Doe - Car Rental Service

Doe - Car Rental Service "ဒိုး" နဲ့အတူ ခရီးသွားကြရအောင် ...

အလုပ်တွေပဲလုပ်နေရလို့ ပိတ်ရက်လေးကို အပြည့်ဝအပန်းဖြေကြမလား ?               ကမ်းခြေတွေပဲ သွားမလား ?               မိသားစုလ...
26/02/2018

အလုပ်တွေပဲလုပ်နေရလို့ ပိတ်ရက်လေးကို အပြည့်ဝအပန်းဖြေကြမလား ?
ကမ်းခြေတွေပဲ သွားမလား ?
မိသားစုလိုက် ခရီးသွားမလား ?
ဘယ်နေရာတွေမှာ အပန်းဖြေကြမလား ?

ခရီးထွက်ခြင်းဟာ သင့်စိတ်အပန်းဖြေမှု တစ်ခုသာ ဖြစ်နိုင်မယ်ဆိုရင် Doe Car Rental ကို မမေ့နဲ့နော်

လူကြီးမင်း၏
ပျော်ရွှင်သော အပန်းဖြေခရီးစဉ်မှာ. . .
အမှတ်တရတွေဖြစ်စေဖို့. . .
ဒိုး နဲ့ အတူခရီးသွားရအောင် ...

လူကြီးမင်းတို့ အလိုရှိရာ ( မြို့တွင်း / နယ်ဝေး) ခရီးစဉ်များကို စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးသည့်အပြင် (လချုပ် / နှစ်ချုပ် ) ကားများစွာကိုလဲ ဌားရမ်းပေးနေပါပြီ …

Doe Car Rental Service
Phး 09 456 333 007 / 09 456 333 008

မော်တော်ကား အင်ဂျင်ဝိုင်နှင့် ပတ်သက်သည့် သိကောင်းစရာများ ...........           မော်တော်ကားတစ်စီးမှာ အင်ဂျင်ဝိုင်ဟာ အသက်တ...
19/01/2018

မော်တော်ကား အင်ဂျင်ဝိုင်နှင့် ပတ်သက်သည့် သိကောင်းစရာများ ...........

မော်တော်ကားတစ်စီးမှာ အင်ဂျင်ဝိုင်ဟာ အသက်တမျှ အရေးပါတဲ့ အရာပါ။
ကားတစ်စီးမှာ အင်ဂျင်ဝိုင် မရှိတော့ရင်ဖြစ်စေ၊ အမျိုးအစားမမှန်ကန်တာ သုံးမိရင် ဖြစ်စေ၊ အင်ဂျင်ဝိုင်ကို လဲသင့်တဲ့ အချိန်မှာ မှန်မှန်ကန်ကန်မလဲဘဲ မကောင်းတော့တဲ့ အင်ဂျင်ဝိုင်ကို အချိန်အကြာကြီး ဆက်လက် သုံးစွဲမိရင်ဖြစ်စေ မော်တော်ကားအင်ဂျင် တစ်ခုလုံး ပျက်စီးသွားတဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် မော်တော်ယာဉ် ပိုင်ရှင်များအတွက် ကားအင်ဂျင်ဝိုင်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ သိကောင်းစရာများ

၁။ အင်ဂျင်ဝိုင်ဆိုတာဘာလဲ။

အင်ဂျင်ဝိုင်ဆိုသည်မှာ အမျိုးမျိုးသော စက်ပစ္စည်းများလည်ပတ်ရာတွင် အထောက်အကူဖြစ်စေတဲ့ ချောဆီ တစ်မျိုး ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ရဲ့ အဓိက လုပ်ငန်းစဉ်တွေကတော့ စက်ပစ္စည်းအတွင်းမှာရှိတဲ့ အစိတ်အပိုင်းအချင်းချင်း ထိခိုက်မှု၊ ပွတ်တိုက်စားမှု များမှ ကာကွယ်ပေးဖို့၊ စက်ပစ္စည်းအတွင်းမှာရှိတဲ့
မလိုလားအပ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးဖို့၊ အင်ဂျင်အပူချိန်ထိန်းညှိပေးဖို့၊ စက်ပစ္စည်းအစိတ်အပိုင်းများ လှုပ်ရှားမှု လျင်မြန်ချောမွေ့စေခြင်းအားဖြင့် အင်ဂျင်လုပ်ဆောင်ချက် ပိုမို ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။

၂။ အင်ဂျင်ဝိုင်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။

မော်တော်ကား အင်ဂျင်ဝိုင်များကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။

1. Fully Synthetic engine oil
ဒီအင်ဂျင်ဝိုင်ဟာ အဆင့်မြင့်ဓာတု နည်းပညာများဖြင့် အပြည့်အဝ ဖော်စပ်ထားသော အင်ဂျင်ဝိုင် ဖြစ်ပါတယ်။ ဒီအင်ဂျင်ဝိုင်မျိုးဟာ သာမာန် Conventional engine oil တွေထက် လုပ်ဆောင်ချက်ပိုကောင်းပြီး အညစ်အကြေး ပါဝင်မှုနှုန်း ပိုနည်းပါတယ်။ ပြီးတော့ အစွန်းရောက်တဲ့ အပူချိန်တွေမှာ လုပ်ဆောင်မှု ပိုကောင်းပါတယ်။

2. Conventional engine oil
ဒီအင်ဂျင်ဝိုင်ဟာ သာမာန်ဟိုးယခင်ကတည်းက သုံးစွဲလာခဲ့ကြတဲ့ သမားရိုးကျ အင်ဂျင်ဝိုင်ဖြစ်ပါတယ်။ ဒီအင်ဂျင်ဝိုင်မျိုးကို သာမာန်ရှုပ်ထွေးမှုမရှိတဲ့ အင်ဂျင်တွေနဲ့ သာမာန်မြို့တွင်းသာ မောင်းနှင့်တဲ့ ကားတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။

3. Partly Synthetic or synthetic blend engine oil
ဒီအမျိုးအစားကတော့ အဆင့်မြင့် ဓာတုနည်းပညာအချို့ ပါဝင်ဖွဲ့စည်းထားသောအင်ဂျင်ဝိုင် ဖြစ်ပါတယ်။ Fully Synthetic engine oil လောက် လုပ်ဆောင်ချက် မကောင်းမွန်ပေမဲ့ Conventional အင်ဂျင်ဝိုင်ထက် သာလွန်ကောင်းမွန်တဲ့ အရည်အသွေးရှိပါတယ်။

4. High Mileage engine oil
ဒီအင်ဂျင်ဝိုင်အမျိုးအစားကတော့ ကီလိုများပြီး ဟောင်းလာတဲ့ကားတွေအတွက် အသင့်တော်ဆုံး ဖြစ်အောင် စီမံ ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင် ဖြစ်ပါတယ်။
ဒီအင်ဂျင်ဝိုင်အမျိုးအစားဟာ တစ်ခြား အင်ဂျင်ဝိုင်တွေထက် ပိုမို စေးပျစ်တာကြောင့် ကီလို ၃၀၀၀၀၀ အထက်ကားတွေမှာ ဒီလိုအင်ဂျင်ဝိုင်မျိုး အသုံးပြုသင့်ပါတယ်။

Synthetic, partly synthetic နဲ့ high mileage အင်ဂျင်ဝိုင်တွေသာ အသုံးအများဆုံး ဖြစ်ပါတယ်။ Fully synthetic လား၊ Partly synthetic လား ဆိုတာကို အင်ဂျင်ဝိုင်ဗူးပေါ်မှာ ရေးသား ဖော်ပြထားပါတယ်။ Fully synthetic တွေဟာ အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးဖြစ်ပြီး ဈေးလဲ အကြီးဆုံး ဖြစ်ပါတယ်။

၅။ အင်ဂျင်ဝိုင်ဗူးပေါ်မှာ ရေးထားတဲ့ ဂဏန်းတွေက ဘာတွေလဲ။

အင်ဂျင်ဝိုင်ဗူးတိုင်းရဲ့ အပေါ်မှာ သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားတာတွေကို တွေ့နိုင်ပါတယ်။ အင်ဂျင်ဝိုင်ဗူးပေါ်ကရှေ့ဂဏန်းဟာ အအေးဒဏ်ခံနိုင်ရည်ကို ဖော်ပြထားတာဖြစ်ပြီး နောက်ဂဏန်းကတော့ အင်ဂျင်ဝိုင်ရဲ့ Viscosity (အပျစ်၊ အကျဲ) ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အရှေ့ဂဏန်းနည်းလေလေ အင်ဂျင်ဝိုင်ဟာ အအေးဒဏ်ကို ပိုမိုခံနိုင်လေ ဖြစ်ပြီး နောက်ဂဏန်းများလာလေ အင်ဂျင်ဝိုင်ဟာ ပိုပျစ်လာလေ ဖြစ်ပါတယ်။ ကီလိုနည်းတဲ့
ကားအသစ်တွေအတွက် ကျဲတဲ့ အင်ဂျင်ဝိုင်သုံးသင့်ပြီးတော့ ကီလိုများနေပြီဖြစ်တဲ့ကားတွေအတွက် ပိုပျစ်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားကို သုံးသင့်ပါတယ်။
ဥပမာ …..
5W/30 အင်ဂျင်ဝိုင် က 5W ဟာအပူချိန် ၅ ဒီဂရီ စင်တီဂရိတ် ရောက်သည့်တိုင်အောင် အေးနေပါစေ၊ စေးပျစ်လာခြင်း၊ ခဲလာခြင်းမရှိပဲ ကောင်းမွန်စွာ အလုပ်လုပ်နိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ၅ ဒီဂရီအောက် ရောက်လာရင်တော့ အင်ဂျင်ဝိုင်ရဲ့ စွမ်းရည် စတင်ကျဆင်းလာမှာ ဖြစ်ပါတယ်။ 30 ကတော့ အင်ဂျင်ဝိုင်ရဲ့ စေးပျစ်နှုန်း ဖြစ်ပါတယ်။ 40 ဟာဆိုရင် 30 ထက်ပိုမို စေးပျစ်မှာ ဖြစ်ပါတယ်။

၆။ အင်ဂျင်ဝိုင်ကို ဘယ်လိုစစ်ဆေးမလဲ။
ကားတိုင်းမှာ အင်ဂျင်ဝိုင် level ကို တိုင်းတာဖို့ ဂိတ်တံပါပါတယ်။ အဲဒီ ဂိတ်တံမှာ အမှတ် ၂ မှတ်ရှိပါတယ်။ အဲ့အမှတ် ၂ မှတ်မှာ အပေါ် ဒုတိယအမှတ်အထိ အင်ဂျင်ဝိုင် level အမြဲ ရှိနေရမှာ ဖြစ်ပါတယ်။ အဲ့အမှတ်အောက် လျော့နည်းလာတာနဲ့ အင်ဂျင်ဝိုင် ယခင်ဖြည့်ထားတာနဲ့ အမျိုးအစားတူတဲ့ အင်ဂျင်ဝိုင်ကို ဖြည့်ရပါမယ်။ အင်ဂျင်ဝိုင်ကို နေ့တိုင်း စစ်ဆေးဖို့ သင့်ပါတယ်။ အင်ဂျင်ဝိုင်အရောင်ဟာ စတင်မည်းညစ်လာပြီဆိုတာနဲ့ အင်ဂျင်ဝိုင်လဲလှယ်ရမှာ ဖြစ်ပါတယ်။

၇။ ကျွန်တော့ကားအတွက် ဘာအင်ဂျင်ဝိုင်အမျိုးအစားသုံးရမလဲ။

မိမိမော်တော်ယာဉ်ကိုလိုက်ပြီး အသင့်တော်ဆုံးဖြစ်တဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ်အသုံးပြုဖို့ အလွန်ကို အရေးကြီးလှပါတယ်။ မိမိကားနဲ့ မသင်တော်တဲ့ အင်ဂျင်ဝိုင်ထည့်မိရင် ကားအင်ဂျင် ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် မိမိတို့ကားအင်ဂျင်နဲ့ ကီလိုအနေအထားကို လိုက်ပြီး အသင့်လျော်ဆုံး အင်ဂျင်ဝိုင်ကို ရွေးချယ် အသုံးပြုနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ Hybrid ကားများအတွက်
0 - 50000 km > 0W/20 (or) 0W/30 (or) hybrid engine oil
Over 50000 km > 5W/40

၂။ ဓာတ်ဆီအင်ဂျင် ကားများအတွက်
0 - 50000 km > 0W/20 (or) 0W/30
50000 km - 120000 km > 5W/30 (မြို့တွင်း), 5W/40 (မြို့ပြင် highway)
120000 km - 220000 km > 10W/30 (မြို့တွင်း), 10W/40 (မြို့ပြင် highway)
220000 km - 320000 km > 10W/40 (မြို့တွင်း), 15W/40 (မြို့ပြင် highway)
Over 320000 km > 20W/50

၃။ ဒီဇယ်အင်ဂျင်ကားများအတွက်
0 - 120000 km > 10W/40
Over 120000 km > 15W/40

Credit
Triple One

2018 နှစ်သစ်မှာ အားလပ်ချိန်လေးကို မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများနဲ့ ခရီးသွားမယ် စိတ်ကူးထားရင် Doe Rental ကို မမေ့န...
19/01/2018

2018 နှစ်သစ်မှာ အားလပ်ချိန်လေးကို မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများနဲ့ ခရီးသွားမယ် စိတ်ကူးထားရင် Doe Rental ကို မမေ့နဲ့နော် 🚍 🚍 🚍

🚍 Doe Rental Service
phone : 09 456333008 / 09 456333007

ဘယ်ကားဦးစားပေးသွား ရမလဲ. . ?  1  လား? 2  လား ? 3  လား ? 4  လား ? ဘယ်ကား အရင်ဦးစားပေးလဲ ဖြေကြည့်ပါဦးခင်ဗျ
18/01/2018

ဘယ်ကားဦးစားပေးသွား ရမလဲ. . ?
1 လား?
2 လား ?
3 လား ?
4 လား ?
ဘယ်ကား အရင်ဦးစားပေးလဲ ဖြေကြည့်ပါဦးခင်ဗျ

ကားကို လေပေါင် ဘယ်လောက်ထိုးရမလဲ?🎶🎶🎶🎶🎶 🎈 ကိုယ့်ကားကို လေပေါင် ဘယ်လောက်ထိုးရမယ် ဆိုတာ ကို ထုတ်လုပ်တဲ့ကား ကုမ္ပဏီ တွေက ကား...
18/01/2018

ကားကို လေပေါင် ဘယ်လောက်ထိုးရမလဲ?
🎶🎶🎶🎶🎶

🎈 ကိုယ့်ကားကို လေပေါင် ဘယ်လောက်ထိုးရမယ် ဆိုတာ ကို ထုတ်လုပ်တဲ့ကား ကုမ္ပဏီ တွေက ကားမှာ အသင့်ကပ်ပေး လိုက်ပါတယ်။

☑ ဘယ်နေရာကပ်ထားလဲ ဆိုတော့ ယာဉ်မောင်းဘက်ခြမ်း တံခါး ဖွင့်လိုက်ပါ ။
တံခါး ဂျက်အထိုင်ဘက် အတွင်းဘောင် ကို ကြည့် ကြည့် ပါ ။ ပုံ မှာပြထားသလို ဂျပန်စာနှင့် စတစ်ကာ မျိုးတွေ့ရပါမယ် ။ ခုဆို ကိုယ့်ကား ရဲ့ ထိုးရမယ့် လေပေါင် သိရပါပြီ ။
(နေရာ ကတော့ ပုံသေ တော့မရှိပါ )

🎀 သို့သော် ဂျပန် ကျ ကားများ သာ အများဆုံး စီးကျသော မြန်မာပြည် ဖြစ်၍ ဂျပန်စာများ သည် ပြသနာ တခု ဖြစ်နေပါသည်။
(ကျွန်တော့လို ဂျပန်စာ မတတ်သောအခါ)

🎀 နောက် ပြသနာကတော့ ဂျပန်စာ ဖတ်တတ်ရင် တောင် ( google translate ပြန်ထားရင်)
လက်ရှိ မြန်မာပြည် အသုံးပြု သော လေပေါင်နဲ့ မတူပြန်ပါဘူး
ဥပမာ ကီလိုမီတာ နဲ့ မိုင် လိုပေါ့

⌛ ဂျပန် အသုံးပြုတာက kPa (kg/cm2)
မြန်မာ အသုံးပြုတာက လေပေါင် psi ပါ

🎈 kPa ဆိုတာက kilopascal
psi ဆိုတာကတော့ Pounds per Square Inch ပါ။

🎈 1 kPa မှာ 0.145038 psi ရှိပါတယ် ။
( 6.89475729 kpa = 1 psi )

🎈 230 kPa ကိုတွက်ကြည့်မယ်ဆိုရင်
100 kPa = 14.5038 psi
200 kPa = 29.0076 psi
230 kpa = 33.3587 psi

🎈 ခုဆိုရင် 230 kPa ဆို လေပေါင် 33 psi ထိုးရမယ်ဆိုတာ ရှင်းသွား လောက်ပါပြီ ။

🎈 အများအားဖြင့်
ရှေ့ဘီး လေပေါင် / နောက်ဘီးလေပေါင် ပြီးတော့ စပယ်ရာဝှီး လေပေါင် ။
ဂွေဆိုက် / တာယာဆိုက် ပေါ် မူတည်ပီး ထိုးရမယ့်လေပေါင် ပါ ပါတယ် ။
တခု နဲ့တခု လေပေါင် မတူညီပါဘူး ။ ကောင်းတာက တော့ သတ်မှတ်ထားတဲ့ ဂွေ / တာယာ ဆိုက် ဘဲ သုံးသင့်ပါတယ်။ (ဂွေ ဆိုက် မတူဘဲ အလွိုင်းလှလို့ ဆိုပီး ချိန်းတတ်ကြလို့ ပါ )

🎀 ဒါကြောင့် fit ကို ဘယ်လောက်ထိုးရမယ်။
vitz က ဒီလောက်ထိုး ဆိုပြီး အတိကျ ပြောလို့တော့ မရပါဘူး ။ တပ်ဆင်ထားတဲ့ ဂွေဆိုက် တာယာ ဆိုက် မှန်နေရင်တော့ တမျိုးပေါ့။
အဆင်ပြေပါစေ ။
🚘🚘🚘🚘🚘

Credit》》ရဲ နိုင်​ ထွန်း

လူကြီးမင်းတို့၏ အရေးကြီးသော ဧည့်သည်တော်တွေ အတွက် ရန်ကုန်မြို့တွင်း သွားရေးလာရေး အဆင်ပြေစေဖို့ ကားသန့်သန့်လေးတွေ ဌားဖို့ ...
17/01/2018

လူကြီးမင်းတို့၏ အရေးကြီးသော ဧည့်သည်တော်တွေ အတွက် ရန်ကုန်မြို့တွင်း သွားရေးလာရေး အဆင်ပြေစေဖို့ ကားသန့်သန့်လေးတွေ ဌားဖို့ စဉ်းစားနေပါသလား …?

Doe - Car Rental Service ( 09 456 333 007 / 09 456 333 008 ) ကိုဆက်သွယ်လိုက်ပါ …

Doe Car Rental မှ ယာဉ်မောင်းကြေး ဆီဖိုးအပါ Toyota Hi-ace ကားဖြင့် မိတ်ဆက်ပေးလိုက်ပါသည်

Airport Transfer - 35,000 Ks
Half Day (5 hr Package) - 50,000Ks
Full Day (10 hr Package) - 90,000Ks စသည့်

သက်သာသော ဈေးနှုန်းများဖြင့် ကောင်းမွန်သော ဝန်ဆောင်မှုနှင့်အတူ Alphard , Belta , Crown , Super Custom , Grand Cabin G စသည့်ကားများအပြင် အခြားသော ကားအမျိုးအစားများကိုလဲ ခရီးစဉ်အလိုက် ဌားရမ်းပေးနေပါပြီ …

"ဒိုး" နဲ့အတူ ခရီးသွားကြရအောင် …

Doe - Car Rental Service
09 456 333 007 / 09 456 333 008

နှစ်သစ်မှာ ပျော်ရွှင်မှုတွေရရှိခြင်းလား ?                ပျော်ရွှင်မှုတွေရရှိအောင် ဘယ်တွေလုပ်ဆောင်သင့်သလဲ?ခရီးထွက်ခြင်းဟာ သင...
17/01/2018

နှစ်သစ်မှာ ပျော်ရွှင်မှုတွေရရှိခြင်းလား ?
ပျော်ရွှင်မှုတွေရရှိအောင် ဘယ်တွေလုပ်ဆောင်သင့်သလဲ?

ခရီးထွက်ခြင်းဟာ သင့်အတွက်ပျော်ရွှင်မှု ဖြစ်နိုင်မယ်ဆိုရင် Doe Car Rental ကို မမေ့နဲ့နော်

လူကြီးမင်း၏
ပျော်ရွှင်သော ခရီးစဉ်မှာ. . .
အမှတ်တရတွေဖြစ်စေဖို့. . .
ဒိုး နဲ့ အတူခရီးသွားရအောင် ...

လူကြီးမင်းတို့ အလိုရှိရာ ( မြို့တွင်း / နယ်ဝေး) ခရီးစဉ်များကို စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးသည့်အပြင် (လချုပ် / နှစ်ချုပ် ) ကားများစွာကိုလဲ ဌားရမ်းပေးနေပါပြီ …

Doe Car Rental Service
Phး 09 456 333 007 / 09 456 333 008

*** ကားဆရာနှင့် အင်ဂျင်မီးပေးစနစ် ***  ကားမောင်းတတ်ရင် ဆီပျောက်၊ မီးပျောက်လေးတော့ သိထားဖို့လိုတယ်လို့ ကားမောင်းသင်ခါစမှာ...
17/01/2018

*** ကားဆရာနှင့် အင်ဂျင်မီးပေးစနစ် ***


ကားမောင်းတတ်ရင် ဆီပျောက်၊ မီးပျောက်လေးတော့ သိထားဖို့လိုတယ်လို့ ကားမောင်းသင်ခါစမှာ ဆရာတွေကပြောကြပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ “မီး” နဲ့ “ဆီ” မှန်နေမှ ကားမောင်းလို့ကောင်းပါတယ်။ “မီး” ဆိုတာ ပလပ်အလုံးတိုင်း “Spark မီးပွား” တိုင်မင်ကိုက် ပွင့်ဖို့လိုတယ်လို့ ပြောတာပါ။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လောင်စာနှင့် ရေအရောအနှော၊ မီးလောင်ပေါက်ကွဲနိုင်ဖို့၊ ပလပ်တွေ၊ ကွိုင် (Coil) တွေကောင်းဖို့လိုပါတယ်။ CNG (သဘာဝဓာတ်ငွေ့ဆီစား)၊ LPG (ပရိုပိန်းငွေ့ဆီစား) ကားတွေ မှာလည်း ဒီအတိုင်းပါပဲ။ အင်ဂျင် Power Stroke မှာ အချိန်ကိုက်တိုင် မင်ကိုက် မီးပွားပွင့်ပေးနိုင်ဖို့ မီးပေးစနစ်လိုပါတယ်။ မီးပေးစနစ်ကို Ignition System လို့ခေါ်ပါတယ်။

ဓာတ်ဆီကား၊ CNG ကားမောင်း တဲ့ ကားဆရာတွေ အများဆုံးကြုံရ တာတော့ “မီး” မမှန်တဲ့ပြဿနာပါပဲ။ ပစ္စတင် ၄ လုံးထိုး၊ ၆ လုံးထိုး အင်ဂျင်တစ်လုံးမှာ မီးမမှန်ရင် စက်နှိုးရခက်ပါတယ်။ ပလပ်တစ်လုံးလောက် ညာနေရင် အင်ဂျင်ကောင်းကောင်းမဆွဲပါဘူး။ ဆီလည်းပိုကုန်ပါတယ်။

မိုးရာသီကားလမ်းတွေ ရေကြီးတာ မကြာခဏကြုံရပါတယ်။ ရေကြီးတဲ့လမ်းကို ဖြတ်မောင်းမိရင် “မီး”လုံးဝပျောက်ပြီး မိုးရေထဲမှာ ဒုက္ခရောက်ကြရတာက ကားဆရာတွေပါ။ မီးပေးစနစ်က ရေကြောက်ပါတယ်။ ဒစ်စတြီဗျူတာတွေ၊ ပလပ်ကြိုးတွေ၊ ပလပ်တွေ၊ ရေစိုသွားရင် မီးမကူးတော့ ပါဘူး။ မီးပေးစနစ်ရဲ့ အခြေခံသဘော တရားနဲ့ ဒီစနစ်မှာ ဖြစ်လေ့ရှိတဲ့ ချို့ယွင်းအားနည်းချက် ပြဿနာတွေကို နားလည်သဘောပေါက်ထားခဲ့ရင် ထိန်းသိမ်းပြုပြင်ရတာ လွယ်ပါတယ်။ “မီး” ပျောက်တဲ့ရောဂါကိုလည်း မိမိကိုယ်တိုင် ရှာဖွေစစ်ဆေးဖို့ အထောက်အကူပြုပါတယ်။

ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ ပစ္စတင်ဆလင်ဒါအလုံးတိုင်း အချိန်ကိုက် မီးလောင်ပေါက်ကွဲနိုင်ဖို့ Spark Plug တွေက စွမ်းအားမြင့် မီးပွားတွေ ဖန်တီးပေးရပါတယ်။ ကားဘက်ထရီတစ်လုံးက 12 Volt ဘဲထွက်ပါတယ်။ ပလပ်တွေမီးကူးဖို့ ဗို့အားသောင်းဂဏန်းထွက်ဖို့ လိုပါတယ်။ မြင့်မားလွန်းတဲ့ High Voltage ကို Ignition Coil က ထုတ်လုပ်ပေးပါတယ်။

Ignition Car Engine Motors Myanmar

ရှေးရိုးစံထား မီးပေးစနစ်ဖြစ်တဲ့ ဒစ်တတြီဗျူတာသုံး မီးပေးစနစ်တစ်ခုမှာ ဘက်ထရီ၊ Ignition Switch မီးပေးကွိုင် (Ignition Coil)၊ ဒစ်စတြီဗျူတာ၊ ဗို့အားမြင့်ပလပ်ကြိုးတွေ နဲ့ ပလပ် (Plug)တွေ ပါဝင်ဖွဲ့စည်းထားပါတယ်။

မီးပေးစနစ်နည်းပညာတွေ တဖြည်းဖြည်းတိုးတက်လာလို့ ဒီကနေ့ ခေတ်ပေါ်ကားတွေမှာတော့ ဒစ်စတြီဗျူတာတွေ ပလပ်ကြိုးတွေတောင် မပါဝင်တော့တဲ့ Distributorless Electronic Ignition System ကို မြင်တွေ့နိုင်ပါတယ်။ ဒီစနစ်မှာ မီးကွိုင် တစ်လုံးတည်းကထွက်တဲ့ High Voltage ကို ဒစ်စတြီဗျူတာနဲ့ ဖြန့်ဝေပြီး မသုံးတော့ပါဘူး။ ပလပ်တစ်လုံးကို မီးကွိုင်တစ်လုံးဆီက ဗို့အားမြင့် မီးပေးပါတယ်။ ပလပ်နဲ့ကွိုင်ကို တိုက်ရိုက် ဆက်သွယ်ထားပါတယ်။ ပလပ်ကြိုးတောင်မသုံးတော့ပါဘူး။ မီးကွိုင်တစ်လုံးချင်းရဲ့ မီးတိုင်မင် (Firing Timing) ကို ICU (Ignition Control Unit) နဲ့ ECU (Engine Control Unit) က ထိန်းချုပ်ပေးပါတယ်။ ပလပ်ထိပ်မှာတပ်ဆင်ထားတဲ့ကွိုင်ကို Ignitor လို့ခေါ်ပါတယ်။

Ignition Car Engine Motors Myanmar

ဒစ်တတြီဗျူတာစနစ်သုံး မီးပေးစနစ်မှာတော့ Point-type Ignition System နဲ့ Transistor-type Ignition System ဆိုပြီး ၂ မျိုးရှိပါတယ်။ ထရန်စစ္စတာအမျိုးအစားမီးပေးစနစ်ကို ကားဆရာအများစုက မက်ကနက် I.C
ကျောပိုးအိတ်လို့ခေါ်ကြပါတယ်။ ဒစ်စတြီဗျူတာ Breaker Point နေရာမှ သံလိုက်ညှို့အားသုံး Signal Rotor နဲ့ ထရန်စ္စတာသုံး I.C ယူနစ် (ကျောပိုးအိတ်)ကို အစားထိုးသုံးထားပါတယ်။ Point-type စနစ်မှာ အားနည်းချက်တွေအများကြီးပါပဲ။ ပွိုင့် ၂ ခုအကွာအဝေးမညီတော့ပါဘူး။ ကွန်ဒင်ဆာမကောင်းရင်လဲ ပွိုင့်မျက်နှာပြင်မီးအောင်းပြီး မီးကွိုင်က မီးထွက်နည်းပါတယ်။ ပွိုင့်မျက်နှာပြင်ထိပ်ကို ကော်ပတ်စားရ၊ ပြန်ညှိရ၊ ကွန်ဒင်ဆာလဲရ စသည်ဖြင့် အလုပ်ရှုပ်ပါတယ်။ ပွိုင့်နေရာမှာ မက်ကနက် Signal Rotor နဲ့ I.C (ထရန်စစ္စတာသုံး Igniter)ကို အစားထိုးသုံးလိုက်တော့မှ ပွိုင့်ပြဿနာတွေ ပြေလည်သွားပါတယ်။ ကွိုင်ကမီးထွက်အားလည်း ပိုကောင်းလာပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်းဝင်လာတဲ့ကားတွေမှာ ဒစ်စတြီဗျူတာမပါဘဲ အီလက်ထရွန်နစ် မီးပေးစနစ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးရိုးစနစ်သုံး ဒစ်စတြီဗျူတာ မီးပေးစနစ်သုံးတဲ့ ကားဟောင်းတွေလည်း အများကြီးကျန်ပါသေးတယ်။ အသုံးများတဲ့ Point-type Igniter System အခြေခံနဲ့ မီးပေးစနစ် ထိန်းသိမ်းပေးရမယ့် အချက်တွေကို ဆွေးနွေးသွားပါမယ်။

Point-type မီးပေးစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ ကားဘက်ထရီ၊ Ignition Switch၊ မီးပေးကွိုင် (Ignition Coil)၊ ဒစ်စတြီ ဗျူတာ၊ Breaker Point ၊ ရိုတာနဲ့ ကပ်ဖုံး (Cap)၊ ပလပ်ကြိုးနဲ့ Spark Plugs တွေဘဲဖြစ်ပါတယ်။ မီးပေးစနစ်တစ်ခုလုံးအတွက် လိုအပ်တဲ့ လျှပ်စစ်ပါဝါစွမ်းအင်ကို ဘက်ထရီထောက်ပံ့ပါတယ်။ ဘက်ထရီအားနည်းနေရင် အားကုန်လုနီးပါးဖြစ်နေရင် မီးပေးစနစ် အလုပ်မလုပ်နိုင်ပါဘူး။ မက်ကနက်တို စနစ်သုံးတဲ့ မီးစက်အင်ဂျင် အသေးလေးတွေမှာတော့ ဘက်ထရီ မပါပေမဲ့ အင်ဂျင်ကို ကြိုးနဲ့ဆွဲနိုးတဲ့ အခါမှာ မက်ကနက်တိုစနစ်ကြောင့် မီးထွက်ပါတယ်။

Car Engine 2 Motors Myanmar

မီးပေးစနစ်မှာ အဓိကကျတာက တော့ မီးပေးကွိုင် ပါပဲ။ ကားဘက်ထရီကထုတ်ပေးတာ 12 Volt ဘဲရှိပါတယ်။ ပလပ်တွေ၊ မီး ပွားပွင့်ပြီး မီးခုန်ကူးနိုင်ဖို့ ဗို့အားမြင့်လိုပါတယ်။ Ignition Coil တွေဟာ ဗို့အား ၁၅၀ဝဝ ကနေ ၃၀ဝဝဝ ကျော်အထိ ထွက်ပါ တယ်။ မီးပေးကွိုင်မှာ Primary Winding နဲ့ Secondary Winding ဆိုပြီး ကွိုင် ၂ မျိုးပါဝင်ပါတယ်။ Primary Winding မှာပတ်ထားတဲ့ အီနာမယ်ဝါယာက အလုံးကြီးပြီး ပတ် ရေ ၂၀ဝ ကနေ ၃၀ဝ အထိ ရှိပါတယ်။ Secondary Winding မှာတော့ ဝါယာအလုံးသေးတဲ့အတွက် ပတ်ရေ ၁၅၀ဝဝ ကနေ ၃၀ဝဝဝ အထိ ပတ်ထားပါတယ်။ ကွိုင်ရဲ့အလယ်မှာ Core ရှိပါတယ်။ ကွိုင်တစ်လွှာနဲ့တစ်လွှာကြားမှာ လျှပ်ကာစက္ကူတွေ ခံထားပါတယ်။ ကွိုင်က အပူတွေအပြင်ထွက်ဖို့လွယ်အောင် လျှပ်ကာဆီ စိမ်ထားပါတယ်။

4

Secondary Winding ကို အ တွင်းထဲမှာပတ်ထားပြီး အပြင်က Primary Winding ကို ထပ်ပတ်ထားပါတယ်။ ငုတ် ၂ စရှိပြီး (+)ပေါင်းငုတ်ကို Primary Winding ကလာတဲ့ ကြိုးစနဲ့ ဆက် ထားပါတယ်။ (-) အနှုတ်ငုတ်ကို ဒစ် စတြီဗျူတာ နဲ့ ဆက်ထားပါတယ်။ ဘရိတ်ကာ ပွိုင့်ထိပ် ၂ ခုကွာသွားရင် မီးဖြတ်လိုက်တာကြောင့် ကွိုင်မှာဖြစ်ပေါ်နေတဲ့ သံလိုက်စက်ကွင်းပြင်းအား သွားပါတယ်။လွင့်သွားတဲ့ သံလိုက်အားကြောင့် ကြီးမားတဲ့ ဗို့အားဖြစ်ပေါ်လာတယ်။ ဒီဗို့အားကို ဒစ်စတြီဗျူတာ၊ ရိုတာကတစ်ဆင့် ဖုံးမှာစွပ်ထားတဲ့ ပလပ်ကြိုးတွေကို အလှဲ့ကျမီးဖြန့် ပေးတယ်။ မီးကွိုင်ကထွက်လာပြီး ပလပ်ကြိုးကနေ ပလပ်တွေဆီရောက်သွားပြီး မီးပွားပွင့်စေတာဖြစ်တယ်။ မီးတိုင်မင်အစီအစဉ်အတိုင်း ပလပ်တွေ၊ မီးပွားဖြစ်ရင် ပစ္စတင်တွေတစ်လုံးပြီးတစ်လုံး ပေါက်ကွဲအားဖြစ်ပေါ်ပြီး အင်ဂျင်ကို အဆက်မပြတ်လည်ပတ်စေတာဖြစ်တယ်။
ဒစ်စတြီဗျူတာမှာ မီးတိုင်မင်အတွက် Governor နဲ့ Cap ဖုံးတို့ပါ ဝင်တယ်။ မီးတိုင်မင်စောပေးတာကို Advancer က ဆောင်ရွက်ပေးတယ်။ Cap ဖုံးရဲ့ အလယ်ပေါက်မှာ မီးပေးကွိုင်ကလာတဲ့ မိန်းပလပ်ကြိုးစွပ်ထားပြီး ရိုတာက ပလပ်အသီးသီးကို မီးဖြန့်ဝေပေးတယ်။ Cap ဖုံးရဲ့ ဘေးပတ်လည်မှာ ပလပ်အသီးသီးနဲ့ ဆက်သွယ်ပေးရတဲ့ပလပ်ကြိုးစွပ်တဲ့ အပေါက်တွေပါတယ်။

Car Engine Motors Myanmar

မီးပေးစနစ်မှာအဖြစ်များတဲ့ ပြစ်ချက်တွေ၊ အားနည်းချက်တွေကတော့ ဒစ်စတြီဗျူတာ ပြိုင့္မီးစားတဲ့အျပစ္ပါ။ ပြိုင့္အကြာအေဝး ပုံမှန်ဖြစ်အောင် ပြန် ချိန်ရပါတယ်။ မီးစားတဲ့ပွိုင့်ထိပ်ကို ကော်ပတ်စားပေးရတယ်။ မရတော့ ရင်တော့ ပွိုင့်အသစ်အစားထိုးလဲပေး ရပါတယ်။



ကွန်ဒင်ဆာမကောင်းရင် ပွိုင့်တွေ မီးစားသွားတာမြန်ပါတယ်။ ကွန်ဒင်ဆာက မီးစားသက်သာအောင် လုပ်ပေးတယ်။ ဒစ်စတြီဗျူတာစနစ်မှာ ရေနဲ့ ရေငွေ့ဟာ ရန်သူပါဘဲ။ ဒစ်စတြီဗျူတာထဲ ရေငွေ့ရိုက်ရင်၊ ရေဝင်သွားရင် ပလပ်ကို မီးမရောက်တော့ပါ ဘူ။ အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီမှာ Cap ဖုံရေစိုသွားရင်၊ ရေခြောက်သွားအောင် မီးကင်အပူပေးရပါတယ်။

မီးပေးစနစ်မှာ အများဆုံးဒုက္ခပေးတာ ပလပ်ကြိုးနဲ့ ပလပ်တွေပါဘဲ။ ပလပ်ကြိုးပြတ်နေမယ်၊ ကာဘာအစွပ် ပေါက်နေမယ်ဆိုရင် ပလပ်ကို မီးအရောက်နည်းသွားပါတယ်။ ပလပ်မခုတ်တဲ့ပြဿနာက ပလပ်မှာ ဆီချိုးတွေညစ်ပတ်နေပြီး မီးပွားမကူးနိုင်တဲ့ ပြဿနာပါ။ ပလပ်ငုတ်အကွာအဝေး ပြန်ချိန်ရပါတယ်။ ပလပ်ငုတ်တွေသန့်စင်အောင် ဆေးကြောပေးရပါတယ်။ ပလပ်ငုတ်တွေလည်း ကြာကြာသုံးရင် မီးစားပြီး တိုသွားတတ်ပါတယ်။ ပလပ်ကောင်း၊ မကောင်းစမ်းသပ်ပြီး အသစ်လဲသင့်ရင် လဲပေးရပါတယ်။ ဆီအရည်အသွေးမကောင်းရင် ပလပ်တွေ ကြာကြာမခံပါဘူး။ မကြာခဏဆေးကြောပေးရပါတယ်။ ပလက်တီနမ် ၄ ငုတ်ပလပ်ကတော့ ဈေးကြီးပေမဲ့ကြာကြာအသုံးခံပါတယ်။ ပလပ်ကြိုးတွေ၊ ကာဘာအစွပ်တွေ၊ စစ်ဆေးဖို့လိုပါတယ်။ ပလပ်ကြိုးတွေပေါက်ပြဲကွဲ အတ်နေရင် ပလပ်ကို မီးမရောက်တော့ပါဘူး။ ပေါက်တဲ့နေရာမှာ မီးခုန်ကူးနေတတ်ပါတယ်။

ဓာတ်ဆီအင်ဂျင်အစ်လုံးဟာ မီးပေးစနစ်၊ လောင်စာဆီပို့စနစ် နှစ်မျိုးစလုံးကောင်းမှ အင်ဂျင်စွမ်းဆောင်ရည် အပြည့်အဝရနိုင်ပါတယ်။ ပွိုင့်စနစ်မှာ အားနည်းချက်တွေ ကျော်လွှားနိုင်ဖို့ တချို့ကားဆရာတွေ မက်ကနက် I.C-type ကို ပြောင်းပစ်ကြပါတယ်။ မက်ကနက် I.C စနစ်မှာတော့ ကွိုင်က မီးထွက်အားပိုကောင်းပါတယ်။ ပလပ်နဲ့ ပလပ်ကြိုးတွေ၊ မီးကွိုင်တွေကိုတော့ စစ်ဆေးထိန်းသိမ်းဖို့လိုပါတယ်။

Credit - ဆရာ KMA(သိပ္ပံနှင့်နည်းပညာ)

အင်ဂျင်ကွန်ပရက်ရှင်း ပြသာနာများဆောင်းပါးအမှတ် (102)🚜🚜🚜🚜🚜🚜🚜🚜🚜🚜🚜🚜🚙 ကားအင်ဂျင်တစ်လုံး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အင်ဂျင...
09/01/2018

အင်ဂျင်ကွန်ပရက်ရှင်း ပြသာနာများ
ဆောင်းပါးအမှတ် (102)
🚜🚜🚜🚜🚜🚜🚜🚜🚜🚜🚜🚜

🚙 ကားအင်ဂျင်တစ်လုံး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အင်ဂျင်လုံရပါတယ်။ အင်ဂျင်လုံတယ် ဆိုတာ အင်ဂျင်ကွန်ပရက်ရှင်း (Compression) ကောင်းတဲ့အခြေအနေ ကိုပြောတာပါ။ Compression ကျနေတဲ့ အင်ဂျင်တစ်လုံးဟာ လည်ပတ်မှု မတည်ငြိမ် တော့ဘူး။ အင်ဂျင်ပါဝါ ကျလာပြီး ဆွဲအား မကောင်းတော့ဘဲ ဆီပိုကုန်ပါတယ်။ အင်ဂျင်ရဲ့ Fuel Efficiency ကျဆင်းလာပါတယ်။ အင်ဂျင် Preformance လည်း ကျဆင်းလာ ပါတယ်။ အင်ဂျင်ဝိုင် ပိုစားမယ်။ မီးခိုးထွက်မယ်။

🚍 ဓာတ်ဆီအင်ဂျင်ပဲဖြစ်ဖြစ်၊ ဒီဇယ်အင်ဂျင်ပဲဖြစ်ဖြစ် အင်ဂျင် Compression 100 psi (Pound Per Square Inch) အနည်းဆုံး လိုအပ်ပါတယ်။ အင်ဂျင်ဒီဇိုင်း အရွယ်အစားနဲ့ ထုတ်လုပ်သူရဲ့ ပုံစံကိုလိုက်ပြီး ကွန်ပရက်ရှင်း ဖိအား Pressure 140 psi ကနေ 220 psi လောက်အထိ အမျိုးမျိုး ရှိတတ်ပါတယ်။ ဒီဇယ်အင်ဂျင်ဆိုလျှင် Compression Ratio ပိုမြင့်တာကြောင့် Pressure ပိုများပါတယ်။ Compression Pressure 350 psi နဲ့ အထက်မှာပဲရှိပါတယ်။

🚌 Four Stroke အင်ဂျင် အမျိုးအစားမှာ (Valves) ဗား အဖွင့်အပိတ် တိုင်မင် (Timing) ကို ကမ်ရှပ် (Camshaft) က ဆောင်ရွက်ပေး ပါတယ်။ Intake Stroke မှာ အင်ဂျင် ဆလင်ဒါထဲကို လေနဲ့ ဓာတ်ဆီ အရောအနှောတွေက ဗား ပွင့်နေတာကြောင့် ၀င်လာပါတယ်။ Intake Stroke မှ Inlet Valve က ပွင့်နေပြီး Compression Stroke စပြီး မကြာခင်မှာ ဗားပြန်ပိတ်သွား ပါတယ်။ ဆလင်ဒါထဲဝင်လာတဲ့ လေနဲ့ လောင်စာ အရောအနှောကို ပစ္စတင်က ဖိသိပ်ပြီး တွန်းတင်လိုက်တာကြောင့် ထုထည် သေးသွားပါတယ်။ ဓာတ်ငွေ့တစ်ခုကို ထုထည် သေးအောင် ဖိသိပ်လိုက်လျှင် ဖိအား Pressure တက်လာ ပါတယ်။ အပူချိန်လည်း မြင့်တက်သွား ပါတယ်။ Compression Stroke ဆုံးခါနီး အချိန်မှာ မီးပလပ်က မီးပွားပွင့်သွားတာနဲ့ ပေါက်ကွဲမှုဖြစ်ပြီး ပစ္စတင်ကို တွန်းကန်ချ လိုက်ပါတယ်။

🚙 ဒီလိုမျိုး အင်ဂျင်အတွင်းမှာ ပေါက်ကွဲပြီး ပစ္စတင်ကို တွန်းလိုက်တဲ့အားကြောင့် ကရိုင်းရှပ်ကို လည်စေ ပါတယ်။ လည်အားကို ဖလိုင်းဝှီး (Fly Wheel) က အားထိန်းထားပြီး ဆလင်ဒါများကို Firing Order တိုင်မင်အတိုင်း တစ်လုံးပြီး တစ်လုံး ပေါက်ကွဲလည်ပတ် စေပါတယ်။ ဆလင်ဒါအတွင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် အကောင်းဆုံး ဖြစ်ဖို့ အင်ဂျင် Compression ကောင်းရ ပါတယ်။ အင်ဂျင်ဝိုင်စား၊ ဆီစားပြီး ကျနေတဲ့ အင်ဂျင်တစ်လုံးမှာ ကွန်ပရက်ရှင်း ကျနေတတ် ပါတယ်။

🚍 အင်ဂျင်တစ်လုံးမှာ ဆလင်ဒါ လေးလုံး ရှိတယ် ဆိုပါစို့။ အသုံးပြုတာ သက်တမ်းကြာလာလျှင် Compression ဖိအားက ဆလင်ဒါ တစ်လုံးနဲ့ တစ်လုံး မတူညီနိုင်တော့ပါဘူး။ ဆလင်ဒါ တစ်လုံးချင်းစီရဲ့ ဖိအား ကွာခြားနေတာ (၁၅) ရာခိုင်နှုန်းထက် မပိုသင့်ဘူး။ ဒါကိုစစ်ဆေးဖို့ အင်ဂျင် Compression Test လုပ်ဖို့လိုလာ ပါတယ်။ အင်ဂျင်ကျူးနင်း Tune-up လုပ်ရတဲ့ အချက်တွေထဲမှာ အင်ဂျင် Compression စစ်ဆေးတာလည်း အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုပါပဲ။ Compression Test လုပ်ကြည့်မှ အင်ဂျင်ရဲ့အခြေအနေကို အကြမ်းအားဖြင့် သိနိုင်မယ်။
ယာဉ်ပိုင်ရှင် လက်စွဲစာအုပ် Owner's Manual ထဲမှာ အင်ဂျင် Tune-up လုပ်သင့်တဲ့ ကာလ အပိုင်းအခြား Intervals ကို ဖော်ပြထားလေ့ရှိပါတယ်။

🚨 ကားအင်ဂျင်တစ်လုံး ဘာကြောင့် Compression ကျတာလဲ။ အင်ဂျင်လုံတယ်ဆိုတာ ဘာလဲ။ အင်ဂျင်ကျရင် ဘာဖြစ်နိုင်သလဲ။

🚌 အင်ဂျင်တစ်လုံး Compression ပုံမှန်ရှိပြီး စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ပုံမှန် လည်ပတ်နေတဲ့ အင်ဂျင်၊ မီးခိုးမလိုက်တဲ့ အင်ဂျင်၊ ဆီစားမများတဲ့ အင်ဂျင်ကို အင်ဂျင်လုံတယ် လို့ ဆိုနိုင်ပါတယ်။ အင်ဂျင်လုံတယ် ဆိုတာ Compression ကောင်းတဲ့ အခြေအနေပါပဲ။ ဗားတွေလုံရတယ်။ ဂတ်စ်ကတ်လုံရတယ်။ ပစ္စတင် Ring ကွင်းနဲ့ ဆလင်ဒါ စလစ် လုံရတယ်။ အင်ဂျင် Compression Pressure ရှိရပါတယ်။

🚙 အင်ဂျင်အသုံးပြုတဲ့ သက်တမ်းကြာလာရင် Piston Rings ကွင်းတွေစားပြီး ဆလင်ဒါနံရံတွေ စားလာပါတယ်။ Ring ကွင်းနဲ့စလစ်ကြားမှာ ကွာဟချက် များလာရင် လေမလုံနိုင်တော့ပါဘူး။ နောက်ပြီး အင်ဂျင် Head ထဲမှာရှိတဲ့ Intake Valve တွေနဲ့ Exhaust Valves တွေပါ။ ဗားဆီး၊ ဗားဂိုက်တွေစားပြီး ချောင်မယ်။ ဗားအထိုင် မျက်နှာပြင်တွေ ပွန်းစားပြီး လေမလုံတော့ရင် အင်ဂျင် Compression ကျပါတယ်။ နောက်ပြီး အင်ဂျင်ဘလောက်နဲ့ အင်ဂျင် Head ကြားမှာ Seal ဖြစ်စေဖို့ ရှိနေတဲ့အရာက ဂတ်စ်ကတ် Gasket ပါ။ ဂတ်စ်ကတ်မလုံရင်လည်း အင်ဂျင် Compression ကျနိုင်ပါတယ်။
🚙 နောက်တစ်ချက်က ဗားတွေကို အဖွင့်အပိတ် လုပ်ပေးတဲ့ ကမ်ရှပ် (Camshaft) တိုင်မင်နဲ့ ဗားရော့ကာအမ်း တွေပါပဲ။ ဗားအဆုံးအထိ မပွင့်တာ၊ ဗားထောက်နေတာ၊ ဗားကောက်နေတာ တွေကြောင့်လည်း အင်ဂျင် Compression ကျနိုင်ပါတယ်။ Air Cleaner လေစစ်ပိတ်နေလို့ အင်ဂျင် အသက်ရှုကျပ် နေရင်လည်း အင်ဂျင် Compression ကျနိုင် ပါတယ်။ Spark Plug အထိုင်ဝါရှာ မကောင်းလို့ အရစ် တင်းကျပ်တာ လျော့နေလို့လည်း အင်ဂျင် Compression ကျနိုင်ပါသေးတယ်။

🚍 အင်ဂျင် Comrpession Pressure ဖိအား ဘယ်လောက်ကျ နေပြီလဲ။ ဘာတွေခြားနား နေသလဲ။ ဘာတွေထူးခြား နေသလဲ။ Compression ဖိအားက မကျဘဲနဲ့ ပိုပြီး များနေသလား။ ဆလင်ဒါ လေးလုံး (သို့မဟုတ်) ခြောက်လုံးမှာ ဘယ်အလုံးက Pressure လုံးဝ ကျနေတာလဲ။ ဒါတွေကိုသိဖို့ ဆလင်ဒါ တစ်လုံးချင်းကို Compression Test လုပ်ဖို့ လိုအပ်ပါတယ်။ အင်ဂျင် Compression စစ်ဆေးကြည့်မှ အင်ဂျင်ချို့ယွင်းချက် ဖြစ်နေတဲ့ အခြေအနေကို သိနိုင်ပါတယ်။

🚌 ကားအင်ဂျင်မှာရှိတဲ့ တချို့ဆလင်ဒါတွေ Compression ကျနေပြီး ဆလင်ဒါ တစ်လုံး ကတော့ ထူးထူးခြားခြား Compression ဖိအား အလွန်မြင့်တက်နေတယ် ဆိုရင် တစ်ခုခုမှား နေလို့ပါ။ အင်ဂျင် Combustion Chamber ထဲမှာ ကာဗွန်ချိုးတွေ အများကြီး ကပ်နေတာ ကြောင့် Compression ဖိအား မြင့်တက်နေခြင်း ဖြစ်ပါတယ်။

🚨 ကာဗွန်ချိုး ဘာကြောင့်တက်တာလဲ။

️️🔧️️ ပလပ်မီးအား မကောင်းတာလည်း ပါတယ်။ သုံးတဲ့ဓာတ်ဆီက အရည်အသွေး ညံ့တာလည်း ပါတယ်။ အပြည့်အ၀ မီးလောင်တာမျိုး မဖြစ်ပေါ်တော့ ကာဗွန်တွေ ချိုးကပ်တာ တဖြည်းဖြည်း များလာတယ်။ ဒီလိုဖြစ်တာ အင်ဂျင်အတွက် မကောင်းတဲ့ လက္ခဏာပါ။ Compression ဖိအားဆိုတာ များတိုင်းလည်း မကောင်းဘူး။ နည်းနေရင်လည်း မကောင်းဘူး။ ရှိသင့်တဲ့ ဖိအားလောက်ပဲ ပုံမှန်ရှိနေသင့်တယ်။

️⚙️ Compression ဖိအား များတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်က အင်ဂျင် မီးခေါက်သံ Detonation ဖြစ်မယ်။ Preignition လို့ခေါ်တဲ့ ပလပ်က မီးပွား မပွင့်ခင် ကတည်းက ကြိုတင်ပြီး ပေါက်ကွဲမီးလောင်တာမျိုး ဖြစ်ပြီး အင်ဂျင်အတွင်း အပူချိန်မြင့်တက်လာမယ်။

️🔧 အင်ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ တုန်ခါကြမ်းတမ်း နေမယ်။ အင်ဂျင်ပါဝါ ကျဆင်းမယ်။ မီးခေါက်သံထွက်တာ၊ အင်ဂျင် အပူလွန်ကဲတာ တွေဖြစ်ရင် အင်ဂျင်အတွင်းပိုင်း ပစ္စည်းတွေ ပျက်စီး ထိခိုက် သွားနိုင်တယ်။

️⚙️ အင်ဂျင် Compression မြင့်တက်လွန်းနေတဲ့ ဆလင်ဒါထိပ်က မီးလောင်ပေါက်ကွဲခန်း ထဲမှာရှိတဲ့ ကာဗွန်ချိုးတွေ အရည်ပျော်သွားအောင် Decarbonizing ဓာတုဆေးရည် Chemical တွေသုံးပြီး ကုစား ရပါတယ်။ Head ဖွင့်ပြီး Head Service လုပ်ပေးဖို့ လိုပါတယ်။

🚨 အင်ဂျင် Compression Test ဘယ်လို စစ်ဆေးမလဲ။

️🔧 Compression Test လုပ်ဖို့ Compression Gauge တစ်စုံလိုပါတယ်။ အင်ဂျင် အေးနေရင် စစ်ဆေးမှု မမှန်နိုင်ပါဘူး။ အင်ဂျင်ပူနေတဲ့ အခြေအနေမှာ ရှိရပါတယ်။ အင်ဂျင်ဝိုင် ချောဆီလည်း ပူနေပြီး အင်ဂျင်အတွင်းပိုင်းမှာ လည်ပတ်နေတဲ့ အခြေအနေမျိုး ဖြစ်ရမယ်။ အင်ဂျင် Compression Test လုပ်နေစဉ် ဆလင်ဒါ တစ်လုံးချင်းကို ဖိအား Pressure ဘယ်လောက်ရှိသလဲ ဆိုတာ တိုင်းတာကြည့်ပြီး နှိုင်းယှဉ် စစ်ဆေးတာပါ။

️⚙️ အင်ဂျင်ဆလင်ဒါတိုင်းမှာ ရှိတဲ့ Plug များကို Plug Spanner နဲ့ ချွတ်ပါ။ Spark Plug တပ်ဆင်တဲ့ အပေါက်မှာပဲ Compression Gauge ကို တပ်ဆင်ပြီး အင်ဂျင် ကရိုင်းရှပ်ကို လှည့်ပေး ရပါတယ်။
➽ ဓာတ်ဆီ အင်ဂျင်ဖြစ်တာကြောင့် မီးအန္တရာယ် ကင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အင်ဂျင်မီးပေးစနစ်က မီးပွား မထွက်အောင် Ignition Fuse ကို ဖြုတ်ထားပါ။ Ignition Control Module ကို ၀ါယာ အဆက်အသွယ် ဖြတ်တောက်ထားပါ။
➽ Fuel System အလုပ် မလုပ်နိုင်အောင် ဓာတ်ဆီပန့် Fuel Pump ဖျူးစ်ကိုဖြုတ်ထားပါ။
➽ သရော်တယ်တံခါးကို အဆုံးဖွင့်ထားပါ။
➽ ကားသော့ဖွင့်ပြီး စက်နှိုးမော်တာဆွဲ၍ အင်ဂျင်ကို ဆယ်ပတ်ခန့် လည်အောင် လှည့်ပေးပါ။ ဆလင်ဒါ တစ်လုံးချင်းစီ၏ ဖိအား ပမာဏကို မှတ်သားထားပါ။
➽ ဆလင်ဒါတစ်လုံးချင်းစီ၏ Compression ဖိအား ကွာခြားမှုသည် (၁၀) ရာခိုင်နှုန်းထက် မပိုသင့်ပါ။
➽ Compression ဖိအားသည် အနည်းဆုံး 100 psi ရှိရပါမည်။ ထိုပမာဏထက် နည်းနေပါက အင်ဂျင် မလုံတော့ပါ။

️️🔧 တစ်ခါတစ်ရံ Compression ဖိအား လုံးဝ မပြသော အခြေအနေမျိုးနှင့် ကြုံရတတ်သည်။
အင်ဂျင် Compression လုံးဝ ကျဆင်းနေသော အကြောင်းရင်းများမှာ
➽ ပစ္စတင်ပျက်စီးနေခြင်း
➽ ဗားမလုံခြင်း၊ ဗားကောက်နေခြင်း၊ ဗားထောက်နေခြင်း။
➽ ဗားစပရိန်ကျိုးနေခြင်း။
➽ ပစ္စတင် Rain ကွင်းကျိုးနေခြင်း။
➽ ဂတ်စ်ကတ်မလုံခြင်း၊ ပျက်နေခြင်း။
➽ အင်ဂျင် Head Bolt ချောင်နေခြင်း။
➽ ကမ်ရှပ် Camshaft ပွန်းစားမှုများလွန်း၍ ဗားမပွင့်နိုင်ခြင်း။
➽ ဗား Seat အထိုင် လုံးဝမလုံတော့ခြင်း။

️⚙️ အင်ဂျင်တစ်လုံး Compression ကျခြင်း၊ မမှန်ခြင်း Compression Pressure မြင့်တက်နေခြင်း များသည် ချို့ယွင်းချက် အားနည်းချက် ရှိသော အခြေအနေများ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အင်ဂျင်တစ်လုံးရဲ့ လုပ်ဆောင်ချက်များ မမှန်တော့ဘဲ အင်ဂျင်ပါဝါ စွမ်းအားများသည် ကျဆင်း နေပါမည်။ Compression Test လုပ်ကြည့်မှသာ ချို့ယွင်း အားနည်းချက်များကို သိနိုင်ပြီး လိုအပ်တာတွေကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
ခရူဇာ (Auto-Trade)

Traveling is the best
08/01/2018

Traveling is the best

ဘက်ထရီ ကြိုးဖြုတ်မယ်ဆိုရင်......ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ပြုပြင်တော့မယ်ဆိုရင် ဘက်ထရီကြိုးကို အရင်ဖြုတ...
08/01/2018

ဘက်ထရီ ကြိုးဖြုတ်မယ်ဆိုရင်......

ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ပြုပြင်တော့မယ်ဆိုရင် ဘက်ထရီကြိုးကို အရင်ဖြုတ်ပါ။ ပါဝါဝင်းဒိုးဆိုရင် ကြိုးမဖြုတ်ခင် မှန်အရင်ချပါ။ ကားထဲမှာ သော့ကို မထားခဲ့ပါနဲ့။ ဘက်ထရီကြိုးဖြုတ်လိုက်တာနဲ့ ပါဝါဝင်းဒိုးတွေဟာ လော့ကျသွားတတ်ပါတယ်။
ဘက်ထရီကြိုးပြန်တပ်လိုက်လို့ လော့ပြန်ပွင့်တယ်ဆိုတာမရှိပါဘူး။ ဒါကြောင့်မို့ မှန်ချထားပါ၊ သော့ကိုယူထားပါ။ ဘက်ထရီကြိုးဖြုတ်တဲ့နေရာမှာ အမကြိုးကို (-) အရင်ဖြုတ်ရမလား အဖိုကြိုးကို (+) အရင်ဖြုတ်ရမလားဆိုတဲ့ အချက်ရှိပါတယ်။ အမကြိုးကို အရင်စဖြုတ်ပါ။ ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။ လျှပ်စစ်ဖြတ်သန်းစီးဆင်းပြီးတဲ့ အခါမှာတော့ အဖိုခေါင်းကနေလျှပ်စစ် ပြန်ဝင်ပါတယ်။
ဒီတော့ အဖိုကြိုးကို အရင်သွားဖြုတ်မိရင် အမကနေထွက်နေတဲ့ လျှပ်စီးတွေဟာ ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။ အဲ့ဒီအချိန်ကားကိုသွားထိမိရင် အကြောအချင်တွေပြေသွားပါလိမ့်မယ်၊ အခန့်မသင်ရင် သေပါသေနိုင်ပါတယ်။ ဒါကြောင့်မို့ အမကြိုးကိုသာအရင်စဖြုတ်ပါ။
ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ်ရပါတယ်။ ကြိုး ၂ ကြိုးလုံးကို သေချာစွာပြန်တပ်ပြီးလျှင် အပေါ်ကစွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။ ဘက်ထရီမကောင်းရင် အမြန်လဲပါ။ ဘက်ထရီမကောင်းလို့ တွန်းနိုးရတယ်ဆိုတာ ၁ ခါ ၂ ခါ ပဲကောင်းပါတယ်။ အကြိမ်ရေများလာရင် Timing Belt ချော်သွားတတ်ပါတယ်။ စရိတ်နဲနဲကုန်ရမယ့်နေရာမှာ များများမကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ

Credit KIA Myanmar

မလေးမစား မထီမဲ့မြင်ပြုလုပ်လျှင် ဒဏ်ငွေ ငါးသောင်းကျပ်******************************************သူငယ်ချင်းသေသေချာချာကြည့်ထ...
08/01/2018

မလေးမစား မထီမဲ့မြင်ပြုလုပ်လျှင် ဒဏ်ငွေ ငါးသောင်းကျပ်
******************************************
သူငယ်ချင်း
သေသေချာချာကြည့်ထား
မျက်လုံးထဲမှတ်မိနေအောင်ကြည့်ထား
အဲ့ဒါ အမြန်လမ်းမကြီးမှာ သတ်မှတ်အမြန်နှုန်းထက်
ပိုမောင်းတဲ့ယာဉ်တွေကို ဖမ်းတဲ့စက်.

ဘယ်နေရာတွေမှာ အဲ့ဒီစက်နဲ့ဖမ်းတာလဲမမေးနဲ့
နေရာတိုင်းမှာရှိတယ် ခုဆိုပိုများ
ဒီတော့ ကြိုက်တဲ့နေရာကနေဖမ်း ကိုကစည်းကမ်းထဲကဆိုအေးဆေး
လက်မလေးထောင်ပြသွားလိုက်.

အဲ့ သူ့ကိုမလေးမစား မထီမဲ့မြင်ပြုရင်တော့
ဒဏ်ငွေ ငါးသောင်းကျပ်
များတယ်လို့ဈေးမစစ်နဲ့
ကိုကသတ်မှတ်အမြန်နှုန်းအတိုင်းမောင်းနေတာဆို
အေးဆေး လက်မလေးထောင်ပြသွားလိုက်.

ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းလား
သိတယ် မေးမှာသိလို့ ပြန်ဖော်ပြလိုက်ပီလေ
သိစေချင်လို့ ဒီပုံလေးရအောင် အတော်ကြိုးစားထားရတာ
သူငယ်ချင်းတွေတော့ ပြန်ပြောပြပေး
များများသိ များများဆင်ခြင်
အဲ့ဒီရည်ရွယ်ချက်မို့ လက်ဆင့်ကမ်းဖို့ လုပ်လိုက်ကြစို့။

အမြန်လမ်းမပေါ် မည်သည့်ကားသည် မည်သည့်အမြန်နှုန်းဖြင့်မောင်းရမည်ကိုပြန်လည်သတိပြုရန်
******************************************
ငါ့အကိုရေ
Telematic စနစ် တပ်ဆင်ထားတဲ့
ငါ့အကိုလိုက်ပါစီးနှင်းတဲ့ ခရီးသည်တင်ယာဉ်များဟာ တစ်နာရီလျှင် ၉၀ ကီလိုမီတာထက် ပိုမောင်းနေလို့ရှိရင်
အားမနာနဲ့ သတိပေးလိုက်.

ဦးလေးရေ
အမြန်လမ်းမကြီးပေါ်ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားတဲ့ ကုန်တင်ယာဉ် ဝန်ပေါ့ ( ပစ်ကပ်၊ Single Cab ၊ လိုက်ထရပ်၊ တင်ဆောင်နိုင်အား(၃)တန်နှင့်(၃)တန်အောက် ဗပ်န်နှင့်ထရပ်) မော်တော်ယာဉ်များဟာ တစ်နာရီလျှင် (၆၀) ကီလိုမီတာထက် ပိုမမောင်းရဘူးနော် သတိရှိဗျ.

ငါ့ညီ
အမြန်လမ်းမပေါ်ဖြတ်သန်းမောင်းနှင်ခွင်ပြုထားသော ကုန်တင်ယာဉ် ဝန်လေး ( တင်အား (၃)တန်နှင့်အထက် ဗင်န်နှင့်ထရပ်) မော်တော်ယာဉ်များဟာ တစ်နာရီလျှင် (၆၀) ကီလိုမီတာထက် ပိုမမောင်းဘူး
ပိုမောင်းရင် ငါးသောင်းနော် ငါ့ညီ.

ငါ့ညီမရေ ငါ့ညီမကားလိုမျိုး
လူစီးယာဉ်များ ( ဆလွန်း၊ စတေရှင်ဝက်ဂွန်း၊ Double Cab) များဟာ တစ်နာရီလျှင် (၁၀၀) ကီလိုမီတာထက် ပိုမမောင်းရ လို့ သတ်မှတ်ထားတယ်နော်
သိတယ်မို့လား ငါးသောင်းးး

fri တိုရေ
အခုပြောပြခဲ့တဲ့ အမြန်နှုန်သတ်မှတ်ချက်တွေကို လိုက်နာရမယ်နော်
ပုံထဲကပါတဲ့စက်တွေနဲ့ နေရာတိုင်းမှာ အမြန်နှုန်းတိုင်းတာစစ်ဆေးနေတာ ဖောက်ဖျက်ကျူးလွန်တာစစ်ဆေးတွေ့ရှိရင်တော့ အန္တရယ်ကင်းခဲ့သည့်တိုင်း
သက်မှတ်ဒဏ်ငွေတော့ ဆောင်းရမှာနော်.

Credit
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
7.1.2018

Address

431, 4Floor (Middle) , Kanner Road, Kyeemyindine Tsp
Yangon
11101

Website

Alerts

Be the first to know and let us send you an email when Doe - Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby travel agencies


Other Tours & Sightseeing in Yangon

Show All