06/06/2020
https://www.facebook.com/737149439818720/posts/1399994660200858/
-Unicode
အဲအေးရှား လေကြောင်းလိုင်းဖြင့် ခရီးသွားကြသည့် ဧည့်သည်များ ဘေးကင်းလုံခြုံရေး အတွက် Covid-19 နှင့် စပ်လျဉ်းပြီး မြေပြင်နှင့် ဝေဟင်ပေါ်တွင်ပါ အန္တရာယ်အကင်းဆုံးဖြစ်စေရန် အောက်ပါဖော်ပြချက်များကို ဆောင်ရွက်လျက် ရှိပါသည်။
- တစ်ဦးချင်းအကွာအဝေး
ချက်ကင်ကောင်တာ အပါအဝင် တန်းစီရန်လိုအပ်သည့် ကောင်တာများတွင် တစ်ဦးနှင့်တစ်ဦး ကွာဝေးရမည့် အမှတ်အသားများထားရှိပါသည်။
-လိုက်ပါမည့် ခရီးသည်များ အားလုံး မျက်နှာဖုံးများ တပ်ဆင်ရန်လိုအပ်ခြင်း။
လေယာဉ်မထွက်ခွါမီ ချက်ကင်ကောင်တာမှစ၍ လေယာဉ်ပျံသန်းစဉ်နှင့် ခရီးဆောင်အိတ်ရွေးချယ်သည့်နေရာများ နှင့် အခြားသော လိုအပ်သော နေရာများတွင် မျက်နှာဖုံးများ ကိုတပ်ဆင်ထားရန်လိုအပ်ပါသည်။
-ကိုယ်အပူချိန်တိုင်းတာခြင်းအား ဂိတ်များတွင် စစ်ဆေးခြင်း။
အဝင်ဂိတ် နှင့် လေယာဉ်ပေါ်တင်ဆောင်သည့် ဂိတ်များအပါအဝင် ကျန်းမာရေးစစ်ဆေးမှု ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ထားပါသည်။
-ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းများ စနစ်တကျပြုလုပ်ခြင်း။
လေယာဉ်အတွင်းနှင့်အပြင်ကို နေ့စဉ် (၂) နာရီခန့် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်များကို ပြည်သူ့ ကျန်းမားရေးဌာန၏ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ချက်ရှိပါသည်။
- လေသန့်စင်ဇကာများ အသုံးပြုခြင်း
HEPA လေသန့်စင်ဇကားများအသုံးပြုကာ ဗိုင်းရပ်စ်နှင့် ပိုးမွှားများအားစစ်ထုတ်ခြင်း။ (ထိုလေသန့်စင်ဇကားများသည် ဆေးရုံးများတွင် အသုံးပြုနေကျဖြစ်သော လေသန့်စင်ဇကားများအား လေယာဉ်များအားလုံးတွင် အသုံးပြုထားပါသည်။)
- လေယာဉ်အမှုထမ်းများအားလုံး သတ်မှတ်ထားသော တကိုယ်ရည်သန့်ရှင်းမှုစံချိန်အားလိုက်နာဆောင်ရွက်ခြင်း။
လက်သန့်စင်ခြင်း ၊ မျက်နှာဖုံးများတပ်ဆင်ခြင်း နှင့် လက်အိတ်ဝတ်ဆင်ခြင်းများ အပါအဝင် အခြားသောကျန်းမာရေးကာကွယ်ရန်နည်းလမ်းများကိုလဲ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
အဲအေးရှားလေကြောင်းလိုင်းနှင့် ပက်သက်သော သတင်းအချက်လက်များသိရှိလိုပါက
09-761252525 / 09-791252525 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Air Asia Travel & Service Center Mandalay Office
----------------------------------------------------------------------
-ZawGyi Code
- တစ်ဦးချင်းအကွာအဝေး