Backpackers Myanmar

Backpackers Myanmar Backpackers Myanmar is an ecotourism company founded by environmentalists and travel lovers. Explore the Nature!

🛵 " ဒီနေ့ ဗီယက်နမ် - ဒါနန်းခရီးအတွက် စာရင်းပေးမှု နောက်ဆုံးဖြစ်ပါတယ်။" 🛵 ဒီခရီးနဲ့ပတ်သက်ပြီး လာရောက်စုံစမ်းထားသူများအနေဖ...
08/01/2025

🛵 " ဒီနေ့ ဗီယက်နမ် - ဒါနန်းခရီးအတွက် စာရင်းပေးမှု နောက်ဆုံးဖြစ်ပါတယ်။"
🛵 ဒီခရီးနဲ့ပတ်သက်ပြီး လာရောက်စုံစမ်းထားသူများအနေဖြင့် လိုက်ပါဖို့အစီအစဉ်ရှိရင် အမြန်ဆုံးစာရင်းသွင်းပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။ BPM အဖွဲ့သားတွေအနေနဲ့ လာမယ့် ၁၇ရက်နေ့မှာ ခရီးထွက်ခွာမှာဖြစ်ပြီး ၂၁ ရက်‌နေ့ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။
🛵 ကျွန်တော်တို့အဖွဲ့သားတွေအနေနဲ့ ဒါနန်းတစ်လျှောက် Explore ကြမှာဖြစ်ပြီး ဆိုင်ကယ်နှင့်အများဆုံးသွားကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးခရီးသွားလိုသူတွေအတွက် ကျွန်တော်တို့နှင့် ပါဝင်နိုင်ကြောင်း နှိုးဆော်ဖိတ်ခေါ်အပ်ပါတယ်။
နွေးထွေးစွာဖြင့်
Team BPM



🛵  အိန္ဒိယနိုင်ငံရဲ့ ဟိမဝန္နာတောင်တန်းတွေကြားက "Leh - Ladakh" 🗺 (Apri : 12-16).............................................
06/01/2025

🛵 အိန္ဒိယနိုင်ငံရဲ့ ဟိမဝန္နာတောင်တန်းတွေကြားက "Leh - Ladakh" 🗺 (Apri : 12-16)....................................................................................................
🙏 မင်္ဂလာပါ...BPMer အမျိုးတို့.🙏
🛵 BPM ရဲ့အမျိုးတွေအတွက် BPMerတို့ ထင်ရှားတဲ့နေရာတွေ hidden treasure တွေကို သွားရောက်မလေ့လာမှီမှာ ပိုမိုသိရှိရအောင် ရေးသားဖော်ပြပေးလျက်ရှိရာ ဒီတခေါက်မှာတော့ အနောက်ဖက်မှာရှိတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကိုသွားရအောင်ပါ။ ဒီသွားမယ့်မြို့က ဘာလို့ကျော်ကြားလည်းဆိုရင် ကမ္ဘာ့အမြင့်ဆုံး ဟိမဝန္တာတောင်တွေကြားတည်ရှိနေတဲ့ မြို့ဖြစ်တာရယ် နယ်စပ်ဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တိဘက်တရုတ်၊ နိုင်ငံတို့နဲ့နယ်စပ်အနီးတစ်လျှောက် တည်ရှိနေတာကြောင့် ဖြစ်ပါတယ်။
🚵 "သမိုင်းကြောင်းနှင့် Ladakh"
Ladakh ကို ၁၉၄၇ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား အငြင်းပွားမှုဖြစ်ခဲ့သည့် ကက်ရ်ှမီးယားဒေသ၏ အရှေ့ဘက်ခြမ်းနှင့် ဖွဲ့စည်းထားပါတယ်။ ၁၉၅၉ ကတည်းက Ladakh သည် အရှေ့ဘက်တွင် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ဘက်တွင် အိန္ဒိယပြည်နယ် Himachal Pradesh၊ အိန္ဒိယအုပ်ချုပ်သည့် Jammu နှင့် Kashmir နယ်မြေနှစ်ခုလုံးနှင့် အနောက်ဘက်တွင် ပါကစ္စတန်အုပ်ချုပ်သော Gilgit-Baltistan နှင့် အနောက်တောင်ဘက်ထောင့်၊ မြောက်ဘက်စွန်းရှိ Karakoram Pass ကိုဖြတ်ကာ Xinjiang အထိထိစပ်လျက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လက်ရှိချိန်တွင် Ladakh ရဲ့အစွန်အဖျား အစိတ်အပိုင်းအချို့ကတော့ တရုတ်ထိန်းချုပ်မှုထဲရောက်လျက်ရှိပြီး တရုတ်နှင့်အငြင်းပွားဆဲဖြစ်ပါတယ်။
🌄 "အံ့သြစရာအလှတရားများ"
🌄 Ladakh ဟာ အံ့သြဖွယ်လှပသော ရှုခင်းများ၊ မြင့်မားသော သဲသောင်ပြင်များနှင့် နှင်းတောင်ထုများ တည်ရှိလျက်ရှိတဲ့ အိန္ဒိယရဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ "The Land of High Passes" မြင့်မားသော တောင်ပေါ်မြေ ဟု တင်စားကြတဲ့ Ladakh ဟာ စွန့်စားမှု၊ ဘာသာရေးသက်ဝင်ယုံကြည်မှုနှင့် သဘာဝအလှတရားကို ပေါင်းစပ်ထားတဲ့ တစ်ခုတည်းသော နေရာဖြစ်ပါတယ်။
🏞️ Ladakh ရဲ့ မြို့ "Leh" (လေ) ဟာ Ladakh ရဲ့အသဲနှလုံးမြို့တော်ဖြစ်ပြီး ခရီးသွားများအတွက်တော့ သုခဘုံတစ်ခုဖြစ်ပါတယ်။ ဒီမြို့ဟာ အမြင့် ၃၅၀၀ မီတာ (ပေ ၁၁,၄၈၂) မှာတည်ရှိလျက်ရှိပြီး ဒီချစ်စရာမြို့ငယ်ဟာ စွဲဆောင်မှုရှိသော ရှုခင်းများနှင့် ရှေးဟောင်းကျောင်းတော်များဖြင့် ပတ်ပတ်လည်ဝန်းရံထားသလိုဖြစ်ကာ တိဘက်ကိုရောက်နေသလို ဖြစ်စေပါတယ်။ တကယ်လည်းတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်ကာ တိဘက်ဘာသာစကားကို အဓိကပြောဆိုပါတယ်။
🛕 Leh "လေ"မြို့မှာ ဘုရားကျောင်းတော်များနှင့် ယဉ်ကျေးမှုကျယ်ပြန့်စွာထွန်းကားပြီး - Hemis ကျောင်းတော်, Thiksey ကျောင်းတော် နှင့် Diskit ကျောင်းတော် တွင် တိဘက် ဗုဒ္ဓဘာသာ ရှေးဟောင်းယဉ်ကျေးမှုကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီနေရာကိုရောက်တာနဲ့ ရှေးဟောင်း ရိုးရာသံစဉ်များ၊ ယဉ်ကျေးမှုအကများဖြင့် ရင်သပ်ရှုမောဖွယ် ပွဲတော်များကိုတွေ့မြင်နိုင်ပြီး ပါဝင်နိုင်မှာဖြစ်ပါတယ်။
🚵 Ladakh ဟာ ဟိမဝန္တာတောင်တန်းတွေကြားတည်ရှိနေပြီး တောင်ပေါ်မြေပြန့်လွင်ပြင်တာမို့ တောင်တက်ရတာ၊ စွန့်စားရတာကြိုက်သူတွေကို စောင့်ကြိုနေပါတယ်။ Markha တောင်ကြားတွင် Trekking လမ်းလျှောက်ခြင်းမှ Khardung La Pass တွင် စက်ဘီးစီးခြင်း၊ ကုလားအုပ်စီးခြင်းအထိ စတဲ့စိတ်လှုပ်ရှားဖွယ်လုပ်ဆောင်မှုတွေလုပ်ဖို့အတွက် အခွင့်အရေးများစွာ ရှိပါတယ်။
🌌 ဒါ့အပြင် နာမည်ကျော် 3 Idiots ကားထဲက Pangong နှင့် Moriri တောင်ပေါ်ရေကန်ကျယ်ကြီးများတွင် Tent ချအိပ်စက်ခြင်း၊ ည star gazing လုပ်ခြင်းများကို လုပ်ဆောင်နိုင်ပြီး ဒီအတွေ့အကြုံတွေဟာ လုံးဝအမှတ်တရ ဖြစ်စေမှာအမှန်ဖြစ်ပါတယ်။
🌍 ခရီးသွား အကြံပြုချက်များ:
✅ အမြင့်ဒဏ်ခံနိုင်ရန် ရောက်ရောက်ချင်းနေ့တွင် ဖြေးဖြေးသာလှုပ်ရှားဖို့ လုပ်ဆောင်ပါ။
✅ အကောင်းဆုံး ခရီးသွားအချိန်သည် ဧပြီ၊ မေ မှ စက်တင်ဘာလအထိ ရာသီဥတုအကောင်းဆုံး ဖြစ်ပါတယ်။
✅ အအေးခံအဝတ်များ၊ နေလောင်မှုကာကွယ်ဆေးနှင့် ရာသီဥတုမတည်မြဲမှုအတွက် အသင့်ဖြစ်ရန် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
🛵 အဲ့တော့ BPM တို့အနေဖြင့် ကမ္ဘာ့ခေါင်မိုးနေရာတစ်ခုသို့ ခရီးသွားရန် အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ Ladakh ကကြိုဆိုနေမှာဖြစ်ပြီး နှင်းဖုံးတောင်တန်းများ၏ အလှတရား၊ ရှေးရိုးရာယဉ်ကျေးမှုတွေကို ရှာဖွေနေတဲ့ သဘာဝခရီးသွားများအတွက်တော့ တန်ဖိုးရှိမည့်နေရာတစ်ခုဖြစ်မှာမလွဲဧကန်ဖြစ်ပါကြောင်းနှင့် အခွင့်အခါသင့်လျှင်ဖြင့် သွားရောက်လည်ပတ်နိုင်ဖို့ မျှဝေပေးလိုက်ပါရစေ။ ဒီနေ့တော့ ဒီလောက်ပဲပေါ့ဗျာ....
🚩 ဒီတပတ်မျှဝေပေးလိုက်တဲ့ အကြောင်းအရာကို BPMers တို့အားလုံး သဘောကျမယ်လို့ ယုံကြည်ပါတယ်.အိန္ဒိယ-ဟိမဝန္တာဖက်ကို သွားဖို့ စိတ်ဝင်စားတယ်ဆိုရင် ကြိုတင်စာရင်းသွင်းနိုင်ပါပြီ။ ဒီခရီးက ဧပြီလသွားမှာဖြစ်ပေမယ့် ကြိုတင်ပြင်ဆင်ဖို့လိုအပ်လို့ အစောဆုံးစာရင်းသွင်းမှရပါမယ်။ လူ (၅-၈) ဦးသာ backpacking လုပ်ကြမှာဖြစ်ပါတယ်။
🙏သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ခြင်းဖြင့်... တန်ပြန်နွေးထွေးမှုကိုရယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်..♻
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature with BPM"




❄"ဇန်နဝါရီ, ဖေဖော်ဝါရီမှာ ခရီးသွားမယ့်သူတွေအတွက်"⛺.........................................................................
31/12/2024

❄"ဇန်နဝါရီ, ဖေဖော်ဝါရီမှာ ခရီးသွားမယ့်သူတွေအတွက်"⛺....................................................................................................
🙏BPM အမျိုးတို့အားလုံးမင်္ဂလာပါ🙏
❄ ရာသီဉတုအေးအေးလေးနဲ့ ခဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာ ခရီးထွက်ဖို့ဉ်းစားနေရင် အောက်ပါခရီးလေးတွေကို Join ဖို့စဉ်းစားကြည့်ပါ။
⛺ ဒီခရီးတွေဟာဇန်နဝါရီ, ဖေဖော်ဝါရီ (၃) လအတွက်သာဖြစ်ပြီး....... လက်ရှိ BPM Winter သဘာဝခရီးတွေမှာ ပါဝင်ချင်သူတွေအတွက် အောက်ပါနေရာတွေနဲ့ သွားမယ်ရက်တွေရှိပါမယ် -
🏕 ချင်းမိုင် (၂၀ - ၂၅ ဖေဖော်ဝါရီ)
🏕 မဲ့ဟောင်‌ဆောင် (၃၁ - ၅ ဇန်နဝါရီ)
🏕 ဗီယက်နမ် (ဒါနန်း) (၁၇ - ၂၁ ဇန်နဝါရီ)
🏕 ခို့ချန်ကျွန်း (၅ - ၈) ဇန်နဝါရီ)
🏕 ခေါင်ရိုင် (၇ - ၉ဖေဖော်ဝါရီ)
🏕 ကန်ချနဘူရီ ( ၁၄ - ၁၆ ဖေဖော်ဝါရီ)
⛺ ဘယ်သူတွေပါဝင်သင့်လဲ?
သင်ဟာ....
♻️ စူးစမ်းသွားလာတာမျိုး၊
♻️ သဘာဝပတ်ဝန်းကျင်ကိုချစ်သူ၊
♻️ စိတ်နှင့်ခန္ဓာကို သဘာဝဖြင့်ကုစားဖို့ကြိုးစားနေသူ၊
♻️ တောတောင်တွေကို နှစ်သက်သူ၊
♻️ မိတ်ဆွေသစ်ရှာနေသူ၊
♻️ သမရိုးကျခရီးတွေကို ညည်းငွေ့နေသူဆိုရင် ပါဝင်သင့်ပါတယ်။
⛺ BPM ရဲ့ ခရီးလမ်းကြောင်းလေးတွေဟာ သဘာဝကိုအသားပေးတဲ့ Backpacking ပုံစံခရီးလေးတွေဖြစ်ပြီး ကား၊ရထားဆိုင်ကယ်တွေနဲ့သွားတာမို့ ဆိုင်ကယ်စီးနိုင်သူတွေအတွက်သာ သင့်လျော်ကြောင်း ကြိုတင်အသိပေးပါရစေ🙏. 🛵 ခရီးသွားရာသီဖြစ်တာမို့ အတတ်နိုင်ဆုံး မိမိသွားချင်တဲ့ခရီးလေးတွေကို အစောဆုံးစာရင်းသွင်းဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ မကြာမှီခရီးစဉ်အသစ်များကိုလည်း မိတ်ဆက်ပေးဖို့ရှိပါတယ်။⛺
နွေးထွေးစွာဖြင့်
BPM Team
"Explore Nature with BPM"

31/12/2024

🪂 Paragliding in ချင်းမိုင် 🪂
Explore Nature with BPM

🛵Ride to Mountains🏞🏕"Explore Nature with BPM"Team BPM
29/12/2024

🛵Ride to Mountains🏞🏕
"Explore Nature with BPM"
Team BPM

🛵  ဆောင်းရာသီ Paragliding နဲ့ Sweet December 🪂.............................................................................
26/12/2024

🛵 ဆောင်းရာသီ Paragliding နဲ့ Sweet December 🪂....................................................................................................
🙏 မင်္ဂလာပါ...BPMer အမျိုးတို့.🙏
🪂 BPM ရဲ့အမျိုးတွေ ချင်းမိုင်ကိုလာလည်တဲ့အခါ ဒီအချိန် လေထီးစီးကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်။ ခုလို ဆောင်းရာသီမှာ အေးလည်းအေးသလို တိမ်ထူတဲ့ရက်တွေမို့ စီးလို့ကောင်းလှပြီး BPM ရဲ့ စွန့်စားပြီး၊ ရင်ခုန်ရတာကြိုက်သူတွေအတွက်တော့ မြည်းစမ်းစရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာချက်တွေအရ လေထဲ၊ ရေထဲ၊ မြေပြင်၊ တောထဲ မျိုးစုံ စွန့်စားလုပ်ဆောင်မှုတွေကို လုပ်တတ်သူတွေဟာ သာမာန်သူတွေထက် အသက်ပိုရှည်သလို၊ အရွယ်တင်နုပျိုကြပါတယ်။😁
🪂 ဒီတော့ ပြောချင်တာ ချင်းမိုင်ရောက်လို့ Paragliding စီးဖို့အချိန်ရရင် တည်းတဲ့ဟိုတယ်ထိ လာကြို၊ လာပို့ လုပ်ပေးမှာ ဖြစ်တဲ့အပြင် မစီးမှီမှာ snack , ကော်ဖီနဲ့ လေထဲရိုက်ကူးဖို့ Go-Pro ပါထည့်ပေးပြီး ဖုန်းထဲ မိမိရိုက်ထားတဲ့ပုံတွေ၊ ဗီဒီရိုတွေထည့်ပေးလိုက်မှာဖြစ်ပါတယ်။
🪂 အကယ်၍ စီးမယ်ဆို ကျွန်တော်တို့စီးမှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။ မိတ်ဖက်တွေနဲ့ချိတ်ဆက်ထားတာမို့... စိတ်ချ၊ယုံကြည်စွာ စီးနိုင်ပါတယ်လို့...အဲ့ဒါပြောချင်တာ 🥰
🙏သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ခြင်းဖြင့်... တန်ပြန်နွေးထွေးမှုကိုရယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်..♻
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature with BPM"



🛵  ဗီယက်နမ်နိုင်ငံရဲ့ ထင်ရှားတဲ့ကမ်းခြေမြို့ "ဒါနန်း" "Da Nang" 🗺..........................................................
20/12/2024

🛵 ဗီယက်နမ်နိုင်ငံရဲ့ ထင်ရှားတဲ့ကမ်းခြေမြို့ "ဒါနန်း" "Da Nang" 🗺....................................................................................................
🙏 မင်္ဂလာပါ...BPMer အမျိုးတို့.🙏
🛵 BPM ရဲ့အမျိုးတွေအတွက် BPMerတို့ ထင်ရှားတဲ့နေရာတွေ hidden treasure တွေကို သွားရောက်မလည်ပတ်မှီမှာ ပိုမိုသိရှိရအောင် လေ့လာတင်ပြပေးလျက်ရှိရာ ဒီတခေါက်မှာတော့ ဗီယက်နမ်နိုင်ငံကိုသွားရအောင်ပါ။ ဗီယက်နမ်မှာ လှပတဲ့တောတောင်တွေ၊ ရှေးဟောင်းမြို့တွေနှင့် ကမ်းခြေတွေများစွာရှိရာ ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းမြို့ဖြစ်တဲ့ " DaNang ဒါနန်း" မြို့ကို သွားရောက်လေ့လာကြပါမယ်။
🏖️ "ဒါနန်းမြို့သမိုင်းကြောင်း"
🛵 ဒါနန်း (Đà Nẵng) ဟာ ဗီယက်နမ်တွင် ပဉ္စမမြောက်အကြီးဆုံးမြို့ဖြစ်ပြီး ဗီယက်နမ်အလယ်ပိုင်း၏ စီးပွားရေးနှင့် ပညာရေးဗဟိုချက်ဖြစ်ကာ ဒေသတွင်းတွင် အကြီးဆုံးမြို့ဖြစ်ပါတယ်။ မြို့ဟာ ဟန်မြစ်ဝနှင့် တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းဆုံရာတွင် တည်ရှိလျှက်ရှိရာ ဗီယက်နမ်နိုင်ငံ၏ အရေးအကြီးဆုံး ဆိပ်ကမ်းမြို့များထဲမှ တစ်ခုဖြစ်ပါတယ်။ ဒိုင်ဗီယက်အင်အားကြီးစဉ် အစောပိုင်းကာလမှာတော့ ဒီမြို့ကို ကာဟန် (Cửa Hàn) နှင့် ပြင်သစ်ကိုလိုနီအုပ်ချုပ်စဉ်အတွင်း တူရွန် (Tourane (သို့) Turon) အဖြစ် လူသိများခဲ့ပါတယ်။ ကာဟန် (Cửa Hàn)ဆိုတာကတော့ ဟန်မြစ်ရဲ့ပါးစပ်ဝလို့ အဓိပ္ပါယ်ရှိကြောင်း လေ့လာသိရှိရပါတယ်။ ၁၉၉၇ ခုနှစ်မတိုင်မီက မြို့တော်သည် ကွမ်နမ် (Quảng Nam) ပြည်နယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော်လည်း 1997 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့တွင် ပြည်နယ်မှ ခွဲထုတ်ပြီး ဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်ကြေငြာခဲ့ပါတယ်။
🛵 ဒါနန်းမြို့ဟာ ရှေးဟောင်းတော်ဝင်ဧကရာဇ်မြို့ ဟွေ (Huế) ၊ ဟွိုင်အန် (Hội An) မြို့ဟောင်း နှင့် ၄ရာစုမှ ၁၃ရာစုနှစ်အတွင်း ချမ်ပါဘုရင် (Champa) တည်ထားခဲ့သော မိုင်စွန် (Mỹ Sơn) ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းအပျက်အစီးများ အပါအဝင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အများအပြား၏ ကီလိုမီတာ 100 (62 မိုင်) အကွာတွင် တည်ရှိပါတယ်။ ဒါ့အပြင် ဒါနန်းမြို့ဟာ ပြင်သစ်ကိုလိုနီလက်အောက် နှစ်ပေါင်း (၇၀)လောက်ကျရောက်ခဲ့ဖူးတာမို့ ရှေးဟောင်းယဉ်ကျေးမှုတွေအပြင် ပြင်သစ်ကိုလိုနီအဆောက်အဉီးနှင့် လက်ရာများကိုပါ တွေ့မြင်လေ့လာနိုင်ပါတယ်။
🛵 ဒါနန်းမှာထင်ရှားတဲ့နေရာတွေနဲ့ ဘယ်နေရာတွေကိုလည်ပတ်မလဲ? -
⛱️မိုင်ခီးကမ်းခြေ (My Khe Beach) : Da Nang ရှိ အကျော်ကြားဆုံးသောကမ်းခြေများထဲမှ တစ်ခုဖြစ်သော My Khe သည် ၎င်း၏ရှည်လျားသောကမ်းရိုးတန်းနှင့်အတူ သဲဖြူများ၊ ကြည်လင်သောရေများနှင့် ငြိမ်သက်နေသော လှိုင်းလုံးများကြောင့် ရေကူးဖို့၊ နေပူစာလှုံဖို့နှင့် ရေကစားဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။
⛱️ နွန်နို့ (Non Nuoc Beach) ကတော့ အေးချမ်းဆိတ်ငြိမ်တဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး အေးအေးဆေးနေလိုသူများအတွက် သင့်လျော်ပါတယ်။
🌄 ငူဟန်စွန် စကျင်ကျောက်တောင် (Ngu Hanh Son) marble mountain ကတော့ (သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ) ဟုအမည်ပေးထားတဲ့ စကျင်ကျောက်တောင်နှင့် ထုံးကျောက်တောင်ကုန်း (၅)ခု အစုအဝေးဖြစ်ပြီး လာရောက်လည်ပတ်သူများဟာ ဟွန်းခွန်း (Huyen Khong) လိုဏ်ဂူ၊ ဘုရားကျောင်းများနှင့် တောင်ထိပ်ရှုခင်းများကို လေ့လာကြည့်ရှုနိုင်ပါတယ်။
⛰️ ဘနာတောင်တန်း (Ba Na Hills): ဒီတောင်တန်းကတော့ အေးမြသောရာသီဥတုနှင့် ဆွဲဆောင်မှုများကြောင့် လူသိများသော တောင်ထိပ်အပန်းဖြေနေရာဖြစ်ပါတယ်။ တောင်ထိပ်မှာ ဧရာမလက်ပုံစံ တံတားတစ်ခုတည်ရှိနေပြီး တောင်ထိပ်မှနေ၍ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများကို ပေးစွမ်းနိုင်ပါတယ်။ တောင်ထိပ်ပေါ်မှာမိသားစုများအတွက် ဂိမ်းများနှင့် လှုပ်ရှားမှုများပါရှိသော Fantasy Park- အပန်းဖြေဥယျာဉ်တစ်ခုရှိပြီး ပြင်သစ်ရွာလို့ အမည်ပေးထားတဲ့ ဥရောပအလယ်ခေတ်မြို့တစ်မြို့ (French Village) ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။
🌉 နဂါးတံတား (Dragon Bridge) ကတော့ညဘက်မှာ တရုတ်နဂါးပုံစံကို မီးထွန်းထားသည့် ခေတ်မီဗိသုကာလက်ရာဖြစ်ပါတယ်။
⛰️ ဆွန်တျာကျွန်းဆွယ် (သို့) မျောက်တောင် (Son Tra Peninsula (Monkey Mountain): ဒီနေရာဟာ ဗီယက်နမ်တွင် အမြင့်ဆုံးဖြစ်တဲ့ ဗုဒ္ဓရုပ်ပွားတော်ရှိသည့် လင်အန်း (Linh Ung) ကွမ်ရင်ရုပ်တော်မူရုပ်ပွားတော် တည်ရှိပါတယ်။ တောင်တက်လမ်းတစ်လျှောက်၊ ဆိတ်ငြိမ်သောကမ်းခြေနှင့် မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေသော (Douc langur) မျောက်မုတ်ဆိတ်ဖြူများကို တွေ့နိုင်ပါတယ်။
🏛️ ယူနက်စကို ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာနေရာများ (UNESCO Sites)
✅ ဟွိုင်အန်း (Hoi An) ရှေးဟောင်းမြို့- 30 ကီလိုမီတာအကွာတွင် ကောင်းစွာထိန်းသိမ်းထားသော ကုန်သွယ်ဆိပ်ကမ်းမြို့တစ်ခုဖြစ်ပြီး မီးပုံးများထွန်းထားသည့်လမ်းများ၊ သမိုင်းဝင်ဗိသုကာပညာနှင့် ယဉ်ကျေးမှုများစွာကို လေ့လာနိုင်ပါတယ်။
✅ မိုင်စွန် (Mỹ Sơn Sanctuary) ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းအပျက်အစီးများ စိမ်းလန်းစိုပြေသောနေရာဖြစ်ပြီး ရှေးချမ်ခေတ် ဟိန္ဒူဘုရားကျောင်းများရှိသော Cham ဘာသာရေးနေရာတစ်ခုဖြစ်ပါ။
✅ ချမ်ပြတိုက် Cham Museum (Museum of Cham Sculpture) - Cham ယဉ်ကျေးမှုအတွက် ရည်စူးထားသည့် ထူးခြားသည့်ပြတိုက်တစ်ခုဖြစ်ပြီး ရာစုနှစ်များအတွင်း အနုစိတ်သော ကျောက်ပန်းပုများနှင့် ရှေးဟောင်းပစ္စည်းများကို ပြသထားပါတယ်။
😁 ဘာတွေစားမလဲ?
ဒါနန်းမှာတော့ ပင်လယ်ကမ်းခြေမြို့ဖြစ်လို့ ပင်လယ်စာတွေလတ်လတ်ဆက်ဆက်တွေပေါနေတာအမှန်ပါ။ တခြားရိုးရာစားစရာတွေကတော့ - 🍜 မီချွင်း ခေါက်ဆွဲ (Mi Quang): နနွင်းခေါက်ဆွဲလို့ ပြောရမလားပဲ
🥞 ဘန်ရှို့ (Banh Xeo) ပန်ကိတ်ကြော်
♻️ ဘာတွေလှုပ်ရှားလို့ရမလဲ?
ဒါနန်းမှာ ကမ်းခြေရော၊ တောင်ရောရှိတော့ - ရေကူးတာ၊ paragliding စီးတာ၊ တောင်တက်တာ၊ ဆိုင်ကယ်စီးတာ၊ ညဖက်ညစျေး
လမ်းလျှောက်ပြီး လျှောက်စားတာနှင့် ရှေးဟောင်းမြို့တွေကို လေ့လာတာမျိုး စသဖြင့်လုပ်ဆောင်နိုင်ပါတယ်။
🛵 အဲ့တော့ ကိုလိုနီအမွေအနှစ်တွေလည်းရှိပြီးအေးချမ်းမှု၊ သဘာဝတောတောင်နှင့် ရှေးရိုးရာယဉ်ကျေးမှုတွေကို ရှာဖွေနေတဲ့ သဘာဝခရီးသွားများအတွက်တော့ တန်ဖိုးရှိမည့်နေရာတစ်ခု ဖြစ်နေမှာမလွဲဧကန်ဖြစ်ပါကြောင်းနှင့် အခွင့်အခါသင့်လျှင်ဖြင့် သွားရောက်လည်ပတ်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။ ဒီနေ့တော့ ဒီလောက်ပဲပေါ့ခင်ဗျာ....
🚩 ဒီတပတ်မျှဝေပေးလိုက်တဲ့ အကြောင်းအရာကို BPMers တို့အားလုံး သဘောကျမယ်လို့ ယုံကြည်ပါတယ်.ဗီယက်နမ်သွားဖို့ စိတ်ဝင်စားရင်လည်း ဇန်နဝါရီ ဒါနန်းခရီးကို စာရင်းသွင်းလိုက်ပါနိုင်ပါတယ် ၁၇ ရက်နေ့သွားမှာ ဖြစ်ပါတယ်။
🙏သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ခြင်းဖြင့်... တန်ပြန်နွေးထွေးမှုကိုရယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်..♻
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature with BPM"



❄"ဆောင်းရာသီ BPM ရဲ့ တောတောင်ခရီး‌လေးတွေ"⛺.................................................................................
19/12/2024

❄"ဆောင်းရာသီ BPM ရဲ့ တောတောင်ခရီး‌လေးတွေ"⛺....................................................................................................
🙏BPM အမျိုးတို့အားလုံးမင်္ဂလာပါ🙏
❄ ဆောင်းရာသီဆိုတာ ရာသီဉတုအေးအေးလေးနဲ့ 🥾🥾ခရီးထွက်လို့ အလွန်ကောင်းတယ်ဆိုတာ ခရီးကြိုက်သူအားလုံးအသိပဲဖြစ်ပါတယ်။ တောတောင်တွေကတော့ သင့်ကိုခေါ်နေပြီဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်လေ့လာရေးခရီးသွားလိုသူတွေအတွက် သဘာဝခရီးလမ်းကြောင်းလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
⛺ ဒီခရီးတွေဟာ အေးမြတဲ့ ဒီဇင်ဘာ, ဇန်နဝါရီ, ဖေဖော်ဝါရီ (၃) လအတွက်သာဖြစ်ပြီး....... လက်ရှိ BPM Winter သဘာဝခရီးတွေမှာ ပါဝင်ချင်သူတွေအတွက် အောက်ပါနေရာတွေနဲ့ သွားမယ်ရက်တွေရှိပါမယ် -
🏕 ချင်းမိုင် (၂၀ ဖေဖော်ဝါရီ)
🏕 မဲ့ဟောင်‌ဆောင် (၃၁ ဇန်နဝါရီ)
🏕 ဗီယက်နမ် (ဒါနန်း) (၁၇ ဇန်နဝါရီ)
🏕 ခို့ချန်ကျွန်း (၅ ဇန်နဝါရီ)
🏕 ခေါင်ရိုင် (၇ ဖေဖော်ဝါရီ)
🏕 ကန်ချနဘူရီ (၂၄ ဒီဇင်ဘာ, ၁၄ ဖေဖော်ဝါရီ) ........တို့ကို 🌳သွားကြဖို့ရှိပါတယ်။
⛺ ဘယ်သူတွေပါဝင်သင့်လဲ?
သင်ဟာ....
♻️ စူးစမ်းသွားလာတာမျိုး၊
♻️ သဘာဝပတ်ဝန်းကျင်ကိုချစ်သူ၊
♻️ စိတ်နှင့်ခန္ဓာကို သဘာဝဖြင့်ကုစားဖို့ကြိုးစားနေသူ၊
♻️ တောတောင်တွေကို နှစ်သက်သူ၊
♻️ မိတ်ဆွေသစ်ရှာနေသူ၊
♻️ သမရိုးကျခရီးတွေကို ညည်းငွေ့နေသူဆိုရင် ပါဝင်သင့်ပါတယ်။
⛺ BPM ရဲ့ ခရီးလမ်းကြောင်းလေးတွေဟာ သဘာဝကိုအသားပေးတဲ့ Backpacking ပုံစံခရီးလေးတွေဖြစ်ပြီး ကား၊ရထားဆိုင်ကယ်တွေနဲ့သွားတာမို့ ဆိုင်ကယ်စီးနိုင်သူတွေအတွက်သာ သင့်လျော်ကြောင်း ကြိုတင်အသိပေးပါရစေ🙏. 🛵 ခရီးသွားရာသီဖြစ်တာမို့ အတတ်နိုင်ဆုံး မိမိသွားချင်တဲ့ခရီးလေးတွေကို အစောဆုံးစာရင်းသွင်းဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ မကြာမှီခရီးစဉ်အသစ်များကိုလည်း မိတ်ဆက်ပေးဖို့ရှိပါတယ်။⛺
နွေးထွေးစွာဖြင့်
BPM Team
"Explore Nature with BPM"





​

18/12/2024

🌄 "ဂုတ်တွင်း...အမှတ်တရ" (အပိုင်း-၂) 🌳
BPM အမျိုးတို့အားလုံးမင်္ဂလာပါ 🙏
♻️ ဒီနေ့မှာတော့ BPM အဖွဲ့ရဲ့ ယခင်ကမြန်မာပြည်မှာသွားခဲ့တဲ့ အစီအစဉ် Travel Vlog တွေကို ပြန်တင်ပေးဖို့ စဉ်းစားရင်း မြန်မာခရီးစဉ်အချို့ကိုလည်း ပြန်အကောင်အထည်ဖော်ရင်ကောင်းမလားဆိုတာ အဖွဲ့ဝင်တွေနဲ့ တိုင်ပင်လျက်ရှိပါတယ်။
♻️ ကျွန်တော်တို့ သဘာဝခရီးသွားအစီအစဉ်တွေကို ၂၀၁၆ ဝန်းကျင်လောက်ကတည်းကစတင်ခဲ့ပြီး ၂၀၁၈မှာတော့ အတော့်ကိုအင်တိုက်အားတိုက် စီစဉ်ဖြစ်ခဲ့ပါတယ်။ Environmental Awareness Camping တွေကနေ နေမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးအမြတ်တွေရသလို ခရီးသွားလို့ရတဲ့ငွေကြေးအကျိုးအမြတ်လေးတွေနဲ့ Youth and Women ဖွံ့ဖြိုးရေးအစီအစဉ်တွေလုပ်ရင်း BPM ကိုစတင်နိုင်ခဲ့ပါတယ်။
♻️ တကယ်တော့ ၂၀၁၆-၂၀၂၁ အစ တိုင်းပြည်အခြေအနေကောင်းခဲ့စဉ်၊ လူငယ်တွေအတွက်အခွင့်အရေးတွေ ဖွင့်ပေးချိန်မှာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေအများကြီးနဲ့ ကြိုးစားရင်း တကယ်ဆို ခုချိန် နေရာတစ်ခုမှာ အတော်အခြေကျနေရမှာ ဖြစ်ပါတယ်။
♻️ ကံဆိုးစွာနဲ့တိုင်းပြည်အခြေအနေကြောင့် အားလုံးဟာအစကပြန်စရပေမယ့်.. စိတ်ဓာတ်မကျပဲ BPMer တွေဟာ ရောက်ရာအရပ်မှာ ရှင်သန်အောင်နေထိုင်ရင်း အားပြန်မွေးရပြန်ပါတယ်။ တချိန်ချိန်မှာတော့ အသစ်သစ်သောတီထွင်ဖန်တီးမှုတွေနဲ့ မြန်မာ Camping ခရီးစဉ်အချို့ကို ရည်ရွယ်ချက်တူ ခရီးသွားလုပ်ငန်းမိတ်ဆွေတွေနဲ့ပူးပေါင်းပြီး မိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ခုတော့ ကျွန်တော်တို့ရဲ့ သွားခဲ့တဲ့ခရီးလေးတွေကို ပြန်လည်ရှုစားရင်း အားပေးကြပါဉီးလို့....
🙏အစဉ်အမြဲအားပေးနေတဲ့ သဘာဝပတ်ဝန်းကျင်ချစ်သူခရီးသွားတွေ အားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွှန်တောင်းလျက်...🙏
နွေးထွေးစွာဖြင့်
BPM Team
"Explore Nature with BPM"





11/12/2024

ခုလိုပါဝင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်းမျှော်နေပါပြီ Journey to the West🥰 Wai Nwe

Send a message to learn more

⛺တောတောင်ရေတံခွန်တွေနဲ့ ကန်ချနဘူရီ Backpacking🌲............................................................................
28/11/2024

⛺တောတောင်ရေတံခွန်တွေနဲ့ ကန်ချနဘူရီ Backpacking🌲..............................................................................
🙏 BPM အမျိုးတို့အားလုံးမဂ်လာပါ.🙏
⛺ BPM အနေဖြင့် ဒေသန္တာရ ဗဟုသုတလေ့လာရင်း ခရီးအတွေ့အကြုံတွေယူရင်းနှင့် မွန်းကြပ်မှုတွေကို လျှော့ချနိုင်ဖို့ ထိုင်းနိုင်ငံခရီးလေးတွေကို သဘာဝချစ်သူမိတ်ဆွေအပေါင်းသူတော်ကောင်းတွေနဲ့ အားလပ်ချိန်စုဖွဲ့ခရီးသွားရောက်လျက်ရှိရာ ဒီတစ်ခေါက်မှာတော့ ဒုတိယကမ္ဘာစစ်ရဲ့ ထင်ရှားတဲ့နေရာတွေလည်းရှိ တောတောင်တွေလည်းရှိတဲ့ ကန်ချနဘူရီကိုသွားမှာ ဖြစ်ပါတယ်။ ဒီခရီးကို အချိန်ရလို့လိုက်ပါလိုတဲ့ စိတ်တူဝါသနာတူလူငယ်လူရွယ်များနဲ့သွားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
⛺ ဆောင်းရာသီအတွက် ဘယ်ရက်တွေသွားမှာလဲ?..............................................................................
🛵 ဒီဇင်ဘာ ၇ (၂ညအိပ် - ၃ရက်)
🛵 ဒီဇင်ဘာ ၂၄ (၁ညအိပ် - ၂ရက်)
🛵 ဖေဖော်ဝါရီ ၁၄ (၂ညအိပ် - ၃ရက်)
⛺ ဘာတွေလုပ်ကြမလဲ?..........................................
🌲 သဘာဝနဲ့ကုစားဖို့ တရားထိုင်ကြမယ်
🌲 အမျိုးသားဉယျာဉ်ထဲ တောတိုးမယ်
🌲 ရေတံခွန်မှာ ရေကူးမယ်
🌲 တောတွင်းလေ့လာမယ်၊
🌲 မြစ်တွင်းရေစီးမျှောမယ်
🌲 တောတွင်းမီးပုံလှုံ ကြမယ်ပေါ့ဗျာ...
⛺ ဘယ်သူတွေပါဝင်နိုင်မလဲ?...........................................
သင်ဟာ....
♻️ စူးစမ်းသွားလာတာမျိုး၊
♻️ သဘာဝပတ်ဝန်းကျင်ကိုချစ်သူ၊
♻️ စိတ်နှင့်ခန္ဓာကို သဘာဝဖြင့်ကုစားဖို့ကြိုးစားနေသူ၊
♻️ တောတိုး - ရေကြိုက်သူ၊
♻️ မိတ်ဆွေသစ်တွေမရှိလို အထီးကျန်နေသူ၊
♻️ သမရိုးကျခရီးတွေကို ညည်းငွေ့နေသူဆိုရင် ပါဝင်သင့်ပါတယ်။
(မှတ်ချက်။ ။ ရောက်တဲ့နေရာ..ဆိုင်ကယ်စီးပြီးသွားကြတာမို့ ပါဝင်သူ (၂)ယောက်လျှင် တစ်ယောက်နှုန်းမောင်းတတ်ဖို့ လိုအပ်ပါတယ်)
☎️ အထက်ပါအချက်တွေကို ကြည့်ပြီးစိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ BPM နဲ့အတူ သဘာဝကြီးထဲအတူတိုးဝင်ဖို့ Page ရဲ့ CB ကို စာပို့မေးမြန်း စာရင်းသွင်းနိုင်ပါတယ်။ ကျွန်တော်တို့ဟာ သဘာဝခရီးသွားတွေသာဖြစ်လို့ အေးဆေးသက်သာပြီး အပင်ပန်းမခံနိုင်သူတွေအတွက်တော့ အဆင်မပြေနိုင်ကြောင်း ကြိုတင်အသိပေးပါရစေခင်ဗျာ။ သူငယ်ချင်းလိုမျိုး ခရီးစုသွားတာမို့ လူဦး‌ရေ (၅ - ၈) ဦးသာသွားရောက်ကြမှာ ဖြစ်ပါတယ်။
🙏 BPM ကိုအမြဲအားပေးနေသူ သဘာဝချစ်သူတွေကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အစစအရာရာအဆင်ပြေကြပါစေလို့ ဆုမွှန်ကောင်းတောင်းအပ်ပါတယ်🙏
"Explore Nature with BPM"
နွေးထွေးစွာဖြင့်
Team BPM







#သဘာဝကြီးကိုချစ်မြတ်နိုးပါ
ြင့်ခရီးသွားပါ

🏕 ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာအဖြစ်သတ်မှတ်ခံရတဲ့ ရွာကလေး "ဘန်ရက်ထိုင်း" "Ban Rak Thai" 🗺....................................
27/11/2024

🏕 ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာအဖြစ်သတ်မှတ်ခံရတဲ့ ရွာကလေး "ဘန်ရက်ထိုင်း" "Ban Rak Thai" 🗺....................................................................................................
🙏 မင်္ဂလာပါ...BPMer အမျိုးတို့.🙏
🏕 BPM ရဲ့အမျိုးတွေအတွက် ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေ hidden treasure တွေကို သွားရောက်မလည်ပတ်မှီမှာ ပိုမိုသိရှိရအောင် လေ့လာတင်ပြပေးလျက်ရှိရာ ဒီတခေါက်မှာတော့ ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာအဖြစ် သတ်မှတ်ခံရတဲ့" Ban Rak Thai (ခေါ်) ဘန်ရက်ထိုင်း" ရွာလေးကို သွားရောက်လေ့လာကြရအောင်ပါ။
🏕 ဘန်ရက်ထိုင်း (Ban Rak Thai) ရှမ်းတရုတ်ရွာလေးဟာ မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ သာယာလှပတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ ရွာလေးသည် မယ်ဟောင်ဆောင်မြို့၏ မြောက်ဘက် ၄၄ ကီလိုမီတာခန့်၊ ပိုင်ရွာ မှ ၁၁၈ ကီလိုမီတာနှင့် ချင်းမိုင်မှ ၂၄၆ ကီလိုမီတာ အကွာတွင်တည်ရှိနေတာဖြစ်ကာ ၁၉၄၉ ခုနှစ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တရုတ်ရွှေ့ပြောင်းနေထိုင်သူများဖြင့် စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ထူးခြားမှုအနေဖြင့် ၎င်း၏ ဗိသုကာလက်ရာများ၊ ဟင်းလျာများနှင့် လက်ဖက်စိုက်ပျိုးမှုများကြောင့်ဖြစ်ပြီး ယူနန်ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
🏕 ဒီဘန်ရက်ထိုင်းရွာလေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၀၀ မီတာအမြင့်တွင်တည်ရှိနေပြီး ထိုင်းနိုင်ငံဒေသအများစုနှင့် နှိုင်းယှဉ်ပါက ပိုမိုအေးမြသောရာသီဥတုကို ခံစားရမှာ ဖြစ်ပါတယ်။ ရွာသည် တောင်ကုန်းများနှင့် စိမ်းလန်းစိုပြေသော လက်ဖက်စိုက်ခင်းများကြားတွင်တည်ရှိကာ ရွာအလယ်ဗဟိုတွင် တည်ငြိမ်အေးချမ်းသော ရေလှောင်ကန်တစ်ခုဖြင့် လက်ဆတ်အေးချမ်းသောလေထုကို ပံ့ပိုးပေးထားပါတယ်။
🏕 Ban Rak Thai ရွာသို့ လာရောက်လည်ပတ်သူများအနေဖြင့် အမျိုးမျိုးသောလှုပ်ရှားမှုများတွင် ပါဝင်နိုင်ပါတယ်။ ရွာဟာ အဓိက လက်ဖက်စိုက်ပျိုးတာမို့ စိမ်းစိုနေသော လက်ဖက်စိုက်ခင်းများကို စူးစမ်းလေ့လာနိုင်သလို ဒေသထွက် လက်ဖက်ခြောက်များကို ဝယ်ယူခြင်း၊ ယူနန်စတိုင်ခေါက်ဆွဲ၊ ရိုးရာပေါင်မုန့်နှင့် ဟင်းလျာများကိုလည်း မြည်းစမ်းခြင်းများ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ယူနန်ရှေးရိုးရားလှေများဖြင့် ရေကန်ပေါ်တွင် မနက်စောစော မြူခိုးများကြားတွင် လှေစီးခြင်းနှင့် ရိုးရာယူနန်ယဉ်ကျေးမှုများကိုလည်း စူးစမ်းလေ့လာခြင်းများကိုလည်း ရွာရိုးတလျှောက် လှည့်လည် လေ့လာနိုင်ပါသေးတယ်။
🏕 ဘန်ရက်ထိုင်းရွာကိုသွားဖို့အတွက် လမ်းခရီးအနေအထားအရ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခရီးဝေးတာကြောင့်လည်းဖြစ်သလို၊ လမ်းကြောင်းအားဖြင့် တောင်ဆင်းတောင်တက် ကွေ့ကောက်သောလမ်းများဖြစ်တာမို့ သွားရောက်ရာမှာ အနည်းငယ် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
🏕 ရွာကို သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်ဟာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ အကောင်းဆုံးဖြစ်ပြီး ထိုအချိန်တွင် အလွန်အေးမြကာ မနက်ခင်းရွာရေကန်ပေါ်တွင်မြူခိုးများဖြင့် ပြည့်နေတတ်ပါတယ်။
🏕 အချုပ်အားဖြင့် ဒီရှေးဟောင်း ရှမ်းတရုတ်ရွာလေးဟာ ရှမ်း၊ ထိုင်းနှင့် မြန်မာတိုင်းရင်းသားတို့ရဲ့ ယူနန်ယဉ်ကျေးမှုတို့၏ တမူထူးခြားရောစပ်ထားသည့် သဘာဝအလှတရားများကို နောက်ခံထားကာ အေးချမ်းမှု၊ သဘာဝတောတောင်နှင့် ရှေးရိုးရာယဉ်ကျေးမှုတွေကို ရှာဖွေနေတဲ့ သဘာဝခရီးသွားများအတွက်တော့ တန်ဖိုးရှိမည့်နေရာတစ်ခု ဖြစ်နေမှာမလွဲဧကန်ဖြစ်ပါကြောင်းနှင့် အခွင့်အခါသင့်လျှင်ဖြင့် သွားရောက်လည်ပတ်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။ ဒီနေ့တော့ ဒီလောက်ပဲပေါ့ခင်ဗျာ....
🚩 ဒီတပတ်မျှဝေပေးလိုက်တဲ့ အကြောင်းအရာကို BPMers တို့အားလုံး သဘောကျမယ်လို့ ယုံကြည်ပါတယ်.
🙏သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ခြင်းဖြင့်... တန်ပြန်နွေးထွေးမှုကိုရယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်..♻
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature with BPM"

#ဘန်ရက်ထိုင်း


🌳"ကန်ချနဘူရီ တောတောင်တွေဆီသို့ အလည်တစ်ခေါက်" ⛺..................................................🙏 BPM အမျိုးတို့မင်္ဂလာပ...
22/11/2024

🌳"ကန်ချနဘူရီ တောတောင်တွေဆီသို့ အလည်တစ်ခေါက်" ⛺..................................................
🙏 BPM အမျိုးတို့မင်္ဂလာပါခင်ဗျ...
🌳 အမြဲသွားဖို့စိတ်ရှိပေမယ့် ခရီးတိုတာရော စီစဉ်ဖို့နောက်ကျနေတဲ့ ဘန်ကောက်နားက ခရီးလေးတစ်ခုကို မိတ်ဆွေ BPMer တွေပါဝင်မှုကြောင့် သွားရောက်ဖြစ်ခဲ့ပါတယ်။ ဒီ ကန်ချနဘူရီခရီးလေးဟာ ကျွန်တော်တို့ရဲ့ သွားနေကျပုံစံ သဘာဝခရီးစဉ်တစ်ခုဖြစ်ပြီး တစ်ညအိပ်နှစ်ရက် အပြည့်အချိန်တိုလေးအတွင်းမှာ သွားချင်တဲ့နေရာအချို့မသွားဖြစ်ခဲ့ပေမယ့် လုပ်ချင်တာ အကုန်လုပ်လိုက်ရသလို သဘာဝပတ်ဝန်းကျင်လေ့လာရေးလည်း ဖြစ်ခဲ့တာမို့ BPMer တွေအတွက် အမှတ်တရတွေ ဖြစ်စေခဲ့ပါတယ်။
🌳 အမှတ်တရအဖြစ် အမြဲဖြစ်စေဖို့အတွက်နှင့် Page မှာ မှတ်တမ်းတစ်ခုအတွက်သာ ပိုစ့်တင်လိုက်ခြင်းသာဖြစ်ပြီး Story telling, အတွေ့အကြုံမျှဝေတာတွေကတော့ Travelpreneur Diary မှာနေ့အလိုက်တင်သွားပေးမှာမို့လို့ အားပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ် တောတောင်သဘာဝချစ်သူ ခရီးသွားမောင်နှမတို့ခင်ဗျ။
⛺ ကျွန်တော်တို့ BPMရဲ့ Winter သဘာဝတောတောင်ခရီးစဉ်တွေကို ပါဝင်လိုက်ပါလိုသူတွေအတွက် CB မှတဆင့်စာရင်းသွင်းနိုင်ပြီး သိလိုတာလေးတွေကို မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ BPM အနေနဲ့သဘာဝကြီးကိုချစ်မြတ်နိုးသူတွေ၊ အံဩဖွယ်‌တောတောင်အလှတရားတွေကို လေ့လာလိုသူတွေ၊ Adventure ကြိုက်နှစ်သက်သူတွေ မောင်နှမတို့ကို အတူတကွခရီးသွားဖို့ နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။
(ဒီလိုကာလမှာ ခရီးသွားလို့အများကိုအားနာရပေမယ့် ခက်ခဲကြမ်းတမ်းမှု၊ စိတ်ပင်ပန်းမှုတွေကို သဘာဝကြီးနဲ့ပဲကုစားနေရတာမို့ နားလည်ပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်)
🙏 ခရီးစဉ်တွေကို လိုက်ပါခဲ့သူတွေ ၊ BPM ကိုအားပေးနေသူ သဘာဝချစ်သူအမျိုးများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အခက်အခဲများအဆင်ပြေကြပါစေလို့ BPM မှ ဆုမွှန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature with BPM"






#တောတောင်တွေကိုချစ်ပါ
ြင့်သဘာဝခရီးသွားပါ

❄"ဆောင်းရာသီ BPM ရဲ့ တောတောင်ခရီး‌လေးတွေ.... "⛺............................................................................
20/11/2024

❄"ဆောင်းရာသီ BPM ရဲ့ တောတောင်ခရီး‌လေးတွေ.... "⛺...................................................................................
❄ ဆောင်းရာသီဆိုတာ ရာသီဉတုအေးအေးလေးနဲ့ ခရီးထွက်လို့ 🎒အလွန်ကောင်းတယ်ဆိုတာ ခရီးကြိုက်သူအားလုံးအသိပဲဖြစ်ပါတယ်။ တောတောင်တွေကတော့ သင့်ကိုခေါ်နေပြီဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်လေ့လာရေးခရီးသွားလိုသူတွေအတွက် သဘာဝခရီးလမ်းကြောင်းလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
⛺ လက်ရှိ BPM Winter သဘာဝခရီးတွေမှာ ပါဝင်ချင်သူတွေအတွက် အောက်ပါ Backpacking နေရာတွေနဲ့ သွားမယ်ရက်တွေရှိပါမယ် -
🏕 29 NOV --- ခေါင်ရိုင်
🏕 7 DEC --- ကန်ချနဘူရီ
🏕 20 DEC --- မဲ့ဟောင်‌ဆောင်
🏕 5 JAN --- ခို့ချန်ကျွန်း
🏕 17 JAN --- ဗီယက်နမ်
🏕 31 JAN --- မဲ့ဟောင်‌ဆောင်
🏕 7 FEB --- ခေါင်ရိုင်
🏕 14 FEB --- ကန်ချနဘူရီ
🏕 20 FEB --- ချင်းမိုင်
တို့ကို 🌳လေ့လာရေးသွားကြဖို့ရှိပါတယ်။ လူဉီးရေ အများဆုံး (၈) ယောက်ပဲလက်ခံတာမို့ BPM နဲ့စာရင်းသွင်းပြီး သဘာဝကိုစူးစမ်းကြရအောင်ပါ။
⛺ BPM ရဲ့ ခရီးလမ်းကြောင်းလေးတွေဟာ သဘာဝကိုအသားပေးတဲ့ Backpacking ပုံစံခရီးလေးတွေဖြစ်တာမို့ ဆိုင်ကယ်စီးနိုင်သူတွေအတွက် သင့်လျော် ကြိုတင်ပြင်ဆင်မေတ္တာရပ်ခံအပ်ပါရစေ🙏
⛺( ခဏခဏလာမေးကြတဲ့ အပင်ပန်းမခံနိုင်သူ၊ ဆိုင်ကယ်နဲ့မသွားချင်သူတွေအတွက် သီးသန့်ပုံစံ သပ်သပ်ရေးဆွဲ ချိတ်ဆက်စီစဉ်ပေးမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။ )
🏞 BPM ခရီးလေးတွေဟာ လူနည်းနည်းလေးနဲ့ပဲ သူငယ်ချင်းတွေစုသွားသလိုမျိုးမို့ အချိန်ရလို့ပါဝင်ချင်သူတွေအနေနဲ့ ကြိုတင်စာရင်းသွင်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
🙏အားလုံးစိတ်လက်ကျန်းမာ ခရီးထွက်နိုင်ကြပါစေခင်ဗျား🙏
"Explore Nature with BPM"
နွေးထွေးစွာဖြင့်
Backpackers Myanmar







ြင့်ခရီးသွားပါ

🌊"Backpacking ခို့ချန်" 🎒..................................................🙏 BPM မှကြိုဆိုပါတယ်ခင်ဗျာ။🌊 အောက်တိုဘာလမှာတေ...
11/11/2024

🌊"Backpacking ခို့ချန်" 🎒..................................................
🙏 BPM မှကြိုဆိုပါတယ်ခင်ဗျာ။
🌊 အောက်တိုဘာလမှာတော့ ကျွန်‌တော်တို့စီစဉ်နေတဲ့ BPM ခို့ချန်အစီအစဉ်လေးကို ကြိုးစားပြီးသွားရောက်လေ့လာခဲ့ကြပါတယ်။ ဒီအစီအစဉ်လေးဟာ ၃ညအိပ် ၄ရက်ကြာသွားခဲ့တဲ့ ခရီးစဉ်လေးဖြစ်ပြီး အတူတကွပါဝင်အားဖြည့်ပေးခဲ့တဲ့ ညီကိုမောင်နှမလေးတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီခရီးလေးတွေဟာ ပါဝင်သူမရှိရင် ဘယ်လိုမှသွားနိုင်မှာမဟုတ်သလို တစ်ယောက်တည်းသွားရင်လည်း အတော်ပျင်းစရာကောင်းပါတယ်။
🌊 ဒီတစ်ခါမှာတော့ ပုံတွေကိုခွဲမတင်တော့ပဲ.... Page မှာ မှတ်တမ်းတစ်ခုအနေနဲ့သာ တင်လိုက်ခြင်းသာဖြစ်ပြီး Story telling, အတွေ့အကြုံမျှဝေတာတွေကတော့ Travelpreneur Diary မှာနေ့အလိုက်တင်သွားပေးမှာမို့လို့ အားပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ် တောတောင်သဘာဝချစ်သူမောင်နှမတို့ခင်ဗျ။
⛺ ကျွန်တော်တို့ရဲ့ လာမယ့်သဘာဝတောတောင်ခရီးစဉ်တွေကို ပါဝင်လိုက်ပါလိုသူတွေအတွက် CB မှတဆင့်စာရင်းသွင်းနိုင်ပြီး သိလိုတာလေးတွေကို မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ BPM အနေနဲ့သဘာဝကြီးကိုချစ်မြတ်နိုးသူတွေ၊ အံဩဖွယ်‌တောတောင်အလှတရားတွေကို လေ့လာလိုသူတွေ၊ Adventure ကြိုက်နှစ်သက်သူတွေ မောင်နှမတို့ကို အတူတကွခရီးသွားဖို့ နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ်။
(ဒီလိုကာလမှာ ခရီးသွားလို့အများကိုအားနာရပေမယ့် ခက်ခဲကြမ်းတမ်းမှု၊ စိတ်ပင်ပန်းမှုတွေကို သဘာဝကြီးနဲ့ပဲကုစားနေရတာမို့ နားလည်ပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ)
🙏 ခရီးစဉ်တွေကို လိုက်ပါခဲ့သူတွေ ၊ BPM ကိုအားပေးနေသူ သဘာဝချစ်သူအမျိုးများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အခက်အခဲများအဆင်ပြေကြပါစေလို့ BPM မှ ဆုမွှန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature with BPM"






ြင့်သဘာဝခရီးသွားပါ

Address

Yangon

Telephone

+959421082861

Website

Alerts

Be the first to know and let us send you an email when Backpackers Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Backpackers Myanmar:

Videos

Share

Category