24/05/2024
လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ✈️✈️
-------------------------------------------------------------------
◾Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်ရှင့် ) ရက်နီးလေ ဈေးကြီးလေပါ
◾လေယာဉ်လက်မှတ် ကြိုဝယ်တဲ့ အခါ Kg 30/40 ပါတာမျိုးကို တခါတည်း ရွေးဝယ်ပါ လေဆိပ်ရောက်မှ Kg ဝယ်ရရင် အရမ်းဈေးကြီးပါတယ်
◾ လေယာဉ်မထွက်မှီ International ဆို 3 နာရီ ကြိုရောက်အောင် သွားပါ / Local ဆို 2 နာရီ ကြိုသွားပါ
( ထိုင်ခုံနေရာ ကောင်းကောင်း ရွေးဖို့ အတွက်ပါ )
◾ လေယာဉ်ကွင်း ရောက်တာနဲ့ Check In ဝင်ရပါမယ် Check in ဝင်တဲ့ အခါမှာ Luggage 24” & 29” & 32” တို့ကို တခါတည်း အပ်ပြီး Boarding Pass (လေယာဉ်လက်မှတ် ) ထုတ်ရမှာပါ
◾ Check in ဝင်ရင်း ကိုယ်လိုချင်တဲ့ Seat Number ကို တခါတည်းပြောလို့ရပါတယ်
◾ ပြတင်းပေါက် နားကို Window seat လို့ ခေါ်ပါတယ် တခါတည်း ပြောပြီး ရွေးပါ
◾(Check in ဘယ်နေရာမှာ ဝင်ရမှန်း မသိတဲ့သူတွေအတွက် --> online က ဖြတ်ထားတဲ့ E-ticket ကို Print ထုတ်သွားပါ / ကိုယ်သွားမယ့် လေယာဉ် နံပါတ် နဲ့ အချိန်ကို မှတ်ထားပြီး လေယာဉ်ကွင်းရှိ LED Board / TV screen မှာ လေယာဉ်လက်မှတ်ထုတ်ရမယ့်နေရာကို Check-In လို့ခေါ်ပြီး line no A,B,C, D စသည်ဖြင့် ရေးထားပါတယ် မျှားညွှန်တဲ့ အတိုင်း သွားရင် ရပါပြီရှင့် )
◾ Check-in ဝင်ဖို့ မလိုတဲ့ ပစ္စည်းများ
✅ Laptop / Power Bank / Ph / Tablet / အခြား တကိုယ်ရေသယ်ချင်တဲ့ ပစ္စည်းများ
◾ Check-in မှာ ထားခဲ့စရာမလိုတဲ့ Luggage Size (လေယာဉ်ပေါ် သယ်သွားလို့ ရတဲ့ size)
📌ပြည်ပ ဆိုရင် 20”/ 22” (7kg)
📌ပြည်တွင်း ဆိုရင် 20” (5kg)
◾Check In ပြီးတာနဲ့ Immigration ဖြတ်ရပါမယ်ရှင့် ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ။
◾ Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ လေယာဉ်ရပ်ထားတဲ့ နေရာကို ဆင်းရပါမယ် အာ့ကို Gate လို့ ခေါ်ပါတယ်။
◾Gate 8/9/10 စသည်ဖြင့် ရှိပါတယ် အာ့ကို ကြည့်ပြီး ထိုင်စောင့်ရုံပါပဲ။
◾Gate open လုပ်တဲ့ အခါမှာ သက်ကြီးရွယ်အိုနဲ့ Business class ကို အရင်ခေါ်ပါတယ် အာ့နောက်မှာမှ Economy က ဝင်လို့ရတာပါ
ဒီအထိက Check in ဝင်ပြီး လေယာဉ်ပေါ် ရောက်တဲ့ အထိပါရှင့်။
◾လေယာဉ်ဆိုက်ရောက်တဲ့ အခါ ဘယ်လိုဆက်သွားရမလဲ ။ ပထမဆုံး လေယာဉ်ပေါ်က ဆင်းဆင်းချင်း Baggage Claim No ကို သေချာမှတ်ပါ ( မမှတ်မိပါက ဓာတ်ပုံ ရိုက်ထားပါ)
◾ Immigration ဖြတ်ပါ ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ။
◾ Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ။
◾Immigration ပြီးတာနဲ့ Baggage Claim ဖို့ သွားပါ ( များသောအားဖြင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ Baggage claim တဲ့ နေရာထိကို တနာရီ ဝန်းကျင်ကြာပါတယ်) အာ့မှာ ကိုယ်အပ်ထားတဲ့ Luggage ကို ထုတ်ပါ။
◾Luggage ထုတ်ပြီး သက်ဆိုင်ရာ Taxi / Bus / BTS စသည့်ဖြင့် အလွှာလိုက် ခွဲထားတဲ့နေရာကို သွားပါ ။
==========================================
ဧည့်သည်တော်တို့၏ မိသားစုများ၊ Company များ၊ အသင်းအဖွဲ့များ၊ ကျောင်းများကိုလည်း အထူးသက်သာသော ဈေးနှုန်းများဖြင့် ခရီးစဥ်များအား စိတ်တိုင်းကျ စီစဥ်ဆောင်ရွက်ပေးပါတယ်။
ရုံးဖွင့်ချိန်များမှာ
Monday to Friday 9 AM to 5 PM
Saturday 9 AM to 1 PM အထိ
ဖွင့်လှစ်ထားပါတယ်။
ဆိုင်သို့လာရောက်ဝယ်ယူချင်သူများအတွက်လည်း
___________________________________
အမှတ် (93), သိမ်ဖြူလမ်း (အောက်), ဗိုလ်တထောင်မြို့နယ်, ရန်ကုန်မြို့။
ပြည်တွင်း နှင့်ပြည်ပလေယာဉ်များ
စုံစမ်းမေးမြန်းရန်
09-796803122(Hotline)
Hotline viber များမှလည်း(၂၄)နာရီ ဆက်သွယ်စုံစမ်းနိင်ပါတယ်။
KBZ၊ CB၊ AYA Mobile Banking များလည်း % မယူပဲငွေပေးချေနိင်ပါတယ်။___________________________________