Bali Island 🌴 Indonesia 🇮🇩
တစ်လ အတွင်း ဂွမြို့ကို နောက်တခေါက်ထပ်ရောက်ဖြစ်ပါတယ်။ ဒီတခေါက်ခရီးစဉ်က Mega Hill Company ရဲ့အပန်းဖြေခရီးစဉ်လေးကိုစီစဉ်ဖြစ်ပါတယ်။ သဘာဝခရီးသွားမှု ကိုအခြေခံပြီး ဂွကမ်းခြေ၊ဂွကျွန်းရဲ့သဘာဝအလှတရားများ၊ ကမ်းသာယာကမ်းခြေအလှ နှင့် လောင်းကျိုးရွာကမ်းခြေ များမှာအပန်းဖြေ အနားယူခဲ့ကြပါတယ်။ ဒီခရီးစဉ်ရဲ့ ထူးခြားမှုလေးက လောင်းကျိုးရွာမှာ ညနေစာ စီစဉ်ထားမှုပါဘဲ။ စားသောက်ဆိုင်တွေမှာလိုကြိုက်ရာမှာစားမှုမျိုးမဟုတ် ဘဲဒေသခံကျေးရွာကနေ ချက်ပြုတ်စီစဉ်ပေးမှုမျိုးပါဘဲ။ ခရီးသွားနေရသလိုမျိုးမခံစားရဘဲ ပေါ့ပေါ့ပါးပါးနဲ့ မိမိအိမ်မှာနေထိုင်သလိုမျိုးလွတ်လပ်မှုမျိုးခံစားရမှာပါ။
ဒီခရီးစဉ်အတွက် Mega Hill Company မှ ခင်မင်ရတဲ့အကို Moe Kyaw Wai (M.D)နဲ့ ဝန်ထမ်းများ၊ ဂွမြို့မှာလိုအပ်သမျှကူညီပေးတဲ့ ညီတော်မောင် Zayyar Oo Kyawzay Yartun နဲ့ လောင်းကျိုးရွာ မှာအစစအရာရာပြည့်စုံအောင်စီစဉ်ထားပေးတဲ့ Khin Hmwe Ko Gyi မသီတာ နဲ့လောင်းကျိုးရွာကမိတ်ဆွေများအားလုံး S'pore ကနေလှမ်းပြီး စိတ်ပူပေးပြီးလိုအပ်သည်များကူညီပေးတဲ့ ဘကြီး Mg Pye Phyo နဲ့ ဂွမြို့က ကိုကိုညီညီ စားသောက်ဆိုင်ကို လွန်စွာမှကျေးဇူးတင်လျှက်
Leo Shine (Time Traveller)
2017 တနှစ်လုံးက ပြည်နယ်ဘက်တွေကိုခရီးအများဆုံးသွားဖြစ်ပါတယ်။ သွားတဲ့အချိန်က မိုးတွင်းဘက် ဖြစ်တဲ့အတွက်ပတ်ဝန်းကျင်တစ်ခုလုံးက စိမ်းစိုပြီး သာမန်ထက်ရှုခင်းကထူးခြားပြီးလှပပါတယ်။
Jun/2017 ရခိုင်ပြည်နယ်မြောက်ပိုင်းက ရှေးဟောင်းမြို့ မြောက်ဦး ခရီးစဉ်
Time Traveller
သဘာဝအလှတရားတွေနဲ့ပြည့်နေတဲ့ ချင်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်
တခါလောက်ကြည့်မိတာနဲ့ အရမ်းသွားချင်မိလိမ့်မယ် 👍