06/11/2024
🇦🇪 ကမ္ဘာ့စံချိန် အချိုးဆုံးဒူဘိုင်းနိုင်ငံ (Record - Breaker) 🇦🇪
💁အခုတခေါက်ရဲ့ knowledge post လေးမှာတော့ ဒူဘိုင်းနိုင်ငံတခုထဲမှာပဲရှိတယ့် နာမည်ကျော်နေရာလေးတွေရဲ့အကြောင်းကို မင်မင်တို့ စုစည်းတင်ပြပေးလိုက်ပါတယ်ခင်ဗျာ 💁
🇦🇪 အာရပ်စော်ဘွားများ ပြည်ထောင်စု ကို Emirates သို့မဟုတ် UAE ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြပြီး အာရှတိုက် အနောက်တောင်ဘက် ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ Record-Breaker ကမ္ဘာစံချိန်အချိုး ဆုံးနိုင်ငံဟုလည်း လူသိများကြပါတယ်...
နှစ်တိုင်း တစ်နေရာ မဟုတ် တစ်နေရာတွင် စံချိန်ချိုးကာ တစ်နိုင်ငံလုံးအနေဖြင့် World Guiness Records ပေါင်း ၃၃၉ ကျော် ချိုးထားသည်ဟု သိရပါသည်။
မြို့တော်သည် ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝတ်ကျေပွန်မှုကိုလည်း အဓိကထားကာ ၂၁ ရာစု အစောပိုင်းတွင် လျင်မြန်စွာ ကြီးထွားလာပါသည်။
ကမ္ဘာ့အကြီးဆုံး လေဆိပ်များ, ကမ္ဘာ့အမြင့်ဆုံးတိုက်များမှစပြီး ရေမွှေးပုလင်းပေါ်တွင် အရည်အသွေးမြင့်လှသော စိန်များတန်းစီးပြီး ပုံဖော်ထားခြင်းများ, ကမ္ဘာ့အမြင့်ဆုံးချောကလက်ရုပ်ထုအထိ တခုမဟုတ် တခုဖြင့် စံချိန်ချိုး လေ့ရှိပါသည်။
👉နာမည်ကြီး ထိပ်တန်းခရီးသွားနေရာ ၁၅ ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 👈
1) 🇦🇪 Burj Khalifa 🇦🇪
ဒူဘိုင်းရှိ Burj Khalifa အဆောက်အအုံမှာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်ကာ အမြင့်ပေ ၂၇၁၇ ပေထိမြင့်ပါသည်။ ဗိသုကာ လက်ရာ မြောက်သော အံ့သြဖွယ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးလူလုပ်တည်ဆောက်မှုဖြစ်သည်။ အဆောက်အဦး၏ 124 လွှာသည် 360 ဒီဂရီ ကန္တာရ မြင်ကွင်းကို တစ်ဖက်နှင့်တစ်ဖက် ဖုံးအုပ်ထားပြီး တစ်ဖက်တွင် သမုဒ္ဒရာကို လွှမ်းခြုံထားသည်။ မြင်ကွင်းက ရိုးရိုးရှင်းရှင်း ရင်သပ် ရှုမော ဖွယ်ဖြစ်ပြီး တခါရောက်ရုံနဲ့ မျက်စိအာရုံထဲ စွဲထင်ကျန်ခဲ့မယ့် မြင်ကွင်းမျိုးကို တွေ့မြင်ရပါမည်။
2) 🇦🇪 Dubai Mall🇦🇪
ဒူဘိုင်းမောလ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်တိုက်များအနက်တခုဖြစ်ကာ စတုရန်းမီတာပေါင်း ၁၂သန်းကျော်အထိ ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၁၂၀၀ကျော်ရှိပါသည်။ နိုင်ငံတကာ အမှတ်တံဆိပ် အရောင်းပြခန်းများ၊ စားသောက် ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကမ္ဘာ့အကြီးဆုံးဒူဘိုင်း ငါးပြတိုက်များ ပါဝင်ပါသည်။ Shopping Mall မြေညီထပ်တွင် ငါးပြတိုက်ကိုထားရှိထားပြီး ရေလီတာပေါင်း ၁၀ သန်းကျော်ထိဆန့်ကာ ရေသတ္တဝါမျိုးစိတ်ပေါင်း ၂၀၀ ကျော်နှင့် အကောင်ပေါင်း ၃၃၀၀၀ ကျော်ရှိပါ သည်။ စားသောက်ရန် ပြီးပြည့်စုံသော နေရာများ၊ ချစ်ရသူများ နှင့် အဆုံးမရှိ ပျော်ရွှင်စွာ စားသောက်ပြီး တဝကြီး chill နိုင်ပါတယ်။ ညနေ ၆ နာရီတိုင်းတွင် ကမ္ဘာအကြီးဆုံး ဖောင်တိန်ကို ပြသထားသည့် ဒူဘိုင်းရေပန်းကို ကြည့်ရူ့နိုင်ပါသည်။ ကလေးငယ်များ အပန်းဖြေ ဆော့ကစား နိုင်ရန် ဂိမ်း centre များ, ပန်းခြံများနှင့် Dubai Mall ရှိ ကမ္ဘာ့အကြီးဆုံး သကြားလုံးဆိုင်များတွင်လည်း စားသုံးနိုင်ပါ တယ်။
3) 🇦🇪 Burj Al Arab 🇦🇪
The Burj AL Arab သည် ကမ္ဘာ့ပထမဆုံး ကြယ်ခုနှစ်ပွင့်ဟိုတယ်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဟိုတယ်တခုလည်း ဖြစ်ပါသည်။ ဟိုတယ် အတွင်းဘက်ကို ၂၄ ကာရက်ရွှေစစ်စစ် အရွက်များဖြင့် တန်ဆာဆင်ထားပြီး ကိုယ်နှစ်သက်ရာ ခေါင်းအုံးအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ အာရေဗျပင်လယ်ကွေ့၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။ ညဘက်တွင်မြို့၏ ထင်ရှားသော အထင်ကရ နေရာများကို အပေါ်စီးကနေ ရူ့မြင်နိုင်ပါသည်။
4) 🇦🇪 Dubai Museum 🇦🇪
ကိုယ်သွားရောက်လည်ပတ်နေတဲ့ နိုင်ငံတခုရဲ့ ယဉ်ကျေးမှု သမိုင်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို စိတ်ဝင်စားတဲ့သူတယောက်ဆိုရင် Bedouin ရွာကနေ ကမ္ဘာရဲ့ အလွန်ခေတ်မှီဆုံးမြို့ကြီးတွေထဲက တစ်ခုအထိ ဘလိုဖြစ်တည်လာသလဲဆိုတာကို သိရှိဖို့ ဒူဘိုင်းပြတိုက်ကို သွားပါ။ ပြတိုက်သည် ဒူဘိုင်းရှိ ရှေးအကျဆုံး ရှိပြီးသား အဆောက်အအုံ Al Fahidi Fort တွင်တည်ရှိသည်။
5) 🇦🇪 Dubai Creek 🇦🇪
ဒူဘိုင်းချောင်းသည် မြို့တော်ကို အဓိကအပိုင်းနှစ်ပိုင်းဖြစ်သည့် Deira နှင့် Bur Dubai သို့ ပိုင်းခြားထားသည့် ရေငန်ချောင်းဖြစ်သည်။ ဒူဘိုင်း၏ ရိုးရာနှင့် ခေတ်မှီသော ယဉ်ကျေးမှုများကို မြင်တွေ့နိုင်ပါသည်။ ချောင်းတစ်လျှောက် Dhow Wharfage ဧရိယာတွင်လည်း လမ်းလျှောက် နိုင်သည်။ ဒူဘိုင်းနေ့တနေ့ရဲ့ အလှဆုံးနေဝင်ချိန်ကို Dubai Creek တွင်ကြည့်ရူ့ခံစားနိုင်ပါသည်။
6) 🇦🇪 Gevora Hotel 🇦🇪
ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ကြီးများအနက် ခြောက်လုံးမှာ ဒူဘိုင်းတွင်ရှိပြီး Gevora ဟိုတယ်သည် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ဖြစ်ပါတယ်။
7) 🇦🇪 The Palm Jumeirah ကျွန်း 🇦🇪
ကမ္ဘာ့အကြီးဆုံး လူလုပ်ကျွန်း The Palm Jumeirah ကျွန်းတွင် ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ ကစားကွင်း IMG Worlds of Adventure, 491 ပေအမြင့်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဓာတ်ပုံဘောင်၊ ပေပေါင်း ၁၆၄၀၀ ကျော်အရှည်ရှိ ကမ္ဘာ့အရှည်ဆုံး လက်ဖြင့်ပြုလုပ်သည့်ရွှေချိန်းကြိုး တို့သည်လည်း ရှိပါတယ်။
8) 🇦🇪 Dubai International Airport 🇦🇪
UAE နိုင်ငံတွင် လေဆိပ်ပေါင်း ၁၀ ခုရှိသည့်အနက် အကြီးဆုံးဖြစ်သည့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ခရီးသည်အများဆုံးဝင်ရောက်သည့်လေဆိပ်အဖြစ် ၆ နှစ်ဆက်တိုက် သတ်မှတ်ခံထားရပါသည်။ အင်တာနက် 5G နဲ့ အမြန်ဆုံးလေဆိပ်ဖြစ်ပြီး Terminal 3 သည် ကမ္ဘာ့အကြီးဆုံးလေဆိပ် Terminal ဖြစ်ပါသည်။
9) 🇦🇪 Abu Dhabi 🇦🇪
နိုင်ငံတွင်း ဒုစရိုက်မှု မရှိသလောက်နည်းကာ USE နိုင်ငံရဲ့ အဘူဒါဘီမြို့သည် ကမ္ဘာ့အလုံခြုံဆုံးမြို့အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရပါသည်။
အဘူဒါဘီရှိ The Sheikh Zayed Grand ဗလီမှာ စတုရန်းပေပေါင်း ၆၀၀၀ ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံးလက်ယက်ကောဇောရှိပါသည်။ မြို့ထဲတွင်လည်း ကမ္ဘာ့အစောင်းဆုံး အဆောက်အအုံဖြစ်သည့် The Capital Gate အဆောက်အအုံလည်း ရှိပါသည်။ အထပ်ပေါင်း ၃၈ ထပ်ရှိကာ ၁၈ ဒီဂရီထိ တစ်ဖက်ကို စောင်းနေပါသည်။CT
10) 🇦🇪 The Ferrari World 🇦🇪
ဒူဘိုင်းရှိ The Ferrari World က ကမ္ဘာ့ပထမဆုံး Ferrari အမှတ်တံဆိပ်ကစားကွင်းဖြစ်ပြီး ထိုကစားကွင်းတွင် ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ လည်း ရှိပါသည်။
11) 🇦🇪 Dubai Miracle Garden 🇦🇪
Dubai Miracle Garden ကိုလည်း သွားလည်မည့်နေရာတွင် စာရင်းတခုအနေနဲ့ ထည့်သွင်းစဉ်စားသင့်သော နေရာတခုဖြစ်ပါသည်။ ဥယျာဉ်ထဲတွင် စိမ်းလန်းစိူပြေလှသော သစ်ပင်များနှင့် လှပသော ပန်းမျိုးပေါင်း ၇၀ ခန့်သည် လှပသော မြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။ ဥယျာဉ်ကို ချစ်သူများနေ့ 2013 တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဧဒင်ဥယျာဉ်၏ ချစ်ခြင်းသကေ်တ ပြရုပ်တခုလည်း ဖြစ်ပါသည်။
12) 🇦🇪 Global Village 🇦🇪
Global Village သည် ပျော်ရွှင်စရာ၊ ဖျော်ဖြေမှုနှင့် အံ့သြဖွယ်စျေးဝယ်အတွေ့အကြုံများ ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သည်။ ကမ္ဘာ တစ်ဝှမ်းရှိ အနုပညာရှင်များ၏ အကောင်းဆုံးဖျော်ဖြေမှုများကို ပေးဆောင်သည့် ကျယ်ပြန့်သော ပွဲများနှင့် ရှိုးများကို ခံစားနိုင်ပါသည်။
13) 🇦🇪 Jumeirah ဗလီ 🇦🇪
Jumeirah Mosque သို့ သွားရောက်လည်ပတ်ခြင်းသည် ၎င်း၏ မယုံနိုင်စရာ ဗိသုကာလက်ရာ မြင်ကွင်းနှင့်အတူ အမြင့်မြတ်ဆုံး တန်ခိုးနှင့် နက်ရှိုင်းသော ဝိညာဉ်ရေးဆိုင်ရာ ဆက်သွယ်မှုကို ပေးပါသည်။ လပြည့်ညတွင် တောက်ပသော အလင်းရောင်အောက်တွင် ပုလဲဖြူဖြူကဲ့သို့ ထွန်းလင်းတောက်ပနေသည်။
14) 🇦🇪 Saeed Al Maktoum အိမ် 🇦🇪
Saeed Al Maktoum House သည် နိုင်ငံ၏ သမိုင်းကြောင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းသည် ဒူဘိုင်းခရီးသွားများ ကျော်ကြားသော နေရာများထဲမှ တစ်ခုဖြစ်သည်။ ဤသမိုင်းဝင်နေရာသည် တစ်ချိန်က ဒူဘိုင်းဘုရင်ဟောင်း၏ လူနေရပ်ကွက်ဖြစ်ခဲ့သည့် အချိန်ကို ပြန်လည်ရောက်ရှိစေမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဒူဘိုင်းမြို့ဟောင်း၏ ရှေးဟောင်းပစ္စည်းများနှင့် ရုပ်ပုံများကို ပြသသည့် ပြတိုက် အဖြစ် ပြောင်းလဲခဲ့သည်။
15) 🇦🇪 Dubai Gold Souk 🇦🇪
ရွှေတွေ စိန်တွေ ထောက်ပတဲ့ လက်ဝတ်လက်စားများ စျေးဝယ်ခြင်းကို ကြိုက်နှစ်သက်သူတစ်ဉီးဖြစ်ပါက Dubai Gold Souk သည် ဝယ်လို့အကောင်းဆုံးနေရာတခုဖြစ်ပါသည်။ Dubai Gold Souk သည်လည်း ဒူဘိုင်းတွင် လူအလာများဆုံးနေရာ တခုလည်းဖြစ်ပါသည်
ဒီလိုမျိုး ကမ္ဘာ့စံချိန်ချိုးလွန်းလှတယ့် UAE နိုင်ငံကို သွားရောက်ပြီး အံဖွယ်နေရာများ အရသာရှိလှတယ့် အစားအသောက်များကို စားရင်း အေးဆေးသွား Chill လို့ရအောင် စီစဉ်ပေးနေပါပြီနော်…..
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🔰🔰 YOUR RELIABLE HOLIDAYMAKER 🔰🔰
ဧည့်သည်တော်တို့၏ မိသားစုများ၊ Company များ၊ အသင်းအဖွဲ့များ၊ ကျောင်းများကိုလည်း အထူးသက်သာသော ဈေးနှုန်းများဖြင့် ခရီးစဥ်များအား စိတ်တိုင်းကျ စီစဥ်ဆောင်ရွက်ပေးပါတယ်။🤗🤗
VIBER CHANNEL :
https://invite.viber.com/?g2=AQAqOmsDtknuO1L0f6r4tO%2F0xUM7c4iS8E11vTFhjIlkFyZFqxFEE0DNicn5D%2FE8
TIK TOK CHANNEL : https://www.tiktok.com/.tours?_t=8nmvbvgjVyi&_r=1
ဧည့်သည်တော်များ ပြည်ပခရီးစဥ်များနှင့် ဗီဇာများစုံစမ်းမေးမြန်းရန်
☎01- 384810
📱09-260026825 (Hotline)
📱09-252874919 (Hotline)
ပြည်တွင်း နှင့်ပြည်ပလေယာဉ်များ စုံစမ်းမေးမြန်းရန်
☎01- 381864
☎ 01- 381857
☎ 01- 384810
📱09-252874919 (Hotline)
📱09-260038431 (Hotline)
💁Hotline viber များမှလည်း(၂၄)နာရီ ဆက်သွယ်စုံစမ်းနိင်ပါတယ်။
💁 KBZ၊ CB၊ AYA Mobile Banking များလည်း % မယူပဲငွေပေးချေနိင်ပါတယ်။
___________________________________
ရုံးဖွင့်ချိန်များမှာ
✅️Monday to Friday – 9 AM to 5 PM
✅️Saturday – 9 AM to 1 PM အထိ ဖွင့်လှစ်ထားပါတယ်။
ဆိုင်သို့လာရောက်ဝယ်ယူချင်သူများအတွက်လည်း သိမ်ဖြူစာတိုက်မှတ်တိုင်၊ သိမ်ဖြူ KBZ ဘဏ်အကျော်၊ မြေညီထပ်၊ သိမ်ဖြူလမ်းမကြီးပေါ်မှာရှိပါတယ်၊ အောက်တွင် လိပ်စာလေးဖော်ပြပေးထားပါတယ်။
_____________________________________
📍Astoria Tours & Air Tickets
အမှတ် (၄၈၈), မြေညီထပ်, သိမ်ဖြူလမ်း (သိမ်ဖြူစာတိုက်အနီး), မဂ်လာတောင်ညွှန့်မြို့နယ်, ရန်ကုန်မြို့။
09-252874919 (Hotline),09-260038431 (Hotline)