Akayi DV Service

Akayi DV Service အချက်အလတ် မှန်ကန်တိကျစွာဖြင့် အမေရိကန် DV ဖောင်များ လျှောက်ထားပေးပါတယ် Ph-09975257416

SID form တင်ပေးပါတယ်ရမှ ပိုက်ဆံပေးလို့ရပါတယ်ရှင်25000ks
16/12/2023

SID form တင်ပေးပါတယ်

ရမှ ပိုက်ဆံပေးလို့ရပါတယ်ရှင်

25000ks

Passportလျောက်မည့်သူများ  ပတ်စပို့ လုပ်မည့်သူများ အားလုံး ရုံးမဝင်ခင် EIDကြိုပြီးစစ်ထားသင့်တယ်သက်ဆိုင်ရာမှတ်ပုံတင်ထွက်ထာ...
05/12/2023

Passportလျောက်မည့်သူများ ပတ်စပို့ လုပ်မည့်သူများ အားလုံး

ရုံးမဝင်ခင် EID
ကြိုပြီးစစ်ထားသင့်တယ်

သက်ဆိုင်ရာမှတ်ပုံတင်ထွက်ထားတဲ့လဝကမှာ
မှတ်ပုံတင်၊သန်းခေါင်စာရင်း ပြပြီး စစ်ရပါမယ်။

EID မှားရင် သက်ဆိုင်ရာလဝကမှာ ပြင်ပီးမှ
ကျန်တာဆက်လုပ်ခွင့်ရမှာပါ။

EID မှားခြင်းဆိုသည်မှာ
မြို့နယ်လဝက နဲ့ Passport လဝကမွာ
မွေးနေ့ ၊ နာမည်စာလုံးပေါင်း အနည်းငယ်ကွဲလွဲနေခြင်း

EID ကို Passport ရုံးက Software အသစ်စပြီး စစ်ခြင်းဖြစ်ပြီး ရုံးမခင် ကြိုစစ်ပေးကြပါ

သက်ဆိုင်ရာမြိူ့နယ်တွေမှာ မှတ်ပုံတင်ကို smart card system change ထားပြီးဖြစ်သောကြောင့်
Computer ထဲregister လုပ်ထားတာပါ။
ကိုယ်ရဲ့ မှတ်ပုံတင်ကမှန်နေပေမယ့်လည်း
Registerထဲမှာ
မှားထည့်ထားခဲ့ရင်ကိုယ့်မှတ်ပုံတင်ထဲကအတိုင်းဖြစ်ဖို့ သက်ဆိုင်ရာလဝက ရုံးကိုပြန်သွားပြီး ပြန်ပြင်ပေးလိုက်ရင် အားလုံးမှန်ကန်စွာတူသွားပြီဆိုရင်
Passport လျောက်လို့ရပါပြီ...

မသိသေးတဲ့သူများတွက် သိသလောက်မျှဝေပေးတာပါ


Passport ရုံးသွားမယ်နေကျရင် ယူသွားရမယ် စာရွက်စတမ်းဖိုင်လေးပြင်ပေးပါဆိုလို့လိုအပ်တဲ့စာရွက်စာတန်တွေ အာလုံးကို သေချာ File ပ...
01/12/2023

Passport ရုံးသွားမယ်နေကျရင် ယူသွားရမယ် စာရွက်စတမ်းဖိုင်လေးပြင်ပေးပါဆိုလို့

လိုအပ်တဲ့စာရွက်စာတန်တွေ အာလုံးကို သေချာ File ပြင်ပေးပီးတော့ Royal Express နဲ့အပ်ပေးဖြစ်တာလေးပါရှင့်။

မော်လမြိုင် နဲ့မြိတ်မြို့ကနေ ယုံကြည်စာနဲ့ အပ်နှံပေးလို့ကျေးဇူးတင်ပါတယ်ရှင်။

ရည်ရွယ်ချက်တွေအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် 🎊

passport လျှောက်ဖို့အတွက် QR တင်ချင်တာပဲဖြစ်ဖြစ် ရုံးဝင်တဲ့အခါ ယူသွားရမယ်စာရွက်စာတန် File ပြင်ချင်တာပဲဖြစ်ဖြစ် Akayi ဆီမှာ အကုန်ရပါတယ်နော်။

QR ဝန်ဆောင်မူ -45000ks (ဘဏ်သွင်းငွေ 35000ksအပါ)

File ပြင်မယ်ဆို-10000ks


မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မှာ 8181** ဖြစ်ပါသည်။ နောက်ဆုံး ၂လုံး...
27/11/2023

မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မှာ 8181** ဖြစ်ပါသည်။ နောက်ဆုံး ၂လုံးခန့်မှန်းယူပါရှင့် 😊😊
https://static.kbzpay.com/app/prod/pocketmoney/facebook/share_my_prod.html?id=13352718b51c4109be9a4f0220b8fede&bless=All%20the%20Best!

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် 8181** ဖြစ်ပါသည်။ နောက်ဆုံး ၂လုံးခန့်...
27/11/2023

မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။

ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် 8181** ဖြစ်ပါသည်။ နောက်ဆုံး ၂လုံးခန့်မှန်းယူပါရှင့်

https://static.kbzpay.com/app/prod/pocketmoney/facebook/share_my_prod.html?id=13352718b51c4109be9a4f0220b8fede&bless=All%20the%20Best!

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် ကိုနှစ်သပ်ရာ   post တစ်ခုခု share ပီ ...
27/11/2023

မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် ကိုနှစ်သပ်ရာ post တစ်ခုခု share ပီ ယူလိုက်ပါ 👍👍
Code မန့်လာပေးပါမယ်

https://static.kbzpay.com/app/prod/pocketmoney/facebook/share_my_prod.html?id=13352718b51c4109be9a4f0220b8fede&bless=All%20the%20Best!

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

တော်သေးတယ် ဒါအမေရိကမှာမို့လို့ 😎😁Crd #
17/11/2023

တော်သေးတယ် ဒါအမေရိကမှာမို့လို့ 😎😁

Crd #

ဟိတ်….ဒီခေတ်မှာ Passport မရှိရင် ခေတ်နောက်ကျနေပြီနော် 😎အမေရိကန်သွားဖို့ အိပ်မက်ရှိပြီး ပက်စပို့မရှိသေးတာလည်း မဟုတ်သေးဘူး...
13/11/2023

ဟိတ်….ဒီခေတ်မှာ Passport မရှိရင် ခေတ်နောက်ကျနေပြီနော် 😎

အမေရိကန်သွားဖို့ အိပ်မက်ရှိပြီး ပက်စပို့မရှိသေးတာလည်း မဟုတ်သေးဘူးနော် 🤔

ှိသေးသူများအတွက်

🇺🇸 အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ပက်စပို့ကို မင်မင်တို့ဆီကနေ QR booking ဝန်ဆောင်မှုရယူနိုင်ပါပြီရှင့်။

🇺🇸 DV ပေါက်ပြီး အမေရိကန်သွားဖို့မှ စဉ်းစားထားရင် အခုချက်ချင်း ပက်စပို့ကြိုလုပ်ထားတာ အကောင်းဆုံးပါပဲ။

DV နီးမှလျှောက်ရင် အချိန်မှီစာအုပ်မရတာမျိုးတွေ ဖြစ်တတ်လို့ ပက်စပို့ကြိုလျှောက်ဖို့ မင်မင်အမြဲသတိပေးနေရတာပါရှင့် 😍

ှိပြီးသူများအတွက်

🇺🇸 သက်တမ်းတိုးခြင်း၊ PV/PJ ပြောင်းခြင်း၊ ပျောက်ဆုံးလျှောက်ခြင်း စတာတွေကိုလည်း QR booking ဝန်ဆောင်မှု ပေးနေပါတယ်ရှင့်

ပက်စပို့အတွက် ငွေသိန်းကျော် အကုန်မခံနဲ့ မင်မင်တို့ဆီကနေဆို လေးသောင်းခွဲပဲ ကုန်ပါမယ်နော် 🥰

ကုန်ကျငွေ လေးသောင်းခွဲမှာ မင်မင်တို့ ဝန်ဆောင်ခက တစ်သောင်းကျပ်သာ ဖြစ်ပါတယ်ရှင်…ကျန် သုံးသောင်းခွဲက အစိုးရရုံးဘဏ်သွင်း​ငွေပါရှင့်။

မင်မင်တို့က ရန်ကုန်ရုံးကနေလျှောက်ပေးတာဖြစ်လို့ ၁/ ကနေ ၁၄/ ထိ အကုန်ရပါတယ်နော် 🥰

💙 ပက်စပို့စာအုပ်သက်တမ်းက 5 နှစ်ဖြစ်လို့ စာအုပ်ရပြီဆိုတာနဲ့ 5 နှစ်စာစိတ်ချထားလို့ရပါပြီ။

ကြိုလုပ်မထားရင်တော့ နီးခါမှ အချိန်မမှီတွေဖြစ်ကုန်မှာပါ။ဒါကြောင့် ကျန်တာတွေထက် ပက်စပို့ကို ဦးစားပေးကြိုလျှောက်ကြပါရှင့်။

🇺🇸 DV နီးမှလုပ်မယ်ဆို အမြန်ကြေး သိန်းဆယ်နဲ့ချီပြီးကုန်ကျမှာဖြစ်လို ခုကတည်းက ရက်ချိန်းအတွက် မင်မင်တို့ဆီက QR booking တင်ရင် 45000ks ပဲကုန်ပါမယ်နော်။

ပက်စပို့ကို သောင်းကျော်လေးပဲ အကုန်အကျခံပြီး စောစောယူမလား နောက်ကျမှသိန်းဆယ်ချိီကုန်ပြီး ယူမလား စဉ်းစားဖို့လိုပြီနော် 😉

💁🏻‍♀️ DV & Passport နဲ့ပတ်သက်ရင် စ၊လယ်၊ဆုံး တာဝန်ယူမှုရှိတဲ့ ဝန်ဆောင်မှုမျိုးလိုချင်ရင် မင်မင်တို့ Akayi DV service ကိုသာ လှမ်းခဲ့ပါရှင့်။

အ​သေးစိတ်ကို

💙 Akayi DV Service page chat box နှင့်

💙 Ph no. 09 975 257 416 (Viber&Telegram) သို့

ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

ဒီနှစ် DV ကာလကတော့ အားတက်စရာတွေ အပြည့်ပါပဲရှင် 🥰Client တွေ အရင်နှစ်ထက်အများကြီး ပိုများလို့ပင်ပန်းရပေမဲ့ form အကုန်လုံးက...
08/11/2023

ဒီနှစ် DV ကာလကတော့ အားတက်စရာတွေ အပြည့်ပါပဲရှင် 🥰

Client တွေ အရင်နှစ်ထက်အများကြီး ပိုများလို့ပင်ပန်းရပေမဲ့ form အကုန်လုံးကို အမှားအယွင်းမရှိ success ဖြစ်အောင် တင်ပေးခဲ့ပါတယ်ရှင့် 💙

Client အဟောင်းတွေအပြင် အသစ်တွေပါအများကြီးတိုးလာလို့ မင်မင်တို့လည်း ဝမ်းသာရပါတယ်နော်။

Client တွေရဲ့ ကျေးဇူးတင်စကားတွေကလည်း မင်မင်တို့ကို အားဖြစ်စေခဲ့ပါတယ် 💪🏻

💁🏻‍♀️ ဒီနှစ်မှာ မင်မင်တို့ဆီ မြန်မာပြည်တွင်း client နဲ့အတူ နိုင်ငံခြားက client တွေပါ service လာအပ်ကြပါတယ်။

အာရှဘက်မှာဆို စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဒူဘိုင်းနိုင်ငံတွေနဲ့ အမေရိကနဲ့ UK အင်္ဂလန်နိုင်ငံတွေက foreigner တွေအထိပါ မင်မင်တို့ Akayi DV Service နဲ့လာအပ်လို့ အများကြီး ပျှော်ရွှင်ရပါတယ်ရှင့် 🤩

မင်မင်တို့ Akayi DV Service အနေနဲ့လည်း client တွေရဲ့ ယုံကြည်မှုမပျက်ရအောင် ပုံကအစ အချက်အလက်အဆုံး အမှားအယွင်းမရှိအောင် အပြန်ပြန်အလှန်လှန် သေချာစစ်ဆေးပြီးမှ DV form တင်ပေးခဲ့ပါတယ်။

Website မှာ form တင်တဲ့အချိန်မှာလည်း တခြားဝန်ထမ်းကို မခိုင်းပဲ နှစ်ရှည် DV အတွေ့အကြုံရှိတဲ့ မြန်မာနဲ့ US က founder admin နှစ်ဦးကိုယ်တိုင် တင်ပေးတာ ဖြစ်ပါတယ်ရှင် 🇱🇷🇲🇲

မင်မင်တို့ အခုလို success form တွေတင်နိုင်တာက အချက်အလက်တွေ သေချာပို့ပေးပြီး လမ်းညွှန်မှုအတိုင်း သေချာလုပ်ပေးတဲ့ Client တွေရဲ့ကျေးဇူးကြောင့်ပါပဲရှင် 🥰

Akayi DV Service ရဲ့ Client အားလုံးကို မင်မင်က ကျေးဇူးအများကြီးတင်ပါတယ် 💙

2024 May လ ပထမအပတ်မှာ DV result သိရမှာဖြစ်ပါတယ်။

အားလုံး DV ပေါက်ပြီး အမေရိကန်ရောက်နိုင်ဖို့ Akayi DV Service မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🙏🏻

07/11/2023

ဒီနေ့ DV တင်ဖို့ရှိသေးရင် အချက်လက် နဲ့ပုံပို့ထားပါရှင်။ မြန်မာဘက်ကမမှီရင် US ဘက်ကနေတင်ပေးပါမယ်နော် 😊😊

DV Services အပ်ထားပီးမှ Confimation Code မရသေးရင် ဒီနေ့ နောက်ဆုံ ဆက်သွယ်လာပါရှင့် ♨5.11.2023 ထိ Services အပ်သမျှကို မင်မ...
06/11/2023

DV Services အပ်ထားပီးမှ Confimation Code မရသေးရင် ဒီနေ့ နောက်ဆုံ ဆက်သွယ်လာပါရှင့် ♨

5.11.2023 ထိ Services အပ်သမျှကို မင်မင်တို့
ဘက်က Confimation Code ပို့ပေးပီးပီဖြစ်ပါတယ်

၇ရက်နေ့ နောက်ပိုင်းမှ Confimation Code မရဘူဆိုပီး လာပြောရင် မင်မင်တို့ဘက်ကတာဝန်မယူပါနော် 📌


DV ပေါက်ပြီးရင် ဘာတွေလိုလဲ ❓❓❓မင်မင်ကတော့ DV ပေါက်ပြီးရင် အဓိကလိုအပ်တဲ့ စာရွက်စာတမ်းတွေအကြောင်း အရင်ပြောပြပေးပါမယ်။❗️အရေ...
02/11/2023

DV ပေါက်ပြီးရင် ဘာတွေလိုလဲ ❓❓❓

မင်မင်ကတော့ DV ပေါက်ပြီးရင် အဓိကလိုအပ်တဲ့ စာရွက်စာတမ်းတွေအကြောင်း အရင်ပြောပြပေးပါမယ်။

❗️အရေးကြီးတာတစ်ခုက မင်မင်အခုပြောပြတဲ့ စာရွက်စာတမ်းအားလုံးကို မူရင်း၊ notary(နိုတြီ)၊ မိတ္တူ သုံးမျိုးလုံးစုံအောင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်ရှင့်။

အဲ့တာဆို ဘာတွေလိုလဲ ဆက်ပြောပြပေးမယ်နော် 🥰

1️⃣ 2 လက်မပတ်လည် DV photo soft copy

2️⃣ အနည်းဆုံး 6 လသက်တမ်းကျန်သည့် passport

အခုကာလမှာ Passport လုပ်မယ်ဆို အနည်းဆုံး အချိန် 5 လကြာမှာဖြစ်ပါတယ်။

Passport သက်တမ်းကုန်နေတာမျိုး၊ ပက်စပို့မရှိသေးတာမျိုးဆို အခုကတည်းက QR booking ထားတာ အကောင်းဆုံးပါပဲနော် 🥰

QR booking တင်လိုသူများအတွက် မင်မင်တို့ Akayi DV service က အစအဆုံးတာဝန်ယူဝန်ဆောင်မှုပေးပါတယ်ရှင့်။

Service fee 10,000ks + ဘဏ်သွင်းငွေ 35,000ks
စုစုပေါင်း 45,0000ks လေးသောင်းခွဲကျပ်သာ ကျသင့်မှာပါနော် 💙

ဘဏ်သွင်းငွေဆိုတာက အစိုးရရုံးဘက်ကို ပေးရတာ ဖြစ်ပါတယ်ရှင့်။

ကျန်တာတွေက

3️⃣ မိမိ၏ မွေးစာရင်း

4️⃣ ပြစ်မှုကင်းရှင်းကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာများ

5️⃣ ဆေးစစ်ချက်များ

6️⃣ ပညာအရည်အချင်းလက်မှတ်များ(ဆယ်တန်းအောင်၊ဘွဲ့ရ)

7️⃣ ဆယ်တန်းမအောင်သူများအတွက် သက်ဆိုင်ရာလုပ်ငန်းများမှာ လုပ်သက် 2 နှစ်ပြည့်စုံကြောင်း ထောက်ခံစာ၊ အလုပ်ခန့်စာ၊ cover letter & recommendation letter များလိုအပ်ပါမယ်ရှင့်။

8️⃣ အိမ်ထောင်ရှိသူများအနေဖြင့် လက်ထပ်စာချုပ်

9️⃣ ကွာရှင်းထားသူများအနေဖြင့် ကွာရှင်းစာချုပ်

🔟 အိမ်ထောင်ဖက်သေဆုံးသွားလျှင် သေဆုံးကြောင်းထောက်ခံစာများ လိုအပ်ပါမယ်ရှင်။

1️⃣1️⃣ သံရုံးကို ပေးရမည့် တစ်ဦးလျှင် Dollar 33$ (Cash)

1️⃣2️⃣ အမေရိကန် ဗီဇာလျှောက်သူတိုင်း ဖြည့်ရသည့် Additional form

စတာတွေလိုအပ်ပါမယ်ရှင့်။

DV ပေါက်ပြီဆိုတာတဲ့ အပေါ်ကလိုတာတွေ အကုန်ပြင်ဆင်ထားပါနော် 💪🏻

🫶🏻 Akayi DV Service က client များအနေနဲ့ DV ပေါက်ပြီဆိုတာနဲ့ လိုအပ်တာအကုန်ကို မင်မင်တို့ကအကြောင်းကြားပေးမှာ ဖြစ်ပါတယ်ရှင့်။

အသေးစိတ်သိလိုသမျှကို comment ကနေ မေးလို့ရပါတယ်နော် 😍

ချစ်ခင်စွာဖြင့်
Akayi DV Service

02/11/2023


01/11/2023

DV တင်ပီးကြိုပြင်ဆင်ထားရမည့် အချက်များ...





01/11/2023

DV ပိတ်ရက် ၅ရက်သာကျန်ပါတော့တယ်

DV Service အပ်ထားပီ ခုချိန်ထိ Confimation Number မရသေးရင် Viber လာယူပေးပါရှင့်။

DV ပိတ်ရက်မှာ လာတောင်းတဲ့ Confimation တွေအတွက် ရဖို့ တာဝန်မယူပါနော်

Confirmation number ဆိုတာဘာလဲ ❓❓❓DV form တင်ပြီးသွားပြီဆိုတာနဲ့ success ဖြစ်ရင် website ကနေ အတည်ပြုနံပါတ် code ပို့ပေးပါ...
31/10/2023

Confirmation number ဆိုတာဘာလဲ ❓❓❓

DV form တင်ပြီးသွားပြီဆိုတာနဲ့ success ဖြစ်ရင် website ကနေ အတည်ပြုနံပါတ် code ပို့ပေးပါတယ်။ အဲ့ဒါကို confirmation number လို့ ခေါ်ပါတယ်နော်။

DV result ထွက်တဲ့အခါ ကိုယ်က DV ပေါက်၊မပေါက်သိရဖို့အတွက် website မှာ အဲ့ဒီ confirmation number လေးထည့်ပြီး စစ်ရတာဖြစ်ပါတယ်ရှင့်။

DV result သိရဖို့ အဓိက key ဖြစ်တာမလို့ confirmation number ကို မမေ့ဖို့ အထူးသတ်ိပြုပါနော် 🥳

💁🏻‍♀️ Akayi DV Service ကနေ DV တင်သူများအတွက်တော့ confirmation number ကို တကူးတကမှတ်စရာမလိုပဲ DV result ထွက်ပြီဆိုတာနဲ့ မင်မင်တို့က စစ်ပေးမှာ ဖြစ်ပါတယ်ရှင့်။

အကယ်၍ မတော်တဆ confirmation number ကို မေ့ခဲ့ရင်လည်း DV result ထွက်တဲ့အချိန်ရောက်ရင် website မှာ forgot confirmation number ထဲဝင်ပြီး ပြန်ယူလို့ရပါတယ်။

Forgot confirmation number ယူဖို့အတွက် DV form မှာ ဖြည့်ထားခဲ့တဲ့

- အမည်
- မွေးသက္ကရာဇ်
- Email address တွေကိုတော့ မှတ်မိဖို့လိုပါမယ်ရှင့်။

‼️ အထူးသတိပြုစရာတစ်ခုရှိပါတယ်။

ကိုယ်တိုင် DV တင်သူများအနေနဲ့ DV တင်နေရင်း success ဖြစ်ပြီးမှ confirmation number ကို မမှတ်လိုက်ရတာမျိုး၊ screenshot မယူလိုက်ရတာမျိုးဖြစ်ခဲ့ရင်

နောက်မှ forgot confirmation number နဲ့ code ပြန်ယူပါ။ Form ကို နောက်တစ်ခါ ထပ်မတင်ပါနဲ့။ ထပ်တင်မိရင် auto cancel ဖြစ်ပြီး ပယ်မဲဖြစ်သွားမှာပါရှင့်။

💙 Akayi DV Service က client များအနေနဲ့က confirmation number နဲ့ပတ်သတ်ရင် ဘာမှပူစရာမလိုပါဘူးနော်။ DV result ထွက်ချိန်ရောက်ရင် မင်မင်တို့ အကြောင်းကြားတာလေး စောင့်နေရုံပါပဲ 🥰

16/10/2023

DV လျှောက်ထားပီးသူတိုင် ကြည့်ရန်... 😊

DV စလျှောက်မယ်အချိန် Passport စာအုပ်လိုအပ်လာ ??




ဒီနေ့ထူးထူးခြားခြား ဘုန်းကြီးတစ်ပါး သီရိလက်ာ ကျောင်းတက်သွားဖို့အတွက် သာသနာဝန်ကဒ်လေးနဲ့PassPort QR လေးယူပေးဖြစ်ပါတယ်။ 😊😊
11/10/2023

ဒီနေ့ထူးထူးခြားခြား ဘုန်းကြီးတစ်ပါး သီရိလက်ာ ကျောင်းတက်သွားဖို့အတွက် သာသနာဝန်ကဒ်လေးနဲ့PassPort QR လေးယူပေးဖြစ်ပါတယ်။ 😊😊

စင်ကာပူ၊မလေးရှားကနေ DV လျှောက်လို့ရလား??မင်မင်တို့ဆီ အမေးများတဲ့ မေးခွန်းလေးကို အခုဖြေပေးပါမယ်နော် 🥰အဖြေကတော့ Yes ပါရှင်...
07/10/2023

စင်ကာပူ၊မလေးရှားကနေ DV လျှောက်လို့ရလား??

မင်မင်တို့ဆီ အမေးများတဲ့ မေးခွန်းလေးကို အခုဖြေပေးပါမယ်နော် 🥰

အဖြေကတော့ Yes ပါရှင့်။

စင်ကာပူ၊မလေးရှား၊ထိုင်း ဘယ်နိုင်ငံက မြန်မာလူမျိုးမဆို DV လျှောက်လို့ရပါတယ် 🇲🇲

🇱🇷 လိုအပ်တဲ့ အချက်အလက်တွေကတော့ မင်မင်တို့ အရင်တင်ပေးထားတာနဲ့ အကုန်အတူတူပါပဲ။

နိုင်ငံခြားမှာ နေတဲ့မြန်မာတွေအားသာချက်က Passport ကိစ္စစိတ်ပူစရာ မလိုတာပါပဲ 🥰

💁🏻‍♀️ မိမိလက်ထဲမှာ ရှိတဲ့ passport ကို အသုံးဝင်အောင် DV လျှောက်ဖြစ်အောင် လျှောက်ကြပါနော်။

ကံထူးရင် လက်ရှိနိုင်ငံထက် ပိုအဆင့်မြင့်တဲ့ အမေရိန်မှာ တသက်စာနေထိုင်ခွင့် ရရှိမှာပါရှင့် 💙

အခွှင့်အရေးကို အပြည့်အဝရယူကြပါ 💪🏻

💁🏻‍♀️ အရင်နှစ်တွေကလည်း မင်မင်တို့အနေနဲ့ ထိုင်း၊ စင်ကာပူနိုင်ငံတွေက client တွေကို ဝန်ဆောင်မှု ပေးခဲ့ပါတယ်ရှင့်။

ဒါကြောင့် နိုင်ငံခြားက client အသစ်တွေကိုလည်း ထပ်မံကြိုဆိုလိုက်ပါတယ်နော် 🥰🙏🏻

Akayi DV Service မှာ DV ကံစမ်းရန်…

📩 Akayi DV Service page chat box နှင့်

📞 09 975 257 416 (Viber/ Telegram) သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။

06/10/2023

2025 DV Form ကြိုစာရင်းသွင်းထားသူများ
တင်ပီကြောင် Comfirmation number @ SS တွေ လာယူပေးလို့ရပါပီရှင့်

ရခိုင်ပြည်နယ်မှာ Client တစ်ဦးအတွက် ပါစ်ပို့ QR လေးတင်ပေးဖြစ်ပါတယ်ရက်ချိန်ကတော့ ၂၀၂၄/  ၃လပိုင်းထဲရောက်သွားပီနော် ရက်ချိန...
26/09/2023

ရခိုင်ပြည်နယ်မှာ Client တစ်ဦးအတွက် ပါစ်ပို့ QR လေးတင်ပေးဖြစ်ပါတယ်

ရက်ချိန်ကတော့ ၂၀၂၄/ ၃လပိုင်းထဲရောက်သွားပီနော် ရက်ချိန်းအားဖြင့် ၅လကြာလို့

DV လျှောက်တဲ့ သူတိုင် Passport မရှိရင် ကြိုလုပ်ထားဖို့လိုပါတယ်

DV နဲ့ပတ်သက်ပြီး အားလုံးကို အသိပေးစရာတစ်ခုရှိပါတယ်ရှင့် 🙏🏻DV form တင်ရတာက official website ကနေ online တင်ရတာဖြစ်ပါတယ်ရှင...
16/09/2023

DV နဲ့ပတ်သက်ပြီး အားလုံးကို အသိပေးစရာတစ်ခု
ရှိပါတယ်ရှင့် 🙏🏻

DV form တင်ရတာက official website ကနေ online တင်ရတာဖြစ်ပါတယ်ရှင် 💙

💁🏻‍♀️ အပြင်မှာ တင်ရတာ လုံးဝ လုံးဝ မဟုတ်ပါဘူးနော်

DV ကို အခုမှစသ်ိတဲ့ client များအနေနဲ့ အပြင်မှာတင်ရတယ်ထင်ပြီး အမှတ်မှားမှာစိုးလို့ မင်မင်က ရှင်းပြခြင်း ဖြစ်ပါတယ် 💙

💁🏻‍♀️ အမေရိကန်အစိုးရဘက်ကကို တရားဝင်အနေနဲ့ online website တစ်ခုတည်းကနေပြီး တင်ခိုင်းတာဖြစ်ပါတယ်ရှင့်။

မင်မင်တို့ Akayi DV Service အနေဖြင့်လည်း online ဝန်ဆောင်မှုသီးသန့်ပဲ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်ရှင်

ဝန်ဆောင်မှု အသေးစိတ်အနေဖြင့် 👇🏻

• DV အတွက် လိုအပ်တဲ့အချက်အလက်နဲ့ ဓာတ်ပုံကို Viber ကနေ လက်ခံပေးပါတယ်။

• DV မှာ ဓာတ်ပုံကအရေးအကြီးဆုံးဖြစ်လို့ ပယ်မဲမဖြစ်ရအောင် ဓာတ်ပုံကို ခေတ်မှီ software များဖြင့် သေချာစစ်ဆေးပေးပါတယ်။

• ဝန်ဆောင်ခကိုလည်း DV website မှာတင်ပြီးချိန် confirmation no. & screenshot ရမှသာ ပေးချေရမှာ ဖြစ်ပါတယ်။

ကြိုတင်ငွေကောက်ခံခြင်း လုံးဝလုံးဝ မရှိပါဘူးနော် 🤗

💙 အခုကာလကစောသေးလို့ အချက်အလက်တွေ ကြိုမပို့ချင်သူများအတွက်က…

• မင်မင်တို့ဆီ ဘာတွေပြင်ဆင်ထားရမလဲ လာမေးထားပါ

• လိုအပ်တာတွေကို ဖုန်းထဲမှာ note မှတ်သိမ်းထားပြီး DV ကာလရောက်မှ မင်မင်တို့ဆီပို့ပေးလည်း ရပါတယ်ရှင့်။

သေချာတာကတော့ စောစောပို့ရင် confirmation no. & screenshot စောစောရမှာဖြစ်ပြီး 💁🏻‍♀️

နောက်ကျမှပို့ရင်တော့ နောက်ကျမှရမှာဖြစ်ပါတယ်ရှင်။

မင်မင်တို့က client no. စဉ်အလိုက် form တင်ပေးတာ
ဖြစ်ပါတယ်ရှင့် 🥰

💁🏻‍♀️ မင်မင်တို့ဆီမှာ service အပ်ထားသူများအနေဖြင့်လည်း နောက်ထပ် တခြားတွေမှာ ဖောင်မတင်ဖို့ အကြံပြုချင်ပါတယ်ရှင်။

ဘာလို့လဲဆိုတော့ နှစ်ကြိမ်တင်ရင် DV website ကနေ အဲ့လူရဲ့ form နှစ်ခုလုံးကို ပယ်မဲလုပ်လိုက်မှာ ဖြစ်ပါတယ်

အဲ့ဒါဆို အရွေးခံရဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူးနော် 😢

ဒါလေးကို သေချာသတိပြုစေချင်ပါတယ်ရှင့်။

လူတစ်ဦးကို form တစ်ခုပဲ တင်လို့ရပါမယ်နော် 💙

အသေးစိတ်သိလိုသမျှကို 🇱🇷

📩 Akayi DV Service page chat box နှင့်

📞 09 975 257 416 (Viber/ Telegram) သို့

ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

16/09/2023

နိုင်ကဒ် ပြုကဒ် ဧည့်ကဒ် တစ်ခုခုရှိရင် Passport လျှောက်လို့ရပါတယ်

ဧရာဝတီတိုင်း ကြံခင်းမြို့မှ မိသားစု ၇ဦးလုံးအတွက် ဒီနေ့ ယူပေးခဲတဲ့ ပါစ်ပို့ QR ရက်ချိန်းလေးပါရှင့် လူချင်လည် မတွေ့ဖူး On...
15/09/2023

ဧရာဝတီတိုင်း ကြံခင်းမြို့မှ မိသားစု ၇ဦးလုံးအတွက် ဒီနေ့ ယူပေးခဲတဲ့ ပါစ်ပို့ QR ရက်ချိန်းလေးပါရှင့်

လူချင်လည် မတွေ့ဖူး Online မှ တွေ့လို့ဆိုပီ DV အတွက်အပ်ဖို့ ဖုန်းဆက် စုံစမ်းရင်က Passport လေးပါ ၇ယောက်စာ ငွေကြိုလွှဲပီး အပ်သွားပေးတယ်

ခုလို ယုံကြည်စွာ အပ်နှံခဲ့လို့ကျေးဇူး အများကြီတင်ပါတယ်ရှင်😘♥

အမမျှော်လင့်နေတဲ့ American အိမ်မတ်တွေ အမြန်ဆုံးဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်နော် 😘♥


DV ရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ပက်စပို့ ရှိပြီးကြပြီလား💁🏻‍♀️ DV ပေါက်သူဟာ အမေရိကန်ကိုသွားရမှာဖြစ်တဲ့အတွက် နိုင်ငံကူးလက်မှတ...
14/09/2023

DV ရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ပက်စပို့ ရှိပြီးကြပြီလား

💁🏻‍♀️ DV ပေါက်သူဟာ အမေရိကန်ကိုသွားရမှာဖြစ်တဲ့အတွက် နိုင်ငံကူးလက်မှတ် Passport ဟာမဖြစ်မနေ လိုအပ်ပါတယ်ရှင့်။

💁🏻‍♀️ DV ကံစမ်းသူအားလုံးဟာ ကံထူးရှင်ဖြစ်ဖို့
အခွှင့်အရေးရှိတာဖြစ်လို့ Passport မရှိသေးရင် အခုထဲက ကြိုလျှောက်ထားသင့်ပါတယ်နော်။

အရင်က DV ပေါက်မှလျှောက်ရင် ရပေမဲ့ အခုက Passport လုပ်ဖို့အတွက် မလွယ်ကူပဲ အချိန်က
နှစ်ချီပြီး ကြာတတ်တာမလို့ အချိန်ရတုန်းစောစော try ထားမှ ရပါမယ်ရှင်။

သတင်းကောင်းအနေနဲ့ Passport ဘယ်လိုလျှောက်ရမလဲ မသိသူများအတွက် မင်မင်တို့ Service အသစ်တစ်ခုထပ်တိုးပေးထားပါတယ် ❤️

• Passport လျှောက်မယ်ဆို အရင်ဆုံး Website ကနေ QR code ယူရမှာဖြစ်ပါတယ်။ QR code အတွက် အစိုးရကို ဘဏ်သွင်းငွေ သုံးသောင်းခွဲကျပ် သွင်းရပါမယ်။

💙 QR code မယူတတ်ရင် မင်မင်တို့ဆီ Service အပ်လို့ရပါတယ် Service fee တစ်သောင်းကျပ်သာလျှင် ကျသင့်မှာပါနော်။

▪️Passport သက်တမ်းတိုးခြင်း
▪️PV/PJ ပြောင်းခြင်း
▪️ပျောက်ဆုံးလျှောက်ခြင်း

စတာတွေအားလုံးကို Online booking ယူပေးပါတယ်ရှင့်။

💁🏻‍♀️ DV ပေါက်မှ Passport လျှောက်မယ်ဆို အချိန်မမှီတဲ့အပြင် ပွဲစားနဲ့အပ်ရင်လည်း မိမိလိုချင်တဲ့ ကာလအတွင်းရဖို့ သိန်းဆယ်ချီကုန်မှာပါ။

ဒါ့အပြင် ရန်ကုန်ရုံးမှာတင်မဟုတ်ပဲ သူတို့လွှတ်တဲ့ နယ်ရုံးတွေအထိပါ သွားလျှောက်ရရင် အချိန်ကုန် ငွေကုန် လူပင်ပန်း ဖြစ်ပါမယ်။

ဒါကြောင့် အခုလိုအချိန်ရတုန်း အမြန်စောပြီး လုပ်ထားတာ အကောင်းဆုံးပါပဲရှင်။

မင်မင်တို့ Akayi DV & Passport Service ကနေ အပ်မယ်ဆိုရင်တော့ ကုန်ကျငွေ လေးသောင်းခွဲနဲ့ ခုတည်းက ပုံမှန် QR ရက်ချိန်းယူပီလုပ်ထားမယ်ဆိုရင် DV ပေါက်ချိန်အမှီ Passport လက်ထဲရောက်လာမှာပါရှင့် 🥰

• ပထမအဆင့်အနေနဲ့ QR code ယူ
(မင်မင်တို့ယူပေးမှာပါ)

• QR code မှာပါတဲ့ရက်ချိန်းရောက်ရင်ရုံးကိုသွား၊ လိုအပ်တဲ့ form တွေဖြည့်၊ မျက်လုံး scan ဖတ် ဓာတ်ပုံရိုက်ပြီးရင် စလစ်ရပါမယ်။

• စလစ်ရပြီး ၂၀ ရက်အတွင်း Passport စာအုပ်လက်ထဲရောက်လာမှာဖြစ်ပါတယ်ရှင်။

💙 ဒီအတိုင်းဆို ငွေသိန်းဂဏန်းကုန်စရာမလိုပဲ လေးသောင်းခွဲကျပ်နဲ့တင် မင်မင်တို့ဆီကနေ DV အမှီ ပက်စပို့ယူလို့ရနေပါပြီ။

လေးသောင်းခွဲမှာ မင်မင်တို့ Service fee က တစ်သောင်းကျပ်သာလျှင် ဖြစ်ပါတယ်ရှင့် 🥰

သုံးသောင်းခွဲက အစိုးရရုံးဘက်ကို စာအုပ်ကြေးပေးရတာ ဖြစ်ပါတယ်နော် ❤️

ဒီထက်ပိုပြီး အသေးစိတ် သိလိုတာရှိရင်…

📩 Akayi DV Service page chat box

နှင့်

📞 09 975 257 416 Viber/Telegram

သို့

ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။


11/09/2023

ခုမှ Passport စလုပ်ရင် ၄၅၀၀၀ ပဲကုန်ပါမယ် အချိန်အားဖြင့် ၅လကြာပါမယ်ရှင်။

ကျမဆီမှာ QR လျှောက်ပေးပါတယ် ♥

စာအုပ်ဖိုး 35000
ဝန်ဆောင်ခ -10000
total-45000ks

ဒီနှစ် DV အတွက် နာမည်စာရင်း ကြိုပေးထားချင်သူများအတွက် ဒါတွေသာလိုအပ်ပါတယ်ရှင့် ‼️DV official date ထွက်လာပါပီရှင်  October...
10/09/2023

ဒီနှစ် DV အတွက် နာမည်စာရင်း ကြိုပေးထားချင်သူများအတွက် ဒါတွေသာလိုအပ်ပါတယ်ရှင့် ‼️

DV official date ထွက်လာပါပီရှင် October ၄ရက်နေ့မှ နိုဝင်ဘာလ ၇ရက်နေ့ထိ DV လျှောက်လို့ရပါတယ်😊😊

💁🏻‍♀️ October မှတင်မယ်ဆို လူပြည့်မှာ၊ စောင့်ရမှာ စိတ်ပူနေသူများအတွက် မင်မင်တို့ Akayi DV Service မှာ ကြိုတင်အပ်ထားလို့ရပါတယ်နော်။

ကြိုတင်အပ်ထားတဲ့ form တွေကို DV website က တင်ခွင့်ပြုတဲ့နေ့မှာ ချက်ချင်းတင်ပေးမှာဖြစ်ပါတယ်ရှင့်။

ကြိုတင်စာရင်းပေးမယ်ဆို မင်မင်တို့ဆီ အောက်ပါစာရင်းအတိုင်း အစဉ်လိုက်ပို့ပေးပါနော် 👇🏻👇🏻

1️⃣ လျှောက်ထားသူ၏ နာမည် (မြန်မာ၊ English)
2️⃣ မွေးနေ့၊ လ၊ နှစ် အတိအကျ
3️⃣ မိမိမွေးဖွားသည့်မြို့နှင့် လက်ရှိနေရပ်လိပ်စာ
4️⃣ Single / Married
5️⃣ အိမ်ထောင်ပြုပြီးပါက ကလေး ရှိ/မရှိ
6️⃣ ပညာအရည်အချင်း
8️⃣ Phone No.
9️⃣ Email address
🔟 2 လက်မပတ်လည် DV လိုင်စင်ပုံတစ်ပုံ

စတာတွေကို

📩 မင်မင်တို့ Akayi DV Service page chat box နှင့်

📞 09 975 257 416 Viber/ Telegram တို့မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်။

ကြိုတင်စာရင်းပေးထားမယ်ဆို DV ကာလမှာ သူများထက်ပိုပြီး Confirmation No. & SS ကို စောစောရမှာ ဖြစ်ပါတယ်နော် 🥰

အသေးစိတ်သိလိုသမျှကို comment ကနေမေးခဲ့လို့ ရပါတယ်ရှင့် 💗

DV ဖောင်စလျှောက်ချိန် Passport မလိုအပ်ပါ သို့ပေမဲ့ DV ပေါက်ခဲ့ရင် မဖြစ်မနေ Passport လိုအပ်ပါမယ်ရှင့်PassPort မရှိသေးရင် ...
09/09/2023

DV ဖောင်စလျှောက်ချိန် Passport မလိုအပ်ပါ သို့ပေမဲ့ DV ပေါက်ခဲ့ရင် မဖြစ်မနေ Passport လိုအပ်ပါမယ်ရှင့်

PassPort မရှိသေးရင် ခုတည်းက QR လျှောက်ပီး Passport ရက်ချိန်း ယူထားပါနော် QR လျှောက်တာသည် ၅လကြာပါတယ်။

DV ပေါက်ခဲ့ရင် PassPort မရှိထားရင် အချိန်မမှီပါနော် အမြန်တွေ လုပ်နေရပါမယ် ငွေကုန်ကြေးကျ ၁၀သိန်းလောက် ကုန်ကျနိုင်ပါတယ်။

ကိုယ်တိုင် လျှောက်တက်ရင် QR ကြိုလျှောက်ထားကြပါ။ မလျှောက်တက်ရင် မင်မင်တို့ ကိုယ်စား QR လျှောက်ပေးပါတယ်

Bank သွင်းငွေ-35000ks
ဝန်ဆောင်ခ -10000ks
total -45000ks

အမေရိကန်နိုင်ငံမှာ နေထိုင်လိုသူတိုင်းအတွက် 🇺🇸🇺🇸အမေရိကန်နိုင်ငံသားအဖြစ် အမြဲတမ်းနေထိုင်ခွင့် ရရှိမဲ့ကံထူးခွင့်ရှိတာ သိပြီ...
08/09/2023

အမေရိကန်နိုင်ငံမှာ နေထိုင်လိုသူတိုင်းအတွက် 🇺🇸🇺🇸

အမေရိကန်နိုင်ငံသားအဖြစ် အမြဲတမ်းနေထိုင်ခွင့် ရရှိမဲ့ကံထူးခွင့်ရှိတာ သိပြီးကြပြီလား ❓

💁🏻‍♀️ တစ်နှစ်မှာတစ်ခါပဲ ရရှိမဲ့ အခွင့်အရေးဖြစ်ပြီးတော့ ကမ္ဘာ့အကောင်းဆုံးနိုင်ငံကြီးမှာ အခြေချနေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်ရှင်။

💁🏻‍♀️ အဲ့ဒီကံထူးလက်မှတ်လေးကို DV Lottery လို့ခေါ်ပါတယ်…တော်တော်များများ သိပြီးသားလည်းဖြစ်မှာပါ။

📍DV lottery ပေါက်တဲ့သူဟာ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် Green card ကို ရရှိမှာပဲဖြစ်ပါတယ်ရှင့်။

📍DV lottery ကို တစ်နှစ်မှာတစ်ကြိမ်သာလျှင်
ကံစမ်းခွင့်ရှိပါတယ်။ လူတစ်ဦးလျှင် လက်မှတ်တစ်စောင်ကံစမ်းလို့ရပါတယ်။ ရက်အတိအကျ ကတော့ DV ကာလနီးချိန် အမေရိကန်အစိုးရဘက်မှ တရားဝင်ထုတ်ပြန်မှ သိရမှာပါရှင့်။

🇺🇸 အမေရိကန်အစိုးရဟာ DV lottery program မှတဆင့် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းရှိ ကံထူးသူ Winner အယောက် ငါးသောင်းကျော်ခန့်ကို အမေရိကန်မှာအမြဲတမ်းနေထိုင်ခွင့် Green card ကို ပေးအပ်လျက်ရှိပါတယ်။

🇺🇸 DV lottery ကံထူးသူ Winner ဟာ မိမိနှင့်အတူ မိသားစုကိုပါ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင် အခြေချခွင့်ကို ရရှိမှာပဲ ဖြစ်ပါတယ်။

💁🏻‍♀️ မင်မင်တို့ရဲ့ Admin ကိုယ်တိုင်က 2009 ခုနှစ် DV lottery winner တစ်ဦး ဖြစ်ဖူးခဲ့ပြီး အခုလက်ရှိအချိန်အထိ အမေရိကန်နိုင်ငံမှာ နေထိုင်နေပါတယ်ရှင့်။

🇺🇸 DV lottery winner ဖြစ်သူဟာ တရားဝင်နိုင်ငံသားအနေနဲ့ သွားတာမလို့ ဟိုရောက်ရင် အလုပ်အကိုင်အခွင့်အလမ်း အတွက်လည်း မခက်ခဲပါဘူးရှင်။

📍မြန်မာနိုင်ငံရှိ နှစ်စဉ် ကံစမ်းလျှောက်ထားသူတွေထဲက အရေအတွက် ရာဂဏန်းလောက်ဟာ Winner အနေနဲ့ Green card ကို ကံထူးစွာ ပိုင်ဆိုင်ခွင့်ရရှိနေကြပါတယ်ရှင်။

အာလုံးပဲ DV ထိုးဖို့ စိတ်ဝင်စားနေကြပြီလား 🥰

📌 DV ထိုးဖို့ စိတ်ချရတဲ့ Service ရှာနေရင်တော့ မင်မင်တို့ Akayi DV Service ရှိကြောင်း အသိပေးပါရစေ။

လျှောက်ထားချင်သူတိုင်းကို အစအဆုံးလုပ်ရမဲ့ Process တွေကို Guideline ပေးမဲ့အပြင် Form ကိုလည်း Admin ကိုယ်တိုင် US ကနေ တင်ပေးမှာပါ။

✈️🇺🇲 မနှစ်က မင်မင်တို့ Page ကနေ DV Lottery ကံစမ်းပြီး ထီပေါက်သွားသူတွေလည်း ရှိပါတယ်ရှင့်။

🇺🇸 2014 ခုနှစ်တည်းကနေ ဒီနေ့အထိနာမည်ပျက်မရှိအမေရိကန်၊မြန်မာ ရုံးခွဲများဖြင့် ခိုင်မာစွာ ရပ်တည်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်ရှင်။

ဒါကြောင့်မလို့ ယုံကြည်စိတ်ချစွာနဲ့ လက်တွဲနိုင်ပါတယ်။

💁🏻‍♀️ အသေးစိတ်သိလိုသမျှကိုလည်း comment မှာမေးခဲ့လို့ ပါတယ်နော်။

အားလုံးပဲ သာယာသောနေ့လေးပိုင်ဆိုင်နိုင်ဖို့ Akayi DV Service မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့် 🙏🏻

DV ပေါက်ပြီး အမေရိကန်ကို လာဖို့အတွက် ကုန်ကျစရိတ်ဘယ်လောက် ရှိမလဲ ???⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ အားလုံးပဲ မင်္ဂလာပါရှင် ✨...
05/09/2023

DV ပေါက်ပြီး အမေရိကန်ကို လာဖို့အတွက် ကုန်ကျစရိတ်ဘယ်လောက် ရှိမလဲ ???

⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩ ⏩

အားလုံးပဲ မင်္ဂလာပါရှင် ✨

ဒီနေ့မှာတော့ Admin က DV ကံစမ်းမည့်သူတိုင်း
သိထားသင့်တဲ့ တကယ်အရေးကြီး အကြောင်းအရာလေးကို အားလုံးသိရအောင် knowledge sharing လုပ်ပေးပါမယ်ရှင့်။

DV အကြောင်းကိုတော့ Admin တို့ အရင်ရက်က သေချာရှင်းပြပြီး ပိုစ့်တင်ပေးထားလို့ အားလုံးသိပြီး ဖြစ်မှာပါရှင်။
(DV ဆိုတာဘာလဲ မသိသေးရင် comment က link မှာ ဝင်ရောက်ဖတ်ရှူလို့ ရပါတယ်)

DV ဆိုတာ အမေရိကန်နိုင်ငံမှာ တရားဝင် အမြဲတမ်းနေထိုင်ခွင့် ရရှိဖို့ကို ကွန်ပြူတာစနစ်နဲ့ ရွေးချယ်မဲဖောက်ပေးတဲ့ program တစ်ခုပါ။

အမေရိကန်အစိုးရကိုယ်တိုင်က Immigration and Nationality Act အရတရားဝင်လုပ်ပေးတဲ့ program တခုဖြစ်ပါတယ်ရှင်။

အစိုးရဘက်က တရားဝင်နေထိုင်ခွင့်ကိုပဲ ပေးတာဖြစ်လို့ ကျန်တဲ့ကုန်ကျစရိတ်တွေတော့ DV ပေါက်သူတွေ ကိုယ်တိုင်က အကုန်ကျခံရမှာဖြစ်ပါတယ်။

Admin အခုတွက်ပြထားတဲ့ ကုန်ကျစရိတ်တွေက အကြမ်းဖျင်းတွက်ပြထားတာ ဖြစ်ပါတယ်ရှင်။ တစ်ဦးနဲ့တစ်ဦး ကုန်ကျစရိတ်က ကွာခြားနိုင်ပါတယ်ရှင့်။

DV ပေါက်သူတစ်ယောက်ဟာ ပထမဆုံးအနေနဲ့ medical exam လို့ခေါ်တဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူရပါတယ်။ ကိုယ့်မှာ ကူးစက်ရောဂါပိုးရှိ၊ မရှိ တခြားကျန်းမာရေးအခြေအနေတွေကအစ အကုန်စစ်ရတာပါ။

Medical exam ကုန်ကျစရိတ်က မိမိတို့ကိုယ်တိုင် ပေးရတာဖြစ်ပါတယ်။ ပျမ်းမျှ $250 ကနေ $300 ဝန်းကျင်လောက် ကုန်ကျပါမယ်ရှင်။

DV ပေါက်ပြီဆို ဗြုန်းခနဲတန်းပြီး visa မရပါဘူး။ Visa interview ဆိုတဲ့ အမေရိကန်သံရုံးက စီစဉ်တဲ့ interview ဖြေရပါသေးတယ်။ Interview ဟာ မခက်ခဲပါဘူး...အောင်မြင်ဖို့လွယ်ပါတယ်။ Admin တို့ဆီကတဆင့် DV လျှောက်သူတိုင်းကို interview အထိပါ ကူညီပေးမှာပါရှင်။

Visa interview အတွက်ကတော့ တစ်ယောက်ကို $160 ဝန်းကျင်ပါရှင်။

Interview အောင်ပြီဆိုရင်တော့ ဗီဇာရပါပြီ။ ဗီဇာရဖို့အတွက် ဗီဇာကြေးပေးဖို့လိုပါမယ်။ ဒါကတော့သာမန်ပါပဲ...Visa လုပ်မယ်ဆို သက်ဆိုင်ရာ သံရုံးကို ဗီဇာကြေး သွင်းပေးရပါတယ်။

ဗီဇာကြေးကတော့ ကွာခြားမှုလေးတွေရှိတက်လို့ သက်ဆိုင်ရာ သံရုံး website မှာ စုံစမ်းလို့ရပါတယ်ရှင်။

ဖော်ပြပါဈေးနှုန်းတွေက အမေရိကန် မသွားခင် မြန်မာမှာတင်ကုန်ကျမဲ့ ကုန်ကျစရိတ်အကြမ်းဖျင်းဖြစ်ပါတယ်ရှင်။

Admin အပေါ်မှာ ပြောခဲ့တဲ့ အဆင့်တွေအကုန် ပြီးသွားရင် အမေရိကန်သွားဖို့ လေယာဉ် လက်မှတ်ဝယ်ကြပါမယ်။

လေယာဉ်လက်မှတ်ကတော့ မြန်မာကနေ အမေရိကန် one way ticket ကို $900 ဝန်းကျင်ရှိပါတယ်။ လေယာဉ်လက်မှတ်ဈေးနှုန်းကလည်း ကွာခြားမှုရှိနိုင်ပါတယ်ရှင်။

လေယာဉ်လက်မှတ် အကုန်ပြင်ဆင်ပြီးသွားရင်တော့ အမေရိကန်ကို အေးအေးဆေးဆေး သွားလို့ရပါပြီ။ ဟိုရောက်ရင် ကိုယ်က တရားဝင်အမြဲတမ်း‌ နေထိုင်ခွင့်ဗီဇာနဲ့ လာတာဆိုတော့ အလုပ်အကိုင်လည်း ပေါပါတယ်။

ဒါပေမဲ့ အလုပ်ရှာနေတဲ့ ကာလအတွင်းမှာ ကုန်ကျမဲ့ နေစရိတ်၊စားစရိတ်နဲ့ သွားလာစရိတ်တွေတော့ ရှိထားဖို့ လိုပါမယ်ရှင်။

အမေရိကန်ရောက် မြန်မာလူမျိုးအများစုက အကြံပေးတာကတော့ အနည်းဆုံး 3/4လစာလောက် လက်ထဲရှိဖို့ လိုတယ်လို့ပြောပါတယ်။

အကယ်၍ ကိုယ့်မှာ အမေရိကန်နိုင်ငံရောက်နေတဲ့ အမျိုးတွေ၊ မောင်နှမတွေ၊ အသိတွေရှိလို့ သူတို့ကကူညီမယ်ဆို အခုဖော်ပြမဲ့စရိတ်တွေက တော်တော်များများ သက်သာမှာဖြစ်ပါတယ်ရှင်။

ဒီအတိုင်း ကိုယ့်ဘာသာရပ်တည်မယ်ဆို‌ရင် ကုန်ကျနိုင်တာလေးတွေကို တွက်ပြပေးပါမယ်နော်။

ပထမဆုံး အတွက် နေစရိတ်ပါ။ ဟိုကိုရောက်ရင် နေဖို့အတွက် အရင်ဆုံးကြိုးပမ်းသင့်ပါတယ်။ အမေရိကန်မှာက အိမ်ငှားဝန်ဆောင်မှုတွေလည်းပေါလို့ အဆင်ပြေရာနဲ့ ချိတ်ဆက်ပြီး နေစရာအငှားရှာလို့ ရပါတယ်။ ပျမ်းမျှ တစ်လကို အိမ်ငှားက $800 ဝန်းကျင်ရှိပါမယ်ရှင်။

စားစရိတ်ကတော့ ကိုယ်စားရင် စားသလောက်ကုန်တက်တာမလို့ ကိုယ့်မှာရှိတဲ့ budget နဲ့ချိန်ပြီး စားစရိတ်ကို သုံးသင့်ပါတယ်။ ပျမ်းမျှ $200 ကနေ $300 လောက်ဆို လုံလောက်ပါတယ်ရှင်။

နောက်ပြီး သွားလာစရိတ်ပါ။ အလုပ်ရှာပြီဆို ကိုယ်က နေရာအနှံ့သွားနေရမှာမလို့ bus ကားခ၊ မီးရထားခ၊ taxi ခတွေ ကုန်ပါမယ်ရှင်။ အကြမ်းဖျင်း $100_150 လောက် လိုအပ်ပါမယ်ရှင်။

ဒါဆို DV ပေါက်ပြီးရင် မြန်မာကနေ အမေရိကန်ထိ ကုန်ကျစရိတ်တွေကို အကြမ်းဖျင်းတွက်ပြပါမယ်ရှင်။

1. Medical exam = $250 _ $300
2. Interview ကြေး = $160
3. Visa ကြေး = $300_$350
4. Air ticket. = $900
5. နေစရိတ် 3 လစာ = $800 × 3
6. စားစရိတ် 3 လစာ = ($200_$300) × 3
7. သွားလာစရိတ် 3 လစာ = ($100_$150) × 3

အားလုံးစုစုပေါင်း အနည်းဆုံး $4910 ကနေ $5460 ကုန်ပါမယ်။

ဖော်ပြပါ ကုန်ကျစရိတ်တွေက အကြမ်းဖျင်းတွက်ပြထားတာ ဖြစ်ပါတယ်ရှင်။

ကိုယ့်လက်ထဲမှာ အပြည့်ပါသွားရင်တော့ ဟိုမှာအေးအေးဆေးဆေး နေလို့ရတာပေါ့နော်။ Admin က အားလုံးအဆင်ပြေအောင် တွက်ပြပေးတာ ဖြစ်ပါတယ်ရှင်။

အားလုံးပဲ ကိစ္စအားလုံးကို အဆင်ပြေချောမွေ့ကြပါစေလို့ Admin တို့ Akayi USA Products မိသားစုမှ ဆုမွန်ကောင်း ပို့သပေးလိုက်ပါတယ်ရှင်။

05/09/2023

2025 DV တင်ဖို့ Reday ပဲလာ အမျိုးတို့....

Akayi မှာ DVအပ်မယ်ဆို အချက်အလက်နဲ့ ပုံတွေသေချာစစ်ဆေးပီမှ DV ဖောင်တင်ပေးပါတယ် 😊

29/08/2023

DV အချက်အလတ် မှန်မှန်ကန်ကန် နဲ့သေချာ တင်ပေးနေပါတယ်ရှင်

ကိုယ်တိုင် မတင်တက်ရင် တင်ဖို့အဆင်မပြေရင် Akayi DV Service ကိုသတိရလိုက်ပါရှင်

ပယ်မဲမဖြစ်သွားဖို့ တာဝန်ယူပါတယ် 🗽🗽

DV တင်ရန် ဓာတ်ပုံဘယ်လိုရိုက်ကြမလဲ ❓❓❓DV တင်မယ်ဆို မိမိရဲ့ ဓာတ်ပုံဟာလည်း အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်လို့နေပါတယ်။ဓာတ်ပုံန...
25/08/2023

DV တင်ရန် ဓာတ်ပုံဘယ်လိုရိုက်ကြမလဲ ❓❓❓

DV တင်မယ်ဆို မိမိရဲ့ ဓာတ်ပုံဟာလည်း အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်လို့နေပါတယ်။

ဓာတ်ပုံနည်းစနစ်မမှန်လို့ အပယ်ခံရတဲ့ DV Form တွေလည်း တစ်နှစ်တစ်နှစ်ကို အများကြီးပါပဲ…အရမ်းနှမြောဖို့ ကောင်းပါတယ်ရှင် 😢

ဒါကြောင့်ဒီနေ့မှာ ကိုယ့်ပုံကို DV စံနှုန်းနဲ့ကိုက်ညီအောင် ဘယ်လိုရိုက်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်နော်။

1. DV Photo size ဟာ 2 လက်မ ပတ်လည်ဖြစ်ရပါမယ်။
(အလျား 2” * အနံ 2”)

2. DV အတွက် ပုံရိုက်မယ်ဆိုရင် နောက်ခံ background ဟာ အဖြူရောင်ဖြစ်ရပါမယ်။ တခြားအရောင်များ လုံးဝမရပါဘူး။

3. အလှမျက်မှန်ဖြစ်စေ၊ ပါဝါမျက်မှန်ဖြစ်စေ ပုံထဲမှာ
လုံးဝ မျက်မှန်တပ်ရိုက်လို့မရပါဘူး။ မျက်မှန်တပ်နေကြသူတွေ ဂရုစိုက်ရမဲ့ အချက်ဖြစ်ပါတယ်နော်။

4. ဦးထုပ်ဆောင်းထားတာမျိုးလည်း လုံးဝမရပါဘူး။ No Fashion Headwear လို့တားမြစ်ထားတာ ဖြစ်လို့ အလှဆောင်းတာမျိုးတွေ မရပါဘူးရှင့်။

ချွင်းချက်အနေဖြင့် ဘာသာရေးနဲ့ဆိုင်တဲ့ ခေါင်းဆောင်းများ၊ ခြုံပုဝါများဝတ်ဆင်ပြီးတော့ ရိုက်လို့ရပါတယ်ရှင့်။

5. ဓာတ်ပုံရိုက်တဲ့အခါမှာ လူအနေအထားက အလယ်တည့်တည့်မှာ ဖြစ်နေရပါမယ်။ မျက်နှာကို ဆံပင်ဖုံးနေခြင်း၊ အရိပ်ကျနေခြင်းနဲ့ နောက်ခံမှာ လူအရ်ိပ်ထင်နေတာမျိုး လုံးဝမရပါဘူး။

6. ဓာတ်ပုံထဲမှာ ပြုံးနေတာမျိုး မလုပ်ရပါ…မျက်နှာအနေအထား တည်တည်တံ့တံ့ပဲ ထားရပါမယ်ရှင့်။

ဒီအချက်ကတော့ မင်မင်တို့လို ဓာတ်ပုံရိုက်ရင် ever smile တွေအတွက် သတိထားစရာပါ 😁

7. ကိုယ့်မိသားစုပါ DV တွဲတင်မယ်ဆို ကလေးများအတွက် ပုံရိုက်လျှင်လည်း အထက်ပါအတိုင်း နည်းစနစ်မှန်ကန်စွာ ရိုက်ရပါမယ်ရှင့်။ ကလေးဆိုပြီး စည်းကမ်းအတိုင်း အညီမရိုက်လို့ မရပါဘူးနော်။

🇺🇸 အထက်ပါအချက်တွေအတိုင်း ကိုက်ညီအောင်ရိုက်မယ်ဆို DV စံနှုန်းနဲ့ညီတဲ့ ဓာတ်ပုံကိုရရှိမှာ ဖြစ်ပါတယ်။

🥰 မင်မင်တို့ Akayi DV Service ကနေ Form တင်မဲ့ သူတွေကတော့ လုံးဝစိတ်ပူစရာမလိုပါဘူးရှင့်။

ဓာတ်ပုံအစ Form တင်တာအဆုံး မင်မင်တို့ကပဲ တာဝန်ယူပေးမှာဖြစ်လို့ DV ပေါက်တဲ့သတင်းကို အေးအေးဆေးဆေး မျှော်နေရုံပါပဲရှင့် 💕

✍🏻 Akayi DV Service ကနေ Form တင်ချင်တယ်ဆို

09 975 257 416 ကို ဆက်သွယ်လို့ရပါတယ် 📞

🇺🇸❤️ DV တင်ဖို့အတွက် မင်မင်တို့ဆီ အခုကတည်းက အချက်အလက်တွေ ကြိုတင်ပို့ထားနိုင်ပါပြီရှင့်။

👇🏻 အောက်မှာ DV Photo ရိုက်နည်းတွေကို မြန်မာလိုရော English လိုပါ တင်ပေးထားပါတယ်နော်။

မူရင်းပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါတယ်ရှင့် 🙏🏻

တခြားသိချင်တာရှိရင်လည်း Comment ကနေတဆင့် မေးမြန်းနိုင်ပါတယ်။

ဒီနေ့က DV ထီကံစမ်းဖို့ အကောင်းဆုံးနေ့လေးပါ 🥰👨‍👩‍👧‍👧 မိသားစုလိုက် အမေရိကန်နိုင်ငံမှာ စရိတ်စကအသက်သာဆုံးဖြင့် ပြောင်းရွှေ့န...
25/08/2023

ဒီနေ့က DV ထီကံစမ်းဖို့ အကောင်းဆုံးနေ့လေးပါ 🥰

👨‍👩‍👧‍👧 မိသားစုလိုက် အမေရိကန်နိုင်ငံမှာ စရိတ်စကအသက်သာဆုံးဖြင့် ပြောင်းရွှေ့နေထိုင်လိုပါသလား။

💁🏻‍♀️ Single များအနေဖြင့် အမေရိကန်နိုင်ငံမှာ နိုင်ငံသားခံယူပြီး ကျောင်းဆက်တက်ချင်လား၊ အလုပ်လုပ်ကြမလား။

Client အားလုံးရဲ့ ရည်ရွယ်ချက်တွေ ပြည့်ဝဖို့ Akayi DV Service ရှိနေပါပြီရှင် 🇺🇸❤️

မင်မင်တို့ရဲ့ တာဝန်ယူမှုအပြည့်အဝရှိပြီး စနစ်ကျတဲ့ Akayi DV Service နဲ့အတူ Client တို့ရဲ့ကံကောင်းခြင်းတွေ ပေါင်းစပ်ပြီး အမေရိကန်မှာ အခြေချကြစို့နော်။

🇺🇸 DV ဟာ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ကို ရရှိမဲ့အခွင့်အရေးဖြစ်ပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ ကံစမ်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

Akayi DV Service မှာ DV Form Singleတစ်စောင်လျှင် Married တစ်စောင် 10000ks
ဖြင့် ဝန်ဆောင်မှုပေးနေပြီဖြစ်ပါတယ်ရှင်။

✍🏻 အတွေ့အကြုံရှိ တာဝန်ခံများကိုယ်တိုင် နည်းစနစ်ကျသော စစ်ဆေးပေးမှုများနှင့်အတူ

✍🏻 Winner ဖြစ်ချိန်အထိ တာဝန်ယူပေးမည့် Service ဖြစ်ပါတယ်ရှင့်။

Form များကိုလည်း အမေရိကန်နိုင်ငံကနေ တင်ပေးမှာဖြစ်ပါတယ်နော် 🇺🇸😎

💁🏻‍♀️ DV ဘယ်လိုထိုးရမလဲ၊ မိသားစုအရေအတွက်နဲ့ Form ဘယ်နှစ်ခုပြင်ဆင်ရမလဲဆိုတာကို မသိသူများအတွက်အနေနဲ့လည်း…

🇺🇸💯 DV2009 Winner မင်မင်တို့ဆီ အသေးစိတ်ပြောပြပြီး ဆွေးနွေး အကြံယူလို့ရပါတယ်ရှင့်။

Service fees သက်သာပြီး တာဝန်ယူမှုအပြည့်အရှိတဲ့ Akayi DV Service မှာ DV ကံစမ်းချင်သူများအတွက်…

Phone no. 09 975 257 416

Viber Link 📌
https://invite.viber.com/?g2=AQBBPl0uuKiSpE%2FQLSrrTkvIHQWLFCg8ejrBaJJBPI7YOrHIf3SoFhPpT81wxN5s

Telegram Link 📌

Telegram link
https://t.me/akayiusaproducts တို့နှင့်

Akayi USA Akayi USA Products page chat box တို့မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့်။

😍🙏🏻 DV ထိုးသူတိုင်း Winner ဖြစ်စေဖို့ မင်မင်ကလည်း ဆုတောင်းပေးလိုက်ပါတယ်နော်။

Akayi DV Service မှ ချစ်ရတဲ့ Client များရှင့် 🥰အခုမှ Form စတင်မဲ့သူတွေလည်း ဖတ်ပေးကြပါဦးနော်။📌 DV Form တင်ချိန်မှာ မူရင်း...
25/08/2023

Akayi DV Service မှ ချစ်ရတဲ့ Client များရှင့် 🥰

အခုမှ Form စတင်မဲ့သူတွေလည်း ဖတ်ပေးကြပါဦးနော်။

📌 DV Form တင်ချိန်မှာ မူရင်းစာရွက်စာတန်းဘာတစ်ခုမှ မလိုအပ်ပေးပါဘူးရှင့်။ မင်မင်တို့ ဖြည့်ခိုင်းတဲ့ အချက်အလက်တွေကိုပဲ မှန်ကန်တိကျစွာ ဖြည့်ပေးရန် လိုအပ်ပါတယ်ရှင်။

📌 Client တို့ Form တင်တဲ့အခါ မရှင်းတဲ့အချက်အလက်တွေ မင်မင်တို့က ပြန်မေးရင် စိတ်ရှည်စွာဖြေကြားပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

DV service အပ်မယ်ဆို service တာဝန်ခံနဲ့ Client က အချိတ်အဆက်မိမှ အမှားကင်းပြီး အချိန်ကုန်သက်သာမှာ ဖြစ်ပါတယ်ရှင်။

📌 DV2024 ကာလက Form တင်ဖို့ အချိန်တစ်လကျော် ရပါတယ်ရှင့်။ Oct 5th ကနေ Nov 8th အတွင်း မည်သည့် အချိန်နာရီမဆို အကန့်အသတ်မရှိ တင်လို့ရပါတယ်။

အခုရက်တွေက အစပိုင်းရက်ဖြစ်လို့ တစ်ကမ္ဘာလုံးကနေအပြည့်အသိပ် Form တင်ကြတဲ့အခါ Server down တာမျိုးတွေ ဖြစ်တက်ပါတယ်ရှင့်။

မင်မင်တို့က ဒီလိုရက်တွေမှာ Form တင်ပေးပါတယ် ဒါပေမဲ့ အများကြီးတင်မပေးပါဘူးရှင့်။ ဘာလို့ဆို ခုနကလို server down ချိန်နဲ့ကြုံပြီး client’s DV form error ဖြစ်မှာ စိုးရိမ်လို့ပါ။

ဒါကြောင့် Form တင်ဖို့ကို အရမ်းစိတ်မလောကြပါနဲ့ရှင့်။ မင်မင်တို့က Form တွေစစ်ပြီး ok တယ်ပြောရင် စိတ်အေးထားလို့ ရပါပြီနော် 🥰

📌 နောက်ပြီး မင်မင်တို့က Form တွေကို နံပါတ်စဉ်အလိုက် အလှည့်ကျတင်ပေးပါတယ်ရှင့်။ Form တင်ပြီး success ဖြစ်တာနဲ့ Successful Screenshot & Confirmation No. ကို client တို့ဆီ ချက်ချင်း ပို့ပေးမှာ ဖြစ်ပါတယ်ရှင့်။

အဓိကက မင်မင်တို့ အချက်အလက်တွေ မေးတဲ့အခါ မှန်ကန်တိကျစွာ သေချာဖြေပေးဖို့ရယ်၊ DV photo ကို သေချာပြင်ဆင်ပေးဖို့ရယ်ပါ။

📌 Photo & အချက်အလက်အပြည့်အစုံမပို့သူများကို မင်မင်တို့ Form တင်ပေးလို့မရပါဘူးနော်။

💁🏻‍♀️ Photo ပေးဖို့ကျန်သူတွေလည်း အမြန်ဆုံးပြင်ဆင်ပေးဖို့ မင်မင်ဒီကနေပဲ အသိပေးလိုက်ပါတယ်ရှင့်။

🇺🇸 Akayi DV Service နဲ့ လက်တွဲပြီး အားလုံးတူတူ အမေရိကန်ကို သွားကြမယ်နော် ✈️

Akayi DV Service 🇺🇸
📞 09 975 257 416 (Viber&Telegram)

ကာကာတို့ရေ 𝗔𝗸𝗮𝘆𝗶  မှာ 𝗦𝗲𝗿𝘃𝗶𝗰𝗲 အစုံရတာ သိပြီးကြပြီလား 😎❓💁🏻‍♀️ ဘယ်လို 𝘀𝗲𝗿𝘃𝗶𝗰𝗲 တွေလဲဆိုတာ မင်မင်နဲ့အတူ တစ်ချက်လောက် ကြည့်လိ...
25/08/2023

ကာကာတို့ရေ 𝗔𝗸𝗮𝘆𝗶 မှာ 𝗦𝗲𝗿𝘃𝗶𝗰𝗲 အစုံရတာ သိပြီးကြပြီလား 😎❓

💁🏻‍♀️ ဘယ်လို 𝘀𝗲𝗿𝘃𝗶𝗰𝗲 တွေလဲဆိုတာ မင်မင်နဲ့အတူ တစ်ချက်လောက် ကြည့်လိုက်ကြရအောင်…

1️⃣ 𝗦𝘂𝗽𝗽𝗹𝗶𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 (𝗠𝘆𝗮𝗻𝗺𝗮𝗿/𝗨𝗦𝗔)

အမေရိကန် 𝘀𝗵𝗼𝗽𝗽𝗶𝗻𝗴 𝘄𝗲𝗯𝘀𝗶𝘁𝗲 အစုံကပစ္စည်းတွေကို အဝယ်တော်အနေဖြင့် မြန်မာပြည်အရောက် ဝယ်ပေးပါတယ်ရှင့်။

အမေရိကန်ကနေ မြန်မာကလိုချင်တဲ့ ပစ္စည်းတွေရှိရင်လည်း မင်မင်ဧကရီကတဆင့် ကြိုက်တာမှာလို့ ရပါတယ်နော် 🫶🏻

𝘀𝘂𝗽𝗽𝗹𝗶𝗲𝗿 𝗳𝗲𝗲𝘀 - 𝟳% + ပစ္စည်းတန်ဖိုး

2️⃣ 𝗖𝗮𝗿𝗴𝗼 𝗦𝗲𝗿𝘃𝗶𝗰𝗲 (𝗠𝘆𝗮𝗻𝗺𝗮𝗿/𝗨𝗦𝗔)

အမေရိကန်မြန်မာ နှစ်နိုင်ငံ ပစ္စည်းအသယ်အပို့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးပါတယ်ရှင့်။

တစ်ပတ်တစ်ခါ ကြာသပတေးနေ့တိုင်း မြန်မာကနေ 𝗮𝗶𝗿 𝗰𝗮𝗿𝗴𝗼 ပုံမှန်ထွက်ပါတယ်ရှင့် ✈️

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝘁𝗼 𝗨𝗦𝗔 𝟭𝗟𝗕 - 𝟴.𝟱$

🥰 𝗦𝘂𝗽𝗽𝗹𝗶𝗲𝗿 + 𝗔𝗶𝗿 𝗰𝗮𝗿𝗴𝗼 လုပ်ငန်းဖြစ်လို့ အမေရိကန်ကနေ ပစ္စည်းဝယ်/ရောင်းလုပ်သူတွေ မင်မင်တို့နဲ့ လက်တွဲမယ်ဆို လုံးဝအဆင်ပြေစေဖို့ အာမခံပါတယ်။

3️⃣ 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲

အမေရိကန်ကျောင်း၊ တက္ကသိုလ်များကို မြန်မာကနေ ငွေသွင်းလိုသူများ…

အမေရိကန်ကငွေလွှဲကို မြန်မာကနေထုတ်လိုသူများအတွက် အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်ရှင့်။

ပေါက်စျေးအတိုင်း တိကျစွာတွက်ပေးပြီး ငွေလွှဲခလည်း သက်သာပါတယ်နော် 🥰

4️⃣ 𝗗𝗩 𝗦𝗲𝗿𝘃𝗶𝗰𝗲

𝗗𝗩 အတွက်ဆို 𝗔𝗸𝗮𝘆𝗶 ကိုပဲ အားကိုးလိုက်ပါနော် ❤️

𝗗𝗩 က တစ်နှစ်မှာတစ်ကြိမ်သာ ကံစမ်းရတာဖြစ်လို့ သူ့ကာလရောက်ရင် မင်မင်ပေ့ချ်မှာ အမြဲတင်ပေးနေပါတယ်။

မင်မင်တို့ဆီကနေ 𝗗𝗩 ပေါက်သွားသူအားလုံးအတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်ရှင့် 💖

ဒီနှစ်အတွက်လည်း အတူတူစောင့်မျှော်ကြမယ်နော် 😇

အထက်ပါ 𝘀𝗲𝗿𝘃𝗶𝗰𝗲 အားလုံးကို မင်မင်တို့က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။

💁🏻‍♀️ 𝗔𝗸𝗮𝘆𝗶 𝗨𝗦𝗔 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 ဟာ 𝟵 နှစ်နီးပါးသက်တမ်းရှိပြီဖြစ်ပြီး…မြန်မာရုံး၊ အမေရိကန်ရုံးအထိုင်များဖြင့် ခိုင်မာစွာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်ရှင်။

𝗥𝗶𝗴𝗵𝘁 𝗽𝗲𝗿𝘀𝗼𝗻 မရှာနဲ့ပင်ပန်းတယ်…မင်မင်တို့ရဲ့ 𝗿𝗶𝗴𝗵𝘁 𝘀𝗲𝗿𝘃𝗶𝗰𝗲 ဆီပဲလာခဲ့နော် အိုကေမှာစိုပြေစေရမယ် 😎

𝗠𝘆𝗮𝗻𝗺𝗮𝗿 - 𝗡𝗼.𝟰𝟭𝟳 , 𝗭𝗮𝘆𝘆 𝗦𝘁. 𝗕𝗮𝗺𝗮𝗿𝗮𝘆𝗲 𝗤𝘂𝗮𝗿𝘁𝗲𝗿, 𝗗𝗮𝘄 𝗣𝗼𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.

📞 𝟬𝟵 𝟵𝟳𝟱 𝟮𝟱𝟳 𝟰𝟭𝟲

𝗨𝗦𝗔 - 𝟭𝟬𝟮𝟲 𝗟𝗮𝗿𝗰𝗵 𝗦𝘁. 𝗔𝗽𝘁 𝟭𝟬, 𝗜𝗻𝗴𝗲𝗹𝘄𝗼𝗼𝗱 𝗖𝗔 𝟵𝟬𝟯𝟬𝟭.

Address

Yangon

Telephone

+959975257416

Website

Alerts

Be the first to know and let us send you an email when Akayi DV Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Akayi DV Service:

Videos

Share


Other Yangon travel agencies

Show All

You may also like