KING & QUEEN Car Rental Svc.

KING & QUEEN Car Rental Svc. Rental Service

 #ပုဂံညောင်​ဦးမြို့နယ်ရှိဟော်တယ်တည်းခိုခန်းများ #လိပ်စာနှင့်ဈေးနှုန်းများ                               1.   0925618...
18/11/2017

#ပုဂံညောင်​ဦးမြို့နယ်ရှိဟော်တယ်တည်းခိုခန်းများ

#လိပ်စာနှင့်ဈေးနှုန်းများ

1.
09256184737
ဈေးနှုန်း 20000 ကျပ်​ 25000

2.
Ph .061-2460902
Ph.09791411452
ဈေးနှုန်း 30000 ကျပ်​ (2​ယောက်​ခန်း) 

3.
Ph. 061-2460901
ဈေးနှုန်း 25000ကျပ်​ (2​ယောက်​ခန်း)

4. #ပဉ္စရူပတည်းခိုခန်း
Ph.061-2460607
ဈေးနှုန်း 25000 ကျပ်​ (2​ယောက်​ခန်း)

5.
Ph.061-2460206
ဈေးနှုန်း 35000ကျပ်​ (2​ယောက်​ခန်း)

6.​ #စောငြိမ်းစံတည်းခိုခန်း
Ph.09796927138
ဈေးနှုန်း 35000 ကျပ်​ (2​ယောက်​ခန်း)

7.​ #မေခလာတည်​ခိုခန်း
Ph.061-2460304

8.်းခိုခန်း
Ph.0947105063

9.
Ph.0979977744

10.​ #ရွှေနဒီတည်းခိုခန်း
Ph.09402510136

11. #ဝတ်​မှုံသစ်
Ph.061-2460795

12. #​အောင်​ဆုပြည့်
Ph.061-2460755

13. #ပန်းချယ်​ရီ
Ph.061-2460075

14.
Ph.0943059023

15.​ #ေ​ရွှပြည်​နန်းHotel
Ph.061-2460179

16. ​ #အောင်​မင်္ဂလာ Hotel
Ph.061-2460847

17. #မင်းသားတည်းခိုခန်း
Ph061-2460411

18.
Ph.061-2460921

19.
Ph.061-2460322

20. #ယာခင်းသာHotel
Ph.061-2460051

21.
Ph.061-2460923

22.
Ph.061-2460204

23.
Ph. 061-2460373

24.
Ph. 09406661969

25. #ညောင်ဦးသံတဲHotel
Ph.061-2460315

26.​ရွှေအိုးကြီးတည်းခိုခန်း
Ph.09797749276
ဈေးနှုန်း 25000 ကျပ်​ (2​ယောက်​ခန်း)

27.View point တည်းခိုခန်း
Ph.061-2461070
ဈေးနှုန်း 20000(2​ယောက်​ခန်း)

28.Bagan Star Hotel
Ph.09974492828

29.​ရွှေရတနာဦး တည်းခိုခန်း
Ph.061-2460934

30.Royal Diamond Motel
Ph. 061-2460386

31.Sky View hotel
Ph. 061-2461255

32.​ရွှေ​ကောင်းကင်​ Motel
Ph. 095006554

33.Thiri mingalar Hotel *
Ph. 0612461217;09258484266
ဈေးနှုန်း 35000ကျပ်

34.သီရိရတနာ (Glorious )Hotel
09962012141
ဈေးနှုန်း 35000 ကျပ်

35.မြစိမ်းဒီပါ (Green Land )
095039118
ဈေးနှုန်း 35000 ကျပ်

36.Ever New တည်းခိုခန်း
061-2461178
ဈေးနှုန်း 25000ကျပ်​.

37.Diamond Lion တည်းခိုခန်း
09798769866
ဈေးနှုန် 25000 ကျပ်

38.Bagan Air port Hotel
Ph.061-2461228

39.Heritage Bagan Hotel
Ph.095090846

40. Famous Hotel
0943114552

41.The Regency hotel
Ph.092540440345

42.မြရတနာ(Bagan Emerald)
Ph.09787044467

43.Myanamr han Hotel
09778777785

44.Bagan Lotus Hotel
Ph.09444736660

45.Bagan Princess Hotel
Ph.0949225312
ဈေးနှုန်း 40000 ကျပ်

46.Winner တည်းခိုခန်း
Ph.061-2461069
ဈေးနှုန်း 25000 ကျပ်

47. Bagan May
Ph.061-2461124

48. Six stars တည်းခိုခန်း **
Ph.061-2462015
ဈေးနှုန်3း5000 ကျပ်

49.Bagan Umbra Hotel
09256016382/061-2460381/-2460034 အခန်းဈေး Standard price- 56000/
Deluxe price-84000/
Grand Deluxe price-112000



50 Hotel
Ph.06165240
ဈေးနှုန်း 40000 oန်းကျင်

51Razagyo Hotel
Ph.06165326

52.Nan Eain Thu Hotel
Ph.06165214

53Arthawka Hotel
Ph.09258726812

54.Blue Bird Hotel
Ph.06165440

55.Bawga Theiddhi Hotel
Ph.06165045

56.Kaytumadi Dynasty Hotel
Ph.01381743

57.Ruby True
Ph.09254443453

58.​လောကနတ်​ Hotel
Ph.06165046

59မဏိစန္ဒာ Hotel
Ph.06165437

60.ကွမ်းသီး(NK Betelnut)Hotel
Ph.06165054

61..မြသီတာ Hotel
Ph.09450066777

62.Bagan Nova တည်းခိုခန်း
Ph.095018134
ဈေးနှုန်း 35000 ဝန်းကျင်

63.Bagan Empress
Ph.095040436

64.Bagan Central Hotel******
Ph.09257136019
ဈေးနှုန်း 25000 ဝန်းကျင်​ခန့်

65..​ရွှေပိုး​အိမ်​ Hotel
Ph.06165471

66..Northern Breeze တည်းခိုခန်း *****
Ph.06165472
ဈေးနှုန်း 35000 ဝန်းကျင်​ခန့်

67.Areindmar hotel
09421030833

68.Sky Palace Hotel
Ph.09777959959

69.Yun Myo Thu
Ph.09784512021

70. Crown Prince
Ph .06165407
ဈေးနှုန်း 40000 ကျပ်​ ဝန်းကျင်​ခန့်

71.Thiri Marlar Hotel
Ph.06165050

72..Kaday Aung Hotel ***
ph.06165070

73.Kumudara Hotel
Ph.06165402

74..Kyaw Hotel
Ph.06165132

75.. Floral breeze Hotel
Ph.0943176607

76.. ​လောကသစ္စာ Hotel
Ph.09421129735

77..​ရွှေရည်​ပွင့်​ Hotel
Ph.06165421

78..Gracious Hotel
Ph.09421016243

79.Cheery Bagan Hotel
09452229797

# # #ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်
#ဆက်သွယ်မှု့လွယ်ကူစေရန်သာဖြစ်

 #အားလုံရဲ့ပုဂံ
06/10/2017

#အားလုံရဲ့ပုဂံ

ခရီးသည်များ ​အစစ အရာရာ အဆင်​​ပြေ​​ချော​မွေ့စွာဖြင့်​ ​ရောက်​ရှိပါ​ကြောင်း
04/10/2017

ခရီးသည်များ ​အစစ အရာရာ အဆင်​​ပြေ​​ချော​မွေ့စွာဖြင့်​ ​ရောက်​ရှိပါ​ကြောင်း

Heading to Bagan
03/10/2017

Heading to Bagan

ပုဂံမှာ ရောက်ဖူးနေကျနေရာတွေနဲ့မတူပဲ လူသိနည်းပြီး ထူးခြားတဲ့နေရာတွေအကြောင်းအရာတွေကို လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ နေရာ ...
01/10/2017

ပုဂံမှာ ရောက်ဖူးနေကျနေရာတွေနဲ့မတူပဲ လူသိနည်းပြီး ထူးခြားတဲ့နေရာတွေအကြောင်းအရာတွေကို လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ နေရာ ၅၀ ကိုလမ်းညွှန်ပါရစေ(မြေပုံလေးလည်းShareထား)

မြန်မာမှန်လျှင် ပုဂံကိုရောက်ဖူးရမယ်"
ဆိုတဲ့စကားအတိုင်း မြန်မာအများစုဟာ ပုဂံကိုရောက်ဖူးတတ်ကြတယ်။

သို့သော်လည်းပဲ နာမည်ကြီးပြီး ထုထည်ကြီးသည့် ဘုရားပုထိုးများသာ သွားရောက်တတ်ကြတာမို့ ပုဂံရဲ့အနှစ်သာရကို မခံစားနိုင်ပဲဖြစ်တတ်ကြတယ်။

ကိုယ်သွားတဲ့အခါ လေ့လာဖို့ နဲ့ သွားမယ့်သူတွေအတွက် ဘုရားဖူး လမ်းညွှန်အဖြစ် ကုသိုလ်ယူ Share ထားလိုက်ပါ

၁_ရွှေစည်းခုံဘုရား
+++++++++++++

တောင်ဘက်တန်ဆောင်းအတွင်းမှာ
အင်မတန်ကြီးမားသည့် ပုဂံခေတ်လက်ရာသစ်သားတံခါးရွက်ကြီးကို သိမ်းဆည်းထိန်းသိမ်းထားပါတယ်။
ယင်းတံခါးရွက်ကြီးရဲ့အပေါ်တွင်ပုဂံခေတ် တီးမှုကခုန်ဟန်များကို အဆန်းတကြယ်ထုလုပ်ထားသည်။

၂_ရွှေစည်းခုံဘုရား အပြင်၃၇မင်းနတ်နန်းအတွင်းတွင် ကြီးမားသည့် သိကြားမင်းရုပ်ထုကြီးကို ထိန်းသိမ်းထားရှိပါသည်။ ပုဂံခေတ်ပန်းပုလက်ရာဖြစ်ပြီး ပုဂံခေတ် မြန်မာ့ပန်းပုလက်ရာအဆင့်အတန်းမြင့်မားပုံကို ဖော်ညွှန်းလျက်ရှိသည်။

၃_ရွှေစည်းခုံဘုရား ခေါင်းလောင်းတိုက်တွင် ဘုရင်းနောင်မင်းတရားကြီးရဲ့ ခေါင်းလောင်းကြီးကို သိမ်းဆည်းထားပါသည်။ယင်းခေါင်းလောင်းကြီးရဲ့ထူးခြားချက်မှာ ဒုတိယမြန်မာနိုင်ငံတော်သမိုင်းကို ရက်စွဲနှင့်တကွ ဖော်ပြရေးသားထားသည်။မြန်မာ့သမိုင်းအတွက်အင်မတန်အရေးပါသော ခေါင်းလောင်းကြီးဖြစ်သည်။

၎_ရွှေစည်းခုံဘုရား တောင်ဘက်အုတ်စောင်းတန်းထိပ်အနီးတွင်
ကျန်စစ်သားဥမင်ရှိသည်။ကျန်စစ်သားဥမင်တွင် မွန်ဂိုစစ်သည်များပုံကို ထူးခြားစွာရေးဆွဲမှတ်တမ်းတင်ထားလေသည်။

၅_ညောင်ဦးဘက်မှပုဂံဘက်သို့ ကားလမ်းအတိုင်းလာခဲ့သောအခါဝက်ကြီးအင်းရွှေချောင်းမရောက်မီ လမ်းအရှေ့ဘက်တွင်ဝက်ကြီးအင်းဂူရှိလေသည်။
ဝက်ကြီးအင်းဘုရားတွင် အဝင်တွင် ပဒေသာပင်ပုံကိုရေးဆွဲထားလေသည်။ယင်းပဒေသာပင်တွင် စောင်း ဗုံစသည့်တူရိယာများချိတ်ဆွဲထားသည်။ဂျာမန်လူမျိုး ထောမန်သည် ယင်းဂူမှ ပန်းချီများကို လွှဖြင့်တိုက်ဖြတ်ကာခိုးယူခဲ့လေသည်။
ယနေ့လွှရာများကိုတွေ့မြင်နိုင်သည်။

၆_ကားလမ်းအတိုင်းသွားလျှင် အလိုတော်ပြည့်ဘုရားအနီး ဘုရားအမှတ် (၃၇၇\၂၃၀) တွင် စဥ့်ပုထိုးဟုခေါ်သည့်စေတီတစ်ဆူတည်ရှိသည်။ယင်းစေတီသည် နာမည်ကျော် အလိုတော်ပြည့်ဘုရားနှင့် ကပ်လျက်တည်ရှိသော်လည်း စေတီတစ်ဆူလုံး စဥ့်ရည်အပြည့်သုတ်ထားသည့် အုတ်ချပ်များဖြင့်တည်ဆောက်ထားသည်ကိုမူ သတိပြုမိသူနည်းပါးလှသည်။

၇_အလိုတော်ပြည့်ဘုရားမှ အနောက်တောင်ဘက်တွင် နပဲတောဘုရားစုတည်ရှိသည်။
လိုဏ်နှစ်ဆင့်ဂူဘုရား(၃၅၇\၂၁၇_က)ဟပြင်ဘက်တွင် ပုဂံဒေသတွင် အကောင်းမွန်ဆုံးသော ခြင်္သေ့၊ဘီလူး၊ကိန္ဒရာစသည့် အဂ်တေလက်ရာများကိုလေ့လာရမည်ဖြစ်သည်

၈_နပဲတောဘုရားအစုမှ အရှေ့မြောက်ယွန်းသို့သွားပါက ဆူးလေကုန်းဘုရားအစုသို့ရောက်မည်။ဆူလေကုန်းဘုရား အရှေ့တောင်ဘက်တွင် တောင်ပုံ လောကနာထဘုရားရှိသည်။ယင်းဘုရားရဲ့ ထူးခြားချက်မှာ လောကနာထဗောဓိသတ်အထိုင်ပုံအမြောက်အများကိုလှပဆန်းကြယ်စွာထုလုပ်ထားသည်။ယင်းဘုရားမူလ ဆင်းတုတော် လက်တော်အကြိုးအတွင်းမှ ဌာပနာထားသည့် ပုဂံခေတ်အဝတ်ပန်းချီလိပ်ကြီးကိုရရှိခဲ့လေသည်။ယခုအခါ ယင်းပန်းချီလိပ်ကြီးကို ပုဂံပြတိုက်တွင်ပြသထားသည်။

၉_အာနန္ဒာဂူတော်ကြီး မြောက်ဘက်စောင်းတန်းအဆုံးတွင် အာနန္ဒာအုတ်ကျောင်းတည်ရှိသည်။
ယင်းအုတ်ကျောင်းအတွင်းနံရံများတွင် အင်မတန်မှ လက်ရာမြောက်ပြီး ပြိုင်ဘက်ကင်းသည့် ကုန်းဘောင်ခေတ်ရှုခင်းနှင့် ပန်းချီများရေးဆွဲထားသည်။ထူးခြားချက်မှာ အင်္ဂလိပ်လူမျိုးများ၊ပေါ်တူဂီအမျိုးသားများ၊မြန်မာ့ဆိုင်းဝိုင်း
၊စောင်းပတ္တလား တီးခတ်နေသည့်ပုံများကိုထည့်သွင်းရေးဆွဲထားသည်။

၁၀_ရွှေဂူကြီးဘုရားသည် ပုဂံနန်းတော်ရာနှင့်ကပ်လျက်တည်ရှိသည်။ယင်းဂူဘုရား ဝင်ပေါက်ဝဲယာနံရံတွင် ထည့်သွင်းမြှုပ်နှံထားသောကျောက်စာနှစ်ချပ်ရှိလေသည်။ယင်းကျောက်စာချပ်ကြီးများတွင် ရွှေဂူကြီးဘုရား တည်ဆောက်ခြင်းအကြောင်းနှင့် အလောင်းစည်သူမင်းကြီးအကြောင်းကို ထည့်သွင်းရေးထိုးထားလေသည်။

၁၁_ရွှေဂူကြီးဘုရား အရှေ့တောင်ဘက်တွင် သံတော်ကြားဘုရားတည်ရှိသည်။ယင်းဘုရားအတွင်း မီးတောင်ချော်ကျောက်အစိမ်းချပ်ကြီးများဖြင့်တည်ဆောက်ထားသော ဆင်းတုတော်ကြီးရှိသည်။

၁၂_သဗ္ဗညုဘုရား အရှေ့တောင်ဘက်တွင် အလောင်းစည်သူမင်းကြီးကောင်းမှု ကြေးစင်တစ်သောင်းကိုသွန်းသော ခေါင်းလောင်းကြီးဆွဲချိတ်ရာ ကျောက်တိုင်ကြီးများတည်ရှိသည်။

၁၃_သဗ္ဗညုဂူဘုရားကြီးအနောက်ဘက်တွင် နတ်လျောင်းကျောင်းတည်ရှိသည်။ပုဂံဒေသရှိ တစ်ခုတည်းသောဟိန္ဒူဘုရားကျောင်းဖြစ်သည်။ဟိန္ဒူဘာသာရေးဆိုင်ရာ နတ်ရုပ်များနှင့် နံရံပန်းချီများရေးဆွဲထုလုပ်ထားသည်။

၁၄_နတ်လျောင်းကျောင်းနှင့် မျက်နှာချင်းဆိုင်အနေအထားတွင်ငကျွဲနားထောင်းပုထိုးတည်ရှိသည်။အုတ်ချပ်တစ်ခုနှင့် တစ်ခုကြားပင် စဥ့်စိမ်းများဆက်အောင်သုတ်လိမ်းထားသဖြင့် ပုဂံခေတ်စဥ့်ပညာအဆင့်အတန်းကို အံ့အားသင့်ဖွယ်လေ့လာနိုင်သည်။

၁၅_ငကျွဲနားတောင်းပုထိုးမှ လမ်းအတိုင်းသွားလျှင် ပုထိုးသားများဘုရားကိုရောက်သည်။ယင်းဘုရားသည် ပုဂံခေတ် အလင်းယူပုံပညာနှင့် ဗိသုကာအဆင့်အတန်းကိုဖော်ပြနေသည့်ဂူဘုရားတစ်ဆူဖြစ်သည်။fleshမဖွင့်ပဲ ဓာတ်ပုံရိုက်ကူးပါက ဘုရားဆင်းတုတော် တစ်ခုတည်းသား ကွက်တိ ပြတ်သားစွာထိန်လင်းလျက်ကျန်အရာများအမှောင်တိဖြစ်နေသည်ကို တွေ့မြင်ကြရမည်။

၁၆_ပုဂံမြို့တောင်ဘက်မှ ထွက်လာသောလမ်းအတိုင်းသည် ညောင်ဦးမှလာသော ရှေးလမ်းဟောင်းကြီးနှင့် အဆုံအနီးတွင် မြင်းပြဂူဘုရားတည်ရှိသည်။ပုဂံခေတ်ရဲ့ရှေးကျသောပန်းချီများကိုလေ့လာနိုင်သည်။ယင်းမြင်းပြဂူမှ ဗုဒ္ဓရုပ်ပွားတော်ပုံပါကြေးချပ်ကြီးများကိုရရှိခဲ့သည်။ယနေ့ပြတိုက်တွင်ပြသထားသည်။

၁၇_မြင်းပြဂူမှတောင်သို့ထွက်ပြီး လမ်းအတိုင်းလိုက်သွားသော် ပဲနံ့သာရဂူအစုသို့ရောက်သည်။ပဲနံ့သာဂူအစုအနီးတွင် သိမ္မစည်းဂူ(၁၄၇၁\၇၈၄)ဘုရားရှိသည်။ယင်းဂူအဝတွင် စောင်းပိုက်ထားသောပဉ္စသိခ်နတ်သားပုံကိုလူတစ်ရပ်ခန့်ရေးဆွဲထားသည်။ဂူအတွင်းဝဲဖက်နံရံတွင် ကောသလအိမ်မက်ကိုသရုပ်ဖော်ရေးဆွဲထားသော ပုဂံခေတ်ပန်းချီများကိုလေ့လာကြရမည်။

၁၈_သိမ္ဗစည်းဂူအနီးတွင် ဘုရားအမှတ်(၁၅၅၄\၈၆၇)တည်ရှိသည်။ယင်းဘုရားအတွင်း အဝင်နံရံညာဖက်တွင် မြင်းမိုရ်တောင်နှင့် နတ်ပြည်တည်ဟန် ကျွန်းကြီးလေးကျွန်းနှင့် သက်ဆိုင်ရာပေါက်ပင်များကိုအသေးစိတ်ရေးဆွဲထားသည်။
ပုဂံခေတ် ဂူဘုရားကွမ်းတောင်အများစုသည် ယင်းမြင်းမိုရ်တောင်ပုံစံကိုယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။

၁၉_ယင်းဘုရားအနီး ဆင်ပြဂူဘုရားတွင်ထူးခြားချက်မှာ ပုဂံခေတ်တွင် ဂူဘုရားများအတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွားတော်ကြီးများတည်ဆောက်သောအခါ ခေါင်း၊ရင်ဘတ်၊ဝမ်းဗိုက်၊ချက်စသောနေရာတို့တွင် ဌာပနာပစ္စည်းများထည့်ထားသော ကျောက်ကြုပ်ငယ်များ သွင်းထားပြုလုပ်လေ့ရှိသည်။ယခုဆင်ပြဂူဘုရားတွင် မသမာသူတို့ရဲ့လက်ချက်ဖြင့် ဌာပနများကို ခိုးယူခံရသော်လည်း ဆင်းတုတော်ကြီးရဲ့ ရင်ဘတ်နှင့်ချက်နေရာတို့တွင် မူလကျောက်ဌာပနာကြုပ်များကိုတွေ့မြင်ကြရခြင်းဖြစ်သည်။

၂၀_ဆင်ပြဂူဘုရားနှင့်ကပ်လျက်တည်ရှိသော မာရ်အောင်ဘုရားတွင် ကနေသူ စည်တီးနေသူ နတ်သမီးပုံစဥ့်ချပ်ကြီးများဖြင့်ကပ်လှူထားသည်။
ယင်းစဥ့်စိမ်းချပ်ကြီးများသည် မသမာသူတို့ရဲ့ခွာယူခိုးယူခြင်းခံခဲ့ရကာအချို့ကို ရန်ကုန်နှင့် ပုဂံပြတိုက်တွင်ထိန်းသိမ်းပြသထားသည်။

၂၁_ယင်းဘုရားမြေလမ်းအတိုင်းဆက်သွားလျှင် လောကထိပ်ပန် ဘုရားသို့ရောက်ရှိမည်။ယင်းဘုရားတွင် ပုဂံခေတ်ရဲ့ အကောင်းဆုံးဟု
ဆိုအပ်သောပန်းချီများရေးဆွဲထားသည်။
မဟော်သဓာဇာတ်တော်နှင့် ဗုဒ္ဓဝင်ကို တခမ်းတနားရေးဆွဲထားပြီး ပုဂံခေတ် ဘုရင်၊မိဘုရား၊မှူးကြီးမတ်ရာတို့ရဲ့ ဝတ်စားဆင်ယင်ပုံကို အသေးစိတ်လေ့လာနိုင်သည်။

၂၂_ယင်းမြေလမ်းအတိုင်းသွားလျှင် နေဝင်ကြည့်သည့် နာမည်ကျော်ရွှေဆံတော်ဘုရားသို့ရောက်ရှိမည်။ရွှေဆံတော်ဘုရားကို ယခင်က မဟာပိန္နဲဘုရားဟုခေါ်ကြသည်။အကြောင်းမှာ ဘုရားထောင့်များတွင် မဟာပိန္နဲနတ်ရုပ်များကိုထားရှိခဲ့ခြင်းဖြစ်သည်။ယနေ့တွင်
ရုပ်တု အကျိုးအပဲ့များကို ဘုရားထောင့်အချို့နှင့် စေတီတော်မြောက်ဘက်ခြေရင်းတွင်တွေ့မြင်ကြရမည်

၂၃_ရွှေဆံတော်စေတီ အနောက်ဘက်ရှိအုတ်တိုက်ရှည်ကြီးတွင် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ထားသည်။ပုဂံခေတ်လျောင်းတော်မူဆင်းတုများအနက် ရှေးအကျဆုံးနဲ့ အကြီးမားဆုံးဖြစ်သည်။ယင်းဆင်းတုတော်ကြီးရဲ့ထူးခြားချက်မှာ ပရိနိဗ္ဗာန်ပြုဟန်ထုလုပ်ထားသော်လည်း တောင်ဘက်သို့ခေါင်းပြုထားခြင်းဖြစ်သည်။

၂၄_ရွှေဆံတော်ဘုရားတောင်ဘက် မနီးမဝေးတွင် ဂူအမှတ်(၁၅၃၆)အတွင်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော စက်ဝန်းပန်းချီများရေးဆွဲထားသည်။ငဖုန်းသင်ယောင်။ငပြည်သင်ဟု လူအမည်ကမ္ဗည်းစာများရေးထိုးထားသည်။

၂၅_ရွှေဆံတော်ဘုရား အရှေ့မြောက်ဘက် ဂူအမှတ်(၁၅၁၂) မြေဘုံသာဘုရားရှိလေသည်။ယင်းဂူအတွင်း ပလ္လင်အောက်ခြေများတွင် ကျောက်ဗြဟာရုပ်များ မြှပ်ထားလေသည်။ထိုပလ္လင်မှ မြေတွင်မြှုပ်နေသော အကောင်းပကတိတူးဖော်ရရှိသည့် ကျောက်ဗြသာရုပ်များကို ပုဂံပြတိုက်တွင်ပြသထားလေသည်။

၂၆_ပုဂံမြို့တောင်ဘက်သို့ဆက်သွားမည်ဆိုပါက မင်္ဂလာစေတီသို့ရောက်ရှိမည်။
မြန်မာပြည်ရှိစေတီအများစုသည် ယင်းမင်္ဂလာစေတီကိုပုစံယူတည်ဆောက်ကြခြင်းဖြစ်သည်။၅၅၀ နိပါတော် စဥ့်ကွင်းများတည်ရှိပြီး အချို့မှာ ခိုးယူခံခဲ့ရသည်။

၂၇_ဓမ္မရံကြီးဘုရားသည် မြန်မာပြည်ရဲ့ အကြီးမားဆုံးသော ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အုံးဖြစ်သည်။ထူးခြားချက်မှာ
မူလက အတွင်း ဆင်းတုလေးဆူနှင့် လိုဏ်ပတ်လမ်းများတည်ဆောက်ခဲ့သည်။ ပန်းချီများရေးဆွဲပြီးကာမှ မခန့်မှန်းနိုင်သော အကြောင်းအရာတစ်ခုကြောင့် အတွင်း လိုဏ်ပတ်လမ်းကို အုတ်ဖြင့် အပြည့်စီပိတ်ခဲ့သည်။

၂၈_ဓမ္မရုံကြီးဘုရား မြောက်ဘက်မုခ်တွင် ပလ္လင်တစ်ခုတည်းအပေါ်တွင် ဗုဒ္ဓဆင်းတုနှစ်ဆူကိုတည်ကာ မျက်နှာတော်ကိုရွှေချထားလေသည်။ယင်းဆင်းတုတော်နှစ်ဆူသည် ကျန်အရာအားလုံးပုံစံတူသော်လည်း ထင်ရှားစွာကွဲပြားခြားနားသည့် အပြုံးကိုယ်စီရှိကြလေသည်။

၂၉_ဓမ္မရံကြီးဘုရားမှ လမ်းအတိုင်းသွားလျှင် စူဌာမဏိစေတီကိုရောက်မည်။ ယင်းနာမည်ကျော်ဂူဘုရားအား ကာရံထားသည့် တံတိုင်းရဲ့ အုတ်စီလက်ရာမှာ ကမ္ဘာကပင်အံ့အားသင့်လောက်အောင်
ကောင်းမွန်လှသည်။အုတ်ချပ်တစ်ခုနှင့်တစ်ခုအကြား အပ်ထိုးလို့ပင်မရနိုင်ပေ။ပုဂံခေတ် ပန်းရံအတတ်ပညာရဲ့ ကြီးကျယ်ခမ်းနားခဲ့ပုံကိုလေ့လာနိုင်သည်။ပုဂံဒေသရှိအကောင်းဆုံးသော အုတ်စီလက်ရာဖြစ်သည်။

၃၀_မြင်းကပါရွာမြောက်ဘက်၊လမ်းအရှေ့ဘက်တွင် ဂူပြောက်ကြီးနှင့် မြစေတီတို့ကား အလွန်ထင်ရှားပြီး နာမည်ကျော်ကြားသည်။ယင်းဂူပြောက်ကြီးဘုရားအတွင်း အကောင်းပကတိကျန်ရှိနေသေးသော ပုဂံခေတ် နံရံဆေးရေးများကိုရေးဆွဲထားသည်။ထူးခြားချက်မှာ တာဝတိသာနတ်ပြည်မှာဆင်းသက်တော်မူခန်း၊
သင်္ဂါယနာတင်မှတ်တမ်းများ၊ တိတ္တိတို့အားတန်ခိုးပြခန်း၊လင်းနို့ငါးရာအားတရားဟောခန်း စသည့်ထူးခြားပြီးရှားပါးသည့်ဗုဒ္ဓဝင်များကိုထည့်သွင်းရေးဆွဲထားသည်။

၃၁_ယင်းအနီး စေတီအနီးအတွင်းမှ ကျောက်စာတစ်ချပ်ကိုတူးဖော်တွေ့ခဲ့ရာ မြစေတီကျောက်စာဟုအမြင်တွင်သည်။အမှန်မှာ ဂူပြောက်ကြီးဘုရားနှင့်သက်ဆိုင်သည့်ကျောက်စာဖြစ်သည်။ပျူ၊မွန်၊မြန်မာ၊ပါဌိ လေးဘာသာဖြင့် အကြောင်းအရာတစ်ခုတည်းကိုရေးထိုးထားသဖြင့် မြန်မာစာပေသမိုင်းအတွက် အဖိုးမဖြတ်နိုင်သောရတနာဖြစ်သည်။မူရင်းကျောက်စာကို ပုဂံပြတိုက်တွင်ပြသထားသည်။

၃၂_ကားလမ်းအတိုင်းဆက်သွားလျှင် မနူဟာဘုရားသို့ရောက်မည်။ယင်းဘုရားနှင့် မနီးမဝေးတွင် နန်းဘုရားရှိသည်။ယင်းဘုရားအတွင်းနှင့်အပြင်တွင် ထုဆစ်ထားသော ဗြဟာပုံကြီးများနှင့်ကျောက်ဆစ်လက်ရာများသည် ပုဂံခေတ် ပန်းတမော့လက်ရာအဆင့်အတန်းကိုဖော်ပြလျက်ရှိသည်။

၃၃_မြင်းကပါရွာ အနောက်ဘက်သို့သွားလျှင် ဖြတ်စရွှေဂူ ဘုရားသို့ရောက်မည်။ယင်းဂူဘုရားအတွင်းတွင် ရှေးဟောင်းမွန်ဘာသာဖြင့်ကဗ္ဗည်းထိုးထားသည့် ဇာတ်ကွက်ပန်းချီများမှာစိတ်ဝင်စားဖွယ်ကောင်းလှသည်

၃၄_မြင်းကပါရွာငွေစေတီ ဥတ္တမဂူတောင်ဘက်တွင် ကျဆင်းဂူတည်ရှိသည်။တြိလောကဗိုလ်ဟုလည်းခေါ်သည်။ယင်းဂူဝင်ပေါက်ဝဲယာနံရံများတွင် ရေးသားထားသော မင်စာများအရ အဆောက်အုံတည်ဆောက်သောဒါယကာ၊တည်ဆောက်သောခုနှစ်၊အဆောက်အအုံအမည်တို့ကို ပုဂံခေတ်အတိုင်း
တိကျစွာသိရပုံမှာ ပုဂံဒေသတွင်အလွန်ရှားပါးလေသည်။ယင်းဂူတိုက်မကြီးတွင် ခြေစုံမြေသို့ချထားသော ဗုဒ္ဓဆင်းတုနှစ်ဆူနှင့် အလယ် ထိုင်တော်မူဆင်းတုတော်ကြီးတစ်ဆူရှိသည်။ယခင်က ဌာပနာဖောက်ကာ ခေါင်းဖြတ်ခိုးယူခံရသော်လည်း ပြန်လည်ပြုပြင်ထားသည်။

၃၅_ကျဆင်းဂူမှ ကားလမ်းအတိုင်းသွားသော် အပယ်ရတနာဂူသို့ရောက်လေသည်။ယင်းဂူအတွင်းတွင် မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ ဘုရားလောင်းဗောဓိသတ်အမျိုးမျိုးကို တစ်ခန်းတနားရေးဆွဲထားလေသည်။ယင်းအပြင် အတွင်းပတ်လမ်းအပြင်နံရံတွင် အရိုးတပ်စက်ဝိုင်းများအတွင်း ဟိန္ဒူဘာသာရေးဆိုင်ရာဗိဿနိုး၊သီဝနှင့် ဗြဟညဆိုင်ရာအယူဝါဒများကို ထူးခြားစွာရေးဆွဲထားလေသည်။

၃၆_အပယ်ရတနာဘုရားနှင့် မျက်နှာချင်းဆိုင်တွင် နဂါးရုံဘုရားတည်ရှိသည်။ယင်းဘုရားကြီးရဲ့ထူးခြားချက်မှာ စဥ့်သုတ်အုတ်ချပ်များကို ဘုရားအတွင်း ယနေ့ခေတ် ကြွေပြားအသွင် ခင်းထားခြင်းဖြစ်သည်။လူတော်တော်များများသည် မိမိတို့ခြေထောက်အောက်ရှိ စဥ့်စိမ်းရောင် အုတ်ချပ်ကြီးများကိုသတိမထားမိကြချေ။

၃၇_ယင်းဘုရားမှကားလမ်းအတိုင်းသွားသော် စိုးမင်းကြီးအုတ်ကျောင်းနှင့် စေတီသို့ရောက်ရှိမည်။စိုးမင်းကြီးစေတီရဲ့ထူးခြားချက်မှာ ပစ္စယံအဆင့်ဆင့်တွင် စဥ့်ရည်သုတ် ရုပ်ချပ်တန်းကြီးများဖြင့် ညက်လျက်တန်ဆာဆင်ထားခြင်းဖြစ်သည်။ယင်းစဥ့်ချပ်ကြီးများတွင် ကနေသူ၊ဗုံတီးနေသူများကို ထည့်သွင်းထုလုပ်ထားသည်။ပုဂံခေတ်ရှားပါးပြီးထူးခြားသည့်လက်ရာတစ်ခုဖြစ်သည်။

၃၈_စိုးမင်းကြီးအုတ်ကျောင်း အနောက်တောင်ဖက်တွင် ဂူအမှတ်(၁၀၇၇)မှာ ပန်းချီလေ့လာသူတို့အဖို့မရောက်တော့မယ်ဖြစ် ထူးခြားသည့်နေရာတစ်ခုဖြစ်သည်။ယင်းဂူအတွင်း အောက်ခြေအခင်းပေါ်တွင် မြေစာများပို့နေခဲ့ရာ ရှေးဟောင်းဌာဓမှရှင်းလင်းလိုက်သောအခါ မူလရေးဆွဲထားသောပန်းချီများ မပျက်မစီးပဲအကောင်းပကတိ အသစ်စက်စက်ရေးဆွဲထားသည့်ပမာပေါ်ထွန်းလာခဲ့သည်။
ပုဂံခေတ်တွင် ဆန်းပြားသည့်အရောင်များအသုံးပြုကာပန်းချီများ
ရေးဆွဲခဲ့ကြကြောင်းသက်သေပြစရာ
ဂူဘုရားဖြစ်သဖြင့်ထူးခြားသည်။

၃၉_သီရိပစ္စယာရွာတောင်ဘက်တွင် ဖက်လိပ်ဘုရားများတည်ရှိသည်။ယင်းဘုရားများတွင် စဥ့်ရည်မသုတ်သော မြေမီးဖုတ်အုပ်ကြွပ်ရုပ်ကြွများကို
ထူးခြားစွားလေ့လာနိုင်သည်။မြန်မာ့သမိုင်းတွင်အရပ်အရှည်ဆုံးဟုစံချိန်ချိုးခဲ့သည့် ဇီးကွက်စိန်ရဲ့မွေးရပ်မြေဖြစ်သည်။

၄၀_သီရိပစ္စယာရွာရွာအဝင်ကားလမ်းတောင်ဘက်သို့ဆက်သွားသော် ဂူပြောက်ဘုရားသို့ရောက်ရှိမည်။မြန်မာ့တော်လှန်ရေးခေါင်းဆောင်ကြီး ပုဂံဗိုလ်ချိုပုန်းအောင့်ခဲ့ရာဂူဘုရားဖြစ်သည်*။ အင်္ဂလိပ်တို့က ဗိုလ်ချို့ကိုယင်းဂူဘုရားတွေဖမ်းမိသဖြင့် ဗိုလ်ချိုမိဘုရားဟုခေါ်သည်။

၄၁_မင်းနန်သူအရပ်သို့ဆက်သွားသော် ဘုရားသုံးဆူသည်နာမည်ကျော်သည်။ဂူဘုရားသုံးဆူကို လိုဏ်ဖြင့်ဆက်သွယ်ထားသည်။ညာဖက်ဆုံးဂူတွင် ပန်းချီများရေးဆွဲထားခြင်းမရှိပဲ ဘယ်ဖက်ဆုံးဂူတွင် ပန်းချီကိုပြည့်စုံစွာရေးဆွဲထားလေသည်။အလယ်ဂူတွင် ဆွဲလက်စပန်းချီများတွေ့ရသဖြင့် ပုဂံခေတ်ပန်းချီရေးဆွဲပုံအဆင့်ဆင့်ကိုလေ့လာနိုင်ပေသည်။
အလယ်ဂူတွင် ပုဂံခေတ်နန်းတော်ပုံများကိုရေးဆွဲထားလေသည်။

၄၂_ဘုရားသုံးဆူအရှေ့ဘက်တွင် ဂူငယ်လေးတစ်ဆူတည်ရှိသည်။ယင်းဂူရဲ့ထူးခြားချက်မှာ ပုဂံတွင်တွေ့ရသော အခြားသောဘုရားပုထိုးများကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်နှင့် ပလ္လင်ကို အုတ်အဂ်တေဖြင့်တည်ထားခြင်းမပြုပဲ နံရံတွင်သာ ဗုဒ္ဓပုံကြီးကို ရေးဆွဲပူဇော်ထားခြင်းဖြစ်သည်။ယင်းပုံစံကို ပုဂံတွင် ယခုဂူငယ်တွင်သာတွေ့ရလေသည်။

၄၃_ဘုရားသုံးဆူနှင့် မနီးမဝေးတွင် သမ္ဗူလဂူဘုရားတည်ရှိသည်။ယင်းဂူသည် ပုဂံဒေသတစ်ဝိုက် အရေးကြီးပြီး ပုဂံခေတ်လက်ရေးလှပညာနှင့် ပုဂံဗုဒ္ဓစာပေနှင့်စပ်လျဉ်းသော လေ့လာဖွယ်အကောင်းဆုံးဖြစ်သည်။နံရံပေါ်တွင် မှင်ဖြင့်ရေးထိုးထားသော စာလုံးများသည် သေသပ်လှပလွန်းလှသဖြင့် ယနေ့ခေတ်ပုံနှိပ်စာလုံးများပင်အရှုံးပေးရလေသည်။

၄၄_ယင်းဂူမှ ကားလမ်းအတိုင်းသွားသော် နန္ဒမညာဂူဘုရားသို့ရောက်သည်။
ယင်းဂူတွင်ရေးဆွဲထားသော ပန်းချီများကြောင့်ပင် ပုဂံတွင်ပန်းဦးလွှတ်ခြင်းနှင့် အရည်းကြီးများရှိခဲ့သည်ဟုပြောဆိုရေးသားခဲ့ကြသည်။
သို့သော်မှန်ကန်မှုမရှိပေ။ယင်းဂူတွင်ထူးခြားချက်မှာ ညာဖက်နံရံပြတင်းပေါက်အောက်တွင် ရေနစ်နေသော လူသုံးဦးပုံကိုရေးဆွဲထားလေသည်။လောဘ၊ဒေါသ၊မောဟတို့မှ မလွတ်ကင်းနိုင်ပဲ သံသရာရေယာဉ်ကြောတွင်နစ်မွန်းကြရခြင်းကိုသွယ်ဝိုက်သောနည်းလမ်းဖြင့်အသိပေးခဲ့ခြင်းဖြစ်သည်။အထက်နံရံတွင်မူ ပုဂံခေတ်မင်းသားတစ်ပါး မြင်းစီးလျက်အဆောင်အယောင်နှင့်တကွကြွချီဟန်ကိုရေးဆွဲထားသည်မှာ အငမတန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။

၄၅_ပုဂံညောင်ဦးကားလမ်း ပုဂံအဝင်ညာဖက်တွင်ခေမင်္ဂဘုရားစုတည်ရှိသည်။
ယင်းဂူအစုတွင် ပုဂံတွင် အင်မတန်ရှားပါးသည့် အဝတ်ပန်းချီကို နံရံတွင် ကော်ဖြင့်ကပ်လျက်
ရေးဆွဲထားသည်။ယနေ့ခေတ်အခေါ်
wall paperပုံစံဖြစ်သည်။ယင်းဂူအစုတွင်ပင် ပုဂံရှိရှေးဟောင်းပစ္စည်းအများအပြားကိုခိုးယူသွားခဲ့သော ဂျာမန်လူမျိုးထောမန်းရဲ့ ရေးထိုးထားခဲ့သော လက်မှတ်ကိုထူးခြားစွာလေ့လာနိုင်သည်။

၄၆_ညောင်ဦးမြို့မြောက်ဘက် သကျမုနိဘုရားတွင် အသောကမင်းကြီးသမီးတော်သဃမိတ္တာ မဟာဗောဓိပင်အား သီဟိုဠ်သို့ပင့်ဆောင်ပုံ များကိုထူးခြားရှားပါးစွာရေးဆွဲမှတ်တမ်းတင်ထားလေသည်။

၄၇_မြတ်စွာဘုရားရဲ့ စွယ်တော်လေးဆူများ တရုပ်ပြည်၊သီဟိုဠ်ပြည်၊နတ်ပြည်၊နဂါးပြည်တို့တွင်တည်ရှိ
ကြောင်းထူးခြားစွာရေးဆွဲထားသော ပုဂံခေတ်ပန်းချီကိုဘုရားအမှတ်(၁၀၇၇)တွင်လေ့လာနိုင်ပါသည်။ထူးခြားချက်မှာ ယင်းပန်းချီပါ စွယ်တော်ကြုပ်မှာ မျက်မှောက်ခေတ် တရုပ်ပြည် နှင့် သီရိလကာတို့ရှိ စွယ်တော်ကြုပ်များနှင့် ပုံစံတစ်ထေရာတည်းဖြစ်ကြောင်း အံ့ဩဖွယ်လေ့လာနိုင်သည်။

၄၈_သစ္စဗန္ဓရရသေ့နှင့် နမန္တာနဂါးမင်းတို့တောင်းပန်မှုကြောင့် မြတ်စွာဘုရားခြေတော်ရာချပေးနေပုံကို ဘုရားအမှတ်(၅၃၈)နန္ဒဘုရားအရှေ့ဖက်ဂူတွင် ထူးခြားစွာလေ့လာနိုင်သည်။

၄၉_ကုသဘုရားနှင့် ဝိနည်းဓိုရ်ဘုရားတို့တွင် စကြဝဠာတည်နေဟန် ပန္ဒက်ပုံကိုထူးခြားစွာရေးဆွဲထားလေးသည်။ပုဂံခေတ် ဗုဒ္ဓဘာသာဆိုင်ရာ စကြာဝဠာအယူအဆကိုလေ့လာနိုင်သည်။ယင်းအပြင် မြတ်စွာဘုရားရဲ့ မူရင်းကဗ္ဗည်းဇာတာတော်ပုံပါထည့်သွင်းရေးဆွဲထားသည်။

၅၀_ဖွားစောရွာ သစ္စာဝတီဘုရား အရှေ့တောင်အနီး မင်းမရဲဂူဘုရားတိုက်မမြောက်ဖက်နံရံတွင် ရေးထိုးထားသောမင်စာတွင် အရိမဒ္ဒနပူရမည်သော ပုဂံပြည်၊မြန်မာပြည် စသောစကားလုံးများကိုသုံးနှုန်းရေးထိုးထားပုံကို အလွယ်တကူလေ့လာကြည့်ရှုနိုင်မည်

ဖော်ပြပါနေရာများသည် ပုဂံခေတ်တွင်ထွန်းကားခဲ့သည် ပန်းဆယ်မျိုးသော မြန်မာ့အတတ်ပညာနှင့် မြန်မာ့အနုသုခုမပညာရပ်များ၊မြန်မာစာပေနှင့် အခြားသောအနုပညာရပ်များကို ထင်ဟပ်စေနိုင်သည့် ထူးခြားပြီးလူသနည်းသောနေရာများဖြစ်သည် ။

Credit to Simon Htoo Thant
Photo Credit -

သက္ကရာဇ် ၁၁၄၄ခုနစ်​တွင်​ဖွားမြင်​ပြီးသက္ကရာဇ် ၁၁၈၆ခုနစ်​တွင်​ကွယ်​လွန်​​သော ​ဗိုလ်​မှူးဝန်​ကြီးသတိုးသုဓမ္မ မဟာဗန္ဓုလ ရှိရာဓန...
12/09/2017

သက္ကရာဇ် ၁၁၄၄ခုနစ်​တွင်​ဖွားမြင်​ပြီး

သက္ကရာဇ် ၁၁၈၆ခုနစ်​တွင်​ကွယ်​လွန်​​သော

ဗိုလ်​မှူးဝန်​ကြီးသတိုးသုဓမ္မ မဟာဗန္ဓုလ ရှိရာ

ဓနုဖြူမြို့သို့ တစ်​​ခေါက်​ လှမ်းလာခဲ့ပါသည်​။

01/09/2017

ရန်ကုန်မြို့တွင်း / မြို့ပြင် / နယ်​​ဝေး မိသားစု သီးသန့် ခရီးသွား အပန်းဖြေလိုပါသလား? သူငယ်ချင်းမိတ်ဆွေများနှင့် အပျော်ခရီးထွက်လိုပါသလား? ချိုသာသောဈေးနှုန်းများဖြင့် ၀န်ဆောင်မှုပေးနေပါပြီ။

Alphard (7 seater)
Mark 2 (4 seater)
Crown ( 4 seater)
Brevis (4 seater)
Grand Cabin G (10 seater)

နေ့ချင်းပြန်ခရီးစဉ်များ
******************
ရန်ကုန်မြို့တွင်း (၁၀ နာရီ) 💰 80,000

သန်လျင်ကျောက်တန်း 💰 100,000

ပဲခူး ဘုရားစုံ 💰 120,000

ကျိုက်ထီးရိုးဘုရား 💰 160,000

ဇလွန်ပြည်တော်ပြန်ဘုရား 💰 170,000..................................................

trips

ကျိုက်ထီးရိုးဘုရား 💰 230,000

မန္တ​လေးဘုရားစုံ 💰 350,000

ငွေဆောင် (သို့) ​ချောင်းသာကမ်းခြေ 💰 280,000

တောင်ငူ ~သံတောင် 💰 350,000

ဘားအံ ဘုရားစုံ နှင့်​ သဘာဝလှိုင်​ဂူများ (ကျုံထော်ရေတံခွန်မပါ) 💰 350,000

မော်လမြိုင်~ စက်စဲ ~ကျိုက္ခမီ 💰 350,000..................................................

trips

ငွေဆောင် (သို့) ချောင်းသာ 💰 350,000

မန္တလေး ပြင်ဦးလွင် 💰 450,000

ပုဂံ ~ညောင်ဦး~ ပုပ္ပါး 💰 500,000

ကလော ~တောင်ကြီး~ အင်းလေး 💰 520,000

ငပ္ပလီကမ်းခြေ ~ဆံ​တော်​~အံ​တော်​~နံ​တော်​ 💰 550,000

မြ၀တီ 💰 400,000..................................................

*** အခြား​သောခရီးစဉ်များကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ***

ဆက်သွယ်ရန် ဖုံး ->
09 96666 7600
09 4310 5186

Viber -> 099 6666 7600

💥မိတ်​​ဟောင်းမိတ်​သစ်​များအား အထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​💥

Heading to ကျိုက်ထို ~ဘားအံ ~​​​မော်​လမြိုင်​ ~ ကျိုက်​မ​ရော သို့ကျ​နော်​တို့ ကားဝန်​​ဆောင်​မှုလုပ်​ငန်းအား ၄ ကြိမ်ြေ...
29/08/2017

Heading to
ကျိုက်ထို ~ဘားအံ ~​​​မော်​လမြိုင်​ ~ ကျိုက်​မ​ရော သို့
ကျ​နော်​တို့ ကားဝန်​​ဆောင်​မှုလုပ်​ငန်းအား
၎ ကြိမ်​​မြောက်​ ထပ်​မံအား​ပေး​သော အစ်​ကို
ကျေးဇူးအထူးတင်​ပါတယ်​ ။ အစ်​ကိုတို့မိသားစု
စီးပွား​ရေး လာဘ်​လာဘ တိုးတက်​​ကောင်းမွန်​ပါ​စေ ခင်​ဗျာ

05/08/2017



ယနေ့ (24.7.2017) ရက်နေ့ မနက်ပိုင်းအောက်စက်တော်ရာ အတွင်း မန်းချောင်းရေများဝင်ရောက်နေမှု အခြေအနေ !Photo Credit Original
24/07/2017

ယနေ့ (24.7.2017) ရက်နေ့ မနက်ပိုင်း
အောက်စက်တော်ရာ အတွင်း မန်းချောင်းရေများ
ဝင်ရောက်နေမှု အခြေအနေ !

Photo Credit Original

ယနေ့မနက်မုပ္ပလင်(ကွာရီ-မရမ်းချောင်ဂိတ်)အနီးရန်ကုန် - မော်လမြို င် ကားလမ်း ရေကျော်နေပါပြီ။ကျိုက်‌ထိုမြို့အဝင်‌ကား‌လမ်းလ...
21/07/2017

ယနေ့မနက်
မုပ္ပလင်(ကွာရီ-မရမ်းချောင်ဂိတ်)အနီး
ရန်ကုန် - မော်လမြို င် ကားလမ်း
ရေကျော်နေပါပြီ။
ကျိုက်‌ထိုမြို့အဝင်‌ကား‌လမ်းလဲ ‌ရေ‌ကျော်‌‌နေပါတယ်‌။
‌မော်‌လမြိုင်‌ ဘားအံ့ဘက်‌ခရီးထွက်‌မဲ့သူများ ‌ရေသတင်းစုံစမ်းပြီးမှ သွားကြပါခင်‌ဗျာ။
photo credit

ကားဇက်​ကူးရာမှ ကားကူးဇက်​မှာ စက်​ပျက်​၍ပင်​လယ်​တွင်းသို့​မျောပါ=================================================​ရွှေ​သေ...
16/07/2017

ကားဇက်​ကူးရာမှ ကားကူးဇက်​မှာ စက်​ပျက်​၍ပင်​လယ်​တွင်းသို့​မျောပါ
=================================================

ရွှေ​သောင်​ယံ ဇူလိုင်​ ၁၆
ဧရာဝတီတိုင်း​ဒေသကြီး၊ပုသိမ်​ခရိုင်​၊​ရွှေ ​သောင်​ယံမြို့တွင်​ဇူလိုင်​၁၅ ရက်​​ ည ဦးပိုင်းကကားဇက်​ကူးရာမှကားကူးဇက်​မှာ စက်​ပျက်​၍ပင်​လယ်​တွင်းသို့​မျောပါ​ကြောင်း သိရှိရသည်​။
ဒိုင်​နာ(၁၀)​ပေကားတစ်​စီးသည်​ကုန်​များ တင်​​ဆောင်​လျှက်​အမှတ်​(၂)ရပ်​ကွက်​နှင့်​အ မှတ်​(၃)ရပ်​ကွက်​ကြားရှိ​ချောင်းအားဖြတ်​ကူးစဉ်​ကားကူးဇက်​မှာစက်​ပျက်​၍​ပင်​လယ်​ဝသို့ရေစီးနှင့်​ ​မျောပါကာဟိုတယ်​​ရွှေ​သောင်​ယံ​ရှေ့သဲ​သောင်​ခုံတွင်​​သောင်​တင်​ လျှက်​ရှိပြီးလှိုင်းပုတ်​ခတ်​သည့်​အရှိန်​​ကြောင့်​ဇက်​၏လက်​ရမ်းများကွာကျ၍ကား မှာဇက်​​အောက်​သို့ပြုတ်​ကျကာ​ခေါင်းပိုင်း ​ကြေမွပျက်​စီးသွားခြင်းဖြစ်​သည်​။ဇက်​​ပေါ် တွင်​အဆိုပါကားတစ်​စီးနှင့်​cziအမျိုးအစား ဆိုင်​ကယ်​တစ်​စီးတို့​တွေ့ရှိရပြီးစက်​ပျက်​စဉ်​ဇက်​​ပေါ်ပါလူများမှာအသက်​အန္တရာယ်​တစ်​စုံတစ်​ရာမရှိ​ကြောင်းကုန်​ကျမှုများနှင့်​ပတ်​သက်၍သက်​ဆိုင်​သူတို့မှစီစဉ်​လျှက်​ရှိ​ကြောင်းသိရှိရသည်​။
ကိုကို​မောင်​ ပြန်​/ဆက်

Credit : ချောင်းသာကမ်းခြေသတင်းဌာန

🚗.မော်လမြိုင်သွားလည်ရင်ဘာတွေစားကြမလဲ.🚗🚘မနက် ၇နာရီလောက်ရန်ကုန်ကစထွက်ပြီဆိုပါစို့ လမ်းမှာမနက်စာစားစရာဆိုင်တွေထဲက စားဖြစ်တာ...
10/07/2017

🚗.မော်လမြိုင်သွားလည်ရင်ဘာတွေစားကြမလဲ.🚗
🚘မနက် ၇နာရီလောက်ရန်ကုန်ကစထွက်ပြီဆိုပါစို့ လမ်းမှာမနက်စာစားစရာဆိုင်တွေထဲက စားဖြစ်တာက ရန်ကုန်အထွက်ထောက်ကြန့်မရောက်ခင်ခိုင်ခိုင်ကျော်နားက (it လက္ဘရည်ဆိုင် ဒါမှမဟုတ်ရင် ၃၉မိုင်က သပြေရိပ်နဲ့ မြောင်းမြဒေါ်ချို တခုခုပေါ့)
🚘မနက်စာစားပြီးအေးဆေးမောင်းသွားရင် လမ်းမှာနာမည်ကြီးထမင်းဆိုင် ခိုင်ခိုင်ကျော်.ဘဲလေး.ရွှေမျက်မှန်.တလမွန် တို့ရှိတယ်လေ..ကျွန်တော်အမြဲစားနေကျကတော့ ဘီးလင်းကရွှေမျက်မှန်ထမင်းပေါင်းဆိုင်ပါ..အဲ့ဆိုင်အရှေ့မှာ ဒူးရွင်းသီးသည်တွေလဲရှိတော့ ထမင်းစားပြီး တခါတည်းအချိုတည်းလို့ရတယ်လေ..

🚘အဓိကရေးချင်တဲ့မော်လမြိုင်ရောက်ပါပြီ🚘
🕖နံနက်စာ...
၁.😊.ကျွန်တော်အမြဲစားနေကျကတော့ မော်လမြိုင်အပေါ်ဈေး ဒေါင်းမင်းရပ်က မစံပယ် မုန့်ဟင်းခါးဆိုင်ပါ...မော်လမြိုင်မုန့်ဟင်းခါး.မော်လမြိုင်အုန်းနို့ခေါက်ဆွဲ.အုန်းထမင်း သင်္ကြန်ထမင်း အစုံရတယ်လေ.(အုန်းနို့ခေါက်ဆွဲထဲ ကြက်အူ.ကြက်အသည်းအမြစ် .ကြက်သွေးအစုံထည့်ပြီးစားလိုက်ရရင်တော့ဘယ်ပြောကောင်းမလဲဆွေမျိုးမေ့ပေါ့)
၂.😊တောင်ပေါ်တန်း ဘုံကျောင်းရှေ့က ကော်ရည်ခေါက်ဆွဲကလဲနှစ် ၃၀ကျော်ထဲကခုထိနာမည်ကြီး

🕛.နေ့လည်စာ
၁.😊.ချစ်တီးထမင်းနဲ့ဟင်းစားချင်ရင်တော့ ကမ်းနားလမ်းက..မေ.ချစ်တီးဆိုင်ရှိတယ်လေ
၂.😊.အတ္ထရံဟော်တည် နားက မချိုထမင်းဆိုင်ကလဲနာမည်ကြီးပါပဲ
၃.😊.မြန်မာထမင်းကောင်းကောင်းစားချင်ရင်ဈေးကြို.က"သမီး"ဆိုင်ရှိတယ်လေ
၎.😊.ကြက်ကုလားချက်..ထူးထူးခြားခြား.ဝက်ကုလားချက်(ကုလားတွေကြက်သားဟင်းချက်သလိုဗမာတွေကဝက်သားထည့်ချက်ထားတာ).ဝက်ခေါင်းကုလားချက်..အရမ်းကောင်းတာက မော်လမြိုင်အထွက် ရွှေနတ်တောင်နားက "စကားဝါ"ထမင်းဆိုင်ပေါ့

🕞.ညနေအဆာပြေစားကြမယ်လေ
၁.😊.မရမ်းကုန်းကဝက်သားလိပ်.ဝက်ခေါင်းသုပ်ဆိုတာငယ်ငယ်ကတည်းကနာမည်ကြီးလေ
၂.😊.ဒိုက်ဝန်ကွင်းဘိန်းမုန့်ဆိုတာကရန်ကုန်ကတောင်တကူးတကမှာစားရတာလေ
၃.😊.ကျိုက်သုတ်ဘုရားနားကဝက်ကင်.ကြက်ကင်လဲနာမည်ကြီးတာပဲ
၎.😊.သံလွင်ဈေးနားကညနေမှဖွင့်တဲ့ မုန့်ဟင်းခါးဆိုင်ကတော့ကြိတ်ကြိတ်တိုးပဲ၆နာရီလောက်ဆိုဘာမှမကျန်တော့ဘူး
၅.😊.ကျားတံတားဘိန်းမုန့်လဲနာမည်ကြီးတယ်လေ
၆.😊.ကျားတံတားလက္ဘက်သုပ်ဆိုတာကလဲ နှစ်၃၀ကျော်နေပြီနာမည်ထိန်းထားတာ
၇.😊.အချိုပွဲစားချင်ရင် ဒိုက်ဝန်ကွင်းက "ရွှေခြံ"ကူဖီးလ် .မလိုင်က ရန်ကုန် ရွှေပုဇွန်ထက်သာသေးတယ်
၈.😊.သိပ္ပံလမ်းထိပ်က ဒိန်ချည်ကလဲစားကောင်းတာပဲ
၉.😊.မော်လမြိုင်အထွက်ဖားအောက် ရွာထဲက ဖားအောက်မုန့်ဟင်းခါးလဲ ရှယ်ရှယ့်ရှယ်ပဲ
၁၀.😊.ရန်ကုန် စိတ်တိုင်းကျမှာရောင်းတဲ့မော်လမြိုင်ပဲလိပ်ဆိုတာ မရမ်းကုန်းပဲလိပ်ကစတာလေ.မူရင်းဆိုင်ကခုထိရှိသေးတယ်.၃နာရီလောက်ဆိုရပြီ
၁၁.😊.အရင်နန်းတော်ရုပ်ရှင်ရုံအောက်ကမတူးအသုပ်ဆိုင်.ခုအဲ့နားမှာပဲဖွင့်ထားတယ်လေ..လက်ရာကတော့ငယ်ငယ်ကအတိုင်းရှယ်ပဲ

🕡ညစာဆိုရင်တော့
၁.😊.ကမ်းနားလမ်းက Light house မှာအကင်နဲ့ဘီယာလေးသောက်ပြီးလေညှင်ခံမယ်လေ
၂.😊.ဖက်ခင်းက Only Thai Food ဆိုင်ကအကင်စုံ.sea foodအစုံ.ဂဏန်းလတ်လတ်ဆတ်ဆတ်တွေရတယ်
၃.😊.ကမ်းနားလမ်းက ဘုန်းကြီး .ဆိုင်ကတော့မူလလက်ဟောင်းပေါ့

🕜ညသန်းကောင်ကြီးဗိုက်ထဆာပြီဆိုပါတော့
😀.ဘာမှမစဉ်းစားနဲ့ ကမ်းနားလမ်းကိုသာသွား.ညသန်းကောင်ကျော်..မနက်လင်းခါနီးထိဖွင့်တဲ့ ကီးမားပလာတာ.ဆိတ်ခါးပတ်.ကြက်ခါးပတ်ဆိုင်တွေမှအများကြီ....
🚘🚘ကဲ ကျိုက်ခမီစက်စဲသွားလည်မယ်လေ.လမ်းမှာဘာစားရမလဲ🚘🚘
၁.😀.မုဒုံကန်ကြီးက အကြော်စုံနဲ့မော်လမြိုင်စတိုင်ပဲမှူန့်များများနဲ့အချည်မစားဖူးရင်အဲ့မှာစားကြည့်ပေတော့
၂.😀.နေ့လည်စာလား..ရွှင်ပျော်ပျော် ၁.၂.၃ မှာတောကောင်သားအစုံရတယ်လေ..ကြက်သံပုံကင်လေးစားပြီးရာဘာခြံထဲအေးအေးဆေးဆေးထိုင်ချင်ရင်တော့.ရွှင်ပျော်ပျော် ၃ ကိုသာသွားပေတော့.ကျေနပ်စေရမယ်
၃.😀.ကျိုက်ခမီမရောက်ခင် သံဖြူဇရပ်က ဒေါ်ပု ထမင်းဆိုင်မှာထမင်းဝင်စားသွားနော်.အရမ်းကောင်းတယ်..
၎.😀.အပြန် ကျိုက်မရောဘုရားဝင်ဖူးမယ်ဆိုရင်.ကျိုက်မရောဘုရားမရောက်ခင် အသုပ်ဆိုင်မှာ"အရူးသုပ်"နဲ့ လက်ဖက်သုပ်ကတော့တကယ့်ရှယ်ပဲ....အိမ်ဆိုင်လေး၁၁နာရီလောက်မှဆိုင်စဖွင့်တာ..၁၀နာရီ၅၅ မိနစ်ရောက်သွားလဲမရောင်းပေးဘူး..သူ့အချိန်မှသူရောင်းပေးတာ..
🚘🚘ကဲမော်လမြိုင်ကနေဖားအံဘက်ပတ်ပြီးပြန်မယ်လေဘာစားရမလဲ🚘🚘
၁.😀.ဖားအံမှာကွေ့သယို .အကောင်းဆုံးဆိုင်ကတော့ "ရွှေကြက်ဖ"ပဲ
၂.😀.မြန်မာထမင်းဟင်းအကောင်းဆုံးက၂ဆိုင်ပဲရှိတယ်."ရွှေမန်ကျည်း" နဲ့ "စံမတူ"
🚘ကဲနေ့လည်စာစားပြီးရင်တော့ပြန်တော့လေ အဲ့တာမှရန်ကုန်ကို ညမိုးမချုပ်ခင်ရောက်မှာ🚘

🚗😀😀ရန်ကုန်ရောက်ခါနီးပြီပင်ပန်းတယ်ဆိုရင်တော့ ပဲခူးဘက်ကလာရင် ပဲခူးအကျော်နား.. ရွှေပြည် resort မှာ စနေ.တနင်္ဂနွေ ဆို..တောင်ဆိတ်သားနဲ့ပလာတာ ရတယ်လေ..အမြည်းလဲကောင်းတော့ beer လေးသောက်ပြီးနားလိုက်ဦးပေါ့😀😀🚗

(အခုရေးထားတဲ့ဆိုင်တော်တော်များများက ဆိုင်ကြီးတွေမဟုတ်ပါ..တချို့ဆိုင်မှာလမ်းဘေးဆိုင်.အိမ်ဆိုင်တွေသာဖြစ်ပါတယ်...အရသာကောင်းဖို့ အဓိကမို့ တကယ်ကောင်းတဲ့ဆိုင်တွေစုစည်းတင်ပြခြင်းဖြစ်ပါတယ်)
#မူရင်းပိုင်​ရှင်​ကို Credit ​ပေးပါတယ်​ .

📢🎉🎊🎁  #မိုးရာသီအထူးPromotion!!!!📢🎉🎊🎁ရန်ကုန်မြို့တွင်း / မြို့ပြင် / နယ်​​ဝေး မိသားစု သီးသန့် ခရီးသွား အပန်းဖြေလိုပါသလား?...
16/06/2017

📢🎉🎊🎁 #မိုးရာသီအထူးPromotion!!!!📢🎉🎊🎁

ရန်ကုန်မြို့တွင်း / မြို့ပြင် / နယ်​​ဝေး မိသားစု သီးသန့် ခရီးသွား အပန်းဖြေလိုပါသလား? သူငယ်ချင်းမိတ်ဆွေများနှင့် အပျော်ခရီးထွက်လိုပါသလား? ချိုသာသောဈေးနှုန်းများဖြင့် ၀န်ဆောင်မှုပေးနေပါပြီ။

ချောင်းသာကမ်း​ခြေသို့ ဘယ်​ကားနဲ့ပဲသွားသွား



KIA SORENTO (5 seater)
Alphard (7 seater)
Grand Cabin G (10 seater)

*** အခြား​သောခရီးစဉ်များကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ***

ဆက်သွယ်ရန် ဖုံး ->
09 96666 7600
09 4310 5186
09 777 451434

Viber -> 099 6666 7600

💥မိတ်​​ဟောင်းမိတ်​သစ်​များအား အထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​💥


ရန်ကုန်မြို့တွင်း / မြို့ပြင် / နယ်​​ဝေး မိသားစု သီးသန့် ခရီးသွား အပန်းဖြေလိုပါသလား? သူငယ်ချင်းမိတ်ဆွေများနှင့် အပျော်ခရ...
14/06/2017

ရန်ကုန်မြို့တွင်း / မြို့ပြင် / နယ်​​ဝေး မိသားစု သီးသန့် ခရီးသွား အပန်းဖြေလိုပါသလား? သူငယ်ချင်းမိတ်ဆွေများနှင့် အပျော်ခရီးထွက်လိုပါသလား? ချိုသာသောဈေးနှုန်းများဖြင့် ၀န်ဆောင်မှုပေးနေပါပြီ။

KIA SORENTO (5 seater)
Alphard (7 seater)
Grand Cabin G (10 seater)

နေ့ချင်းပြန်ခရီးစဉ်များ
******************
ရန်ကုန်မြို့တွင်း (၁၀ နာရီ) 💰 80,000

သန်လျင်ကျောက်တန်း 💰 100,000

ပဲခူး ဘုရားစုံ 💰 120,000

ကျိုက်ထီးရိုးဘုရား 💰 160,000

ဇလွန်ပြည်တော်ပြန်ဘုရား 💰 170,000..................................................

trips

ကျိုက်ထီးရိုးဘုရား 💰 230,000

မန္တ​လေးဘုရားစုံ 💰 350,000

ငွေဆောင် (သို့) ​ချောင်းသာကမ်းခြေ 💰 280,000

တောင်ငူ ~သံတောင် 💰 350,000

ဘားအံ ဘုရားစုံ နှင့်​ သဘာဝလှိုင်​ဂူများ (ကျုံထော်ရေတံခွန်မပါ) 💰 350,000

မော်လမြိုင်~ စက်စဲ ~ကျိုက္ခမီ 💰 350,000..................................................

trips

ငွေဆောင် (သို့) ချောင်းသာ 💰 350,000

မန္တလေး ပြင်ဦးလွင် 💰 450,000

ပုဂံ ~ညောင်ဦး~ ပုပ္ပါး 💰 500,000

ကလော ~တောင်ကြီး~ အင်းလေး 💰 520,000

ငပ္ပလီကမ်းခြေ ~ဆံ​တော်​~အံ​တော်​~နံ​တော်​ 💰 550,000

မြ၀တီ 💰 400,000..................................................

*** အခြား​သောခရီးစဉ်များကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ***

ဆက်သွယ်ရန် ဖုံး ->
09 96666 7600
09 777 451434
09 4310 5186

Viber -> 099 6666 7600

💥မိတ်​​ဟောင်းမိတ်​သစ်​များအား အထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​💥

Heading To Chaung Tha Beach :-)
12/06/2017

Heading To Chaung Tha Beach :-)

20/05/2017
ရန်ကုန်မြို့တွင်း / မြို့ပြင် / နယ်​​ဝေး မိသားစု သီးသန့် ခရီးသွား အပန်းဖြေလိုပါသလား? သူငယ်ချင်းမိတ်ဆွေများနှင့် အပျော်ခရ...
28/04/2017

ရန်ကုန်မြို့တွင်း / မြို့ပြင် / နယ်​​ဝေး မိသားစု သီးသန့် ခရီးသွား အပန်းဖြေလိုပါသလား? သူငယ်ချင်းမိတ်ဆွေများနှင့် အပျော်ခရီးထွက်လိုပါသလား? ချိုသာသောဈေးနှုန်းများဖြင့် ၀န်ဆောင်မှုပေးနေပါပြီ။

KIA SORENTO (5 seater)
Alphard (7 seater)
Grand Cabin G (10 seater)

နေ့ချင်းပြန်ခရီးစဉ်များ
******************
ရန်ကုန်မြို့တွင်း (၁၀ နာရီ) 💰 80,000

သန်လျင်ကျောက်တန်း 💰 100,000

ပဲခူး ဘုရားစုံ 💰 120,000

ကျိုက်ထီးရိုးဘုရား 💰 160,000

ဇလွန်ပြည်တော်ပြန်ဘုရား 💰 170,000..................................................

trips

ကျိုက်ထီးရိုးဘုရား 💰 230,000

မန္တ​လေးဘုရားစုံ 💰 350,000

ငွေဆောင် (သို့) ​ချောင်းသာကမ်းခြေ 💰 280,000

တောင်ငူ ~သံတောင် 💰 350,000

ဘားအံ ဘုရားစုံ နှင့်​ သဘာဝလှိုင်​ဂူများ (ကျုံထော်ရေတံခွန်မပါ) 💰 350,000

မော်လမြိုင်~ စက်စဲ ~ကျိုက္ခမီ 💰 350,000..................................................

trips

ငွေဆောင် (သို့) ချောင်းသာ 💰 350,000

မန္တလေး ပြင်ဦးလွင် 💰 450,000

ပုဂံ ~ညောင်ဦး~ ပုပ္ပါး 💰 500,000

ကလော ~တောင်ကြီး~ အင်းလေး 💰 520,000

ငပ္ပလီကမ်းခြေ ~ဆံ​တော်​~အံ​တော်​~နံ​တော်​ 💰 550,000

မြ၀တီ 💰 400,000..................................................

*** အခြား​သောခရီးစဉ်များကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ***

ဆက်သွယ်ရန် ဖုံး ->
09 96666 7600
09 777 451434

Viber -> 099 6666 7600

💥မိတ်​​ဟောင်းမိတ်​သစ်​များအား အထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​💥

ချစ်​ခင်​​လေးစားရပါ​သော လူကြီးမင်းများအားလုံး မင်္ဂလာရှိ​သောနှစ်​သစ်​မှာ ​ပျော်​ရွှင်​ကြပါ​စေလို့ ဆုမွန်​​ကောင်းပို့သအပ်​...
24/04/2017

ချစ်​ခင်​​လေးစားရပါ​သော လူကြီးမင်းများအားလုံး မင်္ဂလာရှိ​သောနှစ်​သစ်​မှာ ​ပျော်​ရွှင်​ကြပါ​စေလို့ ဆုမွန်​​ကောင်းပို့သအပ်​ပါတယ်​ ခင်​ဗျာ .

🌞 ယခုလိုခရီးသွားရာသီလေးမှာ မိမိတို့ချစ်ခင်မြတ်နိုးရတဲ့ မိသားစုတွေနဲ့ပဲဖြစ်ဖြစ် 👪 မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များ နဲ့ပဲဖြစ်ဖြစ် 👬👭👫 ပျော်ရွှင်ဖွယ်ခရီးလေးတွေ တူတူသွားချင်တယ် အေးဆေးပျော်ရွှင်စွာ အနားယူအပန်းဖြေချင်တယ် ဆိုရင်ဖြင့် #စံလွန်းဝတီ ကားအဌားဝန်ဆောင်မှုလေးနဲ့သာ ဆက်သွယ်လိုက်ပါနော် 🌝

(5 seater)
(2N/3D - 500,000ks)

(7 seater)
(2N/3D - 550,000ks)

#စံလွန်းဝတီ_Car_Rental မှ
🚘 ကား​ကောင်းကားသန့်​များ 🚗
💰 ချိုသာ​သော​ဈေးနှုန်း 💳
🚦ဘေးကင်းလုံခြုံစွာ​မောင်းနှင်​မှု ⚠
🚩 ဖော်ရွေသောဝန်​​ဆောင်​မှု 🎈များနှင့်အတူ မြန်​မာပြည်​အ​နှံ့ခရီးစဉ်​များကို ၀န်ဆောင်မှုပေးနေပါပြီရှင်။

🏡 ရန်​ကုန်​မြို့အတွင်း အလှူမင်္ဂလာဆောင်များအတွက်​ သော်​လည်းကောင်း၊ ဘွဲ့ယူရန်အတွက်​​သော်လည်းကောင်း၊ ​လေဆိပ်​အကြိုပို့များအတွက်​​​ သော်လည်းကောင်း အချိန်​ပိုင်း🕐 ​နေ့ပိုင်း📆 အလိုက် လူကြီးမင်းတို့ စိတ်​တိုင်းကျ​ညှိနှိုင်းဆောင်​ရွက်​​ပေးနေပါတယ်ရှင်။
====================================

Tel : 09 96666 7600 ,09 777 451434 သို့အသေးစိတ်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

အမြဲတမ်း အား​ပေး​သောမိတ်​​ဆွေများကို အထူးပင်​ ​ကျေးဇူးတင်​ရှိပါတယ်​ ။

Address

Kyauk Myung , Tamwe Township
Yangon

Telephone

09966667600

Website

Alerts

Be the first to know and let us send you an email when KING & QUEEN Car Rental Svc. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category