New Motion Travels & Tours

New Motion Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Motion Travels & Tours, Travel Company, No. 275, 7th Floor, Red Hill Tower , Pyay Road, Sanchaung Township, Yangon.
(718)

We are the leading travel agency in Myanmar offering a wide range of worldwide tour packages such as luxury tours, free and easy tours, cruise, flights, hotels, educational, pilgrimage, visa services, and other tailor-made tours.

ဥရောပတိုက်ကြီးထဲက အလှပဆုံးသော( ၉ )နိုင်ငံဆီသို့ တခမ်းတနားလည်ပတ်နိုင်မဲ့ ဧပြီခရီးစဥ် အဆုံးစွန်သောခမ်းနားမှုတို့နဲ့ အလှအပတ...
27/12/2024

ဥရောပတိုက်ကြီးထဲက အလှပဆုံးသော( ၉ )နိုင်ငံဆီသို့ တခမ်းတနားလည်ပတ်နိုင်မဲ့ ဧပြီခရီးစဥ်

အဆုံးစွန်သောခမ်းနားမှုတို့နဲ့ အလှအပတို့ရှိရာ ဥရောပနိုင်ငံကြီးတွေကိုမှ နှစ်နှစ်သက်သက်
အလည်အပတ်သွားချင်သူတို့အတွက် ဧပြီလအားလပ်ရက်တွေမှာ ပျော်ပျော်ရွှင်ရွှင် သွားရောက်လည်ပတ်ရမဲ့ ဥရောပ(၉)နိုင်ငံကြီးခရီးစဥ်လေးရှိပါတယ်နော် ။

Spain 🇪🇸 - Italy 🇮🇹 - Austria 🇦🇹 - Liechtenstein 🇱🇮 - Switzerland 🇨🇭 - Germany 🇩🇪 - Netherlands 🇳🇱 - Belgium 🇧🇪 - France 🇫🇷 နိုင်ငံအသီးသီးသို့ သွားရောက်လည်ပတ်မဲ့ ခရီးစဥ်အသေးစိတ်ကတော့

⛪️ ကမ္ဘာ့သမိုင်းဝင်အဆောက်အဦးများတည်ရှိရာ စပိန်နိုင်ငံရဲ့ Barcelona မြို့မှာ

🏛️ အလွန်တရာလှပနေတဲ့တောင်တန်းတောင်ကြားတွေမှာ ခမ်းခမ်းနားနားတည်ဆောက်ထားတဲ့ ဘုရားကျောင်းများရှိရာ Montserrat

🌊 ငေးမောစရာကောင်းလောက်အောင် ပင်လယ်ရှုခင်းအလှတွေပြည့်နေတဲ့ Barcelona Beach

🏟️ မသိတဲ့လူမရှိလောက်အောင် အောင်မြင်ပြီး ကမ္ဘာကျော်တဲ့ဘောလုံးကွင်းကြီး Barcelona football stadium ဖြစ်တဲ့ Camp Nou

🛳️ ဆန်းကြယ်တဲ့မြေထဲပင်လယ်ရဲ့ ကျယ်ပြန့်ပင်လယ်ပြင်အလှတရားတွေစီ Ferry Cruise ‌ငြိမ့်ငြိမ့်ညောင်းညောင်း လေးစီးပြီးအပန်းဖြေအနားယူပါမယ် ။

⛲️ အီတလီရောက်တဲ့အခါ ရောမခေတ်ကတည်းက ကျင့်သုံးလေ့ရှိရာ အကြွေစေ့ပစ်ပြီးဆုတောင်းကြတဲ့ နာမည်ကျော်ရေပန်း

🏰လွန်ခဲ့သော နှစ်ပေါင်း 2000 နီးပါးက Gladiator သူရဲကောင်းတို့ စီးချင်းထိုးပြိုင်ပွဲဝင်ခဲ့ရာမှ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ ဧရာမ Colosseum စီးချင်းထိုးပြိုင်ပွဲကွင်းကြီး

⛵️ အီတလီနိုင်ငံရဲ့ အထင်ရှားဆုံးသော Romatic ဆန်ဆန် အချစ်မြို့တော်ဖြစ်ပြီး လှပတဲ့ရေပေါ်တံတားငယ်လေးတွေရှိတဲ့အပြင် သက်ဝင်လှုပ်ရှားနေတဲ့ လှေငယ်လေးတွေနဲ့အတူ စီခြယ်အလှဆင်ထားတဲ့ Venice မြို့တော်

🏔️ Austria နိုင်ငံ Innsbruck City ဆီ cable ဖြင့်တက်ကာ ရေခဲဖုံးလွှမ်းနေရာရှုခင်းများကို ကြည့်ရှုခံစားကာ သမိုင်းဝင်နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားခြင်းခံထားရတဲ့ တလက်လက်တောက်ပနေရာ Tourist Attraction Golden roof ဆီသို့လည်ပတ်ပါမယ် ။

Switzerland 🇨🇭 ရဲ့အထင်ကရနေရာများ

🏯 အီတလီနိုင်ငံရဲ့ Milan မြို့ကို လည်ပတ်ထွက်ခွာအပြီးမှာတော့ ကမ္ဘာကျော် Alps (Alpine) ရဲ့ ရေခဲတောင်တန်းများအလှကို ခံစားရန် ဆွစ်ဇလန််နိုင်ငံမှ Mt. Titlis ဆီသို့ Cable Car ဖြင့် ရင်ခုန်စိတ်လှုပ်ရှားစွာစီးနင်းပြီးခရီးဆက်ပါမယ် ။

🏞️ သဘာဝအလှတရားကြောင့်နာမည်ကျော်ကြားတဲ့အပြင် ကမ္ဘာကျော်ကိုရီးယားကားဇာတ်ဝင်ခန်းတစ်ခုမှာလဲ ဟိုးလေးတစ်ကျော်နဲ့ အလှဆုံးနေရာတစ်ခုအဖြစ်ရပ်တည်ခဲ့တဲ့ Iseltwald Village ဆီသို့တစ်ခေါက်တစ်ခါ

ကမ္ဘာ့စီးပွားရေးနဲ့ စက်မှုနည်းပညာပိုင်းဆိုင်ရာမှာ အင်အားကြီးနိုင်ငံအဖြစ်ရပ်တည်ထားတဲ့ ဂျာမနီနိုင်ငံဆီ ရောက်တဲ့အခါမှာတော့

🕰️ Cuckoo Clock နာရီများကို အစဦးဆုံးတီထွင်ဖန်တီးခဲ့ရာ ဂျာမနီနိုင်ငံ Black Forest Area မှာ ရှိတဲ့ အံ့သြဖွယ် Titisee ရွာလေးကို သွားရောက်လေ့လာပါမယ် ။

🌉 ကမ္ဘာလှည့်ခရီးသည်လူငယ်တွေကြား ရေပန်းစားတဲ့ အချစ်တို့တည်မြဲစေရန်သော့ဂလောက်ခတ်ပြီး သက်သေထူကြတဲ့ Hohenzollern တံတား

🛶 Netherland မှာရှိတဲ့ ရေပေါ်ရွာကလေး Giethoorn ဆီမှာ တူးမြောင်းတစ်လျှောက်လှေစီးကာ သဘာဝအလှတရားတွေကို တစ်ဝကြီးခံစားနိုင်မဲ့ အခွင့်အရေး

🌷 မတ်လကနေစလို့ ‌မေလအထိသာ ဝေ‌ဝေဆာဆာဖူးပွင့်လှပနိုင်တဲ့ကျူးလစ်ပန်းများဖူးပွင့်ရာ နယ်သာလန်ရဲ့ အထင်ကရအဖြစ်ဆုံး Keukenhof Garden မှာအမှတ်တရ ဓာတ်ပုံလှလှရိုက်ကူးပါမယ် ။

🗽 ပြင်သစ်ရဲ့ အထင်ရှားဆုံးသောနေရာများဆီသို့

🗼 Paris လို့ဆိုလိုက်တာနဲ့ ချက်ချင်းတန်းမြင်ပြီး Landmarkတစ်ခုအဖြစ်လူသိများတဲ့ Eiffel Tower

🧳 ကမ္ဘာ့အရပ်ရပ်က Luxury Brand တွေရဲ့ Showroom တွေအပြည့်ရှိတဲ့ ပြင်သစ်မှအကျော်ကြားဆုံးသော စျေးဝယ်လမ်းမကြီး Champs Elysees

🕋 ကမ္ဘာ့စိတ်ဝင်စားအခံရဆုံး မိုနာလီဆာပန်းချီကားနဲ့ တခြားသောလက်ရာမြောက်တဲ့ ပန်းချီဆိုင်ရာ အနုပညာများခင်းကျင်းပြသထားရာ Louvre Museum

အနားယူတည်းခိုသွားမဲ့ Hotels များအားလုံးမှာ International 4 stars များဖြစ်ကြပြီး Paris ရောက်တဲ့အခါမှာလဲ Eiffel Tower ရဲ့ အလှတရားကို နီးနီးကပ်ကပ်ခံစားနိုင်ရန် မျှော်စင်အနီးနားက Hotel ကိုဦးစားပေးရွေးချယ်ထားတာမို့ Eiffel Tower ဆီရောက်ဖို့ဆို ခြေလှမ်းအနည်းငယ်လေးသာလိုမယ်နော် ။

ကမ္ဘာ့အလှဆုံးနေရာတွေဖြစ်ကြတဲ့ဥရောပနိုင်ငံကြီးတွေမှာ သဘာဝအလှတရားနဲ့ ခေတ်မှီတိုးတက်နေတဲ့မြို့ပြအလှတရား တွေကိုပါ တစ်ပြိုင်တည်းခံစားရမှာဖြစ်လို့ ဧပြီအားလပ်ရက်မှာ အေးအေးလူလူခရီးထွက်ချင်တယ်ဆိုရင်တော့ Europe (၉) နိုင်ငံခရီးစဥ်မှာပါဝင်ဖို့ အခုပဲကြိုဆက်သွယ်ထားတော့နော် ။

ခရီးစဥ်အသေးစိတ်ကို ဆက်သွယ် စုံစမ်းဖို့ ..
ရန်ကုန်ရုံးချုပ်
Hotline 09 260 792 883 နဲ့
ရုံးချိန်အတွင်း 09 260 792 881, 09 260 792 882 , 09 260 792 884
အမှတ် (၂၇၅ ) Redhill Tower ( ၇ )လွှာ ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့

မန္တလေးရုံးခွဲ
Hotline 09 910 211 22
09 259 033 443
အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့ သို့ လာရောက်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9

New Motion Travels & Tours မှ ဧည့်သည်တော်တွေကို နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ ။


🎄 Merry Christmas 🎄🎉 ခရစ်ယာန် ဘာသာဝင်များတို့အထွတ်အမြတ်ထားရာ ခရစ်စမတ်နေ့ထူးနေ့မြတ်အားလပ်ရက်မှာ စိတ်ရွှင်လန်းချမ်းမြေ့စွာ...
25/12/2024

🎄 Merry Christmas 🎄

🎉 ခရစ်ယာန် ဘာသာဝင်များတို့အထွတ်အမြတ်ထားရာ ခရစ်စမတ်နေ့ထူးနေ့မြတ်အားလပ်ရက်မှာ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပျော်ရွှင်ကြည်နူးစရာအခိုက်အတန့်တွေပြည့်နှက်နေပြီးတော့ မိသားစုဝင်အချင်းချင်း ချစ်ခင်နှစ်သက်စရာ ရယ်မောသံလေးများ ဖလှယ်နိုင်ကြပါစေလို့ New Motion မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။

🎁 New Motion Travels & Tours မှ အကောင်းမွန်ဆုံးသောဝန်‌ဆောင်မှုများနဲ့အတူ ခရီးသွားနှစ်သက်သူ ဧည့်သည်တော်များကို နွေးထွေးပျူငှာစွာအမြဲကြိုဆိုလျှက်ပါ ။

ပျော်ရွှင်ကြည်နူးခဲ့ရပါသော 23 နှစ်ပြည့်အမှတ်တရ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ၂၃ နှစ်တိုင်တိုင် အောင်အောင်မြင်မြင်ရပ်တည်ခဲ့ပြီဖြစ...
06/12/2024

ပျော်ရွှင်ကြည်နူးခဲ့ရပါသော 23 နှစ်ပြည့်အမှတ်တရ

နိုဝင်ဘာ ၂၉ ရက်နေ့မှာ ၂၃ နှစ်တိုင်တိုင် အောင်အောင်မြင်မြင်ရပ်တည်ခဲ့ပြီဖြစ်သော New Motion Travels & Tours ရဲ့ Anniversary & Thank You Party အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ပျော်ရွှင်ဖွယ်အမှတ်တရ နေ့ရက်လေးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ် ။

အခုလိုပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရနေ့ရက်လေးမှာ Anniversary & Thank You Dinner Party ကိုကြွရောက်ချီးမြှင့် ဂုဏ်ပြုပေးခဲ့ကြပါသော ဧည့်သည်တော်လူကြီးမင်းအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိရပါတယ် ။ ပေးအပ်ချီးမြှင့်ခဲ့ပါသော အမှတ်တရ ဂုဏ်ပြုပန်းစည်းများနှင့် မေတ္တာလက်ဆောင်များအတွက်လဲ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ် ။

၂၃ နှစ်ပြည့်ထိတိုင်အောင် အစဥ်အမြဲအားပေးလာခဲ့ကြသော ခရီးသွားနှစ်သက်သူ ဧည့်သည်တော်များနှင့် မိတ်ဖက်ကုမ္ပဏီအဖွဲ့အစည်းအားလုံးထံမှ New Motion နဲ့ခရီးထွက်ခဲ့ရတဲ့အခိုက်အတန့်တိုင်းဟာ စိတ်ကျေနပ်မှုအပြည့်အဝရရှိခဲ့ပါကြောင်း Feedback ကောင်းများစွာကို ပြန်လည်ကြားရတဲ့အတွက်လဲ အတိုင်းထက်အလွန် ပျော်ရွှင်ရပါတယ် ။

ရှေ့လျှောက်လဲအခုလိုအောင်မြင်တဲ့ ခရီးသွားကုမ္ပဏီတစ်ခုအဖြစ် နောင်နှစ်ပေါင်းများစွာထိ ရေရှည်ရပ်တည်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ပါကြောင်း New Motion မှ ချစ်မြတ်နိုးရတဲ့ဧည့်သည်တော်တိုင်းကို လေးစားစွာ ကတိကဝတ်ပြုလိုက်ပါတယ် ။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9

✈️ မိသားစုလိုက်ပျော်ပျော်ရွှင်ရွှင်ခရီးထွက်ဖို့ဆို Singapore Airline ကိုရွေးချယ်တာအကောင်းဆုံးပါ ။💙 Singapore Airline ရဲ့...
05/12/2024

✈️ မိသားစုလိုက်ပျော်ပျော်ရွှင်ရွှင်ခရီးထွက်ဖို့ဆို Singapore Airline ကိုရွေးချယ်တာအကောင်းဆုံးပါ ။

💙 Singapore Airline ရဲ့ အဓိကအားသာချက်ကတော့ ဝန်ဆောင်မှုပိုင်းမှာအထူးကောင်းပြီး ခရီးစဥ်တိုင်းမှာဇိမ်ကျသက်တောင့်သက်သာ ဖြစ်စေတာပါ ။

✈️ ဒါ့ကြောင့် မိသားစုခရီးစဥ်တိုင်း သာယာဖြောင့်ဖြူးချောမွေ့စေဖို့အတွက် လေယာဥ်လက်မှတ်ဝယ်တော့မယ်ဆိုရင် ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Singapore Airline မှာအတန်ဆုံး Promotion တွေနဲ့အတူဝယ်ယူလို့ရနေပါပြီ ။

📍 ကမ္ဘာ့ထိပ်တန်း 5Stars လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့အပြင် December လ မှ နောက်နှစ် June လအတွင်း Singapore နှင့် Japan နိုင်ငံမှမြို့များဆီသို့ လည်ပတ်ဖို့လက်မှတ်ကြိုဝယ်ထားမယ်ဆိုရင် အသက်သာဆုံးနှုန်းထားနဲ့ Promotion ချပေးထားတာမို့ ခရီးသွားဖို့ Plan ရှိတယ်ဆိုရင်တော့ Promotion ကာလအတွင်း အမိအရဝယ်ထားဖို့ အကြံပေးချင်ပါတယ်ရှင့် ။

⏳ Travel Period ကိုလဲ ( 4 December 2024 ကနေ 30 June 2025 ) ထိ ပေးထားတာဖြစ်ပြီး ပုံမှန်ဈေးနှုန်းထက်လဲ အများကြီးသက်သာမှာဖြစ်လို့ လေယာဉ်လက်မှတ်လိုအပ်လာပြီဆိုရင် IATA အသိအမှတ်ပြအသိအမှတ်ပြု Singapore Airline ရဲ့ တရားဝင် PSA - Passenger Sales Agents ဖြစ်တဲ့ New Motion Travels & Tours မှာဝယ်ယူပါ ။

𝐒𝐚𝐥𝐞 𝐏𝐞𝐫𝐢𝐨𝐝
( 𝟐 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝐭𝐨 𝟐𝟎 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟒 )

𝐓𝐫𝐚𝐯𝐞𝐥 𝐏𝐞𝐫𝐢𝐨𝐝
( 𝟐 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟒 𝐭𝐨 𝟑𝟎 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟓 )

ပြည်ပလေယာဉ်လက်မှတ်ဌာန
Phone : 09 4567 100 33 , 09 4567 100 44

ပြည်တွင်းလေယာဉ်လက်မှတ်ဌာန
Phone : 09 4567 100 55 တို့ကို ဆက်သွယ်နိုင်သလို

လူကိုယ်တိုင်လာရောက် စုံစမ်းမယ်ဆိုရင်လည်း
ရန်ကုန် ရုံးချုပ်
Red Hill Tower (၇)လွှာ အမှတ်(၂၇၅)၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့
မန္တလေးရုံးခွဲ
09 259 033 443 / 09 797 522 254
အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံ မြို့နယ် ၊ မန္တလေးမြို့ သို့လာရောက်နိုင်ပါတယ်ရှင့် ။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9


🌸 သဘာဝတရားမှချီးမြှင့်တဲ့ ပန်းချီဆန်ဆန်အလှတရားများရှိရာ Kashmir ❄️ ⛄️ Kashmir ကိုဘာကြောင့် ဆွစ်ဇလန်နိုင်ငံအသေးစားလို့တင်...
03/12/2024

🌸 သဘာဝတရားမှချီးမြှင့်တဲ့ ပန်းချီဆန်ဆန်အလှတရားများရှိရာ Kashmir ❄️

⛄️ Kashmir ကိုဘာကြောင့် ဆွစ်ဇလန်နိုင်ငံအသေးစားလို့တင်စားကြတာလဲ ?

❄️ ဆွစ်ဇလန်မဟုတ်တဲ့ Kashmir မှာတိမ်လွှာလေးလို ဖြူဖွေးသန့်စင်တဲ့နှင်းခဲ ၊ မှော်ဆန်တဲ့သဘာဝတောတောင် ရှုခင်းအလှတရားတွေ ၊ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ဆန်းပြားလှပတဲ့ ရေခဲတောင်တန်းတွပေါများတာကြောင့် အေးချမ်းလှပနေမှုကြီးကအံ့မခန်းပါပဲ ။

တစ်ပြိုင်နက်ထဲမှာပဲ ခရီးသွားနှစ်သက်ခုံမင်သူအများအပြားက Kashmir ကို ဆွစ်ဇလန်နိုင်ငံ သဘာဝအလှတရားနဲ့ နှိုင်းယှဥ်ပြီး ထပ်တူကျနေကြောင်းကို အမွှန်းတင်ဖော်ညွှန်းကြပါသေးတယ် ။

🍀 “Kashmir” အကြောင်းကိုအပေါ်ကအချက်တွေနဲ့တင် ဂဂနနသိချင်မယ်လို့ယုံကြည်မိပါတယ် ။

Indian နိုင်ငံနယူးဒေလီမြို့ပြကြီးနဲ့ဆို (554) မိုင်ခန့်ဝေးကွာပြီး ဟိမဝန္တာတောင်တန်းကြီးဖြင့် ဖုံးလွှမ်းထားတဲ့ အုံ့မှိုင်းမှိုင်းစိတ်ငြိမ်ဒေသလေးမှာတည်ရှိကာ အိန္ဒိယမြောက်ဖျား ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ် ။ ရေခဲတောင်တန်းကြီးတွေ စုဝေးရာ အရပ်ဒေသတစ်ခုအဖြစ် “Kashmir” ကို ခရီးသွားတော်တော်များများကလဲ ရင်းနှီးသိကျွမ်းကြပါတယ် ။

🪷 ကြည်လင်အေးမြနေတဲ့ ရေကန်ကြီးတွေ ၊ ပန်းရောင်စုံဖူးပွင့်ရာလွင်ပြင်ကျယ်ကြီးတွေနဲ့ စိမ်းစို မြက်ခင်းပြင်ကျယ်ကြီးတွေကြောင့် နာမည်ကျော်ကြားလှတဲ့“Kashmir”မှာ အဓိကသွားလည်ရမဲ့ မြို့ (၃) မြို့ရှိပါတယ် ။
- ( Srinagar , Gulmarg , Sonamarg ) တွေပဲဖြစ်ပါတယ် ။

🪸 Srinagar မှာရှိတဲ့ ရေကန်ကြီးတွေ ၊ ဥယျာဥ်ပန်းခြံကြီးတွေက သာယာလှပလွန်းတာကြောင့် Heaven On Earth ဆိုပြီးလဲ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ် ။ ‌နွေရာသီရောက်တိုင်း သာယာလှပနေတာမို့ နွေရာသီရဲ့ မြို့တော်လို့ကျော်ကြားပြီး လူထိထင်ရှားတဲ့ ယဥ်‌ကျေးမှုတစ်ခုကလဲ ပါဝင်နေပါတယ် ။

🛶 အဲ့တာကတော့ အင်းလေးနဲ့အတော်လေးဆင်တူတဲ့ House Boat တွေပဲဖြစ်ပါတယ် ။ လှေနဲ့တူတဲ့ အိမ်ပုံစံတွေကို ရေပေါ် မှာသေသေချာချာဆောက်လုပ်ထားကာ ကမ္ဘာလှည့်ခရီးသည်တွေကို အတော်လေး အာရုံဖမ်းစားနိုင်ပါတယ် ။ Srinagar မှာရှိတဲ့ အာရှအကြီးဆုံး Tulip ပန်းခြံ နဲ့ အိန္ဒိယရဲ့ အလှဆုံး ပန်းခြံတစ်ခုဖြစ်တဲ့ Mughal Garden ကလဲ သိသိသာသာဆွဲဆောင်နေပြန်ပါတယ် ။

🌼 နွေတစ်ဖန် ဆောင်းတစ်လှည့် အလှကူးပြောင်းလျက်ရှိတဲ့ Gulmarg မြို့ကလဲ Kashmir ရောက်ရင်မဖြစ်မနေသွားလည်ပတ်သင့်ပါတယ် ။ ၁၉ ရာစုနှစ်လောက်ထဲက ဗြိတိန်တို့ရဲ့ နွေရာသီအပန်းဖြေစခန်း မြို့တစ်ခုဖြစ်ပြီး မျက်စိတစ်ဆုံးကြီးမားတဲ့ပန်းခင်းကြီးတွေမှာ ဘောလိဝုဒ်ကားမင်းသား မင်းသမီးတွေရုပ်ရှင်ခနခန လာရိုက်ကြတာမို့ မျက်လုံးထဲသိပ်စိမ်းမယ်မထင်ပါဘူး ။

🌨 ရေခဲ‌တောင်တန်းတွေပေါများတာကြောင့် snow activity လုပ်ဖို့ဆိုရင်လဲအတော်လေးကောင်းပါတယ် ။ ပေ ၁၄၀၀၀ မြင့်တဲ့ Apharwat တောင်စောင်းတွေပေါ်မှာ ကမ္ဘာ့အဆင့်မီ Ski Resort နှင်းလျှောစီးအပန်းဖြေနေရာတွေရှိပြီး ဆောင်းရာသီဆိုအတော်‌လေးလည်ပတ်လို့ကောင်းပါတယ် ။

💐 အရောင်အသွေးစုံလင် ပန်းချီးကားချပ်သဖွယ် လှနေတဲ့ Meadow of Gold (ခေါ် ) Sonamarg မြို့ကလဲ Kashmir ရဲ့ အသက်သွေးကြောလို့ဆိုရမှာပါ ။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀ ကျော်မြင့်ပီး နှင်းတောင်တွေ ပတ်လည်ဝိုင်းထားတဲ့ မြို့လေးဖြစ်ပြီး ထပ်တလဲလဲ သွားချင်လောက်အောင် သာယာအေးချမ်းလှတဲ့နေရာတစ်ခုပါ ။

ပုံမှန်အားဖြင့် နှင်းကျတဲ့နိုင်ငံ‌လောက်ဆိုရင် Europe & Japan ကိုသာအမြန်ပြေးမြင်ကြပါတယ် ။ Indian မှ Kashmir အလှကိုတော့ မသိဖူး မမြင်ဖူး မသွားဖူးသူတွေများပါတယ် ။ ဒါကြောင့်ဒီလို သဘာဝ သယံဇာတပေါကြွယ်ဝလွန်းတဲ့ နှင်းကျရာနယ်မြေတစ်ခုဟာ အနီးအနား Indian မှာပဲရှိတာ သိသွားတဲ့အခါမှာ‌တော့ Kashmir ကို ခရီးထွက်ဖို့စိတ်အားထက်သန်နေမယ်ဆိုတာ အာမခံပါတယ် ။

🔹 Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7

( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9


🎉 Happy 23rd Anniversary 🎉New Motion Travels & Tours ဟာဆိုရင်( 29.November.2001 မှ ယနေ့ 29.November.2024 အထိ ) Travels A...
29/11/2024

🎉 Happy 23rd Anniversary 🎉

New Motion Travels & Tours ဟာဆိုရင်
( 29.November.2001 မှ ယနေ့ 29.November.2024 အထိ ) Travels Agency တစ်ခုအဖြစ် အခိုင်အမာ ရပ်တည်လာခဲ့တာ ၂၃ နှစ်တိုင်တိုင် ရှိသွားပြီပဲဖြစ်ပါတယ် ။

အခုလိုအောင်မြင်တဲ့ခရီးသွားကုမ္ပဏီတစ်ခုဖြစ်အောင် အစဉ်အမြဲအားပေးလာခဲ့ကြသော ချစ်မြတ်နိုးရတဲ့ဧည့်သည်တော်များနဲ့အတူ တက်ညီလက်ညီပူးပေါင်းကြိုးပမ်းပေးခဲ့ကြသော ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိရပါတယ် ။

New Motion နှင့်လိုက်ပါခဲ့တဲ့ခရီးစဥ်တိုင်းဟာလဲ ပျော်ရွှင်စရာများပြည့်နေတဲ့အမှတ်အရဆုံးခရီးစဥ်တစ်ခုအဖြစ်မှတ်မိနေမယ်လို့ အပြည့်အဝယုံကြည်မိပါတယ် ။

နောက်လာမည့်နှစ်စဥ်နှစ်တိုင်းမှာလဲ New Motion Travels & Tours မှ ဧည့်သည်တော် လူကြီးမင်းတို့အကြိုက်တွေ့ခဲ့တဲ့အကောင်းဆုံးသောဝန်ဆောင်မှုများကိုလျော့သွားသည်မရှိအောင် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုလိုက်ပါတယ် ။

New Motion Travels & Tours မှဧည့်သည်တော်တိုင်းကို နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ ။

✈️ ကမ္ဘာ့အဆင့်မီ ဇိမ်အကျဆုံး 5stars လေကြောင်းလိုင်းများဆိုတာ Middle East Carriers            ✈️Middle East Carriers ဆိုတ...
28/11/2024

✈️ ကမ္ဘာ့အဆင့်မီ ဇိမ်အကျဆုံး 5stars လေကြောင်းလိုင်းများဆိုတာ Middle East Carriers

✈️Middle East Carriers ဆိုတာ ကမ္ဘာ့ထိပ်တန်း Top (10) စာရင်းဝင် အရှေ့အလယ်ပိုင်းရဲ့ 5 Stars လေကြောင်းလိုင်းတွေဖြစ်ကြပြီး အဲ့ထဲမှာမှ Emirates Airlines , Qatar Airways , Etihad Airways တွေက ဝန်ဆောင်မှုပိုင်းနဲ့ပတ်သက်လာရင် ပြိုင်စံရှားတာကြောင့် နာမည်ကျော်ကြားလူသိများပါတယ် ။

ဥရောပနိုင်ငံကြီးများနဲ့ နိုင်ငံအရပ်ရပ်သို့ ခရီးချဲ့ထွင်တော့မယ်ဆိုရင် အခုလိုစံနှုန်းပြည့်ညီတဲ့
ဝန်ဆောင်မှုကောင်းများရှိရာ UAE အခြေစိုက် ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်းတွေကို ရွေးချယ်တာဟာ အသင့်တော်ဆုံးပဲဖြစ်ပါတယ် ။

✔️နွေးထွေးပျူငှာလွန်းတဲ့ In-flight service

✔️တစ်ဦးတစ်ယောက်ချင်းစီအလိုက် အကောင်းဆုံးဝန်ဆောင်မှုတွေပေးတဲ့ Dinning Service နဲ့

✔️နှစ်သက်စေလောက်မဲ့ Entertainment ‌မျိုးစုံကို စနစ်တကျစီစဥ်တင်ဆက်ပေးတာတွေကြောင့် နိုင်ငံခြားခရီးစဥ်တွေမှာ ဇိမ်ကျကျပျံသန်းဖို့ဆို Middle East Carriers ကအရွေးချယ်သင့်ဆုံးပဲဖြစ်ပါတယ် ။

အခုလို Premium Service တွေကို First Class အတွက်သာမဟုတ်ပဲ Economy Class တွေမှာပါ ရရှိနိုင်တဲ့အပြင် $600 ဝန်းကျင်ဖြင့် Europe နိုင်ငံတွေကိုစျေးသက်သက်သာသာလည်ပတ်နိုင်မဲ့အခွင့်အရေးမို့ သက်သာသောနှုန်းထားနဲ့ နိုင်ငံခြားခရီးသွားဖို့စီစဥ်‌နေတယ်ဆို Middle East Carriers မှာ လေယာဥ်လက်မှတ်ဝယ်ယူဖို့ အကြံပေးပါတယ်ရှင့် ။

Destinations မှာလဲ 100 ကျော်ထိရွေးချယ်စရာများပြီး Emirates Airline ဆိုရင်နေ့စဥ် London to Dubai Round Trip မှာ (၁၀)ကြိမ်ထက်မနည်း ပြေးဆွဲပျံသန်းလျက်ရှိတာကြောင့် မိမိတို့သွားလိုရာရက်အတွက် အချိန်ညှိရတာတွေလဲ လွယ်ကူချောမွေ့စေပါတယ်ရှင် ။

ဥရောပနိုင်ငံကြီးများ နှင့် အာရှနိုင်ငံများသို့ ဇိမ်ကျကျ လည်ပတ်ပျံသန်းနိုင်ရန်အတွက် လေယာဥ်လက်မှတ်ဝယ်ယူတော့မယ်ဆိုရင် UAE အခြေစိုက် 5stars လေကြောင်းလိုင်း Middle East Carriers ရဲ့ တရားဝင် PSA - Passenger Sales Agents ဖြစ်တဲ့ IATA အသိအမှတ်ပြု New Motion Travels & Tours မှာ စျေးသက်သက်သာသာ ဝယ်ယူလို့ရရှိနေပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့် ။

ပြည်ပလေယာဉ်လက်မှတ်ဌာန
Phone : 09 4567 100 33 , 09 4567 100 44

ပြည်တွင်းလေယာဉ်လက်မှတ်ဌာန
Phone : 09 4567 100 55 တို့ကို ဆက်သွယ်နိုင်သလို

လူကိုယ်တိုင်လာရောက် စုံစမ်းမယ်ဆိုရင်လည်း
ရန်ကုန် ရုံးချုပ်
Red Hill Tower (၇)လွှာ အမှတ်(၂၇၅)၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့
မန္တလေးရုံးခွဲ
09 259 033 443 / 09 797 522 254
အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံ မြို့နယ် ၊ မန္တလေးမြို့ သို့လာရောက်နိုင်ပါတယ်ရှင့်

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9



ဂန္တဝင် အီတလီရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ တစ်နေရာ အီတလီလို့ဆိုလိုက်တဲ့အခါ အကျော်ကြားဆုံးသော ယဉ်ကျေးမှု ၊ အနုပညာထ...
23/11/2024

ဂန္တဝင် အီတလီရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ တစ်နေရာ

အီတလီလို့ဆိုလိုက်တဲ့အခါ အကျော်ကြားဆုံးသော ယဉ်ကျေးမှု ၊ အနုပညာထွန်းကားရာ နိုင်ငံ တစ်နိုင်ငံလို့ မြင်မိပြီး သွားဖူးချင် ၊ ရောက်ဖူးချင် ကြတဲ့လူတွေ ဒုနဲ့ဒေး ပါ ။

ဒါပေမယ့်ဂန္တဝင်မြောက်တဲ့ အီတလီရဲ့ နောက်ခံသမိုင်းကြောင်းတွေနှင့် ရှေးဟောင်းမြို့တော်တွေရဲ့ ခမ်းနားထည်ဝါမှုကိုသိရှိရပြီး အလည်အပတ်သွားတာကခရီးစဉ်ရဲ့ အာနိသင်အပြည့်အဝရစေမှာအမှန်ပါပဲ ။ ဒါဆိုရင်တော့ စိတ်ဝင်စားစရာခရီးစဉ် တစ်ခုဖြစ်လာစေမယ့်အီတလီ Pompeii ကို လေ့လာကြည့်ကြရအောင် ။

တစ်ခေတ်တစ်ခါက အီတလီရဲ့ ရှေးဟောင်းမြို့တော်ကြီးဖြစ်ခဲ့တဲ့ Pompeii မြို့ဟာ ယနေ့မှာတော့ သုသာန်တစ်စပြင်ကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေပြီး ဒေသခံလူတွေမှာလည်း မရှိသလောက်နည်းပါးသွားပါပြီ ။ သို့ပေမယ့် ခိုင်မာတဲ့ရာဇဝင် ၊ အဖိုးမဖြတ်နိုင်တဲ့ဗိသုကာလက်ရာများ နှင့် သာယာလှပနေတဲ့ရူခင်းတွေဟာ နိုင်ငံတကာကဧည့်သည်တော်တွေကို “ ဟာခနဲ ၊ ဟင်ခနဲ “ ဖြစ်သွားစေတာကြောင့် ခရီးသွားရာသီရောက်ပြီဆို နှစ်စဉ်လည်ပတ်သူမှာ မထင်ထားလောက်အောင် အမြောက်အများဖြစ်နေတတ်ပါတယ် ။

အီတလီရဲ့ Naple မြို့နဲ့ဆို ၄၅ မိနစ်ခန့်ကားမောင်းရုံဖြင့်ရောက်နိုင်မှာဖြစ်ပြီး Vesuvius မီးတောင် အနီးတဝိုက်မှာ ထီးထီးမားမား တည်ရှိနေဆဲမြို့တစ်မြို့လည်းဖြစ်ပါတယ် ။

ဂီတ ၊ အနုပညာ ၊ ဝတ်စားဆင်ယင်မှု အဘက်ဘက်က အသာစီးရခဲ့တဲ့ Pompeii မြို့ဟာ ကံမကောင်း ၊ အကြောင်းမလှစွာ Mt.Vesuvius ရဲ့ သားကောင်အဖြစ် ရောက်ခဲ့စဉ်မှာတော့ Pompeii ပြည်သူလူထု ထောင်သောင်းမက မီးတောင်ပေါက်ကွဲမှုရဲ့ ချော်ရည်တွေထဲ ပူပူပြင်းပြင်းအသက်ပေးဆပ်ခဲ့ရပါတယ် ။ မြို့တစ်မြို့လုံး ပေါက်ကွဲမီးတောင်ရဲ့ ချော်ရည်များဖုံးလွှမ်းခဲ့ရပြီး အသက်အိုးအိမ်ပျက်စီးရုံသာမက တုနှိုင်းမဲ့ယဉ်ကျေးမှု ဗိသုကာ အနုပညာ လက်ရာတွေပါ တစ်နေရာတည်းမှာ ပျက်သုဉ်းခဲ့ရတာကို ဝမ်းနည်းစွာတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ် ။

Mt.Vesuvius မီးတောင်ကြောင့် ပျက်စီးခဲ့ရတဲ့ နေရာဒေသတော်တော်များများနှင့် ဆုံးပါးသွားတဲ့လူတစ်ချို့ကို ယနေ့အခါမှာတော့ ကျောက်ဖြစ်ရုပ်ကြွင်းအနေနဲ့ ပြန်လည်တွေ့မြင်ရမှာဖြစ်ပြီး ရူခင်းမှာ ယခင်အတိုင်းသာယာလှပနေဆဲဖြစ်တာကြောင့် ကမ္ဘာ့ UNESCO အသိမှတ်ပြုခံခဲ့ရတဲ့ နေရာတစ်ခုဖြစ်လာပါတယ် ။

ပါးစပ်ရာဇဝင် အရဆိုရင်တော့ အလှအပတို့နဲ့ပြည့်နှက်နေတဲ့ ပြည်တော်ကောင်း Pompeii ဟာ ဒုစရိုက်ပြုလုပ်သူများလာတာကြောင့် နတ်ဘုရားများကအပြစ်ဒဏ်ခတ်ရန် မီးတောင်ပေါက်ကွဲစေခဲ့တာလို့ ဆိုကြပါတယ် ။

ဂန္တဝင်အလှတရားတို့တည်ရှိရာအီတလီမှာလည်ပတ်ရင်းနဲ့ နောက်ခံသမိုင်းအကြောင်းအခိုင်အလုံရှိတဲ့နေရာလေးတွေဆီ လေ့လာချင်တဲ့ စိတ်ကူးလေးရှိမယ်ဆိုရင်တော့ Pompeii မြို့ဟာ လွမ်းဆွတ်ဖွယ်ခံစားချက်တစ်မျိုးရစေမယ်ဆိုတာအပြည့်အဝအာမခံပါတယ် ။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9


🏝️ ပိုလာဘာလီကျွန်းမှ လူသိထင်ရှား ကမ်းရိုးတန်းအလှ 🇮🇩 🌊 ဘာလီလို့ဆိုတာနဲ့ ချက်ချင်းတန်းမြင်ရမှာက ရင်သပ်ရှုမောဖွယ် သဘာဝကမ်းရ...
18/11/2024

🏝️ ပိုလာဘာလီကျွန်းမှ လူသိထင်ရှား ကမ်းရိုးတန်းအလှ 🇮🇩

🌊 ဘာလီလို့ဆိုတာနဲ့ ချက်ချင်းတန်းမြင်ရမှာက ရင်သပ်ရှုမောဖွယ် သဘာဝကမ်းရိုးတန်းအလှပဲဖြစ်ပါတယ် ။ တခမ်းတနား လှပနေတဲ့ ကျွန်းစုတွေကြားထဲမှာ ဇိမ်ခံအနားယူဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ ( Bali - Indonesia ) ခရီးစဥ်လေးကိုအသေးစိတ်ဖတ်ရှုကြရအောင်နော် ။

🐲 နတ်ဘုရားတို့ဖန်ဆင်းထားသကဲ့သို့ သဘာဝအတိုင်းလှနေတဲ့ဘာလီမှာသွားလည်ပတ်မဲ့နေရာတွေကတော့ ….

- 🏔️ တောတောင် ၊ ရေမြေသဘာဝအလှနဲ့ Bali Swings တွေရယ် တွေကြောင့်နာမည်ကြီးတဲ့ Ubud

- 🧚 ပုံပြင်ထဲကနတ်သမီးရွာလေးအတိုင်း သစ်ရိပ်လောင်းရိပ်တိုနဲ့သစ်သားပန်းပုထုထွင်းပေါင်းစပ်ထားရာ အပန်းဖြေတစ်စိတ်တစ်‌ဒေသ Alas Harum Bali Resort မှာ Bali Swing , Infinity Pool နဲ့ instagram ဆန်ဆန် photo booth အမြောက်အမြား ရှိတာကြောင့်မဖြစ်မနေသွားလည်ပတ်ကြပါမယ် ။

- 🎵 Live Music , Exotic Belly Dance , Fire Show တို့ဖျော်ဖြေတင်ဆက်ရာ Phinisi Cruise ပေါ်မှာ ညနေခင်းအလှကို ခံစားရင် Dinner သုံးဆောင်ပါမယ် ။

- 🎍 ရိုးရာယဥ်ကျေးမှုရုပ်ထုများအနက် ကမ္ဘာ့အကြီးဆုံးစာရင်းဝင် Garuda Wisnu Kencana ရုပ်ထုရှိရာ GWK park

- 🏛️တောင်အငူပေါ်မှာ စွန့်စွန့်စားစားတည်ဆောက်ထားတဲ့ Uluwatu Temple

- 🌅နေဝင်ဆည်းဆာအလှနဲ့ပေါင်းစပ်ဖျော်ဖြေကြတဲ့ ရာမယဏဇာတ် Kecak Dance ကိုလေ့လာကြည့်ရှုနိုင်မဲ့အခွင့်အရေး

- 🐬Sanur Beach အနီးနားက တစ်ခုတစ်မျိုးမရိုးရအောင်လှနေတဲ့ NUsa Penida ကျွန်း ၊ Angel Bilabong ၊ Kelingking Beach Secret Point ၊ Broken Beach နဲ့ Snorkelling လုပ်ဖို့အကောင်းဆုံး Crystal Bay ကိုသွားရောက်လည်ပတ်ပါမယ် ။

- 🕍ပင်လယ်နတ်ဘုရားကိုပူးဇော်ရန်တည်ဆောက်ထားတဲ့ Hindu ဘုရား‌ကျောင်း Tanah Lot

- ⛱️Tanah Lot ထဲက Bali ရဲ့ အထင်ကရ မုဒ်ဦးတစ်ခုဆီသို့မဖြစ်မနေလည်ပတ်ကြီး အမှတ်တရ ဓာတ်ပုံလှလှ ရိုက်ကူးကြမယ် ။

- ⛵️ပြီးရင်တော့ Bali ခရီးစဥ်ကို Agung Bali မှာပျော်ပျော်ပါးပါး စျေးဝယ်ပြီးအဆုံးသတ်မှာပဲဖြစ်ပါတယ် ။

Bali မှာရှိတဲ့ထင်ပေါ်ကျော်ကြားတဲ့ ကျွန်းစုတွေကိုအဓိကထားပြီး သွားလည်ပတ်မှာဖြစ်လို့ သဘာဝတရားနဲ့ ပင်လယ်သယံဇာတတွေကြားထဲ ဇိမ်ခံအပန်းဖြေချင်တယ်ဆိုရင်တော့ Bali ခရီးစဥ်လေးမှာပါဝင်ဖို့ အကြံပြုပါတယ်နော် ။

ခရီးစဥ်အသေးစိတ်ကို ဆက်သွယ် စုံစမ်းဖို့ ..
ရန်ကုန်ရုံးချုပ်
Hotline 09 260 792 883 နဲ့
ရုံးချိန်အတွင်း 09 260 792 881, 09 260 792 882 , 09 260 792 884
အမှတ် (၂၇၅ ) Redhill Tower ( ၇ )လွှာ ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့

မန္တလေးရုံးခွဲ
Hotline 09 910 211 22
09 259 033 443
အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံ မြို့နယ် ၊ မန္တလေးမြို့ သို့ လာရောက်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9

New Motion Travels & Tours မှ ဧည့်သည်တော်တွေကို နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ။

15/11/2024

✨" မြိုင်မြိုင်ဆိုင်ဆိုင် ၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် " ✨
ယနေ့နိုဝင်ဘာ ( ၁၅ ) ရက်နေ့ မြန်မာသက္ကရာဇ် (၁၃၈၆) ပြည့်နှစ်သည် မြန်မာလူမျိုးတိုင်း ပျော်ပျော်ရွှင်ရွှင်တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ " တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ " ဖြစ်ပါတယ်။

" ဆယ့်နှစ်လရာသီတွေထဲ အစည်ကားဆုံးဖြစ်တဲ့ ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်ရဲ့ လပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူလူထုတိုင်းသာမက ကမ္ဘာသူ၊ကမ္ဘာသားတိုင်းပါ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေကြောင်း New Motion Travels & Tours မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် "

New Motion Travels & Tours မှ နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ။

🚐 ပြည်တွင်း Corporate Reward Trip စီစဥ်တော့မယ်ဆို New Motion Travels & Tours ကိုသတိရလိုက်ပါ ။ ⛱ ကုမ္ပဏီအတွက် အသင်းအဖွဲ့အ...
12/11/2024

🚐 ပြည်တွင်း Corporate Reward Trip စီစဥ်တော့မယ်ဆို New Motion Travels & Tours ကိုသတိရလိုက်ပါ ။

⛱ ကုမ္ပဏီအတွက် အသင်းအဖွဲ့အစည်းတစ်ခုအတွက် တစ်နှစ်တာလုံးအထူးကြိုးပမ်းပေးသော ဝန်ထမ်းများကို လက်ဆောင်ချီးမြှင့်တဲ့အနေဖြင့် Coporate Trip စီစဥ်ပြီး ပို့ဆောင်ပေးတာဟာ တကယ်ကိုကောင်းတဲ့ အကြံတစ်ခုဖြစ်ပါတယ် ။

🤝 ဒီလိုပို့ဆောင်ပေးခြင်းအားဖြင့် ကုမ္ပဏီအသင်းအဖွဲ့များအနေနဲ့လဲ မိမိတို့လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ၏ နေ့စဉ်လုပ်ဆောင်‌နေကြလုပ်ငန်းများအပေါ် စွမ်းဆောင်ရည်တိုးတက်စေဖို့အတွက် အများကြီးအထောက်အကူအကျိုးပြုပါတယ် ။

❤️ “ သာမာန်ဝန်ထမ်းကနေ ဝန်ထမ်းကောင်း ၊
🚩 ဝန်ထမ်းကောင်းမှ ရေရှည်ဝန်ထမ်းဟောင်း ” အဖြစ်သို့ အပြန်အလှန်ယုံကြည်မှုပိုတိုးစေပါတယ် ။

ဒါပေမဲ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ Trip Plan အစအဆုံးကိုတာဝန်ယူရတာဟာ တစ်ဦးတစ်ယောက်ချင်း ခရီးထွက်ဖို့စဥ်းစားရတာထက် ပိုပြီးခက်ခဲပါတယ် ။

Boss ကအစ HR အဆုံး ဝန်ထမ်းများအားလုံး ပျော်ပျော်ရွှင်ရွှင်ခရီးထွက်ရဖို့ဆို တာဝန်အပြည့်အဝယူတဲ့ ခရီးသွား Agency ကို အပ်လိုက်တာက အကောင်းဆုံးပါ ။

- 🌊ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်း‌တွေကို ပြည်တွင်းထဲမှာမှ ဘယ်ကမ်းခြေ ၊ ဘယ်နေရာဒေသကိုပို့ဆောင်ပေးတာဟာ ပျော်ဖို့အကောင်းဆုံဖြစ်မလဲ ?

- 🤽‍♂️ဘယ်နေရာကရော Activities တွေလုပ်ဖို့အကောင်းဆုံးလဲ ?

- ⛱ ဘယ်ခရီးလမ်းကြောင်းက ခုချိန်မှာသွားလို့အဆင်ပြေဆုံးဖြစ်မလဲ ?

- 🏢ခရီးစဉ်တစ်လျှောက်လုံးအတွက် ဝန်ဆောင်မှုပြည့်ဝသော အဆင့်မြင့်ဟိုတယ်ကြီးများ ၊

- 🍓အရသာရှိသော အစားအသောက်များနဲ့ ဒေသထွက်စားသောက်ဖွယ်ရာများကို သုံးဆောင်နိုင်အောင်ဘယ်လိုစီစဥ်ပေးရမလဲ စတဲ့ မေးခွန်းတွေအကုန်လုံးကို New Motion Travels & Tours ကနေပြီးတော့ ကောင်းမွန်သောနည်းလမ်းတွေနဲ့ စနစ်တကျကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ် ။

အတွေ့အကြုံပြည့်ဝသော ကျွမ်းကျင် Tour Leader များမှ ကုမ္ပဏီအသင်းအဖွဲ့များအတွက် မိမိတို့ စီစဥ်လိုတဲ့ ခရီးစဥ်အစအဆုံးကို ပျော်ပျော်ရွှင်ရွှင်ခရီးထွက်နိုင်ဖို့ဦးစားပေးပြီး စီစဥ်ဆောင်ရွက်ပေးသွားမှာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ။

New Motion Travels & Tours ဟာဆိုရင် မြန်မာနိုင်ငံတွင် နာမည်ကြီးလူသိများသော Company ကြီးများရဲ့ လူထောင်ချီသော Corporate Incentive trip များစွာကို ကျေနပ်ပျော်ရွှင်မှုအပြည့်ရရှိအောင် တစ်ချိန်တည်းတွင် ဂုဏ်ယူစွာပို့ဆောင်ပေးနိုင်ခဲ့ပါတယ်ရှင် ။

အရင်ကဝန်ဆောင်မှုပေးခဲ့သည့် Corporate Incentive Trip များ၏ပျော်ရွှင်ဖွယ် Group Photo အမှတ်တရပုံရိပ်များကိုလဲ အောက်ပါ Link ထဲမှတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့် ။

https://www.facebook.com/share/p/15WqY31UMZ/

Corporate Incentive ခရီးစဉ်များအတွက် ဆက်သွယ်စုံစမ်းလိုပါက

ရန်ကုန်ရုံးချုပ်
Domestic Department
📱Hot Line 09456710066
📱 PH : 09456710099
Outbound Department
Hotline 09 260 792 883 နဲ့
ရုံးချိန်အတွင်း 09 260 792 881 / 09 260 792 882/ 09 260 792 884
အမှတ် (၂၇၅ ) Redhill Tower ( ၇ )လွှာ ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့

မန္တလေးရုံးခွဲ
Hotline 09 910 211 22
PH : 09 259 033 443
အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံ မြို့နယ် ၊ မန္တလေးမြို့ သို့ လာရောက်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7

( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9

"အနားယူအပန်းဖြေခြင်းသည် အနာဂါတ်အတွက်အင်အားဖြစ်စေပါသည်။"
New Motion Travels & Tours မှ ဧည့်သည်တော်တွေကို နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ။


❄️ ဒီဇင်ဘာရောက်တိုင်း အလှတိုးလာတဲ့ Hokkaido ပုံမှန်အချိန်တွေမှာတောင် အလှတို့ပြည့်နှက်နေတဲ့ Hokkaidoဟာ ဒီဇင်ဘာရောက်တဲ့အခါ...
12/11/2024

❄️ ဒီဇင်ဘာရောက်တိုင်း အလှတိုးလာတဲ့ Hokkaido

ပုံမှန်အချိန်တွေမှာတောင် အလှတို့ပြည့်နှက်နေတဲ့ Hokkaidoဟာ ဒီဇင်ဘာရောက်တဲ့အခါမှာတော့ ပိုလို့တောင် အလှတွေတိုးရင်း အလှပေါ်အလှဆင့်သွားပါတော့တယ် ။ ဆယ့်နှစ်လရာသီလုံး မရိုးရတဲ့ သဘာဝအလှအမျိုးမျိုးနဲ့ နာမည်ကျော်ကြားတာကြောင့် ကမ္ဘာလှည့်ခရီးသည်အများစု သဘောကျနှစ်သက်တဲ့‌ နေရာတစ်ခုဆိုလဲ မမှားပါဘူး ။

ပြီးခဲ့တဲ့ Autumn မှာ အ‌‌ရောင်အသွေးစုံစုံလင်လင် ပန်းခင်းကြီးတွေနဲ့ နှံ့နှံ့စပ်စပ် ဖူးပွင့်ဝေဆာခဲ့သလောက် ယခုလို ဒီဇင်ဘာရောက်လာပြန်တော့လဲ နှင်းတဖွေးဖွေး အလှတစ်မျိုးနဲ့ဆွဲဆောင်နေပြန်ရော..

ဂျပန်မှာ ဒုတိယအကြီးဆုံးကျွန်းဖြစ်ပြီး ကျွန်းဆွယ်အလှတွေပတ်ပတ်လည်ကာရံထားကာ ဆောာင်းရာသီတိုင်း နှင်းတွေနဲ့အတူ ရာသီဥတုသိသိသာသာအေးလာပြီး မြင်မြင်သမျှရှုခင်းတွေမှာလဲ မျက်စိတစ်ဆုံးဖြူဖြူဖွေးဖွေးဖြစ်နေတတ်ပါတယ် ။ သို့ပေမဲ့ သစ်ပင်ပန်းမန်နဲ့ စိုက်ခင်းသီးနှံ‌တွေကတော့ ယခင်ကလို ရှင်သန်လှပဆဲပဲဖြစ်ပြီး ကောက်ပဲသီးနှံတွေလဲအထွက်နှုန်းတိုးဆဲဖြစ်ပါတယ် ။

ဘာအချက်တွေကြောင့် ဒီဇင်ဘာရောက်ရင် Hokkaido မှာလည်ပတ်ဖို့အကောင်းဆုံးဖြစ်စေတာလဲ ?

Hokkaido မှာဆိုရင် အဓိကအလည်အပတ်ဧည့်သည်များတဲ့ ရာသီ၂ခုရှိပါတယ် ။ Autumn နဲ့ Winter ဖြစ်ပြီး ဆောင်းရာသီနှင်းကျတဲ့အချိန်မှာတော့ လည်ပတ်လို့ကောင်းသလို ပွဲလမ်းသဘင်မှာလဲ စုံစုံလင်လင်စည်ကားလျက်ရှိပါတယ် ။

ရာသီဥတုမှာ နွေတစ်လှည့် ဆောင်းတစ်လှည့် အဘက်ဘက်က သာယာလှပလွန်းတာကြောင့် "National prefectural attractiveness ranking 2018" ဆိုတဲ့ နိုင်ငံတကာမှာ ထိပ်တန်းဆွဲဆောင်မှုအလှတရားတို့ရှိရာနယ်မြေဆိုပြီးလဲ ၂၀၁၈ တုန်းကသတ်မှတ်ခံခဲ့ရပါသေးတယ် ။

-22F လောက်ထိအေးမြပြီး နွေဥတုကာလက တသွင်သွင်စီးဆင်းနေတဲ့မြစ်ချောင်းများမှာ ရေခဲပြင်ကျယ်အဖြစ်ပြောင်းလဲသွားပြီး Winter Activity တွေမြစ်ကြတဲ့ နှင်းလွှာလျှောစီးတာတို့ ၊ နှင်းစကိတ်စီးတာတို့ပြုလုပ်နိုင်တာကတော့ လာရောက်လည်ပတ်ကြသူတွေတိုင်း ကြိုက်နှစ်သက်ကြပါတယ် ။

Hokkaido မှာ အပန်းဖြေအနားယူဖို့ Resort လဲအတော်အများပေါများပြီး ဘယ်နေရာကြည့်ကြည့် တော ၊ တောင်အလှအပတွေနဲ့ ဆွဲဆောင်လွန်းတာကြောင့် လည်ပတ်လို့ကောင်းပြီး တောရိုင်းတိရစ္ဆာန်လေးတွေကိုလဲ အနီးအနားတောတောင်တွေထဲမှာ တခါတလေတွေ့မြင်ရတတ်ပါတယ် ။ အဲ့ထဲမှာမှ အထူးခြားဆုံးကတော့ မျိုးသုဥ်းခါနီးဆဲဆဲဖြစ်တဲ့ Red Panda တွေခိုနားရာ Asahiyama Zoo ဖြစ်ပြီး နာမည်ကျော်ကြား လူအများသွားကြပါတယ် ။

ပင်လယ်နဲ့နီးတာကြောင့် Hokkaido ရောက်ပြီဆိုမဖြစ်မနေစားရမှာက လတ်လတ်ဆတ်ဆတ် Seafood ပဲဖြစ်ပါတယ် ။ ရေခဲမြစ်ကရလာတဲ့ ငါးတွေဟာပုံမှန်ထက်အများကြီး လတ်ဆတ်ပြီးအရသာရှိတာကြောင့် Hokkaido ရဲ့ Singnature အစားအစာတစ်ခုဖြစ်လာတာကတော့ ပင်လယ်စာနဲ့လုပ်ထားတဲ့ Ramen ခေါက်ဆွဲပြုတ်ပဲဖြစ်ပါတယ် ။ အစားအသောက်ကြိုက်နှစ်သက်တဲ့လူတွေအဖို့ ဒီလိုမျိုးပင်လယ်စာတွေပေါရာ Hokkaido ဟာခပ်စိမ်းစိမ်း ဖြစ်နေမှာမဟုတ်သလို ဒီရောက်မှ သဘောကျအရသာတွေ့သွားနိုင်တဲ့ ဟင်းလျာအမယ်အသစ်တွေတောင် ရသွားနိုင်ပါတယ် ။

ဒါကြောင့် Japan ကို လည်ပတ်မယ်ဆို သေချာလျာထားရမဲ့ List ထဲက ခရီးစဥ်‌လေးကတော့ Hokkaido ဖြစ်ပြီး စူးစမ်းလေ့လာတတ်သူတို့အတွက် မတူညီတဲ့ခံစားချက်အသစ် နယ်မြေအတွေ့အကြုံအသစ် တွေရှာဖွေဖို့ အသင့်တော်ဆုံး ခရီးစဥ်တစ်ခုဖြစ်‌နေမယ်ဆိုတာ ယုံကြည်ပါတယ် ။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7
( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )
Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9


New Motion မှာ Japan Visa Service ရယူပါ ။ ⛩Japan ကိုအလည်အပတ်အနေနဲ့ ဒါမှမဟုတ် Business ကိစ္စအတွက်ခရီးသွားဖို့ Visa လိုအပ်...
08/11/2024

New Motion မှာ Japan Visa Service ရယူပါ ။ ⛩

Japan ကိုအလည်အပတ်အနေနဲ့ ဒါမှမဟုတ် Business ကိစ္စအတွက်ခရီးသွားဖို့ Visa လိုအပ်နေပြီဆိုရင် တိကျမြန်ဆန်ပြီးအကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ New Motion Travels and Tours ကိုရွေးချယ်တာဟာ အသင့်တော်ဆုံးပဲဖြစ်ပါတယ် ။

Japan သို့သွားမဲ့ Visa ကိစ္စနဲ့ပတ်သက်ပြီးလိုအပ်တာတွေ ကိုယ်တိုင်တကူးတကပြင်ဆင်နေရလို့ အခက်အခဲဖြစ်နေချိန်မှာ ....

အတွေ့အကြုံရှိ ကျွမ်းကျင်ဝန်ထမ်းများကနေ တိကျတဲ့အချက်အလက်စုံစုံလင်လင်နဲ့ Visa ဝန်ဆောင်မှု ပြုလုပ်ပေးသွားမှာဖြစ်လို့ ခရီးထွက်ဖို့ ခေါင်းခဲခံပြီးပြင်ဆင်စရာမလိုတော့မှာ အသေအချာပါပဲ ။

💻 Bussiness Visa အတွက်ဆိုရင်လဲ သံရုံးမှလိုအပ်တဲ့ စာရွက်စာတမ်းများအပြည့်အစုံနဲ့အတူ စနစ်တကျ လျှောက်ပေးနေတဲ့အပြင်

💳 ဆွေမျိုးသားချင်း ၊ မိသားစုဆီသို့အလည်အပတ်ခရီးသွားချင်တာဆိုလဲ 3 Months Tourist Visa တွေအလွယ်တကူ လျှောက်ပေးနေပါပြီရှင် ။

🗺 နိုင်ငံ နဲ့ Visa အမျိုးအစားအလိုက် လိုအပ်တဲ့ စာရွက်စာတမ်း နဲ့ အချက်အလက်တွေ ပြင်ဆင်ဖို့ ကျွမ်းကျင်ဝန်ထမ်းများက ဆွေးနွေးအကြုံပြုပေးသွားမှာပါ ။ စာရွက်စာတမ်း ပြင်ဆင်တာ‌ကနေစပြီး ၊ Online Visa Form တင်ပေးခြင်း ၊ Appointment ယူပေးတဲ့အပြင် Visa အတွက် Interview ဖြေဆိုဖို့လိုအပ်တဲ့ စာရွက်စာတမ်း ၊ အချက်အလက်အပြည့်အစုံ ဆောင်ရွက်ပေးသွားမှာဖြစ်လို့ Visa နဲ့ ပတ်သက်ပြီး ဘာမှမသိဖြစ်နေလည်း စိတ်ပူမနေနဲ့တော့နော် ။

Visa Service များနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက
Visa Department
09-260792881 / 09-260792884 သို့ဆက်သွယ်နိုငနိုင်သလို
လူကိုယ်တိုင်လာရောက် စုံစမ်းမယ်ဆိုရင်လည်း အမှတ် (၂၇၅) ၊ Red Hill Tower (၇) လွှာ ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

မန္တလေးရုံးခွဲ
Hotline 09 910 211 22
09 259 033 443
အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံ မြို့နယ် ၊ မန္တလေးမြို့ သို့ လာရောက်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ။
New Motion Travels & Tours မှဧည့်သည်တော်တွေကို နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ ။

Google Maps - https://maps.app.goo.gl/HGsuhLCpG8sog4mx7

( New Motion Travels & Tours ရဲ့ Social Media Platforms တွေကိုလဲ အောက်ပါ Link တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် )

Website - www.newmotion.com.mm
Instagram - https://bit.ly/4fBggSa
Linkedin - https://bit.ly/4hAl6Rs
Tiktok - https://bit.ly/3AGpygS
YouTube - https://bit.ly/4fdFgz9


Address

No. 275, 7th Floor, Red Hill Tower , Pyay Road, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959260792883

Alerts

Be the first to know and let us send you an email when New Motion Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Motion Travels & Tours:

Share

Category

“Escape From Everyday Life”

About New Motion Travel

New Motion Travels & Tours Company Limited