09/01/2022
One of my hobbies
ချံပီယံမှာ ရက်ကက်၀ယ်ချင်လို့ ...
Yonex ကောင်းလား/ Li Ning ကောင်းလား/ Victor ကောင်းလား ? ဆိုတဲ့မေးခွန်းမကြာခနမေးတတ်ကြလို့ ရယ်စရာတစ်၀က် အမှန်တစ်၀က်ပြန်ဖြေရရင် .. စျေးကြီးတာ ပိုကောင်းပါတယ် ..လို့။
အမှန်တစ်၀က်တော့ပါပါတယ် .. ကျန်တဲ့အမှန်တစ်၀က်ကိုဆက်ဖြေပေးပါမယ် ....
ရက်ကက်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတွေက ကစားသမားတွေရဲ့ ကစားတဲ့စရိုက်၊ ဟန် နဲ့ အားသာချက်တွေအရ လိုက်ဖက်တာကိုရွေး ချယ်ကိုင်နိုင်အောင် နည်းပညာအမျိုးမျိးနဲ့ခွဲခြားထုတ်လုပ်ပေး ထားကြပါတယ်။ အပျော်ကစားသမားတွေအတွက်တော့ ရက်ကက်တွေကသိပ်မထူး ခြားတတ်ပါဘူး။ ကစားသက်နုသေးတဲ့
သူတွေမှာ ကိုယ်ပိုင်ဟန်တို့ကိုယ်အားသာတဲ့ကစားနည်းတို့တွေ အသားမသေသေး၊ အ ထာမကျသေးပါဘူး။ ကစားသက်နဲနဲရင့်လာတဲ့အခါမှာ ကိုယ်ပိုင် ဟန်လေးတွေရှိလာတာ သတိထားမိလာတတ်ပါတယ်။ ဒီအခါမှာ ကိုယ့်နဲ့ ကိုက်ညီမှု့ရှိမဲ့ ရက်ကက်တွေ ကြိုးတွေ ကြက်တောင်တွေ အစရှိသည်ဖြင့်ရွေးချယ်သုံးလာတဲ့အခါ ကစားရ
တာကောင်းလာပါလိမ့်မယ်။
ရက်ကက်တွေအားလုံးကတော့သူ့ဟာနဲ့သူကောင်းပါတယ်။
အဓိက အနေနဲ့တော့ .. shaft လို့ခေါ်တဲ့အလည်အူတိုင်ကို flex / medium / stiff / Extra Stiff စသည်ဖြင့်ခွဲခြားထုတ် လုပ်ပေးထားတတ်ပါတယ်။ flex ဆိုတာတော့ ညွှတ်အား အများဆုံးပါ။ ရိုက်လိုက်
တဲ့အခါ ကြက်တောင်နဲ့ ကြိုးရဲ့မျက်နှာပြင်ထိတဲ့အခိုက်အတန့် နဲနဲပိုကြာလို့ လက်က ရိုက်လိုက်တဲ့အားအပြည့်အ၀နီးပါး ကြက် တောင်ဆီကိုရောက်နိုင်ပါတယ်။ အားစိုက်သလောက်ကြက်တောင်ပြေးတယ်ဆိုတဲ့သဘောပါ။ သို့သော်လည်း ကြက်တောင်ကို ထိန်းနိုင်အားတော့ လျော့ပါတယ်။ စကစားတဲ့သူတွေအတွက် သင့်လျော်ပါတယ်။ ဒီသဘော အတိုင်းဘဲ medium ဆို နဲနဲပိုပြီးတောင့်တင်းသွားတဲ့အတွက် flex ထက် ရက်ကက်ညွှတ်အား နဲသွားပါတယ်။ ရိုက်
အားအပြည့် ကြက်တောင်ဆီကို မရောက်ပါဘူး၊ သို့သော် ကြက်တောင်ကိုထိန်းသိမ်းရတာတော့ပိုပြီး လွယ်လာပါတယ်။ ကစားသက်နဲနဲ ရပြီးသားသူတွေအတွက်သင့် လျော်ပါတယ် ၊ stiff ကညွှတ်အားသိပ်မ
ရှိလို့ ရိုက်ရတာမာမာတောင့်တောင့် ခံစားရပါမယ်။ အားနဲ့ရိုက်တတ်တဲ့သူတွေ မြန်မြန်ရိုက်ကစားတတ်သူတွေ အတွက်ပါ. experience ကစား သမားတွေအတွက်ပါ professional တွကတော့ stiff ဒါမှမ
ဟုတ် ပိုမာတဲ့ extra stiff shaft တွေနဲ့ ကစားပါတယ်. ပရိုတွေကတော့ရိုက်အား ပြင်းအောင် လက်ကောက်၀တ် ၊ လက်ဖျံ၊
လက်မောင်း ကြွက်သားတွေ အားကောင်းအောင် လေ့ကျင့်ထားကြလို stiff shaft တွေနဲ့ အင်အားပို သုံးပြီး ရိုက်ချက်ပြင်းအောင်ကစားနိုင်ကြပါတယ်။ သူတို့အတွက် အားကိုပိုသုံးရပေမဲ့ ထိန်းသိမ်းနိုင်စွမ်းကောင်းတဲ့အတွက် အကျိုး၂မျိုးစလုံးရရှိစေမှာဖြစ်ပါတယ်။
တချို့ကစားသမားကရက်ကက်ပေါ့တာကြိုက်တယ်၊ တချို့က လေးတာကြိုက်တတ်တယ် . ပေါ့ဖို့လေးဖို့ကတော့ လုပ်
ထားတဲ့ပစ္စည်းပေါ်မှာမူတည်ပါတယ် ။ တစ်ချို့လဲ တိုးတက်လာတဲ့နည်းပညာတွေသုံးပြီး အချိုးအစား အမျိုးမျိုးနဲ့ရောစပ်ထုတ် လုပ်ပေးထားလို့ ကစားသူစိတ်ကြိုက်ရွေး ချယ်ခွင့်တွေများနေပါတယ်။ ရက်ကက်က လေးရင်ရိုက်အားကောင်းတယ်၊ ထိန်းအား လျော့တယ်။ ပေါ့ရင်ရိုက်အားမကောင်းဘူး။ ထိန်းအားကောင်းတယ်။ ရက်ကက်ရဲ့ယေဘုယျသဘောတရားပါ၊ သို့သော် ကိုယ်လိုတဲ့ ရိုက်အား ထိန်းအားရအောင် ညှိယူ
လို့ ရနိုင်ဖို့ သုံးတဲ့ ကြိုး အမျိုးမျိုးလည်းရှိပါတယ်။ ကြိုးတင်းအားများရင်ကြက် တောင် ကိုကန်အားမြင့်တယ်။ ကြိုးမျက်နှာ ပြင်နဲ့ကြက်တောင်ထိတဲ့အခိုက်အတန့် တို တောင်းလို့ ရိုက်အားလျော့တယ်။ သို့သော်ကြက်တောင်ကို ထိန်းအားကောင်းတယ်။
ကြိုးမှာလဲ တိုက်တေးနီးယံ အရည်နဲ့သုတ် လိမ်းထား (coating )ကြိုးတွေက ပြိုင်ပွဲတွေမှာကြားရတတ်တဲ့ ရက်ကက်နဲ့ ကြက် တောင် နဲ့ထိတဲ့အသံရွှင်ရွှင်လေးနဲ့ကျယ်ကျယ် ကြားရတတ်ပါတယ်။ ကြိုးမှာလဲ အမာ အပျော့ အမျိုးမျိုးအစားစား တီထွင် ထုတ်လုပ်ပေးထားပြီးးတော့ ကိုယ်လက် တွေ့ တဲ့ရက်ကက်နဲ့ လိုက်ဖက်မဲ့ကြိုးကိုရွေးချယ်ထိုးနိုင်ပါတယ်။ ရက်ကက်နဲ့ ကြိုးလိုက်ဖက်အောင်တွဲနိုင် ခြင်းကလည်းက စားသမား ကိုသူ့စိတ်ကြိုက်ကြက်တောင် ကိုတစ်ဖက် ကွင်းထဲသက်ရောက်နေနိုင်ပါလိမ့်မယ်။ တစ်ချို့ရက်ကက်တွေက ထိပ် လေးတာ၊ ထိပ်ပေါ့တာတွေလည်းရွေးနိုင်ပါသေးတယ်။ ထိပ်လေးရင် ကြက်တောင်ကိုရိုက်ချက်ပြင်းစေတယ်။ သို့သော်လေးနေလို့ လျှင် လျှင်မြန်မြန်တော့ လှုပ်ရှားတာခက်တတ်ပါတယ်။ နှစ်ယောက်တွဲ ကစားတဲ့သူတွေမှာနောက်ဖက်ကနေ ကစားတဲ့သူတွေအတွက် သင့်လျှော်ပါတယ်။ ရှေ့တန်း
ကကစားတဲ့သူတွေအတွက်ကတော့ပြင်း ထန်တဲ့ရိုက်ခုတ်အား သိပ်မလိုဘဲ လျှင်မြန်မှူ့နဲ့ ကြက်တောင်ကိုထိန်းပြီး ကစားကွက်ဖေါ်ရိုက် ကစားရတဲ့အတွက် ထိပ်ပေါ့တဲ့ရက်ကက်မျိုးက ပိုသင့်တော်ပါလိမ့်မယ်။ တစ်ယောက်ချင်း Single ကစားသမားအ တွက် ဆိုရင်လေးတဲ့ရက်ကက်နဲ့ သိပ်မသင့် တော်ပါဘူးတဲ့။ တစ်ကွင်းလုံး လှည့်ပါတ်ပြေးလွှားကစားရမှာဖြစ်လို့ ပေါ့တဲ့ရက် ကက်ကပြိုင်ပွဲရေရှည်မှာ ကစားသမားကိုသက်သာစေပါလိမ့်မယ်။များသောအားဖြင့် Single / double ကစားပွဲတွေအတွက် ရက်ကက်ပြောင်းကိုင် ကစားကြပါတယ်။ နောက်တချက်အရေးကြီးတာက ရက်ကက်ကြိုးထိုးတဲ့အခါ ရက်ကက်တမျိုးစီအ တွက် သတ်မှတ်ပေးထားတဲ့ကြိုးတင်းအား အတိုင်း အတတ်နိုင်ဆုံးတိကျအောင်ထိုးဖို့အရေးကြီးပါတယ်။ တင်းအား များလွန်းရင် ရက်ကက်မခံနိုင်ဘဲကျိုးတတ်ပါတယ်။ ကြိုးလဲ ခန ခန ပြတ်တတ်ပါတယ်။ ရိုက်ရတာလည်း လက်မတွေ့ဖြစ်တတ်ပါတယ်။
အသံကျယ် ကျယ်မာမာကြိုက်တဲ့သူတွေကတော့ ကြိုးကို ခွင့်ပြုထားတဲ့ တင်းအား အမြင့်ဆုံးရအောင်ထိုးတတ်ကြပါတယ်။ ရက်ကက်ကို လုပ်ထားတဲ့ပစ္စည်း၊ သုံးထားတဲ့နည်းစနစ် ( Technology) , Model တွေကို လိုက်လို့စျေးတွေလည်းအးမျိုးမျိုး
ကွဲသွားပါတယ်။
ခုနောက်ပိုင်းမှာ ရက်ကက်ကိုပြုလုပ်တဲ့ သတ္တုတွေကို အလွန်အဆင့် မြင့်စွာရောစပ်အသုံးပြုလာတာကြောင့် အလေးချိန်မတက်လာပဲ ပိုမို ခိုင်ခန့်လာတဲ့ရက်ကက်တွေထွက်ပေါ်လာပါပြီ။ အဆင့်မြင့်စျေးကြီး
တဲ့ ရက်ကက်တွေမှာ အာကာသယဉ်ကိုယ် ထည်တွေဆောက်လုပ်ရာမှာ သုံးတဲ့ အလွန်ခိုင်ခန့်သလောက်ပေါ့တဲ့သတ္တုအရောတွေကို သုံးစွဲလာ တာတွေ့ရပါတယ်။ ( Nanometric DR)။ Yonex ရက်ကက် တွေမှာ အလေးချိန်ကို U 3 /4/5 စသဖြင့်ဖေါ်ပြတတ်ပါတယ်။ Li Ning ရက် ကက်တွေမှာတော့ wt ဘယ်လောက်ဆိုဖေါ်ပြ
ထားတတ်ပါတယ်။ Li Ning Nano Power ရက်ကက်တွေမှာ ကြိုးတင်းအား ကို ၃၇ပေါင်လောက်အထိ ခံနိုင်တဲ့ဖရိမ်တွေစျေးကွက်မှာတွေ့လာရပါပြီ။ ဒါပေမဲ့ ၃၇ ပေါင်အထိ တင်းအောင်အဆွဲခံမဲ့ကြိုးတော့မတွေ့သေးပါ။ ဒါကြောင့် မိတ်ဆွေတွေကိုအမြဲရှင်းပြရပါတယ်။ ၃၇ပေါင်ကြိုးတင်း အားကို ခံနိုင်တယ်ဆိုတာ ဖရိန်ကိုပြောတာပါ။ ဒီရက်ကက်ကိုသုံးရင် ကြိုးကို ၃၇ပေါင် ထိုးရမယ်လို့ဆိုလိုတာမဟုတ်ပါလို့။ Yonex မှာတော့ ၂၈ ပေါင်၊ ၃၀ ပေါင်အထိထိုးခံနိုင်တဲ့ ဖရိန်တွေထုတ်လုပ်ပေးထားပါတယ်။
ဥပမာ i series ( 28 lb) Durable Grade ( DG) series (30lb).
နည်းစနစ်တွေအနေနဲ့ Yonex ရက်ကက်တွေမှာ Voltric system ဆိုရင် ဖရိန်ခေါင်းရဲ့ ၁၀နာရီ - ၂ နာရီ နဲ့ ၆ နာရီနေရာတွေမှာ ဝိတ်ကို မျှတအောင်အဆင့်မြင့်နည်းစနစ်နဲ့ချိန်ပေးထားလို့ အလွန်အား ကောင်းတဲ့ ရိုက်အားကိုရရှိနိင်တယ်လို့ဆိုပါတယ်။
Duora system မှာဆိုရင် လက်မှန်ရော လက်ပြန်ရောရိုက်အား၊တွန်း ကန်ခုခံအားကောင်းအောင် ဖရိန်တစ်ဖက်မှာ မြားခေါင်းလိုမျိုး aero frame နဲ့တစ်ဖက်မှာတော့လေးထောင့်စပ်စပ် box frame နည်းစနစ် သုံးပြီးလုပ်ပေးထားပါတယ်။ ( Voltric နဲ့ Duora နည်းစနစ်များအကြောင်းအကျယ်ကို သိပ်သပ်စီ ပို့စ်ခွဲပြီး တင်ပေးထားပါတယ် )။
Duora ကတော့ Yonex ရဲ့နောက်ဆုံးပေါ်နည်းစနစ်ဖြစ်ပြီး၊ Arc Saber နည်းစနစ်ကိုအစားထိုးတယ်လို့သိရပါတယ်။
Nanoray နည်းစနစ်မှာကျတော့ ဖရိန်ခေါင်းပိုင်းမှာ အနည်းငယ်ပါး အောင်လုပ်ပေးထားလို့လေထုခုခံအားလျောနည်းစေပြီး ရိုက်ချက်တွေ ရဲ့အမြန်နှုံးကိုမြင့်မားစေတယ်။ ဖရိမ်အောက်ပိုင်းတွေကျတော့ ခိုင် ခံအားအလွန်ကောင်းအောင်လုပ်ထားတာမို့ကြက်တောင်ထိလို့ ဖရိမ်ပေါ် မှာတုန်ခါမှု့ကိုစုတ်ယူနိုင်စွမ်းပြီး ကြက်တောင်ကို တန်ပြန်ပြေးနှုံးမြင့် တက်သွားစေပါတယ်။ ဒီအ ကျိုး ၂ခုကို လိုက်ဖက်အောင် ပြုပြင်တွဲ ဖက်ပေးထားတာကြောင့် ရိုက်ချက်တွေ
ပြင်းထန်သလောက် လျှင်မြန်စေ တဲ့အပြင် တန်ပြန်ရိုက်ချက်တွေမှာ သိပ်အားမစိုက် ထုတ်ဖို့မလိုပဲကြက် တောင်ပြေးစေတယ်. ကြက်တောင်အမြန်ရိုက်ကစားတတ်သူတွေ အတွက်အလွန်သင့် တော်ပါတယ်
အပျော် ကစားသမားတွေအတွက်ထုတ် လုပ်ထားတဲ့ရက်ကက်တွေကလည်း ခုနောက်ပိုင်း ထုတ်လုပ် ထားတာအရမ်းမညံ့ပါဘူး။ သင့်တင့်တဲ့ အရည်အသွေးရှိပါတယ်။ Medium range စျေးအသင့်အတင့်တန်းမှာ လည်းခုနောက်ပိုင်းရွေးစရာတွေ အတော်များပါတယ်။
ကစားသမားရဲ့လိုအပ်ချက်အတိုင်းအနီးစပ်ဆုံးရွေးချယ်လာနိုင်ပါပြီ။ ပရိုကစားသမားတွေအတွက်ကတော့ ကစားသမားတစ်ယောက်ချင်းစီနဲ့ ကိုက်ညီပြီးသူ့စိတ်ကြိုက်ဖြစ်အောင်၊ ထုတ်လုပ်သူတွေက အတိအ ကျ ထုတ်လုပ်ပေးထားပါတယ်။ ဥပမာ
Lee Chong Wai Collection တို့၊ Lin Dan Collection တို့လိုမျိုးတွေပါ။ စျေးလဲကြီးပါတယ်။ အရမ်းလဲကောင်း ကြပါတယ်။
ကစားသက်ရှိပြီး အကောင်းကြိုက်တတ်သူများ အတွက် ကတော့ လုံး၀စိတ်ကြိုက်ဖြစ်စေပါလိမ့်မယ်။
ကြိုးတွေအမျိုးမျိုးရဲ့အကြောင်းလည်းဆောင်းပါးလေးတပုဒ်တင်ထားတာရှိပါတယ်။ ဒီလောက်ဆိုရင် ဘယ်လိုရက်ကက်
မျိုးရွေးရင်ကောင်းမလဲ လို့စဉ်းစားနိုင်လောက်ပြီလို့ယူဆပါတယ်။
အဓိကကတော့ ဘယ်ရက် ကက်ကောင်းသလဲဆိုတာထက် ကိုယ့်ရဲ့ ကစားတဲ့ဟန်၊ ပုံစံနဲ့ကိုက်ညီမှု့ရှိတဲ့ရက်ကက်ကိုရွေးချယ် သင့်ပါတယ်။ Yonex ရဲ့ နည်းပညာတွေကအချိန်နဲ့အမျှပြောင်းလဲ တိုးတက်လာနေ ပါတယ်။ Isometric / Nanoray
/ Nanospeed / Muscle Power / Carbonex / ARCSABER
/ Voltric ( Tri-Voltage system) / Duora / Astrox/ Nanoflare ဆိုပြီးနည်းပညာ မျိုးစုံနဲ့ထုတ်လုပ်နေတာဖြစ်ပြီး အနာဂတ် ကာလမှာလည်း ဒီထက်တိုး တက် ပြောင်းလဲနေအုံးမှာ သေချာပါတယ်။ ထုတ်လုပ်တဲ့ပစ္စည်းအနေနဲ့ သစ်သားဖရိန်တွေကစလိုက်တာသံ၊သံမဏိ၊ နောက်ပိုင်းပေါ့ပါးခိုင်ခန့်တဲ့ အလူမီနီယံ၊ တိုင်တေးနီးယံ သတ္တု ကနေ ပိုမိုပေါ့ပါးတဲ့ ကာဘွန်ကိုပြောင်းသုံးလာကြပါတယ်။
ဒီနေ့ခေတ်မှာတော့ ကာဘွန်ကိုပဲ တီထွင် စမ်းသစ်မှု့အမျိုးမျိုးနဲ့ ပိုကောင်း ပိုခိုင်တဲ့ပစ္စည်းဖြစ်အောင်တခြားသတ္တုအမျိုးမျိုးနဲ့ပေါင်းစပ် ထုတ်လုပ်လာတာတွေ့လာရပါပြီ။
ထပ်သိချင်တာရှိရင်လဲ cb မှာဆက်သွယ် ပါခင်ဗျား။ ရက်ကက်အကြောင်းကျွမ်းတဲ့ သူငယ်ချင်းတွေလည်း လိုအပ်တာ အဆင် မပြေတာလေးတွေတွေ့ရင် ကွန်မင့်မှာဖြည့်
စွပ်ပေးပါအုံးလို့၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ပျော်ပျော်ပါးပါးကစားနိုင်ကြပါစေ