Travel Zone ခရီးသွားလာခြင်း သိမှတ်ဖွယ်ရာ - Air tickets and information

  • Home
  • Myanmar
  • Yangon
  • Travel Zone ခရီးသွားလာခြင်း သိမှတ်ဖွယ်ရာ - Air tickets and information

Travel Zone ခရီးသွားလာခြင်း သိမှတ်ဖွယ်ရာ - Air tickets and information Sharing is caring ( Travel info )

အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မတို့ Travel Zone မိသားစုမှ US visit visa ဝန်ဆာင်မှု များအတွက် DS 160 form ဖြည့်ပေးခြင်း ၊vi...
28/03/2024

အားလုံးပဲမင်္ဂလာပါရှင်။
ကျွန်မတို့ Travel Zone မိသားစုမှ
US visit visa ဝန်ဆာင်မှု များအတွက် DS 160 form ဖြည့်ပေးခြင်း ၊vietnam, thailand နိုင်ငံများတွင် သံရုံး visa fees သွင်းပေးခြင်း၊ interview appointment date များယူပေးခြင်း စသည့်ဝန်ဆောင်မှုများအပြင်
US နိုင်ငံတွင်းရောက်ရှိပြီးသူများအတွက်
🌻Asylum Filing
🌻Work permit application
🌻Californian များအတွက် Medi-Cal လျှောက်ပေးခြင်း
🌻LAတွင်းလေလဆိပ်ကြိုပို့နှင့် day tour package များပါ ဝန်ဆောင်မှုပေးနေတာမို့
အသေးစိတ်အချက်အလက်များအတွက်အချိန်မရွေး hi လိုက်တော့နော် ☺️

နိုင်ငံကူးလက်မှတ်စာအုပ် ( ပတ်စပို့လ် ) များ လျောက်ထားခြင်းနှင့် လက်ရှိ လျောက်ထားပြီး စလစ်ရရှိထား၍ စာအုပ်ထုတ်ရန် စောင့်ဆိ...
23/03/2024

နိုင်ငံကူးလက်မှတ်စာအုပ် ( ပတ်စပို့လ် ) များ လျောက်ထားခြင်းနှင့် လက်ရှိ လျောက်ထားပြီး စလစ်ရရှိထား၍ စာအုပ်ထုတ်ရန် စောင့်ဆိုင်းနေသည့်သူများအတွက် 22မတ်လ 2024 မှ စတင်၍ စတင်လျောက်သူ့များဖြစ်ဖြစ် ၊ စာအုပ်သွားပြန်ထုတ်မည့်သူများဖြစ်ဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးထားသော UID နံပါတ် ( Smart Card / စာရွတ် ) ပါရှိမှာသာ ထုတ်ယူခြင်း / လျောက်ထားခြင်းများ ရရှိနိုင်တော့မည် ဖြစ်ကြောင်း 19-03-2024 တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးမှ ထုတ်ပြန်ထားကြောင်း အသိပေးအပ်ပါသည်ရှင့်။
စာအုပ်ထုတ်ရန် စလစ် ကိုင်ထားသည့် ခရီးသွားများအနေဖြင့်လည်း စောင့်ဆိုင်းနေသည့် ရက်အတွင်း နီးစပ်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးများတွင် အမြန် သွားရောက်လုပ်နိုင်ရန်အကြံပေးအပ်ပါသည်ရှင့်..
ခရီးသွားပြည်သူ့များအဆင်ပြေချောမွေ့နိုင်ကြပါစေရှင့်..🥰

လက်ရှိ အခြေအနေများအရ..ပြည်တွင်းခရီးစဉ်များကို အဝေးပြေးကားဖြင့် သွားမည့် ခရီးသည့်များသည် မှတ်ပုံတင် မဖြစ်မနေပါရှိရမည် ဖြစ...
23/03/2024

လက်ရှိ အခြေအနေများအရ..ပြည်တွင်းခရီးစဉ်များကို အဝေးပြေးကားဖြင့် သွားမည့် ခရီးသည့်များသည် မှတ်ပုံတင် မဖြစ်မနေပါရှိရမည် ဖြစ်ပြီး တစ်ချို့မြို့နယ် အဝင်အထွက်များတွင် မှတ်ပုံတင် အပြင် ခရီးသွားရပ်ကွက် ထောက်ခံစာနှင့် တစ်ကွ မြို့နယ်ရဲစခန်း ထောက်ခံစာများပါ ယူဆောင်သွားရန် လိုအပ်နေပါသည်... ခရီးသည်များ အဆင်ပြေစေရန် မျှဝေပေးလိုက်ပါတယ်ရှင့် ..ခရီးသွားပြည်သူ့များလွယ်ကူအဆင်ပြေကြပါစေရှင့်..
ပြည်တွင်းကားလက်မှတ် , Air ticket များ စုံစမ်းချင်ပါက Page messenger တွင် လာရောက်မေးမြန်းနိုင်ပါသည်.. 🚌🚌✈️✈️

5Stars အဲလိုင်းဖြစ်တဲ့ Singapore Airline promotion ရှိနေပါသေးတယ်ေနော်..➡️Sale Period : 18MAR to 14APR 2024 အထိ ရောင်းချခ...
23/03/2024

5Stars အဲလိုင်းဖြစ်တဲ့ Singapore Airline promotion ရှိနေပါသေးတယ်ေနော်..

➡️Sale Period : 18MAR to 14APR 2024 အထိ ရောင်းချခွင့်ပေးထားပြီး ..
➡️Travel Perod : 18MAR to 31 May 2024 ကာလ အထိ ခရီးသွားလာခွင့် ရရှိထားပါတယ်ရှင့်...

To Singapore Starting from 104 USD ( One way )
174 USD ( Round trip ) မှ စတင်၍..

To Bali Starting from : 245 USD ( One way )
508 USD ( Round trip ) မှ စတင်၍..

To Jakarta Starting from :
355 USD ( Round trip ) မှ စတင်၍..

To Manila Starting from : 104 USD ( One way )
174 USD ( Round trip ) မှ စတင်၍..

To Maldives Starting from :
589 USD ( Round trip ) မှ စတင်၍..

To Bejing Starting from :
450 USD ( Round trip ) မှ စတင်၍..

To Shanghai Starting from :
570 USD ( Round trip ) မှ စတင်၍..

To Guangzhou Starting from :
540 USD ( Round trip ) မှ စတင်၍..

To Hong Kong Starting from :
570 USD ( Round trip ) မှ စတင်၍..

To Sydney / Melbourne Starting from :
905 USD ( Round trip ) မှ စတင်၍..

To San Francisco Starting from :
982 USD ( Round trip ) မှ စတင်၍..

To New York Starting from :
1845 USD ( Round trip ) မှ စတင်၍..

To Japan Point Starting from :
595 USD ( Round trip ) မှ စတင်၍..

To Paris Starting from :
1034 USD ( Round trip ) မှ စတင်၍..

To London Starting from :
871 USD ( Round trip ) မှ စတင်၍..

To Rome Starting from :
1015 USD ( Round trip ) မှ စတင်၍..

To Frankfurt Starting from :
895 USD ( Round trip ) မှ စတင်၍..

To Brussels Starting from :
920 USD ( Round trip ) မှ စတင်၍..

❗️Promotion ခုံအမျိုးအစားများမှာ သက်မှတ်ထားသည့် အရေအတွက်အတိုင်းအတာဖြင့်သာရောင်းချသည့်ဖြစ်ပါသဖြင့် သွားလို့သည့်ခရီးစဉ်များအတွက် ကြိုတင်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည့်ရှင့် ...✈️✈️

23/03/2024

Air Ticket လက်မှတ်များကို စိတ်ချစွာ စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်

Passport သက်တမ်းတိုး / အသစ်လျောက် သို့ Typeအမျိုးအစား ပြောင်းလဲခြင်းတို့ အတွက် Online QR service ပေးနေပြီနော်..လက်ရှိမှာ...
02/03/2024

Passport သက်တမ်းတိုး / အသစ်လျောက် သို့ Typeအမျိုးအစား ပြောင်းလဲခြင်းတို့ အတွက် Online QR service ပေးနေပြီနော်..လက်ရှိမှာတော့ ပြည်နယ်နဲ့တိုင်းအလိုက် ရရှိနိုင်မယ့် ရက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်..ဖော်ပြပေးထားတဲ့ရက်တွေက လူဦးရေအပြည့်မြန်လို့ ရရှိမယ့်ရက်ကတော့ ပြောင်းလဲမူရှိနိုင်မယ်နော်..

မြန်မာ Passport ကိုင်ဆောင်ရရှိထားသည့် မြန်မ နိုင်ငံသားများ Visa မလိုပဲ သွားရောက်လည်ပတ်နိုင်ငံများကို ဖော်ပြပေးချင်ပါတယ်န...
24/10/2023

မြန်မာ Passport ကိုင်ဆောင်ရရှိထားသည့် မြန်မ နိုင်ငံသားများ Visa မလိုပဲ သွားရောက်လည်ပတ်နိုင်ငံများကို ဖော်ပြပေးချင်ပါတယ်နော် .. 2023 ခုနှစ်အတွင်း သက်မှတ် List ထွက်ရှိထားသော နိုင်ငံများဖြစ်တာမို့ 2024 ခုနှစ် မှာ free visa ထပ်တိုးများ ထပ်ရှိလာနိုင်တာကြောင့် ပြောင်းလဲမူရှိနိုင်တာကို တော့ သတိပြုစေလိုပါတယ်နော် ချစ်တို့ရေ...🥰

Visa info ဖြင့် ပတ်သတ်တာများအတွက်လည်း update ဆိုင်ရာများကိုလည်း သံရုံး website များမှ တစ်ဆင့် (သို့ ) စိတ်ချယုံကြည်ရသည့် VISA service ပေးနေသည့် agency တွေမှ တစ်ဆင့်လည်း မေးမြန်းစုံစမ်းဖို့ အကြုံပြုပါတယ်..
☺️

ရန်ကုန်ကနေ Chiang Mai ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ Flight info လေး sharing လုပ်ပေးမယ်နော်..📣📣အရမ်းလှပြီး လည်ပတ်စရာကောင်းတဲ...
24/10/2023

ရန်ကုန်ကနေ Chiang Mai ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ Flight info လေး sharing လုပ်ပေးမယ်နော်..📣📣

အရမ်းလှပြီး လည်ပတ်စရာကောင်းတဲ့ ချင်းမိုင်မြို့လေး ကို အခုဆို မြန်မာအမျိုးသားလေကြောင်းလိုင်းက အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာ ၊တနင်္ဂနွေနေ့တွေမှာ တစ်နေ့ တစ်ချိန်ဖြင့် တစ်ပတ် 3ရက် ပြေးဆွဲပေးနေပြီနော် ...ဈေးနှုန်းကလည်း တိုက်ရိုက်လေယာဉ်ဖြစ်တာကြောင့် အချိန်ကုန် လူမပန်းပဲ သက်သက်သာသာ ဈေးနှုန်းနဲ့ စတင်ရောင်းပေးနေတာဆိုတော့ အိုကေပြီလေ..

အဲလိုင်း Service ကလည်း 20KG အပြင်၊ အစားအသောက် ပါ ပါဝင်တာ ကြောင့် အဆင်ပြေနေရောပဲနော်..လည်ပတ်စရာနေရာလေးတစ်ခုအတွက် အဆင်ပြေအောင် သတင်းပေးလိုက်ပြီနော်..🥰🥰

▫️One Way Ticket Starts From USD 130
▫️​Round Trip Ticket Starts From USD 219

𝗙𝘂𝗹𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲
🧳 Baggage Allowance
💼7Kg Hand Carry Allowance
🍔🥪☕ Meal (or) Snack Box

www.flymna.com မှာလည်းဝင်လေ့လာလို့ရတယ်နော်..🥰


နောက်တစ်ခု မင့် sharing လုပ်ပေးချင်တာတစ်ခု ရှိပါတယ်...လက်ရှိ ခရီးသွားတော်တော်များများက ပြည်ပဆို အသွားများနေကြတာ အလည်အပတ်...
23/10/2023

နောက်တစ်ခု မင့် sharing လုပ်ပေးချင်တာတစ်ခု ရှိပါတယ်...လက်ရှိ ခရီးသွားတော်တော်များများက ပြည်ပဆို အသွားများနေကြတာ အလည်အပတ် , ဆေးခန်းပြ , ကျောင်းတတ် , အလုပ်အကိုင် အားဖြင့် သွားလာနေကြတာများပါတယ်..

🛫အလည်အပတ်

❗️အလည်အပတ်သွားခြင်းအားဖြင့် ကတော့ ကိုယ့်သွားရောက်လည်ပတ်မည့် နိုင်ငံအဝင်က Visa လိုအပ်ခြင်း ရှိ /မရှိ သိဖို့လိုပါမည်။
❗️ Free အဖြင့် သက်မှတ်ထားသည့် နိုင်ငံများ ( ဥပမာ - ဘန်ကောက် ) နေထိုင်ခွင့် သက်မှတ်ထားသည့် ရက်မကျော်လျှင် Visa မလိုအပ်သောကြောင့် မဖြစ်မနေ လိုအပ်မည့် အချက်များအရဆို .....

✅လေယာဉ်လက်မှတ်အသွားအပြန် ( visa free အတွင်း )
✅6 လသက်တမ်း အထက်ရှိရမည့် ပတ်စပို့လ်စာအုပ်
✅တည်းခိုမည့် နေရပ်လိပ်စာ(သို့ ) ဟိုတယ် confirmation
✅Show Money ( First time သွားမည့် ခရီးသည့်များ အား စစ်ဆေးတတ်ပါသည် )

ဒီအထက်ပါ အချက်များပြည့်စုံလျင် သွားရောက်လို့ရပြီနော်..

🛫ဆေးခန်းပြလိုသူများ

❗️ဆေးပြလို့သည် ခရီးသည်များအတွက်လည်း လိုအပ်ချက်များမှာ အထက်ပါ အလည်အပတ်ခရီးသည်များအတိုင်း လိုအပ်ချက် တူညီပါသည်။ တစ်ခု အကြံပေးတာပေ့ါနော် .... ဆေးပြတဲ့ ခရီးသည်အများစု ပြသာနာ အားဖြင့်က အပြန်ရက် မသေချာတာမျိုးရှိနိုင်ပါသည်.. အဲ့အခါမျိူးမှာ ကိုယ့်ဝယ်မည့် လက်မှတ်အရောင်းဝန်ထမ်း (သို့ ) Travel agencyအား အကြုံပြုချက် အကူအညီတောင်းပြီး အပြန်အတွက် booking ပုံစံဖြင့်သွားလာနေကြသည့် များ ရှိသည့်အတွက်ကြောင့် ပွင့်လင်းစွာတိုင်ပင်၍ သွားနိုငါပါသည်.မလိုအပ်သည့် လက်မှတ်ရက်ပြောင်းလဲခများ extra hidden fee များ ရှိိနိုင်သည့်အတွက်ကြောင့်ပါ... 🥰

🛫ကျောင်းသွားတတ် ,အလုပ်အကိုင်

❗️ဒီနှစ်ခုက တူညီမူရှိသည့်အတွက်ကြောင့် တွဲဖော်ပြပေးမယ်ရှင့်.
❗️ကျောင်းသား / အလုပ်နှင့်ဆိုင်ရာ အထောက်အထား ပြည့်စုံမူရှိမှသာလျှင် သွားလာလို့ ရနိုင်ပါသည်.. အလုပ်ခေါ်စာ / ကျောင်းဝင်ခွင့် စာရွက်စာတမ်းများဖြင့် One way လေယာဉ်လက်မှတ်ဖြင့် သွားလာနိုင်ပါသည်. အလုပ်သမား အနေဖြင့် ပတ်စပို့အမျိုးအစား မှာ PJ အမျိုးအစားဖြစ်ဖို့ အရေးကြီးပါသည်...

အားလုံးအဆင်ပြေလွယ်ကူ ခရီးသွားလာနိုင်ကြပါစေ...

စေတနာများဖြင့် ,
Travel Zone

Singapore Airline ရဲ့ တန်လွန်းတဲ့ ပရိုမိုးရှင်း လစဉ်တိုင်း ချပေးနေတာလေးတွေ အသိမနောက်ကျရလေအောင် တင်ပေးလိုက်ပါတယ်...🔔🔔အခုလ...
23/10/2023

Singapore Airline ရဲ့ တန်လွန်းတဲ့ ပရိုမိုးရှင်း လစဉ်တိုင်း ချပေးနေတာလေးတွေ အသိမနောက်ကျရလေအောင် တင်ပေးလိုက်ပါတယ်...🔔🔔

အခုလက်ရှိချပေးနေတဲ့ရက်ကတော့ ,
Sale period - 16OCT2023 to 12NOV2023
Travel period - 01JAN2024 to 30JUN2023

လာမည့် 2024 ခုနှစ်အတွင်းမှာ ခရီးသွားမည့် အစီအစဉ် ရှိနေခဲ့ရင် လေကြောင်းလိုင်းကောင်းပြီး စိတ်ချရတဲ့ Singapore airline promotion ဈေးလေးတွေ အရယူပြီး ဝယ်ထားသင့်ပါတယ်........

Singapore one way starting from 117 USD + + +
Singapore round trip starting from 195 USD + + +

Bali one way starting from 213 USD + + +
Bali round trip starting from 355 USD + + +

Korea one way starting from 738 USD + + +
Korea round trip starting from 1230 USD + + +

Melbourne one way starting from 543USD + + +
Melbourne round trip starting from 905 USD + + +

Japan one way starting from 357USD + + +
Japan round trip starting from 595USD + + +

New York one way starting from 1107USD + + +
New York round trip starting from 1845USD + + +

လက်ရှိဖော်ပြထားသောဈေးနှုန်းများသည် Tax + Fuel surcharge များမပါဝင်သေးသောကြောင့် သွားမည့် ခရီးစဉ်ရက်အလိုက်မေးမြန်းခြင်းဖြင့် နေရာရှိမရှိ ကြိုတင် စုံစမ်းပါရှင့် ...🥰

Singapore Airline မှာ လက်ရှိဆိုရင် လေယာဉ် အမျိူးအစားပေါင်း 180 ကျော်ဖြင့် destinations ပေါင်း 130 ကျော် worldwide ပြေးဆွဲပေးလျှက်ရှိနေပြီး Scoot Airline ဖြင့်လည်း Budget carrier အားဖြင့် partner ရှိနေပါတယ်.စင်ကာပူအခြေစိုက်အဲလိုင်းဖြစ်တဲ့အပြင် Star Alliance member ဖြစ်သည့်အတွက် စိတ်ချယုံကြည် စိတ်ချမ်းသာစေသည့် အဲလိုင်းဖြင့်လည်း အောင်မြင်စွာ ရပ်တည်နေတာကြာပြီနော်..

ကဲ့ ခရီးစဉ် များရှိရင် အဲလိုင်းကောင်းကောင်းလေးနဲ့ ပရိုမိုးရှင်းလည်း ရ စိတ်ချ ယုံကြည့်ရတဲ့အဲလိုင်းလေး ကို ကြိုဝယ်ထားဖို့ အကြံပေးအပ်ပါတယ်ရှင့်

သိချင်တဲ့ info များရှိလျင့် Page msg box တွင် စာချန်မေးလို့ ရပါတယ်နော်..မင့်က ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ မို့ အားတာနဲ့ ဖြေပေးပါမယ်ရှင့် ..🥰🥰

Sharing ,
Travel Zone

22/10/2023

မြန်မာပြည်တွင်းကားလက်မှတ်များလည်း Travel Zone Page မှာ စုံစမ်းလို့ရနေပါပြီနော်📣

MMBUS TICKET
ASIA DRAGON
ELITE
JJ Express
နဲ့ ဆိုင်တဲ့ ကားလက်မှတ် ပြေးဆွဲရာမြို့အလိုက် ဝယ်ယူပေးနေပါတယ်နော် ....
လိုအပ်သော ကားလက်မှတ်များအတွက် Page Messenger ကိုလာခဲ့ပေးနော်.

Travel Zone

ခရီးသည်များ သတိမပြုမိစေတတ်တဲ့ အရာတွေထဲမှာ ပတ်စပို့လ်အမျိုးအစား နဲ့ပတ်သက်တဲ့ infoလေး sharing လုပ်ချင်ပါတယ်..👇👇PJ?PV? ပြဿာ...
22/10/2023

ခရီးသည်များ သတိမပြုမိစေတတ်တဲ့ အရာတွေထဲမှာ ပတ်စပို့လ်အမျိုးအစား နဲ့ပတ်သက်တဲ့ infoလေး sharing လုပ်ချင်ပါတယ်..👇👇

PJ?PV? ပြဿာနာ🤔🤔

ပတ်စပိုလ့် စလျောက်စဉ်ကတည်းက သေချာဆုံးဖြတ်ရမည့် အချက်တစ်ခုကတော့ အလုပ်အကိုင်အတွက်သွားမှာလား? သို့ အလည်အပတ်ခရီးစဉ်များအတွက်လား ?

💢အလုပ်အကိုင် 👉👉 PJ type ပါ ။
💢အလည်အပတ် 👉👉PV type ပါ ။

စတင် ပတ်စပို့လ် ဖောင်ဖြည့်စဉ်ကတည်း ကိုယ့်ရွှေးချယ်သည့်အတိုင်း အမျိုးအစား ဖြစ်မှာပါ။ PJ type ဖြင့် ပတ်စပို့လ့် စာအုပ်များမှာ အလည်အပတ် သွားလို့မရပါ ( ဥပမာ = ဘန်ကောက်သို့ free visa ဖြင့် သွားမည့်ဆိုရင်တောင် အသွားအပြန် လက်မှတ်ပါသည်ဆိုကာမူ ရန်ကုန်လေဆိပ်မှာတင် ပေးမထွက်ပါရှင့် )

PV ပတ်စပို့လ်အမျိုးအစား သမားများအတွက်ကတော့ အလုပ်လုပ်မရပါ။ (တရားဝင်ကိုဆိုလိုပါသည်။ )

မှားယွင်းစွာဖြင့် PJပတ်စပို့ အမျိုးအစားမှ PV type ပြန်ပြောင်းလဲဖို့ရာမှာလည်း သက်တမ်းကုန်ဆုံးနေေသာ စာအုပ်ဖြစ်ခါမှ သွားရောက်ပြောင်းလဲရင်း ပြန်ချိန်းတာမျိုးအတွက်က အဆင်ပြေနိုင်ပါသေးတယ် ..စာအုပ်သက်တမ်း 5 နှစ်ကာလအတွင်း တော့ ပြန်ပြောင်းလဲဖို့အတွက်မှာတော့ အခုခေတ် အခြေအနေ အရ လွယ်ကူနိင်မည့် မဟုတ်သောကြောင့် သတိပြုဖွယ်ရာပါ။

တစ်ခြားသတိပြုစရာများနှင့်ခရီးသွားဆိုင်ရာ info များအား sharing လုပ်ပေးနေမှာမို့ Page လေးကိုလည်း Like and Share လေး လုပ်ပေးကြပါအုံးနော်...🥰

ချစ်တဲ့
Travel Zone

ဒီအပတ်တော့ ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းမှာ ကိုယ့်ဝန်ဆောင်မိခင်များ သိသင့်တဲ့ အကြောင်းအရာလေးကို မင့်မင် က တင်ပေးချင်ပါတ...
22/10/2023

ဒီအပတ်တော့ ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းမှာ ကိုယ့်ဝန်ဆောင်မိခင်များ သိသင့်တဲ့ အကြောင်းအရာလေးကို မင့်မင် က တင်ပေးချင်ပါတယ် ....

ယခုလက်ရှိပြေးဆွဲနေတဲ့ အဲလိုင်းများစွာထဲမ MAI အဲလိုင်းကိုအခြေခံတဲ့ အချက်လေးကို ဖော်ပြပေးမယ်နော်..အဲလိုင်းတစ်ခုနဲ့ တစ်ခုအလိုက်ပျဉ်းမ အားဖြင့် တူညီတာများပါတယ်..သို့ပေမယ် ကိုယ့်ရွှေးချယ်မည့်အဲလိုင်း Ruleကိုတော့ အဓိကထားပြီး စစ်ဖို့တော့လိုအပ်ပါမည်။

✈️ Myanmar Airways International လေကြောင်းလိုင်းဖြင့် ခရီးသွားမည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုက်နာရမည့်အချက်အလက်များကိုဖော်ပြပေးလိုက်ပါတယ်✈️

💢ကိုယ်ဝန် (၀ ပတ် မှ ၂၈ ပတ်) အထိ ဆိုလျှင် ဆရာဝန်ပြထားသော ဆေးမှတ်တမ်း (သို့မဟုတ်) သတ်မှတ်ထားသော ဆေးရုံများမှ Fit to Fly ဆေးထောက်ခံစာလိုအပ်ပါသည်။

💢ကိုယ်ဝန် (၂၈ ပတ် မှ ၃၅ ပတ်) အထိ ဆိုလျှင် သတ်မှတ်ထားသော ဆေးရုံများမှ Fit to Fly ဆေးထောက်ခံစာလိုအပ်ပါသည်။

💢ကိုယ်ဝန် (၃၅ ပတ် အထက် မှ ၃၆ ပတ်) အထိ ဆိုလျှင် ဆရာဝန် (သို့မဟုတ်) သူနာပြု တစ်‌ေယာက် လိုက်ပါရမည်။

💢ကိုယ်ဝန် ၃၆ ပတ် နှင့်အထက် ဖြစ်ပါက လေယာဉ်စီးနှင်းခွင့် (လုံးဝ) မပြုပါ။

အထက်ဖော်ပြပါ အချက်လေးတွေက အဓိက ကျပါတယ်နော်..ကဲ...ချစ်ရတဲ့ ခရီးသွားများလည်း ခရီးသွားအကြောင်းအရာလေးတွေ အမြဲလိုလို တင်ပေးနေမှာမို့ Page လေးကို Like and Share လေးလုပ်ထားပေးပါအုံးနော်..

ချစ်ရတဲ့ Travel Zone Page လေးကကြိုဆိုပါတယ်ရှင့် 🥰🥰🥰
*ပုံလေးကတော့ Thai Airways ရဲ့ Info လေးကူယူဖော်ပြပေးထားပါတယ်*

ခရီးသွားသိမှတ်ဖွယ်ရာ Page လေးကို ပစ်ထားမိတာကြာပြီ..အခုမှ စာရေးဖြစ်တော့တယ်😅..မင့်လည်း အလုပ်တစ်ဖက်နဲ့ နပန်းလုံးနေရတာ ကြာပီ...
15/10/2023

ခရီးသွားသိမှတ်ဖွယ်ရာ Page လေးကို ပစ်ထားမိတာကြာပြီ..အခုမှ စာရေးဖြစ်တော့တယ်😅..မင့်လည်း အလုပ်တစ်ဖက်နဲ့ နပန်းလုံးနေရတာ ကြာပီကွယ်.😇..ပိတ်ရက်လေးတွေ. မိုးလေကင်းလွတ် သီတင်းကျွတ် ရောက်ခံနီးမှ ပေါ်လာမိတော့တယ်...ခိုမားဝေါ🥰

ခရီးသွားရာသီကာလ ကို တစ်ဖြေးဖြေး ရောက်လာတော ဘယ်တွေများသွားဖို့ စီစဉ်နေကြပြီလည်းလို့ .. မင့်ကတော့လေ အလုပ်တွေ နပန်းလုံးနေတဲ့ကြားက ခရီးသွားချင်စိတ်က ဒီကာလဆို ထကြွလာပြီ..😛😛 မင့်လို့ပဲ ခရီးသွားချင်စိတ်က ရှိတယ် ဘာမှလည်း မစီစဉ်ရသေးဘူးဆိုတဲ့ ချစ်သောတို့ရေ တူတူ ဘယ်သွားကြမလည်း စဉ်းစားကြရအောင်..

ကမ်းခြေ မှာ အပန်းဖြေမလား...🌊🌊🏖
တောင်တန်းတွေရှိ ခြေဆန့်မလား..🏞
ကလော,ပြင်ဦးလွင်မှာ အအေးဓာတ်လေးတွေ သွားခံစားမလား❄️❄️
ပုဂံမှာ နေဝင်ဆည်းဆာ သွားကြည့်မလား🥰
နီးနီးနားနား ဘန်ကောက်သွားလည်မလား😛

ပြောပေးအုံး..မင့်ကတော့ ကိုယ့်သွားချင်တာ ကိုယ့်ရေးတာ..ဟိ😁

အဓိက အကြောင်းအရာ ကအခုမှ လာမှာ..သီတင်းကျွတ်ပိတ်ရက်အတွက် သွားမယ်ဆို အခုစီစဉ်ရင်တောင် အတော်လေး နောက်ကျနေပြီ ဆိုရမယ်..တော်တော်များများ ခရီးသည်တွေက စီစဉ်နေကြပြီးပြီလေ..မင့်လို့မျိူး ခရီးတော့ သွားချင်တယ်အခုထိ အစီစဉ် မဆွဲရသေးတဲ့ သူတွေအတွက် ကို မင့်က အကြံပေးချင်တာ သွားလာရေးအတွက် ပြည်တွင်းဆို ကိုယ့်ကားနဲကိုယ့် (သို့) ခရီးသွားကား အဆင်ပြေခဲ့တောင် ဟိုတယ်ကိုတော့ ကြိုချိတ်ထားဖို့လိုပြီနော်..တည်းချင်တဲ့ အခန်းမရတာမျိုး ဖြစ်နိုင်ပါတယ်..နောက်တစ်ခုက ပြည်ပ အတွက်ဆို လေယာဉ်လက်မှတ်ဈေးနှုန်းတွေက ဈေးမြင့်တဲ့ ခုံနေရာမျိးတွေမှာပဲ ရှိနေတော့တာမို့ ခရီးသွားဌာနတွေကို ကြိုချိတ်ပြီး ဘွတ်ကင် ယူတာမျိုးတော့ လုပ်ထားတော့နော်. မင့် ကူညီပေးနိုင်တာက ပြည်တွင်းပြည်ပ လက်မှတ်ဈေးနှုန်း ကို ရှာဖွေပေးတာမျိူး ကူညီပေးနိုင်တာမို့ သိချင်တာမျိုး ရှိရင် page chat box မှာ ပို့ ထားပေးနော်..ကူညီရှာဖွေ ပေးမယ်..တကယ်🤟

အားလုံး သီတင်းကျွတ်ပိတ်ရက်မှာ ပျော်ရွင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ့တယ်..page လေးကိုလည်း ပို active ဖြစ်အောင် ကြိုးစားမှာမို့ ချစ်သောလေးတို့လည်း အမြဲ စောင့်ကြည့်ပေးနော်🥰🥰

ခရီးသွားချင်နေတဲ့မင့်မင်☺️

အခုလာမည့် 16ဇူလိုင်က စတင်ပြီး မြန်မာနိုင်ငံကို Thai Airways (TG) မှ ပြန်လည်ပြေးဆွဲတော့မည် ဆိုတာ သိပြီးကြပြီလား?? Thai Ai...
09/07/2023

အခုလာမည့် 16ဇူလိုင်က စတင်ပြီး မြန်မာနိုင်ငံကို Thai Airways (TG) မှ ပြန်လည်ပြေးဆွဲတော့မည် ဆိုတာ သိပြီးကြပြီလား??

Thai Airways လေကြောင်းလိုင်းသည် ကိုဗစ်ကာလ အတွင်းမြန်မာပြည်မှ ပြေးဆွဲနေသာခရီးစဉ်များ ရပ်စဲပြီး ပိတ်သိမ်းသွားခဲ့တာ ယခုဆို 2နှစ်ကျော်ကာလ ရှိခဲ့ပါပြီနော်.
ယခု လက်ရှိ Thai airways ပြန်လည်ပြေးဆွဲနေသော Destinations ပေါင်း 60ကျော်ရှိတာမို့ ယခုလို့ မြန်မာနိုင်ငံသို့ Thai Airways လေကြောင်းလိုင်း ပြန်လည် ပြေးဆွဲခြင်းကြောင့် ခရီးသည်များ နောက်ဆက်ထွက်မည့် ခရီးစဉ်များအတွက် များစွာ အဆင်ပြေသွားတာမို့ သတင်းကောင်းပါနော်..ချစ်သောလေးများ သိရှိအောင် လာပြောပြတာပါလို့ :)

ပြည်တွင်းခရီးစဉ်များကို လေကြောင်းလိုင်းဖြင့် သွားလာနေတဲ့ ခရီးသည်များအတွက်ကို ရည်ရွယ်ပြီး လက်ရှိကာလ ခရီးသွားလိုအပ်ချက်လေး...
02/07/2023

ပြည်တွင်းခရီးစဉ်များကို လေကြောင်းလိုင်းဖြင့် သွားလာနေတဲ့ ခရီးသည်များအတွက်ကို ရည်ရွယ်ပြီး လက်ရှိကာလ ခရီးသွားလိုအပ်ချက်လေးတွေကို မင်မင့်က ဖော်ပြပေးချင်ပါတယ်နော်☺️

အမေးများတဲ့မေးခွန်းများ💁‍♀️💁‍♀️

ယခုကာလ ခရီးသွားဖို့ရာ မှတ်ပုံတင်က မဖြစ်မနေပါရှိမှ လေကြောင်းလိုင်းများမှ စီးခွင့်ပြုထားပါတယ်။

ကိုဗစ်အလွန်ကာလဟု သက်မှတ်ထားသော်ငြားလည်း ကိုဗစ် အကြိမ်ရေပြည့်ဆေး ထိုးနံထားကြောင်း Certificated ပါရှိရပါမည်။ ဆေးမထိုးရသေးသည့် ခရီးသည်များအနေဖြင့် လည်း RDT test ( within 48hrs ) အတွင်းဆေးစစ် စာရွက် ပါရှိဖို့ လိုအပ်နေသေးပါတယ် ( ချွင်းချက် အနေဖြင့် မှတ်ပုံတင် + လေယာဉ်လက်မှတ်တစ်ခုတည်းဖြင့် လည်း စီးခွင့်ပြုနေသည် များရှိလာနေတာကိုလည်း တွေ့နေရပါသည် ။) တရားဝင်အားဖြင့် Rules က ပယ်ဖျက်ထားခြင်းမရှိသေးတာကြောင့် ဆေးထိုးစာရွက်တော့ ယူသွားဖို့ပဲ အကြုံပြုပါရစေနော်..

နောက်တစ်ချက်အားဖြင့် လေယာဉ်လက်မှတ် ပေါ့နော် ... ဒါ့ကလည်း ပြည်တွင်း ခရီးဆိုပေ့မယ် လေကြောင်းခရီးသွားရက်အားဖြင့် ဝယ်လိုအားများသည့်ရက်အလိုက် ဈေးနှုန်း သက်သာဖို့ရာ နှင့် ကိုယ့်လိုချင်သည့်ရက်ကို ရရှိနိုင်ဖို့ ကြိုတင်ဝယ်ယူဖို့ လိုအပ်ပါတယ်နော် ..ယခုကာလ ပြည်တွင်းပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းများ ဆိုရင် ,

✈️ AIR KBZ (Air Kanbawza )

✈️MNA (Myanmar National Airline )

✈️MYP (Manyadanarpone Airline )

✈️ AIR THANLWIN

လေကြောင်းလိုင်းတွေ ပြေးဆွဲပေးနေလို့ ခရီးသည်များအတွက် အဆင်ပြေ ကြိုက်နှစ်သက်တဲ့ လိုင်းကိုရွေးချယ်လို့ရတယ်နော်..☺️

အဲလိုင်းတစ်ခုခြင်းစီအရ Kilo 20 ( Economy / ရိုးရိုးတန်း ) နှင့် Kilo 30 ( Business / အထူးတန်း ) သယ်ဆောင်ခွင့်ပြုထားပါတယ်နော်..🧳🧳

နောက်ဆုံး အရေးကြီးအချက်ဖြင့် ကိုယ့်သွားမည့် ခရီးစဉ်အချိန် လေယာဉ်ထွက်ခွာချိန် မတိုင်မှီ 1:30 ထက်တော့ မနောက်ကျပဲ သက်ဆိုင်ရာ လေကြောင်းကောင်တာကို သွားရောက်ဖို့ပါနော်.. သူငယ်ချင်းတို့ရေ.. ပြည်တွင်းခရီးစဉ်တိုင်းမှ လေကြောင်းလိုင်းများမှ လေယာဉ်ထွက်ခွာချိန် မတိုင်မှီ 45မိနစ်အလို ကောင်တာပိတ်တာမို့ ကောင်တာပိတ်မှ ရောက်သွားခဲ့လျှင်တော့ လိုက်ပါခွင့်ပြုမှ မဟုတ်လို့ပါနော် .. ❗️❗️


ကဲ..ဒီနေ့တော့ သတိပြုစရာလေးတွေ ကို စိတ်ထဲပေါ်သမျှ တင်ပေးလိုက်တယ်နော်...သူငယ်ချင်းတို့ လည်း သိချင်တာရှိရင် Page Messenger မှ မေးလို့ရပါတယ် ..မင်မင့်ဘက်ကလည်း သိနားလည်သမျှ အကြုံပေးဖို့ ရှိနေမှာပါလို့ .. 😘😘

MAI Monsoon Promotion က extend ထပ်တိုးထားသေးတယ်နော်...15Jul2023  အထိကို ရောင်းချခွင့်ပေးထားပြီး ခရီးသွားကာလကတော့ 28Oct20...
02/07/2023

MAI Monsoon Promotion က extend ထပ်တိုးထားသေးတယ်နော်...15Jul2023 အထိကို ရောင်းချခွင့်ပေးထားပြီး ခရီးသွားကာလကတော့ 28Oct2023 အထိပေးထားတာတော့ သတိပြုစေချင်ပါတယ်လို့😊☺️😊

✅ International: From only USD 57

✅ Sales Period: 01 Jul to 15 Jul 2023

✅ Travel Period: 01 Jul to 28 Oct 2023

ဒီရက်ပိုင်းအတွင်း ခရီးသွား အများစု အလိမ်အညာ PAGE တွေရဲ့ လိမ်လည်ခြင်းကို ခံနေရတာ ခဏခဏ မင်မင့်တွေမြင်နေရလို့ သူငယ်ချင်းတို...
29/06/2023

ဒီရက်ပိုင်းအတွင်း ခရီးသွား အများစု အလိမ်အညာ PAGE တွေရဲ့ လိမ်လည်ခြင်းကို ခံနေရတာ ခဏခဏ မင်မင့်တွေမြင်နေရလို့ သူငယ်ချင်းတို့လည်း သတိပြုမိစေရန် တင်ပေးလိုက်တယ်နော် ..အထူးဂရုပြုကြပါနော်‼️
နံမည်ရပြီးသားဖြစ်တဲ့ Travel Agency များရဲ့ နံမည် နဲ့ စာသားများကို အသုံးပြုပြီး ယုံကြည့်မူရအောင် ယူပြီး လိမ်လည်နေတာမို့ မဝယ်ခင်သေချာ စစ်ဆေးပြီးမှ အွန်လိုင်းမှ ဝယ်ယူခြင်းကို လုပ်စေချင်ပါတယ် သူငယ်ချင်းတို့ရေ ❗️

လက်ရှိ MAI လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲနေတဲ့ နိုင်ငံအလိုက်/မြို့ များသို့ ပုံပါအချိန်ဇယားတိုင်း ပြေးဆွဲပေးနေတယ်နော...
29/06/2023

လက်ရှိ MAI လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲနေတဲ့ နိုင်ငံအလိုက်/မြို့ များသို့ ပုံပါအချိန်ဇယားတိုင်း ပြေးဆွဲပေးနေတယ်နော်✈️✈️

MAI အဲလိုင်းက MONSOON ပရိုမိုးရှင်းချထားတာ...မနက်ဖြန် ဝယ်ယူခွင့်ပေးထားတာ နောက်ဆုံးရက်မို့ ခရီးသွားချစ်သူတွေ လက်မှတ်ခ သက်...
29/06/2023

MAI အဲလိုင်းက MONSOON ပရိုမိုးရှင်းချထားတာ...မနက်ဖြန် ဝယ်ယူခွင့်ပေးထားတာ နောက်ဆုံးရက်မို့ ခရီးသွားချစ်သူတွေ လက်မှတ်ခ သက်သက်သာသာ ရဖို့နဲ့ ခရီးသွားဖို့ အစီအစဉ် ရှိရင် နောက်မကျတန်း စိတ်ချရတဲ့ ခရီးသွား Travel agency ကို သွားလိုက်တော့နော်...ခရီးသွားကာလက အောက်တိုဘာအထိ ပေးထားတော့ ပျော်ပီလေ🥰🥰✈️✈️

ခရီသွားရတာကို ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတို့အတွက် ရည်ရွယ်ပြီး Travel Zone ခရီးသွားဆိုင်ရာ Page လေးကို ဖွင့်လိုက်ပါတယ်နေ...
29/06/2023

ခရီသွားရတာကို ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတို့အတွက် ရည်ရွယ်ပြီး Travel Zone ခရီးသွားဆိုင်ရာ Page လေးကို ဖွင့်လိုက်ပါတယ်နော်..ဒီ Page လေးကနေမှ လေကြောင်းလိုင်းဆိုင်ရာ ခရီးသွားကန့်သက်ချက်များအပြင် ခရီးသွားများအတွက် ပရိုမိုးရှင်းတွေချပေးနေတဲ့ အဲလိုင်း Info တွေကို မျှဝေပေးသွားမှာမို့ ခရီးသွားရတာ ချစ်တဲ့ သူငယ်ချင်းတို့အတွက်လည်း Like and Share လေး လုပ်ပေးကြပါအုံးနော်...

Address

Yangon

Telephone

+959420506046

Website

Alerts

Be the first to know and let us send you an email when Travel Zone ခရီးသွားလာခြင်း သိမှတ်ဖွယ်ရာ - Air tickets and information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel Zone ခရီးသွားလာခြင်း သိမှတ်ဖွယ်ရာ - Air tickets and information:

Share

Category