RTL Myanmar Travel & Tours

RTL Myanmar Travel & Tours We help you plan and organize for your travel in Myanmar.

RTL Myanmar Travel & Tour မိတ်​ဆွေများ မဂ်လာနံနက်ခင်းပါ......🥰🥰🥰🥰🥰😍ရှမ်းပြည်​တောင်ပိုင်း​ ..... အောင်ပန်းမြို့​စျေး​နေ့ ...
13/01/2024

RTL Myanmar Travel & Tour မိတ်​ဆွေများ မဂ်လာနံနက်ခင်းပါ......🥰🥰🥰🥰🥰😍
ရှမ်းပြည်​တောင်ပိုင်း​ ..... အောင်ပန်းမြို့​စျေး​နေ့ မြင်ကွင်းပါ
Photo credit to original uploader

Credit to original uploader....မြန်မာ့ အလှ.....❤️❤️❤️❤️❤️❤️
30/09/2023

Credit to original uploader....
မြန်မာ့ အလှ.....❤️❤️❤️❤️❤️❤️

ချစ်စရာ မြန်မာ့ဓ​လေ့ 💗💗💗🙏🏻🙏🏻🙏🏻မူရင်း post တင်သူအား credit ​ပေးပါသည် 🙏🏻
08/09/2023

ချစ်စရာ မြန်မာ့ဓ​လေ့ 💗💗💗🙏🏻🙏🏻🙏🏻
မူရင်း post တင်သူအား credit ​ပေးပါသည် 🙏🏻

🎼🎼🎼 ဝါဆိုပန်း  ပွင့်ဝေ  ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့  သိဟ်ရာသီ  ဝါခေါင်မိုးနဲ့  လှမ်းလာခဲ့တော့ ခတ္တာရေ ......🎼🎼🎼🎼🎼ဝ...
11/07/2023

🎼🎼🎼 ဝါဆိုပန်း ပွင့်ဝေ ပုန်းညက်
နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ

ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ ......
🎼🎼🎼🎼🎼

ဝါဆိုမိုး နှင့် ​အေးချမ်းပါ​စေ 💓💓🙏🏻

RTL Myanmar Travel မိတ်​ဆွေများ မဂ်လာ နံနက်ခင်းပါမြန်မာ့သဘာဝ ​ကျေးလက်အလှ ကို ကူးယူ​ဖော်ပြ​ပေးလိုက်ပါတယ် ..... ...... ......
04/07/2023

RTL Myanmar Travel မိတ်​ဆွေများ မဂ်လာ နံနက်ခင်းပါ

မြန်မာ့သဘာဝ ​ကျေးလက်အလှ ကို ကူးယူ​
ဖော်ပြ​ပေးလိုက်ပါတယ် ..... ...... ......
Credit to original uploader

သနပ်ခါးရယ်တကွက် ရွှံ့တစက်နှင့်

ရွာအကြိုက်ပေမို့
စရိုက်ကယ်ဘာသာ
ကောက်စိုက်ငယ်လာ
ပိုးမပါ ချည်ပြာကွက်ကယ်နှင့်
ဒူးအထက် ခပ်တိုတို
ထမီကို ရေမစွတ်အောင်ပ
၀တ်ရှာတဲ့အပျိုစင်
မြင်သူ ပန်းလောက်သင့်တယ်လေး။
သနပ်ခါးရယ်တကွက်
ရွှံ့တစက်နှင့်
တွဲလျက်ကယ်တူညီ
စိုက်လယ်ကွင်းဆီက
သီချင်းသံ ပြိုင်ဟီတော့
သူကြီးညီ မြတ်သာဒွန်းရယ်က
ဟိုအပျို ငယ်ကကျွမ်းရယ်လို့
ခွန်း စ တယ်လေး။
အမည်မသိ ရှေးစာဆို

Mandalay...... 🥰💓💓💓💓​အောင်ပင်လယ်.... ......
07/06/2023

Mandalay...... 🥰💓💓💓💓
​အောင်ပင်လယ်.... ......

အေးချမ်းပါ​စေ ...💕💞💓💗💖မြန်မာ့​မြေ......  ...🙏🏻🙏🏻🙏🏻
16/09/2022

အေးချမ်းပါ​စေ ...💕💞💓💗💖
မြန်မာ့​မြေ...... ...🙏🏻🙏🏻🙏🏻

မြန်မာ့ ရူ့ခင်း ....ထာဝရ ​​အေးချမ်း သာယာပါ​စေ 💙💜❤🧡💛💚💙💜
23/07/2022

မြန်မာ့ ရူ့ခင်း ....ထာဝရ ​​အေးချမ်း သာယာပါ​စေ 💙💜❤🧡💛💚💙💜

RTL Myanmar Travel & Tour မိတ်​ဆွေများမဂ်လာည​နေခင်းပါ ...... ......💜💜💜💜အာနန္ဒာမှ ပြောစရာအလှမဟာနန္ဒာ ရောက်ခါ ပထမအဝေးမှပင်...
22/07/2022

RTL Myanmar Travel & Tour မိတ်​ဆွေများ
မဂ်လာည​နေခင်းပါ ...... ......💜💜💜💜

အာနန္ဒာမှ ပြောစရာအလှ

မဟာနန္ဒာ ရောက်ခါ ပထမ
အဝေးမှပင်၊ မြင်လျှင် မြင်ခြင်း
အမြင်ရှင်း၍၊ စိတ်တွင်းရွှင်လန်း
ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါ၏

နန္ဒာဂူလိုဏ်၊ မဏ္ဍိုင်အထိ
ဝင်၍ကြည့်ရာ၊ ညီ၏စိတ်သည်
ရပ်တည်ရာရ၊ တည်ငြိမ်လှ၏
လိုဏ်မှမထွက်၊ တည်ငြိမ်လျက်ပင်
စိတ်ကြည်လင်၏၊

လိုဏ်တွင် စင်္ကြံ အာရုံခံရင်း၊ လှည့်ပတ်ရင်းတည့်
လင်းလည်းမပြောင်၊ မှောင်လည်းမမှိန်
မှိန့် တမှိန်၌ တည်ငြိမ်ချမ်းသာ၊ ခဏတာတည့်
အာနန္ဒာမှ၊ ပြောစရာအလှ။

ဆရာဇော်ဂျီ
Credit to original uploader

ဝါဆိုလပြည့်​နေ့ 🙏🏻🙏🏻🙏🏻​ဘေးရန်ကင်းကွာ စိတ်ချမ်းသာကြပါ​စေရှင့် 🥰
12/07/2022

ဝါဆိုလပြည့်​နေ့ 🙏🏻🙏🏻🙏🏻
​ဘေးရန်ကင်းကွာ စိတ်ချမ်းသာကြပါ​စေရှင့် 🥰

RTL (Myanmar) မိတ်​ဆွေများမဂ်လာ ည​နေခင်းပါ ..... ...... ...ခရီးတခုထွက်မယ်ဆိုရင်.... 😍😍💖​ရောက်ရှိ​နေရာရဲ့​ဒေသထွက် အစား​သေ...
27/05/2022

RTL (Myanmar) မိတ်​ဆွေများ
မဂ်လာ ည​နေခင်းပါ ..... ...... ...
ခရီးတခုထွက်မယ်ဆိုရင်.... 😍😍💖
​ရောက်ရှိ​နေရာရဲ့​ဒေသထွက် အစား​သောက်​လေး​တွေ
မြည်းစမ်းခွင့်ရမှလည်း..... ပြည့်စုံတဲ့ ခရီးစဥ်ဖြစ်မှာပါ.
အညာ ပုဂံ​မြေကို အလည်သွားရင်း..... ....တည်းခိုတဲ့
မိတ်​ဆွေအိမ်က ကြက်သားနှင့် ပိတ်ဆွယ်ချက်ထား တာ
နှင့်ဧည့်ခံပါတယ် ....👍😍👍😍👍😍💖💖
ဘဝမှာအမှတ်တရအရှိဆုံး အကြိုက်ဆုံးဟင်းတခွက် 💙
ဖြစ်ခဲ့ပါတယ်...... ​နောက်ဘယ်လို​တွေချက်ပြုတ်စား​သောက်
လို့ရလည်းလို့ အင်တာနက်မှာရှာ​ဖွေကြည့်ရင်း မိတ်​ဆွေတို့ကို
လည်းမျှ​ဝေပါတယ်... 💗💗💗💗💗💗

RTL (Myanmar) မိတ်​ဆွေများ မဂ်လာ ည​နေခင်းပါ😍🌻​ဆေးဖက်လည်းဝင်.....🤩🌻အသား​ရေလှပဖို့....🤩🌻ဆံပင်သန်စွမ်းဖို့ ....🤩အသုံးအလွန်ဝ...
26/05/2022

RTL (Myanmar) မိတ်​ဆွေများ မဂ်လာ ည​နေခင်းပါ😍
🌻​ဆေးဖက်လည်းဝင်.....🤩
🌻အသား​ရေလှပဖို့....🤩
🌻ဆံပင်သန်စွမ်းဖို့ ....🤩
အသုံးအလွန်ဝင်တဲ့အပင်​လေးက ..🌿🌿🌿🌵🌵
ခုလို 💐💐💐🌺🌺 ပန်းလှလှ​လေးလည်းပွင့်ပါတယ်
အပင်အမည်​လေး ​ကျေးဇူးပြု မန့်​ပေးဖို့​ ....😁😁😁
တောင်းဆိုပါရ​​စေရှင့်😊😊😊😊😊😊😊💕💕

RTL Myanmar Travel မိတ်​ဆွေများ 💕💕💕မဂ်လာ​နေ့လည်ခင်းပါ....... ...... ......💙💜💚💛မြန်မာပြည်ရဲ့ အသီးနှံအ​ပေါဆုံးလ နှင့် အသီး...
15/05/2022

RTL Myanmar Travel မိတ်​ဆွေများ 💕💕💕
မဂ်လာ​နေ့လည်ခင်းပါ....... ...... ......💙💜💚💛

မြန်မာပြည်ရဲ့ အသီးနှံအ​ပေါဆုံးလ နှင့် အသီးနှံ အထွက်ဆုံး
မွန်ပြည်နယ် နဲ့ ရာသီသီးနှံ ​လေးများပါ 🍍🍋🫒🍅

မင်မင် အကြိုက်ဆုံးက​တော့ ဒူးရင်းသီး ပါပဲ😊😊🤩🤩

RTL (Myr) မိတ်​ဆွေများ မဂ်လာည​နေခင်းပါ 😍🤩🥰💕💕💕💕မြန်မာ့မျိုးရင်းသစ်ခွပန်းလှလှ​လေးများကိုကူးယူ post တင်​ပေးလိုက်ပါတယ်.........
14/05/2022

RTL (Myr) မိတ်​ဆွေများ မဂ်လာည​နေခင်းပါ 😍🤩🥰💕💕💕💕

မြန်မာ့မျိုးရင်းသစ်ခွပန်းလှလှ​လေးများကိုကူးယူ post တင်​ပေးလိုက်ပါတယ်....... ....... .....

ဒေါင်းမြီးသစ်ခွ 🌼🍁🌼🍁🌼🍁🌼🍁မြန်မာ့အလှဓါတ်ပုံများမှပုံကို ကူးယူပါသည်.....မြန်မာ့သစ်ခွ အလှ သဘာဝအတိုင်း 💙💙💙💙💙ကြာရှည် တည်တံ့ပါ​...
03/04/2022

ဒေါင်းမြီးသစ်ခွ 🌼🍁🌼🍁🌼🍁🌼🍁
မြန်မာ့အလှဓါတ်ပုံများမှပုံကို ကူးယူပါသည်.....
မြန်မာ့သစ်ခွ အလှ သဘာဝအတိုင်း 💙💙💙💙💙
ကြာရှည် တည်တံ့ပါ​စေ 💜💜💜💜💜

RTL မိတ်​ဆွေများ မဂ်လာ ​နေ့လည်ခင်းပါ 🙏🏻🙏🏻🙏🏻ညောင်​ရွှေ​ စော်ဘွား ဟော်နန်း မှ ရှေးဘုရား ပုံကို မိတ်​ဆွေများဖူး​​မျှော်နိုင...
03/03/2022

RTL မိတ်​ဆွေများ မဂ်လာ ​နေ့လည်ခင်းပါ 🙏🏻🙏🏻🙏🏻
ညောင်​ရွှေ​ စော်ဘွား ဟော်နန်း မှ ရှေးဘုရား ပုံကို မိတ်​ဆွေများ
ဖူး​​မျှော်နိုင်ဖို့ ကူးယူ မျှ​ဝေပါတယ် ....
Photo credit to ko kaung htet

RTL (Myr) မိတ်​ဆွေများ မဂ်လာ​နေ့လည်ခင်းပါ😍😍❤တပို့တွဲလ ရိုးရာထမနဲပွဲ .....🤩🤩🤩🤩🤩
08/02/2022

RTL (Myr) မိတ်​ဆွေများ မဂ်လာ​နေ့လည်ခင်းပါ😍😍❤

တပို့တွဲလ ရိုးရာထမနဲပွဲ .....🤩🤩🤩🤩🤩

RTL (Myanmar) မိတ်​ဆွေများမဂ်လာည​နေခင်းပါ 🌺🌺🌺🌺🌺ဒီ​နေ့​တော့ ပန်းမြို့​တော်.........မေမြို့ (သို့မဟုတ်) ပြင်ဦးလွင် မြို့ 🌸...
02/02/2022

RTL (Myanmar) မိတ်​ဆွေများ
မဂ်လာည​နေခင်းပါ 🌺🌺🌺🌺🌺

ဒီ​နေ့​တော့ ပန်းမြို့​တော်.........မေမြို့ (သို့မဟုတ်)
ပြင်ဦးလွင် မြို့ 🌸🌻🌷🌹 အတိတ်တွေဆီ ပြန်မြင်ယောင်ကြည့်ရအောင် 💞💞💞🌷🌷🌷🌻🌻🌻🌻

မေမြို့၊ ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသော အမည်နာမများစွာ ပိုင်ဆိုင်သည့် မြို့ကလေးသည် မြန်မာနိုင်ငံသား တော်တော်များများရောက်ဖူးကြသလို ကမ္ဘာလှည့်ခရီး သည်များ နှစ်သက်သော မြို့လည်း ဖြစ်သည်။

ပြင်ဦးလွင်က လူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင် ပြင်ဦးလွင် ပိုင်ဆိုင်သော ဂုဏ်ပုဒ်များစွာ ရှိနေပါသည်။

မေမြို့ပန်းနှင့် ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊ စံဂျူးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်မြို့၊ ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊ အလှဆုံးပန်းခြံရှိသောမြို့၊ ဘော်ဒါကျောင်း၊ နွေရာသီတွင်လူတိုင်းတောင့်တသော တောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့စသည်တို့ဖြစ်သည်။

ပြင်ဦးလွင် မည်သို့ဖြစ်ပေါ်လာပါသနည်း။

1850 ခုနှစ်တွင် မြန်မာနန်းတွင်း အရာရှိတို့သည် ပြင်စာရွာနှင့် ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကို ရောက်ရှိခဲ့စဉ် ထိုရွာကို ပြင်ဦးဟု ခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင် တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။

အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက်ပြီးနောက် 1887 ခုနှစ်တွင် အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည် ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်း ငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကို အိန္ဒိယ ရှိ Darjeeling နှင့် Simla ကဲ့သို့ တောင်စခန်းမြို့တည်ရန် အကြံပြုသည်။

ဝန်ရွှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက် မြို့ငယ်တစ် မြို့ တည် ဆောက် ရန် ဆုံးဖြတ်လိုက် သည်။ 1896 တွင် ဗိုလ်မှူးကြီး May သည် မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေးဖိတ်ခဲ့သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင် သူဖြစ်သဖြင့် မေမြို့ဟု ခေါ်ဆိုရန် အကြံပြုခဲ့ရာမှ မေမြို့ဟု အမည်တွင် သွားခဲ့သည်။ ထိုအချိန် ၌ ရွာတွင် အိမ်ခြေ -(23) အိမ်သာ ရှိခဲ့သည်။

အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်မြို့ ပုံစံငယ်တွင် အဓိက အားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက် လုပ်သည်။ အိမ်တော်ကြီးများ ကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင် ပန်းမျိုးစုံ စိုက်ပျိုး၍ အလှဆင်ကြသည်။

လမ်းများ ဖောက်လုပ်ပြီးချိန် လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည် ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။ ယခုစျေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။

မြိုတွင်းသယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့် မြင်းလှည်းများ ထားရှိသည်။ ရန်ကုန်မှ လန်ချားများ လာဆွဲရာတွင် အတက်အဆင်းများပြီး ပင်ပန်းကြသဖြင့် ရန်ကုန်သို့ ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိက မောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုး ရှိသည်။ ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာ စီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များ ပြန်ကုန်သဖြင့် နဂိုသတ်မှတ်ချက်ကြောင့် စီးမည့်သူမရှိသဖြင့် ဒေါက်ကတ်မှာ ပျောက်ကွယ်သွားလေသည်။

ဘုရင်ခံအိမ်ကို 1900 ပြည့်တွင် ဆောက်လုပ် ပြီးစီးပြီး ဂေါက်ကွင်းငယ် အပြင် 1902တွင် အိမ်ပတ်ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှ ပန်းပညာရှင် Mr. Surup ကို တာဝန်ပေးသည်။ Surup သည် နိုင်ငံခြားမှ ပန်းမျိုးစိတ် (300)ကျော်ကို ယူလာပြီး မေမြို့တွင်စိုက်ပျိုး ရာမှ ပန်းမြို့တော်ကို အစပျိုးခဲ့သူ ဖြစ်သည်။

ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင် လားဝန်တင်လမ်းကို ကတ္တရာလမ်း ဖောက်လိုက်သည်။ ရှမ်းပြည်ထွက်ကုန်နှင့် မန္တလေးမှ ရေထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှု မြန်လာကာ ၅ ရက်တစ်စျေးမှာ ပိုမို စည်ကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည်ယခုမြို့လည် နေရာတွင် အခြေချပြီး ဘုန်းကြီးကျောင်း ၊ ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများ ဆောက်လုပ်ကြသည်။ နိုင်ငံခြားသာသနာပြုနှင့် နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert's Missionary School, St.Joseph Convent School, American Baptist Girl School များပေါ်ထွက်လာခဲ့သည်။

ဒေသ၏ အဓိကထွက်ကုန်များမှာ ပန်း၊ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို ၊ ယို တို့ဖြစ်သည်။ အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်းသည်။ တရုတ်က စားသောက်ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များ ဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ် လော့ဒ်ကလစ်ခ်ျက မန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ ပြောင်းရွှေ့ သည်။စစ်တပ်ဦးရေသည် မြို့နေ လူဦးရေနှင့် အတူတူ ဖြစ်လာရာ တပ်မြေနှင့် အရပ်မြေ ပြန်ခွဲသည်။ ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းက ရှိခဲ့သည်။

သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခု ဆောက်ကာ ရေပေးဝေရေး ပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့ တည်ခဲ့သော ဂေါက်ကွင်းသည် (18)ကြွင်းနှင့် ဧက (500)ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ် ခါနီးဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင် သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှပုဏ္ဏားများပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။

အင်္ဂလိပ်တို့သည် အင်္ဂလန်တွင် မွေးဖွားသူကိုသာ အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများ မီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန်ကြရသည်။ နောင် မေမြို့တွင် ဆေးရုံ ဖွင့်လှစ်ပြီး နိုင်ငံခြား ဆရာဝန်နှင့် Nurse များ ထားရှိပေးသဖြင့် မေမြို့မှာမွေးလျှင် အထက်တန်းလွှာတွင်း ထည့်ပေးလိုက်သည်။

Botanical Garden ကို ဧက (240) ပေါ်တွင် Sir Alex Roger မှ ဆောက်လုပ်ပေးခဲ့သည်။ ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကို တူးဖော်ပေးခဲ့သည်။ ထိုအချိန် ဘုရာခံ ၏အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟု ခေါ်သည်။ 1917မှစတင် တူးဖော်ရာ 1920တွင် ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကမ္ဗည်းကျောက်တိုင်ရေးထိုးထား သည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှဆောက် လုပ်ပေးခဲ့သည်။

မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကို နိုင်ငံခြားသားများ တကူးတကဓာတ်ပုံရိုက် နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83)ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ငွေရတု နန်းတက်သောအထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ်သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများ အခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည် ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်း တစ်ကြိမ် တီးခတ်သည်။

ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟု ခေါ်ခဲ့သည်။ 1950 တွင် BE တပ်က ထိုအနီး စခန်းချသဖြင့် BE Fall ဟု ခေါ်ဆိုခဲ့သည်။

1963 တွင် အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင် ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။

Ref - မေမြို့သို့မဟုတ်ပြင်ဦးလွင်
- The Pacification of Burma
Crosthwaite, Sir Charles

# CreditTo Original Uploader

Address

No. 6, Highland Avenue, 7 Miles, Mayangone
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959794949877

Website

Alerts

Be the first to know and let us send you an email when RTL Myanmar Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RTL Myanmar Travel & Tours:

Videos

Share

Category


Other Travel Companys in Yangon

Show All