Asia Sky Blue Travel and Tour Co.,Ltd

Asia Sky Blue Travel and Tour Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Asia Sky Blue Travel and Tour Co.,Ltd, Tour Agency, Yangon.

01/08/2023

House of Prophet Mohamed (SW)

01/08/2023

Old Medina.

01/08/2023
မြတ်နဗီﷺ၏အချစ်ဆုံး စွာဟာဗီကြီးအဘူဘက္ကရ် رضي الله عنه ▪စွာဟာဗီကြီး အဘူဘက္ကရ် رضي الله عنه ကိုဆင်နှစ်ပြီး ၂ နှစ် နောက်တွင်...
11/07/2023

မြတ်နဗီﷺ၏အချစ်ဆုံး စွာဟာဗီကြီး
အဘူဘက္ကရ် رضي الله عنه

▪စွာဟာဗီကြီး အဘူဘက္ကရ် رضي الله عنه ကို
ဆင်နှစ်ပြီး ၂ နှစ် နောက်တွင်မက္ကာဟ်ရွှေမြို့တော်၌
မွေးဖွားခဲ့သည်။

👉🏼ဆင်နှစ်ဆိုသည်မှာ အဗ်ရဟဟ်ဘုရင်ခံသည်
ဆင်တပ်နှင့် ကအ်ဗဟ်ကျောင်းတော်ကိုဖြိုဖျက်ရန်
ချီတက်လာခဲ့သောနှစ် ဖြစ်သည်။

▪စွာဟာဗီကြီးသည် ကိုယ်တော်မြတ်ကြီးﷺ
ထက်အသက်ရွယ်အားဖြင့် ၂ နှစ်ခန့်ငယ်သည်။

▪အစ္စလာမ်မတိုင်ခင်ကာလကပင်
အဘူဘက္ကရ်ဆွီဒ္ဒီးက် رضي الله عنهကို
၎င်း၏ မြင့်မြတ်သောကိုယ်ကျင့်တရားနှင့် သစ္စာရှိမှု၊
ရက်ရောမှုတို့ကြောင့် လူအများချစ်ခင်လေးစားခဲ့ကြ
သည်။ မိမိဘဝတွင် မည်သည့် အခါမျှအရက်သေစာ
သောက်စားခြင်း၊ ရုပ်ထုဆင်းတုများကို ဦးချခြင်း
မပြုခဲ့ပေ။

▪တမန်တော်မြတ်ကြီးﷺ သည် အစ္စလာမ်ဘက်သို့
ဖိတ်ခေါ်ခဲ့ရာ အများနှင့်မတူ စဉ်းစားတွေဝေခြင်း
လုံးဝမရှိဘဲ တမန်တော်မြတ်ကြီး၏ ဖိတ်ခေါ်မှုကို
လက်ခံတော်မူခဲ့သည်။

တမန်တော်မြတ်ကြီးﷺ သည် မေ့အ်ရားဂ်ျခရီးစဉ်
နှင့် ပတ်သက်၍ သတင်းပေးခဲ့ရာ အဘူဘက္ကရ်ဆွီဒ္ဒီးက် رضي الله عنه မှ ကိုယ်တော်ﷺကိုထောက်ခံပြောဆိုခဲ့
သောကြောင့်. ''''ဆွီဒ္ဒီးက်''' ဟူသော(အမှန်တရားကို
အလွန်ထောက်ခံသူ )ဘွဲ့ဂုဏ်ထူးကိုချီးမြှင့်ခဲ့သည်။

▪အစ္စလာမ် နှင့်ပတ်သက်၍ အများဆုံး ပေးဆပ်ခဲ့
သောသူဖြစ်သည်။ တမန်တော်ﷺ၏ အချစ်ဆုံး
မိတ်ဆွေ၊ ခရီးသွားဖော် ၊ အဆိုးအကောင်း
တိုင်ပင်ဖော် တိုင်ပင်ဖက်၊ အချစ်ဆုံးဇနီး ၏ ဖခင်
ဖြစ်ပြီး ကိုယ်တော့်ﷺ၏ နှလုံးသားထဲတွင် အများဆုံး
နေရာရထားသော ဆွဟာဗီကြီး ဖြစ်သည်။

▪စွာဟာဗီကြီးသည် လောကီဘဝတွင်ပင် ဂျန္နသ်သုခဘုံ၏ သတင်းကောင်းပေးခြင်းခံခဲ့ရသော ပုဂ္ဂိုလ်မွန်ကြီးဖြစ်သည်။

▪ကိုယ်တော်မြတ်ကြီးﷺ အလ္လာဟ်အရှင့်အမိန့်တော်
ခံယူပြီးနောက်ပိုင်းတွင် စွာဟာဗာဟ်များ ယူကြုံးမရ
ဖြစ်ပြီး အခြေအနေ ကစဉ့်ကလျား ဖြစ်လု နီးပါး
ဖြစ်နေချိန်တွင် အဘူဘက္ကရ်ဆွီဒ္ဒီးက် رضي الله عنه သည် မိမိ၏ကျော်ကြားသည့်မိန့်ခွန်း နှင့်
၎င်း အခြေအနေ ကို ထိန်းသိမ်းခဲ့သည်။

"အသင်တို့အနက် အကြင်သူသည် မုဟမ္မဒ် صلى الله عليه وسلم ကို ကိုးကွယ်လျှင် မုဟမ္မဒ် صلى الله عليه وسلمသည် ကွယ်လွန်သွားပြီဖြစ်၏။

အသင်တို့အနက် အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်လျှင် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အခါမျှ သေဆုံးခြင်းမရှိ အမြဲရှင်နေတော်မူသောအရှင် ဖြစ်တော်မူ၏။"

▪စွာဟာဗာဟ်များ၏ ရွေးချယ်မှုနှင့်
အစ္စလာမ်သာသနာတော်၏ ပထမဦးဆုံး
ခလီဖာဟ်သမ္မတဖြစ်လာခဲ့သည်။

▪အလွန်တရားမျှတစွာအုပ်ချုပ်ခဲ့ပြီး
အုပ်ချုပ်သည့်ကာလမှာ ၂နှစ် နှင့် ၃လ ကြာမြင့်ခဲ့သည်။

၎င်းနောက် မဒီနာရွှေမြို့တော် တွင်
အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ခံယူခဲ့သည်

12/06/2023
🌺ဟဂ်ျကာလ (၅)ရက်တာ🌺🕋ဇိလ်ဟဂ်ျလ (၇)ရက်ညမှာကတည်းက မုအလ်လင်မ်က ကျနော်တို့ ဟာဂျီတွေကို မီနာသို့ပို့လိုက်ကြပါတယ်။မီနာသို့မသွားမ...
08/06/2023

🌺ဟဂ်ျကာလ (၅)ရက်တာ🌺

🕋ဇိလ်ဟဂ်ျလ (၇)ရက်ညမှာကတည်းက မုအလ်လင်မ်က
ကျနော်တို့ ဟာဂျီတွေကို မီနာသို့ပို့လိုက်ကြပါတယ်။မီနာသို့မသွားမီ ရေမိုးချိုး
သန့်ရှင်းရေးပြုလုပ်ပြီး အဲဟ်ရာမ်ဝတ်ကာ နဖိလ်နမားဇ် (၂)ရကသ်ဖတ်ရပါမည်။၎င်းနဖိလ်နမာဇ်ကို မိမိအခန်းတွင်လည်း ဖတ်နိုင်ပါသည်။
ကာဗာဝတ်ကျောင်းတော်ထဲတွင်လည်းသွားရောက်၍ဖတ်နိုင်ပါသည်။နမာဇ်နှစ်ရကသ်ဖတ်ပြီးနောက်
"ကျွန်တော်မျိုးသည် ဟဂ်ျပြုရန် နီယသ်ပြုပါသည်" ဟုရည်ရွယ်ပြီး သလ်ဗီယာကို ၃ကြိမ်ရွတ်ဆိုရပါမည်။ယခုအဲဟ်ရာမ်၏ စည်းကမ်းများကို စတင်လိုက်နာရတော့မည် ဖြစ်ပါသည် ။

🕋ဇိလ်ဟဂ်ျလ (၈)ရက်နေ့
ဇဟိုရ်နမာဇ်မှ စပြီး နမာဇ်(၅)ကြိမ်ကို မီနာမှာဝတ်ပြုခြင်းဟာ မွစ်သဟဗ်ဖြစ်ပါတယ်။ ဇိလ်ဟဂ်ျလ(၉)ရက်
ဖဂျရ်နမာဇ်အပြီးမှ စပြီး (၁၃)ရက်နေ့ ညနေအဆွရ်နမာဇ်အချိန်အထိ ဖရဇ်ပြီးတိုင်းပြီးတိုင်းအောက်ပါသက္ကဗီးရ် ကို ၁ ကြိမ်ရွတ်ဆိုရပါ❤️မည်။

🌺 لبَّيْكَ اللَّهُمَّ لَبَّيْكَ لَبَّيْكَ لاَ شَرِيكَ لَكَ لَبَّيْكَ
إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لاَ شَرِيكَ لَكَ ❤️

❤️လဗ်ဗိုင်းက် ၊ အလ္လဟွမ္မလဗ်ဗိုင်းက် ၊ လဗ်ဗိုင်းက လာရှရီးက လက လဗ်ဗိုင်းက် ၊အင်းနလ်ဟမ်းဒ ဝမ်န်နိအ်မသ လကဝလ်မုလ် လာရှရီးက လက.....❤️

သလ်ဗီယာကို ရွတ်ဆိုရမည်။
သလ်ဗီယာကိုတော့ ၁၀ ရက်နေ့ ရှိုက်သွာန်ခဲပေါက်ချိန်မှ
သလ်ဗီယာရွတ်ဆိုခြင်းကို အဆုံးသတ်လိုက်ရမည်ဖြစ်ပါတယ် ။

အမျိုးသားများဟာ သလ်ဗီယာကို ကျယ်ကျယ်ရွတ်ဆိုပြီး အမျိုးသမီးများဟာ တိုးတိုးရွတ်ဆိုရပါမည်။

🕋ဇိလ်ဟဂ်ျလ(၉)ရက်နေ့
မွန်းလွဲချိန်မှ စပြီးအရဖာသ်ကွင်းပြင်တွင် နေဝင်သည်အထိနေထိုင်ရမည်ဖြစ်ပါသည်။အရဖာသ်ကွင်းပြင်မှာ ဆိုင်းငံနေထိုင်ခြင်းဟာ ဟဂ်ျ ရဲ့အဓိကတာဝန်ဖြစ်ပါတယ်။ အဲဒီတာဝန်ကို မထမ်းဆောင်ရင်ဟဂ်ျအထမမြောက်တော့ပါဘူး။
နောက်တစ်နှစ်မှာ ပြန်လည်ဟဂ်ျပြုလုပ်ရမှာဖြစ်ပါတယ်။

နမိရဟ်ဗလီကြီးသို့ သွားဖို့အခက်အခဲရှိသူတွေအနေနဲ့
မိမိတို့ဆိုင်းငံမည့် ရွက်ဖျင်တဲထဲမှာဇိုဟိုရ်နမာဇ်ကို ဇိုဟိုရ်အချိန်မှာဝတ်ပြုပြီး
အဆွရ်နမာဇ်ကို အဆွရ်အချိန်မှာဂျမာအသ်နှင့်ဝတ်ပြုရမည်။ပြီးနောက်နေမဝင်ခင်အချိန်အထိတောက်လျှောက်ဇိကိရ်နှင့် ဒိုအာတွင်ရှိနေရမည်။
အဲဒီနေ့ အဲဒီအချိန်တွေမှာ တောင်းဆိုတဲ့ဒိုအာတွေဟာ အထူးပဲလက်ခံဗူလ်ပြုခြင်း ခံရပါတယ်။အဲဒါကြောင့် ဒီအချိန်တွေကိုမလစ်ဟင်းစေပဲ ဂရုတစိုက်အသုံးချသွားဖို့အရေးကြီးပါသည် ။

ဇိလ်ဟဂ်ျလ(၉)ရက်နေ့
နေဝင်ချိန်မှ စပြီး ဟာဂျီများဟာ အရဖာသ်ကနေ မုဇ်ဒလိဖာကို သွားကြရပါမည်။
မဂ်ရိဗ်နမာဇ်ကို မုဇ်ဒလိဖာရောက်မှ အိရှာနှင့်ပေါင်းပြီးဖတ်ရပါမည်။အဇာန်(၁)ကြိမ်ပေးပြီး အိကာမသ်ပေးကာ
မဂ်ရိဗ်နမာဇ်ဝတ်ပြုကမှာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ
ထပ်မံအိကာမသ် မဆိုတော့ပဲ အိရှာနမာဇ်ဝတ်ပြုရမည်ဖြစ်ပါသည်။ဒီညဟာ အလွန်ပဲထွတ်မြတ်တဲ့ညဖြစ်ပြီး
ဇိကိရ်နှင့် ဒိုအာတွင် ကုန်ဆုံးရမည်။အဲဒီနောက် ရှိုက်သွာန်ခဲပေါက်ဖို့အတွက်အနည်းဆုံးခဲလုံး (၄၉)လုံးလိုအပ်ပါသည်။ အနည်းငယ်ပိုကောက်သွားရပါမည်။ခဲလုံး ၇၀ခန့် လိုရမယ်ရပိုကောက်သွားလျှင် ပို၍ကောင်းမည်ဖြစ်ပြီးထိုခဲလုံးများကိုရေဆေးသန့်စင်လိုက်လျှင်လည်းပို၍ကောင်းပါသည်။
တချို့လမ်းမှာ ခဲထုပ်လေးတွေဝေပေးနေတာလဲရှိပါတယ်။မုဇ်ဒလိဖာ မှာ
နံနက်ဖဂျရ်နမာဇ်ဝတ်ပြုပြီးသည့်အချိန်အထိ ဆိုင်းငံနေရမည်။မုဇ်ဒလိဖာမှာ ဖဂျရ်နမာဇ်အပြီးခေတ္တဆိုင်းငံနေခြင်းဟာ ဝါဂျိဗ်တာဝန်ဖြစ်ပါသည်။

🕋ဇိလ်ဟဂ်ျလ(၁၀)ရက်နေ့ နံနက်ဖဂျရ်နမာဇ်ဝတ်ပြုပြီး ခေတ္တခဏနားကာမီနာသို့ဆက်လက်ထွက်ခွာရတော့မည်ဖြစ်သည်။ထို့နောက်
ရှိုက်သွာန်အကြီးကို ခဲ ၇ လုံးဖြင့်ပေါက်ရမည်။
(ခဲပေါက်ရန်အကောင်းဆုံးအချိန်မှာ
နေထွက်ချိန်ကစပြီး မွန်းလွဲချိန်အထိဖြစ်ပါသည်။)
မွန်းလွဲချိန်ကနေ မဂ်ရိဗ်အချိန်အထိပေါက်ခွင့်ရှိပါသည်။
မဂ်ရိဗ်အချိန်ကျော်သွားပါက မက္ကရူဟ်အချိန်ဖြစ်သွားပြီး
နံနက်ဖဂျရ်အချိန်မှာ ကုန်ဆုံးပါတယ်။
ရှိုက်သွာန်အကြီးတစ်ခုတည်းကိုပဲ ခဲ(၇)လုံးနှင့် တစ်လုံးချင်းစီပစ်ပေါက်ရမှာဖြစ်ပြီး ခဲလုံးလေးကိုလက်ညှိုးလက်မဖြင့် ညှပ်ကိုင်ပြီး ဂျိုင်းပေါ်အောင်မြှောက်ကာပေါက်သည့်အခါတိုင်း

❤️"ဗိစ္စမိလ်လာဟေ အလ်လာဟုလ်အက်ကဗရ်"❤️
ဟုရွတ်ဆို၍ပေါက်ရမည်ဖြစ်ပါသည် ။

ခဲပေါက်ပြီးနောက် ဟဂ်ျရဲ့ကုရ်ဗာနီပြုလုပ်ရပါမည်။
ဟဂ်ျရဲ့ကုရ်ဗာနီကို ဒမ်မေရှုကုရ် ဟုခေါ်ပြီး၎င်းသည် ဝါဂျိဗ်တာဝန်ဖြစ်ပါသည်။
ကုရ်ဗာနီပြီးမှသာ ဆံပင်ရိတ်ခြင်း၊ ဖြတ်ခြင်းများကိုပြုလုပ်ရမည်ဖြစ်သည်။
အမျိုးသမီးများအနေဖြင့်
ကုရ်ဗာနီပြီးမပြီးကို ဟဂ်ျအေးဂျင့်များမှကြေငြာပေးပါသည်။
ထိုအချက်အလက်များကို အစဉ်လိုက်ပြုလုပ်ရမည်ဖြစ်ပါသည်။အစဉ်လိုက်မပြုလုပ်ပါက ဒမ်ပေးဆောင်ရမည်ဖြစ်သည်။

ဇိလ်ဟဂ်ျလ(၁၀) ရက်နေ့
မီနာမှာ ခဲပေါက်ခြင်း၊ ကုရ်ဗာနီပြုခြင်းနှင့်ဆံပင်ရိတ်ဖြတ်ပြီးတဲ့နောက်အဲဟ်ရာမ်ချွတ်ပြီးအရပ်ဝတ်(ရိုးရိုးအဝတ်အစား)ဖြင့်မက္ကာဟ်သို့သွားကာ ကအ်ဗာဝတ်ကျောင်းတော်ကို
သဝါဖ် ၇ ပတ်လှည့်ပတ်ရမည်ဖြစ်ပါသည် ။
💢၎င်းသဝါးဖ်ကိုသဝါးဖိဇိယာရသ်ဟုခေါ်ပါသည်။၎င်းသဝါဖိဇေယာရသ်သည်
ဖရဇ်ဖြစ်ပါသည်။💢

🕋ဇိလ်ဟဂ်ျလ(၁၂)ရက်နေ့
နေဝင်ချိန်အထိပြုလုပ်ခွင့်ရှိပါသည်။သဝါဖိဇေယာရသ်မပြုသေးသမျှမိမိဇနီးသည်နှင့် ဟလာလ်မဖြစ်ပါ။
ပထမအကြိမ် ကျနော်တို့
အွမ်မရာပြုလုပ်ခဲ့စဉ်ကအတိုင်း သဝါးဖ်လုပ်သကဲ့သို့ပင်ပြုလုပ်ရမှာဖြစ်ပါတယ်။
ပြီးနောက် သဝါးဖ်ရဲ့နမာဇ် (၂)ရကအသ်ဝတ်ပြုပြီး
ဇမ်ဇမ်ရေသောက်ကာ စအီ (၇)ခေါက်ပြုရပါမည်။အဲဒီညမှာ မီနာကိုပြန်သွားအိပ်ရမှာဖြစ်ပါသည် ။

တစ်ဖန် ဇိလ်ဟဂ်ျလ
(၁၁-၁၂)ရက်နေ့ များတွင်
ရှိုက်သွာန်အသေး၊ အကြီး၊ အလတ် ၃ခုစလုံးကို ခဲ(၇) လုံးစီပေါက်ရမှာဖြစ်ပါတယ်။
(၁၁)ရက်နေ့ခဲပေါက်ပြီး
မီနာမှာဆက်ပြီး ညအိပ်ရမှာဖြစ်ပါတယ်။
(၁၂)ရက်နေ့ခဲပေါက်ပြီး
ဟဂ်ျ(၅)ရက်တာ ခရီးစဉ်ရဲ့
တာဝန်များ ပြီးဆုံးသွားပြီဖြစ်ပါတယ်။
အဲဒီနောက်မက္ကာဟ် ကိုပြန်သွားရပါမည်။

❤️ဤတွင်ဟဂ်ျကာလ (၅) ရက်တာ ပြီးဆုံးသွားပါပြီ။❤️

မက္ကာဟ်မြို့မှာတည်းခိုနေစဉ်
အွမ်မရာပြုလုပ်လိုပါက ဘီဘီအာအေရှာသခင်မဗလီကိုသွားပြီး ဝူဇူ (သို့မဟုတ်) ရေချိုးပြီး အဲဟ်ရာမ်ဝတ်ကာ
နမာဇ်(၂)ရကအသ်ဝတ်ပြုပြီး အွမ်မရာနီယသ်ပြုလုပ်ကာ
သလ်ဗီယာရွတ်ဆိုရမည်။
ထို့နောက် ကအ်ဗာသို့လာပြီး
ကျနော်တို့ ပထမဦးဆုံးအကြိမ် အွမ်မရာပြုသည့်ပုံစံအတိုင်း သဝါးဖ် ၇ ကြိမ် နှင့် စအီ ၇ ကြိမ်ကို ပြုလုပ်ရပါမည်။ပြီးနောက်ဆံပင်ရိတ်လိုက်ပါက နဖိလ်အွမ်မရာ ၁ကြိမ်ပြီးဆုံးသွားမည်ဖြစ်ပါသည်။
ဟဂ်ျကာလ ငါးရက်ပြီးလျှင်
နဖိလ်အွမ်မရာ များကို
တတ်နိုင်သမျှ ကြိုးစားပြီးပြုလုပ်ကြပါ။

အို...အလ္လာဟ်ဟိုအသျှင်မြတ်သခင်

ဟဂ်ျမဖတ်ရသေးသူများကို
လာမည့်နှစ်တွင် ဟဂ်ျပြုလုပ်နိုင်စွမ်းသောင်ဝ်ဖီးက်
ဟဂ်ျဖတ်ပြီးသူများကိုလဲ
အလ္လာဟ်ဟိုအသျှင်မြတ်အိမ်တော်သို့အကြိမ်ကြိမ်ခေါ်ယူနိုင်စွမ်း သောင်ဝ်ဖီးက်
ဟဂ်ျတာဝန်ထမ်းဆောင်နိုင်ပါလျှက်မေ့လျော့နေသော နှလုံးသားပိုင်ရှင်များကိုလဲ
အလ္လာဟ်အသျှင်မြတ်သခင်ဘက်တော်မှ ဟေဒါယသ် ချီးမြှင့်ပေးသနားတော်မူပါစေ။

အာမီန်း ။

Asia Sky Blue Travels and Tours Co.,Ltd.

07/06/2023

Alhamdu Lillah.
90 % အလုပ်တွေ ပြီးသွားပါပြီ ။

04/06/2023
1953 ခုနှစ်ကာလ။ ။လွန်ရှားပါးသော Makkah ဓာတ်ပုံများ ... 🕋
07/04/2023

1953 ခုနှစ်ကာလ။ ။
လွန်ရှားပါးသော Makkah ဓာတ်ပုံများ ... 🕋

Tour Guide to Bangkok.
17/02/2023

Tour Guide to Bangkok.

အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီနေ.တော့ ကျွန်တော် ထိုင်း အထူးသဖြင့် ဘန်ကောက်နဲ. ပတ်သတ်ပြီး ဗီဇာကိစ္စတွေ ၊ အလည်အပတ်သွားစရာနေရာတွေ ၊ ဗဟုသုတတစ်စုံတစ်ရာဖြစ်စေမယ့် အကြောင်းအရာတွေ စသဖြင့်ကို လုပ်ဖြစ်ခဲ့သမျှ ဗီဒီယိုလေးတွေ စုစည်းပေးလိုက်ပါတယ်ဗျ ၊ နောက်ထပ်တင်မယ့် ဗီဒီယိုတွေကိုလည်း ဒီလင့်ခ်လေးမှာ အမြဲတမ်း Update လုပ်ပေးသွားပါမယ်ဗျ ၊

ကျွန်တော့်ကိုတော့ ဒီပို.စ်လေးကို ကူညီပြီးတော့ Share လုပ်ပေးကြပါဦးလို. တောင်းဆိုပါရစေဗျ ၊ ကျေးဇူးတင်ပါတယ်ဗျ

အဝတ်တစ်ထည်ကို ၅ ဘတ် ၁၀ ဘတ်ကစပြီး ဝယ်လို.ရတဲ့ ဘန်ကောက်ရဲ. အကြီးဆုံး အဟောင်းဈေး (Secondhand ဈေးကြီး)
https://web.facebook.com/Thudosomething/videos/946520086511141

Tour တွေမှာ ဘတ် ၁၀၀၀ ကျော်ပေးရတဲ့ ခရီးကို ဘတ် ၁၀၀ နဲ. သွားပါမယ် (Mae klong market and amphawa floating market)
https://web.facebook.com/Thudosomething/videos/1141687029795001

ချင်းမိုင်ရောက်ရင် မသွားမဖြစ်သွားကြည့်သင့်တဲ့ တောင်ပေါ်ရွာလေး Mae Kampong ကို ဘယ်လိုသွားမလဲ ၊ ရွာနားမှာ ဘယ်တွေလည်လို.ရသလဲ
https://web.facebook.com/Thudosomething/videos/1735135106887220

ဘတ် ၃၀ နဲ. ကျောက်ဖရားမြစ်ကမ်းဘေးက အလှတရားတွေကို ၃၆၀ ပတ်လည်မြင်ကွင်းနဲ. မြင်တွေ.နိုင်မယ့် လှေခရီးစဉ်
https://web.facebook.com/Thudosomething/videos/507171161592083

ဘန်ကောက်မှာ အခမဲ့ လည်ပတ်နိုင်တဲ့ နေရာများ
https://web.facebook.com/Thudosomething/videos/731310035326606

ဘန်ကောက်ရောက်တဲ့အခါ တုတ်တုတ်လည်းစီးချင်တယ် ဂျင်းမိမှာလည်းကြောက်တယ်ဆိုရင် ဒီ တုတ်တုတ် App လေး ဆောင်ထားပါ
https://web.facebook.com/Thudosomething/videos/674178337832323

ဒီနေ.တော့ ကမ္ဘာကျော် ခေါက်ဆန်လမ်းကို လမ်းလျှောက်ထွက်ရအောင်ပါ
https://web.facebook.com/Thudosomething/videos/703136594826710

အစားအသောက်ချစ်သူတွေအတွက် တရုတ်တန်းထက် ပိုအဆင်ပြေတဲ့ ဘန်ကောက်က လမ်းတစ်လမ်း
https://web.facebook.com/Thudosomething/videos/1295229757696318

ထိုင်းနိုင်ငံက လူတွေက ပိုက်ဆံကို ကိုင်ပြီးတော့ မသုံးကြတော့ဘူးလား
https://web.facebook.com/Thudosomething/videos/572066178120374

ရေပေါ်ရထားကြီး စီးပြီးတော့ နေကြာပန်းခင်းတွေဆီ အလည်သွားပါမယ်
https://web.facebook.com/Thudosomething/videos/553511860119750

ဘန်ကောက်မှာ လိုင်းကားတစ်ခါမှ မစီးဖူးဘူး ၊ ဘယ်လိုစီးရမလဲဆိုသူတွေအတွက် လိုင်းကားစီးနည်း
https://web.facebook.com/Thudosomething/videos/1216439459287536

Rama3 လမ်းပေါ်မှာ အသစ်ဖွင့်ထားတဲ့ Terminal 21 ကို သွားဖြစ်ခဲ့ပါတယ်
https://web.facebook.com/Thudosomething/videos/475530301305855

ဗီဇာသက်တမ်းတိုးတွေ လုပ်ဆောင်ကြရတဲ့ IT Square Lak Si နဲ. Immigration Division 1 ဆိုတဲ့ Immigration ဌာနတွေကို ရထားနဲ. ဘယ်လိုသွားမလဲ ?
https://web.facebook.com/Thudosomething/videos/813673763237965

ဘန်ကောက်မှာ အသစ်ဖွင့်လိုက်ပြီဖြစ်တဲ့ ဘူတာရုံအသစ် Krung Thep Aphiwat Central Terminal
https://web.facebook.com/Thudosomething/videos/929189291792479

ဘန်ကောက်က လူငယ်တွေရဲ. ညနေခင်း ဆုံဆည်းရာ Siam Square
https://web.facebook.com/Thudosomething/videos/856471838942190

လေယာဉ်လက်မှတ်ထက်တောင် ဈေးကြီးတဲ့ ဘန်ကောက် ချင်းမိုင် ညအိပ်ရထားရဲ. အနေအထား
https://web.facebook.com/Thudosomething/videos/1674167266311300

ထိုင်းမှာ ယာဉ်မောင်းလိုင်စင်လုပ်ရင် ၅၀၅ ဘတ်ပဲ ကုန်ပါမယ်
https://web.facebook.com/Thudosomething/videos/2292803670899961

လျှပ်စစ်ကားလေး အခမဲ့စီးပြီး ရေပေါ်ဈေး (Floating Market) ၄ ခုကို တစ်နေ.တည်းနဲ. သွားလည်ကြရအောင်
https://web.facebook.com/Thudosomething/videos/3241839692793642

ဒွန်မောင်းလေဆိပ်ကနေ ပတူနမ်းထဲကို ဘယ်လိုသွားရမလဲ မေးသူတွေအတွက်
https://web.facebook.com/Thudosomething/videos/510639417652655

ဘန်ကောက်ဘူတာကြီး လမ်းညွှန် နှင့် ရထားလက်မှတ် ငွေပြန်အမ်းခြင်း ၊ ရက်ချိန်းခြင်းအကြောင်
https://web.facebook.com/Thudosomething/videos/870040544149004

ထိုင်းကိုအလည်ရောက်တုန်း Shopping ထွက်မယ့်သူတွေအတွက် သိထားသင့်တဲ့ VAT Refund အကြောင်း
https://web.facebook.com/Thudosomething/videos/1238373953439753

အယုဒ္ဓယမြို.ဟောင်းမှာ ကျွန်တော် ဘယ်လိုတွေ တိုင်ပတ်ခဲ့သလဲဆိုတာ ပြောပြပါမယ်
https://web.facebook.com/Thudosomething/videos/808938147027156

ပန်းရောင်ကတ် ၊ Work Permit ၊ CI နဲ. Passport ဆိုတာဘာတွေလဲ ဘာကြောင့်လုပ်ကြရတာလဲ ဘာတွေကွာခြားသလဲ
https://web.facebook.com/Thudosomething/videos/922884635791625

ဘန်ကောက်က မြွေပြခန်း ၊ မြွေပြပွဲတွေနဲ. စိတ်ဝင်စားဖို.ကောင်းတဲ့ Snake Farm
https://web.facebook.com/Thudosomething/videos/1090336908314016

ဘန်ကောက်က Halal အစားအသောက်တွေပေါတဲ့ Ramkhamhaeng Night Market
https://web.facebook.com/Thudosomething/videos/706762294315400

ချင်းမိုင်ရောက်ရင် ဝင်ရောက်လည်ပတ်သင့်တဲ့ ရှေးဇင်းမယ်ခေတ်လက်ရာ Wat Phra Singh
https://web.facebook.com/Thudosomething/videos/1397287257469870

မြန်မာနိုင်ငံကို ပြန်ရောက်သွားသလို ခံစားရစေမယ့် ဘန်ဘောဈေးကို သွားကြရအောင်
https://web.facebook.com/Thudosomething/videos/523912743093938

ဘန်ကောက်ကိုအလည်လာတဲ့အချိန်မှာ ဟိုဟိုဒီဒီအလည်သွားဖို. ဘာစီးသင့်သလဲ ?(Bus,Train Or Taxi)
https://web.facebook.com/Thudosomething/videos/1860695994288512

အယုဒ္ဓယမြို.ဟောင်းက ကမ္ဘာကျော် Wat Mahathat ဘုရားကျောင်း
https://web.facebook.com/Thudosomething/videos/494790896019194

ဘန်ကောက်က ညဈေးတွေထက် ပိုသဘောကျမိတဲ့ ချင်းမိုင်က Sunday Walking Street ညဈေး
https://web.facebook.com/Thudosomething/videos/522630636570574

လေယာဉ်စီးပြီးခရီးသွားမယ်ဆိုရင် သိထားသင့်တာလေးတွေ
https://web.facebook.com/Thudosomething/videos/866658244788368

ချင်းမိုင်ရောက်ရင် ညဖက်လည်စရာနေရာတစ်ခုဖြစ်တဲ့ ချင်းမိုင်ညဈေးတန်း
https://web.facebook.com/Thudosomething/videos/3001033696865787

ချင်းမိုင်ရောက်ရင် သွားကြည့်သင့်တဲ့ ချင်းမိုင်တရုတ်တန်းထဲက Warorot ဈေး
https://web.facebook.com/Thudosomething/videos/1241027506628493

ချင်းမိုင်မှာ Zipline စီးတဲ့ အတွေ.အကြုံနဲ. Zipline စီးမယ်ဆိုရင် သိထားသင့်တာလေးတွေ
https://web.facebook.com/Thudosomething/videos/538900004558140

ကလေးရော လူကြီးတွေပါ ပျော်ကြရတဲ့ Siam Carnival Fun Fair ကို ရောက်ခဲ့ပါတယ်ဗျ
https://web.facebook.com/Thudosomething/videos/558995632842310

အသစ်ဖွင့်လိုက်တဲ့ Iconsiam 2 မှာဘာတွေရှိသလဲ သွားလည်လို.ရော အဆင်ပြေပါ့မလား ?
https://web.facebook.com/Thudosomething/videos/580681626862960

ဘန်ကောက် တာလင်ချန်းခရိုင်ထဲက အစည်ကားဆုံး ရေပေါ်ဈေး Khlong Lat Mayom Floating Market
https://web.facebook.com/Thudosomething/videos/554617606595695

ချင်းမိုင်မြို.ဟောင်းထဲက အကြီးဆုံး စေတီတော် Wat Chedi Luang
https://web.facebook.com/Thudosomething/videos/481896147345582

ဘာကြောင့် ထိုင်းယာဉ်မောင်းလိုင်စင်တစ်ခု ရှိသင့်လဲ ?
https://web.facebook.com/Thudosomething/videos/1734719893579249

Big C ကုန်တိုက်မှာ မြန်မာငွေ တစ်သိန်းဖိုး ဈေးဝယ်ကြည့်ပါမယ် ၊ ဘာတွေရမလဲ ကြည့်ရအောင်ဗျ
https://web.facebook.com/Thudosomething/videos/873776014041069

ဘန်ကောက်ရောက်လို. ဘယ်ကိုသွားသွား ဘာကြောင့် Food Court တွေမှာ စားသင့်သလဲ ?
https://web.facebook.com/Thudosomething/videos/1578094842623463

ထိုင်းနိုင်ငံမှာ Tourist Visa နဲ့ အလည်အပတ် ရောက်နေတုန်း ထိုင်းဘဏ်အကောင့် တစ်ခုကို ဘယ်လိုဖွင့်နိုင်မလဲ ?
https://fb.watch/fz_oL84UYv/

ထိုင်းနိုင်ငံမှာ ရက်တို ရက်ရှည်အတွက် ဌားရမ်းနေထိုင်ဖို. အိမ်ခန်းကို အင်တာနက်ကနေ ဘယ်လိုရှာနိုင်မလဲ ?
https://fb.watch/fz_qn7Dvh0/

အလွယ်ကူဆုံးသော ထိုင်းထီတိုက်နည်း
https://fb.watch/fz_rmTkjKl/

ဘန်ကောက်က နာမည်ကြီး Terminal 21 Shopping Center မှာ ဘာတွေ ရှိသလဲ ? ဘယ်လိုသွားမလဲ ?
https://fb.watch/fz_sgGpOIS/

ကော်ဖီ ၊ လက်ဖက်ရည်နဲ. အချိုရည်မျိုးစုံဖျော်ပေးတဲ့ စက်
https://fb.watch/fz_tFB0kYM/

ထိုင်းနိုင်ငံ ဘန်ဘောက်မှာ Tourist Visa ကို ဘယ်လိုသက်တမ်းတိုးနိုင်မလဲ ဆိုတာ အသေးစိတ် ပြောပြထားပါတယ်
https://fb.watch/fz_uVM7Rrs/

ဘန်ကောက်မြို့ရဲ့ အကြီးဆုံးကုန်စိမ်းဈေးကြီး Khlong Toei မှာ ဘာတွေရှိသလဲ ? ဘယ်လိုသွားမလဲ?
https://fb.watch/fz_wrPXpqJ/

Google Map ရှိရုံနဲ့ ဘန်ကောက်မြို့ထဲ ဘယ်လိုမျိုး အလွယ်တကူ လည်ပတ်နိုင်သလဲ ?
https://fb.watch/fz_xIZ2A1z/

ဒွန်မောင်းလေဆိပ်ကနေ ဘန်ကောက်မြို.ထဲကို ရထားစီးပြီးသွားရင် ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲ ၊ အချိန်ဘယ်လောက်ကြာမလဲနဲ့ အလွယ်ကူဆုံးရထားစီးနည်းကို ပြောပြပေးထားပါတယ်
https://fb.watch/fz_AG_ETpf/

ဘန်ကောက်မြို့လည်က အပန်းဖြေ အားကစားလုပ်ဖို့ သင့်တော်တဲ့ Lumpini ပန်းခြံကြီး
https://fb.watch/fz_BMamP1O/

ဘန်ကောက်ရောက်ရင် မဖြစ်မနေ သွားကိုသွားသင့်တဲ့ Jodds Fair ညဈေးကြီး
https://fb.watch/fz_CLTLQjA/

Suvarnabhumi လေဆိပ်ကနေ ဘန်ကောက်မြို.ထဲကို ရထားစီးပြီးသွားရင် ကုန်ကျစားရိတ် ဘယ်လောက်ရှိမလဲ ၊ အချိန်ဘယ်လောက်ကြာမလဲနဲ့ အလွယ်ကူဆုံးရထားစီးနည်းကို ပြောပြပေးထားပါတယ်
https://fb.watch/fz_DIkHN_5/

ဘန်ကောက်ရောက်တုန်း နာမည်ကျော် Brand အမှန်တွေကို ဈေးသက်သက်သာသာနဲ. ဝယ်ယူနိုင်စေမယ့်နေရာ Siam Premium Outlet
https://fb.watch/fz_EK0TUww/

ထိုင်းမှာ ကျွန်တော် Language School တက် ED Visa လျှောက်ပြီး နေထိုင်တဲ့ အတွေ.အကြုံကို မျှဝေပေးထားပါတယ်
https://fb.watch/fz_FyPWQYz/

ထိုင်းနိုင်ငံမှာ အလည်ပဲဖြစ်ဖြစ် ရေရှည်ပဲဖြစ်ဖြစ် ရောက်ရှိနေသူများအတွက် အသုံးဝင်မယ့် Application များကို မျှဝေပေးထားပါတယ်ခင်ဗျ
https://fb.watch/fz_GwcNlx4/

၆ ဘတ်တန်ကစပြီးရှိတဲ့ ဘန်ကောက်က အကြီးဆုံး ကိုယ်တိုင်ယူ ကိုယ်တိုင် auto စက်နဲ့ပြုတ်စားနိုင်တဲ့ အသင့်စားခေါက်ဆွဲဆိုင်
https://fb.watch/fz_HAgj__U/

ထိုင်းနိုင်ငံရဲ. ကာစီကွန်းဘဏ် (Kasikorn Bank) မှာ ဘဏ်အကောင့်ဖွင့်ခဲ့တဲ့ အတွေ.အကြုံကို မျှဝေပေးသွားပါမယ်ခင်ဗျ ၊ ဒါ့အပြင် ထိုင်းမှာ ဘဏ်အကောင့်ဖွင့်တာနဲ. ပတ်သတ်လို. အမေးများတဲ့ မေးခွန်းတွေကိုလည်း သိသလောက် ဖြေပေးသွားပါမယ်ဗျ
https://fb.watch/fz_Joj-oDi/

ဘန်ကောက်မြို့လည်က ဓါတ်ပုံရိုက်လို. အကောင်းဆုံးသော ပန်းခြံကြီး (Benjakitti Park)
https://fb.watch/fz_MAy-L3X/

ဘန်ကောက်က လူအစည်ဆုံး Shopping Center Iconsiam ကို လှေစီးပြီးသွားကြမယ်
https://fb.watch/fz_OWx4s9N/

အိမ်အသုံးအဆောင်ပစ္စည်းတွေ အစုံအလင်ရတဲ့ Mr.DIY ဆိုတဲ့ ဆိုင်မှာ ဘာတွေ ရှိမလဲ ?
https://fb.watch/fz_Q1u2zIJ/

Bangkok - Kanchanaburi - Namtok Sai Yok Noi ရေတံခွန်တို.ကို "ဘတ်၁၂၀" တည်းနဲ. အသွားအပြန် ရထားစီးပြီး သွားခဲ့တဲ့ ခရီးစဉ်လေးအကြောင်း မျှဝေပေးထားပါတယ် ၊
https://fb.watch/fz_RVLT0KZ/

ဘန်ကောက် ဟိုတယ် အခန်းကို Agoda မှာ ဈေးသက်သက်သာသာနဲ. ဘယ်လိုရှာ ၊ဘယ်လိုဌားမလဲ
https://fb.watch/fz_Tih-xya/

ဘန်ကောက်က Shopping Center များစွာထဲက တမူထူးတဲ့ MBK Shopping Center
https://fb.watch/fz_VQWL-RF/

ဟိုတယ်ခန်းကို Online က Booking တင်တာနဲ. လူကိုယ်တိုင် Walking တင်တာ ဘယ်ဟာက ပိုဈေးသက်သာ အဆင်ပြေလဲဆိုတာနဲ့ Hotel Booking တင်တာနဲ. ပတ်သတ်ပြီး သိထားသင့်တာလေးတွေကို ပြောထားပေးပါတယ်ဗျ
https://fb.watch/fz_ZPKiDBJ/

ဘန်ကောက်မှာ ကုန်ဈေးနှုန်း အခြေအနေက ဘယ်လိုရှိသလဲ ?
https://fb.watch/fz__Q-f3hs/

ဘန်ကောက်ရဲ. အထင်ကရ ကျောက်ဖရားမြစ်ကမ်းဘေးက ရဟတ်ကြီးရှိတဲ့ ASIATIQUE River Front
https://fb.watch/fz-0z8OFfF/

ဘန်ကောက်လာမယ့်သူတိုင်း သိထားသင့်တဲ့ ဘန်ကောက်ရဲ. Public Transportation အကြောင်း
https://fb.watch/fz-2TAGjhR/

Shopee ကနေ တစ်ဘတ်တန် မီးပူလေး စမ်းမှာကြည့်ခဲ့တယ်
https://fb.watch/fz-58_1Rfr/

ထိုင်းမှာ ရေရှည်နေမယ့်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ ထိုင်းဧည့်စာရင်း (သို.မဟုတ်) 90 Days Report ဆိုတာဘာလဲ ?
https://fb.watch/fz-65kMunH/

ဘန်ကောက် ကျောက်ဖယားမြစ်ထဲ အပျော်စီးသင်္ဘော( Dinner Cruise) စီးကြည့်ခြင်း
https://fb.watch/fz-bBt64Gh/

ဘန်ကောက်တစ်မြို.လုံးကို အပေါ်စီးက မြင်ရပြီး နေဝင်ရှူခင်းကြည့်ဖို. အကောင်းဆုံး Sky Walk(Mahanakhon)
https://fb.watch/fz-eyw3f5B/

ဘန်ကောက်မှာ မြေအောက်ရထား (MRT) နဲ. ကောင်းကင်ရထား BTS Sky Train ကို ဘယ်လိုစီးရမယ်ဆိုတာကို အသေးစိတ် ပြောပြပေးထားပါတယ်ဗျ
https://fb.watch/fz-fv3CMHM/

ဈေးအသင့်အတင့်နဲ. အားကစားပစ္စည်းတွေ အစုံရတဲ့ decathlon ဆိုတဲ့ ဆိုင်
https://fb.watch/fz-j0woOcA/

Central World ထဲက Central Store ထဲမှာ ဘာတွေ ရှိမလဲ ?
https://fb.watch/fz-kuRpjzS/

ပတ္တရားမြို.က ဆေးခြောက်ပွဲတော်ကို အလည်တစ်ခေါက်ရောက်ခဲ့စဉ်
https://fb.watch/fz-lmIcQjA/

၃၁ ဘတ်တည်းနဲ. ပတ္တရားကို ရထားစီးပြီး သွားလို.ရပါမယ်
https://fb.watch/fz-mdKzR2c/

ဘန်ကောက်မှာ iPhone ပြင်မယ်ဆိုရင်
https://fb.watch/fz-nn-tcYd/

ဘန်ကောက်ကို အလည်လာသင့်တဲ့ အချိန်နဲ. မလာသင့်တဲ့ အချိန်
https://fb.watch/gySBIzbz09/

ဆိုင်ခန်းပေါင်း တစ်သောင်းကျော်ရှိပြီး ဘန်ကောက်ရောက်ရင် မဖြစ်မနေ သွားရမယ့် Chatuchak Weekend ဈေးကြီး
https://fb.watch/gySCVZogQW/

ကမ္ဘာကျော် လျှောင်းတော်မူဘုရားကြီးရှိတဲ့ Wat Pho ဘုရားကို မြေအောက်ရထားစီးပြီးသွားမယ် - EP1 Wat Pho

https://fb.watch/gySGcms2XG/

ကျောက်ဖယားမြစ်ကမ်းဘေးက အလှဆုံး ဘုရားတစ်ဆူဖြစ်တဲ့ Wat Arun ကို လှေစီးပြီးသွားမယ် - EP2 Wat Arun
https://fb.watch/gySHGofmpn/

အောက်တိုဘာလထဲ ထိုင်းကိုလာမယ်ဆိုရင် ဘာတွေသိထားသင့်လဲ ? ဘာတွေလုပ်လို.ရလဲ ?
https://fb.watch/gySIUiN9k2/

ကျောက်ဖယားမြစ်ထဲက Tourist Boat လှေကို ဘာကြောင့် စီးကြည့်သင့်သလဲ ?
https://fb.watch/gySK_6EOeP/

ထိုင်းမှာ ခရီးဝေးသွားတဲ့ ရထားတွေရဲ. အချိန်စာရင်းနဲ. ဈေးနှုန်းကို ဘယ်ကနေကြည့်မလဲ ?
https://fb.watch/gySMdqXj-G/

တစ်ချိန်က ဘန်ကောက်ရဲ. အကြီးဆုံးညဈေးကြီး Ratchada Train Night Market ပြန်ဖွင့်နေပါပြီ
https://fb.watch/gySNUO7ijA/

ဘန်ကောက်ရဲ. ဒုတိယအကြီးဆုံး Siam Paragon Shopping Center မှာ ဘာတွေ ရှိသလဲ ? ဘယ်လိုသွားရမလဲ ?
https://fb.watch/gySP5YCG0t/

ဘန်ကောက်မှာ ကိုယ့်ရဲ့ အသုံးစရိတ်ကို ဘယ်လိုမျိုး ချွေတာ လျှော့ချကြမလဲ ?
https://fb.watch/gySQrOnCDh/

မောင်းသူမဲ့ ရထားလေး စီးပြီး Iconsiam ကို အလည်သွားကြည့်မယ်ဗျ
https://fb.watch/gySRLjx4Bb/

မြန်မာနိုင်ငံက ဒန်ပေါက်ထမင်း အရသာနဲ. နီးစပ်တဲ့ ဘတ် ၈၀ တန်ဒန်ပေါက်ဆိုင်
https://fb.watch/gySTbyQQRx/

ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်သူတွေအနေနဲ. သိထားသင့်တဲ့ အခြေခံစာရွက်စာတမ်းများ
https://fb.watch/gySUeqrtIP/

ဘန်ကောက် တရုတ်တန်းညဈေးက တော်တော်ကြီးကို ပြန်စည်နေပါပြီ
https://fb.watch/gySVvhV4tp/

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်လမ်းညွှန် (Bus, Taxi, Train, Sim Card, Exchange , Hotel and More)
https://fb.watch/gySWIcO2CV/

ထိုင်းကိုအလည်လာရင် ဘယ်ဆင်းကဒ်ကို သုံးသင့်သလဲ ? (Tourist Sim)
https://fb.watch/gySX_SGiiE/

ဒွန်မောင်းလေဆိပ် လမ်းညွှန် (Bus, Taxi, Train, Sim Card , Exchange , Hotel and More)
https://web.facebook.com/Thudosomething/videos/533221254902912

Siam Discovery ဆိုတာ ဘယ်လိုကုန်တိုက်မျိုးလဲ ၊ ဘာတွေ စိတ်ဝင်စားစရာရှိသလဲ ?
https://fb.watch/gySZ27DxrA/ See less

08/02/2023

ရန်ကုန်မှာဓာတ်ပုံလှလှလေးတွေရိုက်ဖို့နေရာတွေ
အပြင်သွားမယ်ဆိုဘယ်သွားရမှန်းမသိသူများအတွက်ကျွန်တော်ရေးပေးဖူးတဲ့ နေရာ review လေးတွေစုပေးလိုက်ပါတယ်။

နောက်နေရာအသစ်လေးတွေဆိုင်လေးတွေလဲလာဦးမှာမို့ Follow လုပ်ခဲ့ပါဦးခင်ဗျာ

ဓာတ်ပုံရိုက်နည်းတွေ Video တွေကဒီမှာတင်ထားပါတယ်။
https://youtube.com/?si=UQ1Yl7tMJY4pJPAF

ထောက်ကြန့်က တိဂေဟာ
https://m.facebook.com/story.php?story_fbid=890595112727072&id=100053297730865&mibextid=qC1gEa

Board Game ဆော့လို့ရတဲ့နေရာ
https://m.facebook.com/story.php?story_fbid=890080369445213&id=100053297730865&mibextid=qC1gEa

ကြည့်မြင်တိုင်ကဆိုင်ကောင်းတစ်ခု
https://fb.watch/oDF4UiUGU1/?mibextid=qC1gEa

Ps 5 ဂိမ်းဆိုင်
https://fb.watch/oDF7cHfNRD/?mibextid=qC1gEa

စာအုပ်လမ်း
https://fb.watch/oDF9f267w1/?mibextid=qC1gEa

မီးလုံးအဝါလေးတွေနဲ့ BBQ
https://m.facebook.com/story.php?story_fbid=816142013505716&id=100053297730865&mibextid=qC1gEa

စားကြည့်သင့်တဲ့ အကင်ဆိုင်
https://m.facebook.com/story.php?story_fbid=814401213679796&id=100053297730865&mibextid=qC1gEa

အေးဆေးdate ဖို့ကော်ဖီဆိုင်
https://m.facebook.com/story.php?story_fbid=812210420565542&id=100053297730865&mibextid=qC1gEa

ပန်းလေးတွေနဲ့ကော်ဖီဆိုင်
https://m.facebook.com/story.php?story_fbid=791307229322528&id=100053297730865&mibextid=qC1gEa

စားလို့ကောင်းတဲ့ခေါက်ဆွဲဆိုင်
https://fb.watch/kmVf0omBcq/?mibextid=qC1gEa

ရန်ကုန်မြို့နားကနေဝင်ချိန်လှတဲ့ Camp
https://m.facebook.com/story.php?story_fbid=779706583815926&id=100053297730865&mibextid=qC1gEa

Pizza Budget Shop
https://fb.watch/jARXxvVznU/?mibextid=qC1gEa

ဟင်းပွဲ ၃၀၀ ရတဲ့ဘူဖေး
https://fb.watch/j_8IbBaMhQ/?mibextid=qC1gEa

စာအုပ်တွေသိန်းချီရှိတဲ့နေရာ
https://fb.watch/jkc8nEfuzu/?mibextid=qC1gEa

Pizza ဆိုင်အဝါရောင်လေး
https://m.facebook.com/story.php?story_fbid=757300132723238&id=100053297730865&mibextid=qC1gEa

မြို့ထဲညနေခင်း
https://m.facebook.com/story.php?story_fbid=796122158841035&id=100053297730865&mibextid=qC1gEa

ကျောက်မြောင်းထဲကဇလုံတုန်ယမ်း
https://fb.watch/j6FlbAOw20/?mibextid=qC1gEa

Staycation အတွက်
https://fb.watch/j52q39mJkf/?mibextid=qC1gEa

တစ်နေရာထဲ Vibes မျိုးစုံရတဲ့နေရာ
https://m.facebook.com/story.php?story_fbid=753004209819497&id=100053297730865&mibextid=qC1gEa

ရှေးဆန်ပြီး ပုံရိုက်လို့ကောင်းတဲ့ဆိုင်လေး
https://fb.watch/iUD3txGvv_/?mibextid=qC1gEa

Board Games 200 ရှိတဲ့ Cafe
https://m.facebook.com/story.php?story_fbid=745071100612808&id=100053297730865&mibextid=qC1gEa

အရမ်းကောင်းတဲ့ ဒိန်ချဉ်ဆိုင်
https://m.facebook.com/story.php?story_fbid=747145383738713&id=100053297730865&mibextid=qC1gEa

ပန်းတစ်ပွင့်တောင်
https://www.facebook.com/100053297730865/posts/638257817960804/?d=n

မြှားတွေ ပုဆိန်တွေပစ်လို့ရတဲ့နေရာ
https://m.facebook.com/story.php?story_fbid=743757560744162&id=100053297730865&mibextid=qC1gEa

times city ကပန်းချီပြခန်းလေး
https://m.facebook.com/story.php?story_fbid=737632241356694&id=100053297730865&mibextid=qC1gEa

ပန်းဆိုးတန်းလမ်း
https://www.facebook.com/100053297730865/posts/617846150001971/?d=n

ဗိုလ်အောင်ကျော်လမ်း
https://m.facebook.com/story.php?story_fbid=738284401291478&id=100053297730865&mibextid=qC1gEa

အေးဆေး date ဖို့ Coffee ဆိုင်
https://m.facebook.com/story.php?story_fbid=727063375746914&id=100053297730865&mibextid=qC1gEa

ဘေထုပ်ရွေးဖို့
https://m.facebook.com/story.php?story_fbid=732939211825997&id=100053297730865&mibextid=qC1gEa

စက္ကူပန်းလေးတွေရှိတဲ့နေရာ
-https://www.facebook.com/100053297730865/posts/495545235565397/?d=n

ဓာတ်ပုံရိုက်လို့လှတဲ့ဆိပ်ကမ်းသာလမ်း
https://www.facebook.com/100053297730865/posts/476323647487556/?d=n

အနုပညာလက်ရာတွေနဲ့ကော်ဖီဆိုင်

https://m.facebook.com/story.php?story_fbid=735548431565075&id=100053297730865&mibextid=qC1gEa

ဓာတ်ပုံရိုက်လို့လှတဲ့ ကော်ဖီဆိုင်

https://m.facebook.com/story.php?story_fbid=724439916009260&id=100053297730865&mibextid=qC1gEa

ဂျပန်တံတား

https://www.facebook.com/100053297730865/posts/728987205554531/?mibextid=cr9u03

ဘူးသီးကြော်ဆိုင်
https://m.facebook.com/story.php?story_fbid=678631577256761&id=100053297730865

ပန်းထိုးပစ္စည်းလေးတွေ
https://m.facebook.com/story.php?story_fbid=697338278719424&id=100053297730865&mibextid=qC1gEa

ပန်းလေးတွေနဲ့မင်္ဂလာဒုံပန်းခြံ
https://www.facebook.com/100053297730865/posts/473190301134224/?d=n

နေဝင်ချိန်လှတဲ့ဗိုလ်တစ်ထောင်ကမ်းနား
https://www.facebook.com/100053297730865/posts/463163165470271/?d=n

(၃၇)လမ်းထဲကစိတ်ဝင်စားစရာတွေ
https://www.facebook.com/100053297730865/posts/459978599122061/?d=n

ရွှေဘုံသာလမ်း
https://m.facebook.com/story.php?story_fbid=715583633561555&id=100053297730865&mibextid=qC1gEa

Minimalist ဆန်ဆန် Coffee Shop
https://www.facebook.com/100053297730865/posts/444504457336142/?d=n

ရန်ကုန်မြို့ထဲက ပုဂံ
https://www.facebook.com/101879574867816/posts/151337699922003/?d=n

အိမ်မက်ဆန်ဆန်ကြည့်မြင်တိုင်ဘူတာ
https://www.facebook.com/101879574867816/posts/226477112408061/?d=n

ရှေးဆန်တဲ့ ရန်ကုန်ဘူတာကြီး
https://www.facebook.com/101879574867816/posts/224033315985774/?d=n

ရှေးဟောင်းပုံစံကော်ဖီဆိုင်
https://www.facebook.com/101879574867816/posts/141002530955520/?d=n

Selfies Studio

https://www.facebook.com/100053297730865/posts/583386453447941/?mibextid=paknZx&fs=e&s=cl

အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ 🖤
အသစ်အသစ်သောနေရာတွေကိုလဲရှာဖွေပြီး
တင်ဆက်သွားပါဦးမယ်။

01/02/2023

♥♥♥This video showes how to easily recite the Quran with Tajweed. In addition, Qari Hashim Tin Myint’s hafiz certificate from Makkah and Eijazah re-teaching ...

29/01/2023
မွတ်စလင် တွေ ရဲ့ အဓိက မဏ္ဍိုင် တစ်ခုဖြစ်တဲ့ ဟဂျ် ကျင့်စဉ် ဆောင်ရွက်ရာ (နေ့စဉ် ဝတ်ပြုမှုရဲ့ ဗဟိုချက်လည်း ဖြစ်ပါတယ်) မကာမြ...
25/01/2023

မွတ်စလင် တွေ ရဲ့ အဓိက မဏ္ဍိုင် တစ်ခုဖြစ်တဲ့ ဟဂျ် ကျင့်စဉ် ဆောင်ရွက်ရာ (နေ့စဉ် ဝတ်ပြုမှုရဲ့ ဗဟိုချက်လည်း ဖြစ်ပါတယ်) မကာမြို့ ကာဘာ ကျောင်းတော် လို့ ခေါ်တဲ့ လေးထောင့်ပုံ အဆောက်အဦး အကြောင်းကို စိတ်ဝင်စားလို့ အသေးစိပ်လေ့လာ ဖတ်ရှုရင်းရှာဖွေ တွေ့ရှိတဲ့ စိတ်ဝင်စားစရာ အချက်အချို့ကို ပြန်မျှဝေပါမယ်၊

ကာဘာ ကျောင်းတော် လေးထောင့်ပုံ အဆောက်အဦးရဲ့ အကြီးစား ပြန်လည် ပြုပြင်မွမ်းမံ တည်ဆောက်ခြင်းကို May 1996 ကနေ October 1996 အတွင်း မှာ ပြုလုပ်ခဲ့ပြီး ၊ အဲ့ဒီ ၁၉၉၆ မတိုင်ခင် နှစ်ပေါင်း ၄၀၀ ကျော် လောက် အချိန် ဘုရင် Sultan Murad Khan လက်ထက်မှာ ပြုပြင်မွမ်းမံမှု ကို နောက်ဆုံးလုပ်ထား တာပါ၊ တကယ်တော့ ၁၉၉၆ ခုနှစ် အကြီးစား ပြန်လည်ပြုပြင်မှု လုပ်တဲ့ အချိန်မှာ အဓိက ကျောက်တုံး အချို့ ရယ် ၊ နှစ်ပေါင်း ၁၃၅၀ ကျော်ကြာပြီ ဖြစ်တဲ့ အလယ်ထောက်တိုင်ကြီး ၃ ခုရယ် ၊ main door ကြီးရယ် က လွဲရင် အားလုံး ပစ္စည်း အသစ် တွေ ကို အသုံးပြုပြီး ပြန်လည် ဆောက်လုပ်ခဲ့တာ ပါ။ အထူးသဖြင့် ခေတ်မှီ နည်းပညာ သုံး ထားသော ခိုင်ခံ့ ပြီး ရာသီဥတု ဒဏ် ရေရှည်ခံနိုင် သည့် ဆောက်လုပ်ရေး ပစ္စည်းများ ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်၊

ကာဘာ ကျောင်းတော် ရှိတဲ့ နေရာ ဟာ တကယ်တော့ တောင်ကြားနှစ်ခု ကြားထဲမှာ ရှိတဲ့ ချိုင့်ဝှမ်း နေရာ ဖြစ်လို့ မကြာခဏ ရေကြီးပြီး ဒီ ကာဘာ အဆောက်အဦးဟာ ရေမြုပ်တဲ့ ဒဏ်ခံရကာ ပျက်ဆီးယိုယွင်း ခဲ့ရပါတယ်၊ ၁၉၉၆ မှာ စနစ်တကျ ခေတ်မှီ ပစ္စည်းတွေ သုံးခဲ့ လို့ အခုဆိုရင် ရာသီဥတု ဒဏ် ကို ကြံ့ကြံ့ခိုင်နိုင်သွားပါပြီ။

မြန်မာ နိုင်ငံ နှင့် တိုက်ရိုက် ပက်သက်တဲ့ ထူးခြားမှု တခုကို လည်း လေ့လာ တွေ့ရှိရပါတယ်

၁၉၉၆ မှာ ပြန်ပြင်ဆောက်တော့ ကာဘာ အဆောက်အဦးရဲ့ အမိုးကို မြန်မာ နိုင်ငံ က ထွက်ရှိတဲ့ ကျွန်းသစ် (teak tree wood) ၄၉ လုံး ကို တင်သွင်း ဝယ်ယူပြီး ဂျစ်ဒါ မြို့မှာ စနစ်တကျ process လုပ်ကာ ထည့်သွင်းဆောက်လုပ် ထားခြင်းဘဲ ဖြစ်ပါတယ် ။

ဓါတ်ပုံစာ အညွှန်း
============

ဓါတ်ပုံ ၁ - အမိုး လုပ်ထားပုံ 3D section view

ဓါတ်ပုံ ၂ - အရေးကြီး အမှတ်အသား အခေါ်အဝေါ်များ နှင့် 3D view

ဓါတ်ပုံ ၃ - နှစ်ပေါင်း ၁၃၅၀ ကျော်သက်တမ်းရှိ ထောက်တိုင်ကြီး ၃ ချောင်း

ကာဘာ အဆောက်အဦး သမိုင်းကြောင်း အသေးစိပ် ကို ဆက်လက်ရေးသားပါမည်။

20/01/2023
15/01/2023
15/01/2023

မြန်မာနိုင်ငံသားအားလုံးကို ကမ္ဘာ့နံပါတ် ၁ ဖင်လန်နိုင်ငံမှ ကြိုဆိုပါ၏

ကမ္ဘာ့နံပါတ် ၁ ပညာရေး
၅ နှစ်ဆက်တိုက်ကမ္ဘာ့အပျော်ရွှင်ဆုံးသော နိုင်ငံသားများ၏
ကမ္ဘာ့နံပါတ် ၁ နိုင်ငံကူးလက်မှတ်နှင့်
လွယ်ကူစွာ နိုင်ငံသားဖြစ်ခွင့်ပေးသော နိုင်ငံဖြစ်ပြီး၊
အခြေခံ လစာ ယူရို ၂၀၀၀၊ မြန်မာကျပ်ငွေ သိန်း ၆၀ နှင့် စသော နိုင်ငံသို့
မြန်မာနိုင်ငံ၏ အနာဂတ်များ၊ မိသားစုအလိုက်ကို ဖိတ်ခေါ်ပေးနေပါပြီ။

အခွင့်အရေး ပေးနေတုန်း ၊ Finest Future Myanmar၌ ဖင်လန်ဘာသာစကားတက်ရောက်ပြင်ဆင်ကြ၍၊ အရောက် လာခဲ့ကြပါရန်။
လေယဉ်ပေါ်မှ နှိုးဆော်အပ်ပါကြောင်း

ဖင်လန်ဆိုပြီး တဟားဟား မရယ်ကြနဲ့နော်၊ သူတို့ ထွင်ထားလို့ ကျုပ်တို့ အခုလို 5G၊ 6G အင်တာနက်တွေ သုံးလို့ရနေတာ။

အကောင်းဆုံးအနာဂတ်မြန်မာ ဘန်ကောက် ရုံးခွဲ ဖွင့်ပါတော့မည်။

အကောင်းဆုံးအနာဂတ်မြန်မာ

🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺🏆🇫🇮🇪🇺
အကောင်းဆုံးအနာဂတ်၏ မူပိုင်အစီအစဉ်ဖြစ်သည့် အထက်တန်းပညာရေးသို့ဆည်းပူးနိုင်သလို၊ လုပ်ငန်းခွင်ကျောင်းများသို့လည်း ဝင်ရောက်နိုင်ပါပြီ။
🇫🇮🇪🇺🏆Finnish Matriculation (High School 2024)
ဖင်လန်နိုင်ငံ တက္ကသိုလ်ဝင်၊ အထက်တန်း အောင်လက်မှတ်
🇫🇮🇪🇺🏆Diploma in ICT
အိုင်တီ နည်းပညာ ဒီပလိုမာ၊ ကွန်ပျူတာ ဆရာများဖြစ်ဖို့
🇫🇮🇪🇺🏆Diploma in Mechanical Engineering
ဒီပလိုမာ ဘွဲ့လက်မှတ် အော်တိုမေးရှင်း အင်ဂျင်နီယာ၊ ဂဟေဆော်ခြင်း
🇫🇮🇪🇺🏆Diploma in Restaurant and Catering
ဒီပလိုမာ ဘွဲ့လက်မှတ် စားသောက်ဆိုင် နှင့် အချက်အပြုတ်
🇫🇮🇪🇺🏆Diploma in Practical Nursing
ဒီပလိုမာ ဘွဲ့လက်မှတ် သူနာပြု အကူ
🇫🇮🇪🇺🏆Diploma in Housekeeping & Property Services
ဒီပလိုမာ ဘွဲ့လက်မှတ် သန့်ရှင်းရေး နှင့် အိမ်ယာဝန်ဆောင်မှုများ
🇫🇮🇪🇺🏆Diploma in Agriculture
ဒီပလိုမာ စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာ
🇫🇮🇪🇺🏆Diploma in Horticulture
ဒီပလိုမာ ပန်းခြံထိန်းသိမ်းခြင်း နည်းပညာ
🇫🇮🇪🇺🏆Diploma in Construction
ဒီပလိုမာ ဆောက်လုပ်ရေး နည်းပညာ
သင်ကြားချိန်။ ၂ မှ ၃နှစ်
ဘာသာစကား။ ဘာသာစကား All-Star ပြီးလျှင် ကျောင်းလျှောက်ခွင့်ရပါပြီ။
ကျောင်းများသည် နှစ်စဉ် ဆက်တိုက်ခေါ်ယူနေမည်ဖြစ်သလို၊ လိုအပ်ရင်လိုအပ်သလိုလည်း အရေးပေါ် ခေါ်ယူသင်ကြားခြင်းမျိုးလည်း ရှိမည်။
သင်ကြားအသုံးပြုမည့်ဘာသာစကား။ ဖင်လန်
ဝင်ကြမည့် ကျောင်းများ။ ဖင်လန်နိုင်ငံတခွင်ရှိ အကောင်းဆုံးအနာဂတ် နှင့် ချိတ်ဆက်ထားသည့် ကျောင်းများ။
ဖင်လန်နိုင်ငံ၌ သင်ကြားခ။ အခမဲ့
မြန်မာပြည်၌ ဘာသာစကား ပြင်ဆင်ကြေး။ ရှိ
ဗီစာ နှင့် ခရီးစရိတ်။ ရှိ
နေထိုင်စရိတ်။ ရှိ
ဖင်လန်နိုင်ငံ၌ နိုင်ငံလည်ပါတ်နိုင်ရန် လူငယ်လူတော်များ၊ အခြေခံလုပ်သားများပါ လိုအပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျောင်းများမှ လက်တွေ့ ပညာရပ်များ သင်ပေးပြီး၊ နိုင်ငံရှိလိုအပ်နေသော အလုပ်ခွင်သို့ အလုပ်သမားများ ဖြည့်ဆည်းပေးရန် ခေါ်ယူပြင်ဆင်ပေးနေခြင်းဖြစ်သည်။
အကောင်းဆုံးအနာဂတ်များ လျင်မြန်စွာ ရရှိနိုင်ကြပါစေ။
💠ပရိုဂရမ် အသေးစိတ် လေ့လာလို၍ဖြစ်စေ
💠လျှောက်ထားလို၍ ဖြစ်စေ 👇👇
https://www.finestfuturemyanmar.org/registration
📲Call Us:
09 88121 0011 / 0022 / 0044
09 88121 0055 - 0099
🏛Visit Us:
အကောင်းဆုံး အနာဂတ် မြန်မာ
Finest Future Myanmar (Yangon HQ)
No 18. U Aung Zeya Street Thanlyin 11291
Yangon, Myanmar
Google Map: https://goo.gl/maps/85sBhqQBzNn5dFnJ8
📧 [email protected]
Log on: www.finestfuturemyanmar.org
www.finestfuturemyanmar.fi
www.ffmm.fi
#အကောင်းဆုံးအနာဂတ်မြန်မာ #အခမဲ့ပညာရေး #ကမ္ဘာ့အကောင်းဆုံးပညာရေး 👇
အကောင်းဆုံးအနာဂတ်မြန်မာ၏ ဝန်ဆောင်မှုများမှာ-
👉 ကမ္ဘာ့အကောင်းဆုံး အထက်တန်းပညာရေး နှင့်
👉 လက်တွေ့ကျောင်းများနှင့် ချိတ်ဆက်ပေးခြင်း
👉 တက္ကသိုလ်များသို့ ချိတ်ဆက်ပေးခြင်း
👉 အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးခြင်း
👉 ပညာသင်ကြားခ/နေထိုင်မှုစရိတ်များ ပေးချေပေခြင်း
👉 EU အသိအမှတ်ပြု ကျောင်းသား ကျန်းမာရေး အာမခံ
👉 EU အသိအမှတ်ပြု ခရီးသွား အာမခံ
👉 EU သို့ မိသားစု ခရီးသွား၊ လေယဉ်လက်မှန် နှင့် Tour Package များ
👉 ခရစ္စမတ် ဘိုးဘိုးကြီးနှင့် ဥတ္တရရောင်ခြည် ခရီးစဉ်
👉 Visa နှင့် အခြေချနေထိုင်ရေး လမ်းညွှန်မှုများနှင့် ဝန်ဆောင်မှုများ။အ

Address

Yangon

Telephone

09965171530

Website

Alerts

Be the first to know and let us send you an email when Asia Sky Blue Travel and Tour Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category