GOLD Travel & Tour

GOLD Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GOLD Travel & Tour, Travel Company, No. 59 Min Ye Kyaw Swar (14) Str Hlaing Thar Yar, Yangon.

28/11/2022
12/08/2022

Daw khin win shwe

🙏ဝါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့"🙏ဝါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့"တွင်ဗုဒ္ဒဂါယာဘုရားဖူးမိတ်ဟောင်း မိတ်သစ်များအားလုံးကိုယ...
03/08/2020

🙏ဝါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့"🙏

ဝါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့"တွင်ဗုဒ္ဒဂါယာဘုရားဖူးမိတ်ဟောင်း မိတ်သစ်များအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အေးချမ်းသာယာပါစေကြောင်း
'Gold Travel & Tour'
မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏 ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အထွဋ်အမြတ်ထားရာ" ကဆုန်လပြည့် ဗုဒ္ဓနေ့" ဖြစ်ပေသည်။ ကဆုန်လပြည့်န...
06/05/2020

ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏
ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အထွဋ်အမြတ်ထားရာ" ကဆုန်လပြည့် ဗုဒ္ဓနေ့" ဖြစ်ပေသည်။ ကဆုန်လပြည့်နေဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် မမေ့အပ် မမေ့ကောင်း မမေ့နိုင်စရာ နေ့တစ်နေ့ဖြစ်ပေသည်။
၁။ ယခုမှပြန်၍ရေတွက်လျှင် လွန်ခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအလွန်က မြတ်ဗုဒ္ဓလောင်းလျာဖြစ်လာမည့် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ ထံတော်ပါး၌ ဘုရားဆုကို ပန်ဆင်တော်မူခဲလေသည်။ ထိုဘုရားဆုကို ပန်ဆင်သောနေ့မှာ ကဆုန်လပြည့်နေ့ ဖြစ်ခဲ့ပေသည်။
၂။ နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်မှုကြောင့် မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့တွင် အလောင်းတော်နတ်သားဟာ တုသိတာနတ်ပြည်မှစုတေ၍ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန၏ မိဖုရားခေါင်ကြီးဖြစ်သော မာယာဒေဝီမိဖုရားကြီး၏ဝမ်းကြာတိုက်ဝယ် သန္ဓေယူခဲ့ပြီး မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လတွင် မိဘတိုင်းပြည်ဖြစ်သော ဒေဝဒဟသို့ အသွား ကပိလဝတ်နေပြည်တော်နှင့် ဒေဝဒဟနေပြည်တော်အကြား လုမ္ဗိနီဥယျာဉ်တော်အရောက်တွင် အလောင်းတော် သိဒ္ဓတ္ထမင်းသားကိုဖွားမြင်ခဲ့ပေသည်။ ထိုနေ့သည် ကဆုန်လပြည့် သောကြာနေ့ဖြစ်ခဲ့ပေသည်။ အာ,ဗော,ကာ,ယ,ကဏ်,ရွှေ, ဆန်ဟူသော ဖွားဖက်တော်ခုနှစ်ဦးတို့သည်လည်း ထိုကဆုန်လပြည့်နေတွင်ပင် ဖွားမြင်ခဲ့ကြပေသည်။ ယနေ့ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာ၌တည်ရှိသော မဟာဗောဓိစေတီတော်ကြီး၏ အနောက်ဘက်နားတွင် ဖွားဖက်တော်(၇)ဦးတွင်အပါအဝင်ဖြစ်သော ဗောဓိညောင်ပင်သည်လည်း ဘုရားအလောင်းဖွားမြင်သည်နှင့် တစ်ပြိုင်နက် ထိုကဆုန်ပြည့်နေ့၌ပင် ပေါက်ဖွားခဲ့လေသည်။ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မွေးဖွားပြီးစအချိန်တွင် မြောက်အရပ်သို့ ခြေခုနှစ်ဖွားလှမ်းပြီး ညာလက်ကို မြှောက်ကာ လက်ညှိုးကိုထောင်လျှက် " အဂ္ဂေါဟ မသ္မိ လောကဿ၊ လောကမှာ ငါဟာအမြတ်ဆုံးပဲ။ ဇေဋ္ဌောဟ မသ္မိ လောကဿ၊ လောကမှာ ငါဟာအကြီးဆုံးပဲ။ သေဋ္ဌောဟ မသ္မိ လောကဿ၊ လောကမှာ ငါဟာအချီးမွမ်းအပ်ဆုံးပဲ"ဟု သာမန်လူသားတို့၌မတွေ့ရသော အံ့သြဖွယ်အခြင်းအရာများကို ထိုကဆုန်လပြည့်နေ့၌ပင် ပြုလုပ်ကြွေးကြော်ခဲ့ပေသည်။
၃။ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ၁၆နှစ်မှ ၂၉နှစ်ထိ ၁၃နှစ်တိုင် ထီးနန်းစည်းစိမ်ကိုခံစားပြီး နိမိတ်ကြီးလေးပါးမြင်ကာ တောထွက်ရဟန်းပြုတော်မူပြီး ဥရုဝေလတောဝယ် ၆နှစ်တိုင် ဒုက္ကရစရိယ( လူသာမန်တို့ကျင့်ကြံအားထုတ်ဖို့ရန်ခဲရင်းသော) အကျင့်တို့ကို ကျင့်ကြံအားထုတ်တော်မူခဲ့ပေမယ့် ထိုအကျင့်ဖြင့် သဗ္ဗညုတဉာဏ်ကို မရနိုင်ကြောင်းသိမြင်တော်မူ၍ မဇ္ဈိမပဋိပဒါ( အလယ်အလတ်) အကျင့်ကို ပြောင်းလဲ၍ ကျင့်ကြံအားထုတ်တော်မူခဲ့လေသည်။ မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်ကြံအားထုတ်၍မကြာမီ မဟာဗောဓိပင်အောက် အပရာဇိတပလ္လင်ထက်တွင် မာရ်ငါးပါးကိုအောင်တော်မူ၍ ပထမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်တော်၊ ပစ္ဆိမယာမ်၌ အာသဝက္ခဉာဏ်တော်တို့ကို ရရှိတော်မူကာ သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်ခဲ့ပေသည်။ ထိုဘုရားဖြစ်တော်မူသောနေ့မှာ မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဖြစ်ပေသည်။
၄။ မဟာသက္ကရာဇ် ၁၀၃ ၊ ဇိနတ္ထပကာသနီအလိုအရ မဟာသက္ကရာဇ် ၁၀၄ တွင် ရဟန္တာအပေါင်း (၂၀၀၀ဝ)ခြံရံလျှက် ရာဇဂြိုဟ်မှ ယူဇနာ (၆၀)ဝေးသော ကပိလဝတ်နေပြည်တော်သို့ နှစ်လတိုင်တိုင်ကြွချီတော်မူ၍ ဆွေမျိုးများနှင့် ပြည်လည်တွေ့ဆုံပြီး မဟာဗုဒ္ဓဝင်ကြီးကို ဟောကြားခဲ့ပေသည်။ ထိုနေ့သည်လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်ပေသည်။ ( ပြန်လည်ဆုံတွေ့၊ ကဆုန်နေ့)။ (မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင်ကျမ်းအလိုအရ ကဆုန်လပြည့်ကျော် တစ်ရက်နေ့ဖြစ်ပေသည်။)
၅။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော် (၈၀)၊ ဝါတော် (၄၅)ဝယ် မလ္လတိုင်း၊ ကုသိနာရုံမြို့အပြင်ဘက် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြောက်အရပ်သို့ ဦးခေါင်းပြုလျှက် တပည့်သာဝကအပေါင်းတို့အား " ချစ်သားတို့ သင်္ခါရတရားမှန်သမျှ ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောရှိပေ၏ မမေ့မလျှော့ အားထုတ်၍နေရစ်ကြကုန်လော့" ဟု နောက်ဆုံးစကားမိန်းကြားပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့လေသည်။ ထိုနေ့ကား မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့် အင်္ဂါနေ့ဖြစ်ပေသည်။
ထိုကဲ့သို့ ထူးခြားမှုများနှင့်ပြည့်စုံသော ကဆုန်လပြည့်နေဝယ် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဒါန၊သီလ၊ ဘာဝနာ အစရှိသော ကုသိုလ်ကောင်းမှုတို့ကို ကြိုးစားအားထုတ်၍ ဘုရားရှင်အားပူဇော်ကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

1လပိုင်းခရီးစဥ်လေးပါရှင့်🙏🙏🙏
16/01/2020

1လပိုင်းခရီးစဥ်လေးပါရှင့်
🙏🙏🙏

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ India (Myanmar BuddhistAcademic Center) အဖွဲ့ပ...
06/01/2020

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့
ဖြိုးရေးအဖွဲ India (Myanmar BuddhistAcademic Center)
အဖွဲ့ပိုင်ကျောင်းတော်ကြီးတွင်……
ဆရာတော်အရှင်ကုမုဒ ၏ လမ်းညွှန်မှုဖြင့် ‌ဒေါ်ခင်ဝင်းရွှေ
ဦးဆောင်သော ရွှေ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့သူတော်ကောင်းတို့မှ ကျောင်းတော်ကြီးအတွက် ဆွမ်း၊ ကျောင်း၊ ဆေး၊ ပညာရေး ပဒေသာပင်များကို စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် စိုက်ထူလှူဒါန်းခဲ့ကြပါသည်။🙏🙏🙏

01/01/2020
ကုသိနာရုံ..ဘုရားပရိနိဗ္ဗံစံရာဌာန
01/01/2020

ကုသိနာရုံ..ဘုရားပရိနိဗ္ဗံစံရာဌာန

နီပေါ..ဘုရားမွေးရာဌာနေ
01/01/2020

နီပေါ..ဘုရားမွေးရာဌာနေ

သာ၀ထ္ထိပြည်သရက်ဖြူကုန်းအင်္ဂုလိမာလစေတီနှင့်သုဒ္ဓတ္ထစေတီဇေတ၀န်ကျောင်းတော်ရာနှင့်ဘုန်းကြီးကျောင်း
29/12/2019

သာ၀ထ္ထိပြည်သရက်ဖြူကုန်း
အင်္ဂုလိမာလစေတီနှင့်သုဒ္ဓတ္ထစေတီ
ဇေတ၀န်ကျောင်းတော်ရာနှင့်ဘုန်းကြီးကျောင်း

ဒေလီHotel 🍽
29/12/2019

ဒေလီHotel 🍽

အိန္ဒိယဂိတ်ကုသုမိနာ
27/12/2019

အိန္ဒိယဂိတ်
ကုသုမိနာ

12လပိုင်းခရီးစဥ်လေးပါရှင့်
26/12/2019

12လပိုင်းခရီးစဥ်လေးပါရှင့်

12လပိုင်းခရီးစဥ်လေးပါရှင့်🙏🙏🙏
26/12/2019

12လပိုင်းခရီးစဥ်လေးပါရှင့်
🙏🙏🙏

(၁၅ရက်)အထူးတရားစခန်းခရီးစဥ်လေးဖြစ်လို့စရင်းအမြန်ပေးသွင်းကြပါရှင့်14.1.2020မှ28.1.2020ထိဗုဒ္ဓဂယာမြေမြတ်မဟာသို့🙏🙏🙏✈ထွက်ခွာ...
21/12/2019

(၁၅ရက်)အထူးတရားစခန်းခရီးစဥ်
လေးဖြစ်လို့စရင်းအမြန်ပေးသွင်းကြပါရှင့်14.1.2020မှ28.1.2020ထိ
ဗုဒ္ဓဂယာမြေမြတ်မဟာသို့🙏🙏🙏
✈ထွက်ခွာ
ရန်ကုန် > ဂယာ >
ဗာရာဏသီ > သင်္ကသနဂိုရ်
သာဝတ္တိ > နီပေါ
ကုသိနာရုံ > ဝေသာလီ
ရာဇဂြိုလ် >ဂယာ >ရန်ကုန်
ပြန်ရောက်✈
သတ္တ{၄}ဌါန-အဝိဇဟိတ{၄}ဌါန
ဘုရားသမိုင်းဌါနများတစ်ခုမကျန်စုံလင်စွာဖူးမျှော်ကြည်ညိုနိုင်မှာဖြစ်
ပါတယ်
{အထူးခရီးစဥ်အနေနဲ့သုသုမာရဂီရီမြို့မြတ်စွာဘုရားဝါဆိုခဲ့ရာနေရာ
နကုလမာတာနှင့်နကုလပီတာတို့နေထိုင်ခဲ့သောကျောင်းတော်ရာသို့ပို့ဆောင်ပေးမှာဖြစ်လို့}
စရင်းပေးသွင်းကြပါရှင့်🙏

ခရီးစဉ်အသေးစိတ်ကိုသိရှိလိုပါက
ဆက်သွယ်နိုင်ပါတယ်
☎0943182131
🙏နှလုံးစိတ်ဝမ်းအေးချမ်းပါစေ🙏

19/12/2019

12လပိုင်းအတွက်
ပြည့်သွားပါပြီရှင့်
ကျေးဇူးပါ
🙏🙏🙏

(၁၅ရက်)ခရီးစဥ်လေးပါ22.12.2019 ထွက်ခွာမည်ဗုဒ္ဓဂယာမြေမြတ်မဟာသို့🙏🙏🙏ဘုရားဖူးသွားရောက်လှူတန်းလိုသူကုသိုလ်ရှင်များအတွက်သတင်းက...
17/12/2019

(၁၅ရက်)ခရီးစဥ်လေးပါ
22.12.2019 ထွက်ခွာမည်
ဗုဒ္ဓဂယာမြေမြတ်မဟာသို့🙏🙏🙏
ဘုရားဖူးသွားရောက်လှူတန်းလိုသူကုသိုလ်ရှင်များအတွက်သတင်း
ကောင်းပါးပါရစေရှင့်။
✈ရန်ကုန် > ဂယာ >
ဗာရာဏသီ > သင်္ကသနဂိုရ် >
အာဂရာ > နယူးဒေလီ >
သာဝတ္တိ > လုဗ္ဗိနီ
ကုသိနာရုံ > ဝေသာလီ >
နာလန္ဒာ > ရာဇဂြိုလ် >
ဂယာ >ကိုးလ်ကတ္တား>ရန်ကုန်
5.1.2020ပြန်ရောက်✈

ခရီးစဉ်အသေးစိတ်ကိုသိရှိလိုပါက
ဆက်သွယ်နိုင်ပါတယ်
☎0943182131
🙏နှလုံးစိတ်ဝမ်းအေးချမ်းပါစေ🙏

11လပိုင်းခရီးစဥ်ပြန်လည်ရောက်ရှိပါပြီ🙏🙏🙏
06/12/2019

11လပိုင်းခရီးစဥ်ပြန်လည်ရောက်ရှိပါပြီ
🙏🙏🙏

01/12/2019

Happy Sweet December
ပျော်ရွှင်စရာဒီဇင်ဘာလေးဖြစ်ပါစေရှင်
🌨🌨🌨

ဗုဒ္ဓဂယာမြေမြတ်မဟာသို့🙏🙏🙏ဘုရားဖူးသွားရောက်လှူတန်းလိုသူကုသိုလ်ရှင်များအတွက်သတင်းကောင်းပါးပါရစေရှင့်။(၁၅ရက်)ခရီးစဥ်လေးပါ21...
20/11/2019

ဗုဒ္ဓဂယာမြေမြတ်မဟာသို့🙏🙏🙏
ဘုရားဖူးသွားရောက်လှူတန်းလိုသူကုသိုလ်ရှင်များအတွက်သတင်းကောင်းပါး
ပါရစေရှင့်။
(၁၅ရက်)ခရီးစဥ်လေးပါ
21.11.2019 ထွက်ခွာမည်ရက်✈
✈ရန်ကုန် > ဂယာ >
ဗာရာဏသီ > သင်္ကသနဂိုရ် >
အာဂရာ > နယူးဒေလီ >
သာဝတ္တိ > လုမ္ဗိနီ >
ကုသိနာရုံ > ဝေသာလီ >
နာလန္ဒာ > ရာဇဂြိုလ် >
ဂယာ >ရန်ကုန်✈

🙏စုပေါင်းရွှေကြာသင်္ကန်းများ
ကပ်လှုပူဇော်နိုင်ရန်စီစဉ်ပေးခြင်း။

📲ခရီးစဉ်တလျောက်bus
ကားပေါ်တွင်wifi လွင့်ထားပေးပြီး
internet freeအသုံးပြုနိုင်ခြင်း။

📹ခရီးစဉ်တလျောက်မှတ်တမ်းတင် ဗီဒီယိုနှင့် ဓာတ်ပုံများ ရိုက်ကူးပေးခြင်း။
♿️သက်ကြီးရွယ်အိုများအတွက်wheel chair များစီစဉ်ပေးခြင်း။
ဘုရားဖူးသီးသန့်အချိန်ပေးပြီး🙏
တရားဘာဝနာများပွားများနိုင်စေရန်ကိုင်ပိုင်အချိန်ပေးခြင်း။

ခရီးစဉ်အသေးစိတ်ကိုသိရှိလိုပါက
ဆက်သွယ်ရန်
☎0943182131
🙏နှလုံးစိတ်ဝမ်းအေးချမ်းပါစေ🙏

၁၄.၉.၂၀၁၉အဘထွက်ပွဲ ပုဂံ ဆွယ်တော်လေးဆူ ဘုရားဖူးမှတ်တမ်း
19/09/2019

၁၄.၉.၂၀၁၉
အဘထွက်ပွဲ ပုဂံ ဆွယ်တော်လေးဆူ ဘုရားဖူးမှတ်တမ်း

19/07/2019

🇲🇲 အာဇာနည်နေ့ သမိုင်း 🇲🇲
**********************
လွန်ခဲ့တဲ့ (၇၂) နှစ်၊ တိတိကျကျပြောရရင် ၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်။ တိုင်းပြည်ကံကြမ္မာကို ပြောင်းလဲပစ်လိုက်တဲ့ အချိန်။ အဲဒီအချိန်မတိုင်မီ နံနက် (၁၀) နာရီ ဝန်းကျင်မှာ တာဝါလိမ်းလမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မယ့် ၀န်ကြီးများ အစည်းအဝေးကိုတက်ဖို့ ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ ကားနက်ကလေး RA/2874 ကိုစီးပြီး ထွက်လာ ခဲ့တယ်။
(၁၀) နာရီ (၁၀) မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ်ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မယ့် အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။
အဲဒီမနက်ရဲ့ရန်ကုန်မြို့ရာသီဥတုဟာ“မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်း လျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ် လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။
နံနက် (၁၀) နာရီ (၁၅) မိနစ်ခန့်မှာတော့ ဝန်ကြီးများရုံးရဲ့ အစည်းအဝေးခန်းမမှာ ဝန်ကြီးတွေ အစည်းအဝေးပြုလုပ်နေကြတယ်။
အောင်ဆန်း-အက်တလီ စာချုပ်အရ ရှေ့လာမယ့် လအနည်းငယ်အတွင်းမှာ သေချာပေါက်ရတော့မယ့် လွတ်လပ်ရေးကို မျှော်မှန်းတွေးပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် တက်ကြွနေကြတဲ့ ဝန်ကြီးအသီး သီးဟာ မကြာမီ သူတို့အပေါ် ကြရောက်လာတော့မယ့် ကံကြမ္မာဆိုးကို လုံးဝ မသိရှာကြဘူး။
နံနက် (၁၀) နာရီ (၃၅) မိနစ် ခန့်မှာတော့ ကံကြမ္မာဆိုး (သို့မဟုတ်) လူသတ်သေနတ်သမားတွေကို တင်ဆောင်လာတဲ့ ကားနံပါတ် RC / 1814 ဂျစ်ကားဟာ ဝန်ကြီးများရုံးရှိရာကို ရောက်ရှိလာပါတယ်။ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်မှာတော့ သေနတ်သမားတွေဟာ ဝန်ကြီးတွေ အစည်းအဝေးလုပ်နေတဲ့ အခန်းဝကို ရောက်ရှိလာပြီး အသင့်သယ်ဆောင်လာတဲ့ စက်သေနတ်အသီးသီးနဲ့ အစည်းအဝေးခန်းမထဲမှာရှိနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းပြည်ခေါင်းဆောင်အသီးသီးကို စိတ်ရှိလက်ရှိ ပစ်ခတ်သတ်ဖြတ် လုပ်ကြံလိုက်ကြ ပါတော့ တယ်။ လူသတ်သမားတွေဟာေ ခါင်းဆောင်တွေနဲ့အတူ တိုင်းပြည်ကံကြမ္မာကိုပါ လုပ်ကြံလိုက်မိတယ်ဆိုတာ စိုးစဉ်းမျှ တွေးမိပုံတောင်မရတဲ့ပုံပါပဲ။ အဲဒီလုပ်ကြံမှုမှ ခေါင်းဆောင်ရှစ်ဦးနဲ့အတူ သေနတ်သံ တွေကြားလို့ ပြေးထွက်လာတဲ့ ဝန်ကြီးဦးရာဇတ်ရဲ့ အပါးတော်မြဲ ရဲဘော်ကိုထွေးလည်း ကျဆုံးအသက်ပေးခဲ့ရ ပါတယ်။ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ကိုးဦးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဘုရင်ခံကောင်စီဒု-ဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန
၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊
၎။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊
၇။ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊
၈။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန
၉။ ရဲဘော်-ကိုထွေး

အဲဒီနောက်မှာတော့ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးလို ကြိတ်မနိုင်ခဲမရ ဝမ်းနည်းတသနဲ့ ငိုကြွေးခဲ့ကြရတာ ခုဆိုရင် (၇၂) နှစ် တိုင်ခဲ့ပါပြီ

16/07/2019

🌕🙏 🙏🙏
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာပြီး ကုသိုလ်ကောင်းမှု့တို့ဖြင့်ပြည့်စုံသော ဓမ္မစင်္ကြာအခါတော်နေ့လေး ဖြစ်ကြပါစေ...။

ဝါဆိုလပြည့်နေ့

ဓမ္မစင်္ကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့သောနေ့ထူးနေ့မြတ်
ဖြစ်ပါသည်။

🙏 ထူးခြားချက်များ
=================
၁။ ပဋိသန္ဓေ နေသောနေ့
၂။ တောထွက်တော်မူသောနေ့
၃။ ဓမ္မစင်္ကြာတရား စတင်ဟောတော်မူသောနေ့
၎။ တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့
၈။ "ဧဟိ ဘိက္ခု" ဟူသောစကားကို စတင်ကြားရသောနေ့

စတဲ့ ထူခြားချက်များရှိသော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက်
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည်
ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍

ဥပုသ်သီလ ဆောက်တည်ခြင်း၊
ဝါဆိုပန်းများ ကပ်လှူခြင်း၊
ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊
ဓမ္မစင်္ကြာ တရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်း

“၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

++++++++++++++++++++++++++++++

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

***********************************

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ

ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့ လေးတစ်နေ့ ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့  အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်

ဝါဆိုလပြည့်နေ့ ရာဇ၀င်

ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့ မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့  အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ၀ါတွင်းသုံးလလို့  ခေါ်ပါသည်။ အဲဒါကြောင့်မို့ ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့  ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း- ဆိုတာ ၀ါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
ဝါမဆိုမီကာလမှာ ၀ါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ၀ါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ၀ါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းကြပါသည်။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို
ကုသိုလ်ကောင်းမှုတို့ပြုလုပ်ရင်းဖြင့် ဖြတ်ကျော်ကြပါသည်

13/07/2019

မြေ မြတ် မဟာ ဗုဒ္ဓဂါယာ
ဘုရားဖူးသွားကြစို့🙏🙏🙏

18/05/2019

🙏ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) ဆိုသည်မှာ 🙏

၁။ ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း)
ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား
သဗ္ဗညုတမြတ်စွာဘုရားနှင့် စပ်လျဉ်း၍

(၁) ဗျာဒိတ် ခံယူတော်မူသောနေ့
(၂) ဖွားမြင် တော်မူသောနေ့
(၃) ဘုရားဖြစ် တော်မူသောနေ့
(၄) ပရိနိဗ္ဗာန်စံ တော်မူသောနေ့
ဤထူးခြားချက် လေးမျိုးနှင့် ပြည့်စုံနေပါသည်။

ထို့ကြောင့် ဤနေ့ကို 'ကဆုန်လပြည့် ဗုဒ္ဓနေ့' ဟု
အမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့် ဤနေ့ကို
'ကဆုန်လပြည့် မာရ်အောင်နေ့' အဖြစ် ဗုဒ္ဓဘာသာ
ဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍ နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားတော်မူခြင်း ၊ ပရိနိဗ္ဗာန်စံတော်မူခြင်း
များကို အကြောင်းပြု၍ 'ဝိဆခ်ဒေ' ဟု
ခေါ်ဆိုကြပါသည်။ ဝ်သာခါဒေးဟု ဆိုလိုပါသည်။

၎။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်
ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း
ဖွားဘက်တော် ခုနှစ်ပါးတွင် စားရင်းဝင်
ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်
တစ်မျိုးဖြစ်ပါသည်။

ဤသို့ မြတ်စွာဘုရားနှင့်‌ တိုက်ရိုက်ဆက်စပ်
နေသည့် ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်အလာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များ
အနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာ
ပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏အလောင်းသည်
တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်
ရသောအကျိုးကြောင့် နတ်ပြည်၌ဖြစ်ရခြင်း
စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်း
ရခြင်း အကျိုးများကို ခံစားရကြောင်း (ထေရပါဒါန်)
ကျမ်းဂန်၌ ဟောကြားထားကာသည်။

၈။ အထက်ပါအကြောင်းအရာကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာ
တင် မင်္ဂလာဆင်ယင်ကျင်းပ၍ ကုသိုလ်ထူးကို
ဆည်းပူးလေ့ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန၊သီလ၊ ဘာဝနာအမှုကိုပြုလုပ်၍
ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အထူးဆင်နွှဲကြပါသည်။

*******

07/04/2019

သုဇာတာအိမ်နဲ့..ဂနာနို့ဆွမ်း
ကပ်ရာနေရာ

07/04/2019

မဟာ​ဗောဓိမှာသတ္တာခုနှစ်​ဌာနရှင်း..

06/04/2019

၎လပိုင်း မိသားစုသီးသန့်ခရီးစဉ်
🙏🙏🙏🙏🙏

27/03/2019

Gold Travel & Tour
ဘုရားဖူးအဖွဲ့မှ အိန္ဒိယနိုင်ငံမဂဓတက္ကသိုလ်တွင်
ဆန် ဆီ ဆွမ်းပဒေသာပင် နှင့် ပညာရေး
ပဒေသာပင်အတွက်အလှူတော်ငွေများ
လှူဒါန်းပြီး တရားနာယူ ကြပါတယ်🙏🙏🙏

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 00:00

Telephone

+95943182131

Website

Alerts

Be the first to know and let us send you an email when GOLD Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GOLD Travel & Tour:

Share

Category