QR Service for Passport by NK

QR Service for Passport by NK Yangon Passport QR booking ďż˝

27/04/2024

🤍ပတ်စပို့ အမြန် လိုချင်တဲ့
သူတွေအတွက် သတင်း🤍

၁၂/ ရန်ကုန်တိုင်းဒေသကြီးက နေပြည်တော်မှာလည်း

Online ဘိုကင်တင်ပြီး ရက်ချိန်းစောယူလို့ရပြီနော်။

မော်လမြိုင်
မကွေး
မုံရွာ
ဘားအံ
မြစ်ကြီးနား
ထား၀ယ်
ဟားခါး
စစ်တွေ
တောင်ကြီး
လားရှိုး မြို့တွေမှာလည်း ၅လပိုင်း ၂ရက် နေ့ကစပြီး online booking စနစ်နဲ့ ဆောင်ရွက်ပေးတော့မှာနော်။ Booking စနစ် စဖွင့်ဖွင့်ချင်းဆိုတော့ အကုန်တိုးကြိတ်တင်ကြမှာမို့ ကြိုပြီး လာအပ်ထားကြတော့နော
၅လပိုင်း ၁ ရက်နေ့ ဘိုကင်တင်ပြီး ၂ရက်နေ့ ရုံးတန်း၀င်ရမှာနော်။

23/01/2024

Passport အသစ်လျှောက်/ သက်တမ်းတိုး/

PJ to PV/ PS to PJ,PV အပြောင်းများအတွက်

Qr ၀န်ဆောင်မှု

Yangon Passport ရုံးမှာ

ကိုယ်တိုင် passport လုပ်မယ့်သူများ Appointment ယူဖို့
အချိန်မပေးနိုင်သူများအတွက်

Qr booking တင်ပေးပါတယ်ရှင့်

ဘဏ်သွင်းငွေ - 35000ကျပ်
၀န်ဆောင်ခ -10000ကျပ်
စုစုပေါင်း - 45000ကျပ်

ဘဏ်သွင်းခ 35000က ကိုယ်တိုင် kpay က သွင်းလို့ရပါတယ်ရှင့်

၀န်ဆောင်ခ QR ရမှပေးပါရှင့်

အခု booking တင်ရင် ၆ လပိုင်း သွားလုပ်ရမှာပါ။

အမြန်မလုပ်ပေးပါရှင့်

6လပိုင်းထိ စောင့်ပီး ကိုယ်တိုင်passport လုပ်မည့်

သူများအတွက် Online booking တင်ပေးခြင်း ဖြစ်ပါတယ်ရှင့်

အသေးစိတ်အတွက် cb မှာ လာရောက်စုံစမ်းနိုင်ပါတယ်။

Ph-09791517150

PJ Passport &  PS Passport အခွန်ကင်းရှင်းကြောင်းPJ ( Passport for Job )PS ( Seaman Passport )တစ်ခြား Passport အမျိုးစားမ...
19/01/2024

PJ Passport & PS Passport အခွန်ကင်းရှင်းကြောင်း

PJ ( Passport for Job )

PS ( Seaman Passport )

တစ်ခြား Passport အမျိုးစားများမလိုပါ

အလုပ်လုပ်ခွင့် Passport ဖြစ်တဲ့ PJ & PS Passport

• ကိုင်ဆောင်ထားတဲ့သူတွေက သက်တမ်းတိုးလုပ်တဲ့အချိန် ဥပမာ - PJ to PJ , PS to PS , PJ 🔁 PS

• PJ PS လက်ဝယ်ကိုင်ထားပီ တစ်ခြား type ကိုပြောင်းတဲ့အချိန် ဥပမာ - PJ to PV , PS to PV

• ( PJ PS ကိုင်ထားပီ ပြည်ပတစ်ခါမှမထွက်ရသေးရင် အခွန်ကင်းရှင်းကြောင်းထောက်ခံစာမလိုဘူးဆိုပီတွေ့ပါတယ် )

ရုံးထဲဝင်လုပ်တဲ့နေ့မှာ အခွန်ကင်းရှင်းကြောင်းထောက်ခံစာ လိုပါမည် ၊ထောက်ခံစာကိုသက်ဆိုင်ရာမြို့နယ်အလိုက် အခွန်ဦးစီးဌာနမှူးရုံး မှာသွားရောက်ပီ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာယူရပါမည်

အခွန်ကင်းရှင်း‌ကြောင်းထောက်ခံချက်ပုံစံထုတ်ယူရန်သတ်မှတ်ထားသောရုံးများ

ရန်ကုန်တိုင်း

အုပ်စု (၁) အင်းစိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး

အမှတ် (၈) မင်းကြီးလမ်း ရွာမအရှေ့ရပ်ကွက် ၊ အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃

အုပ်စု (၂) ရန်ကင်းမြို့နယ် အခွန်ဦးစီးဌာနမှုးရုံး

စုပေါင်းရုံးဝင်း ရန်ကင်းလမ်း (၂) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂

အုပ်စု (၃) ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး

အမှတ် (၂၉၅) မင်းနန္ဒာလမ်းမ မြို့သစ်ရပ်ကွက် ၊ ဒေါပုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀

အုပ်စု (၄) ဒဂုံမြို့သစ်တောင်ပိုင်း အခွန်ဦးစီးဌာနမှူးရုံး

အမှတ် (၉၆+၁၁၁) ပြည်ထောင်စုလမ်း (၆၄)ရပ်ကွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈

မန္တလေးတိုင်း

မဟာအောင်မြေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး

၈၄ လမ်း၊ (၂၈×၂၉)လမ်းကြား ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး ၀၂-၄၀၆၄၅၆၄

ချမ်းမြသာစည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး

ဆ-၁၃/၂ ၊ ၇၃ လမ်း ၊ ခိုင်ရွှေဝါလမ်းနှင့်မနော်ဟရီလမ်း မြို့သစ်(၂)ချမ်းမြသာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီး ၀၂-၂၈၄၇၈၂၃

ကျန် ပြည်နယ် / တိုင်းဒေသတွေက

Passport ရုံးတည်ရှိရာမြို့နယ်မှာရှိတဲ့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှာ သွားရောက်လုပ်ဆောင်ရပါမည်

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခွန်ရုံးလိပ်စာ နဲ့ ဖုန်းနံပါတ်များ

➡️ https://www.ird.gov.mm/my/content/contact-us

ပြည်နယ် / တိုင်းဒေကြီး မှာရှိတဲ့

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး လိပ်စာများ

➡️ https://www.passport.gov.mm/stations

ရန်ကုန်တိုင်းအတွက်ကိုယ့်မြို့နယ်ပါတဲ့ သက်ဆိုင်ရာအခွန်ဦးစီးရုံးသွားပီ အခွန်ကင်းရှင်းကြောင်းထောက်ခံစာသွားယူရမှာပါ ၊ ပုံမှာအုပ်စုအလိုက် မြို့နယ်တွေပါပါတယ်

နယ်အိမ်ထောင်စုစာရင်းနဲ့သူတွေက ‌အုပ်စု(၃) ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး အုပ်စု (၄)ဒဂုံမြို့သစ်တောင်ပိုင်း အခွန်ဦးစီးဌာနမှူးရုံး မှာသွားလုပ်လို့ရပါတယ် ၊ နယ်ကလူတွေ ရန်ကုန်မှာလုပ်မယ်ဆို ဒီ ၂ ရုံးကလွဲပီ ရန်ကုန်ကတစ်ခြားမြို့နယ်ရုံးတွေမှာလုပ်လို့မရပါဘူး

အခွန်ကင်းရှင်းကြောင်းထုတ်ယူရာတွင်တင်ပြရမည့်စာရွက်စာတမ်းများ

PJ

1. လျှောက်လွှာ

2. Passport မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်

3. မှတ်ပုံတင် မူရင်း/မိတ္တူ (ကာလာဖြင့်ဆွဲရန်)

4. အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ

5. Appointment (ကုမ္ပဏီ)

6. ကိုယ်တိုင်/ကိုယ်စားလှယ်လွှဲစာ

• Bank Acc / Bank Name

• email address

• Qr မိတ်တူ

PS

1. လျှောက်လွှာ

2. Passport မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်

3. CDC မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်

4. Portage Bill မူရင်း/မိတ္တူ

5. Contract မူရင်း/မိတ္တူ

6. မှတ်ပုံတင် မူရင်း/မိတ္တူ (ကာလာဖြင့်ဆွဲရန်)

7. အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ

8. ကိုယ်တိုင်/ကိုယ်စားလှယ်လွှဲစာ

• Bank Acc / Bank Name

• email address

• Qr မိတ်တူ(2)စုံ
Crd to Original Writer ✍️

Passport Online Booking QR တင်တုန်းကအမှားတခုခုပါသွားရင် (သို့မဟုတ် ) ပြန်ပြင်ချင်တာတခုခုရှိရင် ဘာအမှားပါပါ ဘာဘဲပြင်ချင်ပ...
15/01/2024

Passport Online Booking QR တင်တုန်းက

အမှားတခုခုပါသွားရင် (သို့မဟုတ် ) ပြန်ပြင်ချင်တာတခုခုရှိရင်
ဘာအမှားပါပါ ဘာဘဲပြင်ချင်ပြင်ချင် ရုံးထဲဝင်တဲ့

နေကျရင် အရင်ဆုံးအမှားပြင်ကောင်တာမှာသွား

ပြင်ပါ လက်ရေးဖောင်မှာအမှန်ဖြည့်သွားပါ……..

Booking တင်ဖို့ မအားခဲ့ရင်

QRယူပေးပါတယ်ရှင့်
ဘဏ်သွင်းခ ၃၅၀၀၀ကိုယ်တိုင်သွင်းလို့ရပီး

QRရမှသာ ဝန်ဆောင်ခ၁၀၀၀၀ကျပ် ပေးရမှာဖြစ်ပါတယ်ရှင့်
အသေးစိတ်စုံစမ်းသိရှိလိုပါက page cb မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်

Passport အသစ်လျှောက်/ သက်တမ်းတိုး/ PJ to PV/ PS to PJ,PV အပြောင်းများအတွက် Qr ၀န်ဆောင်မှုYangon Passport ရုံးမှာ ကိုယ်တိ...
15/01/2024

Passport အသစ်လျှောက်/ သက်တမ်းတိုး/

PJ to PV/ PS to PJ,PV အပြောင်းများအတွက်

Qr ၀န်ဆောင်မှု

Yangon Passport ရုံးမှာ

ကိုယ်တိုင် passport လုပ်မယ့်သူများ Appointment ယူဖို့
အချိန်မပေးနိုင်သူများအတွက်

Qr booking တင်ပေးပါတယ်ရှင့်

ဘဏ်သွင်းငွေ - 35000ကျပ်
၀န်ဆောင်ခ -10000ကျပ်
စုစုပေါင်း - 45000ကျပ်

ဘဏ်သွင်းခ 35000က ကိုယ်တိုင် kpay က သွင်းလို့ရပါတယ်ရှင့်

၀န်ဆောင်ခ QR ရမှပေးပါရှင့်

အခု booking တင်ရင် ၆ လပိုင်း ၁၃ ရက်နေ့ သွားလုပ်ရမှာပါ။

အမြန်မလုပ်ပေးပါရှင့်

6လပိုင်းထိ စောင့်ပီး ကိုယ်တိုင်passport လုပ်မည့်

သူများအတွက် Online booking တင်ပေးခြင်း ဖြစ်ပါတယ်ရှင့်

အသေးစိတ်အတွက် cb မှာ လာရောက်စုံစမ်းနိုင်ပါတယ်။

Ph-09791517150

Passport အသစ်လျှောက်/ သက်တမ်းတိုး/ PJ to PV/ PS to PJ,PV အပြောင်းများအတွက် Qr ၀န်ဆောင်မှုYangon Passport ရုံးမှာ ကိုယ်တိ...
14/01/2024

Passport အသစ်လျှောက်/ သက်တမ်းတိုး/

PJ to PV/ PS to PJ,PV အပြောင်းများအတွက်

Qr ၀န်ဆောင်မှု

Yangon Passport ရုံးမှာ

ကိုယ်တိုင် passport လုပ်မယ့်သူများ Appointment ယူဖို့
အချိန်မပေးနိုင်သူများအတွက်

Qr booking တင်ပေးပါတယ်ရှင့်

ဘဏ်သွင်းငွေ - 35000ကျပ်
၀န်ဆောင်ခ -10000ကျပ်
စုစုပေါင်း - 45000ကျပ်

ဘဏ်သွင်းခ 35000က ကိုယ်တိုင် kpay က သွင်းလို့ရပါတယ်ရှင့်

၀န်ဆောင်ခ QR ရမှပေးပါရှင့်

အခု booking တင်ရင် ၆ လပိုင်း ၁၂ ရက်နေ့ သွားလုပ်ရမှာပါ။

အမြန်မလုပ်ပေးပါရှင့်

6လပိုင်းထိ စောင့်ပီး ကိုယ်တိုင်passport လုပ်မည့်

သူများအတွက် Online booking တင်ပေးခြင်း ဖြစ်ပါတယ်ရှင့်

အသေးစိတ်အတွက် cb မှာ လာရောက်စုံစမ်းနိုင်ပါတယ်။

Ph-09791517150

Passport QR Service PJ passport/PV passportသက်တမ်းတိုးPj မှ Pv ပြောင်းPv မှ Pj ပြောင်းခြင်းအတွက် Online booking QR Servi...
12/01/2024

Passport QR Service

PJ passport
/PV passport
သက်တမ်းတိုး
Pj မှ Pv ပြောင်း
Pv မှ Pj ပြောင်းခြင်းအတွက် Online booking QR Serviceပါရှင့်။

အွန်လိုင်းဘိုကင်ကြိုတင်စနစ်ဖြင့်
စာအုပ်လျှောက်ရမည့်နေ့စွဲရက်

အချိန်နာရီစလစ်ရယူပီးမှ

ရုံးထဲဝင်ရမှာဖြစ်ပါတယ်ရှင့်။

Online Bookingတင်ရန်အတွက် မှတ်ပုံတင်ရှေ့ခြမ်းနောက်ခြမ်းပုံရိုက်ပေးရန် လိုအပ်ပါတယ်

Page messenger မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့်

👉
👉

Passport နဲ့ပက်သက်တဲ့ သိထားရမည့်အချက် သတိထားရမည့်အချက်များQ 1 - Passport ကိုဘယ်နေရာမှာလုပ်လို့ရပါသလဲA 1 - Passport ကို အ...
11/01/2024

Passport နဲ့ပက်သက်တဲ့ သိထားရမည့်အချက် သတိထားရမည့်အချက်များ

Q 1 - Passport ကိုဘယ်နေရာမှာလုပ်လို့ရပါသလဲ

A 1 - Passport ကို အိမ်ထောင်စုစာရင်းဝင်ထားတဲ့ ပြည်နယ် / တိုင်း တွေနဲ့ ရန်ကုန်မှာ လုပ်လို့ရတယ် ၊ ဥပမာ - ပဲခူးတိုင်းအိမ်ထောင်စုစာရင်းဆို ပဲခူးရုံး & ရန်ကုန်ရုံး ၂ နေရာမှာလုပ်လို့ရတယ်

Q 2 - ရန်ကုန်ရုံးမှာနယ်ကလူတွေအကုန်လာလုပ်လို့ရတယ်သဘောပေါ့

A 2 - ဟုတ်ပါတယ် ရန်ကုန်သည် ရုံးချုပ်ဖြစ်လို့ ဘယ် တိုင်း / ပြည်နယ် ကအိမ်ထောင်စု ဖြစ်ဖြစ်ရန်ကုန်ရုံးမှာလာလုပ်လို့ရပါတယ်

Q 3 - အိမ်ထောင်စုစာရင်းဝင်ထားတဲ့နယ်မဟုတ်ဘဲ ကျန်တဲ့နယ်ရုံးတွေမှာ ကောလုပ်လို့ရပါသလား

A 3 - လက်ရှိဝင်ထားတဲ့ နယ်နဲ့ရန်ကုန်ရုံးကလွဲရင် ကျန်တဲ့ရုံးတွေလုပ်မရ နယ်ကျော်ပီလုပ်လို့မရပါ

Q 4 - Passport ကိုဘယ်အသက်အရွယ်ကစပီလုပ်လို့ရပါသလဲ

A 4 - မွေးကင်းစ (၁ လသား) ကလေးကစပီလုပ်လို့ရပါတယ်

Q 5 - Passport လုပ်ဖို့ ရက်ချိန်းလိုအပ်ပါသလား

A 5 - Passport လုပ်ဖို့အတွက် ရက်ချိန်းရဖို့လိုအပ်ပါတယ် အရင်လို ကိုယ်လုပ်ချင်တဲ့ရက်မှရုံးသွားပီ ချက်ချင်းလုပ်လို့မရတော့ပါ

Q 6 - ရက်ချိန်းရဖို့ဘယ်လိုလုပ်ဆောင်ရမလဲ

A 6 - ရက်ချိန်းအတွက်က ရန်ကုန်ရုံးမှာလုပ်ချင်ရင် Online Booking တင်ပီလုပ်လို့ရပါတယ် ရက်ချိန်းကလက်ရှိရောက်နေတဲ့ရက်ကနေစပီရမှာပါ နယ်ရုံးတွေက online စနစ်မဟုတ်တာကြောင့် သက်ဆိုင်တဲ့ ပြည်နယ် / တိုင်း မှာရှိတဲ့ Passport ရုံးသွားပီ ရက်ချိန်း token သွားယူရတာပါ

Q 7 - ရက်ချိန်းယူတဲ့အချိန် ဘာတွေလိုအပ်ပါသလဲ

A 7 - ရန်ကုန်ရုံးအတွက် Online Booking တင်တဲ့အချိန်မိမိရဲ့ ကိုယ်ရေးအချက်လက်တွေဖြည့်ပီတင်လိုက်ရုံပါ တစ်ခြားစာရွက်စာတမ်း တွဲပေးစရာမလို ၊ နယ်ရုံးတွေအတွက်က မှတ်ပုံတင် မူရင်း + မိတ္တူ ယူသွားပီ ရုံးမှာရက်ချိန်းသွားယူရတာပါ

Q 8 - Online Booking တင်တဲ့အချိန် ဘယ်လိုအချက်တွေ သတိထားပီ တင်ရပါသလဲ

A 8 - Booking တင်တဲ့အချိန် အချက်လက်အကုန်ဖြည့်စရာမလိုဘဲ အရေးကြီးတဲ့အချက် ၁၄ ချက် အနီရောင် * ပြထားတဲ့ အချက်တွေပဲ ရွေးဖြည့်ပါ အနီရောင်ပြထားတဲ့အချက်တွေမှာမှ အထူးသတိထားရမှာ

• အမည် မြန်မာ / English လို စာလုံးပေါင်း လျှောက်တဲ့သူနာမည်မှာ မောင် မ ဦး ဒေါ် ထည့်စရာမလို

• အခြားအမည်မရှိတဲ့သူ မှတ်ပုံတင်ထဲ (ခ) ခံပီးမရေးထားရင် မြန်မာလိုကော Eng လိုကော ဘာမှမဖြည့်ပါနဲ့ No ဆိုပီလဲမရေးပါနဲ့

• အဖအမည်

• မွေးသက္ကရာဇ်

• မှတ်ပုံတင်အမှတ်

• ကျား / မ

• မွေးဖွာသည့်အရပ်

ဒီအချက် (၇) ချက် ကိုသေချာမမှားအောင်ဂရုစိုက်ပီဖြည့်ပါ

Q 9 - အပေါ်က အရေးကြီး (၇) ချက်ကိုမှားဖြည့်ခဲ့ရင် ဘယ်လိုပြင်လို့ရနိုင်ပါ သလဲ

A 9 - အပေါ်ကအရေးကြီး (၇) ချက်ကိုမှားဖြည့်ခဲ့ရင် ရုံးသွားတဲ့နေ့ ရုံးထဲ ဝင်ဝင်ချင်းဘယ်ဘက်နားစားပွဲတွေချထားတဲ့ စုံစမ်းမေးမြန်းရန်ဌာန (အမှားပြင်ကောင်တာ) မှာအရင်ပြင်ပါ ပြင်ပီးမှကျန်တာတွေဆက်လုပ်ပါ

Q 10 - အပေါ်က အရေးကြီးအချက် မဟုတ်ဘဲကျန်တာတွေမှားနေရင်ကော ဘယ်လိုလုပ်လို့ရနိုင်ပါသလဲ နောက်ပီ Booking တင်တုန်းက PV တင်ထားတာ ကို PJ ပြန်ပြောင်းချင်တာ PJ ကို PV ပြန်ပြောင်းချင်ရင် ဘယ်လိုလုပ်လို့ရနိုင်ပါ သလဲ

A 10 - အရေးကြီး (၇) ချက်ကလွဲပီ ကျန်တာတွေမှားနေရင် ကိုယ်ရေးထိန်းသိမ်းပုံစံမှာ ကိုယ်ပြင်ချင်တဲ့အတိုင်းအမှန်ပြန်ပြင်ရေးလိုက်ရင် ရပါပီ အမှားပြင်ကောင်တာမှာသွားပြင်စရာမလိုပါ ၊ PV 🔁 PJ ကိုယ်ပြန်ပြောင်းချင်တာကို ကိုယ်ရေးထိန်းသိမ်းပုံစံမှာ ပြန်ပြင်‌ရေး ဓါတ်ပုံ ရိုက်တဲ့နေရာမှာ ကိုယ်လုပ်မယ့်အမျိုးစားကိုသေချာပြော စလစ်စာရွက် ရရင်သေချာပြန်စစ် ဒါဆိုရပါပီ

Q 11 - အိမ်လိပ်စာ အလုပ်အကိုင်နေရာမှာ အိမ်ထောင်စုစာရင်း မှတ်ပုံတင် ထဲမှာပါတာနဲ့ ခုလက်ရှိနဲ့ကွဲလွဲနေရင် ဘယ်လိုဖြည့်ရမလဲ

A 11 - အိမ်ထောင်စု အလုပ်အကိုင်တွေက တစ်သက်လုံး ဒီနေရာမှာနေမယ် ဒီအလုပ်အကိုင်ပဲလုပ်ရမယ်လို့ ဘယ်သူမှမရေရာမသေချာတာမလို့ လိပ်စာ ဆိုရင်လဲ အိမ်ထောင်စုထဲကလိပ်စာ လက်ရှိနေတဲ့လိပ်စာအဆင်ပြေတာ တစ်ခုဖြည့် အလုပ်အကိုင်ဆိုလဲ တူတူပါပဲ အဆင်ပြေတာတစ်ခုတာထည့်ပါ ရုံးမှာဒီအချက်တွေကိုအတိကျလိုက်မစစ်တာမလို့ ကိုယ်အဆင်ပြေတာ တစ်ခုထည့်ပါ

Q 12 - ပညာအရည်အချင်းမှာဘွဲ့ရလို့ဖြည့်ရင် Passport လုပ်ရင်အခက်ခဲ ရှိနိုင်ပါသလား

A 12 - ပညာအရည်ချင်းနေရာမှာ ဆရာဝန် အင်ဂျင်နီယာဘွဲ့ ရထားတဲ့ သူတွေပဲ အစိုးရဝန်ထမ်းမဟုတ်ကြောင်း ဒုတိယထပ်မှာရှိတဲ့ ဌာနစိပ် ၅ ရုံးခန်းသွားပီ ခံဝန်လက်မှတ်ထိုးပေးရတာပဲရှိပါတယ် ကျန်တဲ့အခက်ခဲမရှိ ၊ကျန်တဲ့တစ်ခြားဘွဲ့တွေ ခံဝန်ထိုးစရာမလိုလို့ ဘာအခက်ခဲမှမရှိပါ

Q 13 - ရန်ကုန်ရုံးမှာ ရက်ချိန်းရတဲ့နေ့ မသွားဖြစ်ရင် နောက်ရက်သွားလို့ ရပါသလား ဒါမှမဟုတ် cancel ဖြစ်သွားပါသလား

A 13 - ရန်ကုန် Booking သက်တမ်းက ရုံးဖွင့်ရက် ၇ ရက်အတွင်း ( စနေ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်များမပါ ) သွားလုပ်လို့ရပါတယ်

Q 14 - ရက်ချိန်းကျတဲ့နေ့ရုံးထဲဝင်ဖို့အတွက် အချိန်သက်မှတ်ချက်ရှိပါသလား စောပီးသွားတန်းစီမှရတာလား

A 14 - Appointment letter ထဲမှာပါတဲ့အချိန်အတိုင်း ရုံးထဲဝင်ခွင့်ပေးတာပါ သက်မှတ်အချိန်ထက် နာရီဝက်ကြိုရောက်နေရင်ရပါပီ အစောကြီးသွား တန်းစီစရာမလိုပါ ၊ အကြောင်းကိစ္စရှိလို့ App letter မှာပါတဲ့ အချိန်ထက် နောက်ကျနေရင်လဲဝင်ခွင့်ပေးပါတယ် အချိန်စောပီတာဝင်လို့မရ

Q 15 - Booking တင်တုန်းကအရေးကြီးအချက် ၁၄ ခုပဲဖြည့်ထားတာမလို့ Appointment letter ကို အချက် ၂၇ လုံးထုတ်ဖို့လိုအပ်ပါသလား

A 15 - အကုန်မဖြည့်ထားပေမယ့် အချက် ၂၇ ချက်လုံးပါအောင်ထုတ်သွားပါ တစ်ချို့ကောင်တွေကရပေမယ့် တစ်ချို့ကောင်တာတွေက ၂၇ ချက်လုံး ထုတ်ထားတာတောင်းပါတယ် မပါလို့ရုံးထဲရောက်တော့မှ မိတ္တူ ပြန်ဆွဲခိုင်းတာ မပါရင် ပိုက်ဆံတောင်းတာတွေနဲ့ကြုံရမှာမလို့ ကိုယ့်ဘက်က ပြည့်စုံအောင် ပြင်ဆင်သွားပါ

Q 16 - ရုံးသွားတဲ့ ဘာတွေယူသွားရမလဲ

A 16 - အရေးကြီးလိုအပ်တာ အိမ်ထောင်စုစာရင်း မူရင်း + မှတ်ပုံတင် မူရင်း

• Booking Appointment Letter Qr Code ၃ စုံ

• ကိုယ်ရေးထိန်းသိမ်းပုံစံ ၁ စုံ

• အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်

• မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်

Q 17 - အိမ်ထောင်စုစာရင်း မူရင်း မရှိရင်လုပ်လို့ရပါသလား

A 17 - မူရင်းမရှိရင် လုပ်လို့မရပါ

Q 18 - လသားကလေး နဲ့ ၁၀ နှစ်အောက် ကလေးတွေဆို ဘာတွေ လိုအပ်ပါသလဲ

A 18 - ၁၀ နှစ်အောက်ကလေးတွေအတွက်က

• ကလေးကို အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ် မိဘတစ်ယောက်ပါတဲ့ အိမ်ထောင်စုစာရင်း ထဲထည့်ထားရမယ်

• အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်

• မွေးစာရင်း မူရင်း + မိတ္တူ ၂ စောင်

• မိဘအုပ်ထိန်းသူတစ်‌ယောက်နဲ့ မိဘ ၂ ယောက်ရဲ့ မှတ်ပုံတင် မိတ္တူ ၂ စောင်

Q 19 - ၁၀ အထက် ကလေးတွေဆို ဘာတွေလိုအပ်ပါသလဲ

A 19 - ၁၀ အထက် ကလေးတွေအတွက်က

• အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်

• ၁၀ နှစ်ပြည့်မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်

• ၁၈ နှစ်အောက်ဖြစ်လို့ မိဘအုပ်ထိန်းသူတစ်‌ယောက် (သို့) အိမ်ထောင်စုစာရင်းထဲမှာပါတဲ့သူတစ်ယောက် နဲ့ မိဘ ၂ ယောက် ရဲ့ မှတ်ပုံတင် မိတ္တူ ၂ စောင်

Q 20 - အသက် ၁၈ နှစ်ပြည့်ပီပေမယ့် ၁၈ နှစ်ပြည့်မှတ်ပုံတင်မလဲရသေးရင် Passport လုပ်ပေးပါသလား

A 20 - အသက် ၁၈ နှစ်ကျော်ပီဆို ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲထားဖို့လိုပါတယ် မလဲထားရင် စာအုပ်မလုပ်ပေးဘဲ ပြန်ပီလဲခိုင်းတာမလို့ ၁၈ နှစ်ပြည့်ပီသူများ မှတ်ပုံတင် ကြိုလဲထားကျပါ ၊ ၃၀ ပြည့်မလဲရသေးတဲ့သူတွေကဘာမှမဖြစ်

Q 21 - ၁၀ နှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၆၀ အထက်လူကြီးပိုင်း ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် ဦးစားပေး အစီစဥ်ရှိပါသလား

A 21 - ကလေးငယ်တွေနဲ့ လူကြီးပိုင်းတွေအတွက် ရုံးအဝင်ဝမှာ တန်းစီးစရာမလိုဘဲ ဦးစားပေး ပေးဝင်ပါတယ် ရုံးထဲ ဓါတ်ပုံရိုက်တဲ့အခါ ကောင်တာ (၃၇) မှာသီးသန့်စီစဥ်ပေးထားပါတယ်

Q 22 - အသက် ၆၀ အထက်လူကြီးပိုင်း ကျန်းမာရေးမကောင်းတဲ့ သူတွေအတွက် အဖော်လိုက်ပေးလို့ရပါသလား

A 22 - အသက် ၆၀ အထက်လူကြီးပိုင်း ကျန်းမာရေး မကောင်းတဲ့သူတွေ အတွက် အဖော်တစ်ယောက်လိုက်လုပ်ပေးလို့ရပါတယ် လိုက်လုပ်တဲ့သူရဲ့ မှတ်ပုံတင်မူရင်း ဒုတိယစစ်တဲ့ဂိတ်မှာပေးခဲ့ရမယ်

Q 23 - စလစ်စာရွက်ရရင် ဘာတွေအဓိကထားစစ်ရမလဲ

A 23 - စလစ်စာရွက်မှာ

• အမည် English စာလုံးပေါင်း space ခြားထားတာကအစ

• မွေးသက္ကရာဇ်

• ကျား / မ

• မွေးရပ်ဇာတိ

• စာအုပ်အမျိုးစား PV / PJ / PE / PS

ဒါတွေအဓိကစစ်ပါ မှားနေရင် ပြန်ပြင်ခိုင်းပါ ၊ စလစ်စာရွက်ကို ဓါတ်ပုံရိုက်ပီ သိမ်းထားပါ

Q 24 - စာအုပ်ထုတ်ဖို့က စလစ်မှာပါတဲ့ရက်အတိုင်းပဲထုတ်ရမှာလား နောက်ကျပီလို့ကောထုတ်လို့ရပါသလား

A 24 - စလစ်မှာထုတ်ဖို့ပေးထားတဲ့ရက်က စနေ တနင်္ဂနွေ အစိုးရရုံးပိတ်ရက် နဲ့တိုက်နေရင် အနီးဆုံးရုံးပြန်ဖွင့်တဲ့ရက်ကနေ ရက်ပေါင်း ၉၀ အတွင်း ထုတ်လို့ရတယ်

Q 25 - စာအုပ်ထုတ်ရင်ဘာတွေလိုအပ်ပါသလဲ

A 25 - စလစ်စာရွက် + မှတ်ပုံတင်မူရင်းလိုပါတယ်

Q 26 - စာအုပ်ကို ကိုယ်စားထုတ်ပေးလို့ရပါသလား ဘာတွေလိုအပ်ပါသလဲ

A 26 - အိမ်ထောင်စုစာရင်းထဲက မိသားစုဝင်ဆို ကိုယ်စားထုတ်ပေးလို့ရပါ တယ် ထုတ်ပေးမည့်သူရဲ့ မှတ်ပုံတင် အိမ်ထောင်စုစာရင်း စလစ်စာရွက် လိုပါတယ်

Q 27 - မိသားစုဝင်မဟုတ်ဘဲ အပြင်ကသူငယ်ချင်းဆိုရင်ကော ကိုယ်စား ထုတ်ပေးလို့ရပါသလား

A 27 - မရပါ

Q 28 - စာအုပ်ကို ဘယ်ရက် ဘယ်အချိန် တွေမှာထုတ်ရင်လူနည်းပါသလဲ

A 28 - စာအုပ်ထုတ်ပေးတာက မနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ ထုတ်ပေးတယ် တစ်ချို့ရက်တွေဆို ၁၀ နာရီမှထုတ်ပေးတာတွေရှိလို့ အရေးမကြီးတဲ့သူတွေ နေ့ခင်းပိုင်း ၂ နာရီလောက်မှသွားကျပါ ရုံးပိတ်ရက်ခံပီ ပြန်ဖွင့်တဲ့ တနင်္လာနေ့ ၊ သောကြာနေ့ တွေကထုတ်တဲ့သူများလို့ ကြားရက် တွေမှာထုတ်ပါ လူရှင်းပါတယ်

Q 29 - စာအုပ်ထုတ်ရင်ဘာတွေစစ်ဖို့လိုအပ်ပါသလဲ

A 29 - ရုံးထဲဝင်လုပ်တဲ့နေ့မှာရတဲ့ စလစ်စာရွက်ထဲကအချက်လက်အတိုင်း စာအုပ်မှာပါလာတာပါ စလစ်စာရွက်က အချက်လက်နဲ့ စာအုပ်မှာပါတဲ့ အချက်လက်လွဲနေရင်ရုံးထဲဝင်ပီ ချက်ချင်းပြောပါ

Q 30 - စာအုပ်မှာ Observation တုံးထုဖို့လိုအပ်ပါသလား

A 30 - အသစ်သမားတွေ တုံးထုစရာမလိုပါ ၊ သက်တမ်းတိုးသမားတွေက အရင်စာအုပ်နဲ့ ကျောင်း Visa Work Pass လျှောက်ထားတာရှိရင် အထဲဝင်ပီ တုံးထုပါ ၊ ဘယ်မှမသွားထား ဘာမှလုပ်ထားတာမရှိရင် တုံးမထုထားလဲ ပြသာနာမရှိပါ
Card to original writer ✍️

ဖြည့်စွက်

Passport အသစ်လျှောက်/ သက်တမ်းတိုး/ PJ to PV/ PS to PJ,PV အပြောင်းများအတွက် Qr ၀န်ဆောင်မှုYangon Passport ရုံးမှာ ကိုယ်တိ...
10/01/2024

Passport အသစ်လျှောက်/ သက်တမ်းတိုး/

PJ to PV/ PS to PJ,PV အပြောင်းများအတွက်

Qr ၀န်ဆောင်မှု

Yangon Passport ရုံးမှာ

ကိုယ်တိုင် passport လုပ်မယ့်သူများ Appointment ယူဖို့
အချိန်မပေးနိုင်သူများအတွက်

Qr booking တင်ပေးပါတယ်ရှင့်

ဘဏ်သွင်းငွေ - 35000ကျပ်
၀န်ဆောင်ခ -10000ကျပ်
စုစုပေါင်း - 45000ကျပ်

ဘဏ်သွင်းခ 35000က ကိုယ်တိုင် kpay က သွင်းလို့ရပါတယ်ရှင့်

၀န်ဆောင်ခ QR ရမှပေးပါရှင့်

အခု booking တင်ရင် ၆ လပိုင်း ၇ ရက်နေ့ သွားလုပ်ရမှာပါ။

အမြန်မလုပ်ပေးပါရှင့်

6လပိုင်းထိ စောင့်ပီး ကိုယ်တိုင်passport လုပ်မည့်

သူများအတွက် Online booking တင်ပေးခြင်း ဖြစ်ပါတယ်ရှင့်

အသေးစိတ်အတွက် cb မှာ လာရောက်စုံစမ်းနိုင်ပါတယ်။

Ph-09791517150

Address

Yangon

Telephone

+959791517150

Website

Alerts

Be the first to know and let us send you an email when QR Service for Passport by NK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share