21/06/2024
နယုန်လပြည့်နေ့
မဟာသမယအခါတော်နေ့
ယနေ့သည် နယုန်လပြည့် မဟာသမယအခါတော်နေ့ ဖြစ်ပြီး ဗုဒ္ဓသာသနာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာနေ့လေးတစ်နေ့ဖြစ်ပါသည်။
နယုန်လပြည့်နေ့ကို မဟာသမယနေ့ (သို့) မြတ်သော အခါတော် နေ့ (သို့) ငြိမ်းချမ်းရေးနေ့ ဟုလည်း ခေါ်တွင် ကြပါတယ်။
နယုန်လပြည့် မဟာသမယအခါတော်နေ့၏ ထူးမြတ်သောဂုဏ်အင်များမှာ
၁။ ရေလုပွဲကြီးဆင်နွှဲကြပြီး တောင်သူလယ်သမားတို့ ငြင်းခုန်ခိုက်ရန်ဘေးမှ ကင်းဝေး၍ ထူးခြားခြင်း။
၂။ ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရသော နေ့ဖြစ်၍ ထူးခြားခြင်း။
၃။ နတ်ဗြဟ္မာ အသူရာနှင့် နဂါးဂဠုန်များသည် ရဟန်းတော်နှင့် ဘုရားရှင်များ လက်ထက်တွင် ဤတစ်ကြိမ်သာ စုရုံးမိသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ မင်းသားငါးရာ သာသနာ့ဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ရဟန်းတော်ငါးရာလုံး ရဟန္တာဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ နိမ္မိတ ဘုရားကမေး၍ ပကတိဘုရားရှင်က ဖြေဆိုသည်ကို နာကြားရသောကြောင့် ထူးခြားခြင်း။
၇။ မဟာသမယကို အကြောင်းပြု၍ ဂဠုန်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ မဟာသမယဆိုင်ရာ သုတ္တန်ခုနစ်မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဘိက္ခူနီသာသနာ လမ်းစပေါ်သော နေ့ဖြစ်၍ ထူးခြားခြင်းတိုနှင့်ပြည့်စုံနေသော ထူးမြတ်သောနေ့ဖြစ်ပါသည်။
ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော နယုန်လပြည့် မဟာသမယအခါတော်နေ့မှစ၍ လာမယ့်နေ့ရက်တိုင်းမှာ မိဘပြည်သူများအားလုံး နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာနှင့် ကျန်းမာစွာနေထိုင်နိုင်ကြပါစေကြောင်း တောင်းဆုပြုပါတယ် 🙏🙏🙏
နေ့သစ်တိုင်းမှာ အတွေးအခေါ်သစ်
စိတ်ကူးအသစ် ကုသိုလ်အသစ်တွေနဲ့
မိမိဘဝကို အကောင်းဆုံး
ပုံဖော်ထုဆစ်နိုင်ပါစေလို့ ဆန္ဒပြုလျက် . . .
#နယုန်လပြည့်
#မဟာသမယအခါတော်နေ့