08/09/2023
Facebook ပေါ်မှာ ယမကာ Brand များ ကြော်ငြာမယ်ဆို
ယမကာ ကြော်ငြာများအတွက် Facebook မှာ ရည်ရွယ်ချက်တစ်ခုတည်းသာရှိပါတယ်။ အဲ့ဒါကတော့
Brand များ၊ ကြော်ငြာလုပ်ကိုင်သူများနဲ့ ဒီကြော်ငြာကိုတွေ့ရှိသူများ လုံခြုံမှုရှိစေရန်ပါပဲ။
ယမကာကြော်ငြာများကို လုပ်ဆောင်တဲ့အခါမှာ စားသုံးသူတွေအပေါ်အများကြီး အကျိုးသက်ရောက်မှုရှိတာကို Facebook က သိပါတယ်။ ဒီလိုအကျိုးအသက်ရောက်မှုကြောင့် အသက်မပြည့်သေးဘဲ အရက်သောက်ခြင်းကို ဖြစ်ပေါ်လာနိုင်တာကြောင့် နိုင်ငံအလိုက် Laws & Regulations ကိုလိုက်နာရပါတယ်။ ဒါကြောင့်ပဲ ယမကာကြော်ငြာတွေကို လုပ်ဆောင်မယ်ဆို Policies တွေ လိုက်နာဖို့အထူးလိုအပ်ပါတယ်။
ယမကာကြော်ငြာတွေ လုပ်တဲ့အခါ Reject မဖြစ်ဖို့အတွက်
- ထုတ်လုပ်တဲ့ နိုင်ငံရဲ့ ဥပဒေတွေ နဲ့
- ထုတ်လုပ်တဲ့ ကုန်ပစ္စည်းရဲ့ ကုတ်နံပတ်တွေ၊ လမ်းညွှန်ချက်တွေ၊ လိုင်စင်နဲ့ အစိုးရခွင့်ပြုမိန့်တွေကို တင်ပြဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ ယမကာ Brand ကို နိုင်ငံတကာထိ ထိုးဖောက်ချင်လို့ Facebook မှာ Promote လုပ်မယ်ဆို ဒီနိုင်ငံတွေကိုတော့ ရှောင်ကိုရှောင်ရပါမယ်။ သူတို့နိုင်ငံမှာ ယမကာကြော်ငြာတွေကို လုံးဝ ခွင့်မပြုတာကြောင့်ပါ..
- Afghanistan
- Egypt
- Libya
- Pakistan
- Turkey
- Brunei
- Gambia
- Lithuania
- Russia
- United Arab Emirates
- Bangladesh
- Norway
- Saudi Arabia
- Yemen တို့ပဲဖြစ်ပါတယ်
ကန့်သတ်နိုင်ငံတွေကို သိရမှာဖြစ်သလို Age Targeting ကိုလည်း မေ့ထားလို့မရပါဘူး။ဘယ်နိုင်ငံကိုပဲ ကိုယ့်ရဲ့ ကြော်ငြာတွေကိုပြပြ အနည်းဆုံး ၁၈ နှစ် အထက်ကိုပြသင့်ပါတယ်။ ဒါတောင် တချို့နိုင်ငံတွေရဲ့ ယမကာသောက်သုံးနိုင်တဲ့ အသက်ကန့်သတ်ချက်တွေက ၁၈ နှစ်ထက် မြင့်နေတာရှိပါသေးတယ်။
ဥပမာ - India
India နိုင်ငံမှာ ပြည်နယ်တစ်ခုနဲ့တစ်ခုဟာ ယမကာ သောက်သုံးနိုင်တဲ့ အသက်ကန့်သတ်ချက်မတူပါဘူး ။ တချို့ နေရာတွေမှာဆို ယမကာကြော်ငြာတွေကိုလုံးဝ (လုံးဝ) ကြော်ငြာခွင့်မရှိတာတောင်ရှိတော့ တော်တော်လေး သတိထားစရာပါပဲ။
နောက်ထပ် အသက် ၁၈ ကျော်မှ ယမကာ သောက်သုံးခွင့်ရတဲ့ နိုင်ငံတွေလည်းရှိနေပြန်ပါသေးတယ်
အသက် ၂၀ နှင့်အထက်
Japan, Iceland, Thailand and Paraguay
အသက် ၂၁ နှင့်အထက်
Cameroon, Micronesia, Palau, Solomon Islands, Sri Lanka and the US
အသက် ၁၉ နှင့်အထက်
Canada, Korea and Nicaragua
အသက် ၂၅ နှင့်အထက်
Sweden တို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေကို ကိုယ့်ရဲ့ Brand ကြော်ငြာမယ်ဆို အနည်းဆုံး Age Targeting အရွေးမှန်ဖို့ လိုကိုလိုပါတယ်။
Facebook က သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ Detail Targeting တွေလွဲမှားစွာရွေးထားပြီး Promote လုပ်မယ်ဆိုရင်တော့ Ads တွေ Reject ဖြစ်တာ၊ Account တွေ Terminate လုပ်ခံရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဟာ ယမကာ Brand တွေကို ကိုင်နေရသူဆိုရင်
- Advertising Policies တွေကို သေချာလေး လိုက်နာဖို့လိုပါတယ်။
- သက်ဆိုင်ရာ နိုင်ငံအလိုက် ချမှတ်ထားတဲ့ Alcohol Policies, Laws တွေနဲ့ အသက်အရွယ်အပိုင်းခြား ကန့်သတ်ချက်တွေကို သေသေချာချာလေး သိနေဖို့လိုပါတယ်။
- Policies တွေလိုက်နာမှုမရှိပဲ Promote လုပ်မယ်ဆိုရင်တေ့ာ Account တွေ Terminate လုပ်ခံရမှာပဲဖြစ်ပါတယ်။