကြိုဆိုကြလေ
သည်။(ရှေးအခါက အရုဏ်တက်ချိန်တွင် နှစ်သစ်
ကို ကြိုဆိုကြသည်ဟုဆိုသည်)။

၄.နှစ်သစ်ဝမ်းမြောက်ခြင်း။

နှစ်သစ်ကို ကြိုဆိုပြီးနောက် ဝမ်းမြောက်ဝမ်းသာ
ပျော်ပျော်ရွှင်ရွှင် အိုးစည်ဗုံမောင်းစသည် တီးခတ်
ခြင်း , နှစ်သစ်မင်္ဂလာသီချင်းသီဆိုခြင်း,ကခုန်ခြင်း
များသည် နှစ်သစ်ဝမ်းမြောက်ခြင်းဖြစ်သည်။

၅.နှစ်သစ်မင်္ဂလာပြုခြင်း။

နတ်တော်လဆန်းတစ်ရက် နှစ်သစ်ကူးနေ့မှ
စ၍ နတ်တော်လပြည့်နေ့အထိ (သို့) နတ်တော်
လကုန်အထိ မိတ်ဆွေအိမ်သို့သွားပြီး မိုင်ဆွန်ခ
ကောင်းခြင်းမင်္ဂလာ အဖြာဖြာ ပြည့်စုံပါစေ ဟုဆို၍
နှစ်သစ်မင်္ဂလာကို ယူကြရသည်။

၆.နှစ်သစ်စီမံခြင်း။

နှစ်သစ်ကူးပွဲတော်အတွက် လိုအပ်သည်များကို
စီမံခြင်းဖြစ်သည်။ဤနှစ်သစ်ကူးနှင့်အတူ မိမိတို့
လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို
စီမံကိန်းချထားခြင်းဖြစ်သည်။(ရှေးအခါက ရာထူး
ခန့်ခြင်း,ရာထူးတိုးမြှင့်ခြင်း စသည်တို့ကို ရှင်ဘုရင် က စီမံဆောင်ရွက်ပေးခဲ့သည်)

၇.နှစ်သစ်စာ သုံးဆောင်ခြင်း။

ဘုရားရှင်အား ဆွမ်းတော်တင်လှူခြင်း,
သံဃာတော်များကို ဆွမ်းကပ်ခြင်း,ရပ်နီးရပ်ဝေး
မိတ်ဆွေများကို ပင့်ဖိတ်၍ စာဂလှူဒါန်းခြင်းများ
ပြုလုပ်သည်။ရင်းရင်းနှီးနှီး အတူတကွ
စားသောက်ခြင်းများ ပြုလုပ်သည်။

၈.နှစ်သစ်လက်ဆောင်ပေးခြင်း။

နှစ်သစ်တွင် အမှတ်တရ ဖြစ်စေရန်အတွက်
တစ်ဦးကိုတစ်ဦး လက်ဆောင်ပေးခြင်း,ရပ်ဝေး
မိတ်ဆွေများထံ နှစ်သစ်ဆုတောင်း သဝဏ်လွှာပေးပို့ခြင်း ,လက်ဆောင်ပေးပို့ခြင်း
များဖြစ်သည်။

မှတ်ချက်-တက္ကသီလ မဟာဓမ္မာစရိယ ကျမ်းပြု
ဦးသုခမိန္ဒ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်
ကိုးကွယ်မှု နှင့် ဓလေ့ထုံးစံများ။စာ ၃၅၃-၅၆ ရ
မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်သည်။

ရှမ်းနှစ်သစ်ကူး နှင့်အတူ မင်္ဂလာရှိသော
နှစ်သစ်ဖြစ်ပါစေ။

By .. Nang Noi Kham MayMyo(May myo)

 #ရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်ပွဲတော်၂၀၂၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၇/၈/၉ - ၁၁ - ၂၀၂၂ ရက်နေ့...
03/11/2022

#ရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့တန်ဆောင်တိုင်ပွဲတော်

၂၀၂၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၇/၈/၉ - ၁၁ - ၂၀၂၂ ရက်နေ့တွင် အောက်ပါအတိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည် -

၇ - ၁၁ - ၂၀၂၂ ရက်နေ့တွင် မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲ ၊ စိန်နားပန်အလှမီးလွှတ်တင်ပူဇော်ပွဲကို စူဌာမုနိဘုရားရင်ပြင်တွင် လည်းကောင်း၊ အဝေရာမီးပုံးပျံကွင်းတွင် စျေးဆိုင်ခန်းနှင့် မီးပုံးပျံငယ်များလွတ်တင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၇/၈/၉ - ၁၁ - ၂၀၂၂ ရက်နေ့ ( နေ့ခင်းပိုင်း)တွင် နေ့လွှတ်အရုပ်ပြိုင်ပွဲ ကျင်းပခြင်း၊ ရိုးရာစျေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(ညပိုင်း)တွင် စိန်နားပန်မီးပုံးပျံလွှင်တင်ခြင်း နှင့် ရိုးရာစျေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ(ခြေနှစ်ချောင်း နှင့် ခြေလေးချောင်း) ၂မျိုးကို ဆုချီးမြှင့်ဆောင်ရွက်ပေးပါမည်။
ပထမဆု - ကျပ် ၁၀သိန်း
ဒုတိယဆု - ကျပ် ၅ သိန်း
တတိယဆု - ကျပ် ၃ သိန်း
နှစ်သိမ့်ဆုကို တစ်ဆုလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ၅ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရ။ (မှတ်ချက်။ ပြိုင်ဝင်လိုသည့် မီးပုံးပျံဝါသနာရှင်များ ခင်ဗျာ... မိမိရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်အသင်းထံ (၅-၁၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ယှဉ်​ပြိုင်လိုသည့် မီးပုံးပျံအမျိုးအစားအလိုက် စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

# ပြိုင်ပွဲဝင်မည့် စာရင်း ​နေ့လွှတ်မီးပုံးပျံအလုံး ၅၆လုံးရရှိပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

အလှူရှင်တွေအားလုံးကိုအဆင်ပြေလှူဒါန်းနိုင်အောင်စီစဉ်ပေးလို့ကျေးဇူးပါရှင့်အလုံးစုံသောသတ္တဝါတို့သည်လည်းကျွန်ုပ်တို့နှင့်ထပ်...
01/11/2022

အလှူရှင်တွေအားလုံးကိုအဆင်ပြေလှူဒါန်းနိုင်အောင်စီစဉ်ပေးလို့ကျေးဇူးပါရှင့်
အလုံးစုံသောသတ္တဝါတို့သည်လည်းကျွန်ုပ်တို့နှင့်ထပ်တူထပ်မျှရကြပါစေ🙏🏻🙏🏻🙏🏻

တန်ဆောင်တိုင်ပိတ်ရက်လေးကိုရှမ်းပြည်နယ်တောင်ပိုင်းမှာကုန်ဆုံးကြမယ်နော်😄💥 ကလောမြို့လေးရဲ့ အထင်ကရနေရာလေးတွေကို တစ်ရက်ထဲနဲ့ ...
31/10/2022

တန်ဆောင်တိုင်ပိတ်ရက်လေးကိုရှမ်းပြည်နယ်တောင်ပိုင်းမှာကုန်ဆုံးကြမယ်နော်😄

💥 ကလောမြို့လေးရဲ့ အထင်ကရနေရာလေးတွေကို တစ်ရက်ထဲနဲ့ လည်ပတ်လို့ရမယ့် ''ကလော မြို့တွင်း၊မြို့ပြင် အနီးအနားတဝိုက် ခရီးစဉ်'' နေရာလေးတွေပါ 💥

🌺 Kalaw View Point
🌺 ရေယောင်းမ View Point
🌺 Shambhala ရှန်ဘဲလား Heaven Resort
🌺 သီရိစန္ဒာ အပန်းဖြေစခန်း
🌺 အိုးစည်တောင် တိမ်ပင်လယ်အလှ (Sunrise🌄)
🌺 မြင်းမထိ သဘာဝလှိုဏ်ဂူ
🌺 ဗျိုက်တောင်
🌺 တောင်နှစ်လုံးကြားမှ မီးရထားလမ်း
🌺 နှစ်ပေါင်း(၅ဝဝ)ကျော် မဟာမုနိ နှီးဘုရားကြီး
🌺 မြန်မာပြည်ရဲ့ ဒုတိယမြောက် ဟိုတယ်ဖြစ်တဲ့
Kalaw Heritage Hotel ( Since - 1903 )
🌺 ကလော နာရီစင် Kalaw Tower
🌺 ကလော မောမြေဦးပန်းခြံ ထင်းရှူးတော
🌺 နှစ်(၁ဝဝ)ကျော် သက်တမ်းရှိ ကလောဘူတာ
🌺 ကလော တောင်ပေါ်ရှုခင်းသာ ဟိုတယ်
( Kalaw Hill Top Villa Hotel )
🌺 ထင်းရှူးပင်တွေကြားက မီးရထားလမ်း
🌺 ကလော City View
🌺 ရှမ်းအစားအစာတွေ စားလို့ကောင်းပြီး
ရှမ်းပြည်ထွက် လက်ဆောင်ပစ္စည်းတွေ
ဝယ်လို့သိပ်ကောင်းတဲ့ ကလောမြို့မဈေး
🌺 ကလောမှာ အေးအေးဆေးဆေးနဲ့
ထိုင်လို့ကောင်းပြီး ဓါတ်ဖမ်းလို့သိပ်လှတဲ့
'' Coffee '' ဆိုင်လေးတွေ '' Bar ''လေးတွေ
Kalaw Cafeyard / Cafe Kalaw / Cafe Dream /
Monaco Cafe / Rangoon to Kalaw Cafe /
Maluca Villa Restauran & Bar/ Bistro 29 Bar
( *** ကြိုက်နှစ်သက်ရာဆိုင်များကို
ပို့ဆောင်ပေးပါတယ်ရှင့်)

💥 ကလော မှ ပင်းတယ ရွာငံသို့ နေ့ချင်းပြန် လည်ပတ်လို့ရမယ့် '' ကလော-ပင်းတယ-ရွာငံ ခရီးစဉ် '' နေရာလေးတွေပါ 💥

🏞 ပင်းတယ ရွှေဥမင်သဘာဝလှိုဏ်ဂူ
🏞 ကုံလုံဆရာတော်ကြီး၏ ရုပ်ကလာဘ်
တည်ရှိရာ လွမ်းစေတီ စဉ့်စံကျောင်းတော်
🏞 နှစ်(၁ဝဝ)ကျော် သက်တမ်းရှိ ညောင်ပိန္နဲတန်း
🏞 ရာဇဝင်ထဲကနတ်သမီး ခုနစ်ဖော်ရေဆော့
ကစားရင်း ပျော်စံရာ ပုန်းတလုတ်ကန်
🏞 ရောင်စုံပန်းချီကားစိုက်ခင်းတွေနဲ့
ဓါတ်ဖမ်းလို့သိပ်လှတဲ့ အလွမ်းတောင်
🏞 ရာဇဝင်များစွာပြည့်နှက်နေတဲ့ ယောက်ကော်
အဖေကြီး၏ မိန်းမရဲသခင်မတောင်တော်
🏞 မြသပိတ် ရေပြာအိုင်
🏞 တောကျယ် ရေတံခွန်
🏞 ရှမ်းပြည်တောင်ပိုင်းရဲ့ အလှပဆုံး
လမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့
ယူကလစ်ပင်တန်းနဲ့ လမ်းလေး
🏞 ရောင်စုံပန်းချီကားစိုက်ခင်းတွေနဲ့
ဓါတ်ဖမ်းလို့သိပ်လှတဲ့ မြင်းမူးကုန်း

💥 ကလော မှ ညောင်ရွှေ (အင်းလေး-မိုင်းသောက်) သို့ နေ့ချင်းပြန် လည်ပတ်လို့ရမယ့် '' ကလော-အင်းလေး-မိုင်းသောက် ခရီးစဉ် '' နေရာလေးတွေပါ 💥

🌹 သီခေါင်တောင် View Point
🌹 ဘဝသံသရာတံတား မီးရထားလမ်း
🌹 ဖေါင်တော်ဦးဘုရား
🌹 အလိုတော်ပေါက်ဘုရား
🌹 ရွှေထည် ငွေထည်ဆိုင် (ပန်းထိမ် လုပ်ငန်း)
🌹 ကြာယက္ကန်းရုံ (အင်းရိုးရာ အထည်များ)
🌹 ကယန်း (ပဒေါင်) ရိုးရာပစ္စည်း၊ ဂျပ်ခုတ်လုပ်ငန်း
🌹 မိုင်းသောက်တံတား
🌹 Red Mountain Vineyard and Winery
🌹 Inle Horse Club
🌹 Coffee House

ပါဝင်သောဝန်ဆောင်မှုများ
🚌 Express air con carဖြင့်အသွားပြန်လက်မှတ်
🧳ကားဂိတ်အကြိုအပို့
🏨 3 stars hotel တွင်၂ညတည်းခိုခွင့်
🥞 breakfast
🚌 တောင်ကြီး ကလော၌ လည်ပတ်ရန်
𝗧𝗼𝘆𝗼𝘁𝗮 𝗖𝗿𝗼𝘄𝗻
𝗧𝗼𝘆𝗼𝘁𝗮 𝗔𝗹𝗽𝗵𝗮𝗿𝗱
𝗧𝗼𝘆𝗼𝘁𝗮 𝗛𝗶𝗮𝗰𝗲 ကားများဖြင့်သက်တောင့်သက်သာပို့ဆောင်ပေးပါသည်

🏞တောင်ကြီး ပင်းတယ ရွာငံ ကလော ခရီးစဉ်လေးကို ကား လေယာဉ် ကြိုက်နှစ်သက်ရာများဖြင့်စီစဉ်ပေးပါတယ်ရှင့်
☎️ 09254120584 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

Address

Yangon

Telephone

+959254120584

Website

Alerts

Be the first to know and let us send you an email when Sweet life travels & tour Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Travel Companies in Yangon

Show All