Golden Dragon Travels & Tours

Golden Dragon Travels & Tours ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်
ကားလက်မှတ်များကို ဝယ်ယူနိုင်ပါတယ်။

မင်္ဂလာရှိသော ညချမ်းလေးပါ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်းဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်း။🌹🕯🌹🕯🌹🕯🌹🕯🌹🕯🌹🕯🌹🕯🌹၁။ အရှေ...
09/04/2022

မင်္ဂလာရှိသော ညချမ်းလေးပါ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်း
ဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်း။
🌹🕯🌹🕯🌹🕯🌹🕯🌹🕯🌹🕯🌹🕯🌹

၁။ အရှေ့အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၂။ အနောက်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၃။ မြောက်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၄။ တောင်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၅။ အရှေ့တောင်ထောင့် အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၆။ အနောက်မြောက်ထောင့် အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၇။ အရှေ့မြောက်ထောင့် အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၈။ အနောက်တောင်ထောင့် အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၉။ အောက်အရပ်၌ရှိသော
ထက်ဝန်းကျင် အနန္တစင်္ကြာဝဠာ
အပါယ်ဘုံသား အနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင်
အနန္တစင်္ကြာဝဠာ အနန္တနတ်ဗြဟ္မာတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

💆💆‍♀️🤦‍♂️🤦‍♀️တခါတလေ ကိုယ့်အကြောင်းကို အေးအေးဆေးဆေးနဲ့ တယောက်ထဲပြန်စဉ်းစား သုံးသပ်ကြည့်တဲ့အခါငါအတော်ပင်ပန်းနေပါလားလို့ သိ...
09/04/2022

💆💆‍♀️🤦‍♂️🤦‍♀️
တခါတလေ ကိုယ့်အကြောင်းကို
အေးအေးဆေးဆေးနဲ့ တယောက်ထဲ
ပြန်စဉ်းစား သုံးသပ်ကြည့်တဲ့အခါ
ငါအတော်ပင်ပန်းနေပါလားလို့ သိရတယ်

ဒီလိုပင်ပန်းတာတွေဟာ
အချို့က ကိုယ့်ကြောင့် ...
အချို့က ပတ်ဝန်းကျင်ကြောင့် ...
အချို့က အနားမှာရှိတဲ့ လူတွေကို
အားမလိုအားမရတဲ့ စိတ်တွေကြောင့်ပါပဲ

ဒါဆိုရင်တော့ ...
လျှော့သင့်တာတွေ လျှော့ရမယ်...
မေ့သင့်တာတွေကို မေ့လိုက်ရမယ်...
ခွင့်လွှတ်သင့်တာတွေ ခွင့်လွှတ်ဖို့လိုတယ်

ဒါမှသာ ကိုယ့်ရဲ့စိတ်က ...
သက်တောင့်သက်သာ ဖြစ်လာမယ်
နေရထိုင်ရတာလဲ အဆင်ပြေလာမယ်
ခရီးထွက်ပြီး အနားယူသင့်လဲ ယူရမယ်

ဒီလိုစိတ်တွေ Relax ဖြစ်ဖို့အတွက်
ခရီးတခုခုကို သွားတော့မယ်ဆိုရင်လဲ
ရွှေနဂါးကိုတော့ သတိရဖို့ မမေ့နဲ့နော် ...

🚌 ရွှေနဂါးနဲ့ အတူ ...
🙏 တောင်ပေါ်သွားပြီး ဘုရားဖူးမလား❓
🏖️ ကမ်းခြေသွားပြီး အနားယူကြမလား❓

🙏 ကျိုက်ထီးရိုး
🏖 ချောင်းသာ
🏝 ငွေဆောင်
🚐 ကားခသီးသန့် ဆိုရင် ....
☝️ အသွားအပြန် တဦးကို - 25000
⏰ နေ့စဉ် မနက် ၆-နာရီ ရှိပါတယ်‼️

[ကားခ + ဟိုတယ်ခ] တွဲရက်ဆိုရင်
🙏 ကျိုက်ထီးရိုး
☝️ 1 ညအိပ် - 50000 Ks
✌️ 2 ညအိပ် - 75000 Ks

🏖 ချောင်းသာ
☝️ 1 ညအိပ် - 65000 Ks
✌️ 2 ညအိပ် - 95000 Ks

🏝 ငွေဆောင်
☝️ 1 ညအိပ် - 60000 Ks
✌️ 2 ညအိပ် - 90000 Ks

🏡 ကားလမ်းနောက်ဟိုတယ်
☝️ 1 ညအိပ် - 40000 Ks
✌️ 2 ညအိပ် - 55000 Ks

(ပိတ်ရက်တွေတော့ ဈေးနဲနဲပိုပါတယ်)

👉 လက်မှတ် ဝယ်မယ်ဆိုရင် •••
📲 09-456 456 570
📲 09-456 456 580
📲 09-456 456 590 ကို ဆက်လိုက်နော်

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းပါဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဓမ်မံ သရဏံ ဂစ်ဆာမိ သံဃံ သရဏံ ဂစ်ဆာမိ ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဒုတိယ...
08/04/2022

🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်းပါ

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ ...🙏🙏🙏

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ ...🙏🙏🙏

🙏🙏🙏
08/04/2022

🙏🙏🙏

စိတ်ထားတတ်ရင် မဆင်းရဲပါ****************************စိတ်ဆင်းရဲတယ် ဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်ဆိုတဲ့ အပြင်အကြောင်းတရားက သာမည...
08/04/2022

စိတ်ထားတတ်ရင် မဆင်းရဲပါ
****************************

စိတ်ဆင်းရဲတယ် ဆိုတဲ့နေရာမှာ
ပတ်ဝန်းကျင်ဆိုတဲ့
အပြင်အကြောင်းတရားက သာမညပါ။

ကိုယ့်အတွေးဆိုတဲ့
အတွင်းအကြောင်းတရားက အဓိကပါ။

ကိုယ့်အတွက် ချမ်းသာဆင်းရဲက
ကိုယ့်ပေါ်မှာပဲ အဓိက မူတည်တာ။
တခြားဘယ်သူ့ အပေါ်မှာမှ,
ဘယ်အရာပေါ်မှာမှ
အဓိက မူမတည်ဘူး။
ဒါကြောင့် စိတ်ချမ်းသာအောင်
နည်းလမ်းရှာပြီးတော့
ကိုယ့်စိတ်ကို ပြုပြင်ရမှာ။ ဆုံးမရမှာ။
ကိုယ့်စိတ် ကိုယ့်အတွေးတွေကိုပဲ
သဘာဝကျအောင်, မှန်ကန်အောင်
တွေးတောဆင်ခြင်နိုင်ဖို့ ကြိုးစားရမှာ။

"အပြင်အကြောင်းတရားတွေကြောင့်
ငါ့စိတ်ဆင်းရဲနေတာ"လို့ ထင်ပြီးတော့
အပြင်ဘက်က အရာတွေကိုပဲ
ပြုပြင်ပြောင်းလဲဖို့, စိတ်တိုင်းကျဖို့
ကြိုးစားနေမယ် ဆိုရင်တော့
စိတ်ချမ်းသာဖို့က
တော်တော်ကြီးကို ဝေးနေဦးမှာပဲ။

ပတ်ဝန်းကျင်အကြောင်းတရားဆိုတာက
ဖယ်ချင်တိုင်းလည်း ဖယ်လို့မရဘူး။
ပြင်ချင်တိုင်လည်း ပြင်လို့မရဘူး။
ကိုယ့်အတွေးတွေကသာ ...
ဖယ်ချင်တိုင်းလည်း ဖယ်လို့ရတယ်။
ပြင်ချင်တိုင်းလည်း ပြင်လို့ရတယ်။

ဒါကြောင့် ကိုယ့်စိတ်ကိုသာ
ကိုင်တွယ်တတ်အောင် ကြိုးစားရမှာ။

ဆင်းရဲတယ်ဆိုတာ ...
အကြောင်းတွေရှိလို့ ဆင်းရဲတာ။
အလကားဆင်းရဲနေတာ မဟုတ်ဘူး။
စိတ်ဆင်းရဲခြင်းရဲ့
အဓိကအကျဆုံး အကြောင်းတရားက
လိုချင်တယ်, ရချင်တယ်,
ဖြစ်ချင်တယ်ဆိုတဲ့ လောဘပဲ။

လူတွေထင်တာက
ကိုယ်လိုချင်တာ မရလို့,
ကိုယ်ဖြစ်ချင်တာမဖြစ်လို့
ဆင်းရဲတာလို့ ထင်နေကြတာ။
အမှန်က မရလို့ ဆင်းရဲတာမဟုတ်ဘူး
ရချင်လို့ ဆင်းရဲနေတာ။
မရလို့ဆင်းရဲတာလို့ ထင်နေရင်တော့
မရတိုင်း ဆင်းရဲနေရမှာပဲ။
ရချင်လို့ ဆင်းရဲတာလို့သိမှ
အမှန်သိလို့ ခေါ်တာ။
ရချင်စိတ်ကို လျှော့လိုက်တာနဲ့
ဆင်းရဲလည်း လျော့သွားတာပဲ။
ဒါ သဘာဝ ပဲ။

ဒီနေရာမှာ ရချင်တယ်ဆိုတာ
အမျိုးမျိုးရှိတယ်။
ပစ္စည်းဥစ္စာကို ရချင်တယ်,
ဂုဏ်ပကာသနကို ရချင်တယ်,
ထင်ပေါ်ကျော်ကြားမှုကို ရချင်တယ်,
သူများရဲ့ အထင်ကြီးမှု, လေးစားမှု,
တန်ဖိုးထားမှု, ချစ်ခင်မှု,မြတ်နိုးမှု,
အသိအမှတ်ပြုမှုတွေကို ရချင်တယ်။
လောဘရဲ့နယ်က အကျယ်ကြီး။
ဘာကိုပဲ ရချင်ရချင်
ရချင်နေရင်တော့ ဆင်းရဲရမှာပဲ။

လောဘဆိုတာ
သူလိုတာ မရတော့လည်း
မရလို့ ဆင်းရဲစေတယ်။
ရတော့လည်း
ရပြီးသား အဲဒီအရာကို
သိပ်မခံစားတော့ဘဲနဲ့
နောက်ထပ် သူလိုချင်တာတစ်ခုကို
ထပ်ပြီးတော့ တောင်းဆိုတယ်။

အဲဒါ မရမချင်း
ရချင်စိတ်နဲ့ ပူလောင်စေတယ်။
အဲဒါ ရသွားရင်လည်း
နောက်တစ်ခု ထပ်တောင်းမယ်။
အဲလိုနဲ့ပဲ
နောက်တစ်ခု, နောက်တစ်ခုနဲ့
ဘယ်တော့မှ မပြီးဘူး။
လောဘ ဆိုတာ ...
ဘယ်တော့မှ ဝတယ်လို့ မရှိဘူး။

နောက်တစ်ခု ဆိုးတာက
လောဘ ဖြစ်လာပြီဆိုရင်
တကယ်မလိုအပ်ဘဲနဲ့ လိုအပ်တယ်လို့
ထင်နေတဲ့ကိစ္စပဲ။
တချို့ဟာတွေဆိုရင် မရမနေနိုင်
အသဲအသန် ရအောင် ကြိုးစားခဲ့တယ်။
ရလည်းရရော ချောင်ထိုးထားတယ်။
တချို့တလေဆို ရှိမှန်းတောင် မသိတော့ဘူး။
တကယ် မလိုအပ်ဘဲနဲ့ အပိုတွေကို
ရှာဖွေရင်း,သိမ်းဆီးရင်း,
စောင့်ရှောက်ရင်းနဲ့ပဲ အချိန်ကုန်တယ်။

လောဘအကြောင်း
ကောင်းကောင်းနားလည်လေ
လောဘနည်းလေပဲ။
လောဘနည်းလေ သက်သာလေပဲ။
"ဘယ်သူ့ဆီကမှ ဘာကိုမှ မရချင်ဘူး"လို့
စိတ်ကူးကြည့်စမ်းပါ။
ဘယ်လောက်ပေါ့သွားမလဲ?။

"ဘာကိုမှ" ဆိုတာထဲမှာ
အသိမှတ်ပြုမှုတွေ,လေးစားမှုတွေ,
ချစ်ခင်မှုတွေ,မြတ်နိုးမှုတွေ
အကုန်ပါတယ် ။
အများစုက
အဲဒါတွေ ရချင်နေလို့ ဆင်းရဲနေတာ။
အဲဒါတွေမရလို့ ဆင်းရဲနေတာ။
အဲဒါတွေရအောင်လုပ်ရင်းနဲ့ ပင်ပန်းနေတာ။

လိုရင်းပြောရရင်
ဘာကိုပဲ လိုချင်လိုချင်
လိုချင်နေရင်တော့ ဆင်းရဲရမယ်။
လိုချင်ခြင်းဟာ ဆင်းရဲခြင်းရဲ့အကြောင်းပဲ။
အဲဒါဟာ အချိန်မရွေး, နေရာမရွေး,
လူမျိုးမရွေး, ဘာသာမရွေး
အားလုံးအတွက် အမှန်းတရားပဲ။

"လိုချင်မှုက အကြောင်း,
ဆင်းရဲမှုက အကျိုး"

သဘာဝတရားတွေဆိုတာ စက်တွေလိုပဲ။
ဒီခလုပ်နှိပ်လိုက်ရင် ဒီအလုပ်လုပ်မှာ။

ကား ဆိုပါတော့ -
လီဗာနင်းလိုက်ရင်တော့
ရှေ့မှာ ဘယ်သူရှိရှိ
ဘာရှိရှိ တိုက်ပစ်လိုက်မှာပဲ။
ကားပေါ်မှာ ဘယ်လိုလူပဲပါပါ
တိုက်ပစ်မှာပဲ။ ဘယ်သူ့ကိုမှ
ငဲ့ညှာထောက်ထားတဲ့သဘော မရှိဘူး။

သဘာဝတရားတွေဟာလဲ ဒီတိုင်းပဲ။
ဒီအကြောင်းရှိရင် ဒီအကျိုးဖြစ်မှာ။
ဘယ်သူမှ မငဲ့ညှာဘူး။

ဆင်းရဲစရာ အကြောင်းများရင်
ဆင်းရဲများမှာပဲ။
ဆင်းရဲစရာ အကြောင်းနည်းရင်
ဆင်းရဲနည်းမှာပဲ။
ဆင်းရဲစရာ အကြောင်းချုပ်ရင်
ဆင်းရဲချုပ်မှာပဲ။

စိတ်မဆင်းရဲအောင် ...
ကိုယ့်စိတ်ကို မှန်မှန်ကန်ကန်သိပြီး
ကိုင်တွယ်တတ်ဖို့ လိုတယ်။
စိတ်ထားတတ်ရင် မဆင်းရဲပါဘူး။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

✴️✴️✴️✴️✴️သံလိုက်က သံကိုပဲ ဆွဲတယ်သစ်သားကို မဆွဲဘူး၊မီးဆိုတာလည်း အမှိုက်ရှိရာပဲ လာတတ်တာမီးက ရေနောက်မလိုက်ဘူး၊လူမိုက်ကလည်း...
08/04/2022

✴️✴️✴️✴️✴️

သံလိုက်က
သံကိုပဲ ဆွဲတယ်
သစ်သားကို မဆွဲဘူး၊

မီးဆိုတာလည်း
အမှိုက်ရှိရာပဲ လာတတ်တာ
မီးက ရေနောက်မလိုက်ဘူး၊

လူမိုက်ကလည်း
လူမိုက်နဲ့ပဲ ပေါင်းသင်းလိမ့်မယ်

တရားသမားကလည်း
တရားသမားချင်းသာ
ပေါင်းပါလိမ့်မယ်။

သဘောချင်းတူရာနဲ့
မိမိအလို လိုက်ရာကို
စိတ်က လိုက်ပါတယ်။

စိတ်ကို မကောင်းတဲ့ဘက်
မသွားစေချင်ရင်
ကိုယ့်မှာရှိတဲ့
မကောင်းတဲ့ဓာတ်တွေ
အရင် ဖျက်ပစ်ရမယ်။

ကိုယ့်ဆီမှာ
မကောင်းတာတွေ ရှိနေရင်
သူများတွေဆီက
မကောင်းတာတွေလာမယ်။

ကိုယ့်ဆီက
မကောင်းတာတွေကလည်း
သူများရဲ့မကောင်းတွေနဲ့ပဲ
သွားပေါင်းလိမ့်မယ်။

လောကကြီးမှာ
သဘောတူရာချင်းသာ
ပေါင်းဖက် တွေ့ဆုံတတ်ကြတယ်
ဓါတ်တူခြင်းသာ တွေ့လိမ့်မယ်။

ကိုယ့်မှာ မာနကင်းနေရင်
ဂါရဝရှိသူနဲ့သာ
ဆုံတွေ့ရတတ်ပါတယ်။

ကိုယ့်မှာ မာနရှိနေရင်တော့
မာနသမားက လာပေါင်းမယ်။

တဏှာရှိနေရင်
တဏှာသမားက
လာပေါင်းမယ်

မေတ္တာရှိနေရင်
မတ်ေတာသမားက
လာပေါင်းမယ်

ပေါင်းတယ်ဆိုတာ
အရှိသဘောတွေကို
လာပေါင်းကြတာ။

အကောင်း အကောင်းချင်း
ပေါင်းနိုင်အောင် ကြိုးစားကြမှ
ကောင်းကျိုးရမယ်။

မဟာဗောဓိမြိုင် ဆရာတော်ဘုရား🙏🙏🙏

🏖️🏝️🚐🚎🚌တချိန်ထဲ အတူတူထွက်တော့ ...တဆိုင်ထဲမှာ အတူတူလာဆုံတာပေါ့🙏ကျိုက်ထီးရိုး(နေ့စဉ်)             🏖️ချောင်းသာ(နေ့စဉ်)     ...
08/04/2022

🏖️🏝️🚐🚎🚌
တချိန်ထဲ အတူတူထွက်တော့ ...
တဆိုင်ထဲမှာ အတူတူလာဆုံတာပေါ့

🙏ကျိုက်ထီးရိုး(နေ့စဉ်)
🏖️ချောင်းသာ(နေ့စဉ်)
🏝️ငွေဆောင်(နေ့စဉ်)

ဘုရားဖူးနှင့် အပန်းဖြေခရီးများကို
ကားသစ် ကားကောင်း ကားသန့်များဖြင့်
ရွှေနဂါးမှ နေ့စဉ် ပြေးဆွဲပေးနေပါတယ်။

🚌 ကားခ သီးသန့်ဆိုရင် ....
☝️ အသွားအပြန် တဦးကို - ၂၅၀၀၀
⏰ နေ့စဉ် မနက် ၆-နာရီ ရှိပါတယ်‼️

👉 အသေးစိတ် သိရအောင် နဲ့
📥 လက်မှတ် ဝယ်ယူမယ် ဆိုရင် ....
📲 09 456 456 530
📲 09 456 456 540 တို့ကို
ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ် •••

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းပါ ...ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဓမ်မံ သရဏံ ဂစ်ဆာမိ သံဃံ သရဏံ ဂစ်ဆာမိ ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဒ...
07/04/2022

🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်းပါ ...

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ ...🙏🙏🙏

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ ...🙏🙏🙏

🙏 မင်္ဂလာရှိသော ညချမ်းလေးပါ 🙏🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺၁။ လုံးစုံများစွာ သတ္တဝါ        ချမ်းသာကိုယ်စိတ် မြဲပါစေ        ဥပါဒ်ရန်ဘေး ကင...
07/04/2022

🙏 မင်္ဂလာရှိသော ညချမ်းလေးပါ 🙏
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

၁။ လုံးစုံများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၂။ ကြောက်တတ် မကြောက်တတ်
နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၃။ မြင်အပ် မမြင်အပ်
နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၄။ ဝေးနေ နီးနေ
နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၅။ ဘ၀ဇာတ်ဆုံး
မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၆။ ရှည်-တို-အလတ်
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၇။ ကြီး-ငယ်-အလတ်
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၈။ ဆူ-ကြုံ-အလတ်
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🙏

၉။ လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ။🙏

၁၀။ အထင်သေးခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။🙏

၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။🙏

🚌🚌🚌ရွှေနဂါး ခရီးသွားလုပ်ငန်းတွင် •••လက်ရှိပြေးဆွဲနေသော ကားအမျိုးအစားBrand - HigerModel - 2020/20219Q - 1305 (49- Seat)
07/04/2022

🚌🚌🚌
ရွှေနဂါး ခရီးသွားလုပ်ငန်းတွင် •••
လက်ရှိပြေးဆွဲနေသော ကားအမျိုးအစား

Brand - Higer
Model - 2020/2021
9Q - 1305 (49- Seat)

✴️✴️✴️✴️✴️ကောင်းတာတွေဆိုတာ ...ကိုယ်ကောင်းတာ စိုက်ပျိုးခဲ့တာရှိမှစားသုံးခွင့် ရကြပါတယ် ။ဘဝမှာ ကောင်းတာတွေချည်းလိုချင် ဖြစ...
07/04/2022

✴️✴️✴️✴️✴️

ကောင်းတာတွေဆိုတာ ...
ကိုယ်ကောင်းတာ စိုက်ပျိုးခဲ့တာရှိမှ
စားသုံးခွင့် ရကြပါတယ် ။

ဘဝမှာ ကောင်းတာတွေချည်း
လိုချင် ဖြစ်ချင်လို့ မရပါဘူး ။

ကိုယ်က ကောင်းတာတွေကို
အမြဲပြုဖြစ်ခဲ့လားလို့ အရင်မေးပါ ။

သေချာတာကတော့ ...
တစ်ခါတစ်ရံသာ ကောင်းခဲ့ပြီး

အမြဲတမ်း မကောင်းခဲ့တာကတော့
သေချာပါတယ် ။

ကိုယ့် မကောင်းခဲ့တာကို
တခြားကို အပြစ်တင်မနေပါနဲ့
ဘယ်သူမပြု မိမိမှုလို့ပဲ မှတ်ယူပါ ။

နောင်ကို ကောင်းတာတွေ
များများပိုင်ဆိုင်ချင်တယ်ဆိုရင်

လက်ရှိဘ၀မှာ အပြစ်မရှိတဲ့
ကောင်းတာတွေကို များများပြုပါ ။

အကုသိုလ်မီးက တစ်လှည့်
ကုသိုလ်ရေက တစ်ခါဆိုရင်တော့
ကိုယ်လည်း အေးလိုက် ပူလိုက်ပေါ့ ။

အမြဲတမ်းလိုလို အေးချင်ရင်တော့
စိတ်ကောင်းလေးနဲ့ပဲ ...
အလုပ်ကောင်းတွေကို ကြိုးစားပြုပါ ။

သာရ ဂ ဝေ သီ

🙏🏖️🏝️🚎🚌သင်္ကြန် ရုံးပိတ်ရက်အတွင်း ...ဘုရားဖူးနှင့် အပန်းဖြေခရီးစဉ်များသွားရောက်လိုတဲ့ ဧည့်သည်များအတွက်ကျိုက်ထီးရိုး၊ ချေ...
07/04/2022

🙏🏖️🏝️🚎🚌
သင်္ကြန် ရုံးပိတ်ရက်အတွင်း ...
ဘုရားဖူးနှင့် အပန်းဖြေခရီးစဉ်များ
သွားရောက်လိုတဲ့ ဧည့်သည်များအတွက်
ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်
ခရီးစဉ်များအား ပိတ်ရက်မရှိဘဲ
ကားများ နေ့စဉ် ထွက်ရှိပေးပါတယ်‼️

🙏 ကျိုက်ထီးရိုး
🏖️ ချောင်းသာ
🏝️ ငွေဆောင်

🚌 ကားခသီးသန့် ဆိုရင် •••
☝️ အသွားအပြန် တဦးကို - ၂၅၀၀၀
⏰ နေ့စဉ် နံနက် ၆-နာရီ ရှိပါတယ်‼️

👉 လက်မှတ်ဝယ်မယ် ဆိုရင် •••
📲 09 456 456 530
📲 09 456 456 540 ကို ဆက်လိုက်နော်

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

✴️ မေတ္တာ နဲ့ ဆက်ဆံပါ ✴️ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် ဆက်ဆံ မူဟာ မေတ္တာနဲ့ဆက်ဆံပါ။မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမ...
07/04/2022

✴️ မေတ္တာ နဲ့ ဆက်ဆံပါ ✴️

ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ်
ဆက်ဆံ မူဟာ
မေတ္တာနဲ့ဆက်ဆံပါ။

မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ
လူမျိုးမရွေး ဘာသာမရွေး အတွက်
အဆင်ပြေတယ် ။

ဘယ်လို ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်
မေတ္တာနဲ့ ဆက်ဆံနေရင်
ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ
အပြစ် ကင်းတယ် ။

အပြစ် ကင်းတယ်ဆိုတဲ့
သဘော တရားက
ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ
အကုသိုလ် မဖြစ်တာ ။

အကုသိုလ် ဖြစ်တာကမှ
တကယ် ကြောက်စရာ ကောင်းတာ ။

သို့သော် လောက လူတွေက
ဘယ်ကိစ္စ ဖြစ်ဖြစ်
ကိုယ်က အနာမခံဘူး ဆိုတဲ့
မာန တရားကို
ရှေ့တန်း တင်လိုက်ကြတယ် ။

မေတ္တာ ပျောက်ကွယ် သွားတတ်တယ်

မာနက လောကမှာ အရာရာကို
ဖျက်စီး တတ်တယ် ။

ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏

🏞️ 🙏 🏖️ 🚎 🚌မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ သီးသန့်ခရီးသွားပြီး ဘုရားဖူးမယ်အနားယူမယ် အပန်းဖြေမယ်ဆိုရင် ...နေ့ချင်းပြန်ပဲ သွားမလ...
07/04/2022

🏞️ 🙏 🏖️ 🚎 🚌
မိသားစုတွေ၊ မိတ်ဆွေတွေနဲ့
သီးသန့်ခရီးသွားပြီး ဘုရားဖူးမယ်
အနားယူမယ် အပန်းဖြေမယ်ဆိုရင် ...

နေ့ချင်းပြန်ပဲ သွားမလား❓
ညအိပ်ခရီးတွေပဲ သွားမလား❓

ခရီးစဉ် နီးနီး ဝေးဝေး ...
အံစာတုန်း ကားလည်းရှိတယ်
၃၃-ယောက်စီး ကားလည်းရှိတယ်
၄၅ / ၅၀-ယောက်စီး ကားတွေရှိတယ်

ကားခ၊ ဟိုတယ်ခနဲ့ စားစရိတ်ငြိမ်း
(Package) တွေလည်း စီစဉ်ပေးပါတယ်

ကားကောင်း ကားသန့်လေးတွေနဲ့
သီးသန့်ခရီးတွေ သွားမယ်ဆိုရင်တော့
ရွှေနဂါးကို သတိရလိုက်ပါနော် .....

📲 09 456 456 570
📲 09 456 456 580
📲 09 456 456 590

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🙏🙏🙏🙏🙏နံနက်နိုးလာပြီလားကုသိုလ်လည်း နိုးထပါစေ။ကုသိုလ်လည်းဖြစ်စိတ်လည်းသစ်နိုးထကျက်သရေ ဖြစ်ပါစေ။( ဗောဓိမြိုင်သစ္စာရွှေပြည်ဆရ...
06/04/2022

🙏🙏🙏🙏🙏
နံနက်နိုးလာပြီလား
ကုသိုလ်လည်း နိုးထပါစေ။

ကုသိုလ်လည်းဖြစ်
စိတ်လည်းသစ်
နိုးထကျက်သရေ ဖြစ်ပါစေ။

( ဗောဓိမြိုင်သစ္စာရွှေပြည်ဆရာတော် )

✴️ အမြတ်ဆုံးအလှူ ✴️- ပစ္စည်းဥစ္စာကို ပေးလှူတာထက် တရားကိုပေးလှူတာက ပိုပြီးတန်ဖိုးရှိပါတယ်။- ပစ္စည်းဥစ္စာဆိုတာက ရေတွက်လို့...
06/04/2022

✴️ အမြတ်ဆုံးအလှူ ✴️

- ပစ္စည်းဥစ္စာကို ပေးလှူတာထက်
တရားကိုပေးလှူတာက ပိုပြီးတန်ဖိုးရှိပါတယ်။

- ပစ္စည်းဥစ္စာဆိုတာက ရေတွက်လို့ရတယ်။
တရားကြောင့်ဖြစ်တဲ့ အသိဉာဏ်က
ရေတွက်လို့မရသလို ...
အသိဉာဏ်ကြောင့်ဖြစ်တဲ့
ချမ်းသာသုခကလည်း...
အတိုင်းအတာ ပမာဏပြုလို့ မရနိုင်ဘူး။

- ပစ္စည်းဥစ္စာက သုံးလိုက်ရင်ကုန်သွားတယ်။ အလွန်ဆုံး တစ်ဘဝပါ။
အသိဉာဏ်က တစ်ဘဝမကပါဘူး။
နိဗ္ဗာန်မရမချင်း မပျက်စီးဘဲ တည်ရှိနေပါတယ်။

- ဒါကြောင့် အသိဉာဏ်ကိုသာ
တန်ဖိုးထားပြီး စုဆောင်းရမယ်။
- အလုပ်အားလုံးထဲမှာ
အသိဉာဏ်ရှာတဲ့ အလုပ်ဟာ
အကျိုးအများဆုံး ဖြစ်တဲ့အတွက်
- တရားကိုပေးလှူတာ အကျိုးအကြီးဆုံးပါ။။

- ကိုယ်က ပစ္စည်းဥစ္စာလှူရင် ...
ကိုယ်ပဲ ကုသိုလ်ရမယ်။ သူများမရဘူး။
- ကိုယ်ကတရားလှူရင် ကိုယ်လှူတဲ့
တရားအမှီပြုပြီး ကြားနာရသူများပါ
ဓမ္မဿဝန ကုသိုလ်ရပါတယ်။

" သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ "
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

“မအားအောင်နေပါ” လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆ...
06/04/2022

“မအားအောင်နေပါ”

လူဆိုတာ ကိုယ့်အကျိုးအတွက်ရော
အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အားပြီဆိုတာနဲ့

၁။ တောင်တွေး မြောက်တွေး
တွေးမယ်၊ လိုချင်မယ်။

၂။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို
နှိုင်းယှဉ်မယ်။

၃။ ကိုယ်ကသာတယ်ထင်ရင်
ငါကွဆိုပြီး ဘဝမြင့်မယ်။

၄။ သေချာမစူးစမ်းပဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။

၅။ ကိုယ်က နိမ့်နေတယ်ထင်ရင်
စိတ်ဓါတ်ကျမယ်။

၆။ စိတ်ရဲ့ သဘောအတိုင်း
မဟုတ်တာ တစ်ခုခုလုပ်ဖို့ ကြံမယ်။

၇။ လုပ်စရာမရှိရင် ကိုယ့်မှာ ရှိတာတွေကို ကြွားမယ်၊ ဒါမှမဟုတ် လူတွေ ဂရုစိုက်ခံရအောင် လုပ်မယ်။

အစရှိတဲ့ တစ်စုံတစ်ခုကို
လုပ်ကြတော့တာပါပဲ။

မြင်ချင်ရာမြင် ရေးချင်ရာရေးခွင့်ရနေတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသလို ဖြစ်လာပါတယ်။

အဲဒါကြောင့် မအားအောင် နေဖို့ဆိုရင်

၁။ ကိုယ့် ဘဝနဲ့ အလုပ်နဲ့ ပတ်သက်တဲ့
Plan တွေ ရလဒ်တွေကို ပြန်သုံးသပ်ပြီး
ပိုကောင်းအောင် အစီအစဉ်ချပါ။

၂။ လုပ်စရာရှိတာတွေအားလုံးချရေးပြီး ဦးစားပေးအရ တစ်ခုပြီး တစ်ခုဖြိုပါ။

၃။ လုပ်ငန်းက အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကို ကောင်းစွာ အသုံးချပါ၊ မဟုတ်ရင် ခရီးထွက်ပါ။

၄။ ကိုယ့်ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေကို လုပ်ပါ။

၅။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား အားကစားတစ်ခုခု လုပ်ပါ။

၆။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသစာပေ သို့မဟုတ် ရုပ်ရှင်ကြည့်ပါ။

၇။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ပါးစပ်ပိတ်ထားပြီး ဝင်လေ ထွက်လေ မှတ်နေပါ။



🙏🏖️🏝️🏞️ပင်လယ်နဲ့ တောင်တန်းတွေဆိုတာဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့ သဘာဝ အလှတရားတွေပဲ ဖြစ်တယ်‼️ဒီလိုအလှတရားတွေကို ခံစားဖို...
06/04/2022

🙏🏖️🏝️🏞️
ပင်လယ်နဲ့ တောင်တန်းတွေဆိုတာ
ဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့
သဘာဝ အလှတရားတွေပဲ ဖြစ်တယ်‼️

ဒီလိုအလှတရားတွေကို ခံစားဖို့ဆိုရင်
ကိုယ်ချစ်ရတဲ့သူတွေ ဒါမှမဟုတ်
မိသားစုဝင်တွေ ကိုယ့်ဘေးနားရှိနေမှ
ဒီအလှတရားက ပိုပြီးပြည့်စုံပါတယ်‼️

ဒီလိုမှ မဟုတ်ရင်တော့ ...
အထီးကျန်ခြင်းကို ခံစားရတတ်ပါတယ်

ဒါကြောင့် ပြည့်စုံတဲ့အလှတရားကို
ခံစားဖို့အတွက် ကိုယ့်ချစ်ရသူ၊ မိသားစုနဲ့
မိတ်ဆွေ၊ သူငယ်ချင်းတွေ ခေါ်ပြီး
ရွှေနဂါးနဲ့ အတူ ....

🙏 တောင်ပေါ်သွားပြီး ဘုရားဖူးမလား❓
🏖️ ကမ်းခြေသွားပြီး အနားယူကြမလား❓

🙏 ကျိုက်ထီးရိုး
🏖 ချောင်းသာ
🏝 ငွေဆောင်

🚌 ကားခသီးသန့် ဆိုရင် •••
☝️ အသွားအပြန် တဦးကို - ၂၅၀၀၀
⏰ နေ့စဉ် မနက် ၆-နာရီ ရှိပါတယ်‼️

ကားခနဲ့ ဟိုတယ်ခ တွဲရက်ပါတဲ့ ...
ဈေးနှုန်းလေးတွေလည်း ရှိပါတယ်‼️

🙏 ကျိုက်ထီးရိုး
☝️ 1 ညအိပ် - 50000
✌️ 2 ညအိပ် - 75000

🏖 ချောင်းသာ
☝️ 1 ညအိပ် - 60000
✌️ 2 ညအိပ် - 90000

🏝 ငွေဆောင်
☝️ 1 ညအိပ် - 60000
✌️ 2 ညအိပ် - 90000

🏡 ကားလမ်းနောက်ဟိုတယ်
☝️ 1 ညအိပ် - 45000
✌️ 2 ညအိပ် - 60000
(ပိတ်ရက်တွေမှာ ဈေးနဲနဲပိုပါတယ်)

🚌 လက်မှတ် ဝယ်မယ်ဆိုရင် •••
📲 09-456 456 530
📲 09-456 456 540 ကို ဆက်လိုက်နော်

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါဓမ္မတရားဖြင့် ငြိမ်းအေးကြပါစေ ...
05/04/2022

🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
ဓမ္မတရားဖြင့် ငြိမ်းအေးကြပါစေ ...

🏖️🏝️🚐🚎🚌နွေရာသီ အားလပ်ချိန်လေးမှာ ဘဝအမောတွေ ပြေပျောက်ဖို့အတွက်ပင်လယ်ကမ်းခြေကို သွားတဲ့အခါ ကိုယ့်ချစ်သူကို ဖြစ်စေ ...ကိုယ့...
05/04/2022

🏖️🏝️🚐🚎🚌
နွေရာသီ အားလပ်ချိန်လေးမှာ
ဘဝအမောတွေ ပြေပျောက်ဖို့အတွက်
ပင်လယ်ကမ်းခြေကို သွားတဲ့အခါ
ကိုယ့်ချစ်သူကို ဖြစ်စေ ...
ကိုယ့်မိန်းမကိုပဲ ဖြစ်စေ .....
ဒီလိုပုံလှလှလေးတွေ ရိုက်ပေးဖို့မမေ့နဲ့နော်

👉 ဒါဆိုရင် ရွှေနဂါးနဲ့အတူ ....
🏖️ ချောင်းသာမှာ ရေကူးမလား❓
🏝️ ငွေဆောင်မှာ အပန်းဖြေမလား❓

🚎ကားခသီးသန့် ဆိုရင် •••
☝️အသွားအပြန် တဦးကို - 25000
⏰နေ့စဉ် မနက် ၆:၀၀ နာရီ ရှိပါတယ်‼️

(ကားခ+ဟိုတယ်ခ+နံနက်စာ) အပါ
🏖 ချောင်းသာ၊ ငွေဆောင်
☝️ 1 ညအိပ် - 60000
✌️ 2 ညအိပ် - 90000

🏡 ကားလမ်းနောက်ဟိုတယ်
☝️ 1 ညအိပ် - 45000
✌️ 2 ညအိပ် - 60000
(ပိတ်ရက်တွေတော့ ဈေးနဲနဲပိုပါမယ်)

👉 လက်မှတ် ဝယ်မယ်ဆိုရင် ...
📲 09-456 456 530
📲 09-456 456 540 ကို ဆက်လိုက်နော်

👉အောင်ဆန်းကွင်း၊ တာမွေ၊ ရွှေဂုံတိုင်
မြေနီကုန်း၊ လှည်းတန်း၊ သမိုင်း စတဲ့
အနီးစပ်ဆုံးနေရာမှ ကားစီးလို့ရပါတယ်။

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

အပြစ်ထောက်ပြရင် မငြင်းပယ်ပါနဲ့___________________________လူတိုင်းလူတိုင်းမှာ အမှားဆိုတာ ရှိစမြဲပဲ။ နည်းနည်း မှားတာနှင့် ...
05/04/2022

အပြစ်ထောက်ပြရင် မငြင်းပယ်ပါနဲ့
___________________________

လူတိုင်းလူတိုင်းမှာ အမှားဆိုတာ ရှိစမြဲပဲ။ နည်းနည်း မှားတာနှင့် များများ မှားတာ ဒါပဲကွာတယ်။ ဒါကြောင့် မှားတာက မဆန်းဘူး။ အမှားကို အမှားမှန်း သိဖို့ လိုတယ်။

အမှားကို အမှားမှန်း သိဖို့အတွက် ကိုယ်တိုင်ဆင်ခြင်ဖို့ လိုသလို သူတပါးရဲ့ ဝေဖန်ထောက်ပြတာကိုလည်း လက်ခံနိုင်ရမယ်။

လူဆိုတာ ကိုယ်ကသာ သူများကို ဝေဘန်ချင်တာ၊ ကိုယ့်ကို ဝေဘန်ရင် သိပ် မကြိုက်ချင်ဘူး။ အမှန်က ကိုယ့်အကျိုး လိုလားလို့ ဝေဘန်တယ်ဆိုရင် လက်ခံနိုင်ရမယ်။

ဒါပေမဲ့ ကိုယ့်ကို ခပ်ဆတ်ဆတ်လေး ပြောလိုက်ရင် ထောင်းခနဲ ဒေါသဖြစ်သွားတယ်။ အဲဒါကိုက လွဲနေတာ။
တကယ်တော့ ကိုယ့်အပြစ်ကို ထောက်ပြတယ်ဆိုတာ ကိုယ့်အကျိုး လိုလားလို့ပဲ။

စိတ်ကလည်း အတော်ခက်တယ်။ ကိုယ့်အကြိုက် လိုက်ပြောရင် ဟုတ်ဟုတ် မဟုတ်ဟုတ် ကျေနပ်လို့။ တစ်ယောက်ယောက်က "သိပ်တော်တာပဲ" လို့ ပြောကြည့်၊ တော်တော် မတော်တော် ကျေနပ်နေတာပဲ။

ဒါကြောင့် လူတွေဟာ အမြှောက်ကြိုက်ချည်းပဲတဲ့။ တချို့ကျတော့ သိသိသာသာကို ကြိုက်တယ်။ တချို့ကတော့ မသိမသာ ကြိုက်တယ်။ ကြိုက်တော့ ကြိုက်ကြတာချည်းပဲ။

ကိုယ့်အကြိုက် လိုက်ပြောရင်သာ ကြိုက်တာ၊ ကိုယ့်အပြစ်ကို ထောက်ပြရင်တော့ စိတ်က မကျေနပ်တော့ဘူး။

တကယ်တမ်း ကိုယ်တန်ဖိုးထားရမှာက ကိုယ့်အကြိုက် လိုက်ပြောသူ မဟုတ်ဘူး၊ ကိုယ့်အပြစ်ကို ထောက်ပြသူပါ။ ကိုယ့်အပြစ်ကို ထောက်ပြမှ အမှားအမှန် သိမှာ မဟုတ်လား။ အမှားအမှန် သိမှ ပြင်လို့ ရမယ်လေ။

ဒါကြောင့် မြတ်စွာဘုရားက " အကျိုးလိုလား၍ အပြစ်ထောက်ပြသူကို ရွှေအိုးပြသူလို သဘောထားထားရမယ်" လို့ မိန့်ခဲ့တာပါ။

ရဟန်းနှင့် နတ်သား
-------------------

ဘုရားလက်ထက်က အကျင့်ဖြူစင်တဲ့ ရဟန်းလေးတစ်ပါး ရှိခဲ့ဖူးတယ်။ တနေ့မှာ ဆွမ်းခံပြီး တောလမ်းခရီးက အပြန် ရေကန်ထဲဆင်းပြီး ကြာရနံ့လေးကို ရှူလိုက်တယ်။

အဲဒီအချိန်မှာ တောစောင့်နတ်က "အရှင်ဘုရားဟာ ခွင့်မတောင်းဘဲ ကြာပန်းရဲ့ ရနံ့လေးကို ရှူတယ်၊ ဒါကြောင့် အရှင်ဘုရားဟာ အနံ့သူခိုးပဲ"။

“နတ်သား ငါဟာ ပဒုမ္မာကြာကို ယူလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေးကနေ နမ်းလိုက်တယ်၊ ဘာကြောင့် ငါ့ကို အနံ့သူခိုးလို့ ပြောရသလဲ"။

အဲဒီအခိုက်ပဲ တောတွင်းသားတစ်ယောက် ရေကန်ကိုရောက်လာပြီး ကြာပန်းတွေကို ချိုးပြီး ယူသွားတယ်။ ဒီတော့ ရဟန်းတော်လေးက ဆက်ပြောတယ်။

"နတ်သားရေ ငါ့ကျတော့ အနံ့သူခိုးတဲ့၊ ဟို ကြာပန်းချိုးသွားတဲ့သူကိုတော့ ဘာကြောင့် မပြောရသလဲ"။

" အရှင်ဘုရားနှယ် ခက်လိုက်တာ၊ အဲဒီလူက အသိမရှိတဲ့ လူ့ဗာလ၊ လက်နှီးစုတ်လိုပဲ၊ အရှင်ဘုရားက သူတော်စင်၊ ပဝါဖြူလိုပဲ၊ လက်နှီးစုတ်မှာ အစွန်းအထင်း ထင်သွားပေမဲ့ ပိုပြီး အရုပ် ဆိုးမသွားဘူး၊ ပဝါဖြူများကျတော့ အစွန်းအထင်းလေး နည်းနည်းကလေး ထင်သွားတာနဲ့ အရုပ်ဆိုးတယ်၊ ဒါကြောင့် အခုလို ပြောရတာပါဘုရား"။

" နတ်သားရေ အခုလို ရှင်းပြလို့ ဝမ်းသာပါတယ်၊ စေတနာကိုလည်း လေးစားပါတယ်၊ နောင်လည်း သတိပေးပါနော်"။

ဒီတော့ တောစောင့်နတ်က "အရှင့်ကို အမြဲတစေ စောင့်ကြည့်ပြီး ပြောနေရအောင်က အရှင့်လခစား မဟုတ်ပါဘူး၊ အရှင်ဘုရား တရားသိနေတာပဲ၊ ကိုယ်တိုင်သာ စောင့်ထိန်းရမှာပါဘုရား"လို့ ပြောလိုက်သတဲ့။ ကိုယ်ကျင့်မှ ကိုယ်ရမှာပေါ့လို့ သိစေချင်လို့ ပြောလိုက်တာပါ။

အတုယူရမယ်
--------------

ရဟန်းတော်လေးဟာ နတ်သားပြောတာကို အစက လက်မခံချင်ဘူး။ ဒါကြောင့် " ကြာပန်းချိုးသူကိုတော့ မပြောဘဲ ကြာရနံ့လေး ရှူတဲ့ ငါကိုတော့ ဘာကြောင့် ပြောရသလဲ" ဆိုပြီး ထုချေလွှာ တင်လိုက်သေးတယ်။

ဒါကလဲ လူ့ဗီဇလို့ ဆိုရမလိုပဲ။ ကိုယ့်ကို တစ်ယောက်ယောက်က အပြစ်တင်ရင် " ငါမှ ဒီလိုလုပ်တာ မဟုတ်ပါဘူး၊ သူတို့လည်း ဒီလိုပါပဲ" လို့ ဆင်ခြေပေးတတ်ကြတယ်။ တကယ်တော့ ဆင်ခြေပေးတယ်ဆိုတာ ကိုယ့်အပြစ်ကို ဝန်မခံချင်တာပါပဲ။ အဲဒီလို ဗီဇတွေကို ဖယ်ထုတ်ဖို့ လိုတယ်။

ရဟန်းတော်လေးဟာ အစပိုင်းက လက်မခံပေမဲ့ အကျိုးသင့် အကြောင်းသင့် ရှင်းပြလိုက်တော့ နတ်သားရဲ့ စေတနာကို နားလည်သွားတယ်။ နားလည်သွားတော့မှ နောင်လဲ ပြောပါဆိုပြီး ဖိတ်ကြားလိုက်ပါတယ်။ ဒီလိုစိတ်မျိုး အတုယူရမယ်။

ဒါကြောင့် ကိုယ့်ကို စေတနာနှင့် ပြောတယ်ဆိုရင် ဘယ်သူက ပြောပြော တန်ဖိုးထားရမယ်။ ဘာကြောင့်လဲ၊ ကိုယ့်အကျိုး လိုလားလို့ ပြောတာလေ။

လူဆိုတာ မှားတတ်တာပဲ။ မှားတာက မဆန်းဘူး။ အမှားကို အမှားမှန်း သိဖို့ လိုတယ်။ အမှားကို အမှားမှန်း သိဖို့အတွက် ရဟန်းတော်လေးလို သူများ ထောက်ပြတာကို လက်ခံနိုင်ရမယ်။ ဒါမှ ကိုယ့်ရဲ့အမှားကို သိမှာ မဟုတ်လား။

အမှား သိမှ ကိုယ့်ဘဝကို ပြုပြင်မယ်၊ ပြုပြင်မှ လမ်းမှန် ရောက်မယ်။ လမ်းမှန်ရောက်မှ ဘဝခရီးဟာ သာယာဖြောင့်ဖြူးမှာ ဖြစ်ပါတယ်။

မေတ္တာကရုဏာ၊ ရှေးရှုကာဖြင့်၊
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊
သွန်သင်တတ်ရိုး၊ ပုဂ္ဂိုလ်မျိုးကို၊
ရွှေအိုး ညွှန်ကြား၊ သူအလားသို့၊
ခစားဆည်းကပ်၊ ဆက်ဆံတတ်၊
များမြတ်အကျိုးတွေ။ (ရှေးဆရာတော်)

သတ္တဝါခပ်သိမ်း, တရားကိန်း,
အေးငြိမ်းချမ်းသာ ရှိပါစေ။
_________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါကုသိုလ်တရားဖြင့် ငြိမ်းအေးကြပါစေ ...
04/04/2022

🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
ကုသိုလ်တရားဖြင့် ငြိမ်းအေးကြပါစေ ...

✴️✴️✴️✴️✴️စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင်ဒီလိုစိတ် ထားကြည့်ပါ။{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်...
03/04/2022

✴️✴️✴️✴️✴️
စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင်
ဒီလိုစိတ် ထားကြည့်ပါ။

{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ

{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ

{ ၃ }အကောင်းမြင်စိတ်လေးနဲ့
အကောင်းမြင်ပေးပါ ……

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ။
လူတစ်ယောက်ရဲ့ “အမှား”ကို
မေ့ပစ်ခြင်းဟာလည်း အကောင်းဆုံး
"ဂလဲ့စား” ချေခြင်း တစ်မျိုးပါပဲ။

“ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာ” တဲ့
ဒီမိုးလည်း ( ၁၂ ) ရာသီလုံး
လိုက်မရွာနိုင်ပါဘူး …

” မုန်တိုင်း” ပြီးရင်တော့
“လေပြေ” ရောက်လာစမြဲပါ ……

“အကောင်းဆုံး”တွေ လာဖို့
အဆိုးတွေ အရင် လာလည်တာပါ ……

“နေရိပ်” ကို လိုချင်လို့
နေပူထဲ ရပ်စောင့်နေရပါလားလို့
အကောင်းမြင်စိတ်လေးနဲ့ တွေးကြည့်ပါ

ငါ “ပေ” ဖြစ်နေလို့ ခံနေရတာ။
“တူ”ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့
စိတ်ဓါတ် မွေးကြည့်ပါ ..……

လူဘဝ ဆိုတာ တကယ်တော့
“ခဏတာ”လေးပါ။ အဲ့ထဲမှာ သင်က
ထမင်းစားဖို့ အသက်ရှင်နေတာလား??
အသက်ရှင်ဖို့ ထမင်းစားနေတာလား??
ဆိုတာ အရင်တွေးပါ .……

“ကာဗွန်” ခြင်း တူရင်တောင်
မီးသွေး အဖြစ်မခံပါနဲ့။ တန်ဖိုးရှိတဲ့
"စိန်” ပဲ ဖြစ်အောင်ပဲ ကြိုးစားပါ ။

သင်အလုပ်တွေ လုပ်နေရင်းနဲ့
ပညာတွေ ဆက်ရှာပါ။

အမြဲမပြတ် လေ့လာပါ။

သင်ယူပါ။

ပြီးတော့ လူသားတွေကို အကျိုးပြုနိုင်တဲ့
"ပရဟိတ” တွေ များများလုပ်ပါ။

များများလှူပါ။

ကူညီပါ။

ဖေးမပါ။

စိတ်ကောင်းထားပါ။

“ရိုးသားစွာ” ကြိုးစားပါ ……

ကဲ .… ဒါဆို
သင့်ဘဝ တစ်ခုလုံးအတွက်
“တန်ဖိုး” ရှိစွာ နေထိုင်နိုင်တဲ့
“လူ” တစ်ယောက် ဖြစ်သွားနိုင်ပါပြီ ။
Crd

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းပါဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဓမ်မံ သရဏံ ဂစ်ဆာမိ သံဃံ သရဏံ ဂစ်ဆာမိ ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဒုတိယ...
03/04/2022

🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်းပါ

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ ...

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ ...

✴️✴️✴️✴️✴️ခန္ဓာဆိုတာ ရလာရင် ...ခန္ဓာဒုက္ခဆိုတာက ရှိမှာပါပဲ။ဘဝဆိုတာ ရလာရင်လည်း ...ဘဝဒုက္ခဆိုတာကတော့ ရှိမှာပါပဲ။ဗုဒ္ဓကလည်း...
03/04/2022

✴️✴️✴️✴️✴️

ခန္ဓာဆိုတာ ရလာရင် ...
ခန္ဓာဒုက္ခဆိုတာက ရှိမှာပါပဲ။
ဘဝဆိုတာ ရလာရင်လည်း ...
ဘဝဒုက္ခဆိုတာကတော့ ရှိမှာပါပဲ။

ဗုဒ္ဓကလည်း ၃၁-ဘုံကို ...
ဒုက္ခဘုံကြီးလို့ ဟောခဲ့ပါတယ်။

ဒါတွေကို သိထားမှတော့ ...
စိတ်ပျက်နေလို့တော့ မရပါဘူး။
ဝမ်းနည်းအားငယ်နေလို့ မဖြစ်ပါဘူး။
လုပ်စရာရှိတာ လုပ်နေရမှာပါပဲ။

ကိုယ့်ထက် အခြေအနေဆိုးတဲ့
သူတွေကို ကူညီနိုင်ဖို့အတွက်က
ကိုယ်တိုင်က အားရှိနေဖို့ လိုပါတယ်။
တည်ငြိမ်ရင့်ကျက်နေဖို့ လိုပါတယ်။
လောကဓံကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။

စိတ်အေးချမ်းမှု ရဖို့အတွက်
ဘာသာတရားကိုလဲ လုပ်ရပါမယ်။
ခန္ဓာကိုလဲ အနားပေးသင့် ပေးရပါမယ်။

🚐🚎🚌🙏ကျိုက်ထီးရိုး(နေ့စဉ်)             🏖️ချောင်းသာ(နေ့စဉ်)                         🏝️ငွေဆောင်(နေ့စဉ်)ဘုရားဖူးနှင့် အပန်းဖ...
03/04/2022

🚐🚎🚌
🙏ကျိုက်ထီးရိုး(နေ့စဉ်)
🏖️ချောင်းသာ(နေ့စဉ်)
🏝️ငွေဆောင်(နေ့စဉ်)

ဘုရားဖူးနှင့် အပန်းဖြေခရီးစဉ်များကို
ကားသစ် ကားကောင်း ကားသန့်များဖြင့်
ရွှေနဂါးမှ နေ့စဉ် ပြေးဆွဲပေးနေပါတယ်။

🚌 ကားခ သီးသန့်ဆိုရင် ....
☝️ အသွားအပြန် တဦးကို - ၂၅၀၀၀
⏰ နေ့စဉ် မနက် ၆-နာရီ ရှိပါတယ်‼️

👉 အသေးစိတ် သိရအောင် နဲ့
📥 လက်မှတ် ဝယ်ယူမယ် ဆိုရင် ....
📲 09 456 456 530
📲 09 456 456 540 တို့ကို
ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ် •••

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

✴️✴️✴️✴️✴️ရှင်လာရင် ဧကန်သေရမယ် ၊ဖြစ်လာရင် ဘာမဆိုပျက်ရမယ် ၊ရလာရင် အချိန်စေ့တော့ကုန်ဆုံးသွားရမယ် ၊တွေ့ဆုံလာရင်ကန့်သတ်ချိန်...
03/04/2022

✴️✴️✴️✴️✴️
ရှင်လာရင် ဧကန်သေရမယ် ၊
ဖြစ်လာရင် ဘာမဆိုပျက်ရမယ် ၊
ရလာရင် အချိန်စေ့တော့
ကုန်ဆုံးသွားရမယ် ၊
တွေ့ဆုံလာရင်
ကန့်သတ်ချိန်ပြည့်တော့ ကွဲရမယ်...။

ဒါဟာ ဘဝသံသရာမှာ
သွားနေကျ ပုံမှန်လည်ပတ်နေရတဲ့
လမ်းရိုးကြီးပါ...။

အသိသတိ မပါသူတွေ
မူးလဲသွားကြပေမယ့်
အသ်ိသတိ အားကောင်းသူတွေ
အတွက်ကတော့
ဒါတွေဟာ အားတွေချည်းပဲ...။

လူက်ို လောက,က နိုင်တယ်၊
လောကကိုတော့
ဓမ္မတရားက နိုင်တယ်၊
ဓမ္မတရားက်ို နိုင်တာကတော့
သတိ,ပညာ ပါ...။

သတိ,ပညာ နဲ့ ဓမ္မကို
လက်ကိုင်ထားနိုင်ပြီဆိုရင်
လောကကို နိုင်ပြီဖြစ်လို့
လူဟာ လောကအလယ်မှာ
ကောင်းဆိုးနှစ်တန်
ဘယ်လောကဓံနဲ့တွေ့တွေ့
နေရာတိုင်းမှာ
ဝင်ဆံ့သွားနိုင်ပါတယ်...။

(ဖားအောက်ဆရာတော်ဘုရားကြီး)

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းပါဓမ္မတရားဖြင့် ငြိမ်းအေးကြပါစေ ...
03/04/2022

🙏🙏🙏
မင်္ဂလာရှိသော နံနက်ခင်းပါ
ဓမ္မတရားဖြင့် ငြိမ်းအေးကြပါစေ ...

လူတိုင်းက ...လွတ်လပ်မှုကို ကြိုက်တယ်‼️လွတ်လပ်မှုကို လိုချင်တယ်‼️ကိုယ့်စိတ်ရှိတဲ့အတိုင်း နေရရင်ကိုယ်လုပ်ချင်တာတွေ လုပ်နေရ...
02/04/2022

လူတိုင်းက ...
လွတ်လပ်မှုကို ကြိုက်တယ်‼️
လွတ်လပ်မှုကို လိုချင်တယ်‼️

ကိုယ့်စိတ်ရှိတဲ့အတိုင်း နေရရင်
ကိုယ်လုပ်ချင်တာတွေ လုပ်နေရရင်
သဘောကျတယ်၊ စိတ်ချမ်းသာတယ်

ဒီလိုကိုယ့်ရဲ့ စိတ်ချမ်းသာမှုက ...
သူတပါးကို မထိခိုက်ဖို့တော့ လိုတာပေါ့

ခရီးသွားတယ်ဆိုတာ ...
ဘယ်သူ့ကိုမှတော့ မထိခိုက်ပါဘူး‼️
ကိုယ့်ရဲ့မွန်းကြပ်မှုနဲ့ ပင်ပန်းမှုတွေကို
သက်သာရာရအောင် အနားပေးတာ၊
အားအင်တွေ ပြန်ဖြည့်တင်းနေတာပါ‼️

ကိုယ်တိုင်က အားရှိမှ အဆင်ပြေမှသာ
အလုပ်တွေ ကောင်းကောင်းလုပ်နိုင်မယ်။
ကိုယ့်ထက် အဆင်မပြေ ချို့တဲ့သူတွေကို
ကူညီနိုင်မယ်၊ လှူနိုင်မယ် မဟုတ်လား❓
အူမတောင့်မှ သီလစောင့်သလို ကိုယ့်ရှိမှ
ပေးနိုင်ကမ်းနိုင် လှူနိုင်တန်းနိုင်တာပါ‼️

​ဒီတော့ ခရီးသွားမယ်ဆိုရင်
ရွှေနဂါးကိုသာ သတိရလိုက်ပါနော် ...

🙏 တောင်ပေါ်မှာ ဘုရားဖူးမလား❓
🏖️ ကမ်းခြေမှာ အပန်းဖြေမလား❓

🙏 ကျိုက်ထီးရိုး
🏖 ချောင်းသာ
🏝 ငွေဆောင်
🚎 ကားခသီးသန့် ဆိုရင် ....
☝️ အသွားအပြန် တဦးကို - 25000
⏰ နေ့စဉ် မနက် (၆:၀၀) နာရီ ရှိပါတယ်။

👉 ကားခနဲ့ ဟိုတယ်ခ တွဲရက်ဆိုရင်
🙏 ကျိုက်ထီးရိုး
☝️ 1 ညအိပ် - 50000 Ks
✌️ 2 ညအိပ် - 75000 Ks

🏖 ချောင်းသာ
☝️ 1 ညအိပ် - 60000 Ks
✌️ 2 ညအိပ် - 90000 Ks

🏝 ငွေဆောင်
☝️ 1 ညအိပ် - 60000 Ks
✌️ 2 ညအိပ် - 90000 Ks

🏡ကားလမ်းနောက်ဟိုတယ်
☝️ 1 ညအိပ် - 40000 Ks
✌️ 2 ညအိပ် - 55000 Ks

👉 လက်မှတ် ဝယ်မယ်ဆိုရင် ...
📲 09-456 456 530
📲 09-456 456 540 ကို ဆက်လိုက်နော်

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ ➖➖➖➖➖➖➖➖➖➖➖➖➖➖သူတော်ကောင်းတွေကျတော့  ကိုယ်ကျင့်တရားကို  #အသက်ထက်တန်ဖိုးထားတယ်။ ဘယ်လိုကိစ္...
02/04/2022

ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ
➖➖➖➖➖➖➖➖➖➖➖➖➖➖

သူတော်ကောင်းတွေကျတော့
ကိုယ်ကျင့်တရားကို #အသက်ထက်တန်ဖိုးထားတယ်။ ဘယ်လိုကိစ္စနဲ့မှ ကိုယ်ကျင့်တရားကို စွန့်လွှတ်မှာ မဟုတ်ဘူးတဲ့။ အသက်သာ အသေခံမယ်။

အရင်တုန်းက မြန်မာပြည်မှာ စာရေးဆရာကြီးတစ်ယောက်က ရေးဖူး တယ်။ “ #သောတာပန်ဟာ ကျားနဲ့ရင်ဆိုင်တွေ့လာရင် သူ့မှာလည်း လက်နက် ပါလာရင် သူ့အသက်ကိုကာကွယ်တဲ့အနေနဲ့ ကျားကိုသတ်မှာပဲ” လို့ ရေးထား တယ်။ ဒါ သောတာပန်ရဲ့ သဘောထားမဟုတ်ဘူး၊ #သူ့သဘောထား။

သောတာပန်ပုဂ္ဂိုလ်ကတော့ အဲဒီလိုသဘောထားမရှိဘူး၊ #ကိုယ့်အသက်အတွက်နဲ့သူများအသက်ကိုသတ်တာမျိုးဘယ်တော့မှမလုပ်ဘူး။ သေခြင်းသေရင် ကိုယ်ပဲအသေခံမယ်၊ သူများအသက်ကိုမသတ်ဘူး။

သာမန်ပုဂ္ဂိုလ်ကျတော့
ဒီလို သဘောထား မရှိဘူး။
စဇေ ဓနံ အင်္ဂဝရဿ ဟေတု- ခြေလက်အင်္ဂါ ကိုယ့်ခြေ ကိုယ့်လက် တစ်စုံတစ်ခု ထိခိုက်မှာစိုးရင်၊ ဥပမာ ခြေဖြတ်ခံရမယ်၊ လက်ဖြတ် ခံရမယ်၊ အင်္ဂါ ခြေလက် ပျက်စီးသွားမှာကို ကာကွယ်ဖို့အတွက် #ပစ္စည်းဥစ္စာကိုစွန့်ရတယ်၊ ပစ္စည်း ဥစ္စာနဲ့ အကာအကွယ်လုပ်ကြတယ်။ တစ်ခုခုတော့ စွန့်ရမယ်။ ဆိုပါစို့၊ ခြေလက်တွေ မျက်စိတွေ အပျက်မခံနိုင်ဘူး၊ ပိုက်ဆံပဲ ပေးလိုက်မယ်။ ကိုယ်အင်္ဂါအတွက်နဲ့ ပစ္စည်း ဥစ္စာကိုစွန့်တယ်။

အင်္ဂါ စ ဇီဝိတံ ရက္ခမာနော- တစ်ဖန် အသက်နဲ့ကိုယ်အင်္ဂါ၊ ဒီနှစ်ခု ဆိုရင် #အသက်ရှင်ရင်တော်ပြီ၊ ကိုယ်အင်္ဂါကိုစွန့်တယ်၊ အသက်မသေရင်ပြီးရော ဆိုပြီး ခြေထောက်လည်းဖြတ်ရတယ်၊ လက်လည်း ဖြတ်ရတယ်၊ ခြေထောက်ဖြတ်လို့ အသက်ရှင်မယ်ဆို ဖြတ်ရတယ်၊ လက်ဖြတ်လို့ အသက်ရှင်မယ်ဆို ဖြတ်ရတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အသက်ကိုတန်ဖိုးထားလို့၊ ကိုယ့်ခြေလက် ချို့ယွင်းသွား ပါစေ၊ အသက်မသေရင်ပြီးရောဆိုပြီး လူ့လောကမှာ ဒီလိုလုပ်လေ့ရှိကြတယ်။

တရားနှင့်ပတ်သက်လာတဲ့ အခါကျတော့
အင်္ဂ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗ၊ စ နရော ဓမ္မမနုဿရန္တော။ပစ္စည်းဥစ္စာ လည်းကုန်ပါစေ၊ ကိုယ်အင်္ဂါတွေလည်း ပျက်စီးချင်ပျက်စီးပါစေ၊ အသက်ပါ သေချင် သေပါစေတဲ့။ တရားကိုတော့ အပျက်မခံဘူး။ သူတော်ကောင်းရဲ့ စိတ်ဓာတ်ဟာ အဲဒါပဲ။ ကိုယ်ကျင့်တရားကိုတော့ စွန့်လွှတ်မှာမဟုတ်ဘူး။

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး

(သူတော်ကောင်းတို့၏ ...
စိတ်နေသဘောထား တရားတော်မှ)

Address

No-207, 1st Floor, Kyaikkasan Road, Tamwe
Yangon
11211

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959456456540

Website

Products

ကျိုက်ထီရိုး၊ ချောင်းသာ၊ ငွေဆောင်
ကားလက်မှတ်နှင့် ဟိုတယ်စီစဉ်ပေးသည်။

Alerts

Be the first to know and let us send you an email when Golden Dragon Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Dragon Travels & Tours:

Videos

Share

Category


Other Travel Agencies in Yangon

Show All