Taw Win May Kha Travels & Tours

Taw Win May Kha Travels & Tours Travel Company
Air Tickets
Bus Tickets
Cruise Services
Car Rentals
Passport & Visa
Hotel Reservatio Best regards,
Taw Win May Kha Travels & Tours Company
(3)

Travel Company
Air Tickets
Bus Tickets
Cruise Services
Car Rentals
Passport & Visa
Hotel Reservation
Tour Packages
Guide Services
Medical Services
Money Exchange Services
Cultural Tour
Pilgrimage Tour
Trekking Tour
Ethnic Tour
Border Tour
Land Over Tour
Beach Tour
Golf Tour
Charity Tour
Photo Shooting Tour
Day Returns Trips

Our Service is dedicated for our customers to reach their destination s

afely and comfortably with satisfaction and worthy expenses. Quality is our signature which makes you to have the best travel experience with us.

နေ့စဉ် များပြားလှတဲ့ အလုပ်တာဝန်များနဲ့ မွန်းကြပ်လှတဲ့ မြို့ ပြနေထိုင်မှုများမှ အနားယူချင်သည့် အခါ အေးချမ်းသာယာလှသည့် မြန်...
15/09/2016

နေ့စဉ် များပြားလှတဲ့ အလုပ်တာဝန်များနဲ့ မွန်းကြပ်လှတဲ့ မြို့ ပြနေထိုင်မှုများမှ အနားယူချင်သည့် အခါ အေးချမ်းသာယာလှသည့် မြန်မာပြည် အတွင်းရှိ နေရာလေး တစ်ခုနှင့် မိတ်ဆက်ပေးပါရစေ ။ ပြင်ဦးလွင်မြို့ ဆိုလျှင် စာဖတ်သူတို့ အားလုံး စိတ်ထဲမှာ အလွန်အေးချမ်းလှတဲ့မြို့ လေးတစ်မြို့ လို့ သိရှိပြီး ဖြစ်မှာပါ။ ယခု ကျွန်မ ပြောပြပေးမှာက ထိုပြင်ဦးလွင်မြို့ ရှိ “ရေပျံတောင် ရေတံခွန်” ဆိုတဲ့နေရာလေးပဲ ဖြစ်ပါတယ်။
ထိုရေပျံတောင် ရေတံခွန်ဟာဆိုရင် ပြင်ဦးလွင်မြို့ မှာရှိတဲ့ ရွှေသင်းကျေးရွာမှာ တည်ရှိပါတယ်။ ရွှေသင်းကျေးရွာကို သွားမယ်ဆိုရင် ပြင်ဦးလွင် မြို့ ထဲကနေ ကားဖြင့်သွားလျှင် ကြာမြင့်ချိန် (၂၅) မိနစ်ခန့် ကြာပါမည်။ ရွာလေးဟာ ရှမ်းလူမျိုးစု အများစု နေထိုင်ရာ ရွာလေးဖြစ်ပြီး ရွာသူရွာသားများဟာလည်း ဖော်ရွှေကြပါတယ်။ ရွာသို့ရောက်ပြီး ရေတံခွန်သို့ ခရီးဆက်ရန် ရေတံခွန်သို့ သွားသည့်လမ်းမှာ တောင်တက် တောင်ဆင်း ဖြစ်သည့်အတွက်ထော်လာဂျီ ကိုအသုံးပြုပီး သွားရပါတယ်။
စာရေးသူတို့ သူငယ်ချင်း အဖွဲ့ကတော့ ပျော်ပျော်ပါပါး ထောက်လာဂျီ ကားကြီးနှင့် ခရီးဆက်ခဲ့ကြပါတယ်။ လမ်းခရီး တစ်လျှောက်မှာတော့ ကောင်းကင် ပြာပြာကြီးအောက်က စိမ်းစိုလှပတဲ့ သီးနှံစိုက်းခင်းတွေ ၊ မိုးထိအောင် လှပလွန်းလှတဲ့ တောင်တန်းကြီးတွေ ဟာဆိုရင် တကယ့်ကို သဘာဝကပေးတဲ့ ရတနာများ အလား ကြည်နှုးပီတိ ဖြစ်ရပါတယ်။ ထိုသို့ ထော်လာဂျီ စီးနှင်းချိန် (၄၅)မိနစ်ခန့်အကြာ ရေစီးဆင်း သံများကြားရသည့် နေရာသို့ရောက်သောအခါ ရေတံခွန်သို့ လမ်းလျှောက်သွားရမှာ ဖြစ်ပါတယ်။
မိနစ်(၄၀)ခန့် လမ်းလျှောက်ပြီး နောက်မှာတော့ အမှန်တကယ် ရှာဖွေခဲ့တဲ့ “ရေပျံတောင် ရေတံခွန် “ ကိုတွေ့  ရှိရပါတော့တယ်။ ရေတံခွန်ရှိ တောင်ကျရေများဟာ အရှိန်အဟုန်နှင့် စီးဆင်းလာပြီး ထိုရေများကို လေနုအေးများက ဖြတ်တိုက်ကာ ရေတံခွန်မှရေများသည် အပေါ်သို့ ပျံတက်သဏ္ဍန် ဖြစ်ပေါ်နေတဲ့အတွက်”ရေပျံတောင်ရေတံခွန်”လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဤရေပျံတောင်မှ တောင်အောက်သို့ဆက်ဆင်းသည့်အခါ ရေပျံတောင်၏အဆုံးဖြစ်သော ခုနှစ်ဆင့်မြောက် ရေတံခွန်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ရေတံခွန်သို့ လာရာလမ်းတစ်လျှောက်ဟာ ဆိုရင်တော့ တောတောင် အထပ်ထပ် ကာရံထားကာ ရေတံခွန်နှင့် တံတားငယ်လေးများ တောင်လှေကား အထစ်ကလေးများကို နင်းဖြတ်ကာ သွားရောက်ရသည့်အတွက် တစ်ကယ့်ကို Adventure ခရီးတစ်ခု ဖြစ်ခဲ့ရပါတယ်။ Hiking နှင့် Adventure ခရီးထွက် လိုသူမျိုးအတွက်တော့ အကောင်းဆုံး ခရီးလို့ အကြံ ပြုပါရစေ။

ခရီးလမ်းဟာ အနည်းငယ်ကြမ်းတမ်းတဲ့အတွက် သွားတဲ့အခါမှာပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် အင်္ကျီ အမျိုးအစား ၊ ဖိနပ်တို့ကိုသာ ဝတ်ဆင်ရန် သင့်တော်မှာ ဖြစ်ပြီး ကိုယ်ပိုင် သယ်ဆောင်ရန် လိုအပ်တဲ့ ပစ္စည်းများကိုတော့ ကျောပိုးအိတ်ထဲမှာ တစ်ခုတစည်းတည်း ထည့်၍ သယ်ဆောင်ခြင်းဟာ လွယ်ကူပေါ့ပါးစေမှာ ဖြစ်ပါတယ်။

Adventure ခရီးသမားအတွက်ပဲ မဟုက်ဘူးနော် ။ ဓါတ်ပုံရိုက်ချင် သူများအတွက် ရွာသို့ လာရာလမ်းခရီးမှာလည်း ပုံမှာပါတဲ့အတိုင်းအရမ်းကို လှပတဲ့ ထင်းရှုးတောကြီးလည်း ရှိတယ်နော်။ ဒါ့အပြင် အပြန်လမ်းမှာလည်း စပျစ်ပင်များကို စနစ်တကျ စိုက်ပျိုးထား တဲ့ “ရွှေပြင်ဦးလွင် “ဆိုတဲ့ စပျစ်ခြံ လှလှလေးလည်း ရှိသေးတယ်နော်။ အဲ့ စပျစ်ခြံမှာ စပျစ်သီးလေးတွေကို ခြင်းတောင်းလေးတွေနဲ့ ကိုယ်တိုင် ခူးဆွတ်ပြီး ဝယ်ယူရနိုင်သလို စပျစ်ပင်လေးတွေနဲ့ ဓါတ်ပုံရိုက်နိုင်ပါတယ်။

မှတ်ချက်။ ။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ
ရေပျံတောင်ရေတံခွန်အား Eco Tourism
ဖြစ်စေရန်ဆောင်ရွက်လျှက်ရှိကြောင်း။
။ ။ ကားလမ်းမပေါက်သေး၍ မိုးရာသီဖြစ်ပါက
ဆိုင်ကယ်နှင့်ကားများ သွားလာရန်ခက်ခဲ
နိုင်ပါသည်။

အဲလို စိတ်လှုပ်ရှားစရာ Adventure များနှင့် သဘာဝ တောတောင်ရှုခင်း အလှအပများကို ခံစားဖို့ “ရေပျံတောင်ရေတံခွန်”ခရီးစဉ်အား သိရှိလိုပါက တော်ဝင်မေခ ခရီးသွားလုပ်ငန်း (Taw Win May Kha Travels & Tours)ဖုန်းနံပတ် 09 -250291130 ၊ 01- 375205 (သို့) ChatBox တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်။ကျေးဇူးတင်ရှိပါသည်။

Greetings from Team "Taw Win May Kha" Travels and Tours Co.Ltd*** Our service is dedicated for our customers to reach th...
02/08/2016

Greetings from Team "Taw Win May Kha" Travels and Tours Co.Ltd

*** Our service is dedicated for our customers to reach their destinations safely and comfortably with satisfaction and worthy expenses.

*** We provide 24 hour hotline service for our customers as you are our first priority.

*** Quality is our signature which makes you to have the best travel experience with us.

These are our services described below and thank you for using our service.

Address

No. (19), Kan Yeik Thar Street, Kabaraye Phayar Road, Mayangone Township
Yangon
951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959 250 29 1130

Alerts

Be the first to know and let us send you an email when Taw Win May Kha Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taw Win May Kha Travels & Tours:

Share

Category

Nearby travel agencies