Real Choice Travel & Tour Company Ltd.

Real Choice Travel & Tour Company Ltd. သာမာန်ထက် ပိုထူးခြားတဲ့ ခရီးစဥ်လေး?

20/09/2022
19/07/2021

Covid Second wave ထဲက ခရီးစဥ်တွေရပ်နား၊ page ကိုလဲ လှည့်မကြည့်နိုင်တာနဲ့ ဒီတိုင်းပဲ ထားလိုက်ရတယ်။
Third wave မှာတော့ ကျွန်တော်တို့ မိသားစုပါ ဖျားနာခဲ့ရတယ်၊ ခက်ခဲကြတာတွေတော့ ပြောမနေတော့ပါဘူး၊ အားလုံးဟာ ခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းစိတ်ဒုက္ခရောက်နေကြမှာ အသေချာပဲမို့ ဒီအချိန်မှာ အတူတူ အားတင်းရင်း ကျော်ဖြတ်ကြရအောင်ပါ၊
အားလုံးပြီးသွားတဲ့ တစ်နေ့ ကျွန်တော်တို့ ခရီးတွေ သွားကြတာပေါ့နော်......

13/08/2020

ခရီးသွားဖို့ စဥ်းစားနေပြီဆိုရင်........ 🤔🤔

⛳⛳ နယ်မြေအခြေအနေနဲ့ ရာသီဥတုလေးကောင်းတုန်း ရှမ်းမြောက်က သီပေါမြို့လေးကို သွားလည်ကြမယ်၊ ပြီးရင် နမ္မတူ ဘော်တွင်းဟောင်း နဲ့ စိမ်းစိုလှပတဲ့ ရုရှားတောင်ပေါ်မှာ အပီရိုက်ကြ မယ် (ဓာတ်ပုံ)📸

ရန်ကုန်ကနေ ညနေထွက်မယ်...
သီပေါက 🏩3 star Hotel မှာ တစ်ည အိပ်ပြီး သီပေါမြို့မှာ လည်မယ်၊ ရှမ်းအစားအစာဆိုင်လေးတွေမှာ ဒေသစာတွေ အဝစားကြမယ်🍱🍛🍽

နောက်တစ်ရက်ကို နမ္မတူသွားမယ်၊ ရှေးဟောင်း ဘော်တွင်း Mine Town လေးမို့ အေးချမ်းမယ်၊ ကြည့်ရှူလေ့လာစရာလေးတွေ လှည့်ပတ်ကြည့်မယ်၊ ရုရှားတောင်သွားလည်မယ်🌠

👬👭 ကျွန်တော့် ထုံးစံအတိုင်း မိသားစုလိုသွား ကြမယ်၊ ကားစီးမယ်၊ ညောင်းရင်နားမယ်၊ ပတ်ဝန်းကျင်လှရင် ဓာတ်ပုံဆင်းရိုက်မယ်၊ စားမယ်၊ နားမယ်၊ အေးအေးဆေးဆေး ပေါ့ပါ့ပါးပါး သွားပါမယ်...👯👯‍♂️

စျေးနှုန်းလေးကတော့
💰 တစ်ဦး(၁၅၅၀၀၀) ကျပ် ပါပဲခင်ဗျ.....
🏩 သီပေါမှာ Hotel (1) ညအိပ်မယ်၊
🍱 နံနက်စာ၊ နေ့လည်စာ၊ ညစာစုစုပေါင်း (၆) နပ်ပါမယ်၊
🚐 ရန်ကုန်က Hiace 14 seaters ကို (၈)ယောက်နဲ့ပဲသွားမယ်၊
🤗 ကျွန်တော်ပါမယ်၊
💁‍♂️ ဒေသခံ Guide က သီပေါနဲ့ နမ္မတူမှာ လိုက်လံပို့​ ပေးပါမယ်၊
✅ Friday ထွက်ရင် Monday မနက် ပြန်ရောက်မှာမို့ ရုံးသမားများ ရုံးမပျက်ပါဘူးနော်....

👉 လည်ပတ်မဲ့နေရာတွေကို Traveller တွေရဲ့ link ချပေးထားပါတယ်၊ သွားမယ့်နေရာတွေရဲ့ အကြောင်းမို့ ဗဟုသုတလည်း ရသလို လည်ပတ်မယ့် နေရာအကြောင်းလည်း သိသွားအောင်ပါ...
( Hiking, Trekking and Boat activities များ ယခု တစ်ခေါက်တွင် မပါဝင်သေးပါခင်ဗျာ ❎❎)

😊😊 စိတ်ပါဝင်စားသူ ကျွန်တော့ မိတ်ဆွေများ အားမနာတမ်းမေးမြန်းနိုင်ပြီး အဆင်ပြေရင် အတူသွားကြဖို့ ဖိတ်ခေါ်ပါရစေခင်ဗျ....

☎☎☎ 09266266426, 09974291961

https://m.facebook.com/story.php?story_fbid=2240292789450755&id=783596685120380

https://m.facebook.com/story.php?story_fbid=2215437771936257&id=783596685120380

👨‍👩‍👧‍👦👨‍👨‍👧‍👦  မိသားစုတွေပဲ သီးသန့်သွားမလား...👭👬 သူငယ်ချင်းတွေ စုပြီးသွားမလား...👫👫 အလုပ်ထဲက မိတ်ဆွေ​တွေနဲ့လား ... အားလု...
09/08/2020

👨‍👩‍👧‍👦👨‍👨‍👧‍👦 မိသားစုတွေပဲ သီးသန့်သွားမလား...
👭👬 သူငယ်ချင်းတွေ စုပြီးသွားမလား...
👫👫 အလုပ်ထဲက မိတ်ဆွေ​တွေနဲ့လား ...
အားလုံးကို အဆင်ပြေချောမွေ့ စွာနဲ့ ပျော်ရွှင်မှုတွေပိုင်ဆိုင်ဖို့ Real Choice မှ စီးလုံးကားအငှားဝန်ဆောင်မှု စီစဥ်ဆောင်ရွက်ပေးနေပါပြီ...💯%

သွားချင်တဲ့
💙 ခရီးစဥ်
💚 အချိန်
❤ လူဦးရေလေး ပြောပေးတာနဲ့ တည်းခိုဖို့၊ စားသောက်ဖို့၊ လည်ပတ်မယ့်နေရာစုံဖို့ကို ကျွန်တော်တို့တာဝန်ယူပါတယ်....

ခရီးစဥ်များအတွက် ကောင်းမွန်ပြီး စိတ်ချရသည့် မော်တော်ယာဥ်များ...🚐🚙🚌🚙🚗🚐🚌

🤵🤵 ချိုသာယဥ်ကျေးပြီး လည်ပတ်မည့်နေရာတွေကို ကျွမ်းကျင်စွာ လိုက်လံပို့ဆောင်ပေးနိုင်သော ယာဥ်မောင်းများဖြင့် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်....

😷😷 Covid ကာလအတွင်း လူအများကြီးနဲ့သွားဖို့ အဆင်မပြေသေးသူများအတွက် လိုအပ်ပါက ဆက်သွယ်ငှားရမ်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်...😊😊

✅ ဒီအပြင် လုပ်ငန်းကိစ္စရှိလို့ ခေတ္တသုံးချင်တာမျိုး၊ လချုပ်နဲ့ သုံးချင်တာမျိုး၊ တောင်တန်းဒေသတွေမို့ အောက်ပိုင်းမြင့်မြင့်ကားနဲ့ သွားချင်သူများအတွက်လဲ ဝန်​ဆောင်မှုတွေ ပေးနေပါပြီ✅

💙💛 Real Choice ရဲ့ ခရီးစဥ်များလည်း မကြာခင်မှာ ပြန်လည် စီစဥ်ပေးသွားမည့်အကြောင်းအသိ ပေးရင်း ဧည့်သည်တော်များအားလုံး ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ🙏🙏🙏

Real Choice Travel & Tour
အမှတ် (884)၊ ကျောင်းကုန်း(၁)လမ်း
အောင်ဆန်း၊ အင်းစိန်
☎ 09266266426, 09974291961

Real Choice ရဲ့ ချင်းပြည်နယ် ခရီးစဥ်ထဲမှာ လည်ပတ်ဖို့ အဓိက ပါမဲ့  ဟားခါး၊ ထန်တလန်၊ ဓာတ်ပုံလေးတွေ လှလို့ အမှတ်တရ တင်ပေးလို...
26/06/2020

Real Choice ရဲ့ ချင်းပြည်နယ် ခရီးစဥ်ထဲမှာ လည်ပတ်ဖို့ အဓိက ပါမဲ့ ဟားခါး၊ ထန်တလန်၊ ဓာတ်ပုံလေးတွေ လှလို့ အမှတ်တရ တင်ပေးလိုက်ပါတယ်ခင်ဗျာ ❤❤❤
( မင်းတပ် ၊ မတူပီကတော့ သွားချင်ပေမဲ့ ခရီးစဥ်ထဲ မထည့်နိုင်သေးဘူးဗျာ၊ နောင်ဆိုရင်တော့ ထည့်ပေးပါ့မယ် 🙏🙏🙏 )

https://m.facebook.com/story.php?story_fbid=721020235353964&id=359476531508338

ကားအကြာကြီးမစီးနိုင်သူ ဧည့်သည်များအတွက် သတင်းကောင်းပါ၊    လေဆိပ်မှ ဖလမ်းမြို့သို့ မိနစ်ပိုင်းသာ မောင်းရပြီး၊ နံမည်ကျော် ...
25/06/2020

ကားအကြာကြီးမစီးနိုင်သူ ဧည့်သည်များအတွက် သတင်းကောင်းပါ၊
လေဆိပ်မှ ဖလမ်းမြို့သို့ မိနစ်ပိုင်းသာ မောင်းရပြီး၊ နံမည်ကျော် Rih ရေအိုင်နဲ့ မိုင် ၆၀ နီးပါးသာ မောင်းရမှာပါ။
လေဆိပ်ဟာ ဟားခါး - ဖလမ်း လမ်းပေါ်မှာလဲရှိတာကြောင့် ဟားခါး၊ ထန်တလန် မြို့များကိုလဲ လည်ပတ် နိုင်မှာဖြစ်ပါတယ်၊
ချင်းပြည်နယ် မြောက်ပိုင်းကို သွားချင်ပေမဲ့ ကားကြာကြာမစီးနိုင်သည့် ဧည့်သည်များအနေနဲ့ ပွင့်လင်းရာသီနဲ့အတူ ရောဂါတွေ ကင်းစင်သွားတာနဲ့ သွားလာနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ
https://www.facebook.com/167011980026853/posts/3202828159778538/

ဒီတစ်ပတ်မှာတော့ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့လေးအကြောင်း တင်ပြရင်းနဲ့ ဟားခါး View point ရောက်တဲ့အခါ ဗဟုသုတဖြစ်စရ...
01/06/2020

ဒီတစ်ပတ်မှာတော့ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့လေးအကြောင်း တင်ပြရင်းနဲ့ ဟားခါး View point ရောက်တဲ့အခါ ဗဟုသုတဖြစ်စရာလေး တွေ ပြောပြပေးပါရစေ🙏🙏🙏

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့ဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၁၂၀ ပေ မြင့်ပြီး ချင်းလူမျိုးအများစုနေထိုင်ကာ ခရစ်ယာန်ဘာသာကို အဓိကယုံကြည်ကိုးကွယ်ကြပါတယ်၊

တစ်နှစ်တာလုံးမှာ ဒီဇင်ဘာ၊ ဇန်နဝါရီလများဟာ ပုံမှန်အားဖြင့် အအေးဆုံးလများ ဖြစ်ပြီး တခါတရံ ရေခဲမှတ်အောက်ရောက်သည်ထိ အေးတတ်ပါတယ်၊

လည်ပတ်စရာနေရာများအနက် Hakha View point မှာ ထားရှိတဲ့ အဝင်တံခါးလေးနဲ့ ပတ်သက်လို့ အနည်းငယ်ပြောပြပါမယ်..

ရှေးခေတ် ချင်းလူမျိုးများဟာ အိမ်ဆောက်တဲ့အခါမှာ အိမ်ရှေ့ တံခါးကို အခုခေတ်အိမ်တွေမှာ တွေ့ရတဲ့ တံခါးမျိုးမဟုတ်ပဲ ငုံ့ပြီးမှ ဝင်လို့ရတဲ့ တံခါးမျိုးကို တမင်တပ်ကြကြောင်း၊ ဒီလို တပ်ထားခြင်းအားဖြင့် မိမိရဲ့အိမ်ထဲကို ရန်သူအလွယ်တကူ
မဝင်နိုင်စေရန် ရည်ရွယ်တပ်ဆင်ထားကြတာဖြစ်ပါတယ်၊ ဒီလို တံခါးပုံစံကို ဟားခါး View point မှာ သွားလည်ကြရင် တွေ့ရ၊ ဝင်ရမှာဖြစ်ပြီး ရှေးခေတ် ချင်းလူမျိုးများရဲ့ အိမ်တံခါးပုံစံအတိုင်း လေ့လာနိုင်အောင် ထားရှိပေးတာတွေ့ရမှာဖြစ်ပါတယ်၊
(ပုံ - ၁)

ဒါကြောင့် ဟားခါး View point သို့ သွားရောက် လည်ပတ်တဲ့အခါ တံခါးကို လွယ်လွယ်ဝင်လို့ရအောင် လုပ်ထားရမဲ့အစား ကျော်ခွပြီးမှ ဝင်ရအောင် ဘာဖြစ်လို့လုပ်ထားတာလဲလို့ မကြာခဏ မေးမြန်းတတ်တဲ့ ဧည့်သည်တွေနဲ့ မရောက်ဘူးသေးတဲ့ ဧည့်သည်များ ဗဟုသုတရစေရန် ရည်ရွယ်ပြီး တင်ပြလိုက်ပါတယ်ခင်ဗျ....

Covid 19 ကာလအတွင်းမို့ ခရီးတွေထွက်ခွင့်မရသူ ချစ်ခင်ရသော ဧည့်သည်များအားလုံး မဂ်လာပါခင်ဗျာ      ကျွန်တော်တို့ Real Choice ...
25/05/2020

Covid 19 ကာလအတွင်းမို့ ခရီးတွေထွက်ခွင့်မရသူ ချစ်ခင်ရသော ဧည့်သည်များအားလုံး မဂ်လာပါခင်ဗျာ
ကျွန်တော်တို့ Real Choice အနေနဲ့လဲ ရောဂါပိုး စတင်တွေ့ရှိတဲ့ အချိန်ကစပြီး ကြိုတင်စီစဥ်ထားတဲ့ ခရီးစဥ်တွေ ဖျက်သိမ်း၊ ကောက်ယူထားသော စရံငွေများ ပြန်လည်ပေးအပ်ခြင်းများကို အမြန်ဆုံးစီစဥ်ပေးခဲ့ပြီးဖြစ်ပါတယ်၊ အခုချိန်မှာတော့ မိမိအိမ်မှာ နေထိုင်နေရပြီး ရောဂါများ ကင်းစင်သွားတဲ့ တစ်နေ့ မှာ ခရီးတွေ ပြန်ထွက်ဖို့ အားခဲထားကြတယ်ဆိုတာလဲ Message တွေမှတဆင့် သိရှိနေရပါတယ်၊
ဒါကြောင့်အခုလို အချိန်လေးမှာ အိမ်မှာနေရင်း ဗဟုသုတဖြစ်စရာလေး တချို့ကို တင်ပြပေးပါရစေခင်ဗျာ
ပုံထဲမှာပါတဲ့ အုံးမောင်းလေး ၃ ခုက ရောက်ဖူးသူ တော်တော်များများ သိကြမှာပါ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ View point မှာ ပြသထားတာပါ၊ ကျွန်တော်လိုက်ပို့ဖူးသမျှ ဧည့်သည်တိုင်းနီးပါး အဲဒီ အုံးမောင်းလေးနားမှာ ဓာတ်ပုံရိုက်ဖူးကြမှာပါ၊ သူ့အနောက်က ဟားခါးမြို့ ရှူခင်းကလဲ တော်တော်လှတာကိုး၊ တကယ်တော့ အဲဒီ အုံးမောင်းလေးတွေဟာ ရှေးခေတ် ချင်းလူမျိုးတွေ အသုံးပြုခဲ့ကြတဲ့ ပစ္စည်းတွေထဲက တစ်ခုအပါအဝင်ပါ၊
ရှေးခေတ် ချင်းလူမျိုးများနေထိုင်တဲ့ ရွာတွေမှာဆိုရင် ဂုဏ်သရေရှိလူကြီးမင်း အခု အသုံးအနှုန်းနဲ့ဆိုရင်တော့ ကျေးရွာလူကြီး (သို့)ခေါင်းဆောင်ပဲ ဆိုကြပါစို့၊ သူ့ရဲ့အိမ်ရှေ့မှာ အခုပုံပါ အုံးမောင်းမျိုးထားတတ်ကြတယ်လို့ဆိုပါတယ်၊ ရပ်ရွာထဲကို ရန်သူဝင်လာတဲ့အချိန်၊ သားကောင်ဝင်လာတဲ့အချိန်၊ အမဲလိုက်ရာကပြန်လာပြီး သားကောင်မိလာတဲ့ အချိန်မျိုးမှာ သူ့ အသံနဲ့သူ အုံးမောင်းခေါက်ပြီး အချက်ပေးကြတယ်လို့ဆိုပါတယ်၊ ဒါ​ကြောင့် ချင်းရိုးရာအိမ် ပြခန်းတွေ၊ အထင်ကရနေရာတွေမှာ ရှေးခေတ်ချင်းလူမျိုးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထားပေးတတ်ကြပါတယ်၊ ချင်းပြည်နယ် ဟားခါး၊ တီးတိန် အစရှိသည်ဖြင့် ရောက်ခဲ့ရင် တွေ့ရပါလိမ့်မယ်၊
ဒီအပြင် အဲဒီအုံးမောင်းလေးတွေဟာ ဘယ်မှာသုံးသေးလဲဆိုတော့ ချင်းလုလင်ပျိုများဟာ သူတို့ နှစ်သက်တဲ့ ချင်းလုံမပျိုတွေဆီကို သူတို့ကချစ်ခင် နှစ်သက်နေကြောင်း ဖော်ပြတဲ့အခါမှာလဲ အခု အုံးမောင်းလေးကို တီးတတ်ကြပါတယ်တဲ့၊ ကျွန်တော့ အနေနဲ့ အခုလို ကြားသိရတဲ့အခါ စဥ်းစားမိပါတယ်၊ဘယ်လို သံစဥ်နဲ့တီးသလဲပေါ့၊ ကိုယ်က သဘောကျနေကြောင်း လုံမပျိုသိအောင် ဘယ်လိုတီးခတ်မလဲပေါ့၊ ကျွန်တော် တော်တော် အချိန်ယူပြီးစဥ်းစားပေမဲ့ အဖြေမရခဲ့ဘူး၊ ဒါနဲ့ပဲ ချင်းပြည်ကို ဧည့်သည်တွေနဲ့ ထပ်တက်ရဖို့ဖြစ်လာရော၊ အခု Covid မဖြစ်ခင်လေးတင်ပါ၊ ဟားခါးရောက်တော့ ရိုးရာအိမ်ပြခန်းကို သွားတယ်၊ အဲဒီမှာလဲ အုံးမောင်းလေးတွေ ပြထားတယ်၊ ဒါနဲ့ ပြခန်းက တာဝန်ခံကလေးကို ချင်းလုလင်ပျိုတွေက သူတို့ ကြိုက်တဲ့ လုံမပျိုတွေကို ဒီအုန်းမောင်းလေးတွေတီးပြီး ပိုးပန်းကြတယ်လို့သိရတယ်၊ အဲဒါဘယ်လို သံစဥ်နဲ့ တီးလဲသိလားလို့ မေး​တာပေါ့၊ ဟုတ်ပါတယ်တဲ့ ဒါပေမဲ့ အုံးမောင်းကြီးပဲ တီးတာမဟုတ်ပဲ သီချင်းပါဆိုတာပါတဲ့၊ အဲဒီတော့မှ ကျွန်တော်လဲ အရမ်းသိချင်တဲ့ ကိစ္စတစ်ခုရဲ့ အဖြေကိုသိခဲ့ရပါတော့တယ်။
ဒါကြောင့် ရှေးခေတ် ချင်းလူမျိုးများအပြင် လူမျိုးတိုင်းမှာ အခုလို ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိတတ်ပါတယ်၊ ကျွန်တော်တို့တွေ တိုင်းရင်းသားနယ်မြေများဆီ သွားရောက်လည်ပတ်တဲ့အခါ သူတို့ရဲ့ ဓလေ့ထုံးစံများပါ လေ့လာ မေးမြန်းနိုင်ရင် ပိုပြီးပြည့်စုံတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ 🙏🙏🙏

ဓာတ်ပုံကတော့ ဟားခါးမြို့ View point မှာပါ။

ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏🙏🙏🙏🙏🙏🙏ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ဘုရားအလောင်းတော် သုမေဓာရှင...
06/05/2020

ကဆုန်လပြည့် ဗုဒ္ဓနေ့
🙏🙏🙏🙏🙏🙏🙏🙏🙏

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

က‌ဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။ ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့ပါသည်။ ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်
👉👉👉👉👉👉👉👉👉👉👉👉👉

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခု စက်တင်ဘာလမှာ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ၅၄ ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းသော အဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။

ဖတ်မိသမျှ မျှဝေပါ၏။
ကျန်းမာချမ်းသာကြပါစေ။

Crd:
🙏🙏🙏🙏🙏

🙏🙏🙏
17/04/2020

🙏🙏🙏

🌺 ချင်းပြည်နယ်မြောက်ပိုင်း သင်္ကြန် ခရီးစဥ် 🌺   သင်္ကြန်ပိတ်ရက်ရှည် အတွင်းမှာ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ ထန...
29/02/2020

🌺 ချင်းပြည်နယ်မြောက်ပိုင်း သင်္ကြန် ခရီးစဥ် 🌺

သင်္ကြန်ပိတ်ရက်ရှည် အတွင်းမှာ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ Rih lake၊ တီးတိန်၊ ကနေဒီတောင်၊ လေသာတောင်၊ သိုင်းငင်း၊ ပခုက္ကူ၊ ဂန့်ဂေါ၊ ကလေးမြို့များသို့ လည်ပတ်လိုသူများအတွက် မိသားစုခရီးသွားနေရသလို ခံစားစေရပြီး နေရာစုံရောက်မဲ့ Real Choice ရဲ့ ခရီးစဥ်၊

💸💸💸( 5N/6D စားရိတ်ငြိမ်းသုံးသိန်း)💸💸💸

🚩🚩🚩 ချင်းပြည်နယ်မြောက်ပိုင်းသို့ တိုက်ရိုက်သွားမည့် Hiace 14 seaters ကားများဖြင့် စီစဥ်ထားတာမို့ ရန်ကုန်မြို့နေ ဧည့်သည်များအား အိမ်တိုင်ယာရောက် လာခေါ် ပေးပါမည်၊ 🚩🚩🚩

သင်္ကြန်ပိတ်ရက်ရှည်ဖြစ်တာကြောင့် စောစောလေး booking လုပ်လေ သေချာလေပါခင်ဗျာ 🙏🙏🙏

⛳ သွားရောက်လည်ပတ်မည့်နေရာများ⛳
--------------------------------------------------------------

⚜ ချင်းပြည်နယ်ရဲ့ အထင်ကရ အသဲပုံ Rihရေအိုင်၊

⚜ အိန္ဒိယနယ်စပ် ဇိုရ်ခေါ်ရာ မြို့ငယ်လေး၊

⚜ အမြင့်ပေ ၆၁၂၀ ပေမြင့်တဲ့ ဟားခါးမြို့၊

⚜ ဟားခါးတစ်မြို့လုံးကိုမြင်နိုင်တဲ့ View point၊

⚜ တိမ်တွေပေါ်ကပန်းရုပ်ရှင်ထဲက ထန်တလန်မြို့၊

⚜ အမြင့်ပေ ၄၉၆၂ ပေရှိ ထန်တလန် View point၊

⚜ ထန်တလန်နဲ့ ဟားခါးကြားက တိမစ်ချိုင့်ဝှမ်း၊

⚜ ထင်ရှူးတောနဲ့အတူ လှပတဲ့ ထန်တလန်-ဟားခါး သွားလမ်း၊

⚜ ဖလမ်းမြို့ တစ်မြို့လုံးကို မြင်ရမဲ့ View point၊

⚜ Falam မြို့ beauty land ဆိုင်မှာ ကော်ဖီသွားသောက်မယ်၊

⚜ တီးတိန်မြို့ရှိ ချင်းရိုးရာနေအိမ်နှင့် ရိုးရာဓလေ့ကို လေ့လာနိုင်မဲ့ ရှောင်စောင်း စံပြကျေးရွာ၊

⚜ ချင်းပြည်နယ်ရဲ့ ဒုတိယ အမြင့်ဆုံး အမြင့်ပေ
၈၈၆၈ ပေမြင့်တဲ့ ကနေဒီတောင်လဲတက်မယ်၊

⚜ လေတိုက်တဲ့အချိန်ဆို သိပ်ကိုအံသြစရာကောင်းလှတဲ့ လေသာတောင်၊

⚜ မဏိပူရမြစ်နှင့် မံဆောင်းကြိုးတံတား၊

⚜ ချင်းထည်နှင့် အိန္ဒိယပစ္စည်းများ အကြိုက်ဝယ်လို့ရမယ့် ကလေးမြို့ ပင်ရင်းလေဆိပ်ဆိုင်၊

⚜ ကလေးမြို့မှ တန်ခိုးကြီး ရေဆန်ကျွန်းဘုရား၊

⚜ ယောအထည်များ စိတ်ကြိုက်ဝယ်နိုင်မဲ့ ဂန့်ဂေါမြို့၊

⚜ ပခုက္ကူမြို့၊ တန်ခိုးကြီး သီဟိုဠ်ရှင်ဘုရား၊

⚜ ကမ္ဘာအံ့ဖွယ် ရွှေကူတံကဲတော်မြတ်ကြီး၊ပခုက္ကူ၊

⚜ တန်ခိုးကြီး ရွှေမုဋ္ဌောစေတီ၊ ဖောင်တော်ဦး ဘုရား၊ ပခုက္ကူ

⚜ ယောဒေသ၊ ဂန့်ဂေါမြို့ရှိ ဆံတော်ရှင်ဘုရား၊

⚜ ပုံတောင်၊ ပုံညာတောင်တန်းများနှင့် ယော၊ ကျော အစရှိသည့် ယောဒေသတွေကိုဖြတ်သန်းရပါမည်၊

⚜ ခရီးစဥ်မှာ အမှတ်တရဖြစ်အောင် ဖတ်စရာ စာအုပ်ကောင်းလေးတွေ မဲဖောက်ပေးပါမယ်၊

⚜ လူအများကြီး သွားတာကိုရှောင်ပြီး ကိုယ့်မိသားစု ခရီးသွားသလို ပျော်ပျော်ရွင်ရွင်လွတ်လွတ် လပ်လပ် သွားလို့ရအောင် ကားဆရာနှင့် Tour leader များက ဝန်ဆောင်မှုပေးပါတယ် ခင်ဗျာ၊

------------------------------------------------------

🚌🚐🚌🚐 ထွက်ခွာမည့်အစီအစဥ် 🚌🚐🚌🚐

🚩 ရန်ကုန်မြို့မှ (၁၀.၄.၂၀၂၀) ရက်နေ့ နံနက်စောစော စတင်ထွက်ခွာပါမယ်၊ Hiace အံစာတုံး ၁၄ ယောက်စီးကားအား ဧည့်သည် ဆယ်ဦး တစ်စီးနှုန်းဖြင့်သွားမှာမို့ ရန်ကုန်မြို့တွင်းနေသူများကို အိမ်အရောက် လာကြိုပေးပါမည်၊

🚩 ( ၁၀.၄.၂၀၂၀ ) ရက်နေ့တွင် ပခုက္ကူရှိ 🙏🙏🙏 တန်ခိုးကြီး ဘုရားများဖူးပြီး ဂန့်ဂေါမြို့ရှိ 🏠🛌 ယောဟိုတယ်တွင် ညအိပ်စက်ပါမည်၊

🚩 ( ၁၁.၄.၂၀၂၀ ) ရက်နေ့ ဟားခါးမြို့၊ ထန်တလန်မြို့များ လည်ပတ်ပြီး ဟားခါးမြို့ Shalom motel တွင်ညအိပ်စက်ပါမည်၊

🚩 ( ၁၂.၄.၂၀၂၀ ) ရက်နေ့ ဖလမ်းမြို့လည်ပတ်မယ်၊ ချင်းပြည် ကော်ဖီလေးသောက်မယ်၊ ကလော့မွန်ရွာ စမ်းချောင်းဘေးက ထမင်းဆိုင်လေးမှာ နေ့လည်စာစားပြီး၊ အသဲနှလုံးရှိရာ Rih ရေအိုင် ကိုသွားပါမယ်၊ Rih ရေအိုင်မှာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ရိဒ်ခေါဒါရ် မြို့လေးတွင်ညအိပ်စက်ပါမည်၊ ဧည့်သည်များ အနေနှင့် ကန်စပ်ရှိ ဘန်ဂလို 🏠🏠🏠🏠 များတွင် အိပ်စက်နိုင်သလို 🛌🛌🛌 ရိဒ်ရွှေပြည် တည်းခိုခန်းတွင်လဲ အိပ်စက်နိုင်ပါသည်၊

🚩 ( ၁၃.၄.၂၀၂၀) ရက်နေ့ တီးတိန်မြို့ရှိ ချင်းရိုးရာ အိမ်နှင် ချင်းရိုးရာ အဝတ်အထည်များ အကြောင်းလေ့လာနိုင်မဲ့ ရှောင်စောင်းကျေးရွာကို လည်မယ်၊
အမြင့်ပေ ၈၈၀၀ မြင့်တဲ့ ချင်းပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံး ကနေဒီတောင် 🚶🚶‍♀️🚶🚶‍♀️🚶 တက်မယ်၊ 🌺🌺 တောင်ဇလပ်တွေ ကျန်သေးရင်တော့ ဓာတ်ပုံရိုက်ကြတာပေါ့နော်၊ ပြီးရင် လေသာတောင်လေးမှာ ဓာတ်ဖမ်း 📷📷📷၊ ကလေးမြို့လေးကိုဆင်းပြီး ကလေးမြို့ရဲ့ အကောင်းဆုံး Villa လေးဖြစ်တဲ့ Holiday villa လေးမှာ ညအိပ်စက်ပါမယ်၊

🚩 ( ၁၄.၄.၂၀၂၀ ) ရက်နေ့ ကလေးမြို့မှာ လည်ပတ်မယ်၊ လက်ဆောင်ပစ္စည်းတွေဝယ်မယ်၊ ပြီးရင်တော့ ကလေးမြို့နဲ့အတူ ချင်းတောင်တန်းတွေကို နှုတ်ဆက်မယ်၊👋👋👋 ဂန့်ဂေါမြို့မှာ နေ့လည်စာ စားမယ်၊ ယောထည်တွေဝယ်မယ်၊ ပြီးရင်တော့ ပုံတောင်ပုံညာဒေသ၊ ပခုက္ကူ၊ ပုဂံ ညောင်ဦးမြို့တွေဖြတ်သန်းပြီး (၁၅.၄.၂၀၂၀) ရက်နေ့ နံနက်စောစောမှာ ရန်ကုန်မြို့ရှိ နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးပြီး ခရီးစဥ် ပြီးဆုံးပါမယ် 👋👋👋

ခရီးစဥ်နဲ့ လည်ပတ်မဲ့နေရာတွေကတော့ သိပြီ၊ စားဖို့ အိပ်ဖို့ အဆင်ပြေပါ့မလား၊ ကားလမ်းခရီး စိတ်ချရပါ့မလား၊ အစရှိသည်ဖြင့် မေးချင်သူများအတွက် Messenger ကသာမေးလိုက်ပါ၊ အစုံဖြေပေးပါ့မယ်၊ ဖုန်းနံပါတ်ပေးရင်လဲ ဖုန်းဆက်ပြီး ရှင်းပြပေးပါ့မယ်၊ တစ်ခုသေချာပြောနိုင်တာကတော့ ကားတွေအားလုံး စိတ်ကြိုက်စစ်ဆေးပြီးမှ ခရီးထွက်ပါတယ်၊ ချင်းတောင်ပေါ်အပါအဝင် တစ်နိုင်ငံလုံး မောင်းပေးနေတဲ့ ကျွန်းကျင် ယာဥ်မောင်းများ
ဖြင့် သွားပါတယ်၊ ကျွန်တော်လဲ ဗိုက်ဆာတတ်သလို
ဧည့်သည်များလဲ ဆာတတ်မှာမို့ ထမင်းဟင်းအား အချိန်ကိုက်ဖြစ်အောင် ကျွေးပါတယ်၊ အဆာပြေ ကော်ဖီဆိုင်လဲ ခဏခဏရပ်ပါတယ်၊ ကျွန်တော်တို့လဲ ညောင်းသလို ဧည့်သည်တွေလဲ ညောင်းတယ်လေ၊ ပြီးတော့ out put ကိစ္စလေးတွေလဲ ရှိတာကိုး၊ 😁😁😁

အသေးစိတ်လေးတွေဖြေပေးမှာမို့ ဖုန်းနံပါတ်
09266266426 , 09974291961, 09776228968
ဆက်နိုင်သလို Messenger သို့လဲ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Real Choice Travel and Tour
အမှတ် ၈၈၄၊ ပေါက်ပင်လမ်း
အောင်ဆန်း၊ အင်းစိန်။

မြန်မာပြည်ကို ခွင့်နဲ့ခဏပြန်လာချိန်လေးမှာ ချင်းပြည်နယ် မြောက်ပိုင်းခရီးစဥ်လေးကို စီစဥ်ခွင့်ပေးခဲ့တဲ့ မိသားစုရဲ့ အမှတ်တရပ...
13/02/2020

မြန်မာပြည်ကို ခွင့်နဲ့ခဏပြန်လာချိန်လေးမှာ ချင်းပြည်နယ် မြောက်ပိုင်းခရီးစဥ်လေးကို စီစဥ်ခွင့်ပေးခဲ့တဲ့ မိသားစုရဲ့ အမှတ်တရပုံရိပ်လေးတွေပါ၊
နောင်နှစ်များမှာလဲ ယခုလိုလှပတဲ့နေရာလေးတွေကို သွားဖို့အတွက် ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်၊
ဧည့်သည်တော်များလဲ အပြန်ခရီးမှာ အားလုံးအဆင်ပြေပြီး အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပါစေကြောင်း real choice မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ ❤❤❤

🌷🌺🌷🍁 ချင်းပြည်နယ်ခရီးစဥ် 🌹🌷🥀🍂  🏞🚩🍁 ချင်းပြည်နယ် ခရီးစဥ်လို့ ဆိုလိုက်ရင် ဘယ်မြို့တွေကို သွားတာလဲဆိုတာ ဝေခွဲမရဖြစ်တတ်ကြတဲ့...
12/02/2020

🌷🌺🌷🍁 ချင်းပြည်နယ်ခရီးစဥ် 🌹🌷🥀🍂

🏞🚩🍁 ချင်းပြည်နယ် ခရီးစဥ်လို့ ဆိုလိုက်ရင် ဘယ်မြို့တွေကို သွားတာလဲဆိုတာ ဝေခွဲမရဖြစ်တတ်ကြတဲ့ ဧည့်သည်တွေအနေနဲ့ စိတ်မပူပါနဲ့ခင်ဗျာ😍
ချင်းပြည်နယ်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ရှိတဲ့အထဲမှ တောင်ပိုင်းမှာ အထင်ကရလည်ပတ်စရာ နတ်မတောင် သို့ ခေါနှူးသုမ်၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေ ပါရှိပြီး ချင်းမြောက်ပိုင်းမှာတော့ လည်ပတ်စရာအ​​ဖြစ် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ Rih ရေကန်၊ တီးတိန်၊ ကနေဒီ ၊လေသာတောင် နှင့် သိုင်းငင်းကျေးရွာ၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ ကလေးမြို့ တို့ပါဝင်ပါတယ်၊
Real choice အနေနဲ့တော့ အနည်းငယ် သွားလာရခက်ခဲသေးတဲ့ ချင်းပြည်မြောက်ပိုင်းမှ နေရာတွေ အဓိကထားပြီး ဧည့်သည်များကိုပို့ဆောင်ပေးလျက် ရှိတယ် ဆိုပေမယ့် ချင်းပြည်မြောက်ပိုင်းရော တောင်ပိုင်းပါ အနှံ့သွားလိုတဲ့ ဧည့်သည်များကိုလဲ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်၊

======================================

🚩🚩🚩 ချင်းပြည် မြောက်ပိုင်း 🚩🚩🚩

မြောက်ပိုင်းခရီးစဥ်ကို ရန်ကုန်မြို့မှ အံစာတုံး 14 seaters Hiace ကားများဖြင့် စတင်ထွက်ခွာပေးပြီး Day ☝ မှာတော့ ပင်လယ်ရေမျက်နှာပြင် အမြင့် 6120 ft ရှိတဲ့ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့မှ စတင်လည်ပတ်ပါတယ်၊

🏰🏰 Hakha view point ရှိတာကြောင့် နံနက်စောစောဆိုရင် သိပ်ကိုလှပတဲ့ တိမ်ပင်လယ်နဲ့အတူ တစ်မြို့လုံးကို အပေါ်စီးကနေမြင်ရတာမို့ မြင်ကွင်းတွေက အရမ်းလှပလွန်းပါတယ်၊ ချင်းလူမျိုးတို့ရဲ့အစားအသောက် အဖြစ် 🥘 ဆာဘူးသီး၊ 🥘 ယာဘူးသီး စမ်းသပ်စားသုံးလိုသူတွေ အတွက်လဲ အဆင် ပြေပါတယ်၊ နံနက်ခင်း 🍆🥕 ဈေးတန်းလေး နားမှာရှိတဲ့ Motel လေးမှာ အိပ်တာမို့ နံနက်စောစောထပြီး 🚶🚶‍♀️ ဈေးတန်းလေးပတ်၊ ဒေသခံတွေနဲ့ ထိတွေ့၊ စကားပြောလို့ ရတာ​ပေါ့ ခင်ဗျာ၊

ပြီးရင်တော့ ဟားခါးနဲ့ သိပ်မဝေးတဲ့ ထန်တလန်မြို့လေးကိုပါ၊ ဟားခါးမှ ၂၅ မိုင်သာဝေးပြီး 🌴🌴 ထင်းရှူးပင်တန်းတွေနဲ့ လှပလွန်းပြီး view point လည်းရှိလို့ စိတ်ကြိုက် 📷📷 ဓာတ်ပုံရိုက်ရမယ့် နေရာတွေပါပဲနော်၊ သွားရာလမ်းမှာဖြတ်သန်းရမယ့် တိမစ် လွင်ပြင်မှာလည်း ဓာတ်ပုံရိုက်ဖို့ အလွန်လှပပါတယ်၊

Day ✌ မှာတော့ တောင်တန်းတွေအတိုင်း 🚙🚙 ဖြတ်သန်းပြီး ဖလမ်းမြို့လေးဆီပါ၊ ဖလမ်းမြို့လေးဟာ ကိုလိုနီခေတ် 1892 ခုနှစ်မှာ စတည်ခဲ့တာဖြစ်ပြီး တောင်စောင်းလေးတွေမှာ အရောင်စုံအိမ်လေးတွေနဲ့နေကြတာဖြစ်လို့ အမြင်ဆန်းပြီး လှပပါတယ်၊ ဖလမ်းတစ်မြို့လုံးကို အပေါ်စီးကနေ မြင်နိုင်တဲ့ နေရာလေးမှာ 📷📷 ဓာတ်ဖမ်းမယ်၊ ပြီးရင်တော့ ချင်းပြည်ထွက် ကော်ဖီလေး ☕☕☕ သောက်ပြီး view အရမ်းကောင်းတဲ့ ဆိုင်လေးမှာ ခဏနားကြပါမယ်၊ ဖလမ်းပြီးရင်တော့ အသဲနှလုံး ရှိရာ Rih ရေကန်ကို သွားကြပါမယ်၊ ညနေခင်း စောစော ​​ရောက်ရင် ကန်ဘေးနဲ့ view point ဖြစ်တဲ့ ကျောင်းဝင်းလေးကနေ ရေကန်ကြီး နောက်ခံထားပြီး 📷📷 အကြိုက်ရိုက်လို့ရပါမယ်၊ တစ်ညတာအိပ်စက်မယ့် ​နေရာလေးကိုလဲ ရောက်ပြီမို့ ပင်ပန်းခဲ့သမျှ ရေကန်နားမှာ အမောဖြေပြီး တစ်ညတာပင်ပန်းမူအတွက် ရိဒ်ရွှေပြည် တည်းခိုခန်းလေးမှာ ညအိပ်စက်ပါမယ်။

Day 3️⃣ နံနက်စာစားပြီးတာနဲ့ ရိဒ်ခေါ်ဒါရ်နဲ့ ကပ်လျက် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲက ဇိုခေါ်ရမ် ဆိုတဲ့မြို့လေးကို ခဏသွားကြည့်ကြပါမယ်၊ ပြီးရင်တော့ တီးတိန်မြို့လေးကို 🚙🚙🚙 ကားစီးကြပါမယ်၊ တီးတိန်မှာ 🍽🍽 နေ့လည်စာစား၊ ပြီးနောက် ရှောင်စောင်း စံပြကျေးရွာမှာ ဟိုးယခင် ချင်းလူမျိုးတွေ နေထိုင်ခဲ့တဲ့ ရိုးရာအိမ်၊ ချင်းရိုးရာ ဝတ်စုံတွေရဲ့ အဓိပ္ပါယ်တွေကို လေ့လာပြီး၊ ချင်းပြည်နယ်ရဲ့ ဒုတိယ အမြင့်ဆုံးတောင် ကနေဒီကို ခြေလျင် တက်ကြပါမယ်၊ ချင်းပြည်နယ်ရဲ့ ကျော်ကြားလှတဲ့ 🌹🌹🌹 တောင်ဇလပ် အနီရဲရဲတွေ အကြိုက်တွေ့ရမယ့်နေရာပါ၊ တောင်ဆင်းတောင်တက် 🚶🚶 ၃ နာရီလောက်ကြာနိုင်ပေမဲ့ ပြေပြေ ​လေးပဲ တက်ရမှာမို့ ပုံမှန် လမ်းလျောက်ကျင့်ရှိရင် တက်နိုင်ပါတယ်ခင်ဗျာ၊ 🏔🏔 ကနေဒီပြီးရင်တော့ လေသာ တောင်ကြားလေးကို သွားကြပါမယ်၊ လေထန်လွန်းလို့ လေထန်ကုန်းလို့လဲ ခေါ်ကြပါတယ်၊ တကယ်လဲ လေတိုက်လွန်းတဲ့နေရာလေးဖြစ်ပြီး သာယာလွန်းလှပါတယ်၊ ညပိုင်းမှာတော့ ကလေးမြို့လေးက Holiday Villa မှာ ညအိပ်စက် အနားယူကြပါမယ်၊
ချင်းတောင်တန်းတွေရဲ့ အမှတ်အသား ဖြစ်တဲ့
🌸🌸ချယ်ရီ🌸🌸🌺🌺 တောင်ဇလပ်🌺🌺 ပန်းတွေကိုတော့ ဇန်နဝါရီလလောက်ကစပြီး အများအပြားတွေ့နိုင်ပြီ ဖြစ်ပါတယ်၊

Day 4️⃣ နံနက်စာ Hotel မှာ စားပြီးတာနဲ့ ကလေးမြို့ရဲ့ လည်စရာတွေဖြစ်တဲ့ ကျောက်ဂူ ဘုန်းတော်ကြီးကျောင်း၊ ရေဆန်ကျွန်းဘုရားတွေ လည်ပတ်ပြီး ရင်တော့ အိမ်ပြန် အမှတ်တရ အိန္ဒိယ ပစ္စည်းများ၊ ချင်း အထည်များဝယ်ယူဖို့ ပင်ရင်းဆိုင်ဆီ ပို့ပေးပါမယ်၊ စိတ်ကြိုက်ဝယ်ပြီးပြီဆိုရင်တော့ ကလေးမြို့ကို နှုတ်ဆက်ထွက်ခွာပါမယ်၊ အပြန်ခရီးမှာ ယောဒေသများကို ဖြတ်သန်းရမှာမို့ ဂန့်ဂေါထည်တွေဝယ်ဖို့လဲ ရပ်နားပေးသွားပါမယ်ခင်ဗျာ၊ ရန်ကုန်မြို့ကို နံနက်စောစော ပြန်လည်ရောက်ရှိပြီး ဧည့်သည်များအား အိမ်တိုင် ယာရောက် ပြန်လည်ပို့ဆောင်ပြီးမှ ခရီးစဥ်ကို အဆုံးသတ်ပါတယ်ခင်ဗျာ 👋👋👋

ခရီးစဥ် တလျောက်လုံး ရန်ကုန်မြို့မှ စတင်ထွက်ခွာတာနဲ့ လိုက်ပါမဲ့ Tour leader မှ ☕ နံနက်စာ၊ 🍽 နေ့လည်စာ၊ 🍴🍽☕ ညစာ အချိန်လိုက် ကျွေးမွေးသွားမှာဖြစ်ပြီး Hotel 🛌🛌🛌 ၃ ညပါဝင်ပါမယ်၊ မော်တော်ယာဥ်အနေနဲ့ ချင်းပြည် သွားနေကျ 🚐🚐🚐 ကားဖြင့်သာ စီစဥ်ပေးထားပြီး ရန်ကုန်မှ ဟားခါးသို့ Express 🚌 ဖြင့် သွားရောက်လိုသူများကိုလဲ Express ဖြင့် စီစဥ်ပေးပါတယ်၊

💵တစ်ဦးလျင် သုံးသိန်းကျပ် တိတိ ဖြစ်ပါသည် 💵
======================================

🌷🌷🌷 တောင်ဇလပ်များများ ကြည့်လိုသူ ဧည့်သည်များအနေနဲ့ Feb, March ခရီးစဥ်များကို လိုက်ပါသင့်ပြီး ပိတ်ရက်မရှိသော ဧည့်သည်များအတွက်တော့ April ပိတ်ရက်မှာ လိုက်ဖို့ Booking များစတင်လက်ခံနေပြီဖြစ်ပါတယ်၊ april မှာ လူပြည့်မြန်တတ်တာကြောင့် နေရာကောင်းရအောင် စောစောကြိုပြီး လက်မှတ်ဖြတ်ဖို့ တိုက်တွန်းပါရစေခင်ဗျာ🙏🙏🙏

=====================================

Feb ထွက်ခွာမည့်ရက် 28.2.2020 to 4.3.2020

March ထွက်ခွာမည့်ရက် 27.3.2020 to 1.4.2020

April ထွက်ခွာမည့်ရက် 10.4.2020 to 15.4.2020

======================================

✈🚌🚐🚙✈ အခြားခရီးစဥ်များ ✈🚙🚐🚌✈

- 🍁🍁🍁🍁🍁 ပူတာအို ခရီးစဥ် 🍁🍁🍁🍁🍁

https://m.facebook.com/story.php?story_fbid=2584835705139282&id=1928305540792305

- ချင်းပြည်တောင်ပိုင်းခေါနှူးသုမ်၊ မင်းတပ်၊ ခရီးစဥ်

======================================

လက်မှတ်များ မှာယူမည့် ရန်ကုန်မှ ဧည့်သည်များအတွက် ဖုန်းဖြင့်သော်လည်းကောင်း၊ Messanger မှသော် လည်းကောင်း မှာကြားတာနဲ့ အိမ်တိုင်ယာရောက် ခရီးစဥ်ရှင်းပြပေးပြီး စရံကောက်ယူပေးပါတယ်။ နယ်မှ ဧည့်သည်များအနေနဲ့လဲ KBZ, AYA, CB account များမှ ငွေလွဲမှာကြားနိုင်ပါတယ်၊

📞📞📞 09266266426 , 09974291961

🏠🏠🏠 အမှတ် ( ၈၈၄ ) ၊ ပေါက်ပင်လမ်း၊
အောင်ဆန်း၊ အင်းစိန်မြို့

❤❤❤❤  မြစ်ကြီးနား၊ ပူတာအို  ❤❤❤❤   -  ပူတာအိုမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၄၂၉ ပေ မြင့်တဲ့ လွင်ပြင်ဒေသဖြစ်ပေမဲ့ ပ...
31/01/2020

❤❤❤❤ မြစ်ကြီးနား၊ ပူတာအို ❤❤❤❤

- ပူတာအိုမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၄၂၉ ပေ မြင့်တဲ့ လွင်ပြင်ဒေသဖြစ်ပေမဲ့ ပတ်ပတ်လည်မှာ ရေခဲဖုံးလွမ်းနေတဲ့ တောင်တန်းတွေရှိတာကြောင့် အလွန်အေးချမ်းပြီး အရမ်းလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်၊
- ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီမြစ်ဖြစ်ပေါ်လာဖို့ အစပြုပေးရာ မေခ၊ မလိခမြစ် အပါအဝင် ရေခဲတောင်များမှ မြစ်ဖျားခံပြီး စီးဆင်းလာတဲ့ ချောင်းများမှာ ပူတာအိုဒေသမှ ဖြတ်သန်း စီးဆင်း ကြတာဖြစ်ပါတယ်၊
- လူမျိုးအနေနဲ့ ကချင်၊ ရဝမ်၊ လီဆူး၊ ရှမ်းလူမျိုးတို့ စုပေါင်းနေထိုင်ကြပြီး အစားအသောက်၊ အသီးအနှံ လတ်ဆတ်ခြင်း၊ ရေခဲတောင်ဒေသတွေမှာသာတွေ့ရမဲ့ သစ်ဥသစ်ဖု၊ ဆေးမြစ်၊ တို့စုံလင်စွာ တွေ့ရနိုင်တဲ့ မြို့လေး တစ်မြို့လဲဖြစ်ပါတယ်၊
- Real choice အနေနဲ့ ပူတာအို မြစ်ကြီးနားကို လေယာဥ်နဲ့သွားလိုသူရော ကားနဲ့သွားရောက်လိုသူများအတွက်ကိုပါ စီစဥ်ပေးပါတယ်ခင်ဗျာ

🛩🛩🛩🛩 လေယာဥ်ဖြင့် စီစဥ်လျင် 🛩🛩🛩🛩
- 🤹‍♂️🤹‍♂️ နှစ်ဦးလာလျင် တစ်ဦး 250000 ကျပ်
- 🤹‍♂️🤹‍♂️ လေးဦးလာလျင် တစ်ဦး 200000 ကျပ်
(လေယာဥ်လက်မှတ် ❌ သွားပြန် မပါပါ)

🛌🛌 Hotel 2 Nights with breakfast (putao)
🚙🚙 ပူတာအိုတွင် လည်ပတ်မည့်ကား (SUV)
🛥🛥 မလိခမြစ်ထဲ စီးရမည့် စက်လှေခ
🛩🛩 လေဆိပ် အကြို/အပို့
📷📷 ဒေသခံမှ လိုက်လံပို့ဆောင်ပေးပါမည်
( ဧည့်သည် ၂ဦးရှိလျင် မည်သည့်​ ​ နေ့ရက်မဆို စီစဥ်ပေးလို့ရပါသည်)

🚐🚐🚐 မော်တော်ယာဥ် ခရီးစဥ် 🚐🚐🚐

- တစ်ဦးလျင် 💷💷 550000 ကျပ် ကျသင့်ပါမည်၊
- ရန်ကုန်-မြစ်ကြီးနား - 14 seaters hiace (aircon)
- မြစ်ကြီးနား-ပူတာအို - SUV or Noah (သွားပြန်)
- ပူတာအို လည်ပတ်မည့်ကား - SUV သို့ Noah
- PutaO Hotel 3 Nights with breakfast
- Myintkyinar Hotel 2 Nights with breakfast
- မလိခမြစ်အတွင်း စီးနင်းရမည့် စက်လှေခ
- ခရီးစဥ်တလျောက် စီစဥ်ပေးမည့် Tour leader

မော်တော်ယာဥ်ခရီးစဥ်မှာ အသွားအပြန် အချိန်ပေး စီးနင်းရမှာဖြစ်ပေမဲ့ မြစ်ကြီးနားမြို့ရှိ အထင်ကရနေရာများအား လည်ပတ်နိုင်ခြင်း၊ မြစ်ကြီးနားရဲ့
ညပိုင်း အလှအရသာကို ခံစားနိုင်​​ခြင်း၊ မြစ်ကြီးနား - ပူတာအို လမ်းတလျောက်ရှိ အောင်မြေသာ အပန်းဖြေစခန်း၊ မြစ်ဆုံ၊ တို့ကိုလည်ပတ်နိုင်သည့်အပြင် တီယန်ဇွတ်၊ ဆွမ်ပရာဘွမ်၊ ဆွမ်ပီရမ်၊ လုံရှာယန် အစရှိသည့်ကျေးရွာနှင့် မြို့များရှိ ဒေသခံများနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုတွေ့ဆုံနိုင်ခြင်း၊ ဒေသခံတို့ရဲ့ ဘဝများကို ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ခြင်း၊ အထူးသဖြင့် ဓာတ်ပုံရိုက်ဝါသနာ ပါသူတို့ အကြိုက်တွေ့နိုင်မဲ့ ရှူခင်းမျိုးများ ရှိတာကြောင့် အပင်ပန်းခံနိုင်သူများအနေနဲ့ ကားနဲ့သွား
သင့်ကြောင်း အကြံပြုပါရစေခင်ဗျာ။

🚐 မော်တော်ယာဥ်ခရီးစဥ် ထွက်ခွာမည့်နေ့ရက်🚐

🚩 2020 feb 28

🚩 2020 March 26

🚩 2020 April 10 ရက်နေ့တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာပြီး Hotel 5 ညအိပ်ပါဝင်ပါသည်။ ဧပြီပိတ်ရက်ခရီးစဥ်ဖြစ်တာကြောင့် လက်မှတ်များ ကြိုတင်ဝယ်ယူထားလို့ရပြီဖြစ်ပါတယ်၊ ကချင်ပြည်နယ်မြို့တော်အပြင် မြန်မာပြည်ရဲ့ မြောက်ဘက်ဆုံး ခရိုင်မြို့ ပူတာအိုသို့ အလည် တစ်ခေါက်လိုက်ပါခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။🚩

🎈🎈🎈🎈🎈 အခြားခရီးစဥ်များ 🎈🎈🎈🎈🎈

- ချင်းပြည်မြောက်ပိုင်း ဟားခါး၊ ထန်တလန်၊ Rih၊
ဖလမ်း၊ တီးတိန်၊ ကနေဒီ၊ လေသာတောင်၊ ကလေးခရီးစဥ် (5D/6N) စားရိတ်ငြိမ်း ၃၀၀၀၀၀ ကျပ်

- ချင်းပြည် နတ်မတောင်၊ မင်းတပ်၊ ဟားခါး၊ ထန်တလန်၊ Rih၊ ဖလမ်း၊ တီးတိန်၊ ကနေဒီ၊လေသာတောင်၊
ကလေး ခရီးစဥ် (7N/8D) တစ်ဦး ၅၅၀၀၀၀ ကျပ်

Real choice repeat and regular customer 🙏🙏🙏 များအား Discont ပေးပါမည်၊ 🙏🙏🙏

✉✉ လက်မှတ်များအား အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင်ပေးပြီး ခရီးစဥ် အသေးစိတ်ကို Messanger မှ လည်းကောင်း၊☎☎ phone ဖြင့်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်၊

📞📞📞 09266266426
09974291961
09776228968

🏠🏠🏠 အမှတ် (884) ပေါက်ပင်လမ်း၊အောင်ဆန်း
အင်းစိန်၊ ရန်ကုန်မြို့

❤❤ ချင်းပြည်မြောက်ပိုင်းခရီးစဥ် (5N/6D)❤❤    ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၅၀၀၀ ကျော် ၆၀၀၀ လောက်ဆီမှာ မြို့လေးတွေ တည်ထားပ...
27/01/2020

❤❤ ချင်းပြည်မြောက်ပိုင်းခရီးစဥ် (5N/6D)❤❤

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၅၀၀၀ ကျော် ၆၀၀၀ လောက်ဆီမှာ မြို့လေးတွေ တည်ထားပြီး ချယ်ရီ၊ တောင်ဇလပ်အနီရဲရဲလေးတွေ ပွင့်ရင် သိပ်လှတဲ့၊ ချစ်စရာ ချင်းလူမျိုးများနေထိုင်တဲ့ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ Rih ရေကန်၊ တီးတိန်၊ ကလေးမြို့တွေကို လည်မယ်၊ ချင်းပြည်နယ်ရဲ့ဒုတိယအမြင့်ဆုံး ဖြစ်တဲ့ ကနေဒီတောင်ကို တက်မယ်၊ လေထန်ကုန်းမှာ အမှတ်တရ ဓာတ်ပုံရိုက်မယ်၊ အိမ်အပြန် ချင်းထည်တွေနဲ့ အိန္ဒိယ ပစ္စည်းတွေ အကြိုက်ဝယ်မယ်ဆိုတဲ့ ဧည့်သည်များအတွက် Real choice မှ ပုံမှန်ထွက်ရှိပေးမယ့် နေ့ရက်လေးတွေ ကြေငြာပေးပါရစေ 🙏🙏🙏

🚐🚐🚐 ထွက်ခွာမည့်နေ့ရက်များ 🚐🚐🚐

- (၇.၂.၂၀၂၀) ညနေ (၂) နာရီ ရန်ကုန်မှ စထွက်၊ ( ၁၂.၂.၂၀၂၀) နံနက် ပြန်ရောက်။

- (၂၈.၂.၂၀၂၀) ညနေ (၂) နာရီ ရန်ကုန်မှ စထွက် ( ၄.၂.၂၀၂၀) နံနက် ပြန်ရောက်။

- (၂၆.၃.၂၀၂၀) ညနေ ( ၂) နာရီ ရန်ကုန်မှ စထွက် ( ၃၁.၃.၂၀၂၀) နံနက် ပြန်ရောက်။

- (၁၀.၄.၂၀၂၀) ညနေ (၂) နာရီ ရန်ကုန်မှ စထွက်
(၁၅.၄.၂၀၂၀) နံနက်ပြန်ရောက်။

(April ပိတ်ရက်အတွက်လဲ booking လက်ခံနေပါပြီ)

အထက်ပါနေ့ရက်များတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာပေးမှာဖြစ်ပြီး၊ 14 seaters aircon Hiace များကို ခရီးသည် ၁၀ ဦးခန့်နှင့်သာ ထွက်ခွာပေးသွားပါမည်၊ လမ်းတစ်လျောက် နံနက်စာ၊ နေ့လည်စာ၊ ညစာများအား စတင်ထွက်ခွာသည်မှ ပြန်ရောက်သည်အထိ ကျွေးမွေးပါမည်၊ ခရီးစဥ်တွင် Hotel ၃ ညအိပ်ပါဝင်၍ ဟားခါး shalom motel တွင် တစ်ည၊ ရိဒ်ရွှေပြည် တည်းခိုခန်း (သို့) ပြည်ထောင်စု ဧည့်ရိပ်သာတွင် တစ်ည၊ ကလေးမြို့ Holiday villa တွင် တစ်ည တည်းခိုအိပ်စက်ပါမည်၊
ခရီးစဥ် တလျောက် ဧည့်သည်များကို ကူညီစောင့်ရှောက်ပေးမယ့် Tour leader ပါဝင်ပြီး ချင်းတောင် တန်းတွေပေါ်သွားနေကျ ကားနဲ့ ကားဆရာကို စီစဥ်ပေးထားတာကြောင့် စိတ်ချစွာ လိုက်ပါနိုင်ပါသည်၊
အဆိုပါခရီးစဥ်အတွက် ဧည့်သည် တစ်ဦးလျင် ( ၃၀၀၀၀၀) ကျပ်ကျသင့်ပြီး မိမိကိုယ်ပိုင် အသုံးစားရိတ်မှ လွဲ၍ ထပ်မံကုန်ကျခံစရာမလိုအောင်ဝန်ဆောင်မှုများပေးပါသည်။ လိုက်ပါလိုသော ဧည့်သည်များအနေနဲ့ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်သလို messanger မှတဆင့် ခရီးစဥ်အသေးစိတ်လဲ သိလိုသမျှ မေးမြန်းနိုင်ပါသည်။

✈🚐✈🚐 အခြားခရီးစဥ်များ ✈🚐✈🚐

🏔 ပူတာအို လေယာဥ်ခရီးစဥ် ( 2N/3D) 🏔
- ဧည့်သည် နှစ်ဦးလာလျင် တစ်ဦး ၂၅၀၀၀၀ ကျပ်
- ဧည့်သည် ၄ ဦးလာလျင် တစ်ဦး ၂၀၀၀၀၀ ကျပ်
( လေယာဥ်လက်မှတ်ခ🚫 မပါဝင်ပါ ခင်ဗျာ)


🏰မြစ်ကြီးနား - ပူတာအိုမော်တော်ယာဥ်ခရီးစဥ်🏰

- တစ်ဦးလျင် ၅၅၀၀၀၀ ကျပ် ( 7N/8D)
- ရန်ကုန် မှ မြစ်ကြီးနား Hi way express သွားပြန်
- မြစ်ကြီးနားမှ ပူတာအို private 4x4 Car သွားပြန်
- Hotel 5 Nights with BF ပါဝင်ပါမည်။
( Putao 3 Trekking house hotel )
( Myintkyinar 2 Hotel shwe min thar)
- ပူတာအိုတွင် လည်ပတ်မည့်ကား၊
- နတ်ကျွန်းသို့ သွားမည့် စက်လှေခတို့ပါဝင်ပါမည်။
- Tour leader ( admin ကိုယ်တိုင်ပါဝင်ပါမည်)

- လမ်းတစ်လျောက် ရှူခင်းများဓာတ်ပုံရိုက်လိုသူ၊ အေးအေးဆေးဆေး အချိန်ပေး သွားလိုသူ၊ ဒေသခံများနှင့် စကားပြောပြီး ရင်းရင်းနှီးနှီး သွားလိုသူ၊ အပင်ပန်းခံနိုင်သူများသာ မော်တော်ယာဥ်ခရီးစဥ်
နှင့် အဆင်ပြေပါသည်၊

အသေးစိတ်မေးမြန်းလိုပါက.......

📞📞📞 09266266426
09974291961
09776228968

🏠🏠🏠 အမှတ် ၈၈၄၊ ပေါက်ပင်လမ်း၊ အောင်ဆန်း၊ အင်းစိန်၊ ရန်ကုန်မြို့။

2020 နာဂနှစ်သစ်ကူးပွဲ (လဟယ်မြို့) မှ စိတ်ဝင်စားဖွယ်ရာ ဝတ်စားဆင်ယင်ပုံ၊ အသုံး အဆောင်များနှင့် ကိုင်ဆောင်သော လက်နက် တန်ဆာ၊...
21/01/2020

2020 နာဂနှစ်သစ်ကူးပွဲ (လဟယ်မြို့) မှ စိတ်ဝင်စားဖွယ်ရာ ဝတ်စားဆင်ယင်ပုံ၊ အသုံး အဆောင်များနှင့် ကိုင်ဆောင်သော လက်နက် တန်ဆာ၊ ကခုန်သည့်ပုံစံများနဲ့ နာဂလူမျိုးတို့ရဲ့ ရိုးသားမူ၊ တည်ကြည်မူ၊ အကြမ်းခံနိုင်မု၊ အစရှိသည်တို့ကို မြင်တွေ့နိုင်မဲ့ နှစ်သစ်ကူးပွဲမှ ပုံရိပ်များအား တင်ပြပေးလိုက်ပါတယ်၊
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ နှစ်သစ်ကူးပွဲများ အသီးသီးရှိကြသည့်အနက် နာဂနှစ်သစ်ကူးပွဲမှာ ခရီးဝေးလွန်းတာကြောင့် သွားလာရခက်ခဲပေမဲ့၊ တိုင်းရင်းသားတွေရဲ့ ဖော်ရွေမူ၊ ပွဲစီစဥ်သူများရဲ့ စေတနာတို့ကြောင့် အလွန်ပျော်ရွင်ရပြီး ဗဟုသုတများစွာရရှိစေခဲ့ပါတယ်၊
အကြောင်းအမျိုးမျိုးကြောင် ယခုနှစ်မှာ မလိုက်နိုင်ခဲ့သော ဧည့်သညများအနေနဲ့ ရှေ့နှစ်မှာ ကျင်းပမဲ့ နာဂနှစ်သစ်သူးပွဲတော်သို့ တစ်ခါလောက်တော့ အရောက်သွားသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ

မိုးကုတ်၊ အင်းတော်ကြီး၊ ဇလုံတောင်၊ မြစ်ကြီးနား၊ ပူတာအို မိသားစု သီးသန့်ခရီးစဥ်လေးမှ အမှတ်တရပုံရိပ်လေးများဖြစ်ပါတယ်၊    ပ...
21/01/2020

မိုးကုတ်၊ အင်းတော်ကြီး၊ ဇလုံတောင်၊ မြစ်ကြီးနား၊ ပူတာအို မိသားစု သီးသန့်ခရီးစဥ်လေးမှ အမှတ်တရပုံရိပ်လေးများဖြစ်ပါတယ်၊
ပျော်စရာ၊ အမှတ်ရစရာ ခရီးလေးဖြစ်တဲ့အပြင် ရက်ရှည်ခရီးစဥ်ဖြစ်လို့ ပင်ပန်းကြသော်လဲ သွားအတူ စားအတူဖြင့် အလွန်အဆင်ပြေသော ခရီးစဥ်လေးဖြစ်ခဲ့လို့ ဧည့်သည်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
လိုက်ပါလာခဲ့သော ဧည့်သည်များလဲ စီးပွားရေး၊ အလုပ်အကိုင်များ အားလုံးအဆင်ပြေကြပြီး နောင် ကျောင်းပိတ်ရက်များမှာလဲ ကလေးများနှင့်အတူ ခရီးတစ်ခုတွင် ထပ်မံဆုံတွေ့ကြဖို့ ဆုတောင်းလိုက်ရပါတယ်ခင်ဗျာ ❤❤❤

Address

Yangon
095

Telephone

+959974291961

Website

Alerts

Be the first to know and let us send you an email when Real Choice Travel & Tour Company Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Real Choice Travel & Tour Company Ltd.:

Videos

Share


Other Tours & Sightseeing in Yangon

Show All