Ayarwaddy Legend Travels & Tours

Ayarwaddy Legend Travels & Tours Ayarwaddy Legend offers a variety of quality tours-tailor-made, package, FIT and incentives-with reasonable tour prices and tip-top service to our customer

We welcome everyone to visit us..!!!

18/07/2022
🌹🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ 🙏💐~~~~~~~~~~~~~~~~~~~~~~~~~~~ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ"သန္ဓေ တောထွက် ဓ...
12/07/2022

🌹🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ 🙏💐
~~~~~~~~~~~~~~~~~~~~~~~~~~~

ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
"သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို" ဖွင့်ပြထားပါတယ်။

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်စပ်သော
၀ါဆိုလပြည့်နေ့၏ ထူးခြားဖြစ်စဉ်များမှာ
*************************
၁။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား
ပဋိသန္ဓနေသောနေ့
၂။ ဘုရားလောင်း တောထွက်တော်မူသောနေ့
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့******************************

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂီ ၅ ဦးတို့ စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထား တောင်းပန်ချက်အရ-
အဘယ်သူ့ကိုတရားဦး ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊ ဣနြ္ဒိယ ပရောပရိယဉာဏ်တော်တို့ ဖြင့်ဆင်ခြင်ခြင်းဖြစ်သည်။

ပထမ ဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ ဆရာကိုမြင်၏။ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည်။ ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။

ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။

သူတို့ငါးဦးသည် ဘုရားလောင်းက အစားအသောက်ချိုးခြံသောအကျင့်မှ ပုံမှန်ပြန်လည်စားသောက်သောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တောသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

မြတ်ဗုဒ္ဓသည် ထိုရသေ့များထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက်မှ ဗာရာဏသီအနီးရှိ မိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။ မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ဝတ်မပြုလိုကြတော့ပေ။

သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။
သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့သည် ခရီးဦးကြိုကြရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။

မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။
ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။
ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။
ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစတည်း။

ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။
ထို့ ပြင်၊ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထားပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။
တရားနာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။

ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ်
အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော်
(၁) ရက်နေ့၌ အရှင်ဝပ္ပ၊
(၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊
(၃) ရက်နေ့၌ အရှင်မဟာနာမ်၊
(၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။
ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့့" ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

Credit : Original Post

15/06/2022
30/04/2022
30/04/2022
24/04/2022
Public Health Requirements for Travellers Who Wish To Enter Into Myanmar Through Air Transport ( 7-4-2022)
11/04/2022

Public Health Requirements for Travellers Who Wish To Enter Into Myanmar Through Air Transport ( 7-4-2022)

April 17 ရက်မှစပြီး မြန်မာနိုင်ငံအဝင်အား Quarantine (၁) ရက်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပါပြီ....
07/04/2022

April 17 ရက်မှစပြီး မြန်မာနိုင်ငံအဝင်အား Quarantine (၁) ရက်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပါပြီ....

23/03/2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ (၀၆၀၀)နာရီ မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် မြန်မာနိုင်ငံသား ခရီးသည်များ အနေဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသနိုင်မှသာ ခရီးစဉ်တွင်လိုက်ပါနိုင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းနှင့် ပျံသန်း စီးနင်းလိုက်ပါမည့် ခရီးသည်များအား အသိပေးအပ်ပါတယ်ရှင်။

[English]

According to the statement of The Ministry of Immigration and Population, we would like to inform our passengers that Myanmar citizens must present NRC card for domestic air travel starting from 1 April 2022, 06:00.

Credit : Original Post

21/03/2022
21/03/2022

၂၀၂၂ ခုနစ်၊ မတ်လ၊ ၂၂ ရက်နေတွင် ဝင်ရောက်မည့် Asani ဆိုင်ကလုန်းကြောင့် MAI နှင့် Air KBZ မှ စစ်တွေ၊ ကျောက်ဖြူ နှင့် သံတွဲခရီးစဉ်တို့ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မုန်တိုင်းနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအခြေအနေများအပေါ်မူတည်၍ အခြားခရီးစဉ်ပြေးဆွဲခြင်းများကိုလည်း ယနေ့မြန်မာစံတော်ချိန် ၁၅:၀၀ နာရီတွင် ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက် ခရီးသည်များအား ကျွန်ုပ်တို့ MAI နှင့် Air KBZ မှ အနူးအညွှတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။ ခရီးသည်များ၊ ဝန်ထမ်းများနှင့် လေယာဉ် ဘေးကင်းလုံခြုံမှုအား ပထမဦးစားပေးအဖြစ် အလေးထားဆောင်ရွက်လျှက်ရှိပါသည်။

ထပ်မံစုံစမ်းမေးမြန်းလိုပါက Hotline: +95 19670007 မှတဆင့်လည်း ဆက်သွယ်နိုင်ပါသည်။

𝐅𝐥𝐢𝐠𝐡𝐭 𝐂𝐚𝐧𝐜𝐞𝐥𝐥𝐚𝐭𝐢𝐨𝐧 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐟𝐨𝐫 𝟐𝟐 𝐌𝐚𝐫 𝟐𝟎𝟐𝟐

Due to Cyclone Asani, MAI & Air KBZ will cancel flights to Sittwe, Kyaukpyu & Thandwe on 22 Mar 2022.

We will provide another update at 1500 local time today, based on the latest conditions for our other operating sectors.

We apologize for any inconvenience caused, as we prioritize the safety of our passengers, crew members & equipment.

For more information, please contact;
Hotline: +95 19670007.





Address

No 104, 37th Street(lower Block) Kyauttada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00
Sunday 09:00 - 13:00

Alerts

Be the first to know and let us send you an email when Ayarwaddy Legend Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayarwaddy Legend Travels & Tours:

Share