Four Season Travel Myanmar
Four Season Travel Myanmar "Your Satisfaction is Our Priority."
(1)
" မြန်မာ့ရိုးရာနှစ်သစ်ကူး ဆုတောင်း " ‼️မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယ ကာလအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ရေ...
17/04/2020
" မြန်မာ့ရိုးရာနှစ်သစ်ကူး ဆုတောင်း " ‼️
မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယ ကာလအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ရောဂါဘယ ကင်းဝေးပြီး ကိုယ်၊ စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း Four Season မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🤗🤗
COVID-19 နှင့်ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ကို 2019 နံပါတ်ဖြင့် စတင်ဖွင့်လှစ်▄▄...
14/04/2020
COVID-19 နှင့်ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ကို 2019 နံပါတ်ဖြင့် စတင်ဖွင့်လှစ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ Blue Ocean Investment Limited နှင့် မိုဘိုင်း အော်ပရေတာများ (MPT, Telenor, Ooredoo, Mytel) ပူးပေါင်း၍ COVID-19 နှင့် ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ကို 2019 နံပါတ်ဖြင့် (၈-၄-၂၀၂၀) ရက်နေ့ မှ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
ယခုပြုလုပ်သော Call Center သည် လက်ရှိ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျှက် ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားမှုရှိနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်းစသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ပြည်သူလူထုမှ သိရှိလိုသည်များကို ဆက်သွယ် မေးမြန်းနိုင်စေရေးအတွက် အဓိကရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
COVID-19 Call Center ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက် ဖြင့်၊ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ဦးစီးဆောင်ရွက်ပြီး ဆေးသုတေသနဦးစီးဌာနမှ ဆန္ဒအလျှောက်တာဝန်ယူဆောင်ရွက်သူများနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (MMA)မှ စေတနာ့ဝန်ထမ်းဆရာဝန်များဖြင့် ဧပြီလ (၈) ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် (၈) နာရီမှ ည (၈)နာရီအထိ ဖြေကြားပေးလျက်ရှိပါသည်။
Call Center သည်ပြည်သူလူထုမှ မေးမြန်းမှုများပြားသည်ဖြစ်သည့်အတွက် ပြည်သူလူထု အမေးများနိုင်ပြီးမဖြစ်မနေသိရှိထားရမည့် COVID-19 နှင့်သက်ဆိုင်သော ကျန်းမာရေး အသိပညာပေး သတင်းအချက်အလက်များအား စက်မှအလို အလျောက်ဖြေကြားပေးမှာ ဖြစ်ပါသည်။
COVID-19 နှင့်ပတ်သက်ပြီးဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက လိုင်းခွဲ နံပါတ်- ၀ သို့ မေးမြန်းနိုင်မည် ဖြစ်ပြီး မေးမြန်းသူများပြားသည့်အတွက် တစ်ဦးလျှင် အချိန် (၆) မိနစ်ခန့် မေးမြန်းနိုင်မည်ဖြစ်ပါသည်။
“2019” သို့ခေါ်ဆိုပြီး -
• လိုင်းခွဲနံပါတ်-၁ တွင် ရောဂါလက္ခဏာများအကြောင်း၊
• လိုင်းခွဲနံပါတ်-၂ တွင် ကူးစက်နိုင်သောနည်းလမ်းများအကြောင်း၊
• လိုင်းခွဲနံပါတ်- ၃ တွင် ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း၊
• လိုင်းခွဲနံပါတ်- ၄ တွင် အသွားအလာကန့်သတ်ခြင်း အကြောင်း၊
• လိုင်းခွဲနံပါတ်- ၅ တွင် နောက်ဆုံးရ COVID-19 ပိုးတွေ့လူနာ အရေအတွက် အကြောင်းတို့အား လိုင်းခွဲနံပါတ် (၅) ခုဖြင့် အလိုအလျောက်စနစ်ဖြင့်ဖြေကြားပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ အသိပေး ထုတ်ပြန်ထားပါသည်။
ကိစ္စအ​ကြောင်းကြီးငယ်​မရှိရင်​အပြင်​မထွက်​နဲ့ အိမ်​ထဲမှာ​နေ စာများများဖတ်​....ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍...
27/03/2020
ကိစ္စအ​ကြောင်းကြီးငယ်​မရှိရင်
အပြင်​မထွက်​နဲ့ အိမ်​ထဲမှာ​နေ စာများများဖတ်​....
ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ ။
စာအုပ်များပေါ်ထွက်လာလိမ့်မယ်
နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်နိုင်​ပါသည်​ ...။
ကဗျာစာအုပ်များ
https://yadi.sk/d/BQyHLzoufQXPX
ခင်ခင်ထူး
https://yadi.sk/d/KtKuAcbXgVNmj
ချစ်ဦးညို
https://yadi.sk/d/rU4MkOd1gApsz
ဂမ္ဘီရစာအုပ်များ
https://yadi.sk/d/dJEyZO6CfQXPZ
စပ်စု
https://yadi.sk/d/i4yJ56s8eut8i
Mr brain,page
စွယ်စုံကျမ်း
https://yadi.sk/d/FoE5markfQXPj
စာအုပ်ပေါင်းစုံ
https://yadi.sk/d/70hWsKVTfQXPf
ဇာဂနာ
https://yadi.sk/d/mZnPo9MafQXPm
တက္ကသိုလ်ဘုန်းနိုင်
https://yadi.sk/d/8f3aw1u3fQXap
တာရာမင်းဝေ
https://yadi.sk/d/HnHuiehUfQXar
ဒဂုန်ရွှေမျှား
https://yadi.sk/d/zsjJwRs7fhdsq
နတ်နွယ်
https://yadi.sk/d/arnJ0mCBfQXPq
ပါရဂူ
https://yadi.sk/d/KP57Yo1FfQXPu
ပီမိုးနင်း
https://yadi.sk/d/0vl8nWw9fQXav
ပုံပြင် စာအုပ်များ
https://yadi.sk/d/fOBZgOdGfQXax
ဖားအောက်တောရဆရာတော်တရားစာအုပ်များ
https://yadi.sk/d/8K3-VrINiEvoW
ဖိုးကျော့
https://yadi.sk/d/J9bA2LG9fQXb3
ကြူမွှေး
https://yadi.sk/d/GqUc6v3Xk78eX
မင်းသိင်္ခ
https://yadi.sk/d/zseaLkxtfQXb7
မဟာစည်ဆရာတော်အရှင် သောဘန
https://yadi.sk/d/Pr261wIbk78ek
မဟာဗုဒ္ဓဝင် ၆တွဲ ၈အုပ်
https://yadi.sk/d/vnbbTnNCfQXbB
မဟာဆွေ
https://yadi.sk/d/nPcEu--ifQXbM
ငြိမ်းကျော်
https://yadi.sk/d/xTIeW5iek78f5
မြန်မာစာပေဆိုင်ရာ စာအုပ်များ
https://yadi.sk/d/T0EULiToeqNQE
မြန်မာနိင်ငံ ရဟန္တာနှင့်ရဟန်းထူးများ ၂တွဲ
https://yadi.sk/d/_f-KTy9VetZFZ
မြသန်းတင့်
https://yadi.sk/d/Fk5bKmJ_fQXbj
ရဟန်းတော်များထေရုပ္ပတ္တိဆိုင်ရာစာအုပ်များ
https://yadi.sk/d/i8T46pQpgApts
လယ်တွင်းသားစောချစ်
https://yadi.sk/d/ddpA-OC8gx9Fs
သိန်းဖေမြင့်
https://yadi.sk/d/r1Mv3rrUfQXQ2
သုမောင်
https://yadi.sk/d/Dl79Kcb0gx9Fu
အဏ္ဏဝါ စိုးမိုး
https://yadi.sk/d/j4jds1jbfQXbR
အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၁
https://yadi.sk/d/-3k8njRHfVbrk
အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၂
https://yadi.sk/d/-lbs87odfYWoR
အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၃
https://yadi.sk/d/WZz9csP3fauQf
အရှင်ဆန္ဒာဓိက
https://yadi.sk/d/3esbITH6fQXQ4
အရှင်နန္ဒမာလာ
https://yadi.sk/d/OKVjg8nOgApuA
အရိုး
https://yadi.sk/d/OlTVATGtfQXbV
အီကြာကွေး
https://yadi.sk/d/IEZQ_Z_5fQXQ6
အထွေထွေ
https://yadi.sk/d/CM4lUbCCfSfLf
အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၎
https://yadi.sk/d/tVkDeU32gVNnc
အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၅
https://yadi.sk/d/wN7vqdWhgVNne
အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၁
https://yadi.sk/d/WV943ctXgVNnk
အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၂
https://yadi.sk/d/QBv7Ue-cgVNnp
အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၃
https://yadi.sk/d/t3sEgYd-gVNnv
ဦးတင်ဦး
https://yadi.sk/d/sViM3qzkk78gN
ဦးလှဝင်း
https://yadi.sk/d/GEm3ZRVffQXQ8
ဦးဝင်းတင်
https://yadi.sk/d/7pP21N2Lk78gV
ဦးသုခ
https://yadi.sk/d/itUXggIPgApuJ
ဦးနု
https://yadi.sk/d/daHkAKfhgApuL
ငွေဥဒေါင်း...ဗုဒ္ဓစာပန်းချီ
https://yadi.sk/d/vIlpyYVyfQXbZ
ဖေမြင့်
https://yadi.sk/d/60GpdLLDew5hd
ကြေးမုံဦးသောင်း
https://yadi.sk/d/Jqb9CXN7fQXQW
မေတ္တာရှင်(ရွှေပြည်သာ)
https://yadi.sk/d/pz7gs_XWfQXbb
မောင်ထင်
https://yadi.sk/d/o8g9p3JUfQXQG
မောင်ထွန်းသူ
https://yadi.sk/d/X5zKnscefQXbd
ရွှေဥဒေါင်း
https://yadi.sk/d/2vtz2qn2fQXQJ
သော်တာဆွေ
https://yadi.sk/d/Lun8JdxSepWS5
အောင်သင်း
https://yadi.sk/d/eXUbxPeffQXQQ
၅၅၀ ဇာတ်ဝတ္ထုများ
https://yadi.sk/d/cs9p1Q5piEwCe
MCM books
https://yadi.sk/d/mfleWBuWiEwCk
Mmteashop
https://yadi.sk/d/hg7i4zTtiEwCp
ဣဒ္ဓိပါလ No.1
https://yadi.sk/d/ukUvzAmjk5xFR
ကံချွန်
https://yadi.sk/d/BdJcgi0Egx97j
ခင်မျိုးချစ်
https://yadi.sk/d/6WPrkHFPiEwCx
ခင်ဆွေဦး
https://yadi.sk/d/SAXauAPSiEwD3
ခင်မောင်ဇော်
https://yadi.sk/d/Yjo7Jmjbk5xFo
ခင်နှင်းယု
https://yadi.sk/d/vuJGlEqngVPFW
ဂျာနယ်ကျော် မမလေး
https://yadi.sk/d/HtaT5oeSiEwDB
စစ်ကိုင်း ဦးဘိုးသင်း
https://yadi.sk/d/iz4KU2oIgUUpd
စာစီစာရိုက်လေ့ကျင့်နည်းစာအုပ်
https://yadi.sk/d/SKJQmdG9hEoc7
ဆင်ဖြူကျွန်း အောင်သိန်း
https://yadi.sk/d/Pe0KNZ9Wgx97m
ဇဝန
https://yadi.sk/d/ufcTZjzagVPFa
ညီပုလေး
https://yadi.sk/d/Ef2a3HtKk5xGC
တက္ကသိုလ် နန္ဒမိတ်
https://yadi.sk/d/n4SqkaAsiEwDV
တက္ကသိုလ်နေဝင်း
https://yadi.sk/d/54VMVw9diEwDZ
တက်တိုး
https://yadi.sk/d/FGc2vh4OiEwDb
တင့်တယ်
https://yadi.sk/d/KzaBuMeCk5xGa
တင်မောင်မြင့်
https://yadi.sk/d/DZEpFPSihEoc9
ထင်လင်း
https://yadi.sk/d/gzS403k4k5xGp
ဒဂုန်ဥိးစန်းငွေ
https://yadi.sk/d/Xoq47Ewdk5xGv
ဓမ္မပဒဝတ္ထု ၅ တွဲ
https://yadi.sk/d/Wk8SSDY6iEwDm
ဓမ္မာစရိယဦးဌေးလှိုင်
https://yadi.sk/d/pWMQM8YviEwDq
နီကိုရဲ
https://yadi.sk/d/Lf9SowV0gVPFc
နန္ဒ
https://yadi.sk/d/tRPQGbP6k5xHB
နန္ဒာသိန်းဇံ
https://yadi.sk/d/jzb0LgIbgVPFk
ပျို့လင်္ကာစာအုပ်များ
https://yadi.sk/d/GQsACSFVgVPFn
ဗန်းမော်တင်အောင်
https://yadi.sk/d/TXUwMqsogVPFr
ဗိုလ်တာရာ
https://yadi.sk/d/qcdQupnek5xHM
မင်းယုဝေ
https://yadi.sk/d/zHd3t8jpiEwE6
မင်းမြတ်သူရ
https://yadi.sk/d/S8IPSpz1iEwEC
မင်းလူ
https://yadi.sk/d/iFT7pZGlgVPFv
မင်းသုဝဏ်
https://yadi.sk/d/GX-P-Kp_iEwEG
မစန္ဒာ
https://yadi.sk/d/5LO18pr2gx97s
မန်းတင်
https://yadi.sk/d/aq8MM_kciEwEN
မိချမ်းဝေ
https://yadi.sk/d/w0SPF8SAhEocD
မိုးမိုး(အင်းလျား)
https://yadi.sk/d/qpB7jN8zgx97y
မိုးဝေ
https://yadi.sk/d/XV4E1HINiEwEY
မြန်မာ့မဟာဂီတစာအုပ်များ
https://yadi.sk/d/8hB1Vo8_hEocF
Ctedit to Orginal Post
“ ကိုရိုနာဗိုင်းရပ်စ် ကို သင်က စပြီး ကာကွယ်ပေးပါ “ ______________________လက်ရှိအချိန်မှာ ကမ္ဘာနဲ့ အနှံ့ ဒီရောဂါကပ်ဆိုးကြ...
23/03/2020
“ ကိုရိုနာဗိုင်းရပ်စ် ကို သင်က စပြီး ကာကွယ်ပေးပါ “
______________________
လက်ရှိအချိန်မှာ ကမ္ဘာနဲ့ အနှံ့ ဒီရောဂါကပ်ဆိုးကြီး ဖြစ်နေတာ အားလုံးပဲ သိပြီးကြမှာပါ ...😢😢
ဒီ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကို ကုသနိုင်မယ့် ဆေးဝါးဟာ လက်ရှိအချိန်မှာ တိတိကျကျ ထွက်ရှိလာခြင်း မရှိသေးပါဘူး
ဒါကြောင့်မို့လို့ သင့်ကိုယ်သင် ကာကွယ်စောင့်ရှောက်ပြီး အခြားသူများကို ဗိုင်းရပ်စ် မပြန့်ပွားစေရန် ကူညီပေးကြပါ 🙏
အဲ့ဒီလိုကာကွယ်ကူညီ ဖို့ဆိုရင် အောက်က အချက်လေးတွေကို လိုက်နာပေးဖို့ လိုပါမယ် 👇👇
🔹 သင့်ရဲ့ လက်ကို မကြာခဏ ပုံမှန်ဆေးပေးပါ (တစ်ခါဆေးရင် စက္ကန့် ၂၀ ခန့်ဆေးပေးပါ) လက်ဆေးတဲ့အခါ ဆပ်ပြာနဲ့ ရေ (သို့) alchol ဖြင့်ပြုလုပ်ထားသော လက်သန့်ဆေးရည် ကို အသုံးပြုပြီး ဆေးကြောပေးပါ
🔹 သင့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို မှန်ကန်သော နည်းဖြင့် Mask တပ်ပြီး ကာကွယ်ပေးပါ (သင့်ချောင်းဆိုးတဲ့ အခါ (သို့) နှာချေတဲ့အခါ ပိုပြီးကာကွယ်ပေးပါ)
🔹 လူတိုင်းနဲ့ နီးကပ်စွာနေခြင်းကို ရှောင်ကြည်ပါ (အနည်းဆုံး ၃ ပေ ကနေ ၆ ပေအကွာ တွင် ရှိပါစေ)
🔹 နေမကောင်းပါက အိမ်ထဲမှာပဲ နေထိုင်ပါ (လူစုလူဝေးများတဲ့ နေရာသို့ မသွားပါနဲ့)
🔹 သင့်ရဲ့မျက်လုံး၊ နှာခေါင်း နဲ့ ပါးစပ်တို့ကို မသန့်ရှင်းသောလက်ဖြင့် မထိတွေ့မိပါစေနဲ့
ဒီအချက်လေးတွေကို လိုက်နာပြီး ကျတော်တို့ အတူတူ ဒီရောဂါကြီးကို တိုက်ထုတ်ကြပါစို့ ..💪💪
Ref : Google
“ အုတ်ကျစ်ကျော်အေး မန္တလေး ” တဲ့ 😍 “မန္တလေးမြို့” ဟာ မြန်မာတို့ ရဲ့ ရှေးဟောင်းမင်းနေပြည်တော်ကြီး တစ်ခုဖြစ်ပါတယ် 💯💯“မန္တလ...
18/03/2020
“ အုတ်ကျစ်ကျော်အေး မန္တလေး ” တဲ့ 😍
“မန္တလေးမြို့” ဟာ မြန်မာတို့ ရဲ့ ရှေးဟောင်းမင်းနေပြည်တော်ကြီး တစ်ခုဖြစ်ပါတယ် 💯💯
“မန္တလေးမြို့” ကို ‌ရောက်ခဲ့ရင်တော့ မန္တလေးမဟာမြတ်မုနိဘုရားကြီးနဲ့ ကမ္ဘာ့အကြီးဆုံးကျောက်စာတွေရှိတဲ့ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရားတို့ကို သွားရောက်ဖူးမြော်သင့်ပါတယ်လို့ မင်မင်မြင်မိပါတယ်။ ☺️☺️
မြန်မာဘုရင်မင်းအဆက်ဆက် ထီးနန်းစိုးစံခဲ့မှု သမိုင်းအထွေထွေကို လေ့လာချင်သူတွေ အနေဲ့ မန္တလေးနန်းတွင်းမှာ လှည့်လည်ကြည့်ရှုနိုင်ပါတယ်။ ရှေးဟောင်းပန်းပုလက်ရာတွေလွှမ်းမိုးနေတဲ့ ရွှေကျောင်းဟာလည်း မန္တလေးရောက်ရင် မသွားမဖြစ်တဲ့ အထဲမှာ ပါပါတယ်။
ကဗျာချစ်သူတွေအတွက် အမိုက်စားနေရာလေးတစ်ခု မန္တလေးမှာရှိပါသေးတယ်။ 😎😎
ကဗျာဆရာတွေရဲ့ ကဗျာရသအဖုံဖုံကို ခံစားဖတ်ရှုနိုင်ဖို့ ကဗျာတွေကိုကျောက်စာထွင်းထားတဲ့ တောင်လေးလုံးကျောင်းကို သွားရောက်ကြည့်လိုက်ပါ။
မန္တလေးရောက်တဲ့အခါ ပေ ၉၀၀ကျော်မြင့်တဲ့ မန္တလေးတောင်ကိုတက်ပြီး သဘာဝလေကိုအပြည့်အဝရှူရှိုက်ရင်း Hiking လည်းလုပ်လို့ ရပါတယ် ဆိုင်ကယ်ကို တွင်တွင်ကျယ်ကျယ်စီးတဲ့ မန္တလေးမှာ ညနေခင်းရောက်ရင်တော့ နေဝင်ဆည်းဆာအလှကိုခံစားဖို့ တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ နေရာကောင်းတွေ ဖြစ်ပါတယ်။ 👍
ဆိုင်ကယ်လေးပတ်မောင်းပြီး ဦးပိန်ရဲ့ရာဇဝင်ကိုလည်း မိန်းမောတွေးတောနိုင်ပါသေးတယ်။ ဓာတ်ဖမ်းဖို့လည်း မမေ့ကြပါနဲ့။ ပြီးတော့ ဦးပိန်တံတားမှာရောင်းတဲ့ ဆံထိုး‌လေးတွေ၊ ပိုက်ဆံအိတ်လေးတွေအပြင် အမပူရကထွက်တဲ့ ချည်ထည်လေးတွေကိုပါ ဝယ်ယူအားပေးလို့ရပါသေးတယ်။ 🤗🤗
မန္တလေးရောက်တုန်းရောက်ခိုက် “မန္တလေးပဲကြော်စစ်စစ်” ကို တဝကြီးစားခဲ့ဖို့ မင်မင် သတိပေးလိုပါတယ်။
“မန္တလေးရောက်ရင် မန္တလေးလိုကျင့်ပြီး” မန္တလေးစာတွေအဝစားခဲ့ကြပါ။ အိမ်ပြန်လမ်းမှာ ထိုးမုန့်လေးကို မင်မင်အတွက် လက်ဆောင်ဝယ်ခဲ့ပါလို့..😁
Photo Credit :
မရိုးနိုင်သော “ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး” ဆီသို့ ‼️_____________________________မွန်လူမျိုးတို့တည်ထားကိုး...
12/03/2020
မရိုးနိုင်သော “ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး” ဆီသို့ ‼️
_____________________________
မွန်လူမျိုးတို့တည်ထားကိုးကွယ်တဲ့ “ကျိုက်ထီးရိုး” စေတီတော်မြတ်ကြီးဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိပါတယ်။ မြန်မာပြည်သူတွေတင်မကဘဲ ကမ္ဘာအနှံ့ကခရီးသွားတွေပါ လာရောက်မှုအများဆုံးနေရာတစ်နေရာဖြစ်ပါတယ်။ ☺️☺️
နေ့ချင်းပြန်ခရီးနဲ့ သွားရောက်ဖူးမြော်နိုင်ပြီး ရင်ပြင်တော်ပေါ်တက်ဖို့အတွက် -👇
(၁) စစ်တောင်းရွာက တက်လို့ရတဲ့လမ်းနဲ့
(၂) ကင်ပွန်းစခန်းက တက်လို့ရတဲ့လမ်းဆိုပြီး လမ်းနှစ်သွယ်ရှိပါတယ်။ 💁‍♂️💁‍♂️
ကင်ပွန်းစခန်းကနေ တောင်တက်လမ်းအတိုင်းခြေလျင်တက်မယ်ဆိုရင်တော့ (၇)မိုင်ခန့်လမ်းလျှောက်ရမှာဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက်လုံးမှာတွေ့ရမယ့် ရေတံခွန်တွေ၊ စမ်းချောင်းငယ်လေးတွေ၊ လျှိုမြောင်တွေနဲ့ မှိုင်းညို့နေတဲ့တောင်တန်းကြီးတွေရဲ့အလှဟာ တောင်ပေါ်ရောက်ဖို့အတွက်တော့ အင်အားတစ်ခုပါပဲ။ 💯
တစ်နေရာနဲ့တစ်နေရာ ခြေလှမ်းခပ်ကျဲကျဲသွားရင်တော့ အိမ်ဆိုင်ငယ်လေးတွေရှိတတ်ပါတယ်။ သဘောမနောကောင်းကြတဲ့သူတွေများတာမို့ အပေါ့၊ အလေးသွားချင်တဲ့အခါမျိုးမှာ တောင်တက်လမ်းတစ်လျှောက်ကအိမ်တွေစီ ခွင့်တောင်းပြီးသွားလို့ရပါတယ်။
ခြေလျင်မတက်လိုတဲ့သူတွေအတွက်ကတော့ တောင်တက်ကားတွေနဲ့တက်လို့ရပါတယ်။ ရင်ပြင်တော်ပေါ်တက်တဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ အမောမခံနိုင်သူတွေဟာ ထမ်းပုခက်စီးပြီး တက်လို့ရပါတယ်။ တောင်ဝှေးလေးထောက်ပြီး အနားယူလိုက်၊ တောင်တက်လိုက် လုပ်လို့လည်းရပါတယ်။ ရင်ပြင်ပေါ်ရောက်ရင်ဘုရားဖူးပြီး အလှူအတန်းတွေပြုလို့ရပါတယ်။ 🙏🙏
ရင်ပြင်ပေါ်ကနေ အနောက်ဘက်ကိုမျှော်ကြည့်မယ်ဆိုရင် စစ်တောင်းမြစ်ကိုလွန်ပြီး ပဲခူးရွှေမော်ဓောစေတီတော်ကို ဖူးမြော်နိုင်မှာဖြစ်ပါတယ်။ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်မှာရှိတဲ့ ဘိုးဘိုးကြီးနတ်ရုပ်၊ ကျောက်ထပ်ကြီးဘုရားနဲ့ ကျီးကန်းပါးစပ်လို့ခေါ်တဲ့ ကျောက်ဂူနေရာတို့မှာလည်း ဆုတောင်းအဓိဌာန်ပြုနိုင်ပါတယ်။ 😍😍
ဒီအပြင် ရသေ့တောင်၊ စမတောင်၊ ဝိဇ္ဇာတောင်နဲ့ ကျိုက်ထီးရိုးသဘာဝတောင်ကျရေတံခွန် ဆီလည်း သွားရောက်နိုင်ပါသေးတယ်။ အပြန်လက်ဆောင်အဖြစ် “ယိုမျိုးစုံ” ဝယ်လာလို့ရပါတယ်။ 🎁🎁
နောက်ဆုံးတစ်ချက်အနေနဲ့ ကျိုက်ထီးရိုးဘုရားသွားတဲ့အခါ ဆဲမိတာမျိုး၊ နှုတ်ကြမ်းတာမျိုးတွေမလုပ်မိဖို့ အထူးသတိပေးချင်ပါတယ်။ ⚠️
( ဒါလေးက မင်မင် သွားဖူးတဲ့ အပေါ်မူတည်ပြီး ခံစားရတာလေးတွေကို ရေးထားတာ ဖြစ်ပါတယ် )
Photo Credit
ကြည်နူးစရာ တပေါင်းလပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပါစေကြောင်း Fou...
08/03/2020
ကြည်နူးစရာ တပေါင်းလပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပါစေကြောင်း Four Season Travel Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏
" အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါအိမ်မက်တွေ အတွက် ဆက်လက်ရှင်သန်ကြပါ " 💪
05/03/2020
" အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ
အိမ်မက်တွေ အတွက် ဆက်လက်ရှင်သန်ကြပါ " 💪
မိုးကုတ်ဘက်ကို အလည်သွားပြီး ပြန်ရောက်လာတဲ့ ကောင်ဇိုးလေး ‼️ပြီးခဲ့တဲ့ 28 ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပြီး နှစ်ညအိပ် သုံးရက် ...
03/03/2020
မိုးကုတ်ဘက်ကို အလည်သွားပြီး ပြန်ရောက်လာတဲ့ ကောင်ဇိုးလေး ‼️
ပြီးခဲ့တဲ့ 28 ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပြီး နှစ်ညအိပ် သုံးရက် မိုးကုတ်ခရီးစဉ်လေးတစ်ခုဖြစ်ပါတယ် Four Season ကို ယုံကြည်စိတ်ချစွာ အားပေးခဲ့တဲ့ ခရီးသွားမိတ်ဆွေတို့ကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ် ဗျ ...🙏🙏
Company၊ အဖွဲ့အစည်းများ နဲ့ သီးသန့်ခရီးသွားလိုသူများတွေ အတွက်လည်း အနည်းဆုံး 10 ယောက်ရှိရုံဖြင့် အခုလို Customized Tour Package ကိုလည်း စိတ်တိုင်းကျ စီစဉ်ပေးပါတယ် …😍😍
“ YOUR SATISFACTION IS OUR PRIORITY “
ယနေ့ ၂-၃-၂၀၂၀ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Four Season Travel Myanmar မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသ...
02/03/2020
ယနေ့ ၂-၃-၂၀၂၀ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Four Season Travel Myanmar မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။ 🙏
" တောင်ကိုးရီးယားရောက် ဝူဟန်အခြေအနေ " 😢တောင်ကိုးရီးယားကိုရောက်ရှိနေတဲ့ မြန်မာတွေလည်း ဂရုစိုက်ကြပါ ဗျို့    🙏🙏
27/02/2020
" တောင်ကိုးရီးယားရောက် ဝူဟန်အခြေအနေ " 😢
တောင်ကိုးရီးယားကိုရောက်ရှိနေတဲ့ မြန်မာတွေလည်း ဂရုစိုက်ကြပါ ဗျို့ 🙏🙏
■ ဒီနေ့ အထိ ကိုရိုနာဗိုင်းရပ်စ်ရသွားတဲ့ သူ ၁၅၉၅ ယောက် ။ သေဆုံးသူ ၁၂ ယောက် ■
ဖေဖေါ်ဝါရီ ၂၇ - နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အခြေအနေ ဖြစ်ပါတယ်..။
■ ■ ■ ■
Coronavirus disease (COVID-19)
ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ အတည်ပြုခံရသူ လူနာ စုစုပေါင်း - ၁၅၉၅ ယောက်
ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ သံသယရှိလို့ အစစ်ဆေးခံနေရတဲ့သူစုစုပေါင်း - ၂၁၀၉၇ ယောက်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ- ၁၂ ယောက်
ကိုရိုနာဗိုင်းရပ်စ်ဝင်လို့ ဆေးရုံတက်ပြီး ပြန် ဆင်းလာနိုင်တဲ့ လူနာ -၂၄ ယောက်
■ လက်ကို မကြာခဏ စင်ကြယ်စွာဆေးပါ ( hand sanitizer ၊ ဆပ်ပြာ နဲ့ ရေ)
■ ချောင်းဆိုး၊ နှာချေရင် တစ်ရှုး ဒါမှမဟုတ် တံတောင်ဆစ်ကွေးပြီး ကာပါ..။
■ အပြင်သွားရင် နှာခေါင်း နဲ့ ပါးစပ် မှာ mask တပ်ပါ..။
■ အအေးမိ၊ အဖျားရှိ၊ တုပ်ကွေးလို လက္ခဏာတွေရှိတဲ့သူတွေနဲ့ ၁ မီတာသို့မဟုတ် ၃ ပေ အကွာမှာနေရပါမယ်..။
■ အိမ်မှာအတတ်နိုင်ဆုံးနေပါ။ လူများတဲ့နေရာကို မသွားပါနဲ့..။
■ အပြင်ကပြန်လာရင် Mouthwash နဲ့ ပလုပ်ကျင်းပါ..။
■ ရေနွေး ပူပူသောက်ပါ..။
■ အရေးပေါ်ဆက်သွယ်ရန်
ဒေသခံ ဆေးခန်းများ၊
ဒေသခံပြည်သူ့ ဆေးရုံ/ ကျန်းမာရေးစင်တာများ၊
ဖုန်း- ၁၃၃၉ ( အချိန်မရွေးခေါ်နိုင်)
■ ■ ■ ■
Busan 58
Seoul 55
Gyeonggi 55
Gyeongnam 36
Gwangju 9
Daejeon 8
Chungbuk 7
Chungnam 7
Ulsan 6
Gangwon 6
Incheon 3
Jeonbuk 3
Jeju 2
Jeonnam 1
Sejong 1
■ ■ ■ ■
■ ■ ■ ■
■ ရေနွေး ပူပူသောက်ပါ..။
■ အရေးပေါ်ဆက်သွယ်ရန်
ဒေသခံ ဆေးခန်းများ၊
■ ■ ■ ■
Busan 58
Seoul 55
Gyeonggi 55
Gyeongnam 36
Gwangju 9
Daejeon 8
Chungbuk 7
Chungnam 7
Ulsan 6
Gangwon 6
Incheon 3
Jeonbuk 3
Jeju 2
Jeonnam 1
Sejong 1
■ ■ ■ ■
“ Four Season နဲ့ အတူခရီးသွားပါ “လူကြီးမင်းတို့ ခရီးစဉ်တစ်လျှောက် စိတ်ရောကိုယ်ပါ အနားယူအပန်းဖြေဖို့အတွက် Four Season မှ ...
26/02/2020
“ Four Season နဲ့ အတူခရီးသွားပါ “
လူကြီးမင်းတို့ ခရီးစဉ်တစ်လျှောက် စိတ်ရောကိုယ်ပါ အနားယူအပန်းဖြေဖို့အတွက် Four Season မှ တာဝန်ယူပေးပါရစေ ‼️
လူကြီးမင်းတို့ သွားချင်တဲ့ ပြည်တွင်းခရီးစဉ်များကို အနည်းဆုံး လူ ၁၀ယောက်ရှိရုံနဲ့ သွားရောက်လည်ပတ်နိုင်ပါပြီ 💯💯
ခရီးစဉ်တွေ အကြောင်းကိုတော့ page messenger မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ် 🤗
“ YOUR SATISFACTION IS OUR PRIORITY “
မင်မင်နဲ့ အတူတူ အဖြေထုတ်ကြည့်ရအောင် ..အဖြေမှန်လေးရခဲ့ရင်လည်း ပြောပေးခဲ့ဦး ☺️☺️
17/02/2020
မင်မင်နဲ့ အတူတူ အဖြေထုတ်ကြည့်ရအောင် ..
အဖြေမှန်လေးရခဲ့ရင်လည်း ပြောပေးခဲ့ဦး ☺️☺️
ဝိုး.. ကောက်ညှင်းထုပ် ☺️
14/02/2020
ဝိုး.. ကောက်ညှင်းထုပ် ☺️
၉ ရက်နေ့က ချောင်းသာကို လည်လည်သွားပြီး ၁၂ရက်နေ့မှာ ရန်ကုန်ပြန်ရောက်လာတဲ့ ခန့်ချောကြီး (မင်မင်နဲ့တူလို့) …😁ကားအငှားဝန်ဆောင...
14/02/2020
၉ ရက်နေ့က ချောင်းသာကို လည်လည်သွားပြီး ၁၂ရက်နေ့မှာ ရန်ကုန်ပြန်ရောက်လာတဲ့ ခန့်ချောကြီး (မင်မင်နဲ့တူလို့) …😁
ကားအငှားဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ အပ်နှံတဲ့ MHE Asia Co.,Ltd ကိုကျေးဇူးအများကြီးတင်ရှိပါတယ် 🙏🙏
MHE Asia Co.,Ltd လည်း ဒီထက်မက အောင်မြင်ကြီးပွားပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ☺️
Company၊ အဖွဲ့အစည်းများ နဲ့ သီးသန့်ခရီးသွားလိုသူများတွေ အတွက်လည်း အနည်းဆုံး 10 ယောက်ရှိရုံဖြင့် Customized Tour Package ကိုလည်း စိတ်တိုင်းကျ စီစဉ်ပေးပါတယ် …😍😍
“ YOUR SATISFACTION IS OUR PRIORITY “
၁၂-၂-၂၀၂၀ ရက်နေ့တွင် ကျရောက်သော ၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့အား Four Season မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
12/02/2020
၁၂-၂-၂၀၂၀ ရက်နေ့တွင် ကျရောက်သော ၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့အား Four Season မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
ဘာကြောင့် ကျတော်တို့ ခရီးတွေ ပိုသွားသင့်တာလဲ ?Four Season က ခရီးသွားမိတ်ဆွေ တွေ ရော ဒီမေးခွန်းကို ကိုယ့်ကိုကိုယ် မေးမိကြ...
04/02/2020
ဘာကြောင့် ကျတော်တို့ ခရီးတွေ ပိုသွားသင့်တာလဲ ?
Four Season က ခရီးသွားမိတ်ဆွေ တွေ ရော ဒီမေးခွန်းကို ကိုယ့်ကိုကိုယ် မေးမိကြလား ??
ခရီးသွားတယ်ဆိုတာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာ ရော
ကို ပြောင်းလဲ ပေးနိုင်ပါတယ် 💯💯
အချိန်မရှိလို့ ငွေ မရှိလို့ အဲ့လို အကြောင်းပြချက်တွေ ပေးမနေပါနဲ့ …
ဒီခေတ်မှာ ဘယ်နေရာကိုမဆို ဈေးသက်သာစွာ ဝန်ဆောင်မှုတွေ ပေးနေတဲ့ ခရီးသွား အေဂျင်စီတွေ အများကြီးရှိနေပါပြီ ..😊
သင်ဟာ အလုပ်ချိန်တွေ မိသားစုအတွက် အချိန်တွေနဲ့ ပြည့်နေမယ် ဆိုရင်တောင် အားလပ်ရက်တွေမှာ သင်ခရီးသွားလို့ ရပါတယ်
အောက်ကပုံလေးတွေ မှာ ဘာကြောင့် ခရီးတွေ ပိုသွားသင့်တယ်ဆိုတဲ့ အကြောင်းလေးတွေကို ဖော်ပြ ပေးထားပါတယ် …😍😍
ပုံလေးတွေကို တစ်ပုံချင်း ဖိပြီး ကြည့်ပေး ကြပါဦး 👇
31.1.2020 ရက်တုန်းက ပုဂံကို အလည်သွားခဲ့တဲ့ သူလေးပါ ‼️Company၊ အဖွဲ့အစည်းများ နဲ့ သီးသန့်ခရီးသွားလိုသူများတွေ အတွက်လည်း အ...
03/02/2020
31.1.2020 ရက်တုန်းက ပုဂံကို အလည်သွားခဲ့တဲ့ သူလေးပါ ‼️
Company၊ အဖွဲ့အစည်းများ နဲ့ သီးသန့်ခရီးသွားလိုသူများတွေ အတွက်လည်း အနည်းဆုံး 10 ယောက်ရှိရုံဖြင့် Customized Tour Package ကိုလည်း စိတ်တိုင်းကျ စီစဉ်ပေးပါတယ် …😍😍
“ YOUR SATISFACTION IS OUR PRIORITY “
ထမနဲ ...😍😍
01/02/2020
ထမနဲ ...😍😍
ဝူဟန် ရောဂါနဲ့ပက်သက်ပြီး ရှောင်ရန်များ ...။ ‼️လက်တလောမှာ ဝူဟန်ရောဂါဟာ နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတယ်ဆိုတာအားလုံးလည်း သိကြ...
28/01/2020
ဝူဟန် ရောဂါနဲ့ပက်သက်ပြီး ရှောင်ရန်များ ...။ ‼️
လက်တလောမှာ ဝူဟန်ရောဂါဟာ နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတယ်ဆိုတာအားလုံးလည်း သိကြမှာပါ။
တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၂နိုင်ငံကျော်အထိ ရောဂါပိုးက ပျံ့နှံံ့နေပါတယ်။ 😢😢
ကုသဖို့ ဆေးဝါးမရှိသေးတာမို့လို့ ဒီရောဂါမဖြစ်အောင် ကာကွယ်ဂရုစိုက်ဖို့လိုပါတယ်။
1) လက်ကို မကြာခဏဆေးပါ။ ( ဆပ်ပြာ သို့ Alcohol ပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုပါ )။
2) နှာစေးတာတွေ ချောင်းဆိုးတာတွေဖြစ်နေမယ်ဆိုရင်လုံး၀ ခရီးမသွားပါနဲ့။ လူအုပ်ကြားထဲကိုလည်း တတ်နိုင်သမျှမသွားပါနဲ့။
3) အသား၊ ငါးများကိုလည်း နူးအိနေအောင် ချက်ပြုတ်ပြီးမှစားသုံးပါ။
4) တိရိစ္ဆာန်များကို ပွေ့ဖက် ထိတွေ့ခြင်းတွေ မပြုလုပ်ပါနဲ့။
5) အပြင်သွားတဲ့ အခါ Maks ဆောင်ပါ Mask ကို နှာခေါင်းနဲ့ပါးစပ်ကို တတ်နိုင်သမျှဖုံးအုပ်ပြီး သွားပါ။
ဒီအချက်လေးတွေကို သေချာလိုက်နာပြီး အားလုံးပဲ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 🙏
ခရီးသွား ရာသီရောက်လာပြီဆိုတော့ ..☺️မင်မင်ချစ်ရတဲ့ ခရီးသွားမိတ်ဆွေတွေကိုမေးခွန်းလေးတစ်ခုလောက် မေးချင်ပါတယ်ခရီးသွားမိတ်ဆွေ...
27/01/2020
ခရီးသွား ရာသီရောက်လာပြီဆိုတော့ ..☺️
မင်မင်ချစ်ရတဲ့ ခရီးသွားမိတ်ဆွေတွေကို
မေးခွန်းလေးတစ်ခုလောက် မေးချင်ပါတယ်
ခရီးသွားမိတ်ဆွေ တွေ အနေနဲ့ …
ပင်လယ်ကမ်းခြေ ဘက်ကို ခရီးသွားရတာ ကြိုက်လား ?
ဘုရားတွေဖူးပြီးကုသိုလ်ယူ ခရီးသွားရတာ ကြိုက်လား ?
မန့်မှာ ဖြေပေးကြဦးနော် 😁😁
မင်မင်တို့ package လေးတွေ သေချာစီစဉ်ပေးချင်လို့ ...‼️
မနက်စောစော ရွေးချယ်မှုလေး မှန်ကန်အောင်..😁
24/01/2020
မနက်စောစော ရွေးချယ်မှုလေး မှန်ကန်အောင်..😁
Four Season က မင်မင် ဦးချောကြီးစီစဉ်ပေးလိုက်သော အသစ်စက်စက် ဇနီးမောင်နှံနှစ်ဦးရဲ့ ပုဂံဟန်နီးမွန်းခရီးစဉ်က မြင်ကွင်း တစ်ချ...
22/01/2020
Four Season က မင်မင် ဦးချောကြီး
စီစဉ်ပေးလိုက်သော အသစ်စက်စက် ဇနီးမောင်နှံ
နှစ်ဦးရဲ့ ပုဂံဟန်နီးမွန်းခရီးစဉ်က မြင်ကွင်း တစ်ချို့ ..☺️☺️
နှစ်ယောက်အတူတူ ဘဝခရီးလမ်းကို စိတ်ချမ်းသာ
ကိုယ်ကျန်းမာနဲ့ ဖြတ်သန်းနိုင်ကြပါ စေလို့လည်း ဆုမွန်ကောင်း
တောင်းလိုက်ပါတယ် ..😍
အထက်စက်တော်ရာ၊ အောက်စက်တော်ရာ ဖြစ်ပေါ်လာပုံ ‼️( ဗဟုသုတ ရရန်ရည်ရွယ်ပြီး wikipedia မှ မင်မင်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် )...
22/01/2020
အထက်စက်တော်ရာ၊ အောက်စက်တော်ရာ ဖြစ်ပေါ်လာပုံ ‼️
( ဗဟုသုတ ရရန်ရည်ရွယ်ပြီး wikipedia မှ မင်မင်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ) ☺️☺️
ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော် ငါးဝါမြောက်သောအခါ သုနာပရန္ထတိုင်း၊ လယ်ကိုင်းမည်သော ဝါဏိဇ္ဇဂါမ၌ မဟာပုဏ် (မဟာပုဏ္ဏ)၊ စူဠပုဏ် (စူဠပုဏ္ဏ) ကုန်သည်ညီနောင် နှစ်ယောက်တို့သည် ဘုရားသခင်အား ပန်ကြား၍ စန္ဒကူးနံ့သာကျောင်းကို ဆောက်၏။ ဘုရားသခင်လည်း သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှ ပြာသာဒ်ယာဉ်ပျံ ၅ဝဝ တွင် ရဟန္တာငါးရာတို့အား လိုက်ပါစေပြီး အခြံအရံ ပြုလျက် ကောင်းကင်ခရီးဖြင့် ကျောင်းတော် မပြီးမခြင်း အကြိမ်ကြိမ် ကြွတော်မူလာ၏။
ဤကိုရည်၍ ရှင်မဟာသီလဝံသ အရှင်သူမြတ်က တံတားဦးတည် မော်ကွန်းတွင် 'သုနာပရန်၊ ကျွန်းမွန်အောင်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ်နှစ်ထပ်၊ စက်ရှင်ကွပ်၍၊ မြန်ရပ်တမူ၊ စည်လိမ့်ဟူသား၊ လှိုင်ကြူမေတ္တာ၊ ဈာန်ချမ်းသာဖြင့် စမ္ပာယ် ဓာတ်လှောင်း၊ နံ့သာကျောင်းဝယ်၊ ကျန်းအောင်ဘုန်းကြီး၊ ဆုံးမငြီးလျှင် မပြီးမခြင်း၊ လုပ်စဉ်တွင်း၌ သနင်းခေါက်ခေါက်၊ ကြိမ်ကြိမ်ရောက်၏'ဟူ၍ စပ်ဆိုထားခဲ့လေသည်။ ထိုကျောင်းပြီးသောအခါ အလှူခံတော်မူပြီးလျှင် ခုနစ်ရက်ပတ်လုံး ဈာန်၏ ချမ်းသာဖြင့် မွေ့လျော်တော်မူ၍ တရားဒေသနာ တိုက်ကျွေးတော်မူသည်။ ထိုနောက် ဝါဏိဇ္ဇဂါမသို့ ဆွမ်းခံကြွတော်မူရာ နမ္မဒါမြစ်(ယခု မန်းချောင်း)နားသို့ ရောက်တော်မူသည်။
ထိုအခါ ထိုမြစ်၌နေသော နမ္မဒါနဂါးမင်းသည် မြတ်စွာဘုရား၌ အလွန်ကြည်ညိုသဖြင့် နဂါးပြည်သို့ ပင့်လျက် ကြီးစွာသော ပူဇော်သက္ကာရတို့ဖြင့် တရားတော်ကို နာ၏။ တရားနာပြီးသော် ဘုရားသခင်အား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခုကို ပေးတော်မူခဲ့ပါရန် လျှောက်ထားသည့်အတွက် မြတ်စွာဘုရားလည်း နမ္မဒါမြစ်နား၌ ခြေတော်ရာပါဒစေတီကို ထားတော်မူခဲ့သည်။
ထိုစက်တော်ရာကို အောက်စက်တော်ရာဟု ခေါ်ကြ၏။ မြတ်စွာဘုရားသည် ထိုမှ သစ္စာဗန္ဓတောင်ထိပ်သို့ ကြွတော်မူ၏။ တောင်ထိပ်သို့ ရောက်တော်မူလျှင် ထိုအရပ်တွင် ရှိသော သစ္စဗန္ဓ ရသေ့ကို တရားဟောတော်မူ၍ အရဟတ္တဖိုလ်၌ တည်စေသည်။ သစ္စဗန္ဓထေရ်လည်း အရိုအသေ ကိုးကွယ်ရာကို တောင်းပန်ရာ မြတ်စွာဘုရားလည်း တစ်ခဲနက်သော အပြင်ရှိ ကျောက်ဖျာထက်၌ စိုသော မြေစိုင်ခဲပေါ်တွင် တံဆိပ်ခတ်ဘိသကဲ့သို့ စက်တော်ရာပါဒစေတီကို ချတော်မူ၏။ ထို့နောက် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ဒုတိယချတော်မူသော ဤခြေရာတော်ကို အထက်စက်တော်ရာ ဟု ခေါ်တွင်ကြသည်။
ဤသို့ဖြင့် အထက်စက်တော်ရာ၊ အောက်စက်တော်ရာ ဖြစ်ပေါ်လာခဲ့ပါသည်။
ဂေါတမ မြတ်စွာဘုရားရဲ့ ခြေရာတော်ကိုFour Season နဲ့ အတူတူ သွားဖူးကြမယ်ဆိုရင် ..‼️မကြာခင် ရွှေစက်တော်ဘုရားဖွင့်ပွဲကြီး ရောက...
18/01/2020
ဂေါတမ မြတ်စွာဘုရားရဲ့ ခြေရာတော်ကို
Four Season နဲ့ အတူတူ သွားဖူးကြမယ်ဆိုရင် ..‼️
မကြာခင် ရွှေစက်တော်ဘုရားဖွင့်ပွဲကြီး
ရောက်လာတော့မယ် …☺️☺️
ကုသိုလ်လည်းရ ဗဟုသုတလည်း ရနိုင်မယ့်
ခရီးစဉ်ကို Four Season နဲ့အတူတူ လည်ကြမယ်
🔹 31.1.2020 သောကြာနေ့ညထွက်မယ်
03.2.2020 တင်္နလာနေ့ မနက်ပြန်ရောက်မယ်
ရုံးသမားတွေ ခွင့်ယူစရာမလိုတဲ့ ခရီးလေး
ရွှေစက်တော် ဘုရားဆိုတော့ …
🔹 အထက်စက်တော်ရာ၊ အောက်စက်တော်ရာ
🔹 မကွေးမြသလွန်၊ နဂါးပွက်တောင်တော်
🔹 စက္ကိန်းတဲစေတီတော်၊ ကျောင်းတော်ရာစေတီတော်
🔹 အိမ်အပြန်လက်ဆောင်ကောင်းကောင်းလေးတွေကို
ဈေးချိုသာစွာနဲ့ ရရှိနိုင်မယ့် နေရာများ
အစရှိတဲ့ အထင်ကရနေရာများကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်
အခြားပါဝင်မယ့် ဝန်ဆောင်မှုလေးတွေက …
🚍 33/ 45 ယောက်စီးလိုရမယ့် Aircon Coach
👨‍🦰 ခရီးစဉ်တစ်လျှောက် ရှင်းပြပေးမယ့် Tour Leader တစ်ဦး
🏠 ရေစပ် တည်းကျောင်း (5 ယောက် သို့ 6 ယောက် တည်း)
😍 မနက်စာ၊ နေ့လည်စာ၊ ညစာ (3 နပ်)
😁 ခရီးသွားအာမခံ
😊 ရေသန့် / စနိုးတာဝါ
💧သွားတိုက်ဆေး / သွားတိုက်တံ
အစရှိတာတွေ ဝန်ဆောင်မှုပေးမှာပါ
💸 ဒီခရီးစဉ်ရဲ့ဈေးနှုန်းက တစ်ဦးကို - 55,000 ကျပ်ပါ
စိတ်ဝင်စားလို့ ဆက်သွယ်မှာယူချင်ပါက ...
Page Chat Box ကနေ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပြီး
09 25 88 15295, 25 88 15291, 25 88 19302,
09 97 13 22097, 09 97 22 73075 တို့ကိုလည်း ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်
လူဦးရေ ကန့်သတ်ထားတာမို့လို့ အမြန်မှာယူပေးပါရန် အကြံပြုချင်ပါတယ် 😊😊
Company၊ အဖွဲ့အစည်းများ နဲ့ သီးသန့်ခရီးသွားလိုသူများတွေ အတွက်လည်း အနည်းဆုံး 10 ယောက်ရှိရုံဖြင့် Customized Tour Package ကိုလည်း စိတ်တိုင်းကျ စီစဉ်ပေးပါတယ် …😍😍
“ YOUR SATISFACTION IS OUR PRIORITY “
Four Season နဲ့ အတူ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တဲ့ ပုဂံမြို့ရဲ့အလှတရားများ 😍
16/01/2020
Four Season နဲ့ အတူ ဘယ်တော့မှ
ပျောက်ပျက်သွားမှာ မဟုတ်တဲ့ ပုဂံမြို့ရဲ့အလှတရားများ 😍
2020 ထဲက အစိုးရုံးပိတ်ရက်များ …‼️2020 ခုနစ်ထဲမှာ ခရီးတွေ အရမ်းသွားချင်နေတဲ့ မိတ်ဆွေတွေအတွက် Four Season က နေအစိုးရ ရုံးပ...
14/01/2020
2020 ထဲက အစိုးရုံးပိတ်ရက်များ …‼️
2020 ခုနစ်ထဲမှာ ခရီးတွေ အရမ်းသွားချင်နေတဲ့
မိတ်ဆွေတွေအတွက် Four Season က နေအစိုးရ
ရုံးပိတ်ရက်တွေကို အသေးစိတ်ဖော်ပြပေးလိုက်ပါတယ် …
ပုံလေးတွေကို ဖိပြီး ကြည့်ပေးပါ ..☺️☺️
ကမ ္ဘာ့အမွေအနှစ်ဖြစ်သော ပုဂံမြို့တွင် အဆောက်အအုံနဲ့ စေတီပုထိုးပေါင်း _______ ခန့်ရှိသည်။ထုံးစံအတိုင်း သိတဲ့သူများ ဖြေပေး...
13/01/2020
ကမ ္ဘာ့အမွေအနှစ်ဖြစ်သော ပုဂံမြို့တွင် အဆောက်အအုံနဲ့ စေတီပုထိုးပေါင်း
_______ ခန့်ရှိသည်။
ထုံးစံအတိုင်း သိတဲ့သူများ ဖြေပေးပါဦး 😁😁
ရွှေစက်တော်ဘုရားဖူးမယ်သူတွေအတွက်ဝမ်းသာစရာ သတင်းကောင်း ...မန်းရွှေစက်တော်ဘုရားရဲ့ ပြောင်းလဲမှုတွေ အားလုံးခံစားစေနိုင်ဖို့...
12/01/2020
ရွှေစက်တော်ဘုရားဖူးမယ်သူတွေအတွက်
ဝမ်းသာစရာ သတင်းကောင်း ...
မန်းရွှေစက်တော်ဘုရားရဲ့ ပြောင်းလဲမှုတွေ အားလုံးခံစားစေနိုင်ဖို့အတွက် မျှဝေတာပါ။
နှစ်ပေါင်းများစွာကြားခဲ့ရတဲ့ တည်းခိုဆောင်အခန်းဈေးကြီးတဲ့ကိစ္စ။
အရင်တုန်းက ဈေးပြိုင်စနစ်နဲ့ပါ။
ဘုရားဂေါပက အဖွဲ့က လေလံပစ်တယ်။ လေလံစွဲတဲ့ လုပ်ငန်းလုပ်သူတွေ အပြိုင်စွဲကြတော့
ဈေးတွေက အဆမတန်မြင့်သွားရော။ သူတို့ ကိုက်အောင် (အမြတ်အစွန်း) ရအောင်
အခန်းခတွေ ဈေးတင်။ အခန်းခတွေ ဈေးကြီးတော့တာပေါ့။
အခုနှစ်တော့ အဲ့ဒီအခန်းခဈေးကြီးတာကို ကာကွယ်တဲ့အနေနဲ့ လေလံစွဲမယ့် သူတွေအားလုံး
ကြမ်းခင်းဈေး သတ်မှတ်ချက်အတိုင်း မဲနှိုက်ပြီး လုပ်ပေးလိုက်ပါပြီ။
အခန်းခပိုမတောင်းဖို့လည်း ခိုင်မာတဲ့ ကတိကဝတ်တွေနဲ့။
ဒဏ်စနစ်။ အရေးယူစနစ်တွေနဲ့။ အခန်းခဈေးကိုလည်း ၁၅၀၀၀ ကျပ်ဈေးသတ်မှတ်လိုက်ပါပြီ။
အဲ့ဒါကိုမှ ဈေးပိုတောင်းရင်လည်း တိုက်ရိုက်တိုင်ကြားနိုင်မယ့်ဖုန်းတွေကိုလည်း အခန်းတွေမှာဘုရားမှာ နေရာအစုံမှာ ကြေငြာထားလိုက်ပါပြီ။
နေရာအနှံ့မှာ တောင်းရမ်းစားသောက်နေသူတွေကိုလည်း စတင်ဖယ်ရှားဖို့ စီစဉ်နေပါပြီ။ အသက်ကြီးတဲ့ တောင်းရမ်းသူတွေကို တော့ဘိုးဘွားရိပ်သာပို့မှာပါ။ နောက်ဆုံးတစ်ခုကတော့ ဘုရားအထက်စက်တော်ရာ အောက်စက်တော်ရာ နေရာတွေမှာ အသံချဲ့စက်၊ လော်စပီကာ အသုံးပြုခွင့် လုံး၀ (လုံးဝ) ခွင့်မပြုတော့ပါ။
လုပ်တဲ့သူတွေက တော့ ရဲရဲဝံ့ဝံ့ ဆောက်ရွက်နေပါပြီ။ အများက လိုက်နာကြမယ်ဆိုရင် လှပတဲ့ ပြောင်းလဲမှု အသစ်ကိုအားလုံးခံစားရမှာပါ။
( စာရော ပုံရော ကူးယူဖော်ပြထားပါသည် )
3.1.2020 က Four Season နဲ့ အတူ ပုဂံအမှတ်တရများကို ဖန်တီးခဲ့တဲ့ ခရီးသွားမိတ်ဆေတို့ ရဲ့ ပုံရိပ်အချို့များ ...📷လိုက်ပါခဲ့တဲ...
11/01/2020
3.1.2020 က Four Season နဲ့ အတူ ပုဂံအမှတ်တရများကို
ဖန်တီးခဲ့တဲ့ ခရီးသွားမိတ်ဆေတို့ ရဲ့ ပုံရိပ်အချို့များ ...📷
လိုက်ပါခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါတယ် ..🙏🙏
“ YOUR SATISFACTION IS OUR PRIORITY “
ကမ ္ဘာသမိုင်းဝင် ရှေးဟောင်းမြို့တော် ပုဂံမြို့ကိုFour Season က ခရီးသွားမိတ်ဆွေတွေ နဲ့အတူအခုလို ရှုစားခဲ့ပါတယ် ...☺️☺️ခရီ...
09/01/2020
ကမ ္ဘာသမိုင်းဝင် ရှေးဟောင်းမြို့တော် ပုဂံမြို့ကို
Four Season က ခရီးသွားမိတ်ဆွေတွေ နဲ့အတူ
အခုလို ရှုစားခဲ့ပါတယ် ...☺️☺️
ခရီးသွားမိတ်ဆွေ တွေရဲ့ ပုံရိပ်တစ်ချို့ကို လည်း
မကြာမီ တင်ပေးမှာမို့လို့ Page ကို အမြဲ မ ပြတ်
စောင့်ကြည့်ပေးကြပါဦး ...👋
Photographer - Pyae Zin (Endless Photography)
တောင်တက်ဝါသနာရှင်များ အတွက် နတ်မတောင်နတ်မတောင်ရဲ့ တည်နေရာကတော့ တော်တော်များများသိပြီးသားဖြစ်မှာပါ မင်မင် တကူးတက ပြောစရာမ...
08/01/2020
တောင်တက်ဝါသနာရှင်များ အတွက် နတ်မတောင်
နတ်မတောင်ရဲ့ တည်နေရာကတော့ တော်တော်များများ
သိပြီးသားဖြစ်မှာပါ မင်မင် တကူးတက ပြောစရာမလိုပါဘူး
နတ်မတောင်ရဲ့ အမြင့်က ပေတစ်သောင်းကျော်ရှိပြီး
ချင်းပြည်နယ်ကန်ပက်လက်မြို့အနီး မှာ တည်ရှိပါတယ် ..
နတ်မတောင်ကို ဒေသခံတွေက ခေါနုသုမ်၊ ဒေနုမထုမ် လို့
ခေါ်ကြပြီး ကိုလိုနီခေတ်တုန်းကတော့ ဝိတိုရီယ တောင်လို့
ခေါ်ဝေါ် သမုတ်ခဲ့ကြပါတယ် ☺️☺️
မင်မင်သိရသလောက် နတ်မတောင်ကို ပြည်တွင်း တောင်တက်
ဝါသနာရှင်များနဲ့ ပြည်ပတောင်တက် ဝါသနာရှင်များ အလွန်စိတ်ဝင်စား ကြပါတယ် …💯
ဘာလို့လဲဆိုရင် နတ်မတောင်ရဲ့ သဘာဝအလှတရားများနဲ့ ထိုဒေသ
မှာရှိတဲ့ ပန်းအမျိုးအစားတွေ ကြောင့်ဖြစ်ပါတယ် နောက်ပြီး ထူးဆန်းတဲ့
ရှားပါးမျိုးစိတ်စာရင်း ဝင်တဲ့ ငှက်တွေကြောင့်လည်းဖြစ်ပါတယ် …
နတ်မတောင်ကို တက်မယ်ဆိုရင် လမ်းနှစ်လမ်းရှိပါတယ်
ကန်ပက်လက်က တက်တဲ့လမ်းနဲ့ အေးစခန်းမှ တက်တဲ့လမ်း နှစ်လမ်း ရှိပါတယ် ကန်ပက်လက်က အပျော်သွားတဲ့သူတွေ နဲ့ ဗဟုသုတလိုချင်တဲ့သူတွေ အတွက် အဆင်ပြေပါတယ် အေးစခန်းကတော့ ခြေလျင်တက်တဲ့ သူတွေ အတွက် ပါ …😁
အေးစခန်းဆိုတာက ရွာကြီးတစ်ရွာဖြစ်ပြီး ဟိုးအရင်ခေတ်တွေကတည်းကအစဉ်အလာ ကြီးမားပါတယ် အေးစခန်းမှာ ဘိုတဲကြီးတစ်လုံး ရှိပါတယ် ရောက်ဖူးတဲ့ သူတွေ သိကြမှာပါ …
ဘိုတဲကြီးဟာ ဒုတိယကမ ္ဘာစစ်မဖြစ်ခင်ကတည်းက ရှိခဲ့တဲ့ အအောက်အအုံကြီး ဖြစ်တယ်လို့ မင်မင်သိထားမိပါတယ် ဘိုတဲကြီးရဲ့ ထူးခြားချက်မှာ နံရံတွေပေါ်က လက်ရေးစာလုံးသေးသေးလေးတွေ ဖြစ်ပါတယ် …😍😍
ဒီလောက်ဆိုရင် တောင်တက်ဝါသနာရှင်တွေ ဘာကြောင့် နတ်မတောင်ကိုရွေးချယ်သင့်လဲဆိုတာ မြင်လောက်ပြီလို့ ထင်မိပါတယ် …
မင်မင်မသိသေးတဲ့ အချက်တွေကိုလည်း ဒီပို့စ်အောက်မှာ ဖြည့်စွက်ပြီး
ပြောပြ ပေးသွားကြပါဦး ...👋
2.1.2020 ရက်နေ့က Four Season နဲ့ အတူဘားအံကို အလည်သွားခဲ့တဲ့ ချစ်စရာခရီးသွားမိတ်ဆွေတို့ ရဲ့ ပုံရိပ်လေးတွေပါ ...☺️သင့်ရဲ့ခ...
06/01/2020
2.1.2020 ရက်နေ့က Four Season နဲ့ အတူ
ဘားအံကို အလည်သွားခဲ့တဲ့ ချစ်စရာခရီးသွား
မိတ်ဆွေတို့ ရဲ့ ပုံရိပ်လေးတွေပါ ...☺️
သင့်ရဲ့ခရီးတွေကို Four Season
နဲ့အတူမှတ်တမ်းတင်ပါ 💯💯
“ YOUR SATISFACTION IS OUR PRIORITY “
ချင်းပြည်နယ် ဟားခါးမြို့သည် ________ ပုံစံတည်ရှိသည်။ထုံးစံအတိုင်း သိတဲ့သူများဖြေပေးဦးနော် ..☺️☺️
05/01/2020
ချင်းပြည်နယ် ဟားခါးမြို့သည် ________ ပုံစံတည်ရှိသည်။
ထုံးစံအတိုင်း သိတဲ့သူများဖြေပေးဦးနော် ..☺️☺️
ပုဂံမြို့ရဲ့ အကြီးဆုံးဘုရားပွဲ (သို့) အာနန္ဒာ ဘုရားပွဲ ‼️အာနန္ဒာ ဘုရားဟာ ပုဂံမြို့ဟောင်း သရပါတံခါးရဲ့ အရှေ့တောင်ဘက်မှာတည...
05/01/2020
ပုဂံမြို့ရဲ့ အကြီးဆုံးဘုရားပွဲ (သို့) အာနန္ဒာ ဘုရားပွဲ ‼️
အာနန္ဒာ ဘုရားဟာ ပုဂံမြို့ဟောင်း သရပါတံခါးရဲ့ အရှေ့တောင်ဘက်မှာတည်ရှိပြီး ခရစ်နှစ် ၁၀၉၀ခုနစ် တွင် ကျန်စစ်သားမင်းကြီးက တည်ထားကိုးကွယ်ခဲ့တာပါ …
အာနန္ဒာ စေတီကို ဂူပုထိုး ပုံစံတည်ထားပြီး အလျား ၁၆၈ပေ မြင့်ပါတယ်အနံကတော့ တစ်ဖက်လျှင် ၂၈၉ ပေရှိပါတယ်
မန ္တလေးတိုင်း ပုဂံမြို့ရှိ အာနန္ဒာ ဘုရားပွဲဟာ ကျင်းပလာခဲ့တာ နှစ်ပေါင်း၇၅၀ နီးပါးရှိပြီး ပြာသိုလဆန်း ၈ရက်ကနေ ပြာသိုလကွယ် အထိ ဘုရားပွဲကိုကျင်းပပါတယ် …☺️☺️
အနီးအနားရွာတွေက ထောင်/ရာနဲ့ချီတဲ့ ရွာသူရွာသားတွေ နွားလှည်းတွေ နဲ့လေးငါးရက် စခန်းချနေထိုင်ပြီး ဘုရားပွဲကို ပျော်ရွှင် စွာဆင်နွှဲ ကြပါတယ် …
အဲ့တာအပြင် အနယ်နယ်အရပ်ရပ်က လာရောက်ရောင်းချတဲ့ ဈေးတန်းကလည်းဆိုင်ခန်းပေါင်း ၂၀၀၀ လောက်ရှိပြီး ဒေသထွက် အစားအစာတွေ ပစ္စည်းတွေ ကိုစုံလင်စွာ ရရှိနိုင်ပါတယ် 💯
ပြာသိုလပြည့်နေ့မှာ တော့ ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့တဲ့ ဆွမ်းသပိတ်လောင်းလှူပွဲကို ကျင်းပကြတယ်လို့ သိရှိရပါတယ် ဆွမ်းသပိတ်လုံးထဲ မှာ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပဲ၊ နှမ်း အစရှိတဲ့ အလှူပစ္စည်းတွေနဲ့ ဆွမ်းသပိတ် လောင်းလှူကြပါတယ် 😍
ဒီလောက်ဆိုရင် အာနန္ဒာဘုရားပွဲ ဟာ ဘယ်လောက်တောင်ကြီးကျယ် ပြီး ခမ်းနားမလဲဆိုတာ သိလောက်ပြီလို့ ထင်မိပါတယ်
နောက်အပတ်တွေမှာလည်း အခုလို ဗဟုသုတရစရာလေးတွေကို တင်ဆက်ပေးဦးမှာမို့လို့ Page ကို Like & Share လေးတွေ
လုပ်ပေးထားကြပါဦး ...🙏🙏
Address
North Dagon
Yangon
11421
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Telephone
+959258815295
Website
Alerts
Be the first to know and let us send you an email when Four Season Travel Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Four Season Travel Myanmar:
Share
Category
Four Season Travel Myanmar
ကျ တော်တို့ Four Season သည် မြန်မာနိုင်ငံအတွင်းရှိ သွားရောက်လည်ပတ်လို့ ကောင်းသော နေရာများ ကို ဈေးနှုန်းချိုသာပြီး စိတ်အေးလက်အေး လည် ပတ် လို့ ရအောင် စီစဉ်ပေးနိုင်သော ခရီးသွားလုပ်ငန်း တစ် ခုဖြစ်ပါသည် ...
Nearby travel agencies