Back to Nature Myanmar

Back to Nature Myanmar Back To Nature is concept to reconnect & recharge with the nature, focuses stress free therapy. One of the boutique Eco adventure company in Myanmar.

We are nature lovers 😍
01/02/2025

We are nature lovers 😍


Back to Nature Myanmar ရဲ့ January လအတွင်းပြီးမြောက်ခဲ့တဲ့ activities များကိုစုစည်းတင်ပြထားပါတယ်။ နှစ်တစ်နှစ်ရဲ့ပထမဆုံးလ...
01/02/2025

Back to Nature Myanmar ရဲ့ January လအတွင်းပြီးမြောက်ခဲ့တဲ့ activities များကိုစုစည်းတင်ပြထားပါတယ်။ နှစ်တစ်နှစ်ရဲ့ပထမဆုံးလမှာတော့ မိတ်ဆွေများအား အလေးထားသည့်အနေဖြင့် တိုက်ကြီးခရီးစဉ်မှာ ကျွဲကောသီး package နဲ့အတူစီစဉ်ပေးခဲ့ပါတယ်။ အပတ်စဉ်သွားနေကျ Narrowdise Yoma trekking မှာလည်း ကောင်းစွာစီစဉ်နိုင်ခဲ့ပြီး feedback ကောင်းများလည်းရရှိခဲ့ပါသေးတယ်။
Everest Base Camp နှင့် Annapurna Base Camp တို့ရဲ့ ဈေးနှုန်းအသစ်များကိုလည်း update ပေးခဲ့နိုင်ပါတယ်။
ကရင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ဘားအံမြို့မှာလည်း Team building ပြုလုပ်နိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ဇွဲကပင်တောင်တက်ခရီးကိုပါ ယခုလအတွင်း စီစဉ်ပေးနိုင်ခဲ့ပါတယ်။
ကျောင်းသား ကျောင်းသူများအတွက်လည်း survival skills များတိုးတက်လာစေရန် မိမိတို့ရဲ့ comfort zone မှထွက်နိုင်ရန်ကူညီသည့်အနေဖြင့် specialized nature base educational trips များကိုလည်းစီစဉ်ပေးနိုင်ခဲ့ပါတယ်။

Knowledge sharing session မှာလည်း မြန်မာနိုင်ငံရဲ့ မီးသွေးဖုတ်လုပ်ခြင်းလုပ်ငန်းနဲ့သူ၏အကျိုးဆက်များအကြောင်း ကျွဲကောသီးရဲ့ ကောင်းကျိုးများနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများဆုံးစုပ်ယူနိုင်သောအပင်များအကြောင်း စသည်ဖြင့် ကဏ္ဌာပေါင်းစုံမှ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ချက်ဖြင့် တင်ခဲ့ပါတယ်။
ဒါအပြင် လက်တလော ဆောင်းရာသီအတွင်း ကြုံတွေ့ရင်ဆိုင်
နေရသော လေထုညစ်ညမ်းခြင်းအကြောင်းကိုလည်း တစ်စိတ်တ‌စ်ဒေသ တင်ပြခဲ့ပါသေးတယ်။

တိုက်ကြီးမြို့ရှိ အတုလမုနိ ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓစေတီ၏ ထီးတော်တင်ပွဲမှာလည်း ကိုင်းကွင်းကြီးကျေးရွာ လူငယ်ဝေယာဝစ္စအဖွဲ့နဲ့အတူ အမှိုက်ခွဲခြားစွန့်ပစ်ရန် သန့်ရှင်းရေးပိုင်းတာဝန်ယူ ဆောင်ရွက်ခဲ့ပြီး BTN Myanmar မှ members များနှင့် volunteers များက အကောင်းဆုံးကြိုးစားပြီး အမှိုက်များစနစ်တကျ စွန့်ပစ်ဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

လူငယ်များအား outdoor ကဏ္ဍမှာ ပိုမိုပါ၀င်စေလိုသည့်ရည်ရွယ်ချက်ဖြင့်လည်း Paid Internship Program Batch (8) ကိုခေါ်ယူခဲ့ပါသေးတယ်။
Back to Nature Myanmar အနေဖြင့် ယခုလိုမျိုး activities များစွာအား January လအတွင်းပြီးစီးပြီးမြောက်ခဲ့သည်အတွက် ဂုဏ်ယူရပြီး နောက်လများတွင်လည်းပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ဗဟုသုတများ နှင့် activities များကို မိတ်ဆွေတို့ထံပေးသွားဖို့ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရန်ကုန်မှာ တိမ်ပင်လယ်ကြည့်မယ် ☁️☁️☁️ဆောင်းတွင်း  ရောက်ပြီဆိုရင် ကျနော်တို့အားလုံးရဲ့ စိတ်အလှုပ်ရှားဆုံး ခရီးက "တိမ်ပင်လယ...
31/01/2025

ရန်ကုန်မှာ တိမ်ပင်လယ်ကြည့်မယ် ☁️☁️☁️

ဆောင်းတွင်း ရောက်ပြီဆိုရင် ကျနော်တို့အားလုံးရဲ့ စိတ်အလှုပ်ရှားဆုံး ခရီးက "တိမ်ပင်လယ်" လို့ပြောရင် မှားမယ်မထင်ပါဘူး။
အခုမိတ်ဆက်ပေးလိုက ရန်ကုန်မြို့မှာ တိမ်ပင်လယ် ကြည့်မယ့် ခရီးစဉ်ပဲဖြစ်ပါတယ်။ ရန်ကုန်မနက်ခင်းမှာ တောင်အမြင့်တတ်စရာမလိုတာကြောင့် အရမ်းပင်ပန်းမှာ မပူရမယ့် ခရီးစဉ်လဲဖြစ်ပါတယ်။ ဒါပေမဲ့ "တိမ်ပင်လယ်" ကြည့်ရမှာတော့ သေချာပါတယ်။

ခရီးစဉ်အသေးစိတ်ကတော့...
- ကျနော်အဖွဲ့တွေ စုရပ်မှာ မနက် ၅ နာရီစုံကြပါမယ်။
- ပထမဆုံး လူစစ်မယ်၊ ပြီးရင် အကြောလျှော့ သွေးပူလေ့ကျင့်ခန်းလေး အတူတူလုပ်ကြပါမယ်။
- အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ သတ်မှတ်ထားတဲ့နေရာမှာ မိမိယူဆောင်လာသော သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်၊ အမှိုက် အမျိုးမျိုးတို့ကို စုပုံပါမယ်။
- နောက်ဆုံးအဆင့်အနေနဲ့ စုပုံထားတဲ့ အမှိုက်တွေကို မီးခြစ်ဆံတထောင့်စီမီးခြစ်ကာ မီးရှို့လိုက်မယ်ဆိုရင်တော့
လေထုမှာထဲမှာရှိတဲ့ မြူတွေကြားကို မီးခိုးငွေ့များစတင်ရောနှောလာကာ လေထုအလွှာထဲ မီးခိုးငွေ့များပိုပိုများပြားလာတာကို မြင်တွေ့ရမယ်။
- ကဲဒါဆိုရင် ကျနော်တို့ရဲ့ လူလုပ်တိမ်ပင်လယ်ကြီးကို ရန်ကုန်မှာ မြင်တွေ့ခံစားနိုင်ပါပြီ။

ဒီတိမ်ပင်လယ်ကြီး လွယ်လွယ်ပျက်စီးသွားမှာလည်း စိုးရိမ်ဖို့မလိုပါဘူး။ ဆောင်းရာသီမှာ လေတိုက်နှုန်းနည်းတာကြောင့်ရယ်၊ လေထုထဲမှာရှိတဲ့ မြူမှုန်လေးတွေက ဒီမီးခိုးငွေ့တွေကို ဖမ်းထားသလိုဖြစ်နေတာကြောင့်ရယ် လေထုထဲမှာ မီးခိုးငွေ့ရှိနိုင်ဖို့က နွေရာသီထက်ပိုကြာပါတယ်။

မှတ်ချက်။ ။ ဒါကတော့ လေထုထဲက လေထုညစ်ညမ်းမှု ဘယ်လိုဖြစ်တည်လာသလဲဆိုတာကို သရော်စာအနေနဲ့ ရေးဖွဲ့တင်ပြထားတာဖြစ်ပါတယ်။
(လေထုညစ်ညမ်းမှု ဝါ တိမ်ပင်လယ်)

Price: $$$
Date- in winter

What we will provide.....
- Unbelievable view
- Way how to make sea of clouds
- First Aid kits
- Guides/ Expert
- Limited experience

What you must bring along.....
- A pack of dry leaves, branches, trash (plastic, paper,..)
- Sunglasses
- Some green leaves
- Matches
- Mask
- Respiratory protective equipment (RPE)
- Water Bottle

#လေထုညစ်ညမ်းမှု
#ရန်ကုန်
#တိမ်ပင်လယ်


ဘားအံမြို့သို့ အလည်တစ်ခေါက်🌄🤍 သာယာချမ်းမြေ့ဖွယ် ရှုခင်းအငွေ့အသက်ကလေးတွေ တန်ဖိုးမဖြတ်နိုင်တဲ့ သံလွင်မြစ်ရဲ့ ရှုခင်း တောတေ...
30/01/2025

ဘားအံမြို့သို့ အလည်တစ်ခေါက်🌄🤍 သာယာချမ်းမြေ့ဖွယ် ရှုခင်းအငွေ့အသက်ကလေးတွေ တန်ဖိုးမဖြတ်နိုင်တဲ့ သံလွင်မြစ်ရဲ့ ရှုခင်း တောတောင်လယ်ယာစိုက်ခင်းတွေနဲ့ သဘောကောင်းတဲ့တိုင်ရင်းသားတွေရှိတဲ့ လည်ပတ်စရာအကောင်းဆုံးဖြစ်တဲ့ ဘားအံမြို့

ဘားအံမြို့ရဲ့အဓိကအနှစ်သာရကတော့ တောင်တက်ရတာပါပဲ တောင်တက်ခြင်းက မိမိရဲ့စိတ်နှင့်ခန္ဓာကို ပိုမိုကြံခိုင်လာစေတဲ့အပြင် လမ်းခရီးမှာလည်း တောင်တက်ရင်းမှ မိတ်ဆွေကောင်း မိတ်ဆွေသစ်တွေရရှိနိုင်ပါတယ် မြန်မာနိုင်ငံရဲ့ အထင်ကရတောင်တွေထဲကတစ်ခုဖြစ်တဲ့ ဇွဲကပင်တောင် အမြင့်ပေအားဖြငိ့ (2372) ပေမြင့်တဲ့ ဇွဲကပင်တောင်တက်ခရီးစဉ်ကို joinဖို့အတွက်ဖိတ်ခေါ်ပါတယ်။ တောင်တက်ခရီးလမ်းကတော့ မိတ်ဆွေတို့ကို ကြမ်းတမ်းပြီး မောပန်းစေမှာတော့အမှန်ပါပဲ
ဒါပင်မဲ့ တောင်ပေါ်ရောက်တဲ့အခါ လမ်းခရီးတစ်လျောက် ပင်ပန်းခဲ့သမျှမေ့ပျောက်သွားတဲ့အထိ လှပတဲ့ ရင်သတ်ရှုမော်ဖွယ် ရှုခင်းတွေနဲ့ ဘားအံမြို့ရဲ့ အလှတရားကို ခံစားရမှာပဲဖြစ်ပါတယ်။ တောင်တက်ခရီးလမ်းမှာလည်း BTN members တွေက မိတ်ဆွေတို့လမ်းခရီးမှာအဆင်ပြေစေဖို့အတွက် အစစအရာရာကူညီပေးသွားမှာဖြစ်ပြီး ယခုတောင်တက်ခရီးစဉ်က မိတ်ဆွေတို့ကို အမှတ်တရကောင်း‌တွေနဲ့တန်ဖိုးရှိတဲ့ခရီးလေးတစ်ခုဖြစိမှာမို့ အခုပဲလာရောက်စာရင်းပေးထားဖို့ဖိတ်ခေါ်ပါတယ်

DATE- February 7, 8 & 9
PRICE- 340,000 ks








Yoma Narrowdise Trekking 🌳🚶🏼ပွင့်လင်းရာသီကို ကူးပြောင်းလာတာနဲ့အတူ ခံစားချက် အသစ်အဆန်းများနဲ့ အားလပ်ရပ် စွန့်စားခရီးသွားခ...
28/01/2025

Yoma Narrowdise Trekking 🌳🚶🏼

ပွင့်လင်းရာသီကို ကူးပြောင်းလာတာနဲ့အတူ ခံစားချက် အသစ်အဆန်းများနဲ့ အားလပ်ရပ် စွန့်စားခရီးသွားချင်သူများအတွက် Yoma Narrowdise trekking လေးရောက်ရှိလို့လာပါပြီ။ 😇

ကွန်မြူနစ်ခေတ်က အသုံးပြုခဲ့တဲ့ လျှိုမြောင်လမ်းကလေး တွေကနေ ပဲခူးရိုးမရဲ့ အလှတရား၊
စမ်းချောင်ငယ်လေးတွေမှာ လမ်းလျောက်ရင်းနဲ့
သဘာ၀ကိုအပြည့်၀ခံစားရစေမယ့် adventure trip လေးဖြစ်ပါတယ်။

မြောက်မှတောင်သို့ သွယ်တန်းကာ ရန်ကုန်မြို့မှာအဆုံးသတ်တဲ့ ပဲခူးရိုးမရဲ့ သဘာ၀ အလှတရားကို ခံစားချင်တယ် ဆိုရင်တော့ Back To Nature Myanmar ရဲ့ Yoma Narrowdise Trekking ခရီးစဉ်လေးလာပါပြီ။💚🦜

Price: 110,000 MMK (Including Transportation)
Date- 2nd February 2025

What we will provide.....
- Lunch, Coffee, Drinking water
- Transportation (Aircon bus)
- First Aid kits
- Guides/ Expert

What you must bring along.....
- Shoes/Sandals
- Extra set of clothing
- Long/Short pant
- Ocean pack waterproof bag
- Hiking daypack
- Rain Coat
- Hat (Will be hot while riding boat)
- Coffee cup
- Insect Repellent
- Wet tissues
- Sun block cream
- Personal snacks


_in_Myanmar







တောရပ်တောရွာဆိုတာ အေးမြငြိမ်းချမ်းပြီး လူရဲ့စိတ်ကိုကြည်လင်စေတာအမှန်ပါပဲ🪵🌳။ သင့်ရဲ့တစ်နေ့တာကို ကားသံ၊ လူသံ တွေနဲ့စိတ်ကျဉ်...
26/01/2025

တောရပ်တောရွာဆိုတာ အေးမြငြိမ်းချမ်းပြီး လူရဲ့စိတ်ကိုကြည်လင်စေတာအမှန်ပါပဲ🪵🌳။ သင့်ရဲ့တစ်နေ့တာကို ကားသံ၊ လူသံ တွေနဲ့စိတ်ကျဉ်းကျပ်စရာ မြို့ပြယဉ်ကျေးမှုတွေရဲ့အဝေး လူသူအရောက်နည်းတဲ့ တောရွာလေးမှာ ကုန်ဆုံးမယ်လို့ စိတ်ကူးယဥ်ကြည့်ပါ။ အိမ်နောက်ဖေးဈေးတည်ဆိုတဲ့အတိုင်း တနိုင်တပိုင်စိုက်ခင်းလေးတွေရှိမယ် 🌱🍊နို့စားနွားလေးတွေနဲ့ နွားတင်းကုပ်တွေ🐄ထားမယ်

ကျေးလက် နေထိုင်မှုပုံစံလေးကိုအပြည့်၀ခံစားကြရမဲ့ tour လေးနဲ့ မိတ်ဆက်ပေးပါရစေ။ BTN Myanmar က ကျေးရွာနေထိုင်မှုကိုလေ့လာနိုင်ဖို့နဲ့ တောဓလေ့အငွေ့သက်မှာ အပန်းဖြေနိုင်ဖို့အတွက်စီစဉ်ပေးထားပါတယ်။

အေးဆေးငြိမ်သက်တဲ့ တိုက်ကြီး ရွာကခြံလေးထဲမှာ အေးဆေးအနားယူပြီး ခြံထဲမှာဓာတ်ပုံတွေပတ်ရိုက်နိုင်မယ်📷🏞️ လမ်းလျှောက်ချင်သူတွေအတွက် soft trekking လေးတစ်ခုလည်းပါမယ် လမ်းလျောက်ပြီးအမောပြေ ကျွဲကောသီး ချိုချိုအေးအေးလေးတွေစားဖို့အတွက်လည်း တခြံလုံးအပြည့် ကျွဲကောပင်စိုက်ထားတာမို့ အဆင်ပြေဆုံးပဲ😋🍋 နေ့လည်စာသုံးဆောင်ဖို့ကိုလည်း တောဓလေ့ တောအကြိုက်နဲ့ အစဉ်ပြေပြေသုံးဆောင်နိုင်အောင်စီစဉ်ပေးထားတာမို့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တစ်ရက်တာအပန်းဖြေဖို့ အသင့်တော်ဆုံး ခရီးစဉ်လေးပဲဖြစ်ပါတယ်။

သာမန် trip တွေနဲ့မတူပဲ ခရီးစဉ်အသစ်ဖြစ်တာမို့ promotion ပေးဖို့လည်းစီစဉ်ထားပါတယ်။

လူခြောက်ယောက်စာ စာရင်းပေးထားရုံနဲ့ အခမဲ့တစ်ယောက်လိုက်ပါနိုင်မှာဖြစ်ပြီး😉 စုစုပေါင်းခုနစ်ယောက် အပန်းဖြေနိုင်မဲ့ခရီးလေးဖြစ်ပါတယ်။ ဒါ့အပြင် ယခုခရီးစဉ်လေးက January တစ်လတည်းသာ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အခုပဲမြန်မြန်စာရင်းပေးဖို့အကြံပေးချင်ပါတယ်။😇

Date- 29.01.2024(Saturday)
Price-68,000 Ks
Promotion - 6 + 1 (free)

what will provide -
- Transportation
- Lunch
- Water
- Green Tea
-Frist Aid Kit

What you must bring along.....
- personal water bottle
- Hat
- Tissues
- Personal snacks

#ဘူဖေး
#ကျွဲကောသီး



✅ Paid Internship Program Batch (8)Back To Nature Myanmar အနေနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးတွေမှာ လူငယ်တွေရဲ့ အခန်းကဏ...
26/01/2025

✅ Paid Internship Program Batch (8)

Back To Nature Myanmar အနေနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးတွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဌကို ပိုမိုမြှင့်တင်ပေးလိုတဲ့အတွက် ထပ်မံ၍ Paid Internship Program လေးကိုစီစဉ်ပေးလိုက်ရပါတယ် 📣

Internship ကာလကို (3) လသတ်မှတ်ထားပြီး Training တွေကိုတော့ Indoor သာမက Outdoor မှာပါ လေ့လာသင်ယူရမှာပဲဖြစ်ပါတယ် 🐛🕷️🌿🪵

Internship ကာလပြီးဆုံးပါက Back To Nature Myanmar Nature-Base Tourism Company ၌ Nature Career တစ်ခုကို Full Time Position အနေဖြင့်ပြန်လည်လျှောက်ထားနိုင်သော အခွင့်အရေး ရရှိနိုင်မှာပဲ ဖြစ်ပါတယ် 🎒🧗‍♀️

ဒါ့အပြင် Full Time Position မလျှောက်ထားဖြစ်တဲ့ Candidate တွေအတွက်လဲ Internship တစ်‌လျှောက် ကြိုးစားမှုပေါ်မှုတည်ပြီး Reference Letter ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

❕ဒါဆို ဒီ Program မှာဘာတွေလုပ်ရမှာလဲ ❕
🌳 Nature Basic
🌳 Outdoor Gears
🌳 Personal Development
🌳 Communication skills
🌳 Survival skills
🌳 Customer service skills
🌳 Cultural awareness
🌳 Health awareness
🌳 Conservation
🌳 Nature-Base Learning အစရှိတဲ့ Skill Training ‌တွေကို Indoor သာမက Outdoor အနေနဲ့ ခရီးစဉ်တစ်ချို့မှာပါ လိုက်ပါ သင်ယူလေ့လာရမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့်ဒီ Program လေးကနေ Life skills တွေရရှိရုံသာမက ခရီးတစ်ချို့ကိုပါ (စရိတ်ငြိမ်း) လိုက်ပါခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။

Internship ကာလ(3)လသည် Full Time ဖြစ်သည့်အတွက် အခြားသော Full Time job ရှိသည့်သူများလျှောက်ထားရန် အဆင်မပြေပါ။

သဘာ၀ပတ်၀န်းကျင်ကို အမှန်တကယ် ချစ်မြတ်နိုး၊ထိန်းသိမ်းလိုစိတ်ရှိပြီး အပင်ပန်းခံ လေ့လာသင်ယူနိုင်သူများသာ လျှောက်ထားပေးကြပါရန်လဲ အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

ဒါ့ကြောင့် ဆယ်တန်းအောင်မြင်ပြီး အသက် 18-28 အတွင်း စိတ်ပါ၀င်စားသူ မည်သူမဆို Email address [email protected] ကို Resume ပေးပို့လျှောက်ထားနိုင်ပါသည်။

‼️အခြားအသေးစိတ်သိရှိလိုသည်များကိုတော့ Selection Candidate များအနေဖြင့် Interview Section တွင်မေးမြန်းနိုင်ပါသည်။ ‼️







ကျောင်းသားကျောင်းသူတွေရဲ့ စာသင်နှစ်တစ်ခုမှာ school trip ဆိုတာမပါမဖြစ်ပါ။ မပါမဖြစ်ဆိုသလိုပဲ ကျောင်းသားကျောင်းသူများရဲ့ သင...
25/01/2025

ကျောင်းသားကျောင်းသူတွေရဲ့ စာသင်နှစ်တစ်ခုမှာ school trip ဆိုတာမပါမဖြစ်ပါ။ မပါမဖြစ်ဆိုသလိုပဲ ကျောင်းသားကျောင်းသူများရဲ့ သင်ယူမှုဆိုင်ရာမှာ အထောက်အပံ့တခုလဲ ဖြစ်ပါတယ်။ School Trip တိုင်းမှာ အမျိုးမျိုးကွဲပြားသော ရည်ရွယ်ချက်များရှိကြပါတယ်။

ကျွန်တော်တို့ BTN အနေနဲ့ စီစဉ်ပေးတဲ့ specialized nature base educational trip တွေမှာတော့ ကျောင်းသားကျောင်းသူတိုင်းရဲ့ စိတ်နဲ့ခန္ဓာအလုံးစုံကို သဘာဝတရားအတွင်း ပါဝင်စီး‌မျောသွားစေဖို့ ရည်ရွယ်ပါတယ်။
ယခုလိုမျိုး စီစဉ်ရာတွင် အတန်းတစ်ခုရဲ့ လိုအပ်ချက်အလိုက် စနစ်တကျ ဒီဇိုင်းဆွဲထားသော activities များက ကျောင်းသားအားလုံးပါဝင်ဆင်နွှဲနိုင်ရန် ဖြစ်ပါတယ်။

ဒါ့ကြောင့် မိမိတို့ရဲ့ comfort zone ကနေထွက်လာဖို့ ကျောင်းသားကျောင်းသူတစ်ဦးစီတိုင်းကို ကူညီပေးပါတယ်။ အမျိုးစုံလင်သော သင်ယူမှုအ
ခွင့်အလမ်းများ၊ စိန်ခေါ်မှုများကြောင့် သဘာဝဝန်းကျင်ထဲ လိုက်လျောညီထွေ ဖြစ်လာမှုမျိုးကို ရလဒ်အနေနဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
Back To Nature Myanmar ရဲ့ school trip တွေကနေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့
- flexible ဖြစ်ခြင်း
- အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း
- အသင်းအဖွဲ့စိတ်ဓာတ်ပိုမို မြင့်မားလာနိုင်ခြင်း
- မိမိကိုယ်ကိုယ်အားကိုးတတ်ခြင်း အစရှိသော ကျွမ်းကျင်မှုများကို လောကသဘာဝထဲတွင် တတ်မြောက်သွားနိုင်မှာပဲဖြစ်ပါတယ်။

ဒီလိုကျွမ်းကျင်မှုတွေ ကျောင်းသားကျောင်းသူ တစ်ဦးစီတိုင်း ရရှိသွားဖို့ဆိုတာ တော်ရုံကိစ္စမဟုတ်ပါဘူး။ BTN ကတော့ ဒီလို တစ်ဦးစီတိုင်းရရှိသွားနိုင်ဖို့ တာဝန်ယူ စီစဉ်ပေးလျက်ရှိပါတယ်။

အသေးစိတ်သိရှိလိုပါက page messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။





22/01/2025

တောရပ်တောရွာဆိုတာ အေးမြငြိမ်းချမ်းပြီး လူရဲ့စိတ်ကိုကြည်လင်စေတာအမှန်ပါပဲ🪵🌳။ သင့်ရဲ့တစ်နေ့တာကို ကားသံ၊ လူသံ တွေနဲ့စိတ်ကျဉ်းကျပ်စရာ မြို့ပြယဉ်ကျေးမှုတွေရဲ့အဝေး လူသူအရောက်နည်းတဲ့ တောရွာလေးမှာ ကုန်ဆုံးမယ်လို့ စိတ်ကူးယဥ်ကြည့်ပါ။ အိမ်နောက်ဖေးဈေးတည်ဆိုတဲ့အတိုင်း တနိုင်တပိုင်စိုက်ခင်းလေးတွေရှိမယ် 🌱🍊နို့စားနွားလေးတွေနဲ့ နွားတင်းကုပ်တွေ🐄ထားမယ်

ကျေးလက် နေထိုင်မှုပုံစံလေးကိုအပြည့်၀ခံစားကြရမဲ့ tour လေးနဲ့ မိတ်ဆက်ပေးပါရစေ။ BTN Myanmar က ကျေးရွာနေထိုင်မှုကိုလေ့လာနိုင်ဖို့နဲ့ တောဓလေ့အငွေ့သက်မှာ အပန်းဖြေနိုင်ဖို့အတွက်စီစဉ်ပေးထားပါတယ်။

အေးဆေးငြိမ်သက်တဲ့ တိုက်ကြီး ရွာကခြံလေးထဲမှာ အေးဆေးအနားယူပြီး ခြံထဲမှာဓာတ်ပုံတွေပတ်ရိုက်နိုင်မယ်📷🏞️ လမ်းလျှောက်ချင်သူတွေအတွက် soft trekking လေးတစ်ခုလည်းပါမယ် လမ်းလျောက်ပြီးအမောပြေ ကျွဲကောသီး ချိုချိုအေးအေးလေးတွေစားဖို့အတွက်လည်း တခြံလုံးအပြည့် ကျွဲကောပင်စိုက်ထားတာမို့ အဆင်ပြေဆုံးပဲ😋🍋 နေ့လည်စာသုံးဆောင်ဖို့ကိုလည်း တောဓလေ့ တောအကြိုက်နဲ့ အစဉ်ပြေပြေသုံးဆောင်နိုင်အောင်စီစဉ်ပေးထားတာမို့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တစ်ရက်တာအပန်းဖြေဖို့ အသင့်တော်ဆုံး ခရီးစဉ်လေးပဲဖြစ်ပါတယ်။

သာမန် trip တွေနဲ့မတူပဲ ခရီးစဉ်အသစ်ဖြစ်တာမို့ promotion ပေးဖို့လည်းစီစဉ်ထားပါတယ်။

လူခြောက်ယောက်စာ စာရင်းပေးထားရုံနဲ့ အခမဲ့တစ်ယောက်လိုက်ပါနိုင်မှာဖြစ်ပြီး😉 စုစုပေါင်းခုနစ်ယောက် အပန်းဖြေနိုင်မဲ့ခရီးလေးဖြစ်ပါတယ်။ ဒါ့အပြင် ယခုခရီးစဉ်လေးက January တစ်လတည်းသာ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အခုပဲမြန်မြန်စာရင်းပေးဖို့အကြံပေးချင်ပါတယ်။😇

Date- 25.01.2024(Saturday)
Price-68,000 Ks
Promotion - 6 + 1 (free)

what will provide -
- Transportation
- Lunch
- Water
- Green Tea
-Frist Aid Kit

What you must bring along.....
- personal water bottle
- Hat
- Tissues
- Personal snacks

#ဘူဖေး
#ကျွဲကောသီး



Crafting an exceptional nature-based corporate team-building experience can be complex. However, taking teams out of the...
21/01/2025

Crafting an exceptional nature-based corporate team-building experience can be complex. However, taking teams out of their comfort zones offers the perfect opportunity to disconnect from daily routines and reconnect with one another while recharging through nature-based learning.





Trekking လျှောက်ပြီး ‌ကျွဲကောခြံထဲ အပန်းဖြေ ကျွဲကောသီးအရည်ရွှမ်းရွှမ်းစားရတာ သုခဘုံပါပဲတဲ့။ ဒါပဲလားဆို စိတ်ကြိုက်လိုရာရွ...
20/01/2025

Trekking လျှောက်ပြီး ‌ကျွဲကောခြံထဲ အပန်းဖြေ
ကျွဲကောသီးအရည်ရွှမ်းရွှမ်းစားရတာ သုခဘုံပါပဲတဲ့။

ဒါပဲလားဆို စိတ်ကြိုက်လိုရာရွေးချယ်ဝယ်ယူနိုင်မယ့်
အမိုက်စားခရီးတခုက လာမယ့် Saturday မှာလဲ ရှိနေပါသေးတယ်။

အခုပဲ page messenger ကနေ booking တင်ထားလိုက်တော့နော် 😍

Date : 25/01/2025
Promotion: 6 people+ 1 person

#ကျွဲကောသီး

Zwekabin Hike is on!
19/01/2025

Zwekabin Hike is on!

အတုလမုနိ ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓစေတီ ထီးတော်တင်ပွဲမှာ ကိုင်းကွင်းကြီးကျေးရွာ လူငယ်ဝေယာဝစ္စအဖွဲ့နဲ့အတူ အမှိုက်ခွဲခြားစွန့...
18/01/2025

အတုလမုနိ ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓစေတီ ထီးတော်တင်ပွဲမှာ ကိုင်းကွင်းကြီးကျေးရွာ လူငယ်ဝေယာဝစ္စအဖွဲ့နဲ့အတူ အမှိုက်ခွဲခြားစွန့်ပစ်ရန် သန့်ရှင်းရေးပိုင်းတာဝန်ယူ ဆောင်ရွက်ရာတွင် စိတ်ရောကိုယ်ပါ ကူညီစောင်ရွက်ပေး‌သော Volunteersများအား BTN team မှကျေးဇူးအထူးတင်ပါတယ်။ 🏆🏅 🏆

#ဘုရားထီးတော်တင်ပွဲ
#လိမ္မာ်ခြံ
#တိုက်ကြီး
#အမှိုက်ခွဲခြားစွန့်ပစ်ရန်

Good morning All.Morning trekking is the best way to start the day!
17/01/2025

Good morning All.
Morning trekking is the best way to start the day!

Admirers of Beauty of Nature. What can you say?? Write in comments!
15/01/2025

Admirers of Beauty of Nature. What can you say?? Write in comments!

Updated Price 2025 Everest Base Camp & Annapurna Base Campတောင်တက်သမားများရဲ့ အိမ်မက်တွေရှိရာဆီသို့အရောက်သွားကြမယ်... 💫❄...
14/01/2025

Updated Price 2025 Everest Base Camp & Annapurna Base Camp

တောင်တက်သမားများရဲ့ အိမ်မက်တွေရှိရာဆီသို့အရောက်သွားကြမယ်... 💫❄️

🏔️🏔️ ကမ္ဘာအမြင့်ဆုံးတောင်တွေဖြစ်တဲ့ Everest Base Camp နဲ့ Annapurna Base Camp ကိုသွားဖို့တောင်းဆိုနေကြတဲ့ မိတ်ဆွေများအတွက်
Back To Nature Myanmar က ABC နဲ့ EBC ခရီးတွေကိုထပ်မံ၍စီစဉ်ပေးလိုက်ပါပြီနော်။

🗓️လိုက်ချင်ပေမဲ့ ခရီး date တွေကြောင့်အခက်အခဲဖြစ်နေခဲ့ရတဲ့မိတ်ဆွေတွေအတွက်လည်း အဆင်ပြေစေရန် ခရီးစဉ်‌များကို ရေခဲတောင်တက်ဖို့ အကောင်းဆုံးအချိန် တွေဖြစ်တဲ့ 2025 February, March, April နဲ့ May လေးလလုံးမှာစီစဉ်ပေးထားမှာဖြစ်ပါတယ်။

Package တစ်ခုချင်းစီရဲ့ Itinerary အသေးစိတ်ကို
Page messenger မှာ လာရောက် မေးမြန်းနိုင်ပါတယ် ။ သွားချင်သူများ မိမိနှစ်သက်ရာ date မှာ booking တင်ထားလို့ ရပါပြီခင်ဗျ ။

‼️ယခု တင်ထားတဲ့ စျေးနှုန်းက မြန်မာ guide မပါပဲ နီပေါ guide သာ ပါဝင်မှာ ဖြစ်ပါတယ် ‼️













ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံး စုပ်ယူနိုင်သောအပင်ယနေ့ခေတ် စက်မှုထွန်းကားတဲ့ကာလမှာ ယာဉ်သုံးစွဲမှုများ၊ စက်ရုံအလုပ်ရုံမျာ...
13/01/2025

ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံး စုပ်ယူနိုင်သောအပင်
ယနေ့ခေတ် စက်မှုထွန်းကားတဲ့ကာလမှာ ယာဉ်သုံးစွဲမှုများ၊ စက်ရုံအလုပ်ရုံများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကလည်း အဆမတန်မြင့်တတ်လာတာ ကိုတွေ့မြင် ရမှာဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုလျော့ချဖို အကောင်းဆုံးနည်းလမ်းတစ်ရပ်ကတော့ သစ်ပင်စိုက်ခြင်းပဲဖြစ်ပါတယ်။
သစ်ပင်တွေက လေထုထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်စီဂျင် ပြန်ထုတ်ပေးတယ်ဆိုတာ ကျွန်တော်တိုအားလုံးသိပြီးသားအကြောင်းအရာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအပင်တွေက ကာဗွန်အများ ဆုံးစုပ်ယူပေးနိုင်တယ် ဆိုတာကော သိကြပါသလား။ ကာဗွန်အများဆုံးစုပ်ယူပေးနိုင်တဲ့ အပင်ကတော့ ကျွန်းသစ် ဖြစ်ပါတယ်။
ကျွန်းသစ် (Tectona gradis L.)
ကျွန်းသစ်များသည် မြန်မာမျိူးရင်းဖြစ်ပြီး ပဲခူးရိုးမမှာ အများဆုံးတွေ့နိုင်ပါတယ်။ အာရှတိုက်မှာတော့ မြန်မာ၊ ထိုင်း၊ နှင့်လာအိုနိုင်ငံများမှာ တွေ့နိုင်ပါတယ်။ ကျွန်းပင်တွေက အလင်းရောင်ကောင်းကောင်းရပြီး အပူချိန်များသော ဒေသများတွင်ပိုမိုဖြစ်ထွန်းပါတယ်။ ကျွန်းပင်တွေရဲ့ ပင်စည်သိပ်သည်းမှုနှင့် နှစ်ရှည်ခံနိုင်ရည်ရှိမှုတိုကြောင့် ကာဗွန်ကို ကောင်းမွန်စွာ ပင်စည်ထဲတွင် သိုလှောင်နိုင်ကြပါတယ်။
ကျွန်းပင်များ၏ နှစ်အလိုက်ကာဗွန်စုပ်ယူနိုင်မှုသည်လည်း ကွဲပြားပါတယ်။
• ပထမ (၅)နှစ်သားအရွယ်တွင် ကာဗွန်ကိုကောင်းမွန်စွာမစုပ်ယူနိုင်ကြသေးပါ။
• (၆) နှစ်နှင့် (၁၂) နှစ်သားအရွယ်တွင် ကာဗွန်ကို လျင်မြန်စွာ စုပ်ယူနိုင်ပြီး သိုလှောင်နိုင်ကြပါပြီ။
• (၂၁) နှစ်နှင့် (၅၀) နှစ်သားအရွယ်တွင် ကာဗွန်စုပ်ယူမှု အမြင့်ဆုံးအခြေနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။
• နှစ် (၅၀) ကျော်သောအပင်များမှာတော့ ကာဗွန်စုပ်ယူမှု မရှိသလောက်နည်းသွားပါတယ်။
ဤအချက်အလက်များကိုကြည့်ခြင်းအားဖြင့် ကျွန်းပင်များ၏ကာဗွန်စုပ်ယူမှုတွင် မည်မျှအရေးပါ ကြောင်း သိရှိနိုင်ပါသည်။

ယူကလစ်ပင် (Eucalyptus)
ယူကလစ်ပင်များသည် ဩစတေးလျ နိုင်ငံမျိူးရင်းအပင်ဖြစ်ပါတယ်။ ယူကလစ်ပင်များသည် ကာဗွန်ကိုအရွက်၊ ပင်စည် နှင့် အကိုင်းတွေမှာ စုပ်ယူသိုလှောင်ထားနိုင်သောကြောင့် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချပေးနိုင်ပါတယ်။ ယူကလစ်ပင်တွေကို ၎င်းတို့၏ ကြီးထွားနှုန်း မြန်ဆန်ခြင်းကြောင့် လူသိများပါတယ်။ ယူကလစ်ပင်များသည် ရာသီဥတုအခြေနေ အမျိုးမျိုးကို ခံနိုင်ရည်ရှိကြပါတယ်။ ထို့ကြောင့် အပူပိုင်းဒေသများ (တောင်ကတုံး) နေရာများတွင် ဆိုးရွားသောရာသီဥတုကို ခံနိုင်မယ့် ယူကလစ်ပင်များကို စိုက်ပျိုးကြပါတယ်။ သို့သော်လည်း ယူကလစ်ပင်များသည် ကျူးကျော်မျိုးစိတ်ဖြစ်ပြီး ၎င်း၏ ရေစုပ်ယူမှုများပြားသောကြောင့် အခြားသောအပင်များနှင့် ရောစိုက်ရန် မသင့်လျော်ပါ။
ဝက်သစ်ချပင် (သို့) ခါတော်မီ (Oak)
ဝက်သစ်ချပင် (ခေါ်) ခါတော်မီအပင်များကို မြောက်အမေရိက၊ ဥရောပနှင့် အာဖရိက မြောက်ပိုင်းတွင် အများအပြားတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တွေ့နိုင်ပါတယ်။ ဝက်သစ်ချပင်များသည် ၎င်းတို့၏ ခိုင်ခံမှုနှင့် သက်တမ်းရှည်ကြာမှုတို့ကြောင့် နာမည်ကြီးလူသိများပါတယ်။ ဝက်သစ်ချပင်များသည် နှစ်ပေါင်းရာကျော်မှ တစ်ထောင်အထိတောင် ရှင်သန်နိုင်ကြပါတယ်။ ဝက်သစ်ချပင်များသည် ပင်စည်၊ ကိုင်း၊ အရွက်တွေအပြင် တစ်သျှူး (tissues) တွေအထဲထိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသိုလှောင်နိုင်ကြပါတယ်။ သက်တမ်းရှည်ကြည်စွာ ရှင်သန်နိုင်တဲ့အတွက်ကြောင့် မသေဆုံး၊ မဆွေးမြေ့ခင်အထိ ကာဗွန်များကို ကာလကြာရှည်စွာ စုပ်ယူထိန်းထား နိုင်ပါတယ်။
ကျွန်တော်တို့နေထိုင်သောပတ်ဝန်းကျင်မှ ကာဗွန်များလျော့ချရန်အတွက် ကာဗွန်စုပ်ယူမှု ကောင်းသော အပင်များကို စိုက်ပျိုးသင့်ရုံသာမက ယခုရှိနေသော အပင်များကို ထိန်းသိမ်းရန်လိုအပ်ပါတယ်။

တောရပ်တောရွာဆိုတာ အေးမြငြိမ်းချမ်းပြီး လူရဲ့စိတ်ကိုကြည်လင်စေတာအမှန်ပါပဲ🪵🌳။ သင့်ရဲ့တစ်နေ့တာကို ကားသံ၊ လူသံ တွေနဲ့စိတ်ကျဉ်...
11/01/2025

တောရပ်တောရွာဆိုတာ အေးမြငြိမ်းချမ်းပြီး လူရဲ့စိတ်ကိုကြည်လင်စေတာအမှန်ပါပဲ🪵🌳။ သင့်ရဲ့တစ်နေ့တာကို ကားသံ၊ လူသံ တွေနဲ့စိတ်ကျဉ်းကျပ်စရာ မြို့ပြယဉ်ကျေးမှုတွေရဲ့အဝေး လူသူအရောက်နည်းတဲ့ တောရွာလေးမှာ ကုန်ဆုံးမယ်လို့ စိတ်ကူးယဥ်ကြည့်ပါ။ အိမ်နောက်ဖေးဈေးတည်ဆိုတဲ့အတိုင်း တနိုင်တပိုင်စိုက်ခင်းလေးတွေရှိမယ် 🌱🍊နို့စားနွားလေးတွေနဲ့ နွားတင်းကုပ်တွေ🐄ထားမယ်

ကျေးလက် နေထိုင်မှုပုံစံလေးကိုအပြည့်၀ခံစားကြရမဲ့ tour လေးနဲ့ မိတ်ဆက်ပေးပါရစေ။ BTN Myanmar က ကျေးရွာနေထိုင်မှုကိုလေ့လာနိုင်ဖို့နဲ့ တောဓလေ့အငွေ့သက်မှာ အပန်းဖြေနိုင်ဖို့အတွက်စီစဉ်ပေးထားပါတယ်။

အေးဆေးငြိမ်သက်တဲ့ တိုက်ကြီး ရွာကခြံလေးထဲမှာ အေးဆေးအနားယူပြီး ခြံထဲမှာဓာတ်ပုံတွေပတ်ရိုက်နိုင်မယ်📷🏞️ လမ်းလျှောက်ချင်သူတွေအတွက် soft trekking လေးတစ်ခုလည်းပါမယ် လမ်းလျောက်ပြီးအမောပြေ ကျွဲကောသီး ချိုချိုအေးအေးလေးတွေစားဖို့အတွက်လည်း တခြံလုံးအပြည့် ကျွဲကောပင်စိုက်ထားတာမို့ အဆင်ပြေဆုံးပဲ😋🍋 နေ့လည်စာသုံးဆောင်ဖို့ကိုလည်း တောဓလေ့ တောအကြိုက်နဲ့ အစဉ်ပြေပြေသုံးဆောင်နိုင်အောင်စီစဉ်ပေးထားတာမို့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တစ်ရက်တာအပန်းဖြေဖို့ အသင့်တော်ဆုံး ခရီးစဉ်လေးပဲဖြစ်ပါတယ်။

သာမန် trip တွေနဲ့မတူပဲ ခရီးစဉ်အသစ်ဖြစ်တာမို့ promotion ပေးဖို့လည်းစီစဉ်ထားပါတယ်။

လူခြောက်ယောက်စာ စာရင်းပေးထားရုံနဲ့ အခမဲ့တစ်ယောက်လိုက်ပါနိုင်မှာဖြစ်ပြီး😉 စုစုပေါင်းခုနစ်ယောက် အပန်းဖြေနိုင်မဲ့ခရီးလေးဖြစ်ပါတယ်။ ဒါ့အပြင် ယခုခရီးစဉ်လေးက January တစ်လတည်းသာ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အခုပဲမြန်မြန်စာရင်းပေးဖို့အကြံပေးချင်ပါတယ်။😇

Date-19.1.2024(Sunday)
Price-68,000 Ks
Promotion - 6 + 1 (free)

what will provide -
- Transportation
- Lunch
- Water
- Green Tea
-Frist Aid Kit

What you must bring along.....
- personal water bottle
- Hat
- Tissues
- Personal snacks

#ဘူဖေး
#ကျွဲကောသီး



Address

No. 528, Awaiyar Street, Yangon
Insein
11011

Alerts

Be the first to know and let us send you an email when Back to Nature Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Back to Nature Myanmar:

Videos

Share

To Reconnect & Recharge

We, being social people think that we can do so many thing at a time, love to socialize, entertainments, do multitasking etc and modern technology has helped to make our life much easier, specially on communication and on usage of five senses fully without leaving any space to reboots or recharge. City dwellers biggest complains these days would be “NO TIME”, “WORK PRESSURE”, “BATTERY LOW” , end of the day back home, first thing we do is to recharge the phone than recharge anything else. In our present mentality, phone is the most important aspect in our life than anything else. Is that so?

Are we not forgetting to recharge ourselves? Many of us might say, no!, we do no forget to recharge ourselves because we go out with friends after work & have lot of fun, go for holidays and enjoy our time. These activities are good for short terms, not for long because we are still not fully disconnected from those mental stresses yet. For an example, we go to bar or restaurant, first thing we do after getting the table is to check for new feeds and check in and go on and on with commenting on social media. As long as our phones are on, we can never be able to disconnect from mental stress either from work or peer pressure, they keep feed on our head. So, what do we do something else differently? One of the best solution is to “BACK TO THE NATURE”.

Switch off everything, go back to nature, be with nature, do nothing else which you do everything. This is how your recharge yourself!!!