Innovative Travels & Tours

Innovative Travels & Tours ပျော်ရွှင်စရာ အမှတ်တရလေးတွေ ဖန်တီး?

ယခုဘဲ ဖုန်းဆက်လိုက်ပါ
22/02/2020

ယခုဘဲ ဖုန်းဆက်လိုက်ပါ

ကဲmodel ဘယ်လောက်လဲ မေးနေကြတဲ့ customer များအတွက် 2019 december မှ ထုတ်လုပ်ထားတဲ့ toyota hiace ကားဖြင့် နွေရာသီ ကျောင်းပိ...
22/02/2020

ကဲmodel ဘယ်လောက်လဲ မေးနေကြတဲ့ customer များအတွက် 2019 december မှ ထုတ်လုပ်ထားတဲ့ toyota hiace ကားဖြင့် နွေရာသီ ကျောင်းပိတ်ရက် ခရီးစဉ်လေးများအား အထူးစီစဉ်ဆောင်ရွက်ပေးနေပါပြီ ကြိုတင်စာရင်းပေးသွင်းထားမှ စိတ်ချရမှာနော်
09448346464
09689146722 သို့ ဟယ်လိုလေးသာ တစ်ချက်လုပ်လိုက်ပါ လူကြီးမင်းသွားချင်သော ခရီးအား အဆင်ပြေပြေ သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါမည်ခင်ဗျာ

၁၄.၂.၂၀၂၀ မှ ၁၇.၂.၂၀၂၀ အထိ အလုပ်ကိစ္စ လှည့်လည် ကြည့်ရှုရန် ရန်ကုန် မှ ပြည် ... ပြည် မှ မန္တလေး သို့ ငှားရမ်းအသုံးပြုပေးပ...
18/02/2020

၁၄.၂.၂၀၂၀ မှ ၁၇.၂.၂၀၂၀ အထိ အလုပ်ကိစ္စ လှည့်လည် ကြည့်ရှုရန် ရန်ကုန် မှ ပြည် ... ပြည် မှ မန္တလေး သို့ ငှားရမ်းအသုံးပြုပေးပါသော YTO မှ လူကြီးမင်းများ အား ကျွန်တော် တို့ Innovative မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏

ဘာပဲလိုလို ဘယ်နေရာပဲသွားသွား Innovative ကိုသတိရလိုက်ပါ 😊😊😊

Ph.09448346464

8.2.2020 ရွှေစက်တော် ၁ည အိပ် ၂ ရက်ခရီးစဥ်အား ယုံကြည်စိတ်ချစွာ ငှားရမ်းအသုံးပြုပေးပါသော Mingalar Company Limited မှ အကိုက...
11/02/2020

8.2.2020 ရွှေစက်တော် ၁ည အိပ် ၂ ရက်ခရီးစဥ်အား ယုံကြည်စိတ်ချစွာ ငှားရမ်းအသုံးပြုပေးပါသော Mingalar Company Limited မှ အကိုကြီး မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏

ကျွန်တော်တို့ Innovative မှ လူကြီးမင်းတို့ သွားလိုသော ခရီးစဥ်များကို စျေးနှုန်းသက်သာစွာဖြင့် လိုက်လံပို့ဆောင်ပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ 😊😊😊

https://www.facebook.com/INNVT/

4.2.2020 Airport Transfer 🛫🛫🛫 Thanks alot my fri and good luck for your job 🙏🙏🙏
04/02/2020

4.2.2020 Airport Transfer 🛫🛫🛫
Thanks alot my fri and good luck for your job 🙏🙏🙏

03/02/2020

သန်လျှင်ဘက်က ထူးထူးခြားခြားနေရာများ

ပိတ်ရက်လေးမှာ ဝေးဝေးလံလံ မဟုတ်ဘဲ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင် သွားချင်သူများအတွက် သန်လျှင်မြို့ရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့နေရာလေးတွေ ပြောပြထားတယ်နော်…
တညင်လို့ခေါ်ကြတဲ့ သန်လျှင်က ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမှာတင်ဆိုတော့ သွားရလာရတာ သိပ်လွယ်ကူတာပေါ့။ ရန်ကုန်ကနေ တစ်နာရီလောက်မောင်းရင်ရသလို နေ့တ၀က်လောက် သွားလည်လိုက်ရင်ကို သန်လျှင်မြို့အနှံ့ ရောက်နေပါပြီ။

သန်လျှင်ဆိုတာ

ဟိုးအရင်ကတည်းက သင်္ဘောဆိပ်မြို့ဖြစ်ပြီး မလက္ကာနဲ့ ရေကြောင်းအဆက်အသွယ်ရှိလို့ ၁၄ရာစုနဲ့ ၁၇ရာစုအကြား မြန်မာနိုင်ငံရဲ့အဓိက သင်္ဘောဆိပ်မြို့နဲ့ ကူးသန်းရောင်း၀ယ်ရေးမြို့ဖြစ်ခဲ့တာပေါ့။ ကိုလိုနီခေတ်က ရေနံချက်စက်ရုံတွေလည်းရှိလို့ အတော်ကြီးစည်ကားခဲ့တဲ့မြို့ပေါ့။ အခုလည်း သီလဝါဆိပ်ကမ်းရှိလို့ရယ် ရန်ကုန်မြို့ကနေသွားလာရလွယ်ကူတာရယ်ကြောင့် အတော်ကြီးကို စည်ကားလှပါတယ်။

သန်လျှင်မြို့က ရန်ကုန်နဲ့ ပဲခူးမြစ်ဆုံရာနေရာမှာတည်ရှိပြီး အတိအကျပြောရမယ်ဆိုရင် ပဲခူးမြစ်တောင်ဘက်ကမ်းမှာ ရှိပါတယ်။ ရန်ကုန်နဲ့ သန်လျှင်ကို တံတား ၂စင်းနဲ့ဆက်သွယ်ထားလို့ သွားလာရလည်းလွယ်ကူပါတယ်။ သန်လျင်တံတားက ၁.၅မိုင်ရှည်လို့ မြန်မာကအရှည်ဆုံးတံတားတွေထဲက တစ်စင်းပေါ့။ ခုတလောတော့ သန်လျင်ဘက်က လမ်းတွေ အကြီးစားပြင်ဆင်နေတာမို့ လမ်းတော့ အတော်ကျပ်ပါတယ်။ ကားကျပ်လွန်းလို့ အပြန်ကို နောက်တံတားဘက်ကနေပတ်ပြန်ခဲ့ရပါတယ်။ လမ်းကောင်းသွားရင်တော့ ရှယ်ပဲပေါ့။
ကဲ… သန်လျှင်မှာ ဘယ်တွေလည်ကြမလဲ ကြည့်ကြရအောင်

1. ကျိုက်ခေါက်စေတီ

ဆံတော်ရှင် ကျိုက်ခေါက်စေတီကတော့ သန်လျင်မြို့အစွန်းနားမှာရှိပါတယ်။ ကျောက်တန်းသွားတဲ့ လမ်းမကြီးရဲ့ ညာဘက် ဥတ္တရင်္ဂကုန်းတော်ပေါ်မှာ တည်ထားတာပါ။ YBS နဲ့လာမယ်ဆိုရင် (၃၁) သန်လျင် (အရှေ့ပိုင်းတက္ကသိုလ် - ဗိုလ်တထောင်ဈေးလမ်း) ကားကိုစီးပြီး ဘုရားမှတ်တိုင်မှာဆင်းရမှာပါ။ ကျိုက်ခေါက်စေတီပေါ်တက်ဖို့ ကားလမ်းဘေး အရှေ့ဘက် မုခ်မှာ ဓာတ်လှေကားရှိပါတယ်။ ဘေးကပ်ရပ်မှာ ဓာတ်လှေကားအသစ်တစ်စီး ထပ်မံဆောက်လုပ်လှူဒါန်းထားတာကိုလည်း တွေ့ရပါတယ်။ ကျိုက်ခေါက်စေတီတော်ပေါ်ကနေ ပဲခူးမြစ်နဲ့ သန်လျှင်မြို့ရှုခင်းတွေကိုလည်း လှမ်းမြင်ရပါတယ်။

သန်လျှင်ကို မွန်လူမျိုးတို့ ကြီးစိုးခဲ့တာကြောင့် ရှေးမွန်လူမျိုးတို့ရဲ့ ဗိသုကာလက်ရာတွေလည်း တွေ့မြင်နိုင်ပါတယ်။ စေတီအမျိုးအစားက တိုက်စေတီအမျိုးအစားဖြစ်ပြီး စေတီပုံက ရွှေတိဂုံဘုရားနဲ့ ဆင်တူပါတယ်။ စေတီရဲ့ ဥာဏ်တော်က၂၃၃ပေရှိပြီး ဖိနပ်တော်အဝန်းက ပေ၉၀၀ ရှိပါတယ်။ စေတီမှာ ဗုဒ္ဓဆံတော် ၆ဆူရယ်၊ သီရိလင်္ကာကနေ ပင့်ဆောင်လာတဲ့ နဖူးသင်းကျစ်ရိုးရယ်နဲ့ ဓာတ်တော်တွေကို ဌာပနာထားပါတယ်။

ကျိုက်ခေါက်စေတီကို သာသနာသက္ကရာဇ် ၂၄၁ခုနှစ်က သထုံဘုရင် စူဠသီရိအာသောကမင်းနဲ့ အရှင်ခေါလကမထေရ်တို့ တည်ခဲ့တာဖြစ်ပြီး ခေါလကမထေရ်ကို အစွဲပြုပြီး ခေါလကဘုရားလို့ခေါ်ကြပါတယ်။ အချိန်ကာလရွေ့လျားလာတဲ့အခါမှာတော့ ခေါက်စေတီ၊ ကျိုက်ခေါက်စေတီ ဆိုပြီး ဘွဲ့အမည် အဆင့်ဆင့် ပြောင်းလဲခဲ့တာပါ။ ကျိုက်ခေါက်ဘုရားပွဲကို နှစ်စဉ် တပို့တွဲလပြည့်နေ့မှာ ကျင်းပလေ့ရှိပြီး အတော်စည်ကားတယ်လို့ သိရပါတယ်။

2. နတ်သျှင်နောင် အထိမ်းအမှတ် ဂူဘုရား

ကျိုက်ခေါက်ဘုရား မြောက်ဘက်မုခ် ကျိုက်ခေါက်ဘိုးဘိုးကြီးစောင်းတန်းကနေ ဆင်းလိုက်ရင် ဘယ်ဘက်မှာ နတ်သျှင်နောင်ဂူဘုရားကိုတွေ့မြင်ရမှာပါ။ နှစ်ပေါင်း ၄၀၀ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်းဂူဘုရားကြီးကို အများစုက မသိလိုက်ဘဲ ကျော်သွားတတ်ကြပါတယ်။
နတ်သျှင်နောင်ဆိုတာ ရတုအကျော်အမော် တောင်ငူဘုရင်ပေါ့။ လက်ရုံးရည် နှလုံးရည်နဲ့ပြည့်စုံလှတဲ့ မင်းတစ်ပါးဖြစ်ပြီး သူ့ခေတ်သူ့အခါက ရတုကဗျာပေါင်းများစွာကို ဖွဲ့နွဲ့ခဲ့ပါတယ်။ လက်ရုံးရည်မှာလည်း ဖခင်အရိုက်အရာ ဆက်ခံနိုင်တဲ့အထိ တိုက်ရည်ခိုက်ရည်ရှိလှပါတယ်။ ကျိုက်ခေါက်ဘုရားကို တိုင်တည်ပြီးလည်း ဘုရားတိုင်ရတုတွေ ရေးဖွဲ့ခဲ့ဖူးတယ်တဲ့လေ။

နတ်သျှင်နောင်နဲ့ ဓာတုကလျာဆိုတာကိုလည်း ကြားဖူးကြမှာပါ။ မောင်လေးနဲ့ မမကြီးဇာတ်ပေါ့။ နတ်သျှင်နောင်က သူ့ထက် အသက်၁၉နှစ်တောင်ကြီးတဲ့ ဓာတုကလျာကို သိပ်ချစ်တာပဲတဲ့လေ။ ဓာတုကလျာက ဟံသာ၀တီအိမ်ရှေ့စံမင်းကြီးစွာရဲ့ အိမ်ရှေ့စံမိဖုရားဖြစ်ပြီးတော့ မင်းကြီးစွာရဲ့စျာပနာပွဲမှာ နတ်သျှင်နောင်က စတွေ့ခဲ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါတဲ့။ အဲ့နောက်ပိုင်း ကဗျာတွေ၊ ရတုတွေဖွဲ့ပြီး မမကြီးရဲ့ အချစ်တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်တဲ့လေ။

နတ်သျှင်နောင်မှာ ဒီလို ကြည်နူးဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းရှိသလို ကြေကွဲစရာဇာတ်လမ်လေးလည်းရှိပါတယ်။
နတ်သျှင်နောင်ကို ၁၅၇၈ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားရဲ့ မြေးတော်၊ တောင်ငူဘုရင် မင်းရဲသီဟသူရဲ့ သားတော် ဖြစ်ပါတယ်။ ဖခမည်းတော်နတ်ရွာစံပြီးနောက် တောင်ငူထီးနန်းကို သီဟသူရဘွဲ့အမည်နဲ့ ဆက်ခံခဲ့ပါတယ်။ နန်းတက်ပြီးနောက်တစ်နှစ်မှာပဲ တောင်ငူကို ညီအစ်ကိုဝမ်းကွဲတော်စပ်တဲ့ အင်းဝဘုရင် အနောက်ဘက်လွန်မင်းက ၀င်တိုက်တာကြောင့် စစ်ရှုံးပြီး အင်း၀လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အနောက်ဘက်လွန်မင်းက နတ်သျှင်နောင်ကို တောင်ငူမြို့စားရာထူး ပေးအပ်ခဲ့ပေမဲ့ ဘုရင်အဖြစ်ကနေ မြို့စားရာထူးကျသွားလို့ မကျေနပ်ခဲ့ဖူးတဲ့လေ။

နောက်ပိုင်းမှာ သံလျင်မြို့စား ပေါ်တူဂီလူမျိုး ငဇင်ကာနဲ့ ပေါင်းမိပြီး တောင်ငူကို ပြန်ယူဖို့ အင်း၀ဘုရင်ကို ပုန်ကန်ခဲ့ပါတယ်။ ပုန်ကန်မှုမအောင်မြင်လို့ သန်လျင်ကို ငဇင်ကာနဲ့ လိုက်သွားခဲ့ပါတယ်။ အင်း၀ဘုရင်က သန်လျှင်ကို သိမ်းပိုက်ပြီး ငဇင်ကာကို သေဒါဏ်ပေးခဲ့ကာ နတ်သျှင်နောင်ကိုတော့ သူ့လက်အောက်သစ္စာပြန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ နတ်သျှင်နောင်က ထီးပြိုင်နန်းပြိုင်ဖြစ်ခဲ့ဖူးတဲ့ အနောက်ဘက်လွန်မင်းထံ လက်အောက်မခံလိုဘူးတဲ့လေ။ အဲ့ဒီတော့ ၁၆၁၂ခုနှစ်တွင် သံလျင်မြို့လယ်မှာ စံပြအဖြစ် တံကျင်ထိုးပြီး ရက်စက်စွာ ကွပ်မျက်ခံခဲ့ရပါတယ်တဲ့လေ။ နတ်သျှင်နောင်ရဲ့ ရုပ်အလောင်းကို ညီတော်တောင်ငူမင်းရဲကျော်ထင်က သဂြိုဟ်ခွင့်ရခဲ့ပြီး နတ်သျှင်နောင်အုတ်ဂူအတွင်းမှာ သူ့ရဲ့အရိုးပြာအိုးရှိတယ်လို့ သိရပါတယ်။

3. ၀န်ကြီးပဒေသရာဇာ အုတ်ဂူ

နတ်သျှင်နောင်အုတ်ဂူကနေ ဆက်ဆင်းသွားရင် မင်းနန္ဒာကန်ကို တွေ့ရပါလိမ့်မယ်။ အခုအခါမှာတော့ ရေတွေ ခန်းခြောက်နေပြီပေါ့။ အဲ့ကနေဆက်ဆင်းသွားရင် ဘုရားစောင်းတန်းအဆုံးရောက်ပြီး လမ်းမပေါ်ရောက်ပါမယ်။ လမ်းမအတိုင်း ဆက်လျှောက်သွားရင် ခပ်လှမ်းလှမ်းအရောက် လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ အုတ်တံတိုင်းတွေ ခတ်ထားတဲ့ ၀န်ကြီးပဒေသရာဇာ အုတ်ဂူကိုတွေ့ရပါလိမ့်မယ်။

ဝန်ကြီးပဒေသရာဇာဆိုတာ ပျို့၊ ကဗျာ၊ လင်္ကာ၊ ဘွဲ့၊ ကြိုး များကို ထူးခြားပြောင်မြောက်စွာ ရေးသားနိုင်ခဲ့တဲ့ နာမည်ကြီးဂီတစာဆိုတစ်ဦးပေါ့။ ကျေးလက်တောရွာဓလေ့အဖွဲ့တွေမှာ ပိုင်နိုင်ပြီး ထန်းတက်သမားဖွဲ့တျာချင်းကို ရေးခဲ့တဲ့ စာဆိုတော်ပုဂ္ဂိုဟ်လည်းပဲ ဖြစ်ပါတယ်။
ဝန်ကြီးပဒေသရာဇာရဲ့ မွေးရပ်ဇာတိက အင်းဝမြို့ပါ။ ဒုတိယအင်းဝခေတ် အင်္ဂါမင်းလက်ထက်ကနေ ကြာသပတေးမင်းလက်ထက်အထိ မင်းဆက်လေးဆက်တိုင်အောင် နန်းတွင်းစာဆိုအဖြစ် အမှုတော်ထမ်းခဲ့သူဖြစ်ပြီး လက်ဝဲရွှေတောင် ဘယကျော်သူ၊ မင်းရဲမင်းလှကျော်ထင် စတဲ့ဘွဲ့တော်တွေ ချီးမြှင့်ခံခဲ့ရပါတယ်။

4. ပေါ်တူဂီ ဘုရားကျောင်းပျက်ကြီး

သန်လျှင်တံတားဆင်းဆင်းချင်း ကားလမ်းညာဘက် BOC ၀င်းထဲမှာ ပေါ်တူဂီ ဘုရားကျောင်းပျက်ကြီးရှိပါတယ်။ ကားလမ်းညာဘက် CNG Gas ဆိုင်ဘေးရှိ ရှင်မွေ့နွမ်းလမ်း ကနေဝင်ပြီးရင် ဂုံးအပေါ်မှာရှိပါတယ်။ YBS စီးလာမယ် ဆိုရင်တော့ လက်မှတ်ဂိတ် မှတ်တိုင်မှာ ဆင်းရမှာပါ။ ရှင်မွေ့နွမ်းလမ်းထိပ်မှာ အမှတ်(၁)ရေနံချက်စက်ရုံ ဆိုင်းဘုတ်လည်းရှိပါတယ်။

ဘုရားကျောင်းက ပေါ်တူဂီလက်ရာ ရိုမန်ကက်သလစ်ဘုရားကျောင်းပါ။ ရိုမန်ကက်သလစ်သာသနာပြုအဖွဲ့ ဂိုဏ်းချုပ်ဘုန်းကြီး ပေါလိုမာရီနယ်ရီးနီး ဦးဆောင်ပြီး ဘုရားကျောင်းကို ၁၇၅၀ခုနှစ်က ဆောက်လုပ်ခဲ့တာပါ။ သက်တမ်း၂၇၀နီးပါးရှိတဲ့ ဘုရားကျောင်းကြီးက ဗုံးထိထားလို့ ပျက်စီးနေပြီး အမိုးမရှိတော့ပါဘူး။ မြင့်မားလှတဲ့ နံရံပျက်ကြီးတွေပဲရှိတော့တာပါ။ သံချောင်း၊ ဘိလပ်မြေ မပါပဲ တည်ဆောက်ထားတဲ့ နည်းပညာကလည်း အံ့သြဖွယ်ရာပါ။ တစ်ချိန်တုန်းကတော့ ခမ်းနားထည်ဝါလှတဲ့ အဆောက်အအုံကြီးဖြစ်ခဲ့မှာ သေချာပါတယ်။ အခုလက်ရှိမှာတော့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် ၀န်းခတ်ပြီး ထိန်းသိမ်းထားပါတယ်။

ကျောင်းဆောင်အလယ်မှာ အုတ်ဂူတစ်ခုရှိပြီး အဲ့ဒီခေတ်က သန်လျင်မြို့ကို အပိုင်စားခဲ့တဲ့ ပေါ်တူဂီလူမျိုး ဒီဘရစ်တို (ငဇင်ကာ)ရဲ့ အုတ်ဂူလို့သိရပါတယ်။ တချို့ကလည်း ငဇင်ကာရဲ့ ဂူမဟုတ်ဘဲ ခရစ်ယာန်ဘုန်းကြီး အုတ်ဂူလို့လည်း ပြောကြသလို ဂူဆိုပေမဲ့ ရုပ်အလောင်းမရှိဘဲ အထိမ်းအမှတ်အနေနဲ့သာပြုလုပ်ထားတယ်လို့လည်း ပြောကြပါတယ်။ ပေါ်တူဂီလူမျိုးတွေ သန်လျင်မြေပေါ်မှာရှိခဲ့ဘူးတယ်ဆိုတဲ့ အထောက်အထား ကတော့ဒီဘုရားကျောင်း ကသက်သေတစ်ခုပါ။ ပေါ်တူဂီလူမျိုးတွေလည်း တကူးတက လာရောက်လေ့လာကြတယ်တဲ့လေ။

5. ရှင်မွေ့နွမ်းစေတီ

ရှေဟောင်း ဒဏ္ဏာရီ ပုံပြင်လေးဖြစ်တဲ့ ရှင်မွေ့နွမ်း မင်းနန္ဒာဇာတ်လမ်းထဲက မင်းသမီးကို ရည်စူးပြီးတည်ထားတဲ့ စေတီပါ။ သန်လျင်တံတားကနေဆင်းတာနဲ့ တောင်ဘက်ခြမ်း ကုန်းတော်ထက်မှာ ဖူးမြော်နိုင်ပါတယ်။ ပဲခူးမြစ်တစ်ဖက်တစ်ချက်စီမှာနေတဲ့ ချစ်သူနှစ်ယောက်ဖြစ်တဲ့ မင်းနန္ဒာနဲ့ ရှင်မွေ့နွမ်းတို့ကိုတွေ့ဆုံခွင့်ရအောင် ကူညီပေးတာကတော့ ငမိုးရိပ်မိချောင်းပါ။ ငမိုးရိပ်ကိုမကျေနပ်တဲ့ မိချောင်းမ မလက်တိုက ငမိုးရိပ်ဒုက္ခရောက်အောင်ကြံစည်ရာကနေ အရမ်းချစ်တဲ့ ချစ်သူနှစ်ယောက် သေကွဲကွဲခဲ့ကြတာပါ။ မလက်တိုက အပျိုရံဟန်ဆောင်ပြီး ရှင်မွေ့နွမ်းကို မြှောက်ပေးခဲ့တာတဲ့။ နောက်တစ်ခါ မင်းနန္ဒာလာလို့စက်တော်ခေါ်တဲ့အခါ ချစ်ရင် ညာဘက်ခေါင်းအုံးပြီး အိပ်ပါရစေလို့ ပူဆာခိုင်းတာတဲ့။ မင်းသားတွေ ယောကျာ်းတွေရဲ့ ညာဘက်လက်မောင်းက ဘုန်းကံကြီးတော့ အဲ့လို မအိပ်သင့်ဘူးတဲ့လေ။ မင်းသားကလည်း ချစ်တော့ အလိုလိုက်ခဲ့မိတဲ့အခါ အဲ့ကနေအပြန် သိကြားမင်းပေးထားတဲ့ တန်ခိုးကြီး သန်လျှက်ရေထဲပြုတ်ကျသတဲ့။ အခွင့်သင့်တာစောင့်နေတဲ့ မလက်တိုနဲ့ မိချောင်းတသိုက်က ငမိုးရိပ်ကိုဝိုင်းတိုက်ကြသတဲ့။ ငမိုးရိပ်ကလည်း မင်းသားထိခိုက်မှာစိုးလို့ ပါးစပ်ထဲငုံထားပြီး ပြန်တိုက်ကာ ထွက်ပြေးခဲ့ပေမဲ့ ကမ်းစပ်အရောက် ပါးစပ်ထဲကနေပြန်ထုတ်လိုက်တဲ့အခါ မင်းသားလေးအသက်မရှင်ရှာတော့ဘူးတဲ့လေ။ ဒီသတင်းလည်းကြားရော ရှင်မွေ့နွမ်းမင်းသမီးလေးလည်း ရင်ကွဲနာကျပြီး သေရှာသတဲ့။ သူတို့၂ယောက် ကမ်းတစ်ဖက်စီမှာ သဂြိုဟ်တော့ မီးခိုးတွေက မြစ်လယ်ကောင်းကောင်ပေါ် ပေါင်းစုံပြီး သက်တန့်ဖြစ်သွားသတဲ့လေ။

ငယ်ငယ်ကကြားဖူးခဲ့တဲ့ ပုံပြင်လေးပေါ့။ ဒီလို ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးရှိတဲ့စေတီလေးဆိုတော့လည်း သွားဖူးကြည့်ပေါ့နော်။

(6) Club ပျက်ကြီးနဲ့ ရေကူးကန် ပျက်ကြီး

ကိုလိုနီခေတ်က အရင်းရှင် Company တွေက ရေနံလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၁၈၈၆ခုနှစ်မှာ ဘီအိုစီကုမ္ပဏီကို တည်ထောက်ကာ သန်လျင်ရေနံချက်စက်ရုံကိုလည်း တည်ဆောက်ခဲ့တယ်။ အဲဒီတော့ သန်လျှင်မှာ နိုင်ငံခြားသားတွေ အများကြီး နေထိုင်ခဲ့ကြတာပေါ့။ နိုင်ငံခြားသားတွေ ခြေချင်းလိမ်ခဲ့ကြတဲ့ အိမ်ကြီးတစ်အိမ်က သန်လျင် ရေနံချက် စက်ရုံနားမှာ ရှိပြီး နှစ် ၂၀၀ကျော်သက်တမ်းရှိတယ်တဲ့လေ။

အိမ်ကြီးက ၁၉ရာစုက ကိုလိုနီစတိုင် အခိုင်အမာဆောက်ထားတဲ့ နှစ်ထပ်တိုက်ကြီးဖြစ်ပြီး အရင်က Club အဟောင်းဖြစ်မယ်ထင်ပါတယ်။ Do Not Enter The Club With Wet Feet ဆိုတဲ့ ဆိုင်းဘုတ်အဟောင်းကြီးအရပေါ့။ အရှေ့မှာ ရေကူးကန်အကြီးကြီးလည်းရှိတယ်ဆိုတော့ ရှေးတုန်းက လူတွေက ရေကူးကန်ထဲကနေ Club ထဲ တန်း၀င်ကြလို့ဖြစ်မယ်နော်။ ရေကူးကန်ကိုသွားကြည့်တဲ့အခါမှာလည်း ရေကူးကန်ကြီးက တော်တော့်ကိုကျယ်တာပါ။ ဒိုင်ဗင်ထိုးတဲ့စင်လည်းရှိပြီး ၃ဆင့်တောင်ဆိုတော့ အရင်တုန်းက တော်တော့်ကို စည်ကားပြီးပျော်ဖို့ကောင်းခဲ့မှာ။ အခုတော့ ဒိုက်တွေမှော်တွေနဲ့ ရေကူးကန်ကြီးလည်း အစိမ်းရောင်သန်းလို့ရယ်။ မီဇာတ်ကားထဲမှာ သားညီက နေတိုးကို ခေါ်တွေ့ပြီး ပြောတဲ့အခန်းမှာပါတဲ့ ရေကူးကန်ကြီးပေါ့။

အိမ်ကြီးကတော့ တော်တော်ခမ်းနားပါတယ်။ အရင်တုန်းက ရေနံချက်စက်ရုံအရာရှိတွေ၊ နိုင်ငံခြားသားတွေ ပျော်မွေ့ရာ Club ကြီးဖြစ်ခဲ့မှာပါ။ တစ်ချိန်က လူတွေစည်ကားပျော်မွေ့ရာအဆောက်အအုံကြီးက အခုအခါမှာတော့ သစ်ပင်တေါ ချုံနွယ်ပိတ်ပေါင်းတွေ ဝါးမျိုရာဖြစ်ခဲ့ပြီပေါ့။ အိမ်ပျက်ကြီး အတွင်ဘက်က မြင်ကွင်းတွေကလည်း စိတ္တဇဆန်ပါတယ်။ လှေကားက တ၀က်တပျက် ပျက်စီးနေတော့ အပေါ်တက်လို့မရပါဘူး။ ဟိုးအရင်တုန်းက ညညဆို အပေါ်ထပ်မှာလမ်းလျှောက်သံတွေ ဒေါက်ဖိနပ်သံတွေကြားရတယ်တဲ့။ ရေကူးကန်ထဲမှာလည်း လွန်ခဲ့တဲ့ ၂၅ နှစ်က ကောင်လေးတစ်ယောက် သေဆုံးသွားဘူးတယ်တဲ့။ ခုတော့ သရဲမခြောက်တော့ဘူးပြောပေမဲ့လည်း အိမ်အသွင်အပြင်ကကို ကြောက်ဖို့ကောင်းနေပါပြီ။
ဘယ်နားမှာရှိလဲဆိုတော့ သန်လျှင်တံတားအဆင်း ညာဘက်ခြမ်း မှာတွေ့ရတဲ့ CNG Gas ဆိုင်ဘေးက ရှင်မွေ့နွမ်းလမ်းကို၀င်ပြီး ညာချိုးရပါတယ်။ နည်းနည်းလောက်မောင်းပြီးရင် ညာဘက်မှာရှိပါတယ်။ လမ်းမပေါ်ကနေလှမ်းမြင်ရပါတယ်။ ဒီအဆောက်အအုံရောက်ဖို့ကို ညာဘက်လမ်းထဲချိုး၀င်ရပါတယ်။ အခုတော့ ပိတ်ထားလားမပြောတတ်ပါဘူး။ ကိုယ်တွေတုန်းကတော့ ၀င်ကြည့်လို့ရခဲ့ပါတယ်။

(7) အိမ်ပျက်ကြီး

Club အဟောင်းကနေ နည်းနည်းပဲဆက်သွားလိုက်ရင် လမ်းညာဘက်မှာ ဆုတောင်းပြည့်ဓာတ်တော်ကုန်းစေတီကိုတွေ့ရပါမယ်။ အိမ်ပျက်ကြီးက အဲ့ဒီဘေးမှာပါ။ ဟိုးတလောက Facebook မှာပေါက်သွားတဲ့ အိမ်ပျက်ကြီးပေါ့။ သမိုင်းတွေ၊ ရာဇ၀င်တွေ မရှိပေမဲ့ ခြောက်ခြားဖို့ကောင်းတော့ လူငယ်တွေ လာစပ်စုကြဓာတ်ပုံရိုက်ကြနဲ့ ကိုယ်တွေသွားတုန်းက အတော့်ကို စည်ကားနေတာ။ လူ၀င်တာအရမ်းများလို့ အခုတော့ ပိတ်ထားတယ်ဆိုလားပဲ။ ဘယ်သူမှမနေတော့တဲ့ အိမ်မဲကြီးက နှစ်ထပ်အိမ်ဖြစ်ပြီး စွန့်ပစ်ထားတာကြာတော့ ခြောက်ခြားစရာဖြစ်နေတာပါ။ ဒါကြောင့်လည်း သရဲကားတွေ လာလာရိုက်လေ့ရှိကြတယ်တဲ့။
တကယ်က အိမ်ကြီးရဲ့ နေရာက အရမ်းကောင်းပါတယ်။ ဆုတောင်းပြည့်ဓာတ်တော်ကုန်းစေတီဘေး ရေကန်စပ်မှာရှိလို့ အိမ်ပေါ်က မြင်ရတဲ့ရှုခင်းက တကယ်သာယာပါတယ်။ အိမ်အထဲကတော့ အိမ်အပြင်ဘက်နဲ့ မဆိုင်သလို နေ့ခင်းဘက်သွားတာတောင် ကြောက်ဖို့ကောင်းပါတယ်။ Bathtub တွေပါတဲ့ ရေချိုးခန်းပျက်ကြီးတွေ၊ လှေကားပျက်ကြီးတွေ၊ မဲမှောင်နေတဲ့အခန်းတွေ၊ ရေနံချေးဝနေတဲ့ သစ်သားနံရံတွေနဲ့ အိမ်ကြီးက ကျောချမ်းစရာကောင်းပါတယ်။

ဒါတွေကတော့ သန်လျှင်ရောက်တုန်း သွားဖြစ်ခဲ့တဲ့ စိတ်၀င်စားဖို့ကောင်းတဲ့နေရာတွေပါ။ အိမ်ဟောင်းကြီး ၂လုံးကတော့ Facebook မှာ ပေါက်သွားလို့ လာလည်တဲ့သူတွေများပြီး ပိတ်ထားရတယ်လို့တော့ကြားတယ်။ သန်လျှင်သွားရင်း ကျောက်တန်းက ကျိုက်မှော်၀န်းရေလည်ဘုရား၊ ကျိုက်ပြသာဒ်တနော် စေတီတော်ကို သွားရောက်ဖူးမြော်နိုင်သလို ရန်ကုန်ဘက်အခြမ်းက တိုင်းရင်းသားကျေးရွာနဲ့ သာကေတမိချောင်းကန်ကိုပါ ၀င်လည်နိုင်ပါတယ်။ ဗိုက်ဆာရင် Star City က KFC ကြက်ကြော်၊ Gloria Jeans Coffee ၀င်စားသောက်နိုင်သလို လမ်းမကြီး ဘေးကပ်ရပ်က ပွင့်စားတော်ဆက်မှာလည်း မြန်မာထမင်းဟင်းတွေ စားလို့ရပါတယ်နော်…

အားလုံးပျော်ရွှင်ကျန်းမာတဲ့ ဖေဖော်ဝါရီလလေးဖြစ်ပါစေ…
ချစ်တဲ့
မနုမြတ်

Ma Nu Myat

၃၀.၁.၂၀၂၀ ရက်နေ့တွင် ဘွဲ့ယူရန်အတွက် Harrier ကားလေးအား ငှားရန်းအသုံးပြုပေးပါသော valuable customer နှင့် full day ​အော်ဒါပ...
31/01/2020

၃၀.၁.၂၀၂၀ ရက်နေ့တွင် ဘွဲ့ယူရန်အတွက် Harrier ကားလေးအား ငှားရန်းအသုံးပြုပေးပါသော valuable customer နှင့် full day ​အော်ဒါပေးသော Ma Su Su Soe San အားအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏

ဘယ်နေရာပဲသွားသွား ဘယ်နှစ်ရက်ခရီးပဲသွားသွား Innovative ကိုသတိရလိုက်ပါခင်ဗျာ 😊😊😊

Ph:09448346464
Ph:09689146722

၃၀.၁.၂၀၂၀ ရက်နေ့တွင် ပဲခူးနေ့ချင်းပြန် ခရီးစဥ်အား ငှားရမ်းအသုံးပြုပေးပါသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား အထူးပဲက...
31/01/2020

၃၀.၁.၂၀၂၀ ရက်နေ့တွင် ပဲခူးနေ့ချင်းပြန် ခရီးစဥ်အား ငှားရမ်းအသုံးပြုပေးပါသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏

ဘယ်နေရာပဲသွားသွား ဘယ်နှစ်ရက်ခရီးပဲသွားသွား Innovative ကိုသတိရလိုက်ပါခင်ဗျာ 😊😊😊

Ph:09448346464
Ph:09689146722

29/01/2020

မဂ်လာပါခင်​ဗျာ

ကျွန်တော်တို့ရဲ့ Innovative မှာ ကားလေးတွေငှားလို့ရနေပါပီနော်

မိမိကိုယ်တိုင်ပဲ မောင်းသွားချင်ပါသလား without driver နဲ့ ကားချည်းပဲငှားလို့လဲရပါတယ် ဒါမှမဟုတ်
driver အပါနဲ့ပဲ သက်တောင့်သက်သာစီးပြီးသွားချင်ပါသလား with driver နဲ့လဲငှားလို့ရပါတယ်

#သူငယ်ချင်း​တွေနဲ့ ပဲဖြစ်ဖြစ်
#မိသားစုတွေ နဲ့ပဲဖြစ်ဖြစ်
trip ပဲဖြစ်ဖြစ်

ခရီးထွက်ချင်တယ်ဆိုရင် ph လေးတချက်သာဆက်လိုက်ပါ အဆင်ပြေအောင်စီစဥ်ပေးဖို့က ကျွန်တော်တို့ တာဝန်ထား 😊 နောက်အစီစဥ်လေးတခုက မိမိတို့သွားနေတဲ့ခရီးစဥ်တစ်လျှောက်မှာ လှပတဲ့အမှတ်တရပုံရိပ်လေးတွေ နဲ့ shot video လေးတွေကို ဖန်တီးနိုင်ဖို့ phographer package လေးလဲစီစဥ်ပေးပါတယ်

#ဘွဲ့ယူမယ့် ညီအကို မောင်နှမ တွေလဲ ငှားလို့ရပါတယ်ဗျ (Photographer လိုရင်လဲ join ပေးပါတယ်ဗျ 😁)

#မဂ်ဆောင်မယ့် သူငယ်ချင်းမိတ်ဆွေများကိုလဲ မဂ်လာမောင်နှံစီး ကားများနှင့် ဧည့်သည်ကြိပို့အတွက်ကားများကိုလဲ စျေးနှုန်းသက်သာစွာနဲ့ အဆင်ပြေချောမွေ့အောင်စီစဥ်ပေးပါတယ်

&Dinner တက်ချင်လို့ taxi နဲ့လဲမသွားချင်ဘူး ကိုယ်ပိုင်ကားလေးနဲ့မှ သွားချင်တယ်ဆိုရင်လဲ အိမ်စီးကားလေးတွေငှားလို့ရပါတယ်

အခြားအခြားသော ကိစ္စ များအတွက်လဲသုံးလို့ရပတယ်ခဗျာ 😁

ခရီးစဥ်တိုင်းအတွက် စီစဥ်ပေးမှုတွေကတော့
*ရေသန့်
*စနိုးတာဝါ
*အခြေခံဆေးဝါးများ ကိုလဲ customer များအဆင်ပြေအောင်စီစဥ်ပေးထားပါတယ်

နောက်လဲပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုကောင်းများစွာကိုလဲ စီစဥ်ပေးနိုင်အောင်ကြိုးစားပါ့မယ်ခင်ဗျာ

အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်

Giveaway အစီအစဥ်လေးလဲရှိသေးတယ်နော် မကြာမှီလာမည် မျှော် 😊😊😊
🙏🙏🙏 Like and Follow လေးလုပ်ထားဖို့မမေ့နဲ့အုံးနော် 🙏🙏🙏

Ph:09448346464
Ph:09689146722

Address

Shukhinthar Road, Thaketa Township
Yangon

Telephone

+959448346464

Website

Alerts

Be the first to know and let us send you an email when Innovative Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category