Shwe Myanmar San Travels & Tours Co., Ltd

Shwe Myanmar San Travels & Tours Co., Ltd တသက်တာ အမှတ်တရတွေနဲ့ ပျော်ရွှင်စေရန?

တန်မှတန် စားရိတ်ငြိမ်း(၃၅၀၀၀)Hot Line  - 09-5177513, 09-73136020, 09-254591153အထူးလျော့ဈေး Discount များပေးမယ့် မေလအတွင...
18/05/2016

တန်မှတန် စားရိတ်ငြိမ်း(၃၅၀၀၀)
Hot Line - 09-5177513, 09-73136020, 09-254591153

အထူးလျော့ဈေး Discount များပေးမယ့် မေလအတွင်း ကဆုန်လပြည့်နေ့
မော်လမြိုင်၊ တောင်ငူရွှေဆံတော်ဘုရားပွဲနှင့် ဆဒ္ဒန်ဂူ ခရီးစဉ်များကို စတင်
ပို့ဆောင်ပေးနေပါပြီ....................................................................................

* ၁၀ ဦးလိုက်ပါလျှင် နောက်ထပ်တစ်ဦး အခမဲ့ပေးမှာဖြစ်ပြီး ၅ ဦး လိုက်လျှင်
နောက်ထပ်တစ်ဦးအား ၅၀% သာ ကျသင့်မှာ ဖြစ်ပါတယ်။

* ဒါ့အပြင် မေလခရီးစဉ်အတွင်း အရင်ဦးဆုံး စာရင်းပေးသွင်းသူ
အယောက် (၅၀)အား ကံစမ်းမဲများဖောက်ပေးသွားဦးမှာနော်။

* ပုံမှန်ခရီးစဉ်များအပြင် ရုံးပိတ်ရက် စနေ့နေ့ညထွက် တနင်္ဂနွေနေ့ည ရန်ကုန်ပြန်ရောက်မယ့် ခရီးစဉ်များလည်း စီစဉ်ပေးနေပါတယ်။ အဖွဲ့လိုက် သီးသီးသန့်သန့်သွားချင်သူတွေကိုလည်း စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်။

ခရီးစဉ်(၁) - ခမ်းနားစည်ကားတဲ့ တောင်ငူရွှေဆံတော်ဘုရားပွဲ -
နော်ဘူဘောတောင် - ပသိစမ်းချောင်း -သံတောင်-
ဖိုးကျားဆင်စခန်း

ခရီးစဉ်(၂) - ဆဒ္ဒန်ဂူ-ကော့ကသောင်ဂူ-ရွှေရင်မျှော်-ကော့ကွန်းဂူ
-ဇွဲကပင်-ကျောက်ကလပ်-ဘုရင်ဂူညီနောင်(ရေပူစမ်း)

ခရီးစဉ်(၃) - ၀င်းစိန်တောရ -ကျိုက်ခမီ - စက်စဲ - သေမင်းတမန်ပြတိုက် -
ကျိုက်သန်လန်စေတီတော် နဲ့ အဓိဋ္ဌာန်အောင် ဦးဇိနစေတီတော်
-----------------------------------------------------------

ပါဝင်သော ၀န်ဆောင်မှုများ
* မနက်စာ၊ နေ့လည်စာ၊ အဆာပြေမုန့်
* ရေသန့်ဘူး၊ စနိုးတာဝါ၊ သွားတိုက်ဆေး/တံ
* အဆင့်မြင့် Air-con Express ကား

ကံစမ်းမဲအစီစဉ်များပါလို့ Luck Draw လက်မှတ်ရရှိနိုင်စေရန်အတွက် အမြန်စာရင်းပေးထားမှ
စိတ်ချရမယ်နော်

အသေးစိတ် စုံစမ်းဆက်သွယ်ရန် - 01-398117, 01-398120, 01-392087
Hot Line - 09-5177513, 09-73136020, 09-254591153

တန်မှတန် စားရိတ်ငြိမ်း(၃၅၀၀၀)အထူးလျော့ဈေး Discount များပေးမယ့် မေလအတွင်း ရုံးပိတ်ရက် ဘားအံ ကျုံထော်ရေတံခွန်နှင့် ဆဒ္ဒန်ဂ...
05/05/2016

တန်မှတန် စားရိတ်ငြိမ်း(၃၅၀၀၀)

အထူးလျော့ဈေး Discount များပေးမယ့် မေလအတွင်း ရုံးပိတ်ရက်
ဘားအံ ကျုံထော်ရေတံခွန်နှင့် ဆဒ္ဒန်ဂူ ခရီးစဉ်များကို စတင်
ပို့ဆောင်ပေးနေပါပြီ....................................................................................

* ၁၀ ဦးလိုက်ပါလျှင် နောက်ထပ်တစ်ဦး အခမဲ့ပေးမှာဖြစ်ပြီး ၅ ဦး လိုက်လျှင်
နောက်ထပ်တစ်ဦးအား ၅၀% သာ ကျသင့်မှာ ဖြစ်ပါတယ်။

* ဒါ့အပြင် မေလခရီးစဉ်အတွင်း အရင်ဦးဆုံး စာရင်းပေးသွင်းသူ
အယောက် (၅၀)အား ကံစမ်းမဲများဖောက်ပေးသွားဦးမှာနော်။

* ပုံမှန်ခရီးစဉ်များအပြင် ရုံးပိတ်ရက် စနေ့နေ့ညထွက် တနင်္ဂနွေနေ့ည ရန်ကုန်ပြန်ရောက်မယ့် ခရီးစဉ်များလည်း စီစဉ်ပေးနေပါတယ်။ အဖွဲ့လိုက် သီးသီးသန့်သန့်သွားချင်သူတွေကိုလည်း စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်။

ခရီးစဉ်(၁) - ကျုံထော်ရေတံခွန်-ရွှေရင်မျှော်-ကော့ကွန်းဂူ-ကျောက်ကလပ်-
ဘုရင်ဂူညီနောင်(ရေပူစမ်း)

ခရီးစဉ်(၂) - ဆဒ္ဒန်ဂူ-ကော့ကသောင်ဂူ-ရွှေရင်မျှော်-ကော့ကွန်းဂူ
-ဇွဲကပင်-ကျောက်ကလပ်-ဘုရင်ဂူညီနောင်(ရေပူစမ်း)
-----------------------------------------------------------

ပါဝင်သော ၀န်ဆောင်မှုများ
* မနက်စာ၊ နေ့လည်စာ၊ အဆာပြေမုန့်
* ရေသန့်ဘူး၊ စနိုးတာဝါ၊ သွားတိုက်ဆေး/တံ
* အဆင့်မြင့် Air-con Express ကား

ကံစမ်းမဲအစီစဉ်များပါလို့ Luck Draw လက်မှတ်ရရှိနိုင်စေရန်အတွက် အမြန်စာရင်းပေးထားမှ
စိတ်ချရမယ်နော်

အသေးစိတ် စုံစမ်းဆက်သွယ်ရန် - 01-398117, 01-398120, 01-392087
Hot Line - 09-5177513, 09-73136020, 09-254591153

၁၃၇၈ ခုနှစ် မြန်မာနှစ်သစ်မှာ  ရွှေမြန်မာစံ၏ မိတ်ဟောင်း မိတ်သစ်များနှင့်  မြန်မာပြည်သူ၊ ပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်း...
17/04/2016

၁၃၇၈ ခုနှစ် မြန်မာနှစ်သစ်မှာ ရွှေမြန်မာစံ၏ မိတ်ဟောင်း မိတ်သစ်များနှင့် မြန်မာပြည်သူ၊ ပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။

သင်္ကြန်ပိတ်ရက်တွေမှာ ရေကစားကြပြီးလို့ ကျန်ရုံးပိတ်ရက်အချိန်လေးတွေကို ရှေးဟောင်းဘုရားတွေလည်းဖူးရင်း ကမ်းခြေမှာ အပန်းဖြေချင...
06/04/2016

သင်္ကြန်ပိတ်ရက်တွေမှာ ရေကစားကြပြီးလို့ ကျန်ရုံးပိတ်ရက်အချိန်လေးတွေကို ရှေးဟောင်းဘုရားတွေလည်းဖူးရင်း ကမ်းခြေမှာ အပန်းဖြေချင်ကြသူတွေ
အတွက် နှစ်ဆန်းတစ်ရက်နေ့ညမှာ ထွက်မည့် ထားဝယ်ရှင်ကိုးရှင်-မောင်းမကန်-မျှော်ရစ် (၃)ညအိပ်(၄)ရက်ခရီးစဉ်လေးစီစဉ်ထားပါတယ်။

လူကြီးမင်းတို့ ရုံးပြန်ဖွင့်ရက်အမီ ရန်ကုန်ပြန်ရောက်မှာပါ။ ခရီးစဉ်တောက်လျောက် မနက်စာ၊ နေ့လည်စာ၊ ညစာနှင့် တောင်တက်ကားခများအပြီးအစီးဖြစ်ပြီး (3)Stars ဟိုတယ်မှာ တည်းခိုမှာဖြစ်ပါတယ်။

ဆက်သွယ်စာရင်းပေးရန်
ဖုန်း-၀၁-၃၉၈၁၂၀၊ ၀၁-၃၉၈၁၁၇၊ ၀၁-၃၉၂၀၈၇၊ ၀၉-၄၂၀၀၃၀၁၉၇၊ ၀၉-၅၁၇၇၅၁၃၊ ၀၉-၇၃၁၃၆၀၂၀

ရွှေမြန်မာစံ၏ ဧပြီလ(၁)ရက်နေ့ ဂေါ်ရန်ဂျီကျွန်းခရီးစဉ် ပျော်စရာပုံရိပ်များ
06/04/2016

ရွှေမြန်မာစံ၏ ဧပြီလ(၁)ရက်နေ့ ဂေါ်ရန်ဂျီကျွန်းခရီးစဉ် ပျော်စရာပုံရိပ်များ

ဇွဲကပင်တောင်နံရံရှိ ကရင်မောင်နှံ သမိုင်း******************************************************ကရင်မောင်နှမပုံဟာ ဇွဲကပင်ေ...
27/03/2016

ဇွဲကပင်တောင်နံရံရှိ ကရင်မောင်နှံ သမိုင်း
******************************************************

ကရင်မောင်နှမပုံဟာ ဇွဲကပင်တောင်ကမ်းပါးစောင်းတွင် တည်ရှိနေသောကြောင့် လူတိုင်းတွေ့မြင်နိုင်၏။ ထို့ကြောင့်သူတို့အကြောင်းကို သိလိုကြ၏။ မိမိတို့သည်လည်း မကြာမကြာ အမေးခံရ၏။ ဒီကလည်းအရိုးခံအတိုင်းမသိဘူးလို့ဖြေလိုက်ရ၏။ တဖန် ပြည်နယ်ကျက်သရေဆောင် ဇွဲကပင်တောင်ခရီးသည် ဆောင်းပါးကို ရေးဖြစ်ပြန်၏။ ဤတွင်လည်း ကရင်မောင်နှမအကြောင်း ပါလာနေ၏။ ဤတွင် ကရင်မောင်နှမအကြောင်း မဖြစ်မနေရေးရန် ဆုံးဖြတ်ထား၏။ ထို့ကြောင့် တန်ဖိုးရှိနိုင်မည့် စာအုပ်စာတမ်းများကို လိုက်လံရှာဖွေရတော့ ကံကောင်းထောက်မ
၍ မာန်နဲဦးစန္ဒန ( ဘားအံ ) ရေးသားထားသည့် ဇွဲကပင်ဘုရားသမိုင်းတွင် အပြည့်အစုံပါရှိ၏။ သူတို့အကြောင်းများသည် ရင်နင့်ဖွယ်ရာများနှင့် လွမ်းမောဖွယ်ရာများ သားသမီးများနှင့်လင်တော်မောင်အကြား သံယောဇဉ်မီး တောက်လောင်ပူလောင်ပုံများကို စိတ်ဝင်တစားကြေကွဲဖွယ်ရာ ဒဏ္ဍာရီပမာ ရေးသားဖော်ကျူးသီကုံးထားသည်ကို ဤသို့တွေ့ရှိရပါသည်။
ဇွဲကပင်တောင်ပေါ်သို့ အနောက်ဘက်တော်ပုံလမ်းမှ တက်လျှင် အထက်ရေတံခွန် စခန်းအလွန်၌ စပ်စေ့ဖိုးနှင့်နောင်မူးဖာန်တို့ စံပျော်ရာ ဓာတ်နန်းရှင် မောင်နှမစခန်းသို့ ရောက်သည်။ ယခုတွေ့မြင်ရသော ဓာတ်နန်းစခန်းမှာ လွန်ခဲ့သောနှစ်ပေါင်း ငါးဆယ်ခန့်က နန်းအိမ်ဆိုင်ဆရာတော် ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင်ဆရာတော် ဦးကဝိဓဇက ဘုရားဖူးများ အပန်းဖြေစခန်းလည်းဖြစ်၊ သတိတရအောက်မေ့ရာလည်းဖြစ်အောင် ထပ်မံမွမ်းမံခဲ့ခြင်း ဖြစ်ပါသည်။
လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ကြည်နူးပျော်ရွှင်ဖွယ်ရာတို့ ရောပြွမ်းနေသော ဒေသခံတိုင်းရင်းသားများ သိနေကြသည့် ဓာတ်နန်းရှင် မောင်နှမတို့ အဖြစ်ကား ကရုဏာသက်စရာ ကောင်းလှပေတော့သည်။

ိ
အထက်ရေတံခွန်စခန်း တောင်
စောင်းရှိတောင်ယာခင်းထဲတွင် သန်မာထွားကြိုင်းသော အမျိုးသားကြီးတစ်ဦးနှင့် လူမမည်ကလေးငယ်လေး နှစ်ယောက် နေပူကိုအံတုကာ သီချင်းတကြော်ကြော်ဖြင့် တောင်ယာတွင် မြက်နှုတ်နေကြသည်။ အေးမြသောလေနှင့် စိမ်းစိုသောသီးအပွင့်များ ကြားဝယ် မပီကလာပီကလာ သီချင်းသံလေးက ကြည်နူးစရာထက် သနားစရာပင် ကောင်းနေပေသည်။ သူတို့၏ တက်ကြွနေသော ဟန်ပန်များကလည်း ရင်တွင်းအပျော်ကို ဖုံးကွယ်၍မရနိုင်။
မပျော်ခံနိုင်ရိုးလား။ စပ်ဖာသန့်တစ်ယောက် မကြာမီမှာပင် ရှင်လောင်းအဖေဖြစ်တော့မည်။ ရှင်သာမဏေ၏ ဖခင်ဖြစ်ရဦးတော့မည်။ ဇနီးဖြစ်သူ နော်ဖော့ယာသည်လည်း မိမိကဲ့သို့ပင် ပျော်ရွှင်ကြည်နူးရဦးမည်။ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး သာမဏေလောင်းဖြစ်ဖို့ စိတ်တူကိုယ်တူ အလှူကြီးပေးကြရတော့မည်။
စပ်ဖာသန့်နှင့်နော်ဖော့ယာတို့ ရှင်ပြုပွဲကြီးကို ကူညီဖို့ ရွာကလည်း မျှော်နေကြပြီ။ ထို့ကြောင့်လည်း ယခုနှစ်မှာ ပို၍ကြိုးစားကြရင်း သားလေးစပ်စေ့ဖိုးနှင့် သမီးလေးနော်မူးဖာန်တို့ခမျာလည်း ကြည်နူးစိတ်ဖြင့် အဖေသွားရာနောက်က တကောက်ကောက်လိုက်ရင်း နိုင်သ၍ ကူညီနေကြရှာသည်။ ရခဲသောလူ့ဘဝမှာ ပြုနိုင်ခဲသည့် သာသနာ့အမွေဆက်ခံခြင်းအမှုကို စပ်ဖာသန့်နှင့်နော်ဖော့ယာတို့ ပြုကြရတော့မည်။
" အဖေ ညီမလေးက ဆာလှပြီတဲ့ "
မြင့်တက်လာသော နေပူကို သမီးလေးနော်မူးဖာန်က ကြံ့ကြံ့ခံနိုင်ပုံမရရှာ။ အစ်ကိုဖြစ်သူကိုပူဆာသဖြင့် အစ်ကိုကအဖေ့ကို လှမ်းပြောလိုက်သည်။
" အေးလေ ထမင်းစားကြတာပေါ့။ သွားကြသွားကြ တဲထဲကိုသွားကြ။
မောင်နှမနှစ်ယောက်က ယာတဲဆီပြေးကာ တက်ကြသည်။ ထမင်းထုပ်တွေ ဖြေပြီးပြင်ရင်း အဖေ့ကိုစောင့်ကြသည်။ ခရုပီလော ရောနှောဖုံဖုံ သီးရွက်စုံဟင်းတို့က ဆာလောင်မှုကို အားဖြည့်နေကြသည်။
" ညီမလေးကလဲကွာ အဖေ့ကိုစောင့်ဦးမှပေါ့။ "
အစ်ကိုဖြစ်သူ သတိပေးနေသည့်ကြားမှ နှမငယ်လေးမှာ ဂနာမငြိမ်ဖြစ်နေသည်။ အဖေကတဲပေါ်သို့တက်လာပြီး သားနှင့်သမီးကို ပြုံးရွှင်စွာကြည့်သည်။ ထမင်းဟင်းတွေကိုကြည့်သည်။ ပြီးတော့သောက်ရေအိုးဖုံးကို ဖွင့်သည်။
" ဟာ သားနဲ့သမီး ခဏနေဦး၊ အဖေရေသွားခပ်ဦးမယ်၊ တို့စရာမြှုပ်စရာလေးလဲ ရှာရင်းပေါ့၊ ခဏနော် မကြာပါဘူးကွယ်။ "
ပြောပြောဆိုဆိုဖြင့် ရေအိုးလေးကိုဆွဲကာ စမ်းချောင်းဆီသို့ အဖေထွက်သွာ.းသည်။ ဆာလောင်နေသောနှမလေးကို အစ်ကိုကနှစ်သိမ့်ရင်း ကျန်ရစ်ခဲ့သည်။ ဖခင်ထွက်သွား၍ မကြာမီမှာပင် တောင်ကြားဆီမှ မပီမသခေါ်သံလိုလိုကို ကြားမိကြသည်။ အသံမှာ တုန်ရီလှိုက်လှဲနေသည်မို့ တွေးရကျပ်သွား၏။ ဝေဒနာခံစားနေရသူ၏ ညည်းညူသံလိုလို။
" သားတို့သမီးတို့ရေ "
ခေါ်သံကား ဖခင်အသံတည်း။ သဲကွဲသေချာသွားပြီဆိုတော့ ရုတ်တရက်ဝင်လာသော ပူပန်မှုစိတ်နှင့်အတူ ဖခင်ရှိရာသို့ မောင်နှမနှစ်ယောက် ဝုန်းကနဲခုန်ဆင်းကာ အူယားဖားယား ပြေးလာခဲ့ကြသည်။ ဆာလောင်စိတ်က ပျောက်သွား၏။ တောင်ယာတဲနှင့် မလှမ်းမကမ်းရှိ ရေခပ်နေကြစမ်းချောင်းအနီးတွင် လဲကျနေသောဖခင်ကို တွေ့လိုက်ကြရသည်။ စိုးရိမ်ကဲသော ရင်ကိုဖိ၍ ဖခင်ကိုပြေးဖွေ့ကြသည်။ အော်လို့လည်းမကြား ခေါ်လို့လည်းမထူးတော့။ လည်ပင်းတွင်သွေးတွေက မြင်မကောင်းအောင် စီးနေကြသည်။ အခြေအနေကိုကြည့်ရုံနှင့် မောင်နှမနှစ်ယောက် သိလိုက်ကြသည်။ အဖေ ကျားကိုက်ခံလိုက်ရချေပြီ။ မချိတင်ကဲဝမ်းနည်းစွာ အော်ဟစ်ငိုယိုသော အသံလေးများ မြိုင်ယံမှာ ပဲ့တင်ထပ်ခဲ့ချေပြီ။
နောက်ဆုံးတွင် ဖခင်အလောင်းကို ထားခဲ့၍ ရွာထဲက အိမ်မှာကျန်ရစ်သော မိခင်ဆီ ဒရောသောပါး ပြေးသွားပြီး အကြောင်းစုံကို ပြောပြကြရတော့သည်။
မိခင်ဖြစ်သူ နော်ဖော့ယာခမျာ နားရှိလို့သာကြားရသည်၊ သိပ်မယုံချင်။ သို့သော် ရှိုက်ကြီးတငင်ပြောနေသော သားနှင့်သမီးကို ကြည့်ပြီး ယုံခဲ့ရတော့သည်။ အားကိုးအားထားပြုရာ အိမ်ဦးသခင်ချစ်လင်သည် သံယောဇဉ်ပန်းကလေးနှစ်ပွင့်ကို တင့်တယ်အောင်ပင် လုပ်မပေးသွားခဲ့တော့ဘဲ လောကအလယ်မှာ ထားရစ်ခဲ့ချေပြီ။
နှလုံးသားတို့ ကြေမွမတတ် ခံစားရသည်။ အသိစိတ်တွေ လွင့်ပါးပျောက်ပျက် ကုန်ကြပြီလား။ သားသမီးတို့ကို သာသနာ့ဘောင်မှာ သွတ်သွင်းဖို့ ကြိုးပမ်းနေတဲ့ သူတော်ကောင်းကြီးကို သမ္မာဒေဝနတ်အပေါင်းက ကယ်ရကောင်းမှန်း မသိတော့ဘူးတဲ့လား။ ဘယ်လိုနတ်ဆိုးမိစ္ဆာကများ ရန်ငြိုးစွတ်ဖက် ရက်စက်လိုက်ပါလိမ့်။
မိခင်နော်ဖော့ယာတစ်ယောက် သတိပျောက်ချုပ် ကျောက်ရုပ်ဘဝမှာ ရင်နာကြေကွဲ မျက်ရည်ရွှဲပြီး မြေမှာဗုန်းဗုန်း လဲသွားလေတော့သည်။
လူမမယ်မောင်နှမ နှစ်ယောက်၏ငိုသံကား တစ်ရွာလုံးကို လွှမ်းခြုံသွားခဲ့သည်။

🌺. 🌺. 🌺. 🌺. 🌺. 🌺

လောကတံထွာဓမ္မတာ၊ သမုဒ္ဒရာ အူအင်္ဂါအတွက် သူကောငါပါ အတူတူ ရုန်းကန်နေကြရချိန်တွင် အငှားပူကို အများသူငှာက ကြာရှည်စွာ မျှယူနိုင်ပါ့မလား။ ဒီလိုယူလို့ကော အပူက ငြိမ်းအေးရိုးထုံးစံ ရှိပါသလား။
အဖေမရှိသော အိမ်ထောင်တစ်ခုမှာ စနစ်ကျနမှု၊ ဝေဆာစိုပြည်မှုဆိုတာ မြဲမြံရိုးထုံးစံကလည်း မရှိနိုင်။ ဖြစ်စတုန်းကတော့ သောကပူ၊ မောဟပူတွေကြောင့် ချစ်လင်ထားခဲ့သည့် သံယောဇဉ်လေးတွေနဲ့ တောင်ယာစိုက်ခင်းက ဆက်လက်ဝေဆာအောင် ကြိုးပမ်းရင်း လောကဓံကို မတုန်မလှုပ် ရင်ဆိုင်လိုက်မည်ဟု နော်ဖော့ယာ သတ္တိတွေမွေးခဲ့သည်။ လင်ကို အလွမ်းဖြေစရာ သားသမီးတွေ ရှိသည်ဘဲဟု ဖြေခဲ့ နေခဲ့သည်။ သားကိုသခင်၊ လင်ကိုဘုရား ပမာထားပြီး သမီးကို အတူ ကူဖော်လောင်ဖက် လက်ရုံးတစ်ဖက်ဟု သွေးနားထင်ရောက်ခဲ့သည်။ တကယ်တမ်းရင်ဆိုင်လာရပြီဆိုတော့ သွားလေသူချစ်လင်၏ တာဝန်တွေ၊ တန်ဖိုးတွေ၊ အကျိုးကျေးဇူးတွေကို မိမိအနေဖြင့် အကုန်အစင် မကျေပွန်နိုင်ကြောင်း ဖြည်းဖြည်းချင်း သိလာခဲ့ရသည်။
အမိမဲ့သား ရေနည်းငါးပမာ ပြုကြလျှင် အဖမဲ့သားတွေအဖို့ ရေခန်းခြောက်သည့် အဏ္ဏဝါမှာ ငါးသတ္တဝါ လာဖြစ်ရသလိုပါပဲ ဟုပင် ပြောရလိမ့်မည် ထင်သည်။ အဖေမရှိတော့ ဝမ်းချောင်ဆိုသော စကားနှင့်အညီ အချိန်အခါအမီ ဝလင်အောင်ပင် မနည်းကြိုးပမ်းနေရသော အဖြစ်သို့ ရောက်မှန်းမသိ ရောက်လာခဲ့ရသည်။ သူလိုငါလို ဘဝတူ တောင်ယာသမားချင်း ကလည်း တောင်မင်းမြောက်မင်း မကယ်နိုင်သည့် အဖြစ်မျိုး။ နောက်ဆုံးတွင် တစ်ပင်လဲမူ တစ်ပင်ထူ လိုက်ရတော့သည် ပြောပါတော့။
အကွပ်မဲ့ကြမ်းလို ပရမ်းပတာဖြစ်နေသော မုဆိုးမနော်ဖော့ယာတို့ သားအမိကို ဘဝဆိုးမှ လွတ်မြောက်စေလိုပါသည် ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊ မိမိဘဝကို သနားကရုဏာ သက်လှပါသည်၊ ကလေးတွေကိုလည်း ရင်သွေးအရင်းအချာများနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်းသား မုဆိုးဖိုဖြစ်သူ စပ်ဖာ့ပျောက်နှင့် နောက်တစ်ပင်ထူလိုက်ရတော့သည်။ မစွန်းရင်းကလည်းရှိလေတော့ ကန်စွန်းခင်းအငြိတွင် သောက်မိသည့် ကာမဂုဏ်ပင်လယ်ထဲမှာ နော်ဖော့ယာ လဲတော့သည်ပဲပေါ့။
ပျိုမြစ်မှုကို တပ်မက်သောရာဂက ဖုံးကွယ်ထားသဖြင့် အစပိုင်းတွင် အဆင်ပြေချောမွေ့သယောင် ရှိသော်လည်း နောက်ပိုင်းတွင် စရိုက်မတူအလိုက်မတူ မကြည်ဖြူမညီမျှ နှိုင်းညှိလို့မရတာတွေက တစ်စတစ်စများပြားလာသည်။
စင်စစ် ပထွေးသည်ပထွေးသာဖြစ်သည် မဟုတ်ပါလော။ အိမ်ထောင်ပျက် ပထွေးဆိုတော့ သူကလည်း သူ့အတွေးသူ့အကြံနှင့် ဟန်ကျမလား၊ စံရမလားစဉ်းစားပြီး ခြေလှမ်းမှားကို စောင့်ခဲ့သူမှန်း ဇာတိရုပ်ကပြလာသည်။ ရိုးတော့မယောင်နှင့် ဆန်းလာသည်။ ပျိုးတော့မယောင်နှင့် ဖမ်းလာသည်။ ဟုတ်မလိုလိုနှင့် ယုတ်လာပုပ်လာသည်။
ထိုအခါ အပြစ်မဲ့သော စပ်စေ့ဖိုးနှင့် နော်မူးဖာန်တို့ လူမမည်မောင်နှမနှစ်ယောက်၏ ဖြူစင်သော နှလုံးသားလေးတွေမှာ စိုးရွံ့ ထိတ်လန့်ခြင်း၊ ပူပင်သောက ဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာသည်။ ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ ဆဲဆိုသံ ငေါက်ငန်းမာန်မဲသံဖြင့် ဆူညံလာသည်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်ကမဆင်းတော့။ ပထွေး၏ဒေါသနှင့် ယုတ်မာသော ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။
ပထွေးစိတ်တိုင်းကျအောင် ဘယ်လောက်ပင် အနေအထိုင် ဆင်ခြင်ကြသော်လည်း အချစ်မဝသူအဖို့ ပြုသမျှအပြစ်သာ မြင်နေမည်မှာ သေချာလှပါသည်။ ဖခင်မဲ့ မောင်နှမနှစ်ယောက် ဘဝကား ကယ်သူဝေး၍ ပူဆွေးခြင်းတို့ဖြင့်သာ နေ့ရက်တို့ကုန်လွန်ခဲ့ကြရှာသည်။
" အရွယ်ရောက်နေကြလျှက်နဲ့ အလုပ်မရှိအကိုင်မရှိ အမြိုင့်သား ထိုင်စားနေလို့ မဖြစ်သေးဘူး နော်ဖော့ယာ။ မင်း သားသမီးတွေကို နွားကျောင်း၊ စပါးထောင်းတော့ ခိုင်းဦး။ ငါကဘဲ သင်းတို့တစ်သက် လုပ်ကျွေးနေရတော့မှာလား။ "
အစတုန်းကတော့ ချစ်လှချည်ရဲ့၊သနားလှချည်ရဲ့၊ မကိုချစ်ရင် ဥကိုလည်းမပစ်မတမ်း ချစ်စခန်းမှာ အတူတူနေနိုင်ပါသည်တဲ့။ ရမ္မက်နှောပြီး ကျောကောင်းရုံ ပြောခဲ့တဲ့စကား။ ယခုတော့ နော်ဖော့ယာ မှားခဲ့ချေပြီ။ စပ်ဖာ့ပျောက်ဆိုတဲ့ပထွေး နောက်လင်မေ့ပင်စိုက်လို့ မေ့လိုက်ပြီတဲ့လား။ ပျားရည်ဆမ်းတဲ့ အဆိပ်ပန်းကို စွဲလန်းတပ်မက်ပြီး ဘဝသုံးခုကို ပုံအပ်မိခဲ့သမျှ ယခုကျမှ နောင်တရလို့ ဘာမျှထူးခြားမလာတော့။
" ကလေးတွေက ငယ်ပါသေးတယ်ရှင်......ခိုင်းလို့ဖြစ်ပါ့မလား။ "
လင်ဖြစ်သူကို အကြိုက်ပေးပြီး မျက်နှာချိုသွေးပေမင့် အရာမထင်တော့။
" လူတိုင်းဒီလောက်တော့လုပ်ကြရတာပေါ့ဟာ၊ နင့်သွေးမှ သွေးမှတ်နေသလား၊ အေး မလုပ်ရင်မစားနဲ့၊ ငါကနွားမဟုတ်ဘူးနော်..."
အလျံရဲရဲ ပူပြင်းလောင်မြိုက်နေသော သံတုံးသံခဲကို ရေစက်ရေပေါက်ကလေး ဆွတ်ဖျန်းပေးလို့ အေးသွားရိုးထုံးစံမရှိပါ။ နောက်ဆုံးတွင် နော်ဖော့ယာခမျာ ဥမမယ်အရွယ်မရောက် သားသမီးနှစ်ယောက်ကို တောအုံချောက်ကြား နွားကျောင်းတစ်ဖုံ၊ စပါးထောင်းတစ်လှည့်၊ မခိုင်းရက်ခိုင်းရက်ဖြင့် ခိုင်းခဲ့ရရှာလေတော့သည်။ ကိုယ့်မီးကိုယ်ဆောင် ကိုယ့်ပြန်လောင်သည့်ဘဝ၊ တည်မိသည့်စေတီထိပ်ဖျား လင်းတနားချင်လဲ နားပေတော့ဟု စိတ်နှလုံးဒုံးဒုံးချ၍ ကံကိုပဲ ရိုးမယ်ဖွဲ့ရချေတော့မည်။

🌷. 🌷. 🌷. 🌷. 🌷

" ဖေဖေ့သားလေးနဲ့ သမီးလေးရေ လာကြပါဦးကွယ်..."
အချိန်နှင့်အမျှ ဆူပူကြိမ်းမောင်း မာန်မဲနေသော ပထွေးဖြစ်သူထံမှ လုံးဝမမျှော်လင့်သော သာယာညင်းပျောင်းမှုကို ကြားလိုက်ရတော့ မောင်နှမနှစ်ယောက် အိပ်မက်လေလားဟုပင် အထင်ရောက်လိုက်မိသည်။ အလွန်အင်မတန်မြင်ရခဲသော အပြုံးကိုလည်း တွေ့နေရတော့ အံ့အားတသင့် ဖြစ်ကြရသည်။ အိမ်မှာ အမေကမရှိ၊ မောင်နှမနှစ်ယောက် ခပ်ရိုးရိုးအနေအထားဖြင့် ပထွေးအပါးသို့ ကပ်သွားမိကြသည်။
" ကနေ့ အဖေနဲ့ တောင်ယာထဲကိုလိုက်ပြီး ကူလှည့်ကြပါဦးကွယ်၊ နေလို့မကောင်း ဖြစ်နေလို့ပါ..."
ချိုသာသိမ်မွေ့သော လေသံနှင့်ဟန်ပန်တို့ကြောင့် မောင်နှမနှစ်ယောက် အကြောက်ပြေကာ လိုက်ပါသွားခဲ့ကြသည်။
ကလေးနှစ်ယောက်ကို ပထွေးဖြစ်သူ စပ်ဖာ့ပျောက်က လက်ဆွဲ၍ ယာခင်းဆီသို့ ခေါ်သွားလေတော့သည်။ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးပြီးများရှိ၏။ ယင်းတို့ကိုကျော်လွန်သွားရာ ယာခင်းသို့ရောက်သည်။ တဖြည်းဖြည်းနှင့် ရွာမှဝေးကာ တောင်ယာအနားသို့ ရောက်လာသည်။ မြင့်စောက်သော ကမ်းပါးကြီးများပေါ်က ဖြတ်ကျော်လာကြရသည်။
" ရန်သူဆိုတာ ကျူပင်ခုတ်ရင် ကျူငုတ်တောင် မကျန်စေရဘူးတဲ့၊ နောင်တစ်ချိန် မင်းတို့ကြီးလာရင် ငါ့ကိုလက်တုံ့ပြန်ကြမှာပဲ၊ ကျလူကိုတက်လူက စော်ကားတာတော့ မခံဘူးဟေ့၊ ခလုတ်ကန်သင်းကိုတော့ ရှင်းပစ်ရမှာပဲကွ၊ ဟား...ဟား...ဟား....."
ကျယ်လောင်သော စကားသံနှင့် အားပါးတရ ရယ်မောသံကြောင့် နှစ်ယောက်သား နားမလည်စွာ မော့ကြည့်မိသည်။ ခက်ထန်ကြမ်းကြုတ်သော ဘီလူးရုပ်ကပေါ်လာသည်။ လူမိုက်တိုင်း ဒေါသနှင့် ဆင်ခြင်ဉာဏ်မဲ့သူတို့ အမှားကား ရပ်နားသွားသည် ဟူ၍မရှိ။ သူက အလုပ်လုပ်ရမည်ဆို၍ မောင်နှမနှစ်ယောက် လုပ်ခဲ့ကြရသည်။ သားသမီးတို့ကို ဝင်ကူသောအမေ့ကိုပင် ရန်ရှာသေးသည်။ ယခုလည်း တောထဲခေါ်လာပြန်ပြီ၊ ဘာများလုပ်မလို့ပါလိမ့်..။
မောင်နှမနှစ်ယောက်မှာ စဉ်းစားနေဆဲမှာပင် ရင်ထဲအသည်းထဲမှာ အေးကနဲ ဖြစ်သွားသည်ကို သိလိုက်ကြရသည်။ ဆုပ်ကိုင်ထားသောလက်တို့ တွယ်ရာမဲ့သွားသည်ကိုပဲ သိလိုက်ကြရသည်။ လေဟာနယ်အတွင်းမှာ ရွက်ကြွေလေးများ လွင့်သလို ကျသွားကြတော့သည်။ ပထွေးဖြစ်သူက ယုတ်မာစွာဖြင့် တောင်ကမ်းပါးပေါ်မှ ကန်ချလိုက်ပါပေါ့လား..ဟု သိလိုက်ကြရချိန်တွင် သူတို့အတွက် အမှောင်ဝတ်ရုံက လုံခြုံစွာထွေးပိုက်လိုက်ချေပြီ။

🌹. 🌹. 🌹. 🌹. 🌹

အမှောင်ဝတ်ရုံက ပိန်းပိတ်အောင် လွှမ်းခြုံထားဆဲ........
" ဖြစ်ရလေ သားနဲ့သမီးရယ်၊ အမေရင်ကျိုးရချည်ရဲ့ "
အမှောင်ကမ္ဘာ ညဥ့်ခြုံလွှာအတွင်းဝယ် တူညီသောတမ်းတခြင်းဖြင့် သားအမိသုံးယောက်ခမျာ မျက်ရည်ကိုယ်စီဖြင့် တစ်ဦးနှင့်တစ်ဦးကျစ်လျစ်စွာ ပွေ့ပိုက်ထားကြသည်။
" ကျွန်တော်သတိရတော့ ဝါးရုံပင်ကြီးပေါ်မှာ တင်နေတယ်အမေ၊ ညီမလေးလဲ ကျွန်တော့်လိုဘဲ...ဒါနဲ့..."
သားလေးပြောပြနေသော အဖြစ်အပျက်က မိခင်နှလုံးသားကို ဖျစ်ညှစ်ဆုပ်နယ် နေသလိုပါပဲ။ ပထွေးက ပျားရည်လူးသော သင်ဓုန်းဓားကို စားဖို့ ပေးထားခဲ့ခြင်းပါလား၊ ကလေးနှစ်ယောက်ကို ချော့မော့ခေါ်သွားပြီး ကမ်းပါးပေါ်မှ ကန်ချထားခဲ့သည်။ ဤကိစ္စကို သူမသိလေယောင်၊ စိတ်ပူလေယောင်ဖြင့် ဟန်ဆောင်ခဲ့သေးသည်။ ယခုတော့ ကံကြီးပေလို့ တောင်ပေါ်မှအကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ ဆုတောင်းမိလိုက်ကြသတဲ့။ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာ ရခဲ့ကြပါသတဲ့။ ညဥ့်နက်သည်အထိ ဘုရားကိုကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုးအကြောင်း ပြောပြကြခြင်းဖြစ်သည်။
" သားနဲ့သမီးကို အသက်ရှင်လျှက် ပြန်တွေ့ရတာ အမေဝမ်းသာလိုက်တာ "
ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နော်ဖော့ယာ မချိတင်ကဲ ခံစားရပါသည်။ သွားလေသူကို ပို၍သတိရမိသည်။ သို့သော် ဤကလေးနှစ်ယောက်ကို အိမ်မှာပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်တော့။ ပထွေးဖြစ်သူ စပ်ဖပျောက်ရန်က ရှိသေးသည်။ အညှာအတာကင်းသော ရက်စက်မှုတွင် သရဖူဆောင်းသူပီပီ ယခုတစ်ကြိမ် မအောင်မြင်လျှင် အချိုသပ်၍ နောက်တစ်ကြိမ် အောင်မြင်အောင် သတ်ဖြတ်ဦးမှာ သေချာသည်။ ထို့ကြောင့် ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရလေအောင် တစ်မျိုးတစ်ဖုံ စီစဉ်ရပြန်လေသည်။ အစီအစဉ်ကား အခြားမဟုတ်၊ ဇွဲကပင်တောင်ပေါ်က အန္တရာယ်ကင်းရှင်းမည့် တစ်နေရာရာတွင် သွားရောက်ဝှက်ထားရန် အစီအစဉ်ပေတည်း။
မှားမိသည့်အလွန်၊ သည်ဘဝမှာ နွံနစ်ရုံမကလို့ သမုဒယတဏှာရဲ့ ကျွန်စစ်စစ်ကြီးဟု ခါးခါးသီးသီး ပြောချင်လည်း ပြောကြစေတော့။ နော်ဖော့ယာတစ်ယောက်ကား လင်နှင့်သားသမီးတို့အကြား အဆီးအတားကို ဉာဏ်မှီသမျှနည်းဖြင့် ဖန်တီးလိုက်ရပြန်ချေပြီ။ ကျားဆိုး မြွေဆိုးရန်ထက် ပထွေးဆိုးရန်က ပိုကြောက်ရသည် မဟုတ်ပါလား...ဪ နော်ဖော့ယာရယ်...

🌻. 🌻. 🌻. 🌻. 🌻

ကြွေရွက်တို့က မြေမှာတဖွဲဖွဲသက်ကြသည်။ တောင်လေကလေး ကဲလာတော့ မိုးသဲသဲတို့ လိုက်ပါလာကြပြန်သည်။ ဝဿန္တ ရာသီလွန်ပြန်တော့ ဟေမန္တ နှင်းပွင့်တို့ ဝေကြပြန်သည်။
မလိုမုန်းထား အာဃာတကြီးမားသူနှင့် တဏှာရမ္မက်၏ ကျေးကျွန်တို့ နှစ်ဦးအကြားဝယ် မောင်နှမနှစ်ယောက် ဗျာများခဲ့ကြရရှာသည်။ အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။ ကြည့်လေရာရာမှာ တောအုပ်ကြီးက ပိတ်ပိန်းညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးခဲ့သည့်နေရာ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့ အသံများကိုသာ ကြားရသည့်နေရာ၊ သည်နေရာမှာ မိခင်က လာပို့ထားခဲ့သည်။
ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမင့် အမေ့ကိုမခွဲချင်ကြ၊ လွမ်းပေမင့်လည်း လမ်းကမသိ။ တောတိရိစ္ဆာန်တို့ရန်က ရှိသေးသည်။ အနီးအပါးက ရသမျှ တောသီးနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရာသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံ နေကြရရှာသည်။
နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ။ အဖေကိုတမ်းတ၊ အမေ့ကိုလွမ်းရသော ဝေဒနာတို့ကို ကြိတ်မှိတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတုနေကြရရှာသည်။ ရံဖန်ရံခါတွင် ဇွဲကပင်တောင်သို့ ဘုရားဖူးလာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွားသော စားရေရိက္ခာလေး မစို့မပို့ကို မျှတစားရသည့်အခါလည်း ရှိသည်။ ငယ်ရွယ်သူနှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့။
တစ်နေ့သောနံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူတို့ထံရောက်လာသည်။ နှစ်ဦးသားကြောက်လန့်၍ သွားခဲ့ကြ၏။ သို့သော်ဘိုးရသေ့၏ မေတ္တာစက်ရိပ်နှင့် နူးညံ့သိမ်မွေ့မှုတို့ကြောင့် ချက်ချင်း အကြောက်ပြေ သွားခဲ့ကြသည်။
" ငါ့မြေးတို့ကို သနားလို့ ကူညီဖို့ရာ ဘိုးဘိုးလာခဲ့တာပါကွယ်၊ မကြောက်ကြပါနဲ့ "
အေးမြကြည်လင်သော နှုတ်ဆက်သံကြောင့် နှစ်ယောက်သား အားတက်သွားကြသည်။ ကူညီမယ်ဆိုသော စကားကြောင့် အကြောက်ပြေကာ ဘိုးရသေ့ကို ခရီးဦးကြိုပြု နေရာပေးလိုက်ကြသည်။ သနားစဖွယ် လူမမယ်ကလေး နှစ်ယောက်ကို ဘိုးဘိုးရသေ့က ကြင်နာစွာကြည့်ရင်း...
" ငါ့မြေးတို့ ဘိုးဘိုးစကားကို နားထောင်ကြမှာလား "
ဘိုးရသေ့စကားကို နှစ်ယောက်စလုံး ဝန်ခံကတိ ပေးမိကြသည်။
" ဘိုးဘိုးက ကူညီမယ်ဆို နားထောင်မှာပေါ့ "
သူတို့လေးတွေ၏ ဟန်ဆောင်မှုကင်းသော စကားကြောင့် ဘိုးရသေ့က ပြုံးသည်။
" ဘိုးဘိုး သမီးကိုအမေနဲ့ တွေ့ပေးပါနော်။ "
လူမမယ် သမီးငယ်ကလေး ဆန္ဒကလည်း ပရိယာယ် ကင်းစင်လှသည်။ အပြစ်ကင်းမဲ့သော အဖြူရောင်နှလုံးသားလေးများကို ညစ်ထေးပေကျံအောင် အလုပ်ခံခဲ့ရသည့် အဖြစ်ကို ဘိုးရသေ့ သိများသိနေသလား မဆိုနိုင်။ ကရုနာသက်စွာဖြင့် ခေါင်းကလေးကို ပွတ်ပေးလိုက်သည်။
" တွေ့ရမှာပေါ့ မြေးလေးရယ်၊ တွေ့ရမှာပေါ့။ ဘိုးဘိုးခိုင်းတာကိုသာ မြေးလေးတွေက လုပ်ပေးကြနော်၊ ကဲ အဲဒီမီးပုံကို ထင်းထပ်ဖြည့်ပြီး မီးပုံကြီးဖြစ်အောင် လုပ်ကြကွယ် "
မောင်နှမနှစ်ယောက် အားရဝမ်းသာစွာဖြင့် ထင်းခြောက်တွေ လိုက်ကောက်ကြသည်။ မီးပုံကြီးမှာ ထပ်ဖြည့်ကြသည်။ မိဘရင်ခွင်မှာ ခိုဝင်နေရမည့် ကလေးတွေမှာ ခံစားနေရသော ဒုက္ခက အရွယ်နှင့်မမျှ၊ ကြီးမားလှချည်လားဟု ဘိုးရသေ့ သနားမိသည်။
မီးလျှံမီးစွယ်တို့က ဖြိုးဖြိုးဖျစ်ဖျစ် မြည်လျှက် ယိမ်းနွဲ့လှုပ်ရှားရင်း ကြီးမားလာသည်။ အနီးအပါးက ပင်ပျိုရွက်စိမ်းတို့ မီးဟပ်သဖြင့် လှုပ်ယမ်းနေကြသည်။
ထို့နောက် သူတို့နှစ်ယောက်ကို ရွှေရောင်ဝင်းနေသည့် ဆေးလုံးသုံးလုံး ပေးသည်။ လောဘဇောမတက်မိဖို့ အထပ်ထပ်အပြန်ပြန် မှာသည်။ မောင်နှမနှစ်ယောက်က အသေအချာမှတ်သားသည်။ မီးရောင်ဟပ်နေသော မျက်နှာလေးတွေမှာ တက်ကြွပျော်ရွှင်ခြင်းတို့ကြောင့် ဝင်းပကြည်လင်နေကြသည်။ မီးပုံပြီးကား တစ်စတစ်စ ကြီးမားမြင့်တက်လာနေသည်။
အစစအရာရာ စိတ်ချအောင် မှာကြားပြီးသည်နှင့် ဘိုးရသေ့ကြီးက မီးပုံတွင်းသို့ ရုတ်တရက်ခုန်ဆင်း လိုက်တော့သည်။ မောင်နှမနှစ်ယောက်ကလည်း မှာကြားခဲ့သည့် အစီအစဉ်အတိုင်း ပထမဆေးလုံးကို မီးပုံတွင်းသို့ ပစ်ထည့်လိုက်သည်။ မီးပုံတွင်းမှာ ဘိုးရသေ့ ပြာအတိဖြစ်သွားသည်။ ဒုတိယဆေးလုံးကို ပစ်ထည့်လိုက်ကြပြန်၏။ ပြာပုံသည် ရွှေတုံးရွှေသားကြီးအသွင် ဝင်းဝင်းလက်လက် အရောင်တွေထွက်လာသည်။ တတိယဆေးလုံးကို ပစ်ထည့်လိုက်သောအခါတွင်ကား ရွှေတုံးကြီးသည် တဖြည်းဖြည်းလူးလွန့်လာကာ အလွန်လှပသော လုလင်ပျိုလေး တစ်ဦးအသွင် ပြောင်းသွားပြီး အလျံရဲရဲ မီးပုံတွင်းမှ ပြုံးရွှင်စွာ ထွက်လာသည်ကို တွေ့ကြရတော့သည်။ အိုမင်းနေသော ဘိုးရသေ့မဟုတ်တော့။ မောင်နှမနှစ်ယောက် မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်နေကြသည်။ ပါးစပ်အဟောင်းသားဖြင့် ငြိမ်သက်နေမိကြသည်။
" ဟာ...ဘိုးရသေ့...အဲလေ...အစ်ကို ဘယ်လိုဖြစ်သွားတာလဲဟင် "
အတန်ကြာမှ သတိဝင်လာသော မောင်လုပ်သူက တအံ့တသြမေးသည်။
" မြင်တဲ့အတိုင်းပေါ့ကွယ် "
လုလင်ပျိုက ပြုံးရွှင်စွာဖြင့်ဖြေသည်။ နှမလေးကတော့ မောင်ဖြစ်သူကို ကွယ်ကာ တအံ့တသြ ငေးမောကြည့်နေသည်။
" ကျွန်တော်တို့ကို ကူညီမယ်ဆို "
အစ်ကိုဖြစ်သူ စကားကြောင့် လုလင်ပျိုက ပြုံးရွှင်ရယ်မောသည်။
" ကူညီမှာပေါ့ကွယ် ကူညီမှာပေါ့၊ မင်းတို့မောင်နှမ မီးပုံထဲ ခုန်ဆင်းရဲပါ့မလား "
လုလင်ပျိုအမေးကို အစ်ကိုက သွက်လက်စွာဖြေသည်။ နှမလေးက ကြောက်နေရှာ၏။
" အမေနဲ့တွေ့ချင်ရင် ဆင်းရမှာပေါ့ ညီမလေးရဲ့ "
အစ်ကိုလုပ်သူအားပေးမှ နှမလေးလည်း ရဲတင်းလာသည်။ ခဏချင်းမှာပင် နှစ်ယောက်သားလက်တွဲ၍ မီးပုံတွင်း ခုန်ဆင်းလိုက်ကြပေတော့သည်။
ဘိုးရသေ့ဘဝမှ ပြောင်းလဲလာသော လုလင်ပျိုသည် စောစောက မောင်နှမနှစ်ယောက် ပြုလုပ်သည့်အတိုင်း ဆေးလုံးများကို အစီအစဉ်အတိုင်း တစ်လုံးပြီးတစ်လုံး မီးပုံတွင်းသို့ ပစ်ချပေးနေလေရာ ပြာပုံအဖြစ်သို့လည်းကောင်း၊ ရွှေတုံးအဖြစ်သို့ လည်းကောင်း အဆင့်ဆင့်ပြောင်းလဲသွားပြီး နောက်ဆုံး ဆေးလုံး
အရောက်တွင် အလွန်လှပနုနယ်သလောက် ချစ်စဖွယ် သနားစဖွယ်ကောင်းသော လုလင်ပျိုနှင့်လုံမပျိုလေး နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

မောင်နှမနှစ်ယောက် တစ်ဦးနှင့်တစ်ဦး ပြုံးရွှင်စွာကြည့်ရင်း မီးပုံအတွင်းမှထွက်လာကြပြီး သူတို့ကိုကြည့်နေသော လုလင်ပျိုအား ထိုင်၍ကန်တော့လိုက်ကြသည်။

"......ကဲ...ကတိအတိုင်း ကူညီခဲ့ပီး မစချီးမြှင့်ခဲ့ပီး
မင်းတို့မောင်နှမမှာ သုံးမကုန်နိုင်အစွမ်းတွေ ဣဒ္ဓိပါဒ် တန်ခိုးတွေရကြပြီ၊ ဒီနေ့ကစပီး သာသနာတော်အတွက် လုံးလဝါယမ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ ဟော့ဒီဇွဲကပင်တောင်ကို၊ ဘုရားဖူးလာကြသူတွေ မှန်သမျှရယ်၊ စီးပွားလာတ်လာဘတိုးအောင်၊ ကျန်းမာရွှင်လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့။

"ကောင်းလှပါပီ ၊စောင့်ရှောက်ကူညီပေးပါ့မယ်လို့ သစ္စာပြုပါတယ် ဘိုးရသေ့" ထိုနောက်မောင်နှစ်ယောက်သည် ဘိုးရသေ့နေထိုင်ရာ မွတ်လအိမ်စေတီရှိရာတောင်ဆီသို့ တစ်ရွေ့ရွေ့ထွက်ခွာ သွားကြပေတော့သည်။

🍑🍑🍑🍑🍑

ကရင်မောင်နှမ ဇာတ်လမ်းလေးမှာ ဤမျှသာဖြစ်သည်။ ဇွဲကပင်တောင်တန်း ကမ်းပါးယံတွင် ၎င်းတို့ရုပ်ပုံလွှာကို အဓိဌာန်ပြုရုပ်လုံး ဖော်ထားခဲ့သည်ဟုဆိုပါသည်။ သံလွင်မြစ်ကြောင်းမှ ဘားအံသို့ သင်္ဘောဖြင့်လာပါက၊ဇွဲကပင်တောင်တန်းမှ ဓာတ်နန်းရှင် မောင်နှမ တို့ပုံကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

Credit: Nan Ko Ko
အရှင်ပညာဒီပ ဆိပ်ဖြူ

၁၈၇၁ မင်းတုန်းမင်း ရွှေတိဂုံ စေတီတော်ကြီး ထီးတင်တုန်းကတဲ့ အံ့သြမိပါတယ် တင်ပေးထားတဲ့လူလဲ ကျေးဇူးတင်ပါတယ်။Credit. . .မောင်(...
26/03/2016

၁၈၇၁ မင်းတုန်းမင်း ရွှေတိဂုံ စေတီတော်ကြီး ထီးတင်တုန်းကတဲ့ အံ့သြမိပါတယ် တင်ပေးထားတဲ့လူလဲ ကျေးဇူးတင်ပါတယ်။

Credit. . .မောင်(စွယ်စုံကျမ်း)
Zaw Win Myat

မိတ္ထီလာကန် သမိုင်းအကျဉ်း နှင့် သမိုင်းဝင် သိမ်ကိုးသိမ်=========================ပြန်လည်မျှဝေခြင်းဖြစ်ပါသည် မဖက်အားလျှင် s...
21/03/2016

မိတ္ထီလာကန် သမိုင်းအကျဉ်း နှင့် သမိုင်းဝင် သိမ်ကိုးသိမ်
=========================
ပြန်လည်မျှဝေခြင်းဖြစ်ပါသည် မဖက်အားလျှင် share ထားပါ အားမှဖက်ပါ

မိတ္ထီလာကန်သည် မြန်မာပြည်တွင် အဓိကထင်ရှားသော ကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်တော်ဘွဲ့ ကဗျာ၊ လင်္ကာ၊ မော်ကွန်းများကို ရှေးမြန်မာပညာရှိ စာဆိုများက ရေးစပ်သီကုံးခဲ့သည်မှာ အထင်အရှားရှိပါသည်။

မိတ္ထီလာကန်မော်ကွန်းကို အင်းဝခေတ်၊ ရွှေနန်းကျော့ရှင် နရပတိလက်ထက် ရတုလင်္ကာ ဘုရင် မဟာသိလဝံသ ကလည်းကောင်း၊ အမရပူရ ပထမမြို့တည် နန်းတည်းမင်းတရားကြီး လက်ထက် ဗလနန္ဒ စည်သူက လည်းကောင်း၊ တွင်းသင်းတိုက်ဝန် မဟာစည်သူက လည်းကောင်း အသီးသီး မိတ္ထီလာကန်တော်မင်္ဂလာ မော်ကွန်းကို ရေးထိုးစပ်ခဲ့ကြသည်။

မိတ္ထီလာကန်အလှကို ချီးကျူးကြသည်။ မိတ္ထီလာကန်၏ အကျယ်အဝန်းကို တင်စားကြသည်။ မိတ္ထီလာကန်၏ အံ့ချီး ဖွယ်များကို သီကုံးစပ်ဆိုကြသည်။ မိတ္ထီလာကန်ကို

“ရေမှာ စစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ်၊ လယ်မှာ တောင်တွင်း၊ စပါးမှာ ရမည်းသင်း၊ အင်းမှာ တောင်သမန်၊ ကန်မှာ မိတ္ထီလာ”

ဟု တင်စားစပ်ဆိုခဲ့ကြသည်။ ထို့ကြောင့် မိတ္ထီလာကန်မှာ ထင်ရှား ကျော်ကြားသည်။ မိတ္ထီလာမြို့သည် မိုးနည်းရေရှားရန်ဝန်းဒေသတွင် ပါဝင်သော်လည်း မိတ္ထီလာ၊ ရန်ကုန်၊ မြင်းခြံ၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မန္တလေးကားလမ်း (၅)လမ်းဆုံစည်းရာ လမ်းဆုံလမ်းမကြီး ကျသဖြင့် အထူးစည်ကား သည်။

ထို့ပြင် “လူကလေးရဲ့ ချော့စရာ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ၊ ဖားပါရင် တစ်ကောင်ပေးပါ၊ မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး”

ဟူသော သားချော့ကဗျာကြောင့်လည်း မြန်မာလူမျိုးတိုင်း မိတ္ထီလာကန်ကို ကြားဖူးကြသည်။

ဤမျှလောက် ရှေးစာဆိုတော် အကျော်အမော်များ ရေးစပ်သီကုံးဖွဲ့ဆိုခဲ့သည့် မိတ္ထီလာကန်သည် မည်မျှကြီးသနည်း၊ မည်မျှကျယ်သနည်း၊ မည်သည့်မင်း တည်ခဲ့သနည်းစသည်ဖြင့် မိတ္ထီလာကန်အကြောင်းကို သိချင်ကြသည်။

မိတ္ထီလာကန် သည် ရှေးစာဆိုတော်အကျော်အမော်များ ရေးစပ်သီကုံးသလောက် မည်မျှ ကြီးကျယ်ခမ်းနား တင့်တယ်လှပသည်ကို သိလို ကြသည်။

မိတ္ထီလာကန်တော်ကြီးကို ရှေးမြန်မာမင်း ဆယ့်ခုနှစ်ဆက်တိတိတို့က ဆည်ဖို့ပြုပြင်ခဲ့ကြသဖြင့် သမိုင်းဝင် အဓိကရ ကန်တော်ကြီးဖြစ်သည်။

မိတ္ထီလာကန်တော်သမိုင်းမှာ ထူးဆန်းအံ့သြ ဖွယ်ရာများကိုလည်း တွေ့ရသည်။ မှတ်သားစရာများ ဖြင့်လည်း ပြည့်နှက်နေသည်။

မိတ္ထီလာကန်တော်ကြီးကို ရှေးမြန်မာမင်း တစ်ဆယ့်ခုနှစ်ဆက် ပြုပြင်ဆည်ဖို့ခဲ့ကြသဖြင့် ကန်တော်တဝိုက်တွင် ရှေး မြန်မာမင်းများ တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် ဘုရားစေတီ (၃၂)ဆူလည်း ရှိသည်။ ထိုဘုရားစေတီများမှာ နှစ်ပေါင်း ရာချီလာပြီဖြစ်သဖြင့် အချို့ဘုရားစေတီများမှာ ပြိုပျက်ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။

ဤကန်တော်ကြီးကို ရှေးမင်းအဆက်ဆက် မည်သည့်ရည်ရွယ်ချက်ဖြင့် ဆည်ဖို့ပြုပြင်သည်ကို လေ့လာသောအခါ အောက်ပါသမိုင်းမှတ်တမ်းကို တွေ့ရသည်။

သိကြားမင်းသည် တာဝတိံသာနတ်ပြည်တွင် သက်တမ်းစေ့၍ စုတေရန် နီးလာသောအခါ နိမိတ်ကြီး ငါးပါးကို မြင်သည်။ စုတေရန် ဝန်လေး ကြောက်ရွံ့ လာသည်။ တုန်လှုပ်ချောက်ချားလာသည်။

ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရားထံ ခွင့်ပန်၍ တာဝတိံသာနတ်ပြည်၌ အဓွန့်ရှည်စွာ နေထိုင်ရန် အသက်ရှည် ကြောင်းတရား ဟောကြားပါရန် လျှောက်ထားတောင်းပန်လေသည်။

မြတ်စွာဘုရားသည် “သိကြားမင်း၊ ကန်ဟောင်းများ ပျက်စီးယိုယွင်းနေသည်ကို အသစ်ဖြစ်အောင် ပြုပြင်ဆည်ဖို့ ရမည်” ဟု မိန့်တော်မူသောကြောင့် သိကြားမင်းသည် တောသုံးထောင် အတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သတ္တဝါ၊ ကျေးငှက်အပေါင်းတို့ သောက်သုံးအားထားမှီခိုရန် ရေကန်အများ ဖန်ဆင်းတည်ထောင်ထားသော ဥပဌမ္တကုသိုလ် အကျိုး ဆက်ကြောင့် အသက်ရှည်ကြာ နေရသည်ဟု သုတ်မဟာ (ဝါ) အဌကထာ သတ္တပဉ္စသုတ်တော်တွင် ဟောကြား တော်မူခဲ့ သည်။

ထိုသုတ်တော်လာ ဟောကြားချက်ကို သိတော်မူသော ရှေးမင်းအဆက်ဆက်တို့သည် မျက်မှောက်အကျိုး၊ တမလွန် အကျိုး တိုးပွားစေရန် ကန်၊ ချောင်း၊ ဆည်မြောင်းများကို ဆည်ဖို့ခြင်း၊ ပြုပြင်ခြင်း စသော ရည်ရွယ်ချက်ဖြင့် ဤမိတ္ထီလာ ကန် တော်ကြီးကို ဆည်ဖို့ ပြုပြင်ခဲ့ကြောင်း သမိုင်း အထောက်အထားအရ သိရပါသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ဆည်ဖို့ခဲ့သည်ဖြစ်စေ မိတ္ထီလာကန်ရေကို အမှီပြု၍ နှစ်ပေါင်းများစွာ တောင်သူလယ် သမားများသည် ကန်ရေသောက်ဖြင့် လယ်ယာစိုက်ပျိုး စားသောက်ခဲ့ကြသည်။ ယခုလည်း ကန်ရေကို အဓိကထား၍ စိုက်ပျိုး လုပ်ကိုင်စားသောက်နေကြသည်။ နောင်ကိုလည်း ကန်ရေကို အမှီပြု၍ စိုက်ပျိုးစားသောက်သွားဦးမည် ဖြစ်သည်။ မိတ္ထီလာ မြို့သူမြို့သားများအတွက်လည်း သောက်ရေသုံးရေများ အဓိက အားထားမှီခိုနေရသော ကန်တော်ကြီး ဖြစ်သည်။ ထို့ကြောင့် မိတ္ထီလာ ကန်တော်ကြီးသည် မျက်မှောက်လူသားများအတွက် အကျိုးကျေးဇူးပြုနေသော ကန်တော်ကြီးပင်ဖြစ်သည်။

မိတ္ထီလာကန်သမိုင်းကို လေ့လာကြည့်သောအခါ သက္ကရာဇ်အမျိုးမျိုးကို တွေ့ရသည်။ ဤကဲ့သို့ တွေ့ရသည်မှာ လည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ကွဲပြားခြားနားနေရသည်ကို သိလာရသည်။ သက္ကရာဇ်များ မှာ ကလိယုဂ်သက္ကရာဇ်၊ မဟာသက္ကရာဇ်နှင့် သာသနာသက္ကရာဇ်တို့ဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ်သုံးမျိုးကွဲပြားနေသည် ကို သိရန်လိုသည်။

ကလိယုဂ်သက္ကရာဇ်ဆိုသည်မှာ ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီကာလ ထင်ရှားရှိသော သက္ကရာဇ်ဖြစ်သည်။ မဟာသက္ကရာဇ်ဆိုသည်မှာ ကလိယုဂ်သက္ကရာဇ်နောက် ပွားတတ်လာသော သက္ကရာဇ် ၆၈ခုနှစ်သို့ ရောက်သောအခါ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်တို့ကြောင့် ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်သည်။

သာသနာသက္ကရာဇ်ဆိုသည်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နှစ်တွင်ပင် အဇာတသတ်မင်းက အရှင် မဟာကဿပမထေရ်နှင့် တိုင်ပင်၍ သာသနာခုနှစ်နှင့်အညီဖြစ်စေရန် သက္ကရာဇ် ၁၄၈ခုကို အကြွင်းမထားဘဲ “ဒေဝိယ” ဟူသော ပိဋကတ်သချာင်္ကိန်းဖြင့် ဖြိုတော်မူပြီးလျှင် တစ်ကစ၍ ရေတွက်လာသည့် သက္ကရာဇ်ဖြစ်သည်။ ထိုမှစ၍ သာသနာ နှင့် ကောဇာသက္ကရာဇ်နှစ်ရပ် ပြိုင်၍ ဝင်လာသည်။

"အာကာရဌမင်း"
မိတ္ထီလာကန်တော်ကြီးကို လက်မမွန်မဆွ ပထမဦးဆုံး ဆည်ဖို့ခဲ့သော မင်းကြီးသည် အာကာရဌမင်းကြီး ဖြစ်သည်။ ကလိယုဂ်သက္ကရာဇ် ၃ခုနှစ်တွင် အာကာရဌမင်းကြီးသည် ရဲမက်စစ်သည် ဆင်မြင်း ဗိုလ်ပါ၊ နောက်လိုက်လေးသိန်းကျော်ဖြင့် ထွက်ချီတော်မူလာပြီး ဤမိတ္ထီလာကန်တော်ကြီးကို စတင် တူးဖော်ဆည်ဖို့ ခဲ့သော မင်းဖြစ်သည်။

ဤကန်တော်ကြီးကို အာကာရဌမင်းကြီး စတင်ဆည်ဖို့ခဲ့စဉ်က ကန်တော်တဝိုက်တွင် သျှိသျှားပင်များစွာ ပေါက်ရောက်လျက်ရှိသည်။ ကန်တော်တဝိုက်တွင် ပေါက်ရောက်နေသော သျှိသျှားသီးများကို ဘုရားသားတော် အရိယာ ဝိဇ္ဇာ ရဟန္တမထေရ်မြတ်တို့ သုံးဆောင်တော်မူကြ၍ ဤကန်ရေကို သောက်သုံးတော်မူကြရာ နေရာဖြစ်သောကြောင့် အာကာရဌမင်းကြီးသည် ဤကန်တော်ကို “သျှိသျှား ကန်တော်” ဟု အမည်သမုတ်တော်မူခဲ့သည်။ ထို့ကြောင့် မိတ္ထီလာကန် တော်အစ အာကာရဌမင်းကြီးကဟု ခေါ်ဆို၍ ကဗျာတေးထပ် လင်္ကာများ စပ်ဆိုခဲ့သည်။

"ကုသမင်း"
မိတ္ထီလာကန်တော်ကြီးကို ဒုတိယဆည်ဖို့ခဲ့သောမင်းမှာ သဝတ္ထိပြည့်ရှင် ပပဝတီမိဖုရား၏ ကြင်ရာတော် ကုသမင်း ဖြစ်သည်။ ကုသဝတ္ထပြည့်ရှင် ဘုရင်ကုသမင်းကြီးသည် ကလိယုဂ်သက္ကရာဇ် ၇ခုနှစ်တွင် ဆင်၊ မြင်း၊ ရထား၊ ခြေလျင်ဗိုလ်ပါ တို့ဖြင့် မိတ္ထီလာကန်တော်ကြီးကို ဒုတိယအကြိမ်ဆည်ဖို့ခဲ့သော မင်းတစ်ပါးဖြစ်သည်။ ကန်အမည်ကိုလည်း “သျှိသျှားကန်” ဟုပင် သတ်မှတ်တော်မူခဲ့သည်။

"ဘိုးတော် အဉ္စန"
မဟာသက္ကရာဇ် ၁၀ခုနှစ်တွင် မြတ်စွာဘုရား၏ ဘိုးတော် အဉ္စနမင်းကြီးသည် ဆွေတော်ရှစ်သောင်း မျိုးတော် ရှစ်သောင်းနှင့် တကွ ကပ္ပိလဝတ်ပြည်မှ ကြည်းကြောင်း၊ ရေကြောင်း၊ တစ်ဆယ့်ခြောက်ကုဋေဖြင့် ကြွချီတော်မူလာပြီး၊ မိတ္ထီလာကန်တည်ရာ အရပ်ကို တောင်ကုန်းတောင်စဉ်၊ ရေလာရေစီး၊ ကုန်းကျင်း၊ ချောင်းမြောင်း အရပ်ဒေသများဖြင့် ချင့်ချိန် ၍ ထာဝရတည်တံ့ရန် ရည်ရွယ်ပြီး တတိယအကြိမ်ဆည်ဖို့ ပြုပြင်ခဲ့သော မင်းဖြစ်သည်။ ကန်တော်အမည်ကိုလည်း “သျှိသျှား ကန်” ဟုပင် ပညတ်တော်မူခဲ့သည်။

ကဝိသာရမဉ္စူသာကျမ်းတွင် ဘိုးတော်အဉ္စနမင်းကြီး မိတ္ထီလာကန်တော်ကြီးကို ဆည်ဖို့တော်မူစဉ် ဘုရင်မင်းမြတ်၏ ဘုန်းတန်ခိုးအာနုဘော်ကြောင့် သိကြား၊ ဗြဟ္မာနတ်များစွာတို့က စောင့်ရှောက်လျက် နဂါးမင်းတို့သည် အနောတတ်အိုင်မှ ရေကို ဆောင်ယူ၍ ကန်တော်ကို ရေကို အန်စေသည်။ သိကြား၊ ဗြဟ္မာများစွာတို့ကလည်း ဤရေကန်တော်သည် နောင်လာ မည့် ရှစ်သောင်းလေးထောင်တိုင်အောင် တည်လိမ့်မည်ဟု ဆိုသည်။

"အနာတပိဏ်သူဌေး"
မဟာသက္ကရာဇ် ၁၀၃ခုနှစ်သို့ရောက်သောအခါ သာဝတ္တိပြည်မှ အနာတပိဏ်သူဌေးကြီးသည် နောက်လိုက်ခြွေရံ သင်းပင်းငါးထောင်ကျော်ဖြင့် သျှိသျှားကန်တော်ကြီးအား စတုတ္ထအကြိမ် ဆည်ဖို့ပြင်ပြင်တော်မူသည်။ ကန်တော်အမည်ကို လည်း “သျှိသျှားကန်” ဟု သမုတ်တော်မူခဲ့သည်။

"အဇာတသတ်"
သာသနာတော်သက္ကရာဇ် ၁၅ခုနှစ်သို့ရောက်သောအခါ ရာဇဂြိုဟ်ပြည့်ရှင် ပထမသံဃာယနာတင် ဘုရင် အဇာတသတ်မင်းသည် စစ်သည်ဗိုလ်ပါတစ်ကုဋေဖြင့် သျှိသျှားကန်တော်ကြီးအား ပဉ္စမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော် အမည်ကိုလည်း “သျှိသျှားကန်”ဟုပင် မှည့်ခေါ်တော်မူသည်။

"ကာလာသောကမင်း"
သာသနာတော်သက္ကရာဇ် ၁၁၀ပြည့်နှစ်သို့ ရောက်သောအခါ ဝေသာလီပြည့်ရှင် ဒုတိယသံဃာယနာတင် ဘုရင် ကာလာ သောကမင်းသည် စစ်သည်ရဲမက်ဗိုလ်ပါ တစ်ကုဋေကျော်ဖြင့် သျှိသျှားကန်တော်ကြီးကို ဆဌမအကြိမ် ပြုပြင်တော် မူပြီး “မင်္ဂလာကန်တော်”ဟူ၍ အမည်သစ်မှည့်ခေါ်တော်မူသည်။

"သီရိဓမ္မာသောကမင်း"
သာသနာတော်သက္ကရာဇ် ၂၁၈ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် ရေကန်ပေါင်း ၈၄၀၀၀ တူးဖော်ရာတွင် မိတ္ထီလာကန်လည်း တစ်ကန်အပါအဝင်ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် အလွန်တရာ ကမ္မဇိဒ္ဓိအာနုဘော်ကြီးမားလှ၍ တန်ခိုးမာနထန်လှသော အနောတတ်အိုင်တော်စေင့် နန္တောပနန္တနဂါးမင်းကြီးလည်း ဘုရင် ကြီး၏ တန်ခိုးတော်ကို မလွန်ဆန်ရဲဘဲ မိမိနေထိုင်စောင့်ကြပ်ရာ အနောတတ်ရေအိုင်သာမှ အာခံတွင်းဖြင့် ရေများကို သယ် ဆောင်၍ အခြားနတ်နဂါးများနှင့်အတူ ရေများကို သယ်ယူပို့ဆောင်စေရာ မိတ္ထီလာကန်တော်အတွင်းဝယ် ကမ်းလုံးညွတ်မျှ ရေများပြည့်လျှံမောက်တော်မူသည်။ ဤကန်တော်မင်္ဂလာသည် နတ်နဂါးတို့၏ အနောတတ်ရေအိုင်သာမှ ရေကို သယ်ဆောင်၍ ဆောက်တည်ဆည်ဖို့ခဲ့ခြင်းကြောင့် ဘုန်းတန်ခိုး အာနုဘော်ဖြင့် ပြည့်စုံပြီး မြင့်မြတ်သောနတ်ရေစင် ဖြစ်သည်။

"ဘိသိတ်တော်ရေစင်"
ဤကဲ့သို့ နတ်နဂါးများ သယ်ဆောင်လာသည့် အနောတတ်ရေအိုင်သာမှ နတ်ရေတော်များ ပါရှိသဖြင့် တန်ခိုး အာဏာဘုန်းတေဇာအလွန် ကြီးမားထွန်းတောက်လိုသော ဘုရင်လောင်းလျာမင်းတကာတို့သည် ရာဇဘိသိတ်၊ မုဒ္ဒဘိသိတ် စသည့် ဘိသိတ်ငါးပါးတို့ကို ခံယူသောသောအခါ၌ မိတ္ထီလာကန်တော်မှ ရေကို ဆောင်ကျဉ်းသယ်ယူ၍ “ဘိသိတ်တော် ရေစင်” အဖြစ် အသုံးပြုကြသည်။

ဤကဲ့သို့ သီရိဓမ္မာသောကမင်းကြီးသည် ဤမိတ္ထီလာကန်တော်ကြီးကို သတ္တမအကြိမ်မြောက် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကို “ကဋာဝက” ကန်တော်ဟူ၍ ဘွဲ့မည်သစ် သမုတ်တော်မူခဲ့သည်။
သီရိဓမ္မာသောကမင်းကြီးသည် မိတ္ထီလာကန်တော်ကို ဆည်ဖို့တော်မူစဉ် အင်းမကြီးရွာအနီး ရွှေမင်းဝံတောင်ခြေတွင် “ရွှေမုဌော”စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီမှာ သာစည်မြို့နယ်၊ ရွာကြီးရွာအနီးရှိ “ရွှေယင်မျှော်” စေတီတော်ဖြစ်သည်။ ထို့အပြင် ချောင်းကောက်ချောင်းအနီး အင်းရွာ၏ အရှေ့ထိပ်တွင် စစ်သည်တော်တပ်သားများ အားလုံး စုရုံး၍ တည်ထားသောကြောင့် “လုံးတော်စေတီ”ဟု ဘွဲ့မည်ချီးမြှောက်တော်မူသည်။ ထိုစေတီတော်ကို ယခုအခါ “လုံးစေတီ”ဟု အမည်တွင်သည်။

"ဒုဌဂါမဏီမင်း"
သာသနာတော်နှစ် ၃၆၄ခုနှစ်သို့ ရောက်သောအခါ သိဟဋပြည့်ရှင် ဘုရင်ဒုဌဂါမဏီမင်းကြီး သည် ရဲမက်ဗိုလ်ခြေ ကိုးကုဋေကျော်ဖြင့် မိတ္ထီလာကန်တော်ကြီး အဌမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကိုလည်း မူလ “သျှိသျှားကန် တော်ကြီး”ဟူ၍ပင် ပညတ်တော်မူသည်။

"သမုဒ္ဒရိမင်း"
သာသနာတော်သက္ကရာဇ် ၆၁၇ခုနှစ်တွင် သီရိခေတ္တရာပြည်မှ သမုဒ္ဒရီမင်းကြီးသည် ခြွေရံစစ်သည် ခြောက်သိန်း ကျော်ဖြင့် မိတ္ထီလာကန်တော်ကြီးကို နဝမအကြိမ်မြောက် ဆည်ဖို့တော်မူသည်။ သမုဒ္ဒရီမင်းသည် ကန်တော်ကြီးကို မင်္ဂလာ ကျက်သရေ တင့်တယ်သဖြင့် “မေတ္တာကန်တော်”ဟူ၍ အမည်သစ် မှည့်ခေါ်တော်မူသည်။

"ပုပ္ပါးစောရဟန်း"
ကောဇာသက္ကရာဇ် ၃၃၅ခုနှစ်တွင် ပုဂံပြည့်ရှင်ဘုရင် ပုပ္ပါးစောရဟန်းသည် စစ်သည်ဗိုလ်ခြေသုံးသိန်းကျော်ဖြင့် မိတ္ထီလာကန်တော်ကြီးကို ဒဿမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကိုလည်း မူလအမည် “သျှိသျှားကန်”ဟူ၍ပင် ပြန်လည် သမုတ်တော်မူသည်။

"အနော်ရထာမင်း"
ကောဇာသက္ကရာဇ် ၄၁၄ခုနှစ်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် အမြဲဆည်းကပ်ကိုးကွယ်နေသော အရှင် အရဟံမထေရ်အမှူးပြု၍ မထေရ်ကြီးကိုးပါးနှင့် ရဟန္တာမထေရ်ငယ် ခုနှစ်ရာဖြင့် မိတ္ထီလာကန်တော်ကြီးကို ပြုပြင်ဆည်ဖို့ခဲ့ သည်။
အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို လာရောက်ဆည်ဖို့စဉ်က အရှင်အရဟံဦးဆောင်သော မထေရ် ကြီးကိုးပါး၊ ရဟန္တာမထေရ်ငယ် ၁၆ပါးတို့နှင့် မိတ္ထီလာနယ်တဝိုက်တွင် သိမ်ကိုးသိမ်ကို တစ်ပြိုင်တည်း သမုတ်တော်မူခဲ့သည်။

မိတ္ထီလာကန်တော်ကြီးတွင် အနော်ရထာမင်း လက်ထက်ကစ၍ သိမ်ကိုးသိမ်၊ ဂူကိုးဂူ၊ အင်းကိုးအင်း၊ ကုန်းကိုးကုန်း ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ အနော်ရထာမင်းကြီးသည် ကန်တော်တဝိုက်တွင် သာသနဒ္ဓဇစေတီ၊ ရွှေစောလူးစေတီ၊ ရှင်ပစ်ဇယစ်စေတီ၊ ရွှေဂူလှနှင့် ရွှေဂူကြီးဟူသော စေတီငါးဆူ တည်ထားကိုးကွယ်ခဲ့သည်။

"ကြိုးကြာမှတ်တိုင်"
အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို ဆည်ဖို့ပြုပြင်ပြီးစီးသောအခါ ရေလွတ်ရန် ရေပြွန်ကျောက် တံခါးတစ်ခုကို တည်ဆောက်ထားသည်။ ထိုရေပြွန်ကျောက်တံခါးကြီး၏ မနီးမဝေးတွင် “ကြိုးကြာမှတ်တိုင်” တစ်တိုင်ကို လုံးပတ်လေးတောင်ခန့်ရှိ အင်ကြင်းနှစ်သစ်သားတိုင်ကို ခိုင်ခံ့စွာ စိုက်ထူထားသည်။

ထိုရေမှတ်တိုင်အောက်ခြေမှစ၍ လက်သစ်ကောင်တာ အမှတ်အသားရေးစေပြီးလျှင် တိုင်ထိပ်ဖျား၌ ဟင်္သာပြဒါးဆေးဖြင့် မွမ်းမံခြယ်သထားသည့် ကြိုးကြာ ငှက်ရုပ်တစ်ခုကို ထုလုပ်တပ်ဆင်ထားသည်။
ဤကဲ့သို့ ကြိုးကြာရေမှတ်တိုင်ကို စိုက်ထူပြီးလျှင် အနော်ရထာမင်းကြီးသည် ဤကဲ့သို့ သစ္စာတော်မြတ်ကို ရွတ်ဆို တော်မူသည်။

“ဤကန်တော်အတွင်းသို့ မည်မျှလောက်ပင် ရေလာရေရောက်ဖြိုးမောက်ကြီးမားစေကာမူ ဤကြိုးကြာ ငှက်၏ နှုတ် သီး ရေစွက်ခြင်း မဖြစ်စေသတည်း။ ကြိုးကြာရေ မသောက်စေသတည်း”

ဟူ၍ သစ္စာတော်ဆိုခဲ့သည်။ ထို့ကြောင့်ပင် ကန်တော်၏ အံ့ဖွယ်များထဲတွင် ကြိုးကြာမသောက် ရေမနောက် ဟူ၍ပင် ပါရှိသည်။

"မထောင်းတာ မောင်နှမ"
အနော်ရထာမင်းကြီးသည် ကန်တော်ကြီးကို ဆည်ဖို့ပြုပြင်ပြီးနောက် မိမိ၏ ကန်တော်ကြီးကို မည်မျှလောက် ကျယ်ဝန်းသည်ကို သိလိုတော်မူသည်။ ထို့ကြောင့် အနော်ရထာမင်းကြီးသည် တစ်နေ့တွင် မြင်းသည်တော် ယောက်ဖတော် အား ကန်တော်ကြီးကို ပတ်လည်သို့ စေလွှတ်ကြည့်ရှုစေခဲ့သည်။ လမ်းခုလတ်ကျေးရွာများတွင် မြင်းလဲလှယ်ရန် အထောက် အကြိုချထားသည်။ မြင်းသည်တော်မှာ မရပ်မနားတလွှားတည်း ခိုင်းနှင်စီးရသည်။
ယောက်ဖတော် မြင်းသည်တော်လည်း နံနက် ကြက်ဆင်း ၆နာရီမှ မြို့တောင်တံခါးမှ စထွက်၍ ကန်တော်ကြီးအား တစ်ပတ်လှည့်လည်ကြည့်ရှုရာ ညနေကြက်တက် ၆နာရီတွင် မြောက်မြို့တံခါးမှ ပြန်ဝင်လာသည်။ မြင်းသည်တော်အား အနော်ရထာမင်းကြီးက “အမောင် ကန်တော်ရေဝပ် အဘယ်သို့ ရှိသနည်း” ဟု မေးတော်မူရာ

“အရှင်မင်းကြီး အရှင်မြတ်၏ ဝိဇ္ဇာယောက်ျား ပန်းတော်ဆက် မောင်ဗျတ္တ၏ ဂမုန်းနတ်ပန်းဆောင်ကြဉ်းရာ စခန်းဖြစ်သော တောင်တော်ရွှေပုပ္ပါး၏ တောင် ခါးပန်းတွင် မြောင်းရိုးပြတ်လျက် တောင်တော်နှင့် ကြက်မတစ်ဝပ်စာမျှ ကွာခြား၍ တောင်တော်ကို မထိလာသော ရေဖြစ်ပါ သည် ဘုရား” ဟု ပြန်လည်လျှောက်ထားသည်။

ထိုအခါ အနော်ရထာမင်းကြီးသည် ငါဆည်တော်မူသော ကန်တော်ရေသည် ပုပ္ပါးတော်ကို မထိလာသည်ဖြစ်သော ကြောင့် မထိလာကန်တော်ပင်ဖြစ်သည်။ ထို့ကြောင့် ယနေ့မှစ၍ ကန်တော်အား “မထိလာကန်တော်”ဟု ခေါ်တွင်စေရန် အမိန့်တော်ချမှတ်သည်။
ယောက်ဖတော် မြင်းသည်တော်သည် ကန်တပတ်မြင်းစီး၍ မရပ်မနားကြည့်ရှုရ၍ ရင်စည်းတဘက်ကို ဖြေလွှတ် လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရတ်မေ့မြောသွားလေသည်။ ထိုသို့ မြင်သည်တော် မေ့မြောနေစဉ် နှမဖြစ်သူ မိဖုရားငယ် သည် မောင်တော်၏ အသက်အန္တရာယ်ကို စိုးရိမ်တော်မူသဖြင့် မောင်တော်အား သက်သာတော်မူပါရဲ့လားဟု မေးမြန်းသော အခါ မောင်ဖြစ်သူ မြင်းသည်တော်က “မထောင်းတာပါ”ဟူ၍ တစ်ခွန်းသာ ဖြေကြားပြီး အမောဆို့ရင်ကွဲနာကျကာ ကွယ်လွန် အနိစ္စရောက်၍ နတ်စိမ်းဖြစ်လေသည်။
နှမဖြစ်သူလည်း မောင်တော်မြင်းသည်တော် အဖြစ်ကို ယူကြုံးမရဖြစ်ကာ နေရာတွင်ပင် လတ်တလော မောင်ဖြစ်သူ စိတ်ဖြင့် သေပွဲဝင်လေသည်။ နှမဖြစ်သူလည်း မောင်ကဲ့သို့ပင် နတ်စိမ်း ဖြစ်ရပြန်သည်။
ဤကဲ့သို့ မောင်နှမနှစ်ဦးစလုံး နတ်စိမ်းများ ဖြစ်ကြ၍ အနော်ရထာမင်းကြီးအား ကိုယ်ထင်ပြကာ “နတ်စိမ်းဘဝတွင် နေထိုင်စရာမရှိဘဲ အတိဒုက္ခရောက်၍ နေရာဌာန အပိုင်စားပေးသနားရန် တောင်းပန်လျှောက်ထားရာ” အနော်ရထာမင်းကြီး က မြောက်ဘက်ကန်ရိုးတွင် နတ်စင်နတ်ကွန်းတို့ တည်ဆောက်ပေးပြီး မထောင်းတာကန်ရိုးနှင့် မထောင်းတာမောင်နှမ နတ်နန်းဟု သတ်မှတ်နေရာ ပေးခဲ့သည်။

"ရွှေငါးကြီးနှစ်ကောင်"

မိတ္ထီလာကန်တော်ကြီးကို အနော်ရထာမင်းကြီးသည် ဆည်ဖို့ပြီးသောအခါ ဤကန်တော်အတွင်းရှိ အကြီးဆုံးသော ငါးရံ့ကြီးနှစ်ကောင်ကို ကြိမ်စင်္ကြာဖြင့် ရိုက်ခတ်ခေါ်ငင်တော်မူပြီး အခြားငါးများနှင့် ထင်ရှားကွဲပြားစေရန် ဦးခေါင်းတွင် ရွှေစင် ရွှေပြားများချလျက် “အသင် ငါးကြီးနှစ်ကောင်သည် ဤမထိလာ ကန်ရေသောက်မှန်ငြား လူအများတို့အတွက် ကောင်းဆိုး နှစ်ပါး နိမိတ်များ ထင်ရှားပြဆိုနိုင်သော နိမိတ်ညွှန်ငါးများအဖြစ် တည်ရစ်ကြစေ၊ နယ်ပိုင်ဆိုင်ရာ နတ်များစွာတို့ကလည်း မျိုးမတူညီ စုံညီရိုင်းပင်းကြစေ၊ အကယ်၍ ဖမ်းယူနှိပ်စက်ခဲ့သော်၊ ဖမ်းယူစားသောက်ခဲ့သော် ဝမ်းလျှော၊ ဝမ်းပျက်၍ ဘေး ဒုက္ခဆိုး၊ အသေဆိုးဖြင့် သေကြေပျက်စီးစေသတည်း” ဟူ၍ အမိန့်တော် ချမှတ်ခဲ့သည်။

ထိုငါးကြီးနှစ်ကောင်မှ ကျွဲကြီးတမျှ ကြီးမားလှသည်ဟု ဆိုသည်။ ထိုငါးကြီးနှစ်ကောင်အနက် တစ်ကောင်မှာ ၁၂၈၈ ခုနှစ်က ကန်ရေဝင်အားကြီးသဖြင့် ကန်ရိုးပေါ်ရေကျော်ပြီး ကန်ကျိုးပေါက်ခဲ့သဖြင့် ကန်တော်အောက်သို့ မျောပါသွားရာ ကန်အောက်သားများ သတ်ဖြတ်စားသောက် ကြသောကြောင့် လူအများ ဝမ်းလျှောသေကုန် ကြသည်ဆို၏။

အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို လာရောက်ဆည်ဖို့စဉ်က အရှင်အရဟံဦးဆောင်သော မထေရ် ကြီး ကိုးပါး၊ ရဟန္တာမထေရ်ငယ် ၁၆ပါးတို့ဖြင့် မိတ္ထီလာနယ်တဝိုက်တွင် သိမ်ကိုးသိမ်ကို တစ်ပြိုင်တည်း သမုတ်တော်မူခဲ့ သည်။

မိတ္ထီလာကန်တော်ကြီးတွင် အနော်ရထာမင်းလက်ထက်မှ စ၍ သိမ်ကိုးသိမ်၊ ဂူကိုးဂူ၊ အင်းကိုးအင်း၊ ကုန်းကိုးကုန်း ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။

“သိမ်ကိုးသိမ်”
သိမ်ကိုးသိမ်ကို လက်ယာရစ် လှည့်ပတ်မည်ဆိုလျှင် “ပဲသီတာသိမ်” ကို စတင်တွေ့ရမည်ဖြစ်သည်။ ပဲသီတာသိမ် မှာ အလည်ရွာနယ်မြေ၊ မြင်းကန်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဆည်ကုန်းကျေးရွာအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးတွင် တည်ရှိသည်။ ပဲသီတာသိမ်ကို ရဟန္တာ အရှင်စုနန္ဒက ကြီးကြပ်ခဲ့သည်။

ဒုတိယတွေ့ရမည့်သိမ်မှာ “ကတ္တူကန်သိမ်” ဖြစ်သည်။ ကတ္တူကန်သိမ်မှာ မွေအုပ်စုတွင် ပါဝင်ပြီး အိုမတွေ့ရွာ အရှေ့ဘက် သိမ်တော်ကုန်းတွင် တည်ရှိသည်။ ယခင်က သွားလာရန် ခက်ခဲသော်လည်း ယခုအခါ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးဘေးတွင် ရှိသဖြင့် သွားလာရန် အထူးလွယ်ကူသွားပြီဖြစ်သည်။ ကတ္တူကန်သိမ်ကို ရဟန္တာအရှင်ရဌက ကြီးကြပ် ခဲ့သည်။

တတိယတွေ့ရမည့်သိမ်မှာ “ဝက်ကျောက်သိမ်” ဖြစ်သည်။ ဝက်ကျောက်သိမ်မှာ ညောင်ပင်လျှိုကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဝက်ကျောက်ရွာ မြောက်ဘက်တွင် တည်ရှိသည်။ ဝက်ကျောက်သိမ်ကို ရဟန္တာအရှင်မြတ် ရှင်ဗာကုလက ကြီးကြပ်ခဲ့ သည်။

စတုတ္ထတွေ့ရမည့်သိမ်မှာ “ရှင်ပင်ကူသိမ်”ဖြစ်သည်။ ရှင်ပင်ကူသိမ်မှာ ရွာမအုပ်စု၊ ရှင်မြို့ရွာအနီးတွင် တည်ရှိသည်။ ယခုအခါ ချမ်းအေးသာယာမြို့သစ် မြောက်ဘက်တွင် တည်ရှိသည်။ ရှင်ပင်ကူသိမ်ကို ရဟန္တာရှင်မောဂ္ဂလိက ကြီးကြပ်ခဲ့ သည်။
ပဉ္စမတွေ့ရမည့်သိမ်မှာ “သားဖန်းသိမ်”ဖြစ်သည်။ သားဖန်းသိမ်မှာ မိတ္ထီလာမြောက်ဘက် ငါးမိုင်ကွာ မိတ္ထီလာ- ပင်းတလဲသွား ကားလမ်းဘေးတွင် တည်ရှိသည်။ သားဖန်းတောင်ရွာ မြောက်ဘက်ကုန်းတွင်တည်ရှိသည်။ သားဖန်းသိမ်၏ ထူးခြားချက်မှာ ရှေးအဆောက်အဦးအတိုင်း ဘုံငါးဆင့် တန်ဆောင်းနှင့် စေတီတော်အတွင်းရှိ ရုပ်ပွားတော်မှာလည်း ပုဂံ လက်ရာ ရုပ်ပွားတော်ဖြစ်သည်။ ထူးခြားရှားပါးသည့် သိမ်တော်ဖြစ်သည်။ သားဖန်းသိမ်ကို

ရှင်အရဟံမထေရ်မြတ်ကြီးက ကြီးကြပ်ခဲ့သည်။
ဆဌမတွေ့ရမည့်သိမ်မှာ “ကလိန်ခြေသိန်”ဖြစ်သည်။ ကလိန်ခြေသိန်မှာ ရှမ်းတဲနယ်မြေ၊ ကျောင်းရွာအုပ်စု၊ လေးထောင့်ကန်ကျေးရွာ အနီးတွင် တည်ရှိသည်။ ကလိန်ခြေသိမ်ကို ရဟန္တာအရှင်မြတ် ဓမ္မိက ကြီးကြပ်ခဲ့သည်။

သတ္တမတွေ့ရမည့် သိမ်မှာ “ကူဖြူသိမ်” ဖြစ်သည်။ ကူဖြူသိမ်မှာ ကူဖြူသိမ်ကျေးရွာအနီးတွင် တည်ရှိသည်။ ယခု အခါ သပြေဝ-သာစည်သွား ကားလမ်းဘေး “ဝန်ဇင်းမင်းရာဇာ” တည်ထားကိုးကွယ်သည့် ရွှေစည်းခုံစေတီတော်၏ တောင် ဘက်တွင် တည်ရှိသည်။ ကူဖြူသိမ်မှာ သာစည်မြို့နယ်အတွင်းတွင် ပါဝင်သည်။ ကူဖြူသိမ်ကို ရဟန္တာရှင် ရေဝထက ကြီးကြပ်ခဲ့သည်။

အဌမတွေ့ရမည့်သိမ်မှာ “ကုန်းတောင်းသိမ်”ဖြစ်သည်။ ကုန်းတောင်းသိမ်မှာ မိတ္ထီလာ-တောင်ကြီး သွား ကားလမ်း ဘေး ညောင်ကိုင်ကျေးရွာ၏ အရှေ့မြောက် ဘက်တွင် တည်ရှိသည်။ ကုန်းတောင်းသိမ် မှာလည်း သာစည်မြို့နယ်တွင် ပါဝင်သည်။ ကုန်းတောင်းသိမ်ကို ရဟန္တာအရှင်မြတ် ရှင်ယသက ကြီးကြပ်ခဲ့သည်။

နဝမတွေ့ရမည့်သိမ်မှာ “ထီးသုံးဆင့်သိမ်” ဖြစ်သည်။ ထီးသုံးဆင့်သိမ်မှာ မိတ္ထီလာ-မြင်းခြံသွား ကားလမ်းဘေး “ရွှေမြင်မိ” စေတီတော်ဝင်းအတွင်း သီရိမင်္ဂလာရပ်ကွက်တွင် တည်ရှိသည်။

“ထီးသုံးဆင့်သိမ်” မှာ အလယ်သိမ် ဖြစ်သည်။ ထီးသုံးဆင့်သိမ်ကို ရဟန္တာအရှင် နန္ဒက ကြီးကြပ်ခဲ့သည်။
သိမ်ကိုးသိမ်မှာ တစ်သိမ်နှင့်တစ်သိမ် အဖြောင့်တိုင်းလျှင် နှစ်မိုင်ခန့်သာ ကွာဝေးသည်။ ထီးသုံးဆင့်သိမ်ကို ဗဟိုထား၍ ကန်အောက်လေးသိမ်နှင့် ကန်အထက် လေးသိမ် တည်ဆောက်ထားခြင်း ဖြစ်သည်။ သိမ်တိုင်းတွင် သိမ်ဦး စေတီရှိသည်။ စေတီတိုင်းမှာ အရှေ့ဘက်မုဒ်လှည့်ထားသည်။ မုဒ်တိုင်းတွင် တင်ပလ္လင်ခွေရုပ်ပွားတော်များ တည်ထားသည်။ ပဲသီတာသိမ်၊ ကတ္တူကန်သိမ်၊ ဝက်ကျောက်သိမ်နှင့် ရှင်ပင်ဂူသိမ်တို့မှာ ကန်အထက်တွင်ရှိသော သိမ်လေးသိမ်ဖြစ်၍ သားဖန်းသိမ်၊ ကလိန်ခြေသိမ်၊ ကူဖြူသိမ်နှင့် ကုန်းတောင်းသိမ်လေးသိမ်တို့မှာ ကန်အောက်လေးသိမ်ဖြစ်သည်။ ထိုသိမ် ကိုးသိမ်ကို ရှင်အရဟံ မထေရ်မြတ် အမှူးပြု၍ မထေရ်ကြီးကိုးပါးနှင့် ရဟန္တာမထေရ်ငယ် ၁၆ပါးတို့က တစ်နေ့တည်း၊ တစ်ရက်တည်း၊ တစ်ပြိုင်တည်ပဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

credit ငယ်လေးစာပေမှ
ပြန်လည်မျှဝေပေးသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Shwe Myanmar San Travels & Tours Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category