07/01/2023
https://www.facebook.com/309358925869109/posts/2507850366019943/?mibextid=Nif5oz
ဇန်နဝါရီ ၉ ရက်မှစ၍ ထိုင်းနိုင်ငံသို့လာရောက်မည့်သူများ သိသာရန်
🇹🇭 ဇန်နဝါရီ ၉ ရက်ကနေ ဇန်နဝါရီ ၃၁ ရက် ၂၀၂၃ အတွင်းမှာ ထိုင်းနိုင်ငံကိုလာရောက်မယ့် အသက် ၁၈ နှစ်နဲ့အထက် ခရီးသည်များအားလုံးဟာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားတဲ့လက်မှတ် (ဒါမှမဟုတ်) ၆ လအတွင်း ကိုဗစ်ကုသပျောက်ကင်းထားသည့် အထောက်အထား (ဒါမှမဟုတ်) ဆရာဝန်မှ လက်မှတ်ရေးထိုးပေးထားသော ကိုဗစ် ကာကွယ်ဆေးကင်းလွတ်ခွင့် အထောက်အထားကို တစ်ခုခုကို ပြသရန် လိုအပ်ပါတယ်။
🇹🇭 ခရီးသည်များအနေနဲ့ Thailand Pass (ဒါမှမဟုတ်) Certificate of Entry လျှောက်ထားရန် မလိုပါ။ မည်သည့် Mobile App ကိုမှ Download လုပ်ထားရန် မလိုပါ။
🇹🇭 ခရီးသွား အာမခံ ဝယ်ယူရန်ကိုတော့ ထိုင်းနိုင်ငံအနေနဲ့ ဆက်လက်တိုက်တွန်းထားပါတယ်။ ထိုင်းနိုင်ငံကို ခရီးမသွားခင် ခရီးစဉ်တစ်ခုလုံးကို အကာအကွယ်ပေးမယ့် ခရီးသွားအာမခံကို AXA Thailand ကဲ့သို့သော အာမခံကုမ္ပဏီတို့မှ ဝယ်ယူထားသင့်ပါတယ်။
#ဘန်ကောက်သွားမယ်
Direct Go Myanmar ခရီးသွားဝန်ဆောင်မှု
D-Go Ticketing