Royal chindwin thitsar travel & tours

Royal chindwin thitsar travel & tours အလှတရားတွေနဲ့အတူ နေ့ရက်တိုင်းကို အတူတူရှင်သန်ရအောင်

တန်းစီမှစားရတဲ့ ပုဂံဒေသရဲ့ နာမည်ကျော် မိဘမေတ္တာဇီးရိပ်အကြော်ဆိုင်လေး ပုဂံရောက်ရင် တစ်ခါလောက်တော့သွားစားစေချင် Photo crd
19/12/2023

တန်းစီမှစားရတဲ့ ပုဂံဒေသရဲ့ နာမည်ကျော်
မိဘမေတ္တာဇီးရိပ်အကြော်ဆိုင်လေး ပုဂံရောက်ရင် တစ်ခါလောက်တော့သွားစားစေချင်

Photo crd

ဆောင်းတွင်းချိန်ခါ အညာ​မြေရဲ့ ထန်းပင်မြစ် (သို့) ထန်းပင်ပေါက်ကို​ လွမ်းခြင်းခုလို ဆောင်းရာသီဆို အညာဒေသရဲ့ အစားအစာတစ်ခုဖြ...
17/12/2023

ဆောင်းတွင်းချိန်ခါ အညာ​မြေရဲ့ ထန်းပင်မြစ် (သို့) ထန်းပင်ပေါက်ကို​ လွမ်းခြင်း

ခုလို ဆောင်းရာသီဆို အညာဒေသရဲ့ အစားအစာတစ်ခုဖြစ်တဲ့ ထန်းပင်မြစ်မီးဖုတ်လေးကို တမ်းတမိတယ်။

တချို့လည်း ထန်းပင်မြစ်လို့ ခေါ်ကြတယ်၊ထန်းပင်ပေါက်လို့ ခေါ်တဲ့ဒေသတွေလည်း ရှိပါတယ်။

ထန်းပင်မြစ်ဆို​တော့ အချို့မသိ​သေးသူများက ထန်းပင်ကြီးရဲ့ အမြစ်​တွေလို့ထင်​နေကြ​တာတွေလည်း ရှိသေးတယ်။

တကယ့်ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွား​တွေစားဖို့အတွက် နွားစာကျင်း​(မြက်​တွေထည့်​ကျွေးတဲ့ခွက်ကြီး)တွေ​တောင် ထွင်းလို့ရပါတယ်။

စားလို့ရတဲ့ထန်းပင်မြစ်ကတော့ ထန်းသီးအရင့်တွေကို​မြေမြုပ်ထားပီး ထွက်လာတဲ့ ထန်း​ပင်ပေါက်​ကို ခေါ်တာပါ။

သူ့အရသာက​ နုလွန်းရင်ခါးသက်သက်ဖြစ်တတ်ပြီး ရောင်းတန်းဝင်အရွယ်​လောက်ဆိုရင်​​တော့ စားပီးရင်းစားချင်စရာ​ကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုး​​လေးပါ။

မီးဖုတ်စားရင် အနံ့ပို​ပီးမွှေးပါတယ်၊မီးဖုတ်ပြီးသားလေးကို သစ်သားငရုတ်ကျည်ပွေ့နဲ့ ထုပြီး ဆီမွှေးမွှေးလေးဆမ်း ဆားလေးပါဖြူးစားလိုက်လို့ကတော့ တကယ်ကို ကောင်းမှကောင်းတဲ့ စားစရာတစ်ခုပေါ့။

ထန်းပင်မြစ်ကို မီးဖုတ်ပြီးလည်း စားလို့ရသလို ပြုတ်ပြီးလည်း ဆီနဲ့ဆားနဲ့ တို့စားကြပါတယ်။
အချို့ကလည်း ထန်းမြစ်​ကြော်၊ထန်းမြစ်နှမ်း​ထောင်း စသဖြင့်အမျိုးမျိုးစား​လေ့ရှိကြပါတယ်။
အဲဒီထဲကမှ ထန်းမြစ်မီးဖုတ်ကို ထုပြီး ဆီဆားနဲ့စားရတာကို အကြိုက်ဆုံးပါ။

မစားဖူးသေးတဲ့သူများအတွက် စားနည်းလေးကတော့ ထန်းပင်မြစ်မီးဖုတ်(သို့)ထန်းပင်မြစ်ပြုတ်ကိုအခွံခွာပီးလျှင် ထန်းမြစ်​ဖွေး​ဖွေး​လေး​ တွေ့ပါလိမ့်မယ်။ ထိုထန်းမြစ်​လေးရဲ့ အ​ပေါ်ယံအမျှင်ပါး​လေးကို ​နောက်တစ်ကြိမ်ထပ်ခွါလိုက်ပါ။
ပြီး…အလယ်က​နေခြမ်းကာ အထဲကအူတိုင်အနှံ​လေးကိုဖယ်လိုက်ရင် စားလို့ရပါပြီ။

ဒီလိုချိန် ဆောင်းတွင်းချမ်းချမ်းစီးစီး မီးဖိုဘေးမှာ ထန်းပင်မြစ်မီးဖုတ်ကို မိသားစုတွေနဲ့ ဝိုင်းဖွဲ့စားခဲ့ရတဲ့အချိန်ဟာ ပျော်စရာအချိန်တစ်ခုပေါ့။

မိသားစုဆောင်း........................

အဲဒီတုန်းက
ဆောင်းဟာ
ထန်းပင်မြစ် မီးဖုတ်ရနံ့
ပန်းပွင့်ကြက်ဥကြော်အရသာနဲ့
စောင်အပြဲတွေကို
အလွှာလိုက် ထပ်ချုပ်ထားပြီး
ရောက်လာတယ်

ကမ္ဘာကျော်တွေမှ မဟုတ်ဘူး
ငါတို့လည်း
အမေ့မီးဖိုဘေးမှာ
မီးလှုံရင်း စာဖတ်ခဲ့ရတာပဲ

အိမ်ခေါင်မိုးသက်ကယ်တွေပေါ်က
နှင်းတွေလို
ငါတို့မနက်ခင်းဟာ
နေပူစာလှုံရင်း နွေးထွေးခဲ့ရ

အဲဒီလို လုံလောက်တဲ့ အချိန်ရလို့
ငါတို့ကံကောင်းကြတယ်

အဖေ့ခြေထောက်ကြားထဲ ထိုးထည့်မှရတဲ့
အနွေးဓာတ်ကို
ခြေဖျားတွေ ပြန်မရခဲ့တာ ကြာပြီ

နောက်ကျ မှထလို့ရနေပေမယ့်
စောစောနိုးနေတော့တာပါပဲ

တစ်ယောက်ချင်းစီဟာ
ထူထူထဲထဲ ဖြစ်နေမှ
ဆောင်းက
မအေးတော့ဘူး

-ဘုဏ်းနွယ်-

ဆရာဘုဏ်းနွယ်ရဲ့ မိသားစုဆောင်းကဗျာလေးကို သတိရမိရင်း အမှတ်ရစရာ အညာရဲ့အတိတ်တခုကိုလွမ်းမိပါတယ်။



မူရင်းဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ credit ပေးပါတယ်ရှင်❗️

■ မင်းတပ် - မတူပီ မော်တော်ကားလမ်းတလျှောက်မှာ အအုံလိုက်ပွင့်ဖူးနေပြီဖြစ်တဲ့ ချင်းတောင်ဇလပ်များအား အနီးကပ်မြင်တွေ့ရစဉ်။ [P...
14/12/2023

■ မင်းတပ် - မတူပီ မော်တော်ကားလမ်းတလျှောက်မှာ အအုံလိုက်ပွင့်ဖူးနေပြီဖြစ်တဲ့ ချင်းတောင်ဇလပ်များအား အနီးကပ်မြင်တွေ့ရစဉ်။ [Photo: HKL – Mindat]
~~~~
The Mindat Post
၁၃ ဒီဇင်ဘာလ၊ ၂၀၂၃
-------------
#တောင်ဇလပ် #မင်းတပ်

ဖူးစာရှာမယ် Single Trip ၀ယ်ခရီးစဉ်အမျိုးအစား             - Single trip  ခရီးစဉ်ထွက်ခွါမည့်နေ့        - 04.01.2024ခရီးစဉ်...
12/12/2023

ဖူးစာရှာမယ် Single Trip ၀ယ်

ခရီးစဉ်အမျိုးအစား - Single trip
ခရီးစဉ်ထွက်ခွါမည့်နေ့ - 04.01.2024
ခရီးစဉ်ပြန်ရောက်မည့်နေ့ - 08.01.2024
ခရီးစဉ်ထွက်ခွါမည့်အချိန် - 5:00PM
ခရီးစဉ်ဈေးနှုန်း - 390000Ks

Cation လေးဖတ်ပြီးကြည်နူးသွားရင်ကျေနပ်ပါပြီလို့
မင်မင်တို့ Royal chindwin thitsar travel & tours ကနေ ခရီးသွားတိုင်းတစ်ယောက်ထဲသွားရတတ်တဲ့ single လေးတွေကိုရည်ရွယ်ပြီး ခရီးစဉ်လေးတစ်ခုစီစဉ်ပေးလိုက်ပါပြီနော်
ခရီးစဉ်လေးက ဟိုတယ် ၃ ညအိပ်မယ်၊
ရောက်တဲ့အရပ်လေးမှာအေးအေးလူလူ ဓာတ်ပုံရိုက်ကြမယ်၊ ဘုရားဖူးတာဝါသနာပါတဲ့သူက ဘုရားဖူးရင်းပေါ့၊ ကိုယ့်လိုပဲပါလာမယ့် single လေးတွေအချင်းချင်းမိတ်‌‌ဖွဲ့ရင်းခရီးစဉ်လေးကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြမယ်‌‌နော်။
ရှမ်းတို့မြေရဲ့လှပလွန်းတဲ့အလှတွေနဲ့ အေးချမ်းတဲ့ ‌ကလောမြေလေးအပြင် သန့်ရှင်းမှုမှာစံထားရတဲ့ fashion အလန်းတွေနဲ့လှပနေတဲ့တောင်ကြီးမြို့ကိုလဲလည်ပတ်ရဦးမှာပါနော်၊ ဒါပဲလားဆို ကျန်သေးတယ်လို့၊ စကားဝဲတဲ့အင်းသားတို့ရဲ့အင်းလေးကန်အလှကိုလဲ ခံစားပြီး ချမ်းအေးလွန်းတဲ့ည‌‌တွေကိုကျော်ဖြတ်ရင်း အတူတူခရီးသွားရအောင်လို့မင်မင်တို့မှဖိတ်ခေါ်ပါရ‌စေနော်။
ခရီးစဉ်တစ်ခုလုံးကိုမှ လူဦး‌ရေ 10 ယောက်ပဲရောင်းချပေးမှာမို့လူအများကြီးနဲ့ခရီးမသွားချင်တဲ့ single လေးတွေအတွက်‌တော့ အသွား အပြန် ၅ ရက်တာခရီးက တကယ့်ကိုလှပနေမှာအသေအချာပါပဲ။
ခုပဲ မင်မင်တို့ဆီ ဆက်သွယ် hello လိုက်လို့ရပါပြီနော်
ပို့ဆောင်ပေးမည့်နေရာလေးတွေက
ကလောနှီးဘုရား
☑️ကလောဘူတာ
☑️ကလောနာရီစဥ်
☑️ဘဝသံသရာရထားလမ်း
☑️ပင်းတယရွှေဥမင်လှိုဏ်ဂူ
☑️ကုံလုံဆရာတော်ဘုရားကြီးရုပ်ကလပ်
☑️မိန်းမရဲသခင်မတောင်
☑️ပုန်းတလုတ်ရေကန်
☑️အင်းလေးဖောင်တော်ဦးဘုရား
☑️ယက္ကန်းရုံ // ငွေပန်းထိမ်လုပ်ငန်း
☑️ငါးဖယ်ခုံကျောင်း(ကြောင်ခုံကျောင်း)
☑️အလိုတော်ပေါက်
☑️တောင်ကြီးကျက်သရေဆောင် စူဠာမဏိလောကချမ်းသာစေတီ
☑️မြစိမ်းတောင်
☑️ရွှေမုဌော
☑️ရွှေဘုန်းပွင့်စေတီ (တောင်ကြီးမြို့ Viewpoint)
☑️မွေတော်ကက္ကူ
☑️တောင်ကြီးမြို့မစျေး (ညစျေး)
☑️မြင်းမထိလှိုဏ်ဂူ
☑️ဗျိုက်တောင်ကြားလမ်း (view point)
⭐ ခရီးစဥ်မှာပါဝင်မယ့်ဝန်ဆောင်မှုတွေကတော့
⭐ ရေသန့်/စနိုးတာဝါ
⭐ အိမ်သုံးဆေးဝါး
⭐ ရေကူးကန်ပါ 3 Star အဆင့်ရှိ Hotel (3) ည
⭐ တောင်ကြီး 1 ည ၊ အင်းလေး 1 ည ၊ ကလော 1 ည
( 24 hours) မီးပေးစနစ်)(နံနက်စာ ဘူဖေး)(wifi free) (ရေပူ/ရေအေး စနစ်)
⭐ အဆာပြေ မုန့် / အအေး
⭐ ခရီးသွားအာခံ
⭐ Game ကစားခြင်းအစီအစဥ်များ
⭐ တစ်ဆင့်သွားကားခ နှင့် ဝင်ကြေးများ
⭐ ခရီးစဥ်တွင်ပါဝန်ဆောင်မှုပေးမည့် Tour leader Guide
⭐ လူဦးရေပေါ်မူတည်၍
🚌 10 ယောက်စီး Hiace Vip
💸 390000 ks 💸
☎️မြန်မြန်လေး ဖုန်းဆက်လိုက်တော့နော် ☺️
09268254024,09268254025

12/12/2023

သီချင်းနဲ့ခေတ်နဲ့ကွက်တိကျတယ်ဆိုတာ ဒါမျိုး

မူရင်း video crd ပေးပါတယ်

 #ရန်ကုန်_မန္တလေး_အခမဲ့ခရီးစဉ်မနက်ဖြန် မနက် ၄ နာရီAlphard ကား ၃စီးမန္တလေးပို့ရန် ရှိပါသည်။ကားတစီးလျှင် ယာဉ်မောင်းတဦး စပါ...
11/12/2023

#ရန်ကုန်_မန္တလေး_အခမဲ့ခရီးစဉ်

မနက်ဖြန် မနက် ၄ နာရီ
Alphard ကား ၃စီး
မန္တလေးပို့ရန် ရှိပါသည်။

ကားတစီးလျှင်
ယာဉ်မောင်းတဦး စပါယ်ယာတဦးသာ
ပါမည်ဖြစ်ပါသဖြင့်

Alphard ကား တစီးလျှင်
လမ်းကြုံခရီးသည် ၅ ဦး

ကား ၃စီးစာ ၁၅ ဦး
ရန်ကုန် မန္တလေး ခရီးစဉ် စဆုံး
#မခမဲ့ ( #အခမဲ့ဖြစ်ပါတယ်)
လမ်းကြုံ လိုက်နိုင်ပါတယ်။
အတူပါ ခရီးသည်များ၏ လုံခြုံရေးကို
အလေးထားသည့်အနေဖြင့်
#ကြားမှတ်တိုင် #ဆင်းခွင့်မပြုပါ။

ခရီးစဉ်အတွက် #အခမဲ့ စီးခွင့်ရရုံသာမက

ခရီးစဉ် အစမှ အဆုံးထိ

Zero mile တွင် Breakfast
လက်ဖက်ရည်/ကော်ဖီ နှစ်သက်ရာနှင့်
ထမင်းကြော် ကြက်မွ/ကြက်ဥ အဝစား။

၁၁၅ မိုင်တွင်
နှစ်သက်ရာ ဟင်းလျာဖြင့်
နေ့လည်စာ အဝစား။

မိတ္ထီလာလမ်းခွဲတွင်
Teatimeအဖြစ်
လက်ဖက်ရည်/ကော်ဖီ နှင့် မုန့် စသဖြင့်

အခမဲ့ ( ငွေကြေးပေးစရာမလို)
ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ပါသည်။

လမ်းကြုံလိုက်ပါလိုသူများ အနေဖြင့်
မှတ်ပုံတင်တမျိုးသာ
မဖြစ်မနေ ယူဆောင်လာရန်လိုပြီး
ခရီးစဉ်အတွက် ပိုက်ဆံ တပြားတကျပ်မှ
ယူဆောင်လာရန်မလိုပါ။

ခရီးစဉ် စထွက်ရက် နဲ့ အချိန်ကတော့
မနက်ဖြန် မနက် ၄နာရီ တိတိဖြစ်ပြီး

ခရီးသည် စုရပ် ကတော့
ရန်ကုန် ကမ်းနားလမ်း
သီရ်မဂ်လာဈေးဟောင်း မှတ်တိုင်
ဖြစ်ပါတယ်။

လိုက်ပါလိုသူများ
အချိန်မီ ဖုန်း/messenger ဖြင့်
ဆက်သွယ် စာရင်းပေးစေလိုပါသည်။

ဒီ ခရီးစဉ်နဲ့ ပတ်သက်ပြီး
အထူးပန်ကြားလိုတာ တခုကတော့----
=
=
=
=
=
=
=
=
=
=

"""တလှေထဲစီး တခရီးထဲသွား စိတ်ဓါတ်"""
"""မိသားစုအသွင် #ဝိုင်းလုပ်ဝိုင်းစားပုံစံ"""
မျိုးဖြင့်

အဆိုပါ မောင်းစရာဓါတ်ဆီ မရှိသည့် Alphard ကား ၃စီးအား
#ရန်ကုန် မှ #မန္တလေးထိ

၃ယောက် နား
၃ယောက်တွန်း ပုံစံမျိုးဖြင့်
တလှဲ့စီ တွန်းလိုက် စီးလိုက် လုပ်ရင်း

စည်းစည်းလုံးလုံး ချီတက်ကြဖို့ဘဲ
ဖြစ်ပါတယ်။😁😁😁😁😁😁
Oriiginal Uploder & Photo

ဒီဇင်ဘာလခရီးသွားမည့်သူများအတွက် ကားကောင်းကားသန့်လေးမှ စီးချင်ပါတယ်ဆိုတဲ့မိတ်ဆွေများအတွက် ကားစင်းလုံးငှားသီးသန့်လဲငှားရမ်...
09/12/2023

ဒီဇင်ဘာလခရီးသွားမည့်သူများအတွက် ကားကောင်းကားသန့်လေးမှ စီးချင်ပါတယ်ဆိုတဲ့မိတ်ဆွေများအတွက် ကားစင်းလုံးငှားသီးသန့်လဲငှားရမ်းလို့ရပါပြီခင်ဗျာ

08/12/2023

တိမ်ပြာပြာ ရေဖွေးဖွေးကမ်းခြေအလှ

ချစ်ရသောဧည့်သည်တွေနဲ့ ချောင်းသာကမ်းခြေခရီးစဉ်လေး ရောက်နေတုန်း ကမ်းခြေအလှလေးတွေတင်ပေးလိုက်ပါတယ်နော်
06/12/2023

ချစ်ရသောဧည့်သည်တွေနဲ့ ချောင်းသာကမ်းခြေခရီးစဉ်လေး ရောက်နေတုန်း ကမ်းခြေအလှလေးတွေတင်ပေးလိုက်ပါတယ်နော်

ခရစ်စမတ်ခရီးစဉ်လေးတွေအတွက် လိုအပ်ပါက ဟယ်လိုလုပ်လိုက်ပါလို့
05/12/2023

ခရစ်စမတ်ခရီးစဉ်လေးတွေအတွက် လိုအပ်ပါက ဟယ်လိုလုပ်လိုက်ပါလို့

02/12/2023

တောပန်းလေးတွေ ပွင့်တဲ့ချိန် နှင်းချယ်ရီပန်းလေးတွေဝေဆာတော့မယ့်ချိန်

ဆောင်းရာသီရဲ့အငွေ့အသက်တွေခံစားရင်း ကလောမီးရှော်တိုင်ပွဲသွားရအောင်
01/12/2023

ဆောင်းရာသီရဲ့အငွေ့အသက်တွေခံစားရင်း ကလောမီးရှော်တိုင်ပွဲသွားရအောင်

လေယာဉ်မစီးပဲ ကမ္ဘာပတ်သူ🇲🇲🇱🇷🇰🇷🇱🇧🇲🇺🇵🇱🇵🇰🇸🇷🇹🇳🇹🇼သူ့နာမည်က Torbjørn C. Pedersen ပါ။ဒါပေမဲ့ Thor လို့လူသိများကြတယ်။သမိုင်းမှာဘယ...
29/11/2023

လေယာဉ်မစီးပဲ ကမ္ဘာပတ်သူ
🇲🇲🇱🇷🇰🇷🇱🇧🇲🇺🇵🇱🇵🇰🇸🇷🇹🇳🇹🇼

သူ့နာမည်က Torbjørn C. Pedersen ပါ။
ဒါပေမဲ့ Thor လို့လူသိများကြတယ်။

သမိုင်းမှာ
ဘယ်သူမှ လေယာဉ်မစီးပဲ ကမ္ဘာမပတ်ကြသေးဘူး။
ဒါကြောင့်
သူက ပထမဆုံး လေယာဉ်မစီးပဲ ကမ္ဘာပတ်တဲ့သူ
ဖြစ်ချင်တဲ့ဆန္ဒရှိလာတယ်။

အသက် ၄၄ နှစ်အရွယ် Thor ဟာ
အလုပ်က ထွက်လိုက်တယ်၊
ရည်းစားကို ထားပစ်ခဲ့တယ်၊
မိသားစုနဲ့အိမ်ကို ချန်ထားခဲ့ပြီး
၂၀၁၃ ခုနှစ် ၁၀ လပိုင်း ၁၀ ရက်နေ့
မနက် ၁၀:၁၀ နာရီမှာ အဝတ်အိတ်ကိုကျောမှာပိုးပြီး
ဒိန်းမတ်နိုင်ငံမှ စတင်ထွက်ခွါခဲ့ပါတယ်။

သူ့ဆုံးဖြတ်ချက်က
ကမ္ဘာပေါ်ကနိုင်ငံတိုင်းကို
လေယာဉ်မစီးပဲ ရောက်အောင်သွားမယ်။
နိုင်ငံတိုင်းမှာ အနည်းဆုံး ၂၄ နာရီပြည့်အောင်နေမယ်။
နိုင်ငံစုံမှ အိမ်ပြန်မယ်။

သူ့စည်းကမ်းချက်က
တနေ့ကို ဒေါ်လာ ၂၀ ပဲသုံးမယ်။

သူဟာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၃ နိုင်ငံကို ရောက်ခဲ့ပြီး
ဆယ်စုနှစ်တခုနီးနီးအကြာ ၂၀၂၃ ခုနှစ် ဂျူလိုင် ၂၆ မှာ
ဒိန်းမတ်ကအိမ်ကို ပြန်ရောက်ခဲ့တယ်။
(အမှန်တော့ UN က အသိအမှတ်ပြုထားတဲ့နိုင်ငံပေါင်းက
၁၉၅ နိုင်ငံသာရှိသော်လည်း
Thor က တစိပ်တပိုင်းအသိအမှတ်ပြုထားတဲ့နိင်ငံများကိုပါ
ထည့်သွင်းရေတွက်ထားခြင်းပါ။)
သူ မသွားနိုင်ခဲ့တဲ့နိုင်ငံတွေက
ဝေးသီခေါင်ဖျားတဲ့ ပင်လယ်သမုဒ္ဒရာထဲက
ကျွန်းနိုင်ငံငယ်လေးများပဲ ကျန်ရှိတယ်။
နောက်ဆုံးရောက်ခဲ့တဲ့နိုင်ငံက မောဒိုက်ပါ။
ခရီးစဉ်တလျှောက် ဘတ်စ် ရထား ထရပ်ကား သင်္ဘောများနဲ့
ဆိုက်တွဲများပါ စီးခဲ့ရတယ်။

သူ ဒီလိုဒီပုံကမ္ဘာပတ်မယ် ဆိုတော့
ဒိန်းမတ်ကြက်ခြေနီအဖွဲ့က
သူတို့ရဲ့သံတမန်အဖြစ် အသိအမှတ်ပြုပြီး ပံ့ပိုးခဲ့တယ်။
သူ့ရဲ့ခရီးသွားသတင်း ပြန့်နှံ့သွားတာကြောင့်
ပြည်တော်ပြန်ခရီးမှာ
ဒိန်းမတ်က Aarhus ဆိပ်ကမ်းကို
မိသားစု မိတ်ဆွေ သူငယ်ချင်းများအပြင်
မြို့သူမြို့သားများကပါ လာရောက်ကြိုဆိုကြတာ
လူဦးရေ ၁၅၀ နီးပါးရှိခဲ့တယ်။

သူ ခရီးသွားနေစဉ်အတွင်း
ခရီးသွားမှတ်တမ်းကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့လို့
နိုင်ငံအသီးသီးမှ မိတ်ဆွေများရခဲ့ပြီး
ရောက်လေရာအရပ်တိုင်းမှာ ဆီးကြိုသူများနဲ့
လက်ဆောင်ပစ္စည်းများ ရရှိခဲ့တယ်။
ဒါပေမဲ့
သူသွားခဲ့တဲ့ခရီးက အမြဲသာယာဖြောင့်ဖြူးနေတာတော့
မဟုတ်ပါဘူး။
မလေးရှားကနေ သီရလင်္ကာကို
၁၃၁၀ ‌ပေ အရှည်ရှိတဲ့ MV Milan Maersk
ဆိုတဲ့ကွန်တိန်နာသင်္ဘောကြီးနဲ့ လိုက်သွားတာ
ပင်လယ်ထဲ ၃၃ ရက် ကြာခဲ့တယ်။

အီကွေတိုရီရယ်ဂီနီဆိုတဲ့နိုင်ငံကလည်း
ဗီဇာရဖို့ အလွန်ခက်ခဲတဲ့နိုင်ငံတွေထဲက တခုပါ။
အကြိမ်ကြိမ်ဗီဇာလျှောက်ခဲ့ရပြီး
၄ လအကြာမှ ဗီဇာရခဲ့တယ်။
သီရိလင်္ကာ အီရန် အန်ဂိုလာနဲ့ Nauru နိုင်ငံတွေလည်း
ဗီဇာလျှောက်ရခက်ခဲကြောင်း Thor က ဆိုတယ်။

ဂါနာနိုင်ငံရောက်ချိန်မှာ
ဦးနှောက်ငှက်ဖျားရောဂါပြန့်နှံ့ချိန်နဲ့ ကြုံခဲ့ရပြီး
ကံသီစွာ လွတ်မြောက်လာခဲ့တယ်။
အိုက်စ်လန်းမှ ကနေဒါကိုသွားချိန်မှာလည်း
၄ ရက်လောက် မုန်တိုင်းမိခဲ့ရသေးတယ်။

၂၀၂၀ အစောပိုင်း ဟောင်ကောင်‌ရောက်ချိန်
ကိုဗစ်-၁၉ ပြန့်ပွါးချိန်နဲ့ ကြုံကြိုက်သွားလို့
ဟောင်ကောင်မှာ ၂ နှစ်လောက် သောင်တင်နေရတယ်။
စရိတ်စကသက်သာစေဖို့ အခန်းကျဉ်းလေးထဲ
နေခဲ့ရတယ်။
အဲဒီအချိန်မှာ ခရီးမဆက်တော့ပဲ
ဒိန်းမတ်ကို ပြန်ဖို့အထိ စဉ်းစားမိသေးတယ်။
ဒါပေမဲ့ သွားဖို့ကျန်ရှိတဲ့နိုင်ငံစာရင်းက
၉ နိုင်ငံပဲရှိတော့တာမို့ ဆုံးဖြတ်ချက်ခိုင်ခိုင်ချပြီး
ဒီကာလကို ကြံ့ကြံ့ခံကျော်ဖြတ်ရတယ် လို့ဆိုတယ်။
ဟောင်ကောင်မှာရှိနေစဉ် ၂၀၂၁ ခုနှစ်မှာ
အမေရိကန်အခြေစိုက်
မင်္ဂလာအခမ်းအနားဝန်ဆောင်မှုအဖွဲ့ အကူအညီနဲ့
ဒိန်းမတ်မှာ ကျန်ခဲ့တဲ့ရည်းစားနဲ့ အဝေးမှ လက်ထပ်ပြီး
ချစ်သူကို ဟောင်ကောင်ခေါ်ကာ
ချစ်သူ ၂ ဦး ရက် ၁၀၀ အတူနေထိုင်နိုင်ခဲ့တယ်။
၂၀၂၂ ခုနှစ် ဂျန္နဝါရီ ၅ ရက်နေ့မှ
သူ့ရဲ့ကမ္ဘာပတ်ခရီးစဉ် ပြန်စနိုင်ခဲ့တယ်။
(Thor ဟာ ဟောင်ကောင်မှာ ရက်ကြာကြာနေရဖို့
နိုင်ငံသားအဖြစ်ပြောင်းလဲခဲ့ရပြီး
ချစ်သူကို အဝေးမှလက်ထပ်ပြီးမှ
လက်ထပ်စာချုပ်ပြကာ ခေါ်ယူခဲ့ရတာပါ။)

ပထမဆုံး ပြန်သွားဖြစ်တဲ့နိုင်ငံက Palau ဖြစ်ပြီး
ဟိုတယ်မှာ ကွာရတင်း ၁၄ ရက် နေခဲ့ရတယ်။

သူရဲ့ကမ္ဘာပတ်ခရီးစဉ်ဟာ ရက်ပေါင်း ၃၅၇၆ ရက်ရှိပြီး
ကွန်တိန်နာသင်္ဘော ၃၇ စီး၊ ရထား ၁၅၈ စီး၊
ဘတ်စ်ကား ၃၅၁ စီး၊ တက်ခ်စီ ၂၁၉ စီး၊
မော်တော်ဘုတ် ၃၃ စီး နဲ့ ဆိုက်တွဲ ၄၃ စီး စီးခဲ့ရတယ်
လို့မှတ်တမ်းပြုထားတယ်။
သွားခဲ့တဲ့မိုင်ပေါင်းက ၂၂၃,၀၀၀ မိုင်ပါ။

ဒီ ဆယ်စုနှစ်အတွင်း ပတ်စ်ပို့ ၁၀ အုပ် ကုန်ခဲ့တယ်။

သူ့ရဲ့ခရီးသွား blog ကို Once Upon a Saga
လို့ အမည်ပေးထားပါတယ်။

ကနေဒါအခြေစိုက် ရုပ်ရှင်ဒါရိုက်တာတဦးက
၎င်းရဲ့ခရီးသွားမှတ်တမ်းကို
မှတ်တမ်းရုပ်ရှင်အဖြစ် ပုံဖေါ်နေပါတယ်။

cnn.com မှထုတ်နှုတ်သည်၊

MHA29112023

29/11/2023

ရွာငံလမ်းတစ်နေရာ
#တောင်ကြီးအင်းလေးကလောပင်းတယရွာငံခရီးစဉ်

28/11/2023

တောင်ပေါ်မြေမှာ တောပန်းလေးတွေ ပွင့်တဲ့ဆောင်းဦးရာသီချိန်လေးရောက်လာပြန်ပြီ 🥰

အဝေးပြေးကားကြီးတွေ ...စီးရတဲ့ အရသာကို ကြိုက်လား အထူးသဖြင့် ညလုံးပေါက်စီးသွားရတဲ့ ခရီးမျိုးတွေမှာပေါ့၊နားကြပ်လေး တပ်ပြီး ...
26/11/2023

အဝေးပြေးကားကြီးတွေ ...
စီးရတဲ့ အရသာကို ကြိုက်လား

အထူးသဖြင့် ညလုံးပေါက်
စီးသွားရတဲ့ ခရီးမျိုးတွေမှာပေါ့၊

နားကြပ်လေး တပ်ပြီး
သီချင်း နားထောင်မယ်၊

စာဖတ်ချင် ဖတ်နေမယ်
လိုင်းသုံးချင် သုံးနေမယ်၊

လိုက်ကာလေး လှပ်ကြည့်လိုက်လို့
ကားမှန်ရဲ့အပြင်မှာ မှောင်မဲနေတာမျိုးဆို
အကြောင်းမဲ့ငေးနေမိမယ်၊

"အဲ့ဒီအရသာမျိုး ကျွန်တော်သိပ်ကြိုက်တာ"

#ဝေယံနွယ်

26/11/2023

တောင်ကြီးတန်ဆောင်တိုင်ရောက်နေတဲ့ မင်မင်တို့ရဲ့ အက်ထမင်တွေပို့ပေးထားတာလေး တင်ပေးလိုက်ပါတယ်နော်
#တောင်ကြီးတန်ဆောင်တိုင်

#

တန်ဆောင်တိုင်ပွဲတော် ပိတ်ရက်ရှည် 🥴Photo Naw Nora moe
23/11/2023

တန်ဆောင်တိုင်ပွဲတော် ပိတ်ရက်ရှည် 🥴
Photo Naw Nora moe

မုန့်ဆမ်းပြုလုပ်ပုံအဆင့်ဆင့်
23/11/2023

မုန့်ဆမ်းပြုလုပ်ပုံအဆင့်ဆင့်

လွမ်းစရာချင်းမြေ တောင်ဇလပ်ပန်းတွေဝေနေချိန် ခုလိုချိန်ခါ ချင်းမြေကိုလွမ်းမိပါရဲ့မူရင်း ပုံပိုင်ရှင်များအားအထူးတန်ဖိုးထားဖ...
22/11/2023

လွမ်းစရာချင်းမြေ
တောင်ဇလပ်ပန်းတွေဝေနေချိန်
ခုလိုချိန်ခါ ချင်းမြေကိုလွမ်းမိပါရဲ့

မူရင်း ပုံပိုင်ရှင်များအားအထူးတန်ဖိုးထားဖော်ပြအပ်ပါသည်။

17.11.2023 မှ 21.11.2023 ကျုံကူးရွာ ကထိန်အလှူ   ဟိုင်းကြီးကျွန်း မော်တင်စွန်း မြွေတောင်ကမ်းခြေ  ဂေါ်ရန်ဂျီကျွန်း  ခရီးစဥ...
22/11/2023

17.11.2023 မှ 21.11.2023
ကျုံကူးရွာ ကထိန်အလှူ ဟိုင်းကြီးကျွန်း မော်တင်စွန်း မြွေတောင်ကမ်းခြေ ဂေါ်ရန်ဂျီကျွန်း ခရီးစဥ်လေး အောင်မြင်စွာပြီးဆုံး

ယုံကြည်စိတ်ချစွာအားပေးသော Forever Cafe မှဧည့်သည်တော်ကြီးများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ🙏🙏

နောက်နှစ်တွေမှာလဲဒီထက်မကအလှူအတန်းတွေလုပ်နိုင်ပါစေခင်ဗျ 🤗🤗

Royal chindwin thitsar Travel & Tours



#ဧည့်သည်ချောချောလေးတွေနဲ့အမှတ်တရ

ကွေ့ကရင်မင်းအကြောင်း ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင် အနှံ့နေထိုင်ကြသည်ဖြစ်ရာ ကျန်တိုင်းရင်း သားများက ကရင်လူမျိုးကို...
20/11/2023

ကွေ့ကရင်မင်းအကြောင်း

ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင် အနှံ့နေထိုင်ကြသည်ဖြစ်ရာ ကျန်တိုင်းရင်း သားများက ကရင်လူမျိုးကို မည်သို့ခွဲခြားခေါ်ဝေါ်ရမည်ကို အခက် အခဲဖြစ်ကြ သည်။ ယနေ့ စကောကရင် ဟုခေါ်သော ကရင်အုပ်စုသည် အချို့မှာ တောင်ပေါ် ဒေသများ၌ နေထိုင်သဖြင့် တောင်ပေါ်ကရင်ဟူ၍လည်းကောင်း၊ အချို့မှာမြေပြန့် (ကွင်း) ဒေသများ၌ နေထိုင်ကြသဖြင့် ကွင်းကရင်ဟူ၍လည်းကောင်း၊ မြေပြန့် ဒေသများတွင် မြန်မာများနှင့် ရောနှောနေထိုင်ကြသဖြင့်လည်း မြန်မာကရင် ဟူ၍ လည်းကောင်း လွယ်လွယ်နှင့်ပင် ခေါ်ဝေါ်တတ်ကြပေသည်။ ပိုးကရင်တို့သည် တောင်ပေါ်ဒေသများ၌ နေထိုင်လေ့မရှိတော့ပဲ မြေပြန့်ဒေသ များ၌ မွန်များနှင့် စောစောပိုင်းကတည်းက ရောနှောနေထိုင်ခဲ့ကြသဖြင့် မွန်ကရင် ဟူ၍ခေါ်ဝေါ် ကြသည်။ ကွင်းကရင်ဟူ၍ ခေါ်ဆိုကြသည်လည်း ရှိ၏။

မြန်မာရာဇဝင်သမိုင်းနှင့် မွန်ရာဇဝင်သမိုင်းများတွင် တွေ့ကရင်သည် မြန်မာကရင် (ဝါ) စကောကရင် (ဝါ) ကွင်းကရင်ပင်ဖြစ်သည် ဟုဆိုချင်ပါသည်။ karenvibes စကောကရင် တွင် “ကွင်း’ အသံကို မပီသဖြင့် “ကွေး” အသံကိုသာ ထွက်ဆိုကြမည်ဖြစ် သည်။ ကွင်းကရင်ကို ကွေးကရင် ဟုအသံဝဲ၍ ခေါ်ဝေါ်တတ်ကြ၏။ ထို့ကြောင့် မြန်မာမွန်တို့က “ကွေ့ကရင်’ ဟု ရာဇဝင်သမိုင်းများတွင် ရေးသားလာခဲ့ကြ ခြင်းဖြစ်ချေမည်။

မြန်မာသက္ကရာဇ် ၁၁ဝ၂ ခုနှစ် (အေဒီ ၁၇၄ဝ) အင်းဝနိုင်ငံရှင် လောကသာရဘူ ဒါယကာ ဟံသာဝတီ ရောက်မင်းတရားကြီး လက်ထက်တွင် ဟံသာဝတီ ပဲခူးမြို့ တွင် ထီးနန်းအုပ်ချုပ်၍ မင်းပြုလုပ်သော “ဆင်ကျားရှင် သမိန်ထောရာဇာ” ဘွဲ့ခံ ကွေ့ကရင်မင်း၏ အတ္ထုပ္ပတ္တိကို မှန်နန်းရာဇဝင်တော်ကြီး စသော မြန်မာ ရာဇဝင်များနှင့်တကွ ပေမူရှိ မွန်ရာဇဝင်မင်းဆက်ကျမ်း၊ သက္ကရာဇ် ၁၁၅၃ ခုနှစ် (အေဒီ ၁၇၉၁) ဘိုးတော်မင်းတရားကြီးလက်ထက် သံတော်ဆင့်မင်းကျော်ထင် သင်္ခယာနှင့် မွန်ဆရာမောင်တက်တိုး မြန်မာဘာသာပြန်ဆိုသော ရွှေမော်ဓေါ သမိုင်းကျမ်း၊ သက္ကရာဇ် ၁၁၇၇ ခုနှစ် (အေဒီ ၁၈၁၅) ယေးမြို့အစဉ် စာရေး ဆရာကြီး ဦးထောခဲ မြန်မာဘာသာပြန်ဆိုသော မွန်ရာဇဝင်ချုပ်ကျမ်းများတွင် ကရင်မင်း ဟုရေးသားကြသည့်အတိုင်း ထိုဆင်ကျားရှင် ကွေ့ကရင်မင်းအ ကြောင်းကို ဆက်လက်ဖော်ပြပါသည်။

ဟံသာဝတီမြို့၌ ကွေ့ကရင်မင်း နန်းတက်သောနှစ်ကို မှန်နန်းရာဇဝင်တော်ကြီး သက္ကရာဇ် ၁၁၀၂ ခုနှစ် (အေဒီ ၁၇၄၀ ) ဟုပါလေသည်။ ပေမူရှိ မွန်ရာဇဝင် မင်းဆက်ကျမ်းတွင် သက္ကရာဇ် ၁၁၀၄ ခုနှစ် (အေဒီ ၁၇၄၂ ) ဟုပါသည်။ ထိုမင်း၏ ငယ်မည်ကိုလည်း မှန်နန်းရာဇဝင်တော်ကြီးတွင် “သာလှ” ဟူ၍ တွေ့မြင်ဖတ်ရှုရ လေသည်။ သို့ရာတွင် ရွှေမော်ဓေါသမိုင်းကျမ်းတွင် ငယ်မည် “မောင်ဖုန်း” ဟူ၍ လည်းကောင်း၊ “ဗုဒ္ဓကေသီ ” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓရာဇာ” ဟူ၍ လည်း ကောင်း တွေ့မြင်ဖတ်ရှုရလေသည်။ မင်းအဖြစ်သို့ရောက်၍ ဘွဲ့တော်ခံသောအခါ သမိန်ထောရာဇာဟူ၍ ဘွဲ့အမည်ခံကြောင်းကို အစောင်စောင်သော ရာဇဝင် သမိုင်းတို့ကပင် တူမျှစွာဆိုကြလေသည်။ karenvibes

ကွေ့ကရင်အစစ်တည်းဟု သက္ကရာဇ် ၁၁၇၇ ခုနှစ်၊ (အေဒီ ၁၈၁၅) တွင် ယေးမြို့ အစဉ် စာရေးတော်ကြီး ဦးထော်ခဲ မြန်မာဘာသာပြန်ဆိုသည့် မွန်ရာဇဝင်ချုပ် ကျမ်းတွင်ဆိုလေသည်။ ကွေ့ကရင်သည် မြန်မာကရင် (စကောကရင်)ပင်ဖြစ်သဖြင့် ဟံသာဝတီ ပဲခူးတွင် ကွေ့ ကရင်မင်းနန်းစံဖူးကြောင်းကို ရှေး ရာဇဝင်သမိုင်းတွင် အထင်အရှားရှိကြောင်း တွေ့ရှိရပေသည်။

တွင်းသင်းဝန် မဟာစည်သူ စီရင်ရေးသားသည့် ရာဇဝင်သစ်တွင်မူကား ကွေ့ ကရင်လူမျိုး၊ မွန်လူမျိုးတို့က စုရုံးတိုင်ပင်၍ ကွေ့ကရင်မင်းဟု အမည်ပေးလျက် မင်းမြှောက်ကြကြောင်း ပါရှိသည်။ မြန်မာ အင်းဝပြည့်ရှင် လောကသရဘူဒါယ ကာမင်း ကြားသိတော်မူသော် အလုံးအရင်းနှင့် စစ်ချီစေသည်။ ထိုအခါ ဟံသာဝတီ ကွေ့ကရင်မင်းက အမတ်ကြီး စောဗြကို ဗိုလ်ချုပ်ပြုစေပြီး မွန်တို့နှင့် အင်းဝတပ်တို့ ရွပ်ရွပ်ချွံချွံ မဆုတ်မနစ် တိုက်ခိုက်သဖြင့် အင်းဝတပ်တို့ မရပ်မခံ နိုင်သဖြင့် ပြည်မြို့သို့ သတိုးမင်းခေါင်ရှိရာ ပေါင်းကြလေကုန်၏။

ကွေ့ကရင်နှင့်မွန်တို့ တောင်ငူမှ တောင်တွင်းကြီးမြို့သို့ဆင်း၍ ပဋ္ဌာနဂိုရ်၊ မလွန် စသော အညာတမြင် မြစ်အရှေ့ဘက်၊ အနောက်ဘက်မြို့ရွာများကို သိမ်းရုံး တိုက်ဖျက်၍ ချင်းတွင်းမြစ်ညာ ကန္နီမင်းခင်းသို့ တိုင်အောင် ဆန်တက်သိမ်းရုံးပြီး လျှင် တံတားဦး၊ ပင်းယ၊ သင်ပန်းတစ်လျှောက်တပ်နှင့် ချဉ်းနေကြလေ၏။

ယင်းသို့အင်းဝမြို့တိုင်အောင် ကွေ့ကရင်၊ မွန်တို့ပေါက်ရောက်ကြောင်းကို ပြည်မြို့ သတိုးမင်းခေါင်ကြား၍ လှေတက်အများနှင့်ချီလာသည်။ သတိုးမင်းခေါင် ပုဂံသို့ရောက်လျှင် ကွေ့ကရင်၊ မွန်တို့ စစ်နှစ်ဘက်ညှပ်ချိမ့်မည် ဟုဆုတ်ခွာကြ လေသည်။ တပ်ခြေကြွတွင် အင်းဝမြို့တွင်းကထွက်၍ တိုက်လေသည်။ ကွေ့ ကရင်၊ မွန်တို့ မရပ်မဆိုင်း တပ်နှုတ်၍ အပြင်းခွါလေတော့၏။

အထက်အကြောင်းအရာပါနှင့်ပတ်သက်၍ မှန်နန်းရာဇဝင်တော်ကြီး၌ “ကွေ့ကရင်” ဟုမပါပဲ “မွန်တို့မွန်တို့” ဟူ၍သာပါသည်။ သို့ရာတွင် မွန်ရာဇဝင် ချုပ်ကြီးပေမူ၌ “ကွေ့ကရင်၊ မွန်တပ်သားတို့”ဟူ၍ အသေအချာပါလေသည်။ မြန်မာရာဇဝင်သမိုင်းတို့၌ ဤအရာမပါသော်လည်း ငစဉ့်ကိုင် အရှေ့ဘက်

အုပ်ဘိုတောင်ခြေ၌ ကွေ့ကရင်လူမျိုးတို့ တပ်ကြီးတည်လျက် ကွေ့ကရင်ဗိုလ်ချုပ် “သူရိန်စော” ဘွဲ့ခံ “ကုဏ္ဏအိမ်” စသော ကွေ့ကရင်လူမျိုးတို့သည် သက္ကရာဇ် ၁၁ဝ၉ ခုနှစ် (အေဒီ ၁၇၄၇) မှစ၍ သက္ကရာဇ် ၁၁၁၃ ခုနှစ် (အေဒီ ၁၇၅၁) အင်းဝပြည်ပျက်သည့်တိုင်အောင်သော်လည်းကောင်း၊ သက္ကရာဇ် ၁၁၁၄ ခုနှစ် (အေဒီ ၁၇၅၂) အလောင်းမင်းတရားကြီး လက်ထက်သို့တိုင်အောင်သော် လည်းကောင်း အုပ်ဘိုအရပ်တွင် အင်းဝမပျက်မီကပင် ခြားနားထောင်ထား၍ မင်းပြုလေသော် ကွေ့ကုဏ္ဏအိမ်ကလည်း သစ္စာပေးစေလွှတ်၍ မုဆိုးဘိုမြို့သို့ လူနှစ်ဆယ်ကျော်ရောက်လာသည် စသည်ဖြင့် ငစဉ့်ကိုင်အရှေ့တောင်ခြေ အုပ် ဘို၌ ကွေ့ကရင်လူမျိုး ကုဏ္ဏအိမ်ဆိုသူ မင်းပြုလျက်ရှိ၍ အလောင်းမင်းတရား ကြီးကိုပင် ကွေ့ကရင်တို့၏ သစ္စာတော်ခံရမည်ဟု သံတမန်စေလွှတ် ကြောင်း စသည်တို့၌ကား ကွေ့ဟူ၍ပင် ပါရှိလေသည်။

Credit to The Karen by Drum Publication Group

All rights and credits go to rightful owner

လင်းခေးအ၀င်Photo crd
20/11/2023

လင်းခေးအ၀င်
Photo crd

သာယာလှပတဲ့ကမ်းခြေလေးနဲ့တင့်တယ်သပ္ပာယ်လွန်းတဲ့ မြတ်မော်တင်စွန်းဘုရားသို့ မင်မင်တို့ရောက်နေပါတယ်နော်
20/11/2023

သာယာလှပတဲ့ကမ်းခြေလေးနဲ့တင့်တယ်သပ္ပာယ်လွန်းတဲ့ မြတ်မော်တင်စွန်းဘုရားသို့ မင်မင်တို့ရောက်နေပါတယ်နော်

19/11/2023

ဂေါ်ရန်ဂျီကျွန်းခရီးစဉ်လေးသွားရောက်ပို့ဆောင်
မော်တင်စွန်းဘုရား၊ ဒီးဒူကုန်းကျောက်ကလာပ်ခရီးစဉ်အသစ်လေးကိုပို့ဆောင်ပေးမည့်ခရီးစဉ်လေးပါနော်
ကားကောင်းကောင်း ကားသန့်သန့်နဲ့ tour driver ကြီးတွေမှ လုံခြုံစိတ်ချစွာပို့ဆောင်မောင်းနှင်ပေးနေပါပြီဗျ

ခရီးစဉ်အသစ်လေးဖော်ဆောင်ဖို့ ရောက်ရှိနေပါတယ်
18/11/2023

ခရီးစဉ်အသစ်လေးဖော်ဆောင်ဖို့ ရောက်ရှိနေပါတယ်

RCT travel & tours
16/11/2023

RCT travel & tours

Chindwin thitsar travel & tours လေးကို ယုံကြည်စိတ်ချစွာဖြင့်ခရီးစဉ်များကိုအားပေးနိင်ပါတယ်နော် မကြာမှီရက်အတွင်း chindwin ...
15/11/2023

Chindwin thitsar travel & tours လေးကို ယုံကြည်စိတ်ချစွာဖြင့်ခရီးစဉ်များကိုအားပေးနိင်ပါတယ်နော်
မကြာမှီရက်အတွင်း chindwin thitsar travel & tours မှ Royal chindwin thitsar travel & tours နာမည်လေးနဲ့ ပုဂံခရီးစဉ်လေးစတင်ရောင်းချပေးတော့မှာပါဗျ လတ်တလောနိင်ငံရေးခြေနေများကြောင့် ခရီးစဉ်အများကြီးရောင်းချမှာမဟုတ်‌ေူးပဲ ပုဂံခရီးစဉ်တစ်ခုထဲသာရောင်းချပေးမှာဖြစ်ပါတယ်

15/11/2023

ဧရာမြစ်ရဲ့လှပခြင်းတွေကို မြင်ရမယ့် ကုန်းတော်ကြီးဘုရား
#စိတ်ကူးလေးတွေအကောင်အထည်ဖော်ဖို့_chindwin_thitsar_နဲ့ခရီးသွားစို့

အိုက်စလန်နိုင်ငံ. ICELAND 🇮🇸 Northern Ligts ...လှပနေသည့် ကမ္ဘာပေါ်မှ နေမဝင်နိုင်ငံ ၆ နိုင်ငံရှိသည့်အနက် တခုအပါဝင်ဖြစ်တဲ့...
13/11/2023

အိုက်စလန်နိုင်ငံ. ICELAND 🇮🇸
Northern Ligts ...လှပနေသည့် ကမ္ဘာပေါ်မှ နေမဝင်နိုင်ငံ ၆ နိုင်ငံရှိသည့်အနက် တခုအပါဝင်ဖြစ်တဲ့ အိုက်စလန်နိုင်ငံ...

ဗြိတိန်နိုင်ငံပြီးရင် ဥရောပရဲ့ အကြီးမားဆုံး ကျွန်းစုနိုင်ငံတနိုင်ငံဖြစ်တဲ့...

Iceland ဟာဆိုရင် မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လ အထိ နေ့အလင်းရောင်ကို အချိန်ပြည့်ရရှိတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

နေ့အလင်းရောင်ကို အချိန်ပြည့်ရရှိတဲ့ Iceland နိုင်ငံမှာတော့ သွားရောက် လည်ပတ်သူတွေအနေနဲ့ တောင်တက်ခြင်း၊ သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသားပန်းဥယျာဉ်တို့ကို သွားရောက် လည်ပတ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။...

ဆန်းမင်းနိုင် [ရမ္မာဝတီ]

Address

Yangon

Telephone

+959790976795

Website

Alerts

Be the first to know and let us send you an email when Royal chindwin thitsar travel & tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal chindwin thitsar travel & tours:

Videos

Share

Category


Other Travel Companies in Yangon

Show All