Myanmar El-Dorado travels and tours

Myanmar El-Dorado travels and tours Let's use once to be forever.

ယနေ့ကျရောက်သော ၁၀၄ ကြိမ်မြောက် အမျိုးသားနေ့အား ကျွန်မတို့ Myanmar El-Dorado Travel & Tour မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်ရှင်🙏
25/11/2024

ယနေ့ကျရောက်သော ၁၀၄ ကြိမ်မြောက် အမျိုးသားနေ့အား ကျွန်မတို့ Myanmar El-Dorado Travel & Tour မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်ရှင်🙏

ရွှေမိုးတွေရွာ☔️☔️ငွေမိုးတွေ ရွာလိူ့☔️☔️ရက်မြတ်မှစတိုင်းပြည်လှ၏  ချမ်းသာစေ🙏ဘေးဘရာတွေ ဝေးလို့သာဆုတွေလဲ မတောင်းပဲပြည့်ပါစေ...
25/11/2024

ရွှေမိုးတွေရွာ☔️☔️
ငွေမိုးတွေ ရွာလိူ့☔️☔️
ရက်မြတ်မှစ
တိုင်းပြည်လှ၏ ချမ်းသာစေ🙏
ဘေးဘရာတွေ ဝေးလို့သာ
ဆုတွေလဲ မတောင်းပဲပြည့်ပါစေ🙏

နယ်ခြားစခန်းကဘုရား  ခေါ်   မွေတော်ကက္ကူနေရောင်တွေကို တိမ်တိုက်တွေက ဖုံးအုပ်ထားတဲ့နေ့အေးချမ်းစွာ့တိုက်ခက်လာတဲ့  လေနုအေးမျ...
24/11/2024

နယ်ခြားစခန်းကဘုရား ခေါ် မွေတော်ကက္ကူ

နေရောင်တွေကို တိမ်တိုက်တွေက ဖုံးအုပ်ထားတဲ့နေ့အေးချမ်းစွာ့တိုက်ခက်လာတဲ့ လေနုအေးများကိုထွေးပွေ့မိတဲ့ တစ်ရက်က ကျတော် လွိုင်ကော်ဘက်ခြေဆန့်ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တစ်လုံးမြို့နယ်ရဲ့ မွေတော်ကက္ကူဘုရားကို ရောက်ခဲ့ပါတယ်
မြေနီရောင်လမ်းတွေကို ဖြတ်လို့ အေးငြိမ်းတဲ့ ရှမ်းပြည်နယ်ကြီးရဲ့ အရိပ်အောက်က တိုင်းရင်းသားတို့ရဲ့ မွေးရပ်ဟာ လွန်စွာလှပသာယာတယ်
သဘာဝတရားကြီးရဲ့ကောင်းချီးတွေကြွယ်ဝနေတဲ့ ဒီအရပ်ဟာ တောင်ယာစိုက်ခင်းအသက်မွေးခြင်းများနဲ့ ရှင်သန်နေကြတာ
လမ်းတစ်လျှောက်မှာလဲ အနက်ရောင်တိုင်းရင်းသားဝတ်စုံအပြည့်ရယ် ခေါင်းပေါင်း ပေါင်းလို့ သွားလာနေကြတဲ့ ပအိုဝ်းတိုင်းရင်းသူ တိုင်းရင်းသားတွေကိုတွေ့ရတော့ ရိုးရာအငွေ့အသက်များနဲ့ သူတို့ရဲ့ အပြင်အဆင်က ဘဝင်မှာအထူး ရင်မှာကြည်နူးစရာ…

စိမ်းစိုနေတဲ့ စပါးခင်းကြီးအလွန်က ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူစေတီတော်မြတ်ကို ဖူးမြင်ရပုံက ကြည်ညိုစရာအတိ… သိရိဓမ္မာသောကမင်းရဲ့ မူလအလှု လို့ သတ်မှတ်သူသတ်မှတ် အလောင်းစည်သူမင်း ကောင်းမှုလို့ ဆိုသူကဆို နရပတိစည်သူမင်း ကုသိုလ်လို့ ပြောသူကပြောနဲ့ မွေတော်ကက္ကူက တကယ်တော့ မြန်မာ့မြေရဲ့ရတနာ…
နီညိုရောင်အုတ်များနဲ့ တည်ကာထားတဲ့ အနုလက်ရာအံ့မခမ်းမွေတော်ကက္ကူစေတီငယ်တို့က မန်းရွှေမြို့က ကုသိုလ်တော်လို ပုံစံတူတယ်
၂၀၀၀ ခုနှစ်များက ဘက်စုံပြုပြင်မွမ်းမံမှုများအတွက် စင်္ကာပူနိုင်ငံသားတို့ရဲ့ တရုတ်စာဖြင့်ထွင်းထုထားတဲ့ ကုသိုလ်မှတ်တမ်းတင် ကျောက်စာချပ်တွေကိုလည်း တွေ့ခဲ့ရသေးတယ်
နန်းတော်အဆောင်အယောင်နဲ့ စံနေတဲ့ အစွယ်ဖွေးဖွေး ဝက်မင်းကလည်း ဒေသခံများရဲ့သား ဆုပန်ယုံကြည်မှုများနဲ့ ရှိနေပြန်သေးတာ

တစ်ရွာ တစ်ပုဒ်ဆန်းဆိုတာ ဒါပါလားလို့တောင် ကျတော်တွေးမိသေးတယ်

မူလက " တောင်သူကွမ်းညှပ် ” တဖြတ်ဖြတ်ဆိုပြီး စေတီအရေအတွက်ပေါင်း “ ၇၆၂၃ ” ဆူလို့မှတ်သားခဲ့ကြသော်လည်း ၁၉၂၈ ခုနှစ် မှတ်တမ်းအရ စေတီတော်ပေါင်း “ ၂၅၄၈ ” ဆူသာ ကျန်ရှိပါတော့တယ်

ဒေသခံတွေ အပြောအရ ပဲစေ့ တစ်ပြည်ကို ယူပြီး ဘုရားတစ်ဆူ ပဲတစ်စေ့ လှုအုန်း ပဲ့စေ့သာကုန်မယ် ဘုရာမကုန်ဘူးလို့ပြောကြတယ်

သမိုင်းအဆက်ဆက်ဖြတ် ခေတ်အဆက်ဆက်ကျော်ဖြတ်လာတဲ့ မွေတော်ကက္ကူစေတီတော်မြတ်ဟာ မည်သည့်အကြောင်းနဲ့မှ မယိုင်မလဲ ခိုင်မြဲဆဲဆိုတာကို သိရှိဖို့ ရေးဖွဲ့လိုက်ပုံက ဒီလိုပါခင်ဗျာ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တလုံးမြို ့နယ် အတွင်းရှိ ရှေးဟောင်း သမိုင်းဝင် ကက္ကူမွေတော်စေတီတော်မြတ်သည် မြတ်စွာဘုရားရှင်၏ဓာတ်တော်မွေတော် အစစ်များကိုဌာပနာ ထည့်သွင်းပြီးတည်ထားပူဇော်ထားသည့် စေတီတော်ဖြစ်ပါသည်

စေတီအစု အဝေး များ ဖြစ်ပြီး မွေတော် ကက္ကူသည် ပအိုပ်းဘာသာစကား ကက် ကူ

ကက် = စခန်း ကင်းစခန်း နှင့်
ကူ = နယ်ခြား ဖြစ်သည်
ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည် အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင်စော်ဘွားပိုင်နယ် နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည် ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်

စတင် တည်ထားသော ပုဂ္ဂိုလ် များမှာ ရှင် သောန ရှင် ဥတ္တရ မထေရ် မြတ် တို့နှင့် စေတီပေါင်း ၈ သောင်း ၄ ထောင် ကိုတည်ထားပူဇော် ခဲ့သော သာသနာပြု သီရီဓမ္မာသောကမင်းကြီးတို့မှ BC ၃၀၇ ခုနှစ်တွင် တည်ထားခဲ့ခြင်းဖြစ်ပါသည် ပုဂံ နရပတိစည်သူမင်းမှ ၁၁၇၄ ခုနှစ်တွင် ထပ်မံ ပြုပြင် မွမ်းမံပူဇော် ခဲ့ပြီး နောင်ခေတ်အဆက်ဆက် သံဃာတော်များ ရှမ်းစော်ဘွားများနှင့် အုပ်ချုပ်သူများမှ ပြုပြင် မွမ်းမံခဲ့ကြပါသည်

မူလက " တောင် သူကွမ်းညှပ် " တဖြတ်ဖြတ် ဆိုပြီး စေတီ အရေ အတွက် ပေါင်း " ၇၆၂၃ " ဆူ ဟုမှတ်သားထားခဲ့ သော်လည်း ၁၉၂၈ ခုနှစ် မှတ်တမ်းအရ စေတီတော်ပေါင်း "၂၅၄၈" ဆူ သာကျန် ရှိပါသည်
စေတီတော်၏သက်တမ်းမှာ မူလ ဒါယကာ သီရိဓမ္မာသောကမင်းကြီးတည်ထားခဲ့သည့် BC ၃၀၇ ခုနှစ်မှ ရေတွက်လျှင် နှစ်ပေါင်း ၂၃၂၂ နှစ် ကြာမြင့်ပြီဖြစ်ပြီး နရပတိစည်သူမင်းပြုပြင် မွမ်းမံခဲ့သည့် ၁၁၇၄ ခုနှစ်မှ ရေတွက်ပါက နှစ်ပေါင်း ၈၄၁ နှစ်ကြာမြင့်နေပြီဖြစ်သည့် စေတီတော်များဖြစ်ပါသည်

မွေတော်ကက္ကူဘုရား တည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း ( ၁၁၇၄ - ၁၂၁၁ ) ဖေါင်ဆိုက်ရာမှတည်ထားကိုးကွယ်သည်ဟုဆိုသည်

ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏ ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊
ယနေ့တိုင် ရေတွင်းဟောင်း ရေကန်ဟောင်း သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊၎င်းတို့မှာ ဓါတုစေတီ ပရိဘောဂစေတီ ရေတွင်းဟောင်း ရေကန်ဟောင်း ကျောင်းနေရာဟောင်း သိမ်နေရာဟောင်းတို့ဖြစ်သည်

ဆရာကြီးဒေါက်တာသန်းထွန်းမှ ကက္ကူဘုရားတော အမည်ရှိစာတမ်းတစ်ခုကို ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၀၃ တွင်ရေးသားခဲ့ပါသည်

စာတမ်းအကျဉ်းချုပ်မှာ -

၁ ။ ကက္ကူမွေတော်အကြောင်းကို ဘိုးတော်ဘုရား ( ဗဒုံမင်း ) ၁၇၈၅ - ၁၈၁၉ လက်ထက် တွင် ပေစာထက်မှတ်တမ်းတင်ထားကြောင်း

၂ ။ ၁၉၇၃ ခုနှစ်နှင့် ခေါင်းလောင်းစာမှာ ကုန်းပေါ်က စေတီကို ရွှေဂူကြီးဟု အမည်ပေးထားကြောင်း

၃ ။ ၁၇ ဖေဖော်ဝါရီ ၁၈၀၂ က စေတီတော်ကြီးကို ထီးတော်တင်လှူခဲ့ ကြောင်း

၄ ။ စေတီ များ အလယ်မှာ ၁၈၉၃ ခုနှစ် သက္ကရာဇ်ပါ ခေါင်းလောင်းတွင် ရေးထိုးထားသောခေါင်းလောင်းစာအရ ကက္ကူ မွေတော်ဟု
ခေါ်ကြောင်း

၅ ။ စေတီတော်တွေသည် ဥာဏ်တော်အမြင့် ၁၅ ပေဝန်းကျင်သာရှိကြောင်း

၆ ။ စေတီတော်တွေရဲ့ အရေအတွက်ကို ၂၀၀၁ ခုနှစ်က ရေတွက်ကြည့်တဲ့အခါ စုစုပေါင်း
( ၂၄၇၈ ) ဆူသာရှိကြောင်း

ဒေါက်တာသန်းထွန်း၏ ခန့်မှန်းချက် အရ ခရစ်နှစ် ၁၈၀၀ လောက်ကတည်ထားခဲ့ပြီးသက်သေအရ ဘုရားများတွင် တွေ့ရသော နတ်ရုပ် များ၏အနေအထားကိုကြည့်ပြီး လက်ရာများဟာ ခရစ်နှစ် ၁၈၀၀ ဝန်းကျင်ကသာဖြစ်ဖို့များကြောင်း ခန့်မှန်းထားပါသည်

( ၂၂ - ၄ - ၂၀၁၆ ) ည ၈ နာရီ ဝန်းကျင် မှာလေအပြင်းအထန် တိုက်ခိုက်မှုကြောင့် အဆောက်အဦများအပါဝင် စေတီတော်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်မှာ ပျက်စီး မြေပေါ်သို့ခသွားခဲ့ရပါသည်..

သတိပြုရန် မည်သည့်နေရာဒေသ သို့ ခရီးထွက်တိုင်း ထိုဒေသ၏ယဉ်ကျေးမူ့အမွေအနှစ်များကို ပျက်စီးထိခိုက်မူ့မရှိအောင် အတတ်နိုင်ဆုံး ဂရုပြုစေချင်ပါတယ် အမှိုက်များ အထူးသဖြင့် ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသောနေရာတွင်ပစ်ပေးစေချင်ပါတယ် မိမိရောက်ရှိရာဒေသရဲ့ ရိုးရာဓလေ့တွေကို အတတ်နိုင်ဆုံး လိုက်နာစေချင်ပါတယ်

#ကိုးကား (ဒေါက်တာသန်းထွန်း - ကက္ကူမွေတော် ၃၀၀၀ စတိုင်သစ် မဂ္ဂဇင်း
အမှတ် (၁၃၀) မေလ၊ ၂၀၀၄ )





tourism

Crd

ဟဲလိုဟဲလိုခရီးတွေ သွားဖို့ပြင်နေတာဟုတ်!ကားရော/ယာဥ်မောင်း လိုင်စင်ကော သက်တမ်းရော ရှိသေးရဲ့လား ပြန်စစ်ကြည့်ဖို့ သတိပေးပါရစ...
22/11/2024

ဟဲလိုဟဲလို
ခရီးတွေ သွားဖို့ပြင်နေတာဟုတ်!
ကားရော/ယာဥ်မောင်း လိုင်စင်ကော သက်တမ်းရော ရှိသေးရဲ့လား ပြန်စစ်ကြည့်ဖို့ သတိပေးပါရစေရှင့်💭💭💭 သက်တမ်းတိုးဖို့လိုအပ်နေပြီဆိုရင်တော့
မင်မင် တို့စီကိုသာ ဆက်သွယ်လိုက်ပါရှင့်🙏
📱📱0943133602

"လှည်း၀န်ရိုးသံ တညံညံပုဂံဘုရား ဖူးမျော်သွားကဘုရားမစုံ နေသာကုန်မည်"ပုဂံ-လွမ်းစရာဌာနေ  မြန်မာမှန်ရင် ပုဂံရောက်ဖူးရတယ်နော် ...
21/11/2024

"လှည်း၀န်ရိုးသံ တညံညံ
ပုဂံဘုရား ဖူးမျော်သွားက
ဘုရားမစုံ နေသာကုန်မည်"

ပုဂံ-လွမ်းစရာဌာနေ


မြန်မာမှန်ရင် ပုဂံရောက်ဖူးရတယ်နော် ချစ်တို့😘

ပြည်တွင်း လက်မှတ် ကားလက်မှတ်များ ဝယ်ယူလိုပါက ☎ 09-43133602 သို့ဆက်သွယ်မှာယူနိုင်ပြီး 🏡 နိဗ္ဗာန် ၈လမ်း Royal Thiri Condo သိုလဲ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်😗

#ပုဂံ

အလုပ်လား/အလည်လား✨️✨️Shopping လား/curimg  လား✨️✨️ကြိုက်ရာပြောပါနော်👌👌👌📲0943133602 သို့ဆက်သွယ်စုံစမ်းနိုင်သလို 🏢Royal Thir...
19/11/2024

အလုပ်လား/အလည်လား✨️✨️
Shopping လား/curimg လား✨️✨️
ကြိုက်ရာပြောပါနော်👌👌👌
📲0943133602 သို့ဆက်သွယ်စုံစမ်းနိုင်သလို
🏢Royal Thiri Condo, Nate Ban 8st, Taung Thu Gone Ward Insein.

Sharing is caringတန်ဆောင်မုန်းလ မွေးဖွားသူများတန်ဆောင်မုန်းလအတွင်းမွေးဖွားသူများသည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြမယ...
18/11/2024

Sharing is caring
တန်ဆောင်မုန်းလ မွေးဖွားသူများ

တန်ဆောင်မုန်းလအတွင်းမွေးဖွားသူများသည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြမယ်ဖြောင့်မတ်သော စိတ်ထားရှိတတ်ကြတယ်။ စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်တယ်ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။ ဘ၀အစတွင် ခက်ခဲကြမ်းတမ်းမယ်ခက်ခဲသည်ဆိုရာတွင်မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်းမယ်။
အနစ်နာခံကြိုးစားရမယ်။ သို့သော်အဖက်ဖက်မှအခက်အခဲများကိုဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်မည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်ဘ၀တွင်မိမိအပေါ်နားလည်ပေးသူနည်းတတ်တယ်တစ်ကိုယ်တည်းကျိတ်ပြီးခံစားရသောဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များထွက်ပေါ်လာရတယ်။ မိမိအပေါ် လွှမ်းမိုးခြင်းကိုလုံး၀လက်မခံနိုင် သို့သော်သူတို့ဘ၀တွင်အဘွားအမေ၊အစ်မ၊အဒေါ်စသောအမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသောသဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ)
သက်ရောက်မှုရှိနေတတ်တယ်။
စိတ်အား၊ လူအားကောင်းတယ် ဘ၀တွင်ကြီးမြင့်ထင်ပေါ်ချင်တတ်တယ်။ ဘ၀၏အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြတယ်။ အပင်ပန်းခံပြီးကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှကြိုးစားယူကြမယ်။ဘ၀အစတွင်ကျပ်တည်းသလောက်နောက်ဆုံးတွင်အောင်မြင်ကြမယ်။အချိန်ကိုလည်းစောင့်ဆိုင်းလုပ်ကိုင်တတ်ကြတယ်။ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်တယ်။ စိတ်မြန်ဒေါသဖြစ်လွယ်တယ်။အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့်
တဇွတ်ထိုးလုပ်မိတတ်ကြတယ်။ အငြင်းလည်းသန်မယ်ကိုယ်ယုံကြည်ရာကိုခေါင်းမာစွာကိုင်စွဲထားတတ်တယ်။ အထူးသဖြင့်အမျိုးသားများ အမျိုးသမီးနှင့်ပတ်သက်ပြီး
ပျက်စီးနစ်နာတတ်တယ်ဂရုပြုပါ။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အပြောချို၏။ တစ်ခါတစ်ရံမာနကြီးတတ်၏။ စိတ်ထဲမထင်လျှင် ဘယ်လူကြီးလူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲဥပေက္ခာပြုနေနိုင်သူများပါ။ စီးပွားဥစ္စာ ချမ်းသာတတ်တယ်။
ရုပ်သန့်ပြီးလူ့သဘာ၀ကိုသဘောပေါက်ကာပရိယာယ်သဘောများလည်း တတ်ကျွမ်းတယ်။အခြွေအရံများမယ်အ၀တ်ကောင်းအစားကောင်းများဝတ်ရမည်။ မိဘနှင့်ဝေးကွာနေရတတ်တယ် အချို့ပညာရပ်တို့တွင်တစ်ပိုင်းတစ်စဖြင့်ရပ်ထားရတယ်။တစ်ခါတစ်ရံ မိဘဆရာသမားအကြီးအကဲတို့စကားကိုနားမထောင်ဘဲနေတတ်တယ်။ အထက်လူကြီး၊မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာဘ၀တွင်ကြီးပွားအောင်မြင်တတ်ကြပါတယ်။ မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့်စောင့်ရှောက်မှုကိုလည်း သိသာစွာခံရတတ်မည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အသိရခက်အကဲခတ်ရခက်တဲ့သူတွေပါပတ်၀န်းကျင်အမြင်အရ တစ်မျိုး၊ ကိုယ့်ခံစားမှုကတစ်သွယ်ဖြစ်နေတတ်ကြတယ်ကိုယ်ကလည်း ကိုယ့်ခံစားချက်ကိုအသိရခက်အောင်မျိုသိပ်နိုင်စွမ်းရှိတဲ့သူတွေပါသပ်ရပ်သန့်ပြန့်ခန့်ည်စွာနေတတ်သဖြင့် အများနှင့်မတူ ထင်ရှား၏။ စန်းပွင့်မျက်နှာပွင့်မယ်။
ဆန့်ကျင်ဘက်လိင်တို့၏အထူးစိတ်ဝင်စားခံရတတ်တယ်နှလုံးသားရေးရာတွင်ချစ်မိပြီဆိုကဘ၀ကိုပင်ပုံအပ်ရန်၀န်မလေးသူများ ဖြစ်ကြမယ် ။ချစ်သူအပေါ် အလိုလိုက်တတ်တယ်။
စိတ်ရောကိုယ်ပါ ချစ်ခင်တတ်မယ်။ အပြန်အလှန် နားလည်မှုရှိမည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အလွန်ထူးခြားသောဘ၀ပိုင်ရှင်များဖြစ်ပြီးဘ၀အကွေ့အပြောင်းများစွာကြုံရတတ်တယ်။အေးတိအေးစက်နှင့်ပြန်မပြောနားမထောင်ကိုယ်ထင်ရာတဇွတ်ထိုးလုပ်တတ်တဲဥာဉ်ရှိမယ် စကားကတိကို တန်ဖိုးထားမယ်။ အလုပ်တစ်ခုမလုပ်မီအပြန်ပြန်အလှန်လှန် စဉ်းစားမယ်။ မလုပ်မီ နောက်တွန့်နေတတ်တယ်။
စလုပ်ပြီဆိုသည်နှင့်ကျော်လွှားနိုင်ပြီးထိပ်ဆုံးသို့ရောက်တတ်တယ်။ဘာမဆို သိုသိုသိပ်သိပ်လုပ်တတ်တယ် ။အများနှင့်မတူသော ရှုထောင့်မှတွေး၍ လုပ်တတ်မယ်ဠ
အများနှင့်တွဲ၍ လုပ်သည်ထက် ကိုယ်တစ်ဦးတည်းလုပ်ကပိုအောင်မြင်တတ်တယ် ။
စိတ်ကူးဥာဏ်အလွန်ကောင်းတယ် ။
အခြားသူတို့နှင့် ပြေလည်အောင် နေတတ်ပြီး ကူညီတတ်သောစရိုက်ကြောင့် မိတ်ကောင်း ဆွေကောင်းရရှိမယ်။သမားရိုးကျလမ်းဟောင်းအတိုင်းလုပ်ခြင်းထက် အရာရာကိုကိုယ်တိုင်လမ်းသစ်ထွင်ပြီး လုပ်က ပိုပြီးအောင်မြင်မယ်။
ရေရှည်လုပ်ငန်းထက်ပေါ်ပင်လုပ်ငန်းများကပို၍ကောင်းကျိုးပေးမယ်။၀န်ထမ်းလုပ်ပါကစာရင်းအင်းဘက်တွင်မလုပ်သင့်ပါ။ အလုပ်လုပ်ရာတွင်အကျိုးအမြတ်ဖြစ်အောင်တွက်ချက်ပြီးလုပ်တတ်သော်လည်းတကယ်လုပ်သောအခါ စိတ်ချမ်းသာမှုကို ရှေ့တန်းတင်၍
စိတ်အေးလက်အေးလုပ်တတ်တယ်။ဘာပဲလုပ်လုပ် ဆုံးဖြတ်ပြီးကမြန်မြန်လုပ်ပါ။အချိန်ဆွဲမိက အလုပ်မဖြစ်တတ်ပါ။ဆန်းသစ်မှု၊ တီထွင်မှု၊ စွန့်စားမှု၊ ဥပဒေပညာ၊
ခွဲစိတ်ကုသမှုသတင်းထောက်လှမ်းမှု၊ စူးစမ်းမှုတို့တွင် ဝါသနာပါပြီးပါရမီထူးမယ်။ လောကီပညာမှစ၍ ဗေဒင်၊ နက္ခတ်၊ မှော်ပညာ၊
နတ်ပိုင်းဆိုင်ရာဓါတ်ပိုင်းဆိုင်ရာကိစ္စတို့ပါဝါသနာပါမယ်သို့သော်လူသိမခံဘဲ လေ့လာလိုက်စားတတ်တယ်။ ဘာသာရေးတွင်လည်းထူးချွန်မယ်စာရေးဆရာပန်းချီဆရာထောက်လှမ်းရေးကျောက်မျက်ရတနာ၊တွင်းထွက်ပစ္စည်းမျိုးစုံနှင့် လျှပ်စစ်ပစ္စည်း၊ ပန်းတိမ်အလုပ်၊ ဖိနပ်လုပ်ငန်းစိုက်ပျိုးရေးအလုပ်တို့တွင် ကောင်းကျိုးပေးမည်။
ဘာပဲလုပ်လုပ် ကောင်းမွန်သောအလုပ်တို့ကိုသာလုပ်သင့်၏။ ပင်ကိုယ်ဗီဇတွင်ပင် ကြီးပွားစေတတ်သော ပါရမီပါပြီးဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမ္မာအာဇီ၀ကျကျ လုပ်သွားကစီးပွားဖြစ်ထွန်းတတ်ပါသည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်မီးဘေးလက်နက်ပေါက်ကွဲမှုဘေးလျှပ်စစ်မီးရှော့ခ်ဖြစ်ခြင်းတို့ကြုံတတ်တယ်အနည်းဆုံးအပူလောင်ခြင်းမျိုးမကြာခဏကြုံတတ်တယ်။ဘုရားဂုဏ်တော် (၉) ပါးကို အမြဲပွားတမ်းပွားများနေသင့်ပါသည်။
ကျန်းမာရေး ရောဂါဖြစ်ခဲတတ်တယ် ဖြစ်ခဲ့လျှင်လည်းအဖျားကြီးသောရောဂါကူးစက်သော ရောဂါများဖြစ်တတ်တယ်။ ထို့အပြင် ခန္ဓာကို၏လျှို့ဝှက်အင်္ဂါအစိတ်အပိုင်းတို့တွင်အနာရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အစာအိမ်နှင့်ဆီးရောဂါတို့ဖြစ်တတ်မည်။ သို့သော် အန္တရာယ်ကြီးမားစွာ မဖြစ်တတ်ပါ။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ထူးခြားသော ဘ၀ပိုင်ရှင်များ ဖြစ်တယ်အထူးသဖြင့်ကိုယ်ကမှန်သည်ဟု ဆုံးဖြတ်ထားသည့်အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်၍လုပ်တတ်ရာ ကောင်းသော လမ်းကြောင်းပေါ် ရပ်တည်မိကထိပ်ဆုံးရောက်အောင် ဖြစ်ထွန်းသွားတတ်တယ်။
မကောင်းသောလမ်းပေါ်ရောက်သွားကလည်း အဝီစိရောက်အောင်မိုက်တတ်တယ်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ကိုယ့်စိတ်ထဲတွင်မကြိုက်ပါကဘယ်လိုပုဂ္ဂိုလ်ကြီးကိုမှဂရုမစိုက်တတ်တဲ့ဥာဉ်ရှိတယ်။ပင်ကိုယ်သဘောထားအလွန်ကောင်းပြီးသူတစ်ပါးထက်ပို၍ သည်းခံခွင့်လွှတ်တတ်မယ်။
ခွင့်လွှတ်နိုင်စွမ်းဘောင်ကျော်လာကလည်း အမျက်ကြီးကာရက်စက်စွာတုံ့ပြန်တတ်တယ်။
ကိုယ်ပိုင်အကြံဖြင့်ထိပ်ဆုံးရောက်မယ်။ သူတစ်ပါးတွေကလည်းကိုယ့်ကိုကိုယ်လိုက်ပြီးတုပတတ်ကြ၏။ အပေါင်းအသင်းမက်တတ်တယ်သို့သော် အစွဲမထားတတ်။ အချစ်ရေး၊ အိမ်ထောင်ရေး အားနည်းတယ်ရှုပ်ထွေးမည်။ အိမ်ထောင်တစ်ဆက်တည်းထူထောင်ပါကထိပ်ဆုံးရောက်အောင်ကြီးပွားတတ်တယ် ။တစ်ပါးသူတို့ကလည်းကိုယ့်အပေါ် အခွင့်အရေးယူကာ ဒုက္ခပေးတာခံရတတ်တယ်။
ဆွေမျိုးရင်းထက် သူစိမ်းတို့က ပိုကောင်းတတ်မယ်။ ဘ၀တွင်အခြေခံမှစပြီးအမြင့်ဆုံးရောက်အောင်ကြိုးစားနိုင်စွမ်းရှိမည်။အခက်အခဲရှိသူများကိုပင် ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးချင်တတ်သည် ။နှလုံးသားကို ဦးစားပေးသဖြင့်
ခံစားချက် ပြင်းထန်တဲ့သူတွေပါ လူမျိုးခြားဘာသာခြားကိုရှောင်ကြဉ်သင့်ပါတယ်။ စီးပွားရေးတွင် အစပိုင်း၌ အမျိုးမျိုးပြောင်းပြီး
လုပ်ကိုင်ပြီးမှ မမျှော်လင့်ဘဲ မိတ်ဆွေကောင်းတွေ့ကာမထင်မှတ်သောအထောက်အကူများရရှိမည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အတိုက်အခံအလွန်များမည်။ ကိုယ်ကလည်းမဟုတ်မခံစိတ် သတ္တိဗျတ္တိနှင့်အတိုက်အခံလုပ်တတ်တယ်အနက်ရောင်ရှောင်ပါ၊ဆောင်ရန် အနီရောင် အနီရင့်အကောင်းဆုံးဖြစ်၏။ ပတ္တမြားလက်စွပ်၀တ်ဆင်ပါ
အကြံသစ်တွေကို လက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါ။
မုချအောင်မြင်ပါလိမ့်မည်။

ဆရာဂျာမိုးဦး

ဖောင်တော်ဦးဘုရား (အင်လေး)အင်းလေးကန်ရှိ အင်းလေးဖောင်တော်ဦးဘုရားသည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိ...
17/11/2024

ဖောင်တော်ဦးဘုရား (အင်လေး)
အင်းလေးကန်ရှိ အင်းလေးဖောင်တော်ဦးဘုရားသည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိုင်ငံရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အရာလည်းဖြစ်သည်။
ဖောင်တော်ဦးဘုရား
အင်းလေးဖောင်တော်ဦးဘုရား သမိုင်းနှင့် ပတ်သက်လျှင် အကြောင်းအရာနှစ်မျိုးကွဲပြားနေသည်ကိုလေ့လာတွေ့ရှိရသည်။
ပထမ အဆိုမှာ သက္ကရာဇ် (၇၂၁ )ခုနှစ်တွင်ညောင်ရွှေမြို့ကိုတည်ထောင်ခဲ့သော စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက်
လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့် ကာလ (ယခု)သန်းထောင် ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် တောချုံပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူ အတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်တော် ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြရသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖထံ သွားရောက် သတင်းပေးကြသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖသည် အားရဝမ်းသာဖြင့် ဆွေတော် မျိုးတော် မှူးမတ်တို့နှင့် ပရိသတ်လေးပါး မြောက်မြားစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ မြက်ချုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကို တူးဖော်ကြည့်ရာ ဘုရားရှင် ရုပ်ပွားတော် (၅)ဆူတို့ကို ဖူးမြင် တွေ့ရှိရပေသည်။ ၎င်းရုပ်ပွားတော် ငါးဆူတို့အနက် နှစ်ဆူမှာ ရဟန္တာပုံတော် ဟုသိရသည်။ ၎င်းရုပ်ပွားတော် (၅) ဆူကို ဖောင်တော်ဦးရုပ်ပွားတော်ဟု ခေါ်ဝေါ်သည်။
ယင်းသို့ ခေါ်ဝေါ်ရခြင်း အကြောင်းရင်းမှာ ကောဇာသက္ကရာဇ် (၄၀၄) ခုနှစ်တွင် မင်းအဖြစ် ရောက်ရှိတော်မူသော ပုဂံပြည့်ရှင် နရပတိ အလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ် စည်ပင်၊ ပြန့်ပွား၊ ထွန်းကားခြင်းကို လိုလားသော မင်းမြတ် ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း အလုံးနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်း လှည့်လည်တော်မူကာ ရောက်လေရာအရပ်၌ စေတီပုထိုး ဂူကျောင်း စသည်တို့ကို ပြည်သူအများ ဆည်းကပ် ပူဇော်ကြစေရန် ရည်သန်၍ တည်ထားခဲ့ပြီး သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ သီဟိုဠ်မင်းက ဆက်သလိုက်သော သစ်ကနက် ဖောင်ကြောဖြင့် လှည့်လည် ပြန်လာတော်မူရာ မလယခေါ် မလ္လာဟုကျွန်းရောက်လျှင် (၎င်းကျွန်းသည် အိန္ဒိယပြည် မဒရပ်နယ် တောင်ဘက် ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ ကရမက်စသည် အလွန်ပေါသည်ဟုဆို၏။) သိကြားမင်းက ဆက်သ အပ်နှင်းလိုက်သော မဟာဗောဓိသား နှင့်တကွ သရက္ခာန် နံ့သာနှစ်သားတို့ကို ရုပ်ပွားတော် (၅)ဆူ ထုလုပ်တော်မူစေပြီးလျှင် ဖောင်တော်၏ ရှေ့ဦးတွင် ပင့်တင် ကိုးကွယ် ယူဆောင်တော်မူစေလျက် နေပြည်တော် ပုဂံမြို့သို့ ရောက်တော်မူလေသည်။ ဤသို့လျှင် ဖောင်တော်ဦးဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။
စော်ဘွားကြီးဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိ၏ နေပြည်တော် ညောင်ရွှေမြို့တော်သို့ ပင့်ဆောင်ပြီး ဟော်နန်းဦး စံပြဿာဒ် ပေါ်တွင် ကိုးကွယ်တော်မူပြီးမှ သီတင်းကျွတ် လဆန်း (၇) ရက်သို့ ရောက်သောအခါ ဟော်နန်းဦးမှ အောက်သို့ ပင့်ယူပြီး လှပ တင့်တယ်စွာ ဆောက်လုပ်ထားသော ပြဿာဒ် မဏ္ဍပ်အတွင်း ကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင် ဆင်ယင် ကျင်းပတော်မူခြင်း ဖြစ်သည်။ ဟော်နန်းဦးမှ မြို့သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ (စစ်ဘုရားလုံးစိုင်း) လူ့ပြည်သို့ကြွဆင်းလာသော မြတ်စွာဘုရားဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သောကြောင့် မူလ ဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။
ညောင်ရွှေမြို့၌ နှစ်ပေါင်း (၂၅၆)နှစ်ကြာ ပွဲတော်များ ကျင်းပနိုင်ခဲ့၍ သက္ကရာဇ် (၉၉၇) ခုနှစ်တွင် ညောင်ရွှေမြို့ကို စိုးစံသော စော်ဘွားမ (စောက်နန်းမ၊ စဝ်နန်းဟေး ) လက်ထက် ရောက်သောအခါ ၎င်းမြို့တော်၏ ပတ်ဝန်းကျင်ရှိ အခြား စော်ဘွား မြို့စားတို့က မြို့တော်ကို ထိပါး တိုက်ခိုက်နှောင့်ယှက်ဖန် များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော် (၅)ဆူ တို့ကို စစ်ဘေးစစ်ဒဏ် အန္တရာယ် ကင်းရှင်းရာ ညောင်ရွှေနယ် ရွှေအင်းတိမ်ဘုရားကြီး၏ အရံစောင့် ကျွန်သီးတော်များ နေရာကွက်၌ ကျောင်းတော် ဆောက်လုပ်ပြီးလျှင် ကျွန်သီးတော်တို့အား( ၁၂) မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းခွင့်ပေး၍ ၎င်းတို့၏ သူကြီးအားလည်း ရုပ်ပွားတော်တို့ကို စောင့်ရှောက်ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ် အဝ၀တိုင်း အမိန့်အာဏာများ အပ်နှင်းပြီး အထူး ထိန်းသိမ်းစောင့်ရှောက်စေသည်။ ၎င်း အသည်တော်တို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၌ ဘုရားကိုယ်စား ရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ကျွန်သီးတော်ခေါ် အသည်တော်များ နေထိုင်ရာရပ်ကွက်ကို မည်သူမဆို ဝင်ရောက်တိုက်ခိုက် နှောင့်ယှက်ထိပါး ဖျက်ဆီးခြင်း အမှုမပြုလုပ်ရဟူသော ဘာသာတရားအရ ဥပဒေ ပညတ်ချက်ထားရှိသောကြောင့် ၎င်းကို လိုက်နာသောအား ဖြင့် မြို့ပြ ပြည်ရွာ ပျက်ပြားသောအခါ ဖြစ်စေကာမူ ၎င်းရပ်ကွက်၌ ဘုရားသင်္ဃန်းတော်ကိုဖြစ်စေ၊ ဘုန်းကြီးသင်္ဃန်းကို ဖြစ်စေ အောင်လံအဖြစ် စိုက်ထူထားပါက မည်သည့် ရန်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုရ ဟူသော ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာနေထိုင်ရသော သူများဖြစ်သည့်အလျောက် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းဖြစ်သည်။
၎င်းရပ်ကွက်ကား ရွှေအင်းတိန် ဘုရား၏ အရှေ့ဘက် မြောင်ဆုံရွာ အနောက်တောင် အင်းတိမ်မြို့ဟောင်း တောင်ဘက် ယခု ဆော်မရွာဟု ခေါ်သော ရပ်ကွက်ပင်ဖြစ်သည်။ ယခုဆော်မရွာ အနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု ရှေးကရှိသည်။ ၎င်းရွာသည် အယုတ်တော်များ နေရာ ရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ လူကြီးများ နှုတ်အမှတ်အသား ထားကြကြောင်း မှတ်သားရသည်။ ၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသော အချိန်မှစ၍ ၎င်းရုပ်ပွားတော်များကို ဖောင်တော်ဦးဘုရား ဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ ။ [၁]
အခြားအဆိုတစ်မျိုးမှာ အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်တော်မူရင်း ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရှိတော်မူသည်။ ထိုအချိန်တွင်
ဘီလူးမတစ်ဦးသည် သားငယ်ကိုပိုက်၍ မြစ်ကမ်းနားက ကြည့်နေရာ သားငယ်သည် မြစ်အတွင်းသို့ ကျသွားသည်။ အလောင်းစည်သူမင်းကြီး သိတော်မူလျှင် ယမထာကြိမ်လုံးဖြင့် ရေကိုပုတ်ခတ်ရာ ရေစောင့်နတ်က ဘီလူးမ၏သားကို ဆယ်ယူပေးအပ်လိုက်သည်။ ဘီလူးမသည် ဝမ်းသာလွန်း၍ ဟိမဝန္တာတောရှိ အနံ့မွှေးကြိုင်လှသော သရက္ခာန်အစစ်ကိုဖြတ်ယူ၍ အလောင်းစည်သူမင်းကြီးအား ဆက်သသည်။ သိကြားမင်းသည် အလောင်းစည်သူမင်းကြီးထံမှ သရက္ခာန်သားဖြင့် သရက္ခာန်ရုပ်တုတော်မြတ်ငါးဆူ၊ မြတ်ပေါင်းမဉ္ဇူတစ်ဆူ၊ ရှင်ဖြူ ရှင်လှနှစ်ဆူ၊ ပေါင်း ရှစ်ဆူထုလုပ်ပြီး အလောင်းစည်သူမင်းကြီးအား ဆက်သလေသည်။ သက္ကရာဇ်(၄၈၂)တွင် အလောင်းစည်သူမင်းကြီးသည် ပထမ၊ ဒုတိယ၊ တတိယ နှင့် စတုတ္ထသရက္ခာန် ရုပ်တုတော်လေးဆူကို သန်းထောင်အရပ် ဖောင်တော်ပေါက်တောင်ခြေရင်း၌ ဌာပနာတိုက်တည်ဆောက်ပြီး လိုဏ်ဂူသွင်းထားသည်။ မြတ်ပေါင်းမဉ္ဇူဘုရား ရုပ်တုတော်ကို မဟာဂါမရွာကျောင်းဆရာတော် အရိယဓဇ ဓမ္မရာသီ ထံအပ်နှံခဲ့သည်။ သက္ကရာဇ်(၇၂၁)တွင် သန်းထောင်အရပ် လိုဏ်ဂူသွင်းဌာပနာထားသည့် ရုပ်တုတော်မြတ်လေးဆူသည် ရောင်ခြည်တော်များ ကွန့်မြူးခဲ့ကြသည်ကို တွေ့ရှိ၍ တူးဖော်ကာ ညောင်ရွှေမြို့ ရွှေအင်းတိမ်ဘုရားကြီးသို့ ပင့်ဆောင်ခဲ့ကြသည်။ မဟာဂါမရွာကျောင်း၌ သီတင်းသုံးတော်မူသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော် နှင့်အတူ ကိန်းဝပ်တော်မူသည်။ သက္ကရာဇ်(၁၂၅၂)မှစ၍ ရုပ်တုတော်ငါးဆူကို နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြမှာ ယနေ့တိုင်ဖြစ်သည်။

Company လျှောက်ထားပြီး အလုပ်များနေလို့ AR မတင်ဖြစ်မှာ 😞 မေ့နေလို့ AR မတင်ဖြစ်မှာစိတ်ပူစရာမလိုတော့ဘူးနော် ကျွန်မတို့ Myan...
16/11/2024

Company လျှောက်ထားပြီး အလုပ်များနေလို့ AR မတင်ဖြစ်မှာ 😞 မေ့နေလို့ AR မတင်ဖြစ်မှာစိတ်ပူစရာမလိုတော့ဘူးနော် ကျွန်မတို့ Myanmar El-Dorado Travel & Tour မှာယုံကြည်စွာအပ်နှံလိုက်ပါ🙏

09-43133602 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်🙏

AR (Annual Return) =50000/- +Service fee30000

အင်းလေးသူ/သားလေးရဲ့ နှလုံးသားတံခါးကိုသွားခေါက်ကြမယ့် ညိုကီတို့ ညိုမတို့အတွက်😛☎ 09-43133602 သို့ဆက်သွယ်မှာယူနိုင်သလို🏡 နိ...
15/11/2024

အင်းလေးသူ/သားလေးရဲ့ နှလုံးသားတံခါးကိုသွားခေါက်ကြမယ့် ညိုကီတို့ ညိုမတို့အတွက်😛

☎ 09-43133602 သို့ဆက်သွယ်မှာယူနိုင်သလို

🏡 နိဗ္ဗာန် ၈လမ်း တောင်သူကုန်း အင်းစိန် Royal Thiri Condo သို့လဲ ကိုတိုင်လာရောက်ဝယ်ယူနိုင်ပါကြောင်း😘

မင်္ဂလာပါ ကာကာလေးတို့ရေယနေ့ကျရောက်သော 11.11 နေ့မှာ မင်မင်တို့စီက မည်သည့် ဝန်ဆောင်မှုကိုယူယူ 11%သက်သာခွင့်ရယူနိုင်မှာပါရှ...
11/11/2024

မင်္ဂလာပါ ကာကာလေးတို့ရေ
ယနေ့ကျရောက်သော 11.11 နေ့မှာ မင်မင်တို့စီက မည်သည့် ဝန်ဆောင်မှုကိုယူယူ 11%သက်သာခွင့်ရယူနိုင်မှာပါရှင့်🎁
•ခရီးထွက်မလား🚘🛫
•အနားယူအပန်းဖြေမလား🏨
•ကုမ္ပဏီနှစ်စဥ်အစီရင်ခံစာ(AR)တင်မလား📃
•ယာဥ်မောင်းလိုင်စင်/•ကားလိုင်စင် သက်တမ်းတိုးမလား🧑‍💼🚗
ကြိုက်ရာရွေးလိုက်တော့နော်❣️❣️
အသေးစိတ်ဆက်သွယ်စုံစမ်းရန် ☎️0943133602
ကိုတိုင်လာရောက်ဝယ်ယူချင်ပါက🏢 Royal Thiri Condo Insein
#11/11

Shopping ထွက်မလား? 🛍Medical check upအတွက်လား🏥မနက် 9:00 မှည 10:00 အတွင်းစုံစမ်းမေးမြန်းနိုင်ပါသည်ရှင့် 📬☎️0943133602သို့ဆ...
07/11/2024

Shopping ထွက်မလား? 🛍
Medical check upအတွက်လား🏥

မနက် 9:00 မှည 10:00 အတွင်းစုံစမ်းမေးမြန်းနိုင်ပါသည်ရှင့် 📬
☎️0943133602သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်🙏

ချယ်ရီတွေပွင့်တော့မယ့်🌸 တောင်ကြီး မီးပုံးပျံပွဲကို သွားရောက်ဆင်နွှဲမယ့် အချစ်တို့အတွက်  8.9.10.11.12/11.2024 ပြည်တွင်းပြ...
06/11/2024

ချယ်ရီတွေပွင့်တော့မယ့်🌸 တောင်ကြီး မီးပုံးပျံပွဲကို သွားရောက်ဆင်နွှဲမယ့် အချစ်တို့အတွက်

8.9.10.11.12/11.2024

ပြည်တွင်းပြည်ပလက်မှတ်များအား Myanmar El-Dorado Travel and Tour 🧳တွင်ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ပါသည်ရှင့်🙏

☎️ 09-43133602 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်

Address

Gmail: Myanmareldorado. Success@gmail. Com
Yangon

Telephone

0943133602

Website

Alerts

Be the first to know and let us send you an email when Myanmar El-Dorado travels and tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar El-Dorado travels and tours:

Share

Category


Other Travel Companies in Yangon

Show All