Mine Tour

Mine Tour Mine Tour ( Travels & Tours Co.,Ltd )
(89)

🙏မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်ကို ကူးပြောင်းရောက်ရှိပြီဖြစ်တဲ့ နှစ်ဆန်း (၁)ရက်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားမိသားစုများအ...
16/04/2021

🙏မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်ကို ကူးပြောင်းရောက်ရှိပြီဖြစ်တဲ့ နှစ်ဆန်း (၁)ရက်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားမိသားစုများအားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ၊ ကြောင့်ကြခပ်သိမ်းကင်းငြိမ်းပါစေ၊

💦နှစ်သစ်ကူးအခါသမယကို စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းများနဲ့ မင်္ဂလာရှိစွာကူးပြောင်းရောက်ရှိပြီး စီးပွားလာဘ်လာဘများတိုးတက်ကြပါစေကြောင်း Mine Tour မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်
🙏🙏🙏

25/03/2021

Air KBZ မှ ရန်ကုန် - မန္တလေး - ဟဲဟိုးခရီးစဉ်ကို နေ့စဉ်ပျံသန်းပြေးဆွဲတော့မည်
====================================

Air KBZ သည် မြန်မာနိုင်ငံအတွင်း အဓိကနေရာဒေသနှစ်ခုကို ခရီးစဉ်တစ်ကြောင်းတည်းဖြင့် ရောက်ရှိနိုင်ရန် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှစတင်၍ ရန်ကုန်မှ ဟဲဟိုးသို့ မန္တလေးမှတဆင့် ပျံသန်းပေးတော့မည်ဖြစ်ပါသည်။ ခရီးသည်များအနေဖြင့် အရေးပါသည့်ပြည်တွင်းဆက်သွယ်မှုများ ပြေးဆွဲပေးနေသည့် Air KBZ ၏ နေ့စဉ်ခရီးစဉ်များဖြင့် အဆိုပါမြို့များသို့ လွယ်လင့်တကူသွားလာနိုင်ပြီဖြစ်ပါသည်။

သင့်ရဲ့ခရီးစဉ်ကို Air KBZ မှာ ယခုပဲ Booking တင် ဝယ်ယူလိုက်ပါ! လက်မှတ်များကို Air KBZ ၏ လက်မှတ်အရောင်းကိုယ်စားလှယ်များအပါအဝင် Direct Channels များအားလုံးတွင်သာမက ဖော်ပြပါလင့်များမှတဆင့်လည်း ကိုယ်တိုင်ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

Air KBZ Flies Yangon - Mandalay - Heho Daily
====================================

Air KBZ will connect Yangon and Heho via Mandalay effective 26 Mar 2021, introducing two essential destinations in Myanmar in one go! Guests can now travel to these cities conveniently with our daily flights, ensuring critical domestic connectivity.

Book your journey with us NOW! You can purchase your ticket across all channels, including at our selected Passenger Sales Agents (PSAs), and feel free to reach out to us via:

Visit our website: www.airkbz.com

Connect via K7 Chatbot:
https://m.facebook.com/K7chat

Download our mobile app:

Android:
https://play.google.com/store/apps/details?id=com.techfun.k78m

iOS:
https://apps.apple.com/sg/app/air-kbz-mai/id1463916652




ညအရေးကြီးရင် ဆက်သွယ်ရန် သံရုံးဖုန်းများ ➖➖➖➖➖➖➖➖➖➖➖➖➖➖US EMBASSY. 09517536509.England Embassy. 0951513459.India Embassy....
08/03/2021

ညအရေးကြီးရင် ဆက်သွယ်ရန်
သံရုံးဖုန်းများ
➖➖➖➖➖➖➖➖➖➖➖➖➖➖

US EMBASSY. 09517536509.

England Embassy. 0951513459.

India Embassy. 0951388412.

Turkey Embassy. 0951662992.

Denmark Embassy. 0951513627.

Italy Embassy. 0951527100

Thailand Embassy. 0951222784.

Korea Embassy. 01527142 /3 /4.

Japan Embassy. 09519549644.

👭International Women’s Dayအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ကမ္ဘာ့နယ်ပယ်အသီးသီးမှ အမျိုးသမီးများသာမက မြန်မာနိုင်ငံမှ...
08/03/2021

👭International Women’s Day
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင်
ကမ္ဘာ့နယ်ပယ်အသီးသီးမှ အမျိုးသမီးများသာမက မြန်မာနိုင်ငံမှ အမျိုးသမီးများ အနေနဲ့ ကဏ္ဍပေါင်းစုံကို ကိုယ်စားပြုလို့ အမျိုးသမီးစွမ်းရည်များကို ပြသနိုင်ခြင်းအတွက် "Mine Tour" မှ အလွန်လေးစားဂုဏ်ယူ၀မ်းမြောက်ရပါသည်။

👍ယခုနှစ်၏ ဆောင်ပုဒ်မှာ “လူသားအားလုံးတိုးတက်ဖို့၊ အမျိုးသမီးများစွမ်းရည်မြှင့်တင်လို့ပုံဖော်ကြပါစို့”ဖြစ်ပါသည်။

✅မိခင်တို့ကိုကိုယ်စားပြုရာ လွတ်လပ်မှုကိုမြတ်နိုးသောအမျိုးသမီးအားလုံးကို ကိုယ်စားပြုရာ ဒီနေ့မှာ လိုရာဆန္ဒများပြည့်၀ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်

ďťżďťż

ဗိုလ်ချုပ်မွေးနေ့ကဗျာ---------------ဖေဖော်ဝါရီ ( ၁၃ ) မှာဗိုလ်ချုပ်မွေးနေ့ပါ၁၉၁၅  ရှေ့နေဦးဖာသားဇာတိနတ်မောက် မကွေးခရိုင်သ...
13/02/2021

ဗိုလ်ချုပ်မွေးနေ့ကဗျာ
---------------
ဖေဖော်ဝါရီ ( ၁၃ ) မှာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား
၁၉၄၇ ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့သား
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။


Credit

05/02/2021
(4-2-2021)ရွှေစျေးနှုန်း၁၆ပဲရည်- 1,417,000၁၅ပဲရည်- 1,333,000ကမ္ဘာ့ရွှေ- 1824 (1 Oz)ဒေါ်လာ  1392  MMKမြန်မာနိုင်ငံတော်ဗဟိ...
04/02/2021

(4-2-2021)ရွှေစျေးနှုန်း
၁၆ပဲရည်- 1,417,000
၁၅ပဲရည်- 1,333,000
ကမ္ဘာ့ရွှေ- 1824 (1 Oz)
ဒေါ်လာ 1392 MMK

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Currency Exchange နှုန်းများ💸💸

🇺🇸 USD ဈေး ၁,၃၉၂.၃ ကျပ်
🇨🇳 CNY ဈေး ၂၁၅.၄၅ ကျပ်
🇹🇭 THB ဈေး ၄၆.၃၄၈ ကျပ်
🇮🇳 INR ဈေး ၁၉.၀၈၃ ကျပ်
🇸🇬 SGD ဈေး ၁,၀၄၄.၆ ကျပ်
🇯🇵 JPY ဈေး ၁,၃၂၅.၁ ကျပ်
🇦🇺 AUD ဈေး ၁,၀၆၀.၂ ကျပ်
🇲🇾 MYR ဈေး ၃၄၃.၈၆ ကျပ်
🇬🇧 GBP ဈေး ၁,၉၀၁.၁ ကျပ်
🇪🇺 EUR ဈေး ၁,၆၇၄.၂ ကျပ်
🇧🇩 BDT ဈေး ၁၆.၄၂၀ ကျပ်
🇧🇳 BND ဈေး ၁,၀၄၄.၆ ကျပ်
🇧🇷 BRL ဈေး ၂၅၉.၃၅ ကျပ်
🇨🇦 CAD ဈေး ၁,၀၈၉.၀ ကျပ်
🇨🇭 CHF ဈေး ၁,၅၄၉.၄ ကျပ်
🇨🇿 CZK ဈေး ၆၄.၅၇၂ ကျပ်
🇩🇰 DKK ဈေး ၂၂၅.၀၈ ကျပ်
🇪🇬 EGP ဈေး ၈၈.၅၁၂ ကျပ်
🇭🇰 HKD ဈေး ၁၇၉.၆၂ ကျပ်
🇮🇩 IDR ဈေး ၉.၉၄၁၀ ကျပ်

📌စိတ်ပြေလက်ပျောက် Day Tripလေး နဲ့ သာယာမယ်🚗Mine Tour နဲ့အတူ Day Trip လေးတွေသွားချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့နဲ့လည်းသိပ်မ...
31/01/2021

📌စိတ်ပြေလက်ပျောက် Day Tripလေး နဲ့ သာယာမယ်

🚗Mine Tour နဲ့အတူ Day Trip လေးတွေသွားချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့နဲ့လည်းသိပ်မဝေးတဲ့ မြေဧကထောင်ချီကျယ်၀န်းလှတဲ့ နေရာလေး ‌ဆီကိုလည်လည်သွားလို့ရပါတယ်နော်

🥗ခြံထဲမှာ သီးပင်စားပင်မျိုးစုံကို
စားသုံးလို့ရသလို အရိပ်အာဝါသ‌ကောင်းလို့
အေးအေးဆေးနားလို့လည်းကောင်း၊
လမ်းလျှောက်ဖို့လည်းကောင်းလှတဲ့
နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်

📸ရှုခင်းကောင်းကောင်းလေးတွေလည်းရှိလို့ ဓာတ်ပုံရိုက်ဖို့လည်းအဆင်ပြေပါတယ်

🕺💃Pre Wedding Photoတွေရိုက်ချင်သူတွေအတွက် ပြင်ဦးလွင် ၊ကလောသွားနေသလို နောက်ခံရှုခင်းတွေနဲ့သာယာလှပနေမှာပါနော်

👨‍💼Meetingလုပ်ချင်သူတွေအတွက်လည်း စိတ်ချမ်းမြေ့စရာတွေ့ဆုံပွဲလေးတွေလုပ်လို့ရပါတယ်

🚴ဆိုင်ကယ်၊စက်ဘီးစီးမလား၊ငါးမျှားမလား၊ လှေလှော်မလား၊ သီချင်းတွေစုဆိုကြမလား အားလုံးအိုကေပဲနော်

💁ကဲ သွားဖို့လူစုလိုက်တော့နော်

🧺မိသားစု ချစ်သူခင်သူ သူငယ်ချင်းတွေနဲ့ အရမ်းကိုပျော်စရာကောင်းတဲ့ Picnicလေးတစ်ခုကိုလည်းဖန်တီးနိုင်ကြမှာပါရှင်

ဖုန်း - 09263111123,
0943030547,
095114027,
095118827,
09253239933




အမြန်လမ်း ၁၁၅ မိုင်ဂိတ်ပြန်ဖွင့်ပဲခူး ဇန်နဝါရီ ၂၉ ။ရန်ကုန်ဘက်မှလာသော မော်တော် ယာဉ် များအား ၁၁၅ မိုင်တွင် နံနက် ၉ နာရီမှ ...
29/01/2021

အမြန်လမ်း ၁၁၅ မိုင်ဂိတ်ပြန်ဖွင့်

ပဲခူး ဇန်နဝါရီ ၂၉ ။

ရန်ကုန်ဘက်မှလာသော မော်တော် ယာဉ် များအား ၁၁၅ မိုင်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျန်းမာရေးထောက်ခံချက်မပါသည့်မော်တော် ယာဉ် များအားစစ်‌ဆေးပြီး ကျန်းမာရေထောက်ခံချက်မပြနိုင်သောမော်တော်ယာဉ်များကိုဖြတ်သန်ခွင့်မပြုခြင်းဖြစ်သည်။

ရန်ကုန်ဘက်မှ လာသောမော်တော်ယာဉ်များသည် ကျန်းမာရေးထောက်ခံချက်မပြနိုင်ပါက ရန်ကုန် - မန္တလေးအမြန်လမ်း ၁၁၅ မိုင်အားဖြတ်သန်းခွင့်ရမည်မဟုတ်ပဲ ပြန်လှည့်ရမည်ဟု ယင်းဂိတ်တွင် စစ်ဆေးနေသည့်တာဝန်ရှိသူတစ်ဦးကဆိုသည်။

၃ ယောက်အောက်အိမ်စီးကာတွေတော့ဖြတ်ခွင့်ပေးတယ် ၃ ယောက်ထက်ကျော်ရင်တော့ ကျန်းမာရေးထောက်ခံချက်ပြရမယ် မပြနိုင်ရင်တော့ ဖြတ်ခွင့်မပြုဘူး ပြန်လှည့်ရမယ် အခုတော့ ကျန်းမာရေးထောက်ခံချက်မပါလည်းအာလုံးကိုဖြတ်သန်းခွင့်ပြုလိုက်ပြီးဟု ၎င်းကပြောကြားသည်။

၁၁၅ မိုင်တွင် အဖွဲ့ပေါင်းစုံဖြစ် ရန်ကုန်မှ နေပြည်တော်သို့ သွားမည့်ကားများ ကိုဗစ်ကာကွယ်တားဆီးရေးအတွက်ယနေ့နံနက် ၉ နာရီမှစတင်စစ်ဆေးနေခြင်းဖြစ်သည်။

ဗဟုသုတလေးပါရှင်
27/01/2021

ဗဟုသုတလေးပါရှင်

လားရှိုးမြို့တွင်းသို့ဝင်ရောက်ရန်အတွက် သွားလာမှုကန့်သတ်ချက်များ စတင်ပြောင်းလဲဆောင်ရွက်လားရှိုးဇန်နဝါရီ(၂၅)ရှမ်းပြည်နယ်(မ...
27/01/2021

လားရှိုးမြို့တွင်းသို့ဝင်ရောက်ရန်အတွက် သွားလာမှုကန့်သတ်ချက်များ စတင်ပြောင်းလဲဆောင်ရွက်
လားရှိုးဇန်နဝါရီ(၂၅)
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ၂၀၂၁ခုနှစ် ဇန်နဝါရီ(၂၅)ရက်နေ့က လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ လားရှိုးမြို့တွင်းဝင်ထွက်သွားလာမှုများအား စတင်ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ ပြောင်းလဲဆောင်ရွက်မည့် သတ်မှတ်ချက်များသည် လားရှိုးမြို့နယ်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်များသို့ သွားရောက်ပြီးပြန်လည်ဝင်ရောက်လာပါက Quarantine ဝင်ရန်မလိုတော့ပဲ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များမှဒေသခံများ လားရှိုးသို့လာပါကလည်း မြို့ဝင်ဂိတ်များတွင် အချက်အလက်များပြည့်စုံစွာပေးခဲ့ရန်နှင့် Quarantine ဝင်ရောက်ရန်မလိုအပ်တော့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းများမှလာပါက ကျန်းမာရေးစစ်ဆေးချက်ပါရှိမှသာ ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ပြီး အဆိုပါဆေးစစ်ချက်မပါရှိပါကနေ့ချင်းပြန်သာခွင့်ပြုမည်ဖြစ်ပြီး လားရှိုးဒေသခံများ သည်ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းဒေသများသို့ ညအိပ်သွားရောက်ပြီးပြန်လာပါက ခရီးသွားရာဇဝင်မေး၍စောင့်ကြည့်သွားမည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသကြီးပြည်နယ်များမှ လားရှိုးမြို့သို့လာရောက်ပါက ကျန်းမာရေးစစ်ဆေးချက်ပါရှိပါက နေ့ချင်းပြန်ခွင့်ပြုပေးမည်ဖြစ်ပြီး နေ့ချင်းပြန်မဟုတ်ပါက သက်မှတ်ရက်များအတိုင်းQuarantine ဝင်ရောက်ရမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းမှ လားရှိုးမြို့သို့လာရောက်ပါက မိမိဒေသ၏တစ်လအတွင်းထောက်ခံစာနှင့် လားရှိုးမြို့တွင်နေထိုင်တည်းခိုမည့်လိပ်စာအတိအကျပေးရမည်ဖြစ်ပြီး လာရောက်ရသည်အကြောင်းအရာ(အကြမ်းဖျဉ်း)ပေးရမည်ဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှလွဲ၍ ကျန်တိုင်းဒေသကြီးပြည်နယ်များမှ လာရောက်သောကုန်တင်ယာဉ်များအားလုံး SOPပါအတိုင်းလိုက်နာရမည်ဖြစ်သည်။ရှမ်းပြည်နယ်အတွင်းမှ လာရောက်သည့်(ဒေသတွင်း) ကုန်တင်ယာဉ်များအနက်(၁၄)ပေရှိ (၆)ဘီးယာဉ်(၃/၄)တန်နှင့် အောက်ကားများမှလွဲ၍ ကျန်ကုန်တင်ယာဉ်များအားလုံး မယ်ဟန်စစ်ဆေးရေးစခန်းတွင်စစ်ဆေးမှုခံယူပြီးမှ မြို့တွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။အဆိုပါယာဉ်များ သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင်းဖြစ်ပါက သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်စု၏ထောက်ခံချက်ပြသ၍မြို့တွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။

(၁၄)ပေရှိ (၆)ဘီးယာဉ်(၃/၄)တန်နှင့် အောက်ကားများမှလွဲ၍ ကျန်ကုန်တင်ယာဉ်များအားလုံး နားမခေါ်ကားကြီးကွင်းအတွင်းကုန်ပစ္စည်းလွှဲပြောင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး မြို့တွင်းသို့ လုံးဝဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းသိရှိရသည်။
ဌာနဆိုင်ရာများ၏ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊တပ်ရိက္ခာပို့ဆောင်သည့်ယာဉ်များ၊ဆက်သွယ်ရေးပစ္စည်းတင်ဆောင်သည့်(၃/၄)တန်နှင့်အထက်ယာဉ်များဝင်ရောက်လာပါက သက်ဆိုင်ရာဌာနမှ ထောက်ခံစာပြသနိုင်မှသာ လားရှိုးမြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းလားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအာကာလင်းထံက သိရှိရသည်။
ဟန်ဌေး(လားရှိုး)

ကဲ....Mine လေး တို့ရေဒီအပတ်မှာတော့ မြန်မာပြည်တောင်ဘက်ပိုင်းမှာ ရှိပြီး အဖိုးမဖြတ်နိုင် တဲ့ မြိတ်ကျွန်းစု ရဲ့ကျွန်းတစ်ချိ...
23/01/2021

ကဲ....Mine လေး တို့ရေ
ဒီအပတ်မှာတော့ မြန်မာပြည်တောင်ဘက်ပိုင်းမှာ ရှိပြီး အဖိုးမဖြတ်နိုင် တဲ့ မြိတ်ကျွန်းစု ရဲ့ကျွန်းတစ်ချို့ အကြောင်း ကို မိတ်ဆက်ရေးသားဖော်ပြပါရစေ။

မြိတ်ကျွန်းစုကို အရွယ်အစားအမျိုးမျိး ရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့်နှင့် ဖွဲ့စည်း ထားပါသည်။ မြန်မာနိုင်ငံ၏တစ်ခုတည်းသော အမျိုးသားဥယျာဉ် ဖြစ်သည့် လန်ပိအဏ္ဏဝါ ဥယျာဉ် သည်လည်း မြိတိကျွန်းစု တွင် ပါ၀င်သော ကျွန်းတစ်ကျွန်း ဖြစ်သည်။

ကတန်ကျွန်း
ကတန်ကျွန်းသည် မြိတ်ကျွန်းစုတွင် အကြီး ဆုံး ကျွန်းဖြစ်သည်
။ဗြိတိသျှကိုလိုနီ ခေတ် အခါက King's Island ဟု ခေါ်ဝေါ်ခဲ့ကြသည်။မြိတ်မြို့၏ အနောက်ဘက် ၁၀မိုင်ခန့် ကွာတွင် တည်ရှိသည်။ကျွန်းရှိ French Bay Peak သည် ၇၆၇မီတာ (၂၅၁၆)ပေမြင့်ကာ မြိတ်ကျွန်းစုတွင် အမြင့်ဆုံးနေရာဖြစ်သည်။ယခုအခါ ကျွန်းစုမြို့တည်ရှိပြီး ရေတပ်စခန်းဌာန ချုပ်ရှိရာနေရာဖြစ်သည်။

ကံမော်ကျွန်း
ကံမော်ကျွန်းသည် မြိတ်ကျွန်းစု၏ စတုတ္ထအကြီးဆုံး ကျွန်း ဖြစ်သည်။
( Katharine island)ကျွန်း ဟု၍လည်း ခေါ်ကြသည်။ မြိတ်မြို့၏တောင်ဘက် မိုင် ၄၀အကွာတွင်ရှိသည်။ အလျား ၁၈ မိုင် အနံ ၁၁မိုင်ကျယ်သည်။ တောများဖုံးလွှမ်းနေပြီး ကမ်းစပ်တွင် လမုတောများရှိသည်။

ဇာဒတ်ကြီးကျွန်း
ဇာဒတ်ကြီးကျွန်းသည်မြိတ်ကျွန်းစု၏တတိယအကြီးဆုံးကျွန်းဖြစ်သည်။အင်္ဂလိပ်ကိုလိုနီခေတ်ကမူ Saint Mathewကျွန်းဟုခေါ်ဝေါ်ခဲ့ကြသည်။ မြိတ်မြို့၏ အနောက်တောင်ဘက် မိုင်၁၅၀ ခန့်အကွာ တွင်တည်ရှိပြီး ကော့သောင်းခရိုင်အတွင်းတွင် ပါဝင်သည်။မြန်မာ့တပ်မတော် ရေတပ်စခန်းသည် ဇာဒတ်ကြီး ကျွန်းတွင်တည်ရှိသည်။

သူဌေးကျွန်း
သူဌေးကျွန်းသည် ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံရနောင်းမြို့ကြားတွင်တည်ရှိသည်။ယခုအခါသူဌေးကျွန်းပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိသည့် အက်ဒမန်ဟိုတယ်၊ ကာစီနိုနှင့် အပန်းဖြေကလပ် ဂေါက်ကွင်း တည်ရှိသည်။

ဒုံးကျွန်း
ဒုံးကျွန်း(Ross Island) သည် မြိတ်မြို့ အနောက်စူးစူး မိုင် ၃၀ အကွာတွင်ရှိသည်။ အလျား ၁၀ မိုင် အနံ ၇ မိုင်ကျယ်သည်။ ပုလဲ လုပ်ငန်းကြောင့် လူသိများသလို ဆလုံ(မော်ကင်း) လူမျိုးတို့ နေထိုင်စခန်းချရာ ကျွန်းဖြစ်သည်။ဒုံးကျွန်းသည် မြိတ်ကျွန်းစု၏ ဆဌမအကြီးဆုံး ကျွန်းဖြစ်သည်။

ညောင်ဦးဖီးကျွန်း
ညောင်ဦးဖီးကျွန်းသည် ကော့သောင်းမြို့နှင့် ရေမိုင် ၄၂ မိုင် အကွာအဝေးတွင် တည်ရှိသည်။ကော့သောင်းမြို့မှ ညောင်ဦးဖီး ကျွန်းသို့ သွားသည့် လမ်းတစ်လျောက်တွင် ဇာဒတ်ကြီး ၊ဇာဒတ်ကလေး နှင့် တခြား ကျွန်းများကို ကျော်ဖြတ်သွားရမည်ဖြစ်ပြီး speed boat နဲ့သွားလျှင် ၁၅ မိနစ်ခန့် ကြာမြင့်သည်။ညောင်ဦးဖီးကျွန်းတွင် Victoria Cliff Resort တည်ရှိပြီး Kayaking,Hiking စသည့် Activity များ ကို ပြုလုပ်နိုင်သည်။

လန်ပိကျွန်း
လန်ပိကျွန်းသည် ၁၈၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ မြိတ်ကျွန်းစုအတွင်းတွင် ပဉ္စမ အကြီးဆုံး ကျွန်း ဖြစ်သည်။ဆူလေမန်ကျွန်းဟုလည်း ခေါ်ဆိုခဲ့ကြသည်။မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လန်ပိအမျိုးသားအဏ္ဏဝါ ဥယျာဉ်တည်ရှိပြီး အဲဒီဥယျာဉ်တွင် သဘာဝအပန်းဖြေစခန်းတည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် သစ်တောဦးစီးဌာနက တင်ဒါခေါ်ယူခဲ့ရာ အမေရိကန် ရင်းနှီးမြုပ်နှံမှုအပြည့်အဝပါဝင်သည့် Wa Ale Island Resort က တည်ဆောက်ခွင့် အပြည့်အဝရ ရှိခဲ့ပါသည်။




ကိုးကား
တင်နိုင်တိုး (ဒီဇင်ဘာလ ၂၀၁၃) မြန်မာပြည်တစ်ခွင်လမ်းညွန်
ဦးစိုးနိုင် (၂၀၁၅-၂၀၁၆) မြိတ်ကျွန်းစု ရှိ ကျွန်းများ (Drakes Island )တွင်တွေ့ရှိရသောငှက်များ
တနင်္သာရီတိုင်း နောက်ခံသမိုင်းမှတ်စု
Myanmar Times
Credit Photos to Original Owners

MAI နှင့် Air KBZ အကျိုးတူပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် စစ်တွေမြို့သို့ တစ်ရက်လျှင် ၂ ကြိမ် နေ့စဉ်ပျံသန်းပြေးဆွဲသွ...
22/01/2021

MAI နှင့် Air KBZ အကျိုးတူပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် စစ်တွေမြို့သို့ တစ်ရက်လျှင် ၂ ကြိမ် နေ့စဉ်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပြည်ပခရီးစဉ်များတွင်ရရှိနိုင်မည့် နိုင်ငံတကာဝန်ဆောင်မှုများနှင့် အခြားအကျိုးကျေးဇူးများပါဝင်သောလက်မှတ်များကို သင့်တင့်သောနှုန်းများဖြင့် ဝယ်ယူလိုက်ကြရအောင်...

Embraer E190 ဖြင့် -
* လိုရာခရီးသို့ အချိန်တိုအတွင်းရောက်ရှိနိုင်ခြင်း
* တစ်ရက်လျှင် ၂ ကြိမ် နေ့စဉ်ပြေးဆွဲပေးခြင်း
* RDT Negative Test သက်တမ်းမကုန်ခင် ၃၆ နာရီအတွင်း ခရီးသွားရက်အခမဲ့တစ်ကြိမ် ပြောင်းလဲနိုင်ခြင်း
* လေယာဉ်ပေါ်တွင်မုန့်ပေးဝေခြင်း
* အထူးတန်းထိုင်ခုံများ ရွေးချယ်ဝယ်ယူနိုင်ခြင်း
* Loyalty အစီအစဥ်နှင့် အကျိုးတူပူးပေါင်းထားသော မိတ်ဖက်လုပ်ငန်း ၄၀ ကျော်မှ Discount များရရှိနိုင်ခြင်း
* COVID-19 ရောဂါကာကွယ်ရေး ခရီးဆောင်ပစ္စည်းများအခမဲ့ပေးခြင်း
* ပိုမိုကောင်းမွန်သည့် လေသန့်စင်မှုစနစ်ပါရှိခြင်းတို့အပြင်... IATA နှင့် IOSA မှ တရားဝင်အသိမှတ်ပြုထားသော လေကြောင်းလိုင်းဖြစ်သောကြောင့် MAI နှင့် Air KBZ ကိုစိတ်ချယုံကြည်စွာ ​ရွေးချယ်စီးနင်းလိုက်ပါ။

Booking တင်ရန်အတွက် Hotline: 019670007 သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး Air KBZ & MAI Mobile App, K7 Chatbot နှင့် Website တို့တွင် ကိုယ်တိုင် Booking တင်၀ယ်ယူနိုင်မည့်အပြင် Travel Agent များတွင်လည်း ၀ယ်ယူရရှိနိုင်ပါသည်။

Why settle for less when you can travel in style with MAI Embraer E190 codeshare flights with Air KBZ?

You can now enjoy the perks & benefits of an international airline on domestic travel when you fly with our E-Jets between Yangon-Sittwe twice daily!

For your reservation and query:
Call us: +95-1-9670007

Visit our website:
www.airkbz.com
www.maiair.com

Connect via K7 Chatbot:
https://m.facebook.com/K7chat

Download our mobile app:
Android:
https://play.google.com/store/apps/details...

iOS:
https://apps.apple.com/sg/app/air-kbz-mai/id1463916652





22/01/2021
ထားဝယ်စီးပွားရေးဇုန်တွင် ထိုင်းနိုင်ငံက ပြန်လည်လုပ်ကိုင်လိုဟု ထိုင်းဝန်ကြီးချုပ်ပြော~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မြန်...
20/01/2021

ထားဝယ်စီးပွားရေးဇုန်တွင် ထိုင်းနိုင်ငံက ပြန်လည်လုပ်ကိုင်လိုဟု ထိုင်းဝန်ကြီးချုပ်ပြော
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာဘက်က စီမံကိန်းကြန့်ကြာမှုကြောင့် အီတာလျံ-ထိုင်းနှင့် ချုပ်ဆိုသည့် စာချုပ်များ ဖျက်သိမ်းကြောင်းကြေညာအပြီး ယခုကဲ့သို့ ပြောခြင်းဖြစ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘန်ကောက်၊ဇန်နဝါရီ ၂၀ရက်

ထားဝယ်စီးပွားရေးအထူးဇုန်စီမံကိန်း ကြန့်ကြာနေမှုကြောင့် ထိုင်းနှင့်ဆောင်ရွက်သည့် စာချုပ်များ မြန်မာနိုင်ငံကရပ်ဆိုင်းလိုက်အပြီး ထိုင်းနိုင်ငံအနေဖြင့် အဆိုပါစီမံကိန်းကို ပြန်လည်လုပ်ကိုင်လိုကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က က ဘန်ကောက်ပို့စ် သတင်းစာကနေတဆင့် ထွက်ပြောလိုက်သည်။

ဇန်နဝါရီ၁၈ရက်နေ့က မြန်မာအစိုးရက အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသော ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့်စီမံကိန်းလုပ်ငန်း (၉) ခု၏ ဆောင်ရွက်ခွင့် စာချုပ်များအားလုံးကို ရပ်ဆိုင်း ကြောင်း တရားဝင်သတင်းထုတ်ပြန်အပြီး လုပ်ငန်းဆောင်ရွက်ခွင့် ရပ်ဆိုင်းခံရသည့် ကုမ္ပဏီ၏အကူအညီတောင်းခံမှုအရ ထိုင်းဝန်ကြီးချုပ်က အထက်ပါစကားကိုပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုင်းဘက်ခြမ်းကုမ္ပဏီမှ တာဝန်ရှိသူများအပါအဝင် ထိုင်းအစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် အမြန်ဆုံးတွေဆုံပြီး ညှိုနှိုင်းဆောင်ရွက်ရန်၊ စီမံကိန်းကို ကြန့်ကြာမနေဘဲ အမြန်ဆုံးပြန်လည်အကောင်အထည်ဖော်ဖို့ ဝိုင်းကြိုးစားရန် မှာကြားထားကြောင်းနှင့်ထားဝယ်စီးပွားရေးဇုန်တွင် လုပ်ကိုင်နိုင်ရေး စေ့စပ်ညှိနှိုင်းဆွေးနွေးရန် ထိုင်းဒုဝန်ကြီးချုပ်နှင့် ထိုင်းဘဏ္ဍာရေးဝန်ကြီးတို့အဖွဲ့ကို ဝန်ကြီးချုပ်က တာဝန်ပေးထားသည်ဟုလည်း ထိုင်းဝန်ကြီးချုပ် ပရာရွတ်ကပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြထားသည်။

မြန်မာအစိုးရသည်အီတာလျံ-ထိုင်းကုမ္ပဏီလုပ်ကိုင်ခွင့်ရ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့်စီမံကိန်းလုပ်ငန်း (၉) ခု၏ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့် စာချုပ်များကို ရပ်ဆိုင်းလိုက်ရခြင်းက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများသည် နိုင်ငံတော်အတွက် အရေးပါသော လုပ်ငန်း များဖြစ်သော်လည်း ကနဦးရင်းနှီးတည်ဆောက်ခွင့်ရရှိသူသည် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အကြိမ် ကြိမ် နှောင့်နှေး ကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထားများ မတင်ပြနိုင်ခြင်းစသည့် စွမ်းဆောင်ရည် အားနည်း ချက်များကြောင့် ဖြစ်သည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ရှင်းပြထားသည်။

ဂျပန်နိုင်ငံအစိုးရက ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင် ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းထားပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ရန်လျာထားသည့် ရေနက်ဆိပ်ကမ်းအတွက် ကြိုတင်လေ့လာဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းကို အကူအညီပေးရန် ပြင်ဆင်လျက်ရှိနေသည်ဟုသိရသည်။

ကိုမင်း
Harp Media
မှကူးယူဝေမျှဖော်ပြပါသည်။

ပုဂံဒေသရှိ ဘုရားပုထိုးများ ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး ပြင်ဆင်နေပြီ~~~~~~~~~~~~~~~~~~~~~~~...
14/01/2021

ပုဂံဒေသရှိ ဘုရားပုထိုးများ ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး ပြင်ဆင်နေပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇန်နဝါ၊ ၁၄

ပုဂံဒေသရှိ ဘုရားပုထိုးတွေကို ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ဖူးမြော်ခွင့်ပြုနိုင်ဖို့အတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ အဖွဲ့သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့က ရှေးဦးစွာ ထီးလိုမင်းလိုဘုရားနဲ့ အာနန္ဒာဘုရားတို့ကို သွားရောက်ပြီး ဂေါပကအဖွဲ့များက ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဖြေလျှော့ခွင့်ပြုလာပါက ကိုဗစ်-၁၉ မကူးစက်နိုင်ရေးနဲ့ ကြိုတင်ကာကွယ်ရေး တို့အတွက် စီစဉ်ဆောင်ရွက်ထားမှု ၊ Online Registration နဲ့ ကျန်းမာရေး စစ်ဆေးနိုင်မယ့် စက်ကိရိယာများ ပြင်ဆင်ထားရှိမှု၊ အဆင့်လိုက် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနဲ့ ဂေါပကအဖွဲ့များ ညှိနှိုင်းပြင်ဆင် ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီး ဖြေလျှော့မှုများဖြင့် စေတီပုထိုးများသို့ လေ့လာ ဖူးမြော်ခွင့်ပြုပါက ဘုရားဖူးပြည်သူများနဲ့ ဒေသခံပြည်သူများပါ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် Social Distancing နဲ့အညီ ပညာပေးစည်းကမ်းချက်များ ဆောင်ရွက်ထားရှိပြီး အကွာအဝေး သတ်မှတ်ချက်၊ ဘုရားတစ်ဆူချင်းရဲ့ ခွင့်ပြုနိုင်မှု အရေအတွက်၊ ကူးစက်နိုင်မှု မရှိစေရန် အသိပေး နှိုးဆော်ချက်များ ပြင်ဆင်ထားတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

အလားတူ ဘုရားတစ်ဆူချင်းစီမှာ ဘုရားဖူးများရဲ့ ကျန်းမာရေးအတွက် အပူချိန်တိုင်းစက်များနဲ့ ပစ္စည်းကိရိယာများ ပြင်ဆင်ထားကာ ဘုရားများရဲ့ ပရိဝုဏ်နဲ့ ဂန္ဓကုဋီအကျယ်အဝန်းအလိုက် ခွင့်ပြုနိုင်မယ့် လူဦးရေ တွက်ချက်သတ်မှတ်ကာ Auto Counting စနစ်ဖြင့် ဆောင်ရွက်ရန် လျာထားစီစဉ်ထားပြီး CCTV ဖြင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်နိုင်ရန်လည်း ဆောင်ရွက်ထားကို တွေ့ရတယ်လို့ သိရပါတယ်။

ယင်းအပြင် Tech Wings ကုမ္ပဏီက Online မှ ကြိုတင်စာရင်းပေးသွင်း၍ ခွင့်ပြုကြည့်ရှုရန် စီစဉ်ထားပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲမှု ကော်မတီကလည်း ပုဂံဒေသရဲ့ အခြေအနေ၊ အချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် Website နဲ့ Page များမှ အချိန်နဲ့ တပြေးညီ အသိပေးနိုင်ရေး စီစဉ်ထားကာ အဆင့်လိုက် ခွဲခြား၍ကြီးကြပ် ခွင့်ပြုပေးရန် ဒေသအုပ်ချုပ်ရေးအဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်
https://www.myanmaplatform.com/a/53368.html

10/01/2021

January 15ရက်​နေ့မှစ၍ စင်ကာပူ​လေ​ကြောင်းလိုင်းသည် ရန်ကုန် မှ စင်ကာပူသို့အပတ်စဉ် သောကြာ​နေ့တိုင်း ပြန်လည်​ပြေးဆွဲမည်ဖြစ်​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည်။

✈️SQ 761 Yangon to Singapore 10:25 15:10

ရန်ကုန်-စင်ကာပူ ခရီးစဉ်သို့လိုက်ပါလိုသည့်ခရီးသည်များအနေဖြင့်
▪Passenger Name
▪Nationality
▪Passport Number
▪Type of Entry Permit
▪Trip Itinerary
▪Departure reason from Myanmar
အစရှိသည့်အချက်အလက်များပေးရန် လိုအပ်ပါသည်။

၇၂ နာရီအတွင်းစစ်ဆေးထားသော Covid-19 Negative Test Result ပါရှိရပါမည်။
ခရီးသည်များအားလုံး Face Mask နှင့် Face Shield ကိုလည်း မဖြစ်မနေဝတ်ဆင်ရပါမည်။

Soe

25/12/2020
🎅Merry Christmas to you all🎄🦌🤶Mine Tour ⛄🎉🦌
25/12/2020

🎅Merry Christmas to you all🎄🦌
🤶Mine Tour ⛄🎉🦌

23/12/2020

ခရီးသွား လုပ်ငန်းနှင့် ဟိုတယ်/ မိုတယ်များ ပြန်ဖွင့်ခွင့်ပြုချိန် အဆင်သင့်ဖြစ်စေရန် မန္တလေးတိုင်း၌ ပြင်ဆင်နေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့နိုင်ဖို့ ကြိုးစားဆောင်ရွက်ရာမှာ ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန်ကာလ ၂ ပိုင်းရှိ တယ်။ ခရီးသွားနယ်ပယ် အသီးသီးမှာရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို သင်တန်းတွေပေးတယ်။ ပြန်ဖွင့်ခွင့်ရရင် အဆင်သင့်ဖြစ်စေရေး၊ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှု အပိုင်းပါ။ဟိုတယ်ပြန်ဖွင့်နိုင်ဖို့နဲ့ ခရီးသွားလုပ်ငန်းတွေအတွက် အစီအစဉ်တွေ လုပ်ထားပြီးဖြစ်ကြောင်း တင်ပြမယ်”ဟု ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက Myanmar Tourism Strategic Recovery Roadmap-MTSRR နင့် Enchanting Myanmar Health & Safety Protocol ကို ရေးဆွဲပြီးဖြစ်ကာ အဆိုပါ Protocol နှင့်အညီ COVID-19 Safety Service သင်တန်းများ ပေးနေကြောင်း၊ ယင်း သင်တန်းဆင်းများမှ ဟိုတယ်မန်နေဂျာ နှင့် ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များအား ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို ဆင့်ပွားသင်တန်းများပေးနေကြောင်း သိရသည်။

Yangon River Cruise Tour ကျန်းမာရေးဆိပ်ကမ်း - ရန်ကုန်မြစ် - ဘုရင့်နောင် - မြစ်သုံးဆိုင် - ကျန်းမရေးဆိပ်ကမ်းခရီးစဉ်ပြေးဆွ...
22/12/2020

Yangon River Cruise Tour
ကျန်းမာရေးဆိပ်ကမ်း - ရန်ကုန်မြစ် - ဘုရင့်နောင် - မြစ်သုံးဆိုင် - ကျန်းမရေးဆိပ်ကမ်းခရီးစဉ်ပြေးဆွမည့်ကိစ္စ
= = = = = = = = = = = = = = = = = = = = = =
COVID 19 ကာလမှာ အိမ်ထဲမှာပဲ နေရတဲ့အချိန်တွေ ကြာလာလို့ စိတ်တွေမွန်းကြပ်နေကြပြီလား….

ဒါဆိုရင် … ကျန်းမာရေးနှင့် အညီ (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ) အပျော်စီး သင်ဘောခရီးစဥ◌်အား ပြေးဆွဲသွားမည် ဖြစ်ပါတယ်.....
လေကောင်းလေသန့် ရှူ၍ သဘာဝအလှများကို ခံစားရင်း…. မွန်းကြပ်မှုတွေကို ဖယ်ရှားဖို့ Yangon River Cruise Tour သို့ လိုက်ပါရန် ဖိတ်ခေါ်ပါရစေ......

⛴️ပြေးဆွဲမည့်ရက် - ဒီဇင်ဘာ (၂၅-၂၆-၂၇)

နံနက် (၈)နာရီ မှ (၁၀)နာရီထိ တစ်ကြိမ်

ညနေ (၄)နာရီ မှ ည (၇)နာရီထိ တစ်ကြီမ်

#ပြန်ကြားရေးကော်မတီ

မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် ဒီဇင်ဘာ (၂၀) ရက်တွင် စတင်မည်=========================...
17/12/2020

မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် ဒီဇင်ဘာ (၂၀) ရက်တွင် စတင်မည်
========================================================

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် ကို Myanmar National Airlines မှ ဒီဇင်ဘာလ (၂၀) ရက်တွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြည်မြန်မာကို ပြောသည်။

“ရန်ကုန်- ကျိုက်ထီးရိုး - ဘားအံ -သံလွင်မြစ်ကိုပြပြီး ရန်ကုန်ကိုပြန်လာမှာပါ၊ညနေခင်းကျတော့ ရန်ကုန်မြစ် တွင်း အပျော်စီး သင်္ဘောခရီးစဉ်ပါမယ်။အပြင်လူက အယောက် ၂၀ လောက်ပါမယ်။ခုလောလောဆယ်တော့ ၁၀ ယောက်လောက် ရောင်းပြီးနေပြီ ဖိတ်ထားတဲ့ဧည့်သည်တော်တွေပါ မယ်။သံရုံးတ ချို့ပါတယ်။မီဒီယာ လည်းပါမယ်။UMFCCI ကလည်းပါမယ်။စုစုပေါင်း လူ အယောက် ၃၀ ကျော်လောက်ပဲပါမယ် ထင်ပါတယ်။ ထိုင်ခုံက ၅၀ လောက်ပဲ ရောင်းလို့ရတာကိုး။၇၂ ယောက်စီးဆိုပေမဲ့ အတန်းလိုက်တွေ ဖြုတ်ရတာ ၁၆ ယောက် စာက ဖြုတ်တဲ့ အထဲ ပါသွားတာ၊ကိုဗစ်စည်းကမ်းတွေအရ။အနည်းဆုံးတော့ ၅၀ ယောက် ပါမှာပါ”ဟု ယင်းက ဆိုသည်။

Myanmar National Airlines ရှိ ATR -72 လေယာဉ်၏ အနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားအား ဖူးမြော်ပြီး လျှင် ဘားအံမြို့၏ ပတ်ဝန်းကျင် ရှုခင်းအလှ များကိုလည်း ဝေဟင်မှ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)တွင် လိုက်ပါစီးနင်းမည့် ခရီး သည်များအနေဖြင့် COVID - 19 စစ်ဆေးခြင်းများကို မိမိအစီအစဉ်ဖြင့် စစ်ဆေးကြရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လေယာဉ်ပေါ် တက်၍ လိုက်ပါခွင့် ရမည်ဖြစ်ကြောင်းသိရသည်။

MN

ဓာတ်ပုံ-

16/12/2020

ဟဲဟိုးလေဆိပ်ကို လေယာဉ်တွေ စဝင်ဆိုက်ရောက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇင်ဘာ ၁၆-၂၀၂၀
နေနန်းနွယ်(VOM)

ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးလေဆိပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ကာ လေယာဉ်တွေ စတင်ဆိုက်ရောက်တော့မှာဖြစ်ပြီး ဟဲဟိုးလေဆိပ် Departure- 2 လေဆိပ်ထွက်ခွာဆောင် ၂မှာလည်း လေယာဉ်တွေ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

"ရှမ်းပြည်နယ်အတွင်းကို ဝင်လာတဲ့ ခရီးသည်တွေက ၃၆ နာရီအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ တောင်ကြီးမြို့၊ BH Hotelမှာ Hotel Quarantine ၇ ရက်ထိုင်ရမည်ဖြစ်ပါတယ်၊ အဲ့ဒီ ခရီးသည်တွေကို ဟဲဟိုးလေဆိပ်ကနေ BH Hotelကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားတဲ့ မော်တော်ယာဉ်နဲ့ ပို့ဆောင်သွားမှာဖြစ်ပါတယ်၊ ရှမ်းပြည်နယ်အတွင်းကနေ အခြားဒေသတွေကို လေယာဉ်နဲ့ သွားမယ်ဆိုရင် ခရီးသည်တွေက လေယာဉ်လက်မှတ်ပြပြီး စဝ်စံထွန်းဆေးရုံ၊ အေးသာယာတိုက်နယ်ဆေးရုံ၊ ကလောမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်‌တွေမှာ တစ်ဦးကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ စစ်ဆေး ထွက်ခွာနိုင်မှာပါ၊ လေယာဉ်မထွက်ခွာမီ ဖြည့်စွက်ရမယ့် ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံစွာဖြည့်စွက်ဖို့တော့ လိုပါတယ်"လို့ ဟဲဟိုးပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာ ကျော်ဗိုလ်ထက်ကပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းကို အခြားတိုင်းဒေသကြီး၊ပြည်နယ်တွေက လေကြောင်းလိုင်းနဲ့ ဝင်ရောက်မယ့်သူတွေ၊ စီးနင်းလိုက်ပါမယ့်သူတွေလိုက်နာဖို့ စည်းကမ်းချက် (၁၉) ချက်ကို ရှမ်းပြည်နယ်အစိုးရဖွဲ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လေယာဉ်ကွင်းမှာ check-in ဝင်ချိန် Rapid Antigen Diagnostic Test Kit (RDT) နဲ့ လွန်ခဲ့တဲ့ ၃၆ နာရီအတွင်း ဆေးစစ်ထားတဲ့ ကိုဗစ်ရောဂါပိုးမရှိကြောင်း ဆေးစစ်ချက်ကို ခရီးသည်က ပြနိုင်ရမှာဖြစ်တဲ့အပြင် သက်ဆိုင်ရာဒေသကို ရောက်ရှိရင်လည်း ဒေသဆိုင်ရာ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ ဒေသန္တရဆိုင်ရာအမိန့်တွေအတိုင်း မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့တွင်းကို လေကြောင်းလိုင်းနဲ့ ဝင်ရောက်လာမယ့် ခရီးသည်တွေဟာ True Treasure hotel, 21st Taunggyi Hotel, Golden Win II Motel, တောင်ကြီးဟိုတယ် နဲ့ ချယ်ရီကွင်းဟိုတယ်‌တို့မှာ ကွာရန်တင်းဝင်ရောက်နိုင်‌တယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ ရှမ်းပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၇၃၀ ဦး၊ သေဆုံးသူ (၃)ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ (၅၆၇)ဦး ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

15/12/2020
ပြည်တွင်းလေကြောင်းခရီးသွားတွေ လိုက်နာရမည့် ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်များကို ရက်ပိုင်းတွင်းကြေညာသွားဖို့ရှိ~~~~~~~~~...
13/12/2020

ပြည်တွင်းလေကြောင်းခရီးသွားတွေ လိုက်နာရမည့် ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်များကို ရက်ပိုင်းတွင်းကြေညာသွားဖို့ရှိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်တွင်းလေကြောင်းခရီးစဉ် တွေ ကို လာမယ့် ဒီဇင်ဘာလ (၁၆) ရက်နေ့ မှာ စတင်ပြေးဆွဲကြတော့မှာပါ။ ဒါကြောင့် လေကြောင်း ခရီးစဉ်တွေ အတွက် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာရမယ့်အချက်တွေ ကို ကျန်းမာရေးဝန်ကြီးဌာန က မကြာမီထုတ်ပြန်သွား လိမ့် မယ်လို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ အမှုဆောင် အရာရှိ ချုပ် ဦးသန်းထွန်းက ပြောပါတယ်။

“(၁၆)ရက်နေ့ ပျံဖို့တော့ DCA က စာထုတ်ပြီးပါပြီ ။ ဒီကိုတော့ ကျန်းမာရေးရဲ့ထုတ်ပြန်ချက် မရောက်သေးဘူး။ ဒီရက်ပိုင်းအတွင်းတော့ ထုတ်ပြန်မယ်ထင်ပါတယ်” လို့ ဦးသန်းထွန်းက ပြောပါတယ်။

အခြား ပြည်တွင်းလေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ Air KBZ လေကြောင်း လိုင်းကို အွန်လိုင်းက တစ်ဆင့် ဆက်သွယ် မေးမြန်းချက် အရ တော့ COVID-19ကင်းရှင်းကြောင်းထောက်ခံစာနဲ့ သွားရမယ့်နေရာအပေါ်မူတည်ပြီး Quarantine ဝင်ရနိုင်ချေရှိတယ်လို့ ပြန်လည်ဖြေကြားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်တွင်း လေကြောင်းလိုင်း တွေ ကို ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီစွာ ဆောင်ရွက်ပေးမယ်လို့ လည်း ပြီးခဲ့တဲ့ရက်ပိုင်း က ပြည်သူသို့အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းပြေးဆွဲတဲ့လေကြောင်းလိုင်း (၅) ခုရှိပြီး ပြည်ပပြေးဆွဲတဲ့ လေကြောင်းလိုင်း (၂) ခုရှိပါတယ်။

သတင်း - သူရမင်းစောဦး
ဓာတ်ပုံ - MNA
News Myanmar
မှကူးယူဝေမျှဖော်ပြပါသည်။

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ...
13/12/2020

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎

မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်

ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များကိုပုံတွင် ဇယားနှင့်ဖော်ပြပေးထားပြီး မိမိသွားလိုသော ခရီးစဉ်​၏ အချိန်ဇယားများကို (https://www.flymna.com/plan-a-trip/flight-schedule) တွင်အချိန်နှင့်တပြေးညီဝင်ရောက် ကြည့်ရှုနိုင်ပါတယ်

Booking: www.flymna.com

အသေးစိတ်အချက်အလက်များကို ☎️MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်

[English]

We are happy to announce that our domestic flights will resume on 16 December 2020!

The routes, in accordance with their dates, are listed in the image below, and you may find available flight time here: https://www.flymna.com/plan-a-trip/flight-schedule

Booking: www.flymna.com

For detailed information, please contact ☎️MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42

𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑤𝑖𝑡ℎ 𝑢𝑠! ✈️🇲🇲

ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေး စစီစဉ်နေပြီ-------------------နေပြည်တော်၊ဒီဇင်ဘာ၁၁ရက်ရခိုင်တွင်ကိုဗစ...
11/12/2020

ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေး စစီစဉ်နေပြီ
-------------------
နေပြည်တော်၊ဒီဇင်ဘာ၁၁ရက်

ရခိုင်တွင်ကိုဗစ်ကူးစက်မှု စတင်ခဲ့ပြီးနောက် ယာယီရပ်ဆိုင်းလိုက်သော ပြည်တွင်းလေကြောင်းလိုင်းများအား ယခုအခါတွင် ပြန်လည်ပြေးဆွဲနိုင်ရေး စစဉ်နေပြီဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကယနေ့ညတွင် ပြောဆိုလိုက်သည်။

လနှင့်ချီရပ်တန့်နေရသော ပြည်တွင်း လေကြောင်းလိုင်းများအပြင် မတ်လနောက်ပိုင်း ယာယီရပ်တန့်ထားသည့် ပြည်ပ ခရီးသည်တင်လေကြောင်းလိုင်းများကိစ္စကိုပါ စီစဉ်နေပြီဟုလည်း ပြည်သူကိုသတင်းစကားဆိုခဲ့သည်။

ပြည်တွင်းလေကြောင်းပျံသန်းရေးကိစ္စကို ကိုဗစ်စည်းကမ်းနှင့်အညီတိတိကျကျဆောင်ရွက်မည်ဖြစ်ပြီး ပျံသန်းရေးကိစ္စကိုအစောဆုံးဖြစ်အောင်လုပ်မည်ဟုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကယနေ့ညတွင် ပြောဆိုသည်။

နောင်နောင်/Myanmar Harp

နိုင်ငံတကာ ခရီးသွားအားလုံး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုပြီ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ထိုင်းနိုင်ငံတွင်းသို့ မ...
09/12/2020

နိုင်ငံတကာ ခရီးသွားအားလုံး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင်းသို့ မည်သူမဆို ရက်ရှည် Special Tourist Visa (STV) နဲ့ ဝင်ရောက်ခွင့် ပြုလိုက်တာပါ။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာက ခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုလိုက်ပါပြီ။ လာရောက်မယ့် နိုင်ငံတွေရဲ့ COVID-19 ကူးစက်မှု အခြေအနေကို မကြည့်တော့ဘဲ မည်သူမဆို ရက်ရှည် Special Tourist Visa (STV) နဲ့ ဝင်ရောက်ခွင့် ပြုလိုက်တာပါ။

လာရောက်မယ့် ခရီးသွားတွေဟာ ထိုင်းနိုင်ငံရဲ့ ၁၄ ရက် Quarantine အစီအစဉ်ကို လိုက်နာရဦးမှာဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ဒီဇင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ ခရီးသွားလုပ်ငန်း စည်ကားလာဖို့အတွက် ဖြေလျှော့ရေး ပေါ်လစီ ထင်ဟပ်ရေးမှာ အစိုးရဘက်က အလှည့်ပြောင်း တခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် STV ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေကို နောက်ထပ် ရက် ၃၀ ဒါမှမဟုတ် ပေါင်း ရက် ၆၀ နေထိုင်ရေး အချိန်ကာလ တိုးမြင့်ပေးထားတယ်လို့ မစ္စ Rachada က ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကလည်း ထွက်ပေါ်နေတဲ့ ကောလဟာလတွေလို ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကြုံတွေ့နေတာမျိုး မရှိသလို၊ အစုလိုက် ကူးစက်ပျံ့နှံ့တဲ့ အခြေအနေလည်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

ပြည်သူတွေကိုလည်း အခြေအနေ ပိုးဆိုးသွားသယောင် အထိတ်တလန့် မဖြစ်ကြဖို့နဲ့ မီဒီယာတွေရဲ့ လွန်ကျူး ရေးသားချက်တွေကြောင့် စိုးရိမ်လွန်ပြီး ဟိုတယ်မှာ တည်းခိုဖို့ ကြိုတင်ဘိုကင် အများအပြား ဖျက်သိမ်းသွားကြတယ်လို့ ဝန်ကြီးချုပ် ချန်အိုချာက ဆိုပါတယ်။

ရောဂါထိန်းချုပ်ရေးဌာန ဒေါက်တာ Chakrarat Pittayawonganon က လက်ရှိ ကူးစက်ခံနေရသူတွေဟာ ဘန်ကောက်မြို့တော်က ပုဂ္ဂိုလိကဆေးရုံနဲ့ State Quarantine က ကျန်းမာရေးဝန်ထမ်း ၄ ဦးဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင် ပေါ့ဆမှုကြောင့် ဒါမှမဟုတ် တခြား အကြောင်းရင်းကြောင့် ဆိုတာကို စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေကနေ ဒီဇင်ဘာ ၈ ရက်က COVID-19 ကူးစက်ခံရသူ ၁၉ ဦးရှိပြီး ဒီထဲက ၁ ဦးက မြန်မာနယ်စပ် တာချီလိတ်မြို့နဲ့ ဆက်စပ်နေတဲ့ ၃၉ ဦးမြောက် ကူးစက်ခံရသူလည်း ဖြစ်ပါတယ်။

Chiang Rai မှာနေတဲ့ အဆိုပါအမျိုးသားဟာ နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ထဲက COVID-19 ကူးစက်ခံထားရတဲ့ နောက်ဆုံး ထိုင်းလူမျိုးဖြစ်ပြီး ရောဂါလက္ခဏာ မပြဘူးလို့ ဒေါက်တာ Chakrarat က ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံရသူပေါင်း ၄,၁၅၁ ဦးရှိပြီး သေဆုံးသူ ၆၀ ဦးရှိကာ ပြန်လည် သက်သာလာသူ ၃,၈၈၀ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Irrawaddy Travel
မှကူးယူဝေမျှဖော်ပြပါသည်။

𝟑𝟎𝐓𝐇 𝐘𝐀𝐍𝐆𝐎𝐍 - 𝐒𝐈𝐍𝐆𝐀𝐏𝐎𝐑𝐄 - 𝐘𝐀𝐍𝐆𝐎𝐍 𝐑𝐄𝐋𝐈𝐄𝐅 𝐅𝐋𝐈𝐆𝐇𝐓 𝐎𝐍 𝟏𝟏 𝐃𝐄𝐂𝐄𝐌𝐁𝐄𝐑 𝟐𝟎𝟐𝟎မြန်မာအမျိုးသားလေကြောင်းမှ စင်္ကာပူနိုင်ငံရှိ ပြည်ထောင...
06/12/2020

𝟑𝟎𝐓𝐇 𝐘𝐀𝐍𝐆𝐎𝐍 - 𝐒𝐈𝐍𝐆𝐀𝐏𝐎𝐑𝐄 - 𝐘𝐀𝐍𝐆𝐎𝐍 𝐑𝐄𝐋𝐈𝐄𝐅 𝐅𝐋𝐈𝐆𝐇𝐓 𝐎𝐍 𝟏𝟏 𝐃𝐄𝐂𝐄𝐌𝐁𝐄𝐑 𝟐𝟎𝟐𝟎

မြန်မာအမျိုးသားလေကြောင်းမှ စင်္ကာပူနိုင်ငံရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံးနှင့်ညှိနှိုင်း၍ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် စင်ကာပူနိုင်ငံသို့သွားရောက်မည့် ခရီးသည်များ နှင့် နေရပ်သို့ပြန်မည့် မြန်မာနိုင်ငံသားများ အတွက် အကြိမ် (၃၀)မြောက် Relief Flight ခရီးစဉ်အားပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။

ထွက်ခွာချိန် ဆိုက်ရောက်ချိန်
ရန်ကုန် - စင်္ကာပူ 9:30 14:00
(UB - 1001)
စင်္ကာပူ - ရန်ကုန် 15:30 17:00
(UB - 1002)

ရန်ကုန် - စင်္ကာပူ
ရန်ကုန် - စင်္ကာပူ ကယ်ဆယ်ရေးခရီးစဉ်တွင်လိုက်ပါမည့် ခရီးသည်များအနေဖြင့် စင်္ကာပူနိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာ ရှိရမည်ဖြစ်ပါသည်။ ၇၂နာရီအတွင်း စစ်ဆေးထားသော Covid - 19 Negative Test Result ပါရှိမှာသာ စင်္ကာပူနိုင်ငံသို့ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

ရန်ကုန် - စင်္ကာပူ ကယ်ဆယ်ရေးခရီးစဉ်အတွက် online register ပြုလုပ်ခြင်းအား တနင်္ဂနွေနေ့ ( ၆.၁၂.၂၀၂၀ ) နံနက် ( ၀၈း၃၀ ) နာရီတွင် ဦးရာလူစနစ်ဖြင့် စတင်ဖြည့်စွက်နိုင်မည်ဖြစ်ပြီး သတ်မှတ်ခရီးသည်ဦးရေပြည့်သည်နှင့် စာရင်းပိတ်သွားမည်ဖြစ်ပါသည်။ မဖြစ်မနေ ဖြည့်စွက်ရမည့် အချက်အလက်များမှာ နာမည်၊ Passport Number ၊ Phone Number ၊ Valid Entry Approval ( attached file တွဲရန် ) ဖြစ်ပါသည်။ အချက်အလက်မပြည့်စုံသူများ register စာရင်းတွင် ပါ၀င်မည် မဟုတ်ပါ။
Online Register Form အား အလွယ်တကူ ဖြည့်စွက်နိုင်စေရန် ဆောင်ရွက်ပေးထားသည့်အတွက် သတ်မှတ် စတင်ချိန်တွင် မည်သူမဆို ဦးရာလူစနစ်ဖြင့် လွယ်ကူစွာ ၀င်ရောက်ဖြည့်စွက်နိုင်မည်ဖြစ်ပါသည်။
Online Register Form ကို အောက်ဖော်ပြပါ link “https://zfrmz.com/8bMofJdOtIUgqRXOwf4k "မှ တိုက်ရိုက်ဝင်ရောက်နိုင်ပါသည်။
MNA အနေဖြင့် relief flight များတွင် authorized agent မှတဆင့် ရောင်းချခြင်းမျိုး မရှိပါ။

ရန်ကုန် - စင်္ကာပူ လက်မှတ်ဈေးနှုန်း
Business Class: USD 409
Economy Class: USD 261

စင်္ကာပူ - ရန်ကုန်
စင်္ကာပူ - ရန်ကုန် Relief Flight ခရီးစဉ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံး မှ ထုတ်ပြန်ထားသော ခရီးသည်စာရင်း အတိုင်းပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး အမည်စာရင်းတွင်ပါဝင်သောခရီးသည်များအနေဖြင့် [email protected] သို့
Subject နေရာတွင် "Relief Flight (11 December 2020)” ထည့်သွင်းပြီး ခရီးသည်အမည်၊ passport နံပါတ်၊ ဖုန်းနံပါတ် နှင့် embassy မှထုတ်ပြန်ထားသော အမည်စာရင်းမှ serial number တို့အား email ပေးပို့ပေးပါရန်နှင့် ဒီဇင်ဘာလ (၇)ရက်နေ့တွင် ငွေပေးချေမှုနှင့် လေယာဉ်လက်မှတ်ထုတ်ယူမှုပြုလုပ်ပေးပါရန် အသိပေးအပ်ပါသည်။

အသေးစိတ်အချက်အလက်မေးမြန်းမှုများအား 9791 2747/ 9068 8369 / 92707058 သို့ ဒီဇင်ဘာလ (၇) ရက်နေ့ ရုံးချိန် နံနက် ၉နာရီမှ ညနေ ၅နာရီအတွင်း ဆက်သွယ် ပြုလုပ်နိုင်ပါသည်။

စင်္ကာပူ - ရန်ကုန် လက်မှတ်ဈေးနှုန်း
Business Class: SGD 450
Economy Class: SGD 250

[English]

Myanmar National Airlines will operate 30th Yangon - Singapore - Yangon Relief Flight on 11 December 2020

Departure Arrival
Yangon – Singapore 9:30 14:00
(UB - 1001)
Singapore - Yangon 15:30 17:00
(UB - 1002)

Yangon - Singapore
Please note that the passengers are required to present necessary documents to enter Singapore. Starting from 17 November 2020, passengers are required to present Covid-19 Negative Result, tested within 72 hours, upon entering Singapore.

The registration for Yangon - Singapore relief flight will only be accepted via online registration (Link: “https://zfrmz.com/8bMofJdOtIUgqRXOwf4k “ starting from 6 December 2020, 08:30am. The passengers must fill up Name, Passport Number, phone number correctly, and must attach Valid Entry Approval. Please be informed that the online registration is on a first come, first served basis.

Yangon - Singapore Fares
Business Class: USD 409
Economy Class: USD 261

Singapore - Yangon
Singapore - Yangon relief flight will be operated for the passengers listed by the embassy of The Republic of the union of Myanmar.

Please email passenger’s information to below email address:
[email protected]

Subject: Relief flight - 11 December 2020

(1) Passenger Name:
(2) Passport number:
(3) Contact number:
(4) Serial number from Embassy’s name list:

Staff will reply you with detailed information such as how to purchase ticket, payment process and flight information etc.,

Or you may call and inquire at (9791 2747/ 9068 8369 / 92707058) on Monday within office hours, 9am to 5pm.

Note: payment only will accept from 7 December 2020 on wards.

Singapore - Yangon Fares
Business Class: SGD 450
Economy Class: SGD 250

Please note that MNA does not sell relief flight tickets via authorized agents.

𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑤𝑖𝑡ℎ 𝑢𝑠! ✈️🇲🇲

Address

No. 8, Mahar Bawga 3rd Street, Hledan, Kamayut Township
Yangon
11041

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00

Telephone

+959428051778

Website

Alerts

Be the first to know and let us send you an email when Mine Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mine Tour:

Videos

Share

Category

About Mine Tour

Mine Tour Travel & Tour Co.,Ltd ကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ Travel & Tour Industry လောကတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော မနန်းထက်ထက်နှင့် မဖူးသစ်နွယ်တို့မှ မြန်မာနိုင်ငံသားများ တိုင်းပြည်အနှံ့ ခရီးစဉ်ပေါင်းများစွာကို ဝန်ဆောင်မှုကောင်းကောင်းနှင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ရည်ရွယ်ပြီး ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာပြည်တွင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများစွာရှိသော်လည်း ဈေးကွက်လိုအပ်ချက်နှင့် ခရီးသွားပြည်သူများ၏ လမ်းခရီးတစ်လျှောက် အဆင်ပြေချောမော့စွာ သွားလာနိုင်သော one stop customer service ဝန်ဆောင်မှုများကို ပေးနိုင်ရန် ရည်ရွယ်ပြီး ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။

Mine Tour နှင့်ခရီးသွားခဲ့ဖူးသူအားလုံး၏ ကောင်းမွန်သော မှတ်ချက်နှင့် recommendation များရနေခြင်းမှာ Mine Tour ၏ ထူးခြားချက်ပင် ဖြစ်ပါသည်။ Rating 5.0 တွင် 4.9 ရရှိထားသော ကုမ္ပဏီဖြစ်ပါသည်။

Mine Tour Travel & Tour Agency မှ ယခုအခါ မြန်မာပြည်အနှံ့ပြည်တွင်းခရီးစဉ်များ၊ ပြည်ပခရီးစဉ်များအပြင် Ticketing services များ၊ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကားစီးလုံးငှား (car rental services) ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။