New Galaxy Travels & Tours

New Galaxy Travels & Tours We Care We Mean it.
(14)

မြန်မာနှစ်ဦး အထူးမေတ္တာ————————————-  တစ်- သုံး- ရှစ်-ခြောက်၊နှစ်ဦးရောက်လာ၊ ပြည်မြန်မာ၊ကြည်သာ ချမ်းမြ ရှိပါစေ။  အများပြည...
17/04/2024

မြန်မာနှစ်ဦး အထူးမေတ္တာ
————————————-
တစ်- သုံး- ရှစ်-ခြောက်၊
နှစ်ဦးရောက်လာ၊ ပြည်မြန်မာ၊
ကြည်သာ ချမ်းမြ ရှိပါစေ။

အများပြည်သူ၊ စိတ်ထားတူ၊
ကြည်ဖြူကြပါစေ။

စိတ်ဝမ်းမကွဲ၊ လက်တွဲညီညာ၊
ပြည်သာယာဖို့၊ကြည်သာဆန္ဒ၊
လုံ့လမပြတ်၊စိတ်ဓာတ်ခိုင်မာ၊
ပညာစွမ်းအား၊ရှေ့ဆောင်ထား
လျက်၊ပြတ်သားအလုပ်၊ နောက်
မဆုတ်တမ်း၊ကိုယ်စီစွမ်း၊
ကြိုးပမ်းကြပါလေ။

ပျော်ရွှင်စရာ ၊ နှစ်သစ်မင်္ဂလာ၊
ဖြစ်ပါစေ။

ပါမောက္ခချုပ်ဆရာတော်
၁၃၈၆ ခုနှစ်၊မြန်မာနှစ်ဆန်းတစ်ရက်။

၂၀၂၄ ခုနှစ် မဟာသက်ြန်အကြို​နေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းပြီး ချစ်ရသူတွေနဲ့အတူ မိသားစု​တွေအတူတူ ပျော်ပျော်ရွှင်ရွှင် ...
13/04/2024

၂၀၂၄ ခုနှစ် မဟာသက်ြန်အကြို​နေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းပြီး ချစ်ရသူတွေနဲ့အတူ မိသားစု​တွေအတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ New Galaxy Travels & Tours မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏🙏🌝🌝🌝

02/03/2024

(၂၀၂၄)ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် "တောင်သူလယ်သမားနေ့ "အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

တောင်သူလယ်သမားကျေးဇူးရှင်ကြီးများအားလုံးကျန်းမာချမ်းသာပြီး စိုက်ပျိုးသမျှသီးနှံများ ဖြစ်ထွန်းအောင်မြင်၍ ဥစ္စာဓနများကြွယ်ဝကာစီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🌾🌾🌾🌾🌾🌾

[𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲]နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအ...
29/02/2024

[𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲]

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။

အသေးစိတ်ဖတ်ရှုရန် - https://shorturl.at/beLQ7

𝐏𝐔𝐁𝐋𝐈𝐂 𝐇𝐄𝐀𝐋𝐓𝐇 𝐑𝐄𝐐𝐔𝐈𝐑𝐄𝐌𝐄𝐍𝐓𝐒 𝐅𝐎𝐑 𝐓𝐑𝐀𝐕𝐄𝐋𝐄𝐑𝐒 𝐄𝐍𝐓𝐄𝐑𝐈𝐍𝐆 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐓𝐇𝐑𝐎𝐔𝐆𝐇 𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐀𝐈𝐑𝐏𝐎𝐑𝐓𝐒 𝐀𝐍𝐃 𝐒𝐄𝐀𝐏𝐎𝐑𝐓𝐒 (𝟏-𝟑-𝟐𝟎𝟐𝟒)

The Ministry of Health has issued the Public Health Requirements for Travelers entering Myanmar through International Airports and Seaports dated 1 Mar 2024.

For more details: https://shorturl.at/beLQ7

29/10/2023

၂၀၂၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာနေ့ အချိန်အခါသာမယ​လေးမှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းပြီး ချစ်ရသူတွေနဲ့အတူ မိသားစု​တွေအတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ New Galaxy Travels & Tours မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏🙏🌝🌝🌝

🔵 ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~၁။ ဂေါတမဘုရားလောင်း      ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြား...
01/08/2023

🔵 ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ ,တောထွက် ,ဓမ္မစက် ,တစ်ချက်ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"
~~~~~~~~~~~~~~~~~~~~~
သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမည်ရလေ၏။
ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေ၏။
ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ် သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့် သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။
တရား နာယူကြရန်လည်း တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။
မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်းထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြားတော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟုဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည် လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~
သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
_________________________________________
တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
_________________________________________
ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။

🙏 မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ ကဆုန်လပြည့် (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့ မဂ်လာအခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခ...
03/05/2023

🙏 မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ ကဆုန်လပြည့် (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့ မဂ်လာအခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဒါန၊သီလ၊ဘာဝနာများ ဆထပ်တပိုးပွားများနိုင်ကြပါစေလို့ New Galaxy Travels & Tours Co., Ltd မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင့် 🙏

17/04/2023

မြန်မာနှစ်သစ်ကူး အခါသမယမှာ မိတ်ဟောင်း မိတ်သစ်အားလုံး ကြံတိုင်းအောင် ဆောင်တိုင်းမြောက် ကောင်းကျိုး လိုအင်ဆန္ဒ​တွေလည်း ပြည့်ဝပါစေလို့ ဆုမွန်​ကောင်း​တောင်းလိုက်ပါတယ် 🙏🙏🙏

ထိုင်းကိုလာရောက်သူတိုင်း ကိုဗစ်ဆေးထိုးပီးကြောင်းသက်သေခံနှင့် ကိုဗစ် အာမခံ ဝယ်လာရန်လိုအပ်​​ကြောင်း ထိုင်းနိုင်ငံတွင်းသို့...
07/01/2023

ထိုင်းကိုလာရောက်သူတိုင်း ကိုဗစ်ဆေးထိုးပီးကြောင်းသက်သေခံနှင့် ကိုဗစ် အာမခံ ဝယ်လာရန်လိုအပ်​​ကြောင်း

ထိုင်းနိုင်ငံတွင်းသို့ဝင်လာသူ မည်သည့်နိုင်ငံသားမဆို COVID-19 ဆေးထိုးပြီးကြောင်း စာရွက်နဲ့ကိုဗစ်အာမခံ ဝယ်လာရတော့မယ်လို့ ထိုင်းလေကြောင်းဦးစီးဌာနက ဇန်နဝါရီလ 6 ရက်နေ့က ကြေငြာလိုက်ပါတယ်။

အဲ့ဒီကြေငြာချက်ဟာဇန်နဝါရီလ 7 ရက်နေ့မှစတင် အသက်ဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းဝင်လာတဲ့ နိုင်ငံခြားသားတိုင်း လိုက်နာရမှာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုအနေနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီစည်းကမ်းချက်တွေက တော့

🔶အသက် ၁၈ နှစ်အထက် မည်သည့် ခရီးသွားမဆို ကိုဗစ်ကာကွယ် ဆေးထိုးပီး ကြောင်း လက်မှတ်ပြရန်

🔶ကိုဗစ်ဖြစ်ပြီးသားသူဆိုပါက ၃ လအတွင်း ပြန်ကောင်းထားတဲ့ ဆရာဝန်ထောက်ခံချက်ပါရန်၊

🔶ဆေးမထိုးရသေးတဲ့သူတွေကတော့ ဆရာဝန်ရဲ့ ဆေးစစ်ချက် ယူလာရန်

🔶မိမိနိုင်ငံကို ပြန်ဝင်ရင် ကိုဗစ်ဆေးစစ်ချက်ပြန်ပြရမည့် ခရီးသွားတွေကတော့ ကိုဗစ်အာမခံ ဝယ်လာရန် နှင့်
တကယ်လို့ ကိုဗစ်ဖြစ်ပါက ထိုင်းနိုင်ငံတွင်း ပိုမိုနေထိုင်ရမည်ဖြစ်သောကြောင့် မိမိနေမည့်ရက်ထက် ၇ ရက်ပိုပြီးခရီးစဥ်ဆွဲလာရန်

🔶ထိုင်းနိုင်ငံ ပတ်စပို့ကိုင်ထားသူတွေအတွက်တော့ အဲ့ဒီအချက်တွေလိုက်နာဖို့ မလိုပါဘူး

🔶ထိုင်းလေဆိပ်ကို ခဏဖြတ်ပြီး အခြားလေယာဥ်ပြောင်းသူ Transit သမားတွေအတွက်လည်း အဲ့ဒီအချက်တွေ မလိုပါဘူး

🔶အထက်ပါအချက်အလက်များမပြည့်စုံလျှင် လေကြောင်းလိုင်းများမှ ခရီးသည်ကို ထိုင်းနိုင်ငံသို့တင်ဆောင်လာခြင်းအား ငြင်းပယ်ခွင့်ရှိပါသည်။

🔶စားသောက်ချိန်မှလွဲပြီး ခရီးသည်များက မတ်စ်တပ်ထားရန် လေကြောင်းလိုင်းဝန်ထမ်းများက ခရီးသည်များအား ပြောကြားရန်

🔶ကိုဗစ် -၁၉ ကူးစက်ခံထားရသည်ဟု သံသယရှိပါက လေယာဉ်ဆင်းချိန်တွင် ဆေးစစ်ခြင်းကို ချက်ခြင်းပြုလုပ်ရန်
တို့ဖြစ်ပါတယ်

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

31/12/2022



နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်...
01/12/2022

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၁၂-၂၀၂၂)

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁-၁၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။

အသေးစိတ်ဖတ်ရှုရန်: https://bit.ly/3ufftRn

𝐏𝐔𝐁𝐋𝐈𝐂 𝐇𝐄𝐀𝐋𝐓𝐇 𝐑𝐄𝐐𝐔𝐈𝐑𝐄𝐌𝐄𝐍𝐓𝐒 𝐅𝐎𝐑 𝐓𝐑𝐀𝐕𝐄𝐋𝐋𝐄𝐑𝐒 𝐄𝐍𝐓𝐄𝐑𝐈𝐍𝐆 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐓𝐇𝐑𝐎𝐔𝐆𝐇 𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐂𝐎𝐌𝐌𝐄𝐑𝐂𝐈𝐀𝐋 𝐅𝐋𝐈𝐆𝐇𝐓𝐒 (𝟏-𝟏𝟐-𝟐𝟎𝟐𝟐)

The Ministry of Health has issued the Public Health Requirements for Travelers Entering Myanmar Through International Commercial Flights dated 1 Dec 2022.

Read More: https://bit.ly/3gQpJMN

🇲🇲 အမျိုးသားနေ့ တို့မမေ့  🇲🇲⭐️🇲🇲 မြန်မာသက္ကရာဇ် 《၁၃၈၄ 》ခုနှစ်တန်ဆောင်မုန်းလဆုတ် ၁၀ ရက် ၊ ကြာသပတေးနေ့တွင်ကျရောက်သော (၁၀၂)...
16/11/2022

🇲🇲 အမျိုးသားနေ့ တို့မမေ့ 🇲🇲

⭐️🇲🇲 မြန်မာသက္ကရာဇ် 《၁၃၈၄ 》ခုနှစ်တန်ဆောင်မုန်းလဆုတ် ၁၀ ရက် ၊ ကြာသပတေးနေ့တွင်ကျရောက်သော (၁၀၂) ကြိမ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုပါ၏ 🇲🇲⭐️

🇲🇲 MyanmarNationalDay 🇲🇲
🌟

11/11/2022

ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်သူများသို့ အသိပေးခြင်း
(၁၀-၁၁-၂၀၂၂)

မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းများမှတစ်ဆင့် အလည်အပတ်ခရီး လာရောက်ပါက အောက်ပါအတိုင်း စီစဉ် လာရန် လိုအပ်ပါသည်-
- မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ် လေယာဉ်လက်မှတ်
- လူပုဂ္ဂိုလ် တစ်ဦးအတွက် ဘတ် ၁၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ၊ မိသားစုတစ်စုအတွက် ဘတ် ၂၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ
- ထိုင်းနိုင်ငံ၌ တည်းခိုမည့် ဟိုတယ်စီစဉ်ထားမှု အထောက်အထား
- ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏ နေအိမ်၌ တည်းခိုမည်ဆိုပါက ဤမိတ်ဆွေမှ ဖိတ်ကြားထားသောစာ (ဤစာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ဖော်ပြထားရမည်၊ လေဆိပ် လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါက မှန်ကန်စွာ ဖြေဆိုနိုင်ရမည်)

07/11/2022

ဆေးပေါင်းခတဲ့ တန်ဆောင်းမုန်းလပြည့်​နေ့မှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း New Galaxy Travels & Tours မိသားစုမှ ဆုမွန်ကောင်း​တောင်းလိုက်ရပါတယ်... 🙏🙏🙏


၀ါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် မိဘပြုသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံခြင်း၊ လိုအင်ဆန္...
08/10/2022

၀ါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် မိဘပြုသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံခြင်း၊ လိုအင်ဆန္ဒများနှင့်စီးပွားဥစ္စာများဒီ​ရေအလားတိုးတက်​အောင်မြင်ပီး ​ပျော်ရွှင်ချမ်း​မြေ့ပါ​စေ​ကြောင်း New Galaxy Travels & Tours (ကြယ်စုသစ်ခရီးသွားကုမ္ပဏိိီ) မိသားစုမှ ဆုမွန်း​ကောင်း​တောင်း​ပေးလိုက်ရပါတယ်။

#​ပျော်ရွှင်စရာသီတင်းကျွတ်​လေးဖြစ်ပါ​စေရှင့်


Address

No. 76, Pathein Myay 3 Street, Dawpon Township
Yangon
11241

Telephone

+959898985553

Website

Alerts

Be the first to know and let us send you an email when New Galaxy Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Galaxy Travels & Tours:

Videos

Share

Category