Visa service

Visa service MTKO Business. Holding

20/02/2024
20/02/2024

မြန်မာနိုင်ငံကနေ ထိုင်းကို ဘာ Visa တွေနဲ့ သွား ဘယ်လို Visa တွေပြောင်းပြီး ရေရှည်ဆက်လက်နေထိုင်ရမလဲဆိုတာကို migrate.me ကနေ ဒီ Flow-chart လေးနဲ့ရှင်းပြပေးချင်ပါတယ်။

မြန်မာနိုင်ငံကအထွက်
------
ပထမဦးဆုံး မြန်မာနိုင်ငံကထွက်မယ်ဆိုရင် 14 ရက်နေလို့ရတဲ့ on-arrival visa လား ရက် ၆၀ (သက်တမ်းတိုးမယ်ဆို စုစုပေါင်း ရက် ၉၀ အထိ) ရတဲ့ Tourist Visa လားဆိုတာကို ရွေးချယ်ရပါမယ်။ ကိုယ်က သွားရတော့မယ့်အချိန်နီးကပ်နေပြီ အချိန်မရတော့ဘူးဆိုရင် On-arrival နဲ့သွားလိုက်လို့ရပါတယ်။ အချိန်ရသေးတယ်ဆိုရင်တော့ Tourist Visa ကိုသာရွေးချယ်တာ အကောင်းဆုံးပါပဲ။

သက်တမ်းတိုးကြမယ်
------
On-arrival နဲ့ပဲဖြစ်ဖြစ် Tourist Visa နဲ့ပဲဖြစ်ဖြစ် ထိုင်းရောက်သွားပြီဆို ဆက်နေဖို့အတွက် Visa သက်တမ်းတိုးဖို့ စဉ်းစားရပါတော့မယ်။ ဒါဆို E-extension တိုးပေးတဲ့ နေရာမှာ တစ်ခါတိုး ရက် ၃၀ နှုန်းနဲ့ ၃ ခါအထိတိုးလို့ရပါတယ် အကယ်လို တတိယမြောက်အခါမှာ reject ထိလို့ပဲဖြစ်ဖြစ် ၃ ကြိမ်လုံးတိုးပြီးလို့ပဲဖြစ်ဖြစ် သက်တမ်းကုန်တော့မယ်ဆိုရင် အခြားနည်းလမ်းပြောင်းဖို့လိုလာပါပြီ။

ဆက်နေဖို့ ရွေးချယ်စရာတွေ
-------
သက်တမ်းကုန်တော့လို့ ဆက်နေဖို့ ရွေးချယ်စရာတွေဆိုရင် Cambodia Visa Run (သို့မဟုတ်) Laos Visa Run လုပ်မလား၊ ED Visa ပြောင်းမလားဆိုတာ ရွေးချယ်စရာပေါ်လာပါပြီ။ ED Visa ပြောင်းတာကိုမပြောခင် Cambodia/Laos Visa Run အကြောင်းကိုအရင်စပြီး စဉ်းစားကြည့်ရအောင်။

Cambodia/Laos Visa Run ဆိုတာ
------
အရှင်းဆုံးပြောရမယ်ဆိုရင် Visa သက်တမ်းကုန်သွားလို့ ထိုင်းနိုင်ငံအပြင်ကိုခဏထွက်ပြီး ထိုင်း Visa ပြန်လျှောက်တာပဲဖြစ်ပါတယ်။ အပြင်ထွက်မယ်ဆို Cambodia ကိုပဲထွက်မလား Laos ကိုထွက်မလားဆိုတာ ကိုယ်တိုင်ရွေးချယ်မှုပါပဲ၊ ရွေးချယ်မှုတိုင်းအလျှောက်စီစဉ်ပေးမယ့် migrate.me ကိုလည်းမမေ့ပါနဲ့နော်။

ED Visa
-----
ကိုယ်ကထိုင်းနိုင်ငံအပြင်မထွက်ချင်ဘူးဆိုရင် ဆက်နေဖို့ Visa သက်တမ်း ၁ နှစ်အထိရမယ့် ရွေးချယ်မှုဆိုရင် ED Visa ပြောင်းတာပဲဖြစ်ပါတယ်။ ED Visa ပြောင်းတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရမှာတွေ၊ ကုန်ကျစရိတ်နဲ့ ကြာချိန်ကိုလည်း migrate.me ရုံးမှာ လူကိုယ်တိုင်လာရောက်ဆွေးနွေးတာပဲဖြစ်ဖြစ် ဖုန်းဆက်မေးမြန်းတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

ဒါဆိုရင် လူကြီးမင်းတို့အနေနဲ့ ထိုင်းနိုင်ငံမှာ ရေရှည်ဆက်နေဖို့ ရွေးချယ်စရာတွေနဲ့ သိသင့်သိထိုက်တာလေးတွေ ရရှိသွားပြီလို့ထင်ပါတယ်။

ထိုင်း Visa ကိစ္စဆို ဘာပဲလိုလို migrate.me ကိုဆက်သွယ်လိုက်ပါ
☎️ YGN :
+959 976477823 (Ph call)
+959 784045222 (Viber, Ph call)
☎️ BKK :
+66 954480100 (Viber)
+66 623301730 (Line, Ph call)
📌 ရုံးလိပ်စာ - အမှတ် (၆၂) ဒုတိယထပ် ၊ သီတာလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

20/02/2024

နိုင်ငံကူးလက်မှတ် ထုတ်ယူမှုနှင့် ပတ်သက်၍ ကောလာဟလသတင်းများထုတ်ပြန်ကာ ငွေကြေးအဆမတန်တောင်းခံသူများနှင့် ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများထုတ်ပြန်ကာ ငွေကြေးအဆမတန်တောင်းခံသူများနှင့် ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေး‌ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေပြီး နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကာအမှန်တကယ် သွားရောက်လိုသူများကို ယခင်ကသတ်မှတ်ထားသည့် လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့အပြင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့်လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊လွိုင်ကော်၊မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ် ၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင်လည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

20/02/2024
20/02/2024

၂၂ ရက်နေ့ပြန် update ပေးမယ်ရှင်...

20/02/2024
15/02/2024

ရက်-60 visa လျှောက်ရန် လိုအပ်ချက်များ

1.မှတ်ပုံတင် copy
2.သန်းခေါင်စာရင်း copy
2လက်မ ပါတ်လည် နောက်ခံဖြူ ဓါတ်ပုံ
3ဘဏ်ထဲမှာ 15သိန်း
4.ထိုင်းရဲ့ အိမ်ငှားစာချုပ်/ hotel booking45ရက်

Service 20 $
Visa ကြေး 40 $

အချိန် မကုန် ၊ လူ မပင်ပန်းပဲ ရက် ၆၀ ဗီဇာ ယူဆောင် လိုပါက ကျမတို့ Direct Go Myanmar မှ One Stop Service ဝန်ဆောင်မှု့ပေးနေပါပြီ ။

ဘာတွေ လိုအပ်လဲဆိုတော့ ....

✅ Passport သက်တမ်း အနည်းဆုံး 6 လ ကျန်ရပါမယ်။
✅ ၂ လက်မ ပတ်လည် နောက်ခံ အဖြူ ဓါတ်ပုံ ၂ပုံ
✅ Bank Book မူရင်း Update
အနည်းဆုံး 20 သိန်းထည့်ပေးရပါမယ်။ ကိုယ်ပိုင် အမည်ပေါက် စာအုပ် ဖြစ်ရပါမယ်။
✅ Bank Statement မူရင်း ( ၃ လ စာ statement ထုတ်ပေးရပါမယ် ) ။
✅ မှတ်ပုံတင် Copy
✅ သန်းခေါင်စာရင်း Copy

ဘယ်လောက်ကြာမလဲ ❓
✅ စနေ့ ၊ တနဂ်နွေ ၊ သံရုံး Holiday ပိတ်ရက်မပါ ကြာချိန် ၃/၄ ရက်ပါရှင့်။

ဘယ် ကို ပို့ပေး ရမလဲ ❓

ပို့ပေးရန် လိပ်စာ .....
အမှတ် 22 / မြေညီထပ်/ ကြံ ခင်းလမ်း/ စမ်းချောင်း (ဗဟိုလမ်းဂွဈေးအနီး ) ။

Passport မူရင်း / Bank book Update မူရင်း / Bank statement မူရင်း / photo မူရင်း / မှတ်ပုံတင် Copy / သန်းခေါင်စာရင်း Copy တို့ ပို့ပေး ရုံ ဖြင့် လူကြီးမင်းတို့အတွက် ဗီဇာ ဆောင်ရွက်ပေးပါမယ်ရှင့်။

ရန်ကုန်ရုံး အမှတ် ၂၂ မြေညီထပ်၊ ကြံခင်းလမ်း(ဗဟိုလမ်းဂွဈေးအနီး ) စမ်းချောင်း သို့ ကိုယ်တိုင်လာရောက် မေးမြန်းနိူင်သလို ....
👮09771544442/ 09789193030
☎️ 09785923328 / ( Viber ) Anna
☎️ 09666085333 / ( Viber ) Ma Mon စုံစမ်းမေးမြန်းနိူင်ပါတယ်ရှင်။


15/02/2024

ထိုင်း ရဲ့ ဗီဇာများ

🔶ထိုင်း နိုင်ငံ မှာ အလုပ်လုပ်ချင်သူများအတွက် Non-Immigrant Visa

Non-B ကို မြန်မာပြည်က ထိုင်း သံရုံးမှာ ကြိုတင် လျှောက်ထားနိုင်သလို ၊ ထိုင်းရောက်မှ Tourist Visa ကို Non-Immigrant Visa အဖြစ် ပြောင်းလဲနိုင်ပြီး ၁ နှစ် အထိ သက်တမ်းတိုးနိုင်ပါတယ်။

Non-Immigrant “Business” Visa (Non-Immigrant 😎

ဒီ Visa ဟာ ထိုင်းမှာ အလုပ်လုပ်ချင်သူတွေအတွက် ရည်ရွယ်ပါတယ်။

🔶 ထိုင်းအလုပ်ရှင်မှ သက်သေခံပေးရမှာ ဖြစ်ပြီး အလုပ်ပါမစ်ကို ရက်ပေါင်း ၉၀ အတွင်း ရယူရမှာပါ။ အလုပ်ပါမစ် ရပြီဆိုရင် လျှောက်ထားသူဟာ ထိုင်းမှာ ၁ နှစ်သက်တမ်းတိုးနိုင်ပါတယ်။

🔶 Passport သက်တမ်း ၆ လ အနည်းဆုံးကျန်ရန်လိုအပ်ပါတယ်။

🔶 ထိုင်းကုမ္ပဏီ ( သို့ ) အဖွဲ့အစည်းက ထုတ်ပေးတဲ့ သက်သေခံ စာရွက်စာတမ်း သို့မဟုတ် ဖိတ်ခေါ်စာ လိုအပ်ပါတယ်။

🔶 လျှောက်လွှာကြေး လိုအပ်ပါတယ်။

🔶 ကုမ္ပဏီက ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေမှာ တံဆိပ်တုံး ထုထားရမှာ ဖြစ်ပြီး ဒါရိုက်တာရဲ့ လက်မှတ်လိုအပ်ပါတယ်။

🔶 ထိုင်းကို ခရီးသွားဖို့ ရည်ရွယ်ချက်နဲ့ လာတာမဟုတ်တဲ့ လူတွေဟာ Non-Immigrant Visa ကို လျှောက်ထားနိုင်ပါတယ်။

Non-Immigrant Visa အမျိုးအစားများစွာရှိပြီး အများစု ထုတ်ပေးတာက အောက်ပါအတိုင်း ဖြစ်ပါတယ်။

• Business (B-type)
• Marriage (O-type)
• Dependent or Retirement (O-type)
• Education (ED-type)

တခြား ကဏ္ဍများ

အထက်ဖော်ပြပါ Non-Immigrant Visa အမျိုးအစားတွေအပြင် တခြား ကဏ္ဍတွေလည်း ရှိပါသေးတယ်။

• Type D - ထိုင်းက နိုင်ငံခြား သံရုံးတွေက ဝန်ထမ်းကို ထုတ်ပေးတဲ့ သံတမန် Visa

• Type M - အသိအမှတ်ပြု မီဒီယာ သမားများ

• Type EX - နယ်ပယ် တစ်ခုခုမှာ ကျွမ်းကျင်တဲ့ လုပ်သားများ

• Type IM or IB - အစိုးရ လမ်းညွှန်ချက်တွေအောက်က နိုင်ငံခြားသား ရင်းနှီးမြှပ်နှံသူတွေရဲ့ Visa အမျိုးအစားများ

• Type F - အစိုးရ လုပ်ငန်းတွေကို လုပ်ဆောင်မယ့် နိုင်ငံခြားသားများ

• Type R - သာသနာပြုများ

• Type RS - သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ပြုလုပ်မယ့် သူများ

• Type S - အားကစားပွဲများမှာ ပါဝင်မယ့် သူများ
Non-Immigrant Visa မှာ ကိုင်ဆောင်သူဟာ ထိုင်းကို ဝင်ရောက်နိုင်တဲ့ အချိန်ကာလ ပါပါတယ်။ အဲဒါဟာ ထိုင်းမှာ နေထိုင်နိုင်မယ့် အချိန်ကာလနဲ့ မသက်ဆိုင်ပါဘူး။ ထိုင်းမှာ နေထိုင်နိုင်မယ့် အချိန်ကာလကို လူဝင်မှုကြီးကြပ်ရေး အရာရှိက Passport က Date Stamp မှာ ဖော်ပြထားပြီး ထိုင်းကနေ ထွက်ခွာရမယ့် နေ့ ပါပါတယ်။

🔶Marriage or Guardian Visa

ဒီ Visa ဟာ ထိုင်း လူမျိုးတွေနဲ့ လက်ထပ်ထားတဲ့ လူတွေအတွက် ရည်ရွယ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေ B.E.2522 အရ ထိုင်း လူမျိုးနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားသား ၁ ယောက်ဟာ ထိုင်းမှာ Marriage Visa လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူအတွက် ပထမဆုံး လိုအပ်ချက်က Non-immigrant Visa နဲ့ ထိုင်းကို ဝင်လာဖို့ပါ။ အဲဒီနောက်မှာ Non-immigrant Visa ကိုင်ထားသူဟာ ထိုင်းကို လာပြီး ရက် ၉၀ အတွင်း လက်ထပ်တာကို အခြေခံကာ ၁ နှစ်သက်တမ်းတိုးနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေး လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ ၁ နှစ်နေထိုင်ခွင့်ကို နှစ်တိုင်း သက်တမ်းတိုးနိုင်ပါတယ်။
လိုအပ်ချက်များနဲ့ အကျိုးကျေးဇူးများ
Marriage Visa လျှောက်ထားဖို့အတွက် အောက်ပါ လိုအပ်ချက်တွေရှိပါယ်။

• ထိုင်း နိုင်ငံသားကို တရားဝင် လက်ထပ်ထားရမှာပါ။

• လျှောက်ထားသူဟာ ထိုင်း ဘဏ် အကောင့်ထဲမှာ အနည်းဆုံး ရက် ၆၀ ကြာ ဝင်ငွေ ဘတ် ၄၀,၀၀၀ သို့မဟုတ် ၄၀၀,၀၀၀ ကို ထည့်ထားရမှာပါ။

• လစဉ်ဝင်ငွေလိုအပ်ချက်ကို ပြည့်မှီဖို့ ထိုင်းပြင်ပက ဝင်ငွေဆိုရာမှာ ပင်စင်လစာ၊ ရင်းနှီးမြှပ်နှံမှု ဝင်ငွေနဲ့ တခြား အရင်းအမြစ်တွေကနေ ဖြစ်ပါတယ်။
လစဉ် ဝင်ငွေဟာ လုံလောက်ပြီး သက်သေခံစာရွက်စာတမ်း ပြသနိုင်ရင် လျှောက်ထားသူဟာ အလုပ်လုပ်စရာ မလိုပါဘူး။ ထိုင်း အမျိုးသားနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားသူဟာ လစဉ်ဝင်ငွေ ပြသစရာ မလိုပါဘူး။ ဒါပေမယ့် အမျိုးသမီးဟာ လက်ထပ်မှုကို အခြေခံကာ နေထိုင်ခွင့် သက်တမ်းတိုးတဲ့အခါ ထိုင်း အမျိုးသားဟာ ဝင်ငွေခွန်ကို ပေးပြီးကြောင်း သက်သေပြရမှာပါ။ Marriage Visa ကိုင်ထားသူဟာ အောက်ပါ အကျိုးကျေးဇူးတွေရမှာပါ။

• နေထိုင်ခွင့် ၁ နှစ်အတွင်း ထိုင်းကို အကြိမ်ကြိမ် လာရောက်နိုင်ပြီး သက်တမ်းတိုးရင်လည်း ထိုင်းကနေ ထွက်ခွာစရာ မလိုပါဘူး။

• အလုပ် ပါမစ်ကို လျှောက်ထားနိုင်ပါတယ်။

• ထိုင်း ဘဏ်မှာ ငွေစု အကောင့် ဖွင့်နိုင်ပါတယ်။

🔶Retirement Visa

အသက် ၅၀ နှစ်ရှိပြီး ထိုင်း ဘဏ်မှာ အနည်းဆုံး ၃ လ အကြာက ဘတ် ၈၀၀,၀၀၀ ထည့်ထားတဲ့ နိုင်ငံခြားသားတွေဟာ Retirement Visa လျှောက်နိုင်ပါတယ်။ အဲဒီ Visa လျှောက်ထားနိုင်တဲ့ လူတွေရဲ့ လိုအပ်ချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

• လျှောက်ထားသူဟာ အနည်းဆုံး အသက် ၅၀ ပြည့်ရမှာပါ။
• Non-immigrant Visa ရထားရမှာပါ။
• လစဉ်ဝင်ငွေ (ပင်စင်လစာ) အနည်းဆုံး ဘတ် ၆၅,၀၀၀ ရှိရမှာပါ။ သို့မဟုတ် ဘဏ်ထဲမှာ အနည်းဆုံး ၃ လအကြာက ထည့်ထားတဲ့ ဘတ် ၈၀၀,၀၀၀ ရှိရမှာပါ။
Retirement Visa ရပြီဆိုရင် ထိုင်းမှာ ၁ နှစ်ကြာနေထိုင်နိုင်ပြီး နှစ်စဉ် သက်တမ်းတိုးနိုင်ပါတယ်။
အကျိုးကျေးဇူးများ
• မူလ Non-immigrant Visa မှာ ထိုင်းကို အကြိမ်ကြိမ်ဝင်ဖို့ ခွင့်ပြုထားရင် Visa သက်တမ်းရှိသလောက် ထိုင်းကို အကြိမ်ကြိမ်ဝင်ရောက်နိုင်ပါတယ်။
• ၁ နှစ်သက်တမ်းရှိတဲ့ Retirement Visa ကို လျှောက်ထားနိုင်ပြီး ထိုင်းကနေ ထွက်ခွာစရာမလိုဘဲ နှစ်စဉ် သက်တမ်းတိုးနိုင်ပါတယ်။
• Retirement Visa ကိုင်ထားသူဟာ ထိုင်း ဘဏ်မှာ ငွေစု အကောင့် ဖွင့်နိုင်ပါတယ်။

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

04/12/2022

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံ အသိပေးကြေညာချက်။

09/11/2022
03/10/2022

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ visa free၄၅ ရက်ရတော့မည်

အောက်တိုဘာလ က စပြီး ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများရဲ့ visa free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့် ကာလကို ၃၀ ရက်ကနေ ၄၅ ရက်ထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံ သားများလည်း ၄၅ရက် visa free သက်တမ်း ရရှိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ဌာန ရဲ့ ထုတ်ပြန်ချက် တစ်ခုအရသိရသည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ Visa freeအတွက် ၄၅ ရက်ထိ တိုးမြှင့် ဝင်ရောက်နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပတ်စပို့ကိုင်ဆောင်သူ မည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိပါသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် ယခင်က အခြားနိုင်ငံများအား Visa free ရက်၃၀ ပေးချိန်တွင် မြန်မာ နိုင်ငံ အတွက် ၁၄ ရက်သာ ပးခဲ့ပြီး , Tourist visa ရက် ၆၀ နှင့် ဝင်ရောက်နေကြရတာပါ။

အဲ့ဒီထုတ်ပြန်ချက်ဟာ စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကနေဒါနိုင်ငံ Ottawa မြို့ရှိ တော်ဝင်ထိုင်းသံရုံးက ထုတ်ပြန်ထားတာပါ။မြန်မာနိုင်ငံရန်ကုန်မြို့ရှိတော်ဝင်ထိုင်းသံရုံးမှာတော့ အဲ့ဒီလိုထုတ်ပြန်ချက် မထုတ်ပြန်ရသေးပါဘူး
Ref:Embassy of Thailand in Canada
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

01/10/2022
မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးဇွန်လ (၂) ရက်နေ့မှစ၍ပြန်လည်ဖွင့်လှစ်မည်သံရုံး ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်င...
30/05/2022

မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးဇွန်လ (၂) ရက်နေ့မှစ၍ပြန်လည်ဖွင့်လှစ်မည်

သံရုံး ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံသားများအတွက် ပုံမှန်နှင့်အရေးပေါ် ဝန်ဆောင်မှုများကိုပြန်လည်လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်းနှင့် ​​ရွှေ့​ပြောင်းဗီဇာ(immigrant visa) အတွက်ကိုမူ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကာအင်တာဗျူးရပ်နားထားရသောသူများကို ဦးစားပေးပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း​ ​ထုတ်ပြန်ထားသည်။

Diversity Visa (DV) အတွက်ကိုမူ ဆွေးနွေးဆဲဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကိုအမှီဖြစ်စေရန် ဂျူလိုင်လမှစတင်ကာ လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ဖို့စီစဉ်နေကြောင်းသိရသည်။

သို့သော် ဇွန်လ (၂) ရက်နေ့ဖွင့်ကာစတွင်မူ ကျောင်းသားဗီဇာ (F - 1) ပြုလုပ်ရန်အတွက်သာ ကြိုတင်ဘွတ်ကင် (appointment) များကိုလက်ခံမည်ဖြစ်သည်။

အမေရိကန်နိုင်ငံသားများအပါအဝင် သံရုံးသို့ လာရောက်သူများအနေဖြင့် အီလက်ထရွန်နစ်ပစ္စည်းများ (Personal electronic devices PED) များနှင့် အရည်များယူမလာရန်လည်းတားမြစ်ထားသည်။

PEDဟုဆိုရာတွင် ကွန်ပျူတာ၊လက်ပ်တော့ပ်၊ရေဒီယို၊ဆဲလ်ဖုန်း၊စမတ်ဖုန်း၊MP3 စက်များ၊ iPad နှင့်အခြား တက်ဘလက်၊လက်ကိုင်ဂိမ်းစက်များ၊စမတ်နာရီများနှင့်ကျန်းမား​ရေးသုံး(fitness) အီလက်ထရွန်းနစ်ပစ္စည်းများပါဝင်သည်။

US လဝက၏စည်းကမ်းချက်များနှင့်အညီ မိမိသွားလိုသောခရီးအပေါ်မူတည်၍ ဗီဇာအမျိုးအစားကိုဆုံးဖြတ်ပြုလုပ်ပေးမည်ဖြစ်သည်။

ဗီဇာ‌လျှောက်ထားသူအနေဖြင့် မိမိလျှောက်လိုသောအမျိုးအစားပေါ်မူတည်၍ လိုအပ်သောစာရွက်စာတမ်းများကို ယူဆောင်လာပြီးတင်သွင်းရမည်ဖြစ်သည်။

သံရုံးမှ ဝန်​ဆောင်မူရပ်နားထားစဥ် ကာလတွင်မြန်မာမှ ဗီဇာ​လျောက်လိုသူများက ဘန်​ကောက်၊ဖလုံချစ် ရှိ
အ​မေရိကန်သံရုံးတွင် လူ​တွေ့​ဖြေခြင်း၊ပတ်ပို့စ်စာအုပ်တင်များပြုလုပ်ပြီး ဗီဇာရယူ​နေကြသည်။

Source - US Embassy in Burma

Website တွင် ဖတ်ရှုရန် >> https://wp.me/paRxJm-jy4

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal

မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးဇွန်လ (၂) ရက်နေ့မှစ၍ပြန်လည်ဖွင့်လှစ်မည် သံရုံး ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင....

Address

No 45, Pyay Road Dagon Township
Yangon

Telephone

+959450101052

Website

Alerts

Be the first to know and let us send you an email when Visa service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Visa service:

Share