#သီရိလင်္ကာစွယ်တော်_မြို့တွင့်လှည့်လည်_အပူဇော်ခံပွဲ (၄ညအိပ်၊ ၅ရက်)
=================================================
တစ်နှစ်မှတစ်ခါသာ ကျင်းပသော စွယ်တော်လှည့်ပွဲကို ကြည့်ရှုဖူးမြှော်ရင်း သီရိလင်္ကာ ဗုဒ္ဓမြတ်စွယ်တော်၊ ရှေးဟောင်းဗိသုကာအနုပညာများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ အဖိုးမဖြတ်နိုင်သော မြတ်ဗုဒ္ဓ၏ဓာတ်တော် မွေတော် အရိုးတော်တို့ ဌာပနာထားသော စေတီတော်များကို လေ့လာဖူးမြော်နိုင်မယ့် သီရိလင်္ကာခရီးစဉ်ကတော့ #August(16)ရက်မှာ ထွက်ရှိမှာဖြစ်ပြီး တစ်ဦးလျှင် #USD-1350$ ကျသင့်မှာ ဖြစ်ပါတယ် ။
သီရိလင်္ကာခရီးစဉ်တွင် လည်ပတ်ဖူးမြှော်မည့်နေရာများ
---------------------------------------------------------------
• မြတ်စွာဘုရားရှင်၏ စွယ်တော်မြတ်ကိန်းဝတ်စံပယ်ရာ ကန္ဒီမြို့ရှိ စွယ်တော်တိုက်
• စွယ်တော်လှည့်ပွဲအား အထူးတန်းနေရာမှကြည့်ရှုခြင်း
• မြတ်စွာဘုရားရှင်၏ အရိုးတော်နှင့်ဆံတော်တို့ကို ဌာပနာထားသော မဟိရင်ဂဏ စေတီတော်
• Little England လို့တင်စားခေါ်ဝေါ်ရတဲ့ တောင်ပေါ်မြို့လေးဖြစ်သော နုဝရဧလိယ
• ကမ္ဘာကျော် စီလုံတီး ထုတ်လုပ်သည့် Mackwoods Tea Factory ၏ View Point
• နာမည်ကျော် ဂရီဂိုရီရေကန်ကြီး
• စတုတ္ထ သင်္ဂါယနာ တင်ခဲ့သော အာလုဝိဟာရတောင်
• လှိုဏ်ဂူ (၅) ဂူ အတွင်းရှိ ဆေးရေးပန်းချီ များဖြင့် ကျော်ကြားသော ဒမ္ဘုလတောင်
• ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ် သတ်မှတ်ခံထားရသော
ခြင်္သေ့အသွင်ရှိသော စီိဂိရိယတောင်ကြီး
• ပေါလောနာရုဝရှိ ရှေးဟောင်းစေတီပုထိုး အဆောက်အဦးများ
• မဟာဗောဓိညောင်ပင်
• ကိုးထပ်အဆောက်အဦး မဟာဝိဟာရ၏ ဆွမ်းစားကျောင်း နှင့် ဥပုဒ်
သိမ်ဖြစ်ခဲ့သော လောဟပါသာဒ ကြေးပြသာဒ်
• ကမ္ဘာပေါ်တွင် ဓါတ်တော်အများဆုံး ဌာပနာထားသော မဟာစေတီ
• မြတ်စွာဘုရား၏ လက်ယာညှပ်ရိုးတော် ဌာပနာထားသော ထူပါရာစေတီ
• အဘယဂိရိစေတီတော်၊ ဇေတ၀န်ရာမစေတီတော်၊ မရိစပဋိစေတီတော်
• မဟာဝေယ စေတီတော်ကြီး ရှိရာ မဟိန္ဒလေ့တောင်
• ကလျာဏီ စေတီ နှင့် ကလျာဏီ သိမ်
• ဂင်္ဂါရာမ ပြတိုက်
• Galle Face Beach
• ကိုလံဘိုမြို့တွင် အမှတ်တရလက်ဆောင်ပစ္စည်းများ ၀ယ်ယူခြင်း
ဖော်ရွေပြူငှာသော ဂယာရွှေတိုးဘုရားဖူးအဖွဲ့မှ Tour Leader(ပိုင်ရှင်ကိုယ်တိုင်) ဦးဆောင်ပြီး Local Guide၊ အဆင့်မြင့် 3 Star အဆင့်ရှိ Hotel များတွင်တည်းခိုပြီး နံနက်စာ/ နေ့လည်စာ/ ညစာများ၊ ၀င်ကြေးများ၊ Private Coach အားလုံးစရိတ်ငြိမ်း ဖြစ်သည့်အတွက် စိတ်ချမ်းသာစရာ ခရီးစဉ်လေးတစ်ခု ဖြစ်မှာအသေချာပါပဲရှင်
ဆက်သွယ်ရန် → အမှတ်(၁၈)၊ (၁၀)လမ်း၊ လမ်
ဂယာရွှေတိုး ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှစီစဉ်စေလွှတ်သော 2016-17 ခုနှစ်အတွက် ပထမဦးဆုံးခရီးစဉ် စတင်ထွက်ခွာပါပြီ။
ယနေ့ (13.07.2016)ရက်နေ့ ညနေ (၃:၀၀)နာရီအချိန်တွင် Air India လေကြောင်းလိုင်းဖြင့် (၂၁)ဦးပါဝင်သော ဂယာရွှေတိုး ဘုရားဖူးအဖွဲ့(၁/၂၀၁၆)သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ ဂယာမြို့သို့ ထွက်ခွာသွားပါသည်။
ဒေါ်ဝင်းဝင်းဦးဆောင်သော ဂယာရွှေတိုး ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ ခရီးစဉ်သာယာဖြောင့်ဖြူးပါစေကြောင်း ဆုမွန်ခြွေလျက်
#ဂယာရွှေတိုး_ဗုဒ္ဓဂယာ_ဘုရားဖူးအဖွဲ့
သတ္တဌာန(၇)နေရာ
----------------------
ပလ္လင်္ကသတ္တာဟ
*****************
မဟာဗောဓိစေတီတော်ကြီး၏ အနောက်မျက်နှာတွင်ရှိ၍ မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်တော်တွင် ထက်ဝယ်ဖွဲ့ခွေလျက် ခုနှစ်ရက်ပတ်လုံး ဖလသမာပတ်ချမ်းသာကို ခံစားတော်မူသည်။
အနိမိသသတ္တာဟ
******************
မဟာဗောဓိစေတီတော်ကြီး၏ အရှေ့မြောက် (၁၄)လံအကွာတွင် ဗောဓိပင်နှင့် ပလ္လင်တော်ကို မမှိတ်သောမျက်စိဖြင့်ကြည့်ပြီး ခုနှစ်ရက်ပတ်လုံးရပ်နေတော်မူသည်။
စင်္ကမသတ္တာဟ
***************
ပလ္လင်တော်နှင့် အနိမိသအကြား အရှေ့အနောက် ရတနာစင်္ကြံတော်ဖန်ဆင်း၍ ခုနှစ်ရက်တိုင်တိုင် စင်္ကြံကြွတော်မူသည်။
ရတနာဃရသတ္တာဟ
*********************
မဟာဗောဓိပင်၏ အနောက်မြောက်အရပ် နတ်တို့ဖန်ဆင်းအပ်သော ရတနာဃရ(ရွှေအိမ်)တွင် ခုနှစ်ရက်တိုင်တိုင် ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူ၍ အဘိဓမ္မာခုနှစ်ကျမ်းကို ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်သုံးသပ်တော်မူ၏။ ပဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်တော်မူသည့်အခါ မြတ်စွာဘုရားရှင် ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ်ပေါ်ထွက် ကွန့်မြူးတော်မူခဲ့ပါသည်။
အဇပါလသတ္တာဟ
******************
မဟာဗောဓိပင်၏ အရှေ့တည့်တည့် အနိမိသဌာန၏ တောင်ဘက်တွင်ရှိသော ဆိတ်ကျောင်းညောင်ပင်တွင် ခုနှစ်ရက်တိုင်တိုင် တရားတော်ကို ဆင်ခြင်သုံးသပ်လျက် အရဟတ္တဖိုလ် ချမ်းသာကိုခံစားတော်မူသည်။
မုစလိန္ဒသတ္တာဟ
*****************
မဟာဗောဓိပင်၏ အရှေ့တောင်ဘက် မုစလိန္ဒအိုင်အနီးရှိ ကျည်းပင်ပေါက်ရာအရပ်တွင် ခုနှစ်ရက်တိုင်တိုင် ဖလသမာပတ်ဝင်စားတော်မူ၏။ ထိုအချိန်တွင် ခုနှစ်ရက် တိုင်တိုင်မိုးစွေ၍ လေအေးများတိုက်ခတ်သဖြင့် မုစလိန္ဒနဂါးမင်းသည် မြတ်စွာဘုရားရှင်ကို ခုနှစ်ပတ်ရစ်ခွေ၍ အပေါ်မှပါးပျဉ်းအုပ်မိုးလျက် ပူဇော်တော်မူသည်။
ရာဇာယတနသတ္တာဟ
**********************
မဟာဗောဓိပင်၏ တောင်ဘက်ရှိ လင်းလွန်းပင်ရင်တွင် ခုနှစ်ရက်တိုင်တိုင် ဖလသမာပတ်ဝင်စားတော်မူ၏။ (၄၉)ရက်ပြည့်မြောက်သည့်နေ့တွင် တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ ဆက်ကပ်သော ပျားမုန့်ဆုပ်ဆွမ်းဦးကို အလှူခံတော်မူသည်။ ကုန်သည်ညီနောင်တို့အား မြတ်စွာဘုရားရှင်က ဆံတော်မြတ်ရှစ်ဆူကို ချီးမြှင့်တော်မူလိုက်သည်။
ဂယာရွှေတိုး ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့မှ ဓမ္မဒါနပြုပါသည်။
ဂယာရွှေတိုး ဗုဒ္ဒဂယာ ဘုရားဖူးအဖွဲ့