14/02/2018
ကော့သောင်းကျွန်း ခရီးစဉ်
(၃ညအိပ်၎ရက်)
ခရီးသွားမိတ်ဆွေများ အတွက် သင်္ကြန်တွင်းရုံးပိတ်ရက်လေးမှာ မြန်မာနိုင်ငံရဲ့ တောင်ဘက်အဆုံးကို ခြေဆန့်ကြရအောင်ဗျာ. . .
တစ်ချို့တွေသွားချင်ကြတယ် (ကိုယ်တွေလိုပေါ့)😝😝😝
အရမ်းလှပပြီး စွဲဆောင်မှုရှိတာလဲ သိတယ်
'' လေယာဉ်နဲ့ဘဲ သွားလို့ကောင်းတယ် ''
'' ကားလမ်းခရီးကအရမ်းဝေးလွန်းတယ်''
'' ခရီးစရိတ်များလွန်းတယ် ''
စတဲ့ အကြောင်းပြချက်တွေကြောင့် မသွားရတဲ့ ခရီးသွားမိတ်ဆွေတွေ အတွက် ရန်ကုန်-ကော့သောင်း (၃ညအိပ်၎ရက်)ခရီးစဉ်လေးနဲ့ နည်းနည်းလောက်မိတ်ဆက်ပေးချင်တယ်ဗျာ......
ပထမရက်
ကော့သောင်းကျွန်းမှာ ရှိတဲ့ (3Star) ဟိုတယ်တစ်ခုမှာ အရင်ဆုံး C/I ဝင်ပြီးရင်တော့ ပထမရက်ကို ကော့သောင်းမြို့ပေါ်က လည်စရာနေရာလေးတွေ စုံအောင်ပို့ပေးမယ်ဗျာ စိတ်ချ မရောက်လိုက်ရဘူးဆိုတဲ့ နေရာမရှိအောင်ကို စိတ်တိုင်းကျ ပို့ပေးမှာပါ။
မလိဝမ်ရေတံခွန် နဲ့ သဘာဝရေပူစမ်း၊ လူလုပ်ငှက်သိုက်၊ ဘုရင့်နောင်မင်းတရားကြီး ရုပ်ထုနဲ့ ဘုရင့်နောင်အငူ(ခေါ်)ဝိတိုရိယအငူ
555 တောင်၊ စတာတွေလေ့လာပြီးရင်တော့ ပထမတစ်ညကို ကော့သောင်းမှာ ရှိတဲ့ ဟိုတယ်မှာ အိပ်စက်အနားယူမယ်။
ဒုတိယရက်
ကော့သောင်းကနေ ပင်လယ်ပြင်ဆီ ခရီးလွှင့်မယ့်နေ့ပေါ့နော်
Boat လေးစီးပြီး ပင်လယ်ပြင်က တိုက်ခတ်တဲ့ လေညှင်းလေး တွေခံစားရင်း မြန်မာနိုင်ငံရဲ့ တန်ဖိုးရှိလှတဲ့ အလှတရားတွေကို လိုက်လံလေ့လာပြီး ရေအောက် ကမ္ဘာကို ခရီးဆန့်မယ်။
အများအသိ နာမည်ကြီးတဲ့ ကျွန်းတွေဖြစ်တဲ့ (အသဲပုံကျွန်းခေါ်) ကြက်မောက်ကျွန်း၊ စေတန်(ငါးမည်ရကျွန်း)၊ မြင်းခွါကျွန်း၊ နဲ့ အလှဆုံးကျွန်းဖြစ်တဲ့ ဇာဒတ်ကြီးကျွန်း နဲ့ သူဌေးကျွန်းတွေမှာ သွားပြီး ရွက်လွှင့်ကြမယ်ဗျာ၊
ပြီးရင်တော့ ဟိုတယ်ပြန် ညစာလေး သုံးဆောင်ပြီး တစ်ညတာအနားယူမယ်။
တတိယရက်
နောက်ဆုံးရက်မှာတော့ ဆလုံလူမျိုးတွေ နေတဲ့ကျွန်းလေးကိုအရင်သွားမယ်လေ ပြီးရင်တော့ အလှဆုံးကျွန်းတွေထဲ ကတစ်ခုဖြစ်တဲ့ ညောင်ဦးဖီးကျွန်းကိုသွားမယ်ဗျာ ပြီးရင်တော့ တစ်ညတာ ဟိုတယ်မှာ တည်းခိုပြီး ရန်ကုန်ကို ပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်ဗျာ။
(၃ ညအိပ် ၄ ရက်ခရီးစဉ် )တစ်ဦးလျှင် (360000)+Air Ticket
ခရီးစဉ် စ/ဆုံး အပြီးအစီးပါ ထမင်းစရိတ်၊ ဟိုတယ်ခ ၊boat ခ ၊ ရေအောက်ထဲမှာ လည်ချင်တဲ့သူတွေအတွက်လဲ ရေငုပ်ပစ္စည်းခတွေ အပါအဝင်။
မိတ်ဆွေတို့အနေနဲ့ ခရီးစဉ်အသေးစိတ်သိလိုသမျှကို
ကျွန်တော်တို့ မနောပန်း ခရီးသွား မိသားစုသို့ Hello လေးလုပ်ပြီး ကြိုက်နှစ်သက်ရာ ခရီးစဉ်များကို မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။
Manaw Pan Travels & Tours Co; Ltd
No.(4/B), Myaung Mya Streets , Sanchaung Tps, Yangon
+951 516420 , (959) 769339441 , (959) 762254587
Email. - [email protected]
- [email protected]