Lead To Tour

Lead To Tour Your Gateway to Spiritual Journeys ✈️🕋

حَسْبِي اللَّهُ وَنِعْمَ الْوَكِيلُကျွန်တော်သည် Allah အရှင်မြတ်ရှိရုံနဲ့လုံလောက်သည်။ Ibrahim AS မီးပုံထဲကိုကျသောအခါ Jibr...
16/03/2024

حَسْبِي اللَّهُ وَنِعْمَ الْوَكِيلُ
ကျွန်တော်သည် Allah အရှင်မြတ်ရှိရုံနဲ့လုံလောက်သည်။ Ibrahim AS မီးပုံထဲကိုကျသောအခါ Jibraeel က ကူညီဖို့ရန်ပြောကြားတယ်။ Ibrahim AS က ထိုအကူညီကို မယူခဲ့ဘူး ဘာလို့ဆို حَسْبِي اللَّهُ وَنِعْمَ الْوَكِيلُ

လက်ရှိလူနေမှုဘဝမှာလည်း အဲ့စိတ်ဓာတ်လေးနဲ့ဖြတ်သန်းရတာ တော်တော်ကိုပေါ့ပါးစေတယ်။ လူတွေဆီက အသိအမှတ်ပြုခံရဖို့ ပျော်ရွှင်ဖို့ အစရှိတဲ့ လူတွေအပေါ်မှာထားတဲ့ မျှော်လင့်ချက်ကို လျော့လိုက်တာဟာ ဝမ်းနည်းစေတဲ့အရာတွေ စိတ်ထိခိုက်နာကျင်စရာတွေကနေ ဝေးကွာစေတယ်။

My brother and sister အခုအချိန်အခါမှာ Gaza မှာရှိနေတဲ့သူတွေအတွက် doa မှာသတိရပါ။ Amen 🤲🏻

حَسْبِي اللَّهُ وَنِعْمَ الْوَكِيلُ
is the best mindset to have as a muslim.
When Ibrahim (AS) was thrown into the fire Jibraeel came down and offered to help. But Ibrahim (AS) turned down the offer because حَسْبِي اللَّهُ وَنِعْمَ الْوَكِيلُ
Allah is sufficient for me.

When we adopt this mindset we no longer need validation from anyone else. We no longer chase after this futile dunya. All the pain and challenges finally feel worth it. All the happiness we no longer need to chase because حَسْبِي اللَّهُ وَنِعْمَ الْوَكِيلُ
Allah is sufficient for me.

Ramadan Day 1! Let’s start with goal. 🤲🏻 တစ်နေ့တာအတွက် သေချာ plan ဆွဲပြီ ကိုယ်တိုင် စည်းကမ်းရှိဖို့လိုအပ်ပါတယ်။ 1 minute...
11/03/2024

Ramadan Day 1! Let’s start with goal. 🤲🏻 တစ်နေ့တာအတွက် သေချာ plan ဆွဲပြီ ကိုယ်တိုင် စည်းကမ်းရှိဖို့လိုအပ်ပါတယ်။

1 minute Multi Menk video ကိုကြည်ပြီး motivation ရမှလုပ်တာထက် ကိုယ်တိုင်က လုပ်ရမယ်ဆိုတဲ့ အသိဝင်ဖို့ကတော့ တကယ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ပါ။

ဘယ် Dhikri 📿 ကိုရွေးချယ်ပြီ နေ့စဉ်ရွတ်ဖတ်မှာလဲဆိုတာ sharing လုပ်သွားပေးပါဦး။

#ရာမဇန် #မွတ်စလင် #အစ္စလာမ်

Ramadan Kareem 🌙🤲🏻✨May Allah give us strength and ability to become a better muslim 🤍 Amen!
10/03/2024

Ramadan Kareem 🌙🤲🏻✨

May Allah give us strength and ability to become a better muslim 🤍 Amen!

Isha ဖတ်ရင်းနဲ့ ဒီနေ့ငိုနေမိခဲ့တယ်။ ဒီအကြောင်းအရာကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးကို မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...
09/03/2024

Isha ဖတ်ရင်းနဲ့ ဒီနေ့ငိုနေမိခဲ့တယ်။ ဒီအကြောင်းအရာကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးကို မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

မနှစ်က ရာမဇန်အချိန်မှာ အလုပ်အချိန်ဇယားနဲ့ ရိုဇာစောင့်တည်ဖို့ရာ အဆင်မပြေဖြစ်ခဲ့တယ်။ အဲ့အချိန်မှာစိတ်မကောင်းအရမ်းဖြစ်ပြီ ရာမဇန်လတိုင်းကို ငါဒီလိုဖြတ်သန်းရရင်း ဘယ်လိုလုပ်မလဲဆိုတဲ့ နှမြောတဲ့စိတ် ဝမ်းနည်းတဲ့စိတ်နဲ့ ဆောက်တည်ရာမရဖြစ်ခဲ့တယ်။

တစ်ဖက်ကလည်း ကိုယ်တိုင်ရပ်တည်ဖို့ကိုတာဝန်ယူထားရတယ် အဲ့အချိန်မှာပဲ ဘာသာရေးနဲ့ ဝေးကွာခြင်းကိုဖြစ်လာတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုဘဝကနေရလာတဲ့ အောင်မြင်မှုကို ငါပျော်နိုင်ပါမလားလို့ မေးတဲ့အခါမှ အဖြေက နိုးဖြစ်နေခဲ့တယ်။

ရာမဇန်တစ်လျှောက်လုံးမှာ အပြစ်တင်စိတ်နဲ့ ပင်ပန်းစွာရှင်သန်ခဲ့တယ်။ ဒီနေ့ ဒီအချိန်မှာ Allah ကတောင်းခဲ့သမျှသော ဒိုအာတွေကို လက်ခံပေးခဲ့တာကို ခံစားလာရတယ်။

🤲🏻 အစ္စလာမ် ကိုးကွယ်တဲ့ တိုင်ပြည်မှာအလုပ်ရခဲ့တယ်
🤲🏻 ရာမဇန်လမှာ အလုပ်ချိန်တွေကိုလျော့ပေးထားပြီ သောကြာနေ့ဆို ရုံးသွားစရာမလိုတဲ့အထိ အခွင့်အရေးကိုရခဲ့တယ်

ကိုယ်တိုင်တောင်းခဲ့တဲ့ ဒိုအာတွေအပေါ်မှာ ယုံကြည်မှုရှိပါ။ Duniya is full of trial ယခုလက်ရှိဘဝက စမ်းသက်ချက်တွေများစွာကို ကြုံရမှာဖြစ်တဲ့အတွက် ထိုအရာတွေကို ကျော်ဖြတ်နိုင်တဲ့ သတ္တိနဲ့အားအင်ကို Allah အရှင်မြတ် ကျွန်တော်မျိုးတို့အားလုံးကို ပေးသနားတော်မှုပါစေ။ 🤲🏻🤍

#ရာမဇန် #မွတ်စလင် #အစ္စလာမ်

Ramadan လမှာ နေ့ရက်တိုင်းကို အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ? လတစ်ဝက်လောက်ရောက်မှ နောက်ဆုံး ၁၀ ရက်မှ အသိဝင်ပြီ နှမြောတသဖြစ်...
09/03/2024

Ramadan လမှာ နေ့ရက်တိုင်းကို အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ?

လတစ်ဝက်လောက်ရောက်မှ နောက်ဆုံး ၁၀ ရက်မှ အသိဝင်ပြီ နှမြောတသဖြစ် လွတ်သွားခဲ့တဲ့အချိန်တွေကိုပြန်မရ မဖြစ်ရလေအောင် ဒီလို အချိန်ဇယားလေးလုပ်ဖို့ တစ်ဦးချင်စီတိုင်းကို တိုက်တွန်းလိုက်ရပါတယ်။

ကိုယ်တိုင်လည်း မနှစ်က ရာမဇန်ကနေစတင်ပြီလုပ်ခဲ့တဲ့အခါမှာ တစ်ကယ်ထိရောက်တယ် ကျေနပ်မှုကိုရရှိခဲ့တယ်။ အထူးသတိပေးချင်တာက လုပ်နိုင်တဲ့အရာတွေကိုချရေးဖို့ပါ တစ်နေ့ Quran တစ်အုပ်လုံးဖတ်မယ်လို့ရေးထားပြီ မလုပ်နိုင်ခဲ့ရင် နောက်နေ့တွေကိုလုပ်ဖို့ရန် အားမရှိတော့ပဲဖြစ်မှာဆိုးတဲ့အတွက်ကြောင့်ပါ။

ဆယ်ရီ အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်ထိ ကိုယ်အချိန်ကို နာရီအပိုင်းအခြားနဲ့ သတ်မှတ်ပြီစတင်ပါ။

ဖော်ပြထားတဲ့အောက်ပါအချိန်ဇယားကတော့ ကျောင်းသားတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ ရာမဇန်ကိုပေါင်းစီးထားတာပဲဖြစ်ပါတယ်။

ကိုယ်က အလုပ်ခွင်ဝင်နေတဲ့သူဆိုရင်လည်း အလုပ်အချိန်ဇယားနဲ့ ကိုယ်လည်းလုပ်နိုင်တဲ့ အေဗာဒတ်များကို ထည့်သွင်းပြီ တည်ဆောက်ပါ။

အားလုံးပဲ Allah အရှင်အမြတ်နှစ်သက်တဲ့ ရာမဇန်လကို ပိုင်ဆိုင်နိုင်ပါစေလို့ ဒိုအာပြုလိုက်ရပါတယ်။ Amen.

လမြတ် Ramadan ❤️🤲🏻

#ရာမဇန် #မွတ်စလင် #အစ္စလာမ်

လမြတ်ရာမဇန်ကို အေးချမ်းခြင်းတွေနဲ့အတူ အကောင်းဆုံးဖြတ်သန်းဖို့ အေဗာဒတ်ကိုများများလုပ်နိုင်ဖို့ အရေးကြီးသလို စိတ်ကလေးထားတတ...
25/02/2024

လမြတ်ရာမဇန်ကို အေးချမ်းခြင်းတွေနဲ့အတူ အကောင်းဆုံးဖြတ်သန်းဖို့ အေဗာဒတ်ကိုများများလုပ်နိုင်ဖို့ အရေးကြီးသလို စိတ်ကလေးထားတတ်ဖို့လိုမယ်နော်။ 🌙

မိသားစုနဲ့ဖြစ်စေ မိတ်ဆွေအပေါင်းသင်းနဲ့ဖြစ်စေ စိတ်ရှည်ပါရန်ဖြစ်ခြင်းကိုရှောင်ပါ တစ်ယောက်အပေါ် တစ်ယောက်နားလည်မှုရှိပါ ကူညီဖေးမပါ။ ❤️

စည်းလုံပြီး အေးမျှတဲ့ Ramadan အချိန်အခါမှာ ချစ်ခင်မှုတွေတိုးပွါးလာပါစေလို့ ဒိုအာမှာသတိရလိုက်ပါတယ်။ 🤲🏻

———————————
(English)

To experience a peaceful Ramadan, try to increase your acts of worship. Whether you’re with family or friends, practice patience, avoid conflicts, seek mutual understanding, and assist one another. 🌙

In your prayers, supplicate for increased love and tranquility during this sacred month. 🤲❤️

#ရာမဇန် #မွတ်စလင် #အစ္စလာမ်

Assalamualaikum…. Ramadan လအတွက် ဘယ်လိုအစီအစဉ်လေးတွေ ရေးဆွဲထားကြပြီလဲ? အေဗာဒတ်ပိုလုပ်ချင်တယ် ဒါပေမဲ့ အစီအစဉ်မရေးဆွဲထားဘူ...
24/02/2024

Assalamualaikum…. Ramadan လအတွက် ဘယ်လိုအစီအစဉ်လေးတွေ ရေးဆွဲထားကြပြီလဲ? အေဗာဒတ်ပိုလုပ်ချင်တယ် ဒါပေမဲ့ အစီအစဉ်မရေးဆွဲထားဘူးဆိုရင် အကောင်အထည်ဖော်ဖို့ရန် ခက်တာကိုသတိထားမိကြတယ် မဟုတ်လား? ✨

ကိုယ်တွေရဲ့ ပုံမှန်နေ့စဉ်ဖြတ်သန်းပုံကိုပဲကြည်လိုက် အလုပ်သွား ကျောင်းတတ်တဲ့နေ့တွေမှာ productive ဖြစ်တယ် ခံစားရပြီ။ ပိတ်ရက်တွေက ဒီတိုင်းဘာမှမလုပ်လိုက်ရပဲ အချိန်တွေကုန်သွားတယ်ဆိုတာကို အမြဲကြုံနေရတယ်ဆိုရင် တို့တွေရဲ့ Ramadan လမှာလည်း ဒီလိုမျိုး အေဗာဒတ် ကောင်းကောင်း မလုပ်လိုက်ရမဖြစ်ရလေအောင် ကိုယ်ပိုင်အချိန်ဇယားလေး ရေးဆွဲဖို့လိုအပ်ပါတယ်။ 🤲🏻

ဘယ်လိုလုပ်ရမလဲမသိဘူး ဘယ်ကနေစရမလဲမသိဘူးဖြစ်နေရင် Lead to Tour page လေးကနေ ပြောပြပေးမှာမို့လို့ like and follow လုပ်ထားလိုက်ဦးနော်။🌙

____________
(English)

Assalamualaikum…. Planning for Ramadan is key to making the most of this blessed month. Without a plan, it can be challenging to stay productive and spiritually focused.

Reflecting on our usual days, we often feel productive when we have work or a routine to follow. However, during weekends or unstructured times, we may feel that time slips by without accomplishing much.

Similarly, in Ramadan, having a plan can help us make the most of this special month. If you’re unsure where to start, consider following our page for guidance and inspiration. Let’s make this Ramadan a time of spiritual growth and productivity! 🌙

#ရာမဒန် #အစ္စလာမ် #မွတ်စလင်

22/02/2024

တစ်နေ့တာမှာ ဘယ်နှစ်ကြိမ်လောက်များ Allah ကိုသတိတရနဲ့ တမ်းတမိတဲ့အချိန်တွေရှိလဲ? အလုပ်တွေများလို့ တခြားဖြေရှင်းရမယ့်အရာတွေရှိလို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆုံးရှုံးသွားတဲ့ prayers တွေဘယ်လောက်တောင်များနေပြီလဲ? အခက်ခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ Alhamdulillah! I am doing fine ဆိုပြီ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီပြောနေမိပြန်ပြီလား?

ပြန်စဉ်းစားကြည့်ရင်လေ အခု အသက်ရှင်နေတဲ့ ဘဝဟာ အရင်တုန်းက dua တောင်းခဲ့တဲ့ ကိုယ်လိုချင်တဲ့ ဘဝဖြစ်တည်မှုထက် ပိုကောင်းမွန်တဲ့ ရပ်တည်မှုမှာရှိနေတာတောင်ဖြစ်နိုင်ပါတယ်။ ☀️

ရှည်လျားပြီး ပင်ပန်းနွမ်းနယ်နေတဲ့ နေ့တွေမှာ Surah Ad-Duha ကို ခဏတစ်ဖြုတ် ပြန်နားထောင်ပါ။ စိတ်သက်သာမှုကိုရရှိပြီး ကိုယ့်ရဲ့ me time ဆိုတဲ့အချိန်လေးမှာ အေးချမ်းခြင်းနှင့် ပြည့်စုံနေပါစေလို့ dua ပြုလိုက်ရပါတယ်။ Amen 🤲

"And your Lord is going to give you, and you will be satisfied.’’
وَلَسَوْفَ يُعْطِيكَ رَبُّكَ فَتَرْضَىٰ

Surah Ad-Duha နားထောင်လို့ရမယ့် link လေးထည့်ထားပေးလိုက်ပါတယ်။ https://www.youtube.com/shorts/N9g7wQaeVkw
_________________________________
(English)

In a single day, we often find ourselves turning to Allah, invoking His name, and seeking His help, sometimes missing our prayers due to the busyness of life. Despite this, we may still find ourselves complaining about life's challenges, even as we say "Alhamdulillah" without feeling truly content. 🤲

Yet, Allah, in His mercy, continues to care for us and guide us in every situation. It's possible that the life we are living now is, in some ways, a manifestation of our past prayers. 🙏

During your long, tiring days, take a moment to reflect on Surah Ad-Duha. Its soothing verses can offer solace and reassurance, helping you find peace and contentment. ☀️

Bismallah …. بسم الله الرحمن الرحيم တစ်နေရာရာကိုသွားဖို့ပြင်ဆင်ရတဲ့အခါ သင်ရဲ့စိတ်ကလေးဘယ်လိုများရှိနေပါသလဲ? မြို့နယ်အသစ်၊...
21/02/2024

Bismallah …. بسم الله الرحمن الرحيم တစ်နေရာရာကိုသွားဖို့ပြင်ဆင်ရတဲ့အခါ သင်ရဲ့စိတ်ကလေးဘယ်လိုများရှိနေပါသလဲ? မြို့နယ်အသစ်၊ ပတ်ဝန်းကျင်အသစ်ကို သွားရောက်လည်ပတ်ဖို့ပဲဖြစ်စေ အလုပ်လုပ်ကိုင်ဖို့ပဲဖြစ်ပါစေ စိတ်လှုပ်ရှားမှုတွေဖြစ်တတ်သလို အနည်းနဲ့အများ ကြောက်စိတ်ဝင်တတ်ကြတယ်။ အဆင်မှပြေပါမလား? တစ်ယောက်တည်း ဘယ်လိုဖြတ်ကျော်ရမလဲ?

ဒီလိုအချိန်မျိုးမှာမှမဟုတ်ဘူး ဘဝအတွက် ဆုံးဖြတ်ချက် ကြီးကြီးမားမားတွေကို ‌‌ရွေးချယ်တဲ့အခါမှာလည်း ဒီလမ်းကမှန်ရဲ့လားဆိုပြီ ပူပန်တတ်ကြတယ်။ ဒါက လက်ရှိနေထိုင်နေတဲ့ dunia ရဲ့အချိန်ကာလတစ်ခုစာ to the unknown world အတွက်ကို ဧည့်ခန်းလေးထဲမှာ ရုံးခန်းလေးထဲမှာ ကိုယ်ယုံကြည်ရတဲ့သူတွေနဲ့အတူ ကိုယ့်ကိုယ်လမ်းပြပေးနိုင်မယ့် မိတ်ဆွေကောင်းတွေနဲ့အတူ အကြံတောင်းတယ် စဉ်းစားတယ် အချိန်ပေးဖြစ်တယ်။

ဒါဆိုရင် Hereafter ကိုသွားရမယ့် ခရီးစဉ်အတွက်ကိုရော တို့တွေအချိန်ဘယ်လောက်လောက်ပေးပြီ ပြင်ဆင်ဖြစ်ကြလဲ? Prayer Time ကို meeting အချိန်တွေလိုမျိုး နောက်မကျအောင် ကြိုးစားဖြစ်ရဲ့လား?

Inshallah. We all will find time to prepare while going through day-to-day life.

——————————
(English)

When we go somewhere new, we can feel a mix of excitement and fear. It's like starting a journey to a place we've never been. We might worry if we're making the right choices.

But do we spend as much time preparing for the journey to the afterlife? Do we prioritize our prayers like important meetings?

Let's make sure we're ready for our ultimate journey by focusing on our prayers and staying on the right path.

မလုံခြုံမှုဆိုတဲ့ ရိုက်ခတ်မှုကို ခံစားနေရတဲ့ သူရယ် ကိုယ်ရယ် အချိန်ကာလတစ်ခုရယ်ပေါ့ … စိတ်ညစ်လို့ စိတ်ဓာတ်ကျလို့ လမ်းပျောက...
20/02/2024

မလုံခြုံမှုဆိုတဲ့ ရိုက်ခတ်မှုကို ခံစားနေရတဲ့ သူရယ် ကိုယ်ရယ် အချိန်ကာလတစ်ခုရယ်ပေါ့ … စိတ်ညစ်လို့ စိတ်ဓာတ်ကျလို့ လမ်းပျောက်နေလို့ ဘာလုပ်ရမှန်းမသိလို့ဆိုတာတွေကနေ အဖြေလမ်းစကို ရှာဖွေနေရတာ ခက်ခဲနေလိမ့်မယ်

အဲ့လိုအကြောင်းအရာတွေ တွေ့ကြုံရလို့ ဘဝကို လျှောက်လှမ်းနေရတာ မောပန်းနေရင်

✅ Prayer is your safe place
✅ Sujood is your safe place

Everything happen for a reason. အဲ့စကားလေးအတိုင်း ပျောက်ဆုံးနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ်။ Inshallah

Amidst life's uncertainties and insecurities, always remember there is a sanctuary of safety – in prayer and sujood. 🤲 Find solace and peace in the serenity of connection with the Divine. 🌟

Address

Yangon

Telephone

+959968613747

Website

Alerts

Be the first to know and let us send you an email when Lead To Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Yangon travel agencies

Show All