14/09/2023
မတူတဲ့ Airlines စီးပြီး Transit မှာ Luggage ကျန်ခဲ့မယ်ဆိုရင် ဒါလေးတွေ သိထားရမယ်နော်။
သင်စီးခဲ့တဲ့ Airlines ရဲ့ check in counter ကိုသွားပြီး inform လုပ်ပါ။
Luggage tag 🏷️ လေးပြပြီး Report လေးရေးခဲ့ပေးပါ။
မရေးဖြစ်ခဲ့ရင်လည်း ကိုယ်လက်ရှိရောက်တဲ့နိုင်ငံရဲ့လေဆိပ်မှာရှိတဲ့ သက်ဆိုင်ရာAirlines ကို အကြောင်းကြားထားပါ။
ဒါတွေ မလုပ်ဖြစ်ခဲ့ရင် သက်ဆိုင်ရာ Airlines ရဲ့ Lost & Found Department ကို ဖုန်းဆက်ပြီး inform လုပ်ပါ။ L & F ကို သင့်ရဲ့ passport name, number, luggage size ( အိတ်က အပျော့လား၊ အမာလား) and color တွေကို သေချာပြောရပါမယ်။
အိတ်ရဲ့တံဆိပ်လေးမှတ်မိရင် ကောင်းပါတယ်။
အိတ်မှာ ကိုယ့်ရဲ့ Name card ကိုသေသေချာချာတပ်ထားရင် ပိုကောင်းပါတယ်။
L&F department နဲ့ဆက်သွယ်ပြီး နိုင်ငံအကွာအဝေးအရ နီးရင် နီးသလို ၃၊၄ရက်အကြာမှာ သင့်အိတ်ကို လေဆိပ်မှာ သွားထုတ်လို့ရပါပြီနော်။ 😊😊😊
မှတ်ချက်။ ။ Flight စီးဖို့ လေဆိပ်ကို ရောက်ပြီဆိုတာနဲ့ Airlines ကနေ ပေးတဲ့ စာရွက်စာတမ်း တွေကို တစ်ခုမကျန် သိမ်းဆည်းထားရန် လိုအပ်ပါတယ်နော်။
သင့်အတွက် အရေးကြီးလို့ပါ။
စေတနာဖြင့်
BKT T&T ✍🏻✍🏻