29/03/2024
❝ဝိမုတ္တိဉာဏဓမ္မ အရှင် ကုသလ၏ ဘဝဇာတ်ကြောင်း နှင့် သာသနာ့ဘောင်သို့ ရောက်ရှိလာပုံ❞ ━ အပိုင်း ၄
-------
အဲ့ဒီတော့ အဲ့ဒီ့နေရာမှာ တရားမသိတဲ့ စိတ်မဝင်စားသေးတဲ့သူတွေကို ပေါ့နော် အတင်းကြီးလုပ်လို့မရဘူးဆိုတာ ပြောချင်တာ ။ အဲတော့ ဦးဇင်းအမေ တို့က တရားသိစေချင်တော့ တရားကို ပြောပြော ပြောနဲ့ ၊ အတင်းအကျပ်ပြောလာတဲ့အခါကြတော့ ဘာဖြစ်လာလဲဆိုတော့ စိတ်တွေက အလုပ်ကလဲတစ်ဖက်ဆိုတော့ မွန်းကြပ်လာတယ်။ တရားအကြောင်းကြားရင်လဲနားညီးလာတယ် မကြားချင်တော့ဘူး။ မကြားချင်တော့ဘူး။ နောက်ဆုံးကြတော့ အရွှဲ့တိုက်တဲ့ ဘက်တွေ စိတ်တွေက ပြောင်းလဲလာတယ်။ ဒီတရားမကြားရဘဲ အပ္ပယ် ကျရင်လဲ ကျတော့ နားမထောင်တော့ဘူး အပ္ပယ်ငရဲကျလဲ တရားမလုပ်ဘူး ။ အဲ့လိုတွေထိ စိတ်တွေကအရမ်းရူပ်ထွေးလာတဲ့အခါ ဖြစ်တဲ့သဘောတွေပေါ့နော်။ အဲ့ဒါကြောင့်မို့ တရားအားမထုတ်ချင်တဲ့သူကို အားထုတ်အောင်ပြောတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးတွေ ပဋိယယ်တွေ အများကြီးသုံးရတယ်လို့ပြောတာ။ အဲ့ဒါကိုယ်သိတဲ့အတိုင်း ဒီလိုကြီးသွားပြီး ဒဲ့ပြောလို့မရဘူး။ သူတို့လက်ခံနိုင်တဲ့ စွမ်းရည်ဆိုတာ ရှိသေးတယ် ၊ ဘာလို့လဲ ပျော်တဲ့အချိန် တွေနော်၊ ပျော်တဲ့အချိန်ဆိုတော့ အလှကြိုက်တဲ့အချိန် ၊ ပျော်တဲ့အချိန် ခံစာလွယ်တဲ့အချိန်တွေမှာ တရားဘက်ကိုရောက်ဖို့ဆိုတာ တော်တော်နဲ့ မလွယ်ဘူး စူးစမ်းနေသေးတာကို ဘဝရဲ့ အတွေ့အကြုံတွေ။ အဲ့ဒါကြောင့်မလို့ အဲ့ဒီ့နေရာမှာတော်တော်လေးစကားပြောပါတယ်။
❝လူကသာ ဘာမှ မဟုတ်တာ ဒီတရားလဲမကြိုက် ဟိုတရားလဲ မကိုက်❞
အဲ့ဒါနဲ့ ဦးဇင်းကလဲ အဲ့ဒီ့ကျောင်းရောက်တာနဲ့ မထူးပါဘူးဆိုပြီးတော့ ကဲ ..ကျင့်မယ်ကွာဆိုပြီး တစ်ညအိပ်ပြီးကျင့်တယ် ၊ တစ်ညအိပ်ပြီးကျင့်တယ်။ ကျင့်တဲ့အခါကြတော့ ကျင့်လိုက်တာနဲ့ကို ဦးဇင်း ကလဲ သူတို့ရဲ့လမ်းစဉ်ပေါ့ ဒီနမိတ်တွေဘာတွေ တန်းမြင်တယ် တန်းမြင်တယ်။ ဒါပေမဲ့ ဦးဇင်းက ဘာလို့လဲဆိုတော့ အဲ့ဒီ့တရားကိုမကြိုက်ဘူး ၊ မကြိုက်ဘူး။ ငါ့အတွက် ဒီဟာက ငါလိုချင်တဲ့ တရားမဟုတ်သေးဘူး။ အမယ် သူ ကသိတယ်..အဲ့ဒါကြောင့်ပြောတာ ကိုယ်ကသာ ဘာမှ မဟုတ်တာလို့ ၊ ကိုယ်ကသာဘာမှ မဟုတ်တာ။ ဒီတရားက မဟုတ်သေးဘူး ဟိုတရားက မကြိုက်သေးဘူး လုပ်သေးတာ၊ အဲ့လို ..အဲ့လို။ ကိုယ့်ကြည့်တော့လဲ အခုမှ တရားအားထုတ်တာကို မကြိုက်ဘူးရှိရသေးတယ်။ လုပ်ကြည့်ပေါ့ လုပ်စရာရှိရင် မဟုတ်ဘူး စိတ်တွေရဲ့ သဘောပေါ့နော်။ အဲ့ဒါ နဲ့ ဦးဇင်းလုပ်ကြည့်တဲ့အခါ ကြတော့ တရားလမ်းစတော့ရသွားပြီ ၊ ထွက်ပေါက်တော့ရသွားပြီ၊ ရသွားတော့ ဦးဇင်း အဲ့မှာတရားကျင့်မိတာပေါ့နော်။
ကျင့်တော့ ပထမ တစ်ရက်ကျင့်တယ် ကျိုက်ကလဲ့ ဘုရား မှာ မင်္ဂလာဒုံ ကျိုက်ကလဲ့ ဘုရားမှာ၊ အဲ့ဒါ ဦးဇင်းစပြီးတော့ တရားကျင့်တာ ၊ ဟို (၁၇) နှစ်တုန်းကပုတီးစိပ် သမထတွေ လုပ်တုန်းကလဲ အဲ့ဒီ့ ကျိုက်ကလဲ့ ဘုရားမှာပဲ အခုတစ်ခါတရားပြန်လုပ်မယ်စိတ်ကူးတော့ဘယ်ဘုရားသွားရမလဲ စိတ်စားလိုက်တော့ လဲ ကိုယ်လုပ်ခဲ့ဖူးတဲ့ ကိုယ်အဆင်ပြေခဲ့ပါတယ်ဆိုတဲ့ ဘုရားက စိတ်ထဲတန်းပေါ် တာ တန်းပေါ် တဲ့အခါကြတော့ အဲ့ဒီ့ဘုရားကို တစ်ခါတန်းသွားတာ ၊ ဦးဇင်းတို့က (၁၇) နှစ် ကတည်းက ကျိုက်ကလဲ့ ဘုရားမှာ ကျင့်တာ ၊ကျင့်တာ ။
❝ဘိုးတော်ကြီး နဲ့ ဘိုးတော်လေး❞
အဲ့ဒီ့ကတည်း ဦးဇင်း က နှစ်လုံး သုံးလုံးပေးနေတာ ၊ နှစ်လုံးထီ သုံးလုံးထီ အဲ့ဒီ့က ဘိုးတော်တွေ နဲ့ပေါင်း ၊ ကိုယ်က ဘိုးတော်လေး သူတို့က ဘိုးတော်ကြီး ၊ အဲ့လိုသွားတာ။ ကိုယ်လဲထိုးတာမဟုတ်ဘူး နော်။ အဲ့လို ပေးရတာကို ဝါသနာပါတာ သမထတွေဆိုတော့လေ။ သူများကိုလုပ်ကျွေးရတာကို သာသနာပြုတယ်ပေါ့ ၊ ဒီလိုပေါ့။
❝အစဉ်အလာနှင့် ဘာသာရေး❞
အဲ့တော့ အဲ့ဒီ့လို ပုတီးစိပ်တရားထိုင်တာကိုပဲ ပုတီးစိပ်ပြီးတော့ အဲ့လို နှစ်လုံးပေး သုံးလုံးပေး သူများကိုကယ်ပေါ့လေ ၊ အဲ့ဒီ့အလုပ်ကိုပဲ ဦးဇင်းတို့က သာသနာပြုတယ် မြတ်စွာဘုရားရဲ့ အဆုံးအမ ဒါပဲလို့ထင်တာ ။ ဒါပဲလို့ထင်တာ။ တရားကိုမသိတာ အမှန်တရားကိုမသိရင် ဘယ်လိုမှ မသိတာနော် ၊ ဘယ်လိုမှ မသိတာ။ အိမ်မှာလဲ ဦးဇင်း အဖွား ဆို ဘုန်းကျောင်းသွားတာ ဦးဇင်း ငယ်ငယ်ကတည်းကလိုက်ပို့ရတာ မသိဘူးပဲ၊ သာမန်(၈) ပါးသီလ ယူ ၊ ထမင်းချိုင့်လေးနဲ့ သွား ဒီလောက်ပဲသိတာ။ ဘာတွေဟောနေမှန်းလဲမသိပါဘူး။ အဲ့တော့ဦးဇင်း သိတဲ့အခါမှာတော့ ဒီပုတီးစိပ်တာဟာ ဘုရားရဲ့ တရားပဲ ဆိုပြီးတော့ အဲ့ဒါကိုပဲ သဘောကျတာ ၊ အဲ့တော့ ဝိပဿနာ ကျောင်းတွေ သွားကြည့်လို့ရှိရင် ဦးဇင်းကလဲ မြင်နေရတာ ဟိုလမ်းထိပ်မှာကျောင်းဆိုတော့ မြင်နေရတော့ အဲ့မှာ ဦးဇင်း အမေတို့က တရားစခန်းဝင်တော့ လှမ်း လှမ်း ကြည့်လို့ရှိရင် သူတို့က အဖြူလေးတွေ ဝတ် ၊ ယောဂီလေးတွေ ဝတ် တစ်လှမ်းချင်းလှမ်း ဖြေးဖြေးချင်း ဖြေးဖြေးချင်းလှမ်းတော့ ဒီတရား ဘာတရားလဲ လှူပ်တုပ်လှူပ်တုပ်နဲ့ပေါ့နော် ၊ ပျင်းစရာကြီး ဒီတရား နဲ့ ငါ ပုတီးစိပ်တာ နဲ့ ဆိုရင် ငါ ပုတီးစိပ်တာက နတ်တွေလဲ တွေ့ရတယ် ၊ ငါသိချင်တဲ့ အိမ်ကို ဧည့်သည် လာမယ်ဆိုရင် တန်းသိတယ်။ ဘာဖြစ်မယ်ဆို တန်းသိတယ်။ အဲ့ဒီ ဘုရား တရား (၂) ခုမှာ ငါ ဒီတစ်ခုပဲလုပ်မယ်။ ဟိုဘက်တရားတော့ ပျင်းစရာကြီးပေါ့နော် ပျင်းခြောက်ခြောက်ကြီး မလုပ်ဘူးဆိုပြီးတော့ အဲ့ဒီတရားကို လုံးဝမလုပ်တာ ဒီဝိပဿနာတရားကို လုံးဝမလုပ်တာ ။ ပုတီးစိပ်တာကိုပဲ ကိုယ်က တရားထင်တာကို ၊ ထင်တာကို။ ဒါန လုပ်တာကို တရားလို့ထင်တယ် ၊ သီလဆောက်တည်တာကိုပဲ တရားလို့ထင်တယ် ။
ပုတီစိပ်ပြီးတော့ဦးဇင်းတို့တွေနမိတ်လေးတွေရအကြားအမြင်လေးတွေကောင်းလာတဲ့အရာ ကိုပဲ ဦးဇင်း တို့က တရားလို့ထင်တာ။ အဲ့ဒါကြောင့်မို့ ဦးဇင်းတို့ ဗုဒ္ဓဘာသာတွေဟာ မိရိုးဖလာ တွေများနေတာ ၊ မြတ်စွာဘုရားရဲ့ အဆုံးအမ ကို လုံးဝနားမလည်တဲ့သူတွေက ဒုနဲဒေး နဲ့ တပုံကြီး အဲ့တော့ ကပ်လျှက်နဲ့ကို ချော်တာပဲ ချော်စရာရှိရင် ၊ အဲ့ဒါကြောင့်မို့ တရားနာကြားဖို့ နားကြားနိုင်တဲ့ စွမ်းရည် ရှိဖို့ တောင် လုံးဝမလွယ်ပါဘူး ၊ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ဘယ်လောက်ပဲ အတူတူနေနေ လုံးဝမနာနိုင်တာ တရားကို မနာနိုင်တာ ။ အဲ့ဒါကြောင့်မို့ တရားရတာ ခဏထား လို့ တရားနာနိုင်ဖို့စွမ်းရည် ရှိဖို့တောင် ဘယ်လောက်ထိ ပါရမီတွေကောင်းရလဲဆိုတာ ၊ ဒီတရားကိုအားထုတ်ဖို့ခဏထားနာကြားနိုင်တယ်သူများပြောတာကိုလက်ခံနိုင်ဖို့စွမ်းရည်ရှိတာနဲ့တင် တော်တော်ဟုတ်နေပါပီ တော်တော်ကိုဟုတ်နေပီ ။
❝အတိတ်ဘဝရဲ့ ပါရမီ နှင့် အကျင့်နယ် စတင်ချိန်❞
(၄)ရက်ကြာ ကျင့်သော်လည်း တရားကမရသေး
အဲ့ဒီ့တော့ ဦးဇင်းတို့က မသိဘူးပေါ့လေ ဒီသမထ လုပ်တာကိုပဲကျွမ်းကျင်တာပေါ့နော် ၊ ကိုယ့်ရဲ့ ဘယ်နှစ်ဘဝ လောက် ဒါ တွေလဲ ကျင့်ခဲ့လဲမသိဘူး ၊ ကိုယ်တွေကလဲပုတီးတွေ့ လို့ရှိရင်ကို အငမ်းမရ ၊ အဲ့လို ပုတီးတွေ့ရင်ကိုစိတ်ကမရ အဲ ဒီလိုပုံစံမျိုးတွေပေါ့နော် ၊ ဘုရားတရား ကိန်းတဲ့ သဒ္ဓါတော့ရှိပြီးသားပါ၊ သိပ်မဝေးဘူး ။ ပြောပြလို့ရှိရင် တစ်ခုခု စိတ်အရမ်းညစ်ပြီးဆိုလို့ရှိရင် ထွက်ပေါက်ကို တရားပေါ့နော် ဒါပေမဲ့ ကိုယ်သိတဲ့ ထွက်ပေါက်ကကျတော့ ပုတီးစိပ်တာလောက်ပဲ သိတာ ၊ ဂုဏ်တော်ရွှတ်မယ် ၊ ပုတီးစိပ်မယ် ၊ မေတ္တာပွားမယ် ဒီလောက်ပဲသိတာ ၊ ဒါကိုပဲ တရားလို့ ထင်တာပဲ ၊ တရားလို့ထင်တာ ။
အဲ့ဒီ့ကနေ ပြီးတော့ ဦးဇင်း က အဲ့ဒီဓာတ်တော်တွေ သွားပြီးတော့မှ ဦးဇင်း တရားစပြီးတော့ လုပ်တာ ။ လုပ်တဲ့အခါမှာ (၃၃) နှစ် ပေါ့ (၃၃) နှစ် ၊ (၈) လပိုင်း မွေးနေ့ရက်ဝန်းကျင်ပေါ့ ၊ အဲ့ဒီနေ့ ဝန်းကျင်ပဲ (၅) ရက်နေ့ လို့ထင်တယ်။ စလုပ်တော့ ပထမတစ်ရက် ဦးဇင်းကြိုက်တဲ့နေရာမှာ စထိုင်တယ် ၊ ထိုင်တဲ့အခါကြတော့ အပေါင်းအသင်းကလဲ မရှိဘူးပေါ့လေ ၊ တရားအပေါင်းအသင်းကလဲ မရှိဘူး။ စထိုင် ထိုင်တဲ့ အခါကြတော့ ဦးဇင်း ကလဲ ဝင်လေ ထွက်လေ လေးပေါ့၊ကြာဖူးနားဝလေးမှတ် ၊ ဘာမှ လဲမရ ၊ အဲ ပြန်တစ်ရက် ၊ နောက်တစ်ရက်လာ ထိုင်တစ်ရက် ဘာမှ လဲ မရ ။ အဲ့တော့ လေးရက်မြောက်တဲ့ည ကြတော့ စဉ်းစားတယ်လေ ငါတရားကျင့်တာ လေးရက်တောင်ရှိပြီ ဘာတရားမှ လဲ မရ သေးဘူး။ တစ်ခုခုတော့မှားနေပြီးထင်တယ်။
အပိုင်း ၅ သို့ ဆက်ရန်
-------
အပိုင်း ၁ 👉🏻 https://www.facebook.com/minds.rip/posts/pfbid02PmMK5fiJrLKr7pPVMRz7ttW9iot5z2iE5JH2QpbPNTgHCSYKnQcoJHFZPFmaD9pgl
အပိုင်း ၂ 👉🏻 https://www.facebook.com/minds.rip/posts/pfbid034y77wgaFBoT29xSxA51KdXdiyKRTwxkZTehoXJ9WZ5eCbzAzehxHQ88TGuYvrnKxl
အပိုင်း ၃ 👉🏻 https://www.facebook.com/minds.rip/posts/pfbid02vX5gAnMhGcG7nnGskYpJhW3ndgRsmuFqqyZR3vXjmpBabe4nHvdrp3AbV2fYww7Pl
အပိုင်း ၄ 👉🏻 [ဤ အပိုင်း သည် အပိုင်း ၄ ပါ]
အပိုင်း ၅ 👉🏻 https://www.facebook.com/minds.rip/posts/pfbid032vqGfu7dHDSd1855T4JvApTupZsP2crJboARrBqWbx23Gsajv8k9xAiUaYBVbMtcl
အပိုင်း ၆ 👉🏻 https://www.facebook.com/minds.rip/posts/pfbid02hMNm5zmvrp8tvDe3ovk1qQDgp6VVGAgqmgvLRChqVVg1446NU6oqeJsucfvhurVMl
အပိုင်း ၇ 👉🏻 https://www.facebook.com/minds.rip/posts/pfbid0LzGcxbrbpB7bDPN1mSXm76CbBph47eZxVpqUrjV8q7Lvm7ZZs1Gsd78DYjYet8K8l
အပိုင်း ၈ 👉🏻 https://www.facebook.com/minds.rip/posts/pfbid02p9xFTwYxadVB9GKdvaaUFtViPdJbdFYKGfFghZihiAaERZcf2C3Scat9LPancXK6l
အပိုင်း ၉ 👉🏻 https://www.facebook.com/minds.rip/posts/pfbid0ZF1eryWUgXzKXSoM6yKTSSsKywSXjwM1fS3hAmZLCUoceCunWMeARQGU3CCW8bJul
အပိုင်း ၁၀ 👉🏻 https://www.facebook.com/minds.rip/posts/pfbid02PM7UBy7kWNbbJWBmSwnhVwnBU1fdpRxq14We9ojXH4cUHWnyeSTPb561m1prWTZFl
အပိုင်း ၁၁ 👉🏻 https://www.facebook.com/minds.rip/posts/pfbid09tonxN5JaUKr13cY9w38HtJk5KnyrzPoSG3uqXECbLY3cfWWvZJ3sMxNPgrtxAi5l
အပိုင်း ၁၂ 👉🏻 https://www.facebook.com/minds.rip/posts/pfbid0HJzCh9Fm794z3GPHuPtqH1jnrLUWnKnybf4C5Pr9GADhaTBqq3Di9GGTiCW75wPvl
အပိုင်း ၁၃ 👉🏻 https://www.facebook.com/minds.rip/posts/pfbid0fvbnBBd2pquQta8JXmqsf1YsZ7hmo9mUiBq8XAowq3khY7mCc5cpsg6BwJshzL2kl
အပိုင်း ၁၄ 👉🏻https://www.facebook.com/minds.rip/posts/pfbid02jr5sxb7cs9UXQ2Bf4PzVS9D3HFZLtDFyxrgp9FM9pCRxmHnL1SxVg1UESUrqqv7yl
အပိုင်း ၁၅ 👉🏻 https://www.facebook.com/minds.rip/posts/pfbid02p5hVKd9rcDVqh8RP3YwZx4dJQmNgxmz8sFuRChzgrvZa2k1pinZeYUpjRwgxwFA2l
အပိုင်း ၁၆ 👉🏻 https://www.facebook.com/minds.rip/posts/pfbid0Q9XnGSY341DaPBuD7MVH4UsNTHrL3m5EAUWihaVpgYp2bVkYDKPPvUMD5wsAxm2El
နောက်ဆုံး အပိုင်း 👉🏻 https://www.facebook.com/minds.rip/posts/pfbid0Y9M53AtsqbRKWnnzym5T4wnbvjiY5WceTMtACGXLwgHjpJdvvjYRQSnzcLrWw9yQl
🙏 Credit:
ဝိမုတ္တိဥာဏဓမ္မ တရားရိပ်သာကျောင်း
--------------
ယောကီသစ်များအတွက် 👶🧒 ━ ဝိမုတ္တိဉာဏဓမ္မ အရှင် ကုသလ၏ တရားတော်များ
▶︎ •၊၊||၊|။|||||။၊|•
အချိန်ပေးပြီး (တိတ်ဆိတ်တဲ့ နေရာမှာ နားကြပ်နဲ့ )
လေးလေးနက်နက် ခန္ဓာဉာဏ်စိုက်ပြီး နာယူပါက
တရားကို သိရင်း မိမိပါရမီအလျောက် လွတ်မြောက်နိုင်ပါလိမ့်မယ်။
1️⃣ ပထမနေ့
🌷ရုပ်ဇာတိ
🔗 https://t.me/sayadawukuthala/1763
🌷အာရုံဓမ္မ
🔗 https://t.me/sayadawukuthala/1764
🌷အာရုံဓမ္မ ဒုတိယပိုင်း (ကုသိုလ်စိတ်၊ အကုသိုလ်စိတ်) ရဲရဲတွေး
🔗 https://t.me/sayadawukuthala/1765
2️⃣ ဒုတိယနေ့
🌷အကြောင်းအကျိုးသဘာဝ၊ သံဝေဂ
🔗 https://t.me/sayadawukuthala/1766
🌷ကာလသုံးပါး၊ ပညတ်ပရမတ် ဆက်စပ်သိနားလည်ရန်
🔗 https://t.me/sayadawukuthala/1768
🌷ခန္ဓာငါးပါး
🔗 https://t.me/sayadawukuthala/1770
3️⃣ တတိယနေ့
🌷ဓမ္မစဉ် အနှစ်ချုပ်
🔗 https://t.me/sayadawukuthala/1773
17.3.2024-19.3.2024
🌷ကာလသုံးပါးအထူးတရား (သီးသန့်)
1.ဟောစဥ်
2.ရှင်းတမ်း
3.တရားထိုင်ရှုကွက်(၁)
4.တရားထိုင်ရှုကွက်(၂)
28-3-2024
ဒုတိယနေ့(ပထမ)အချိန်
ကာလသုံးပါးအထူးတရား
(ဟောစဥ်တရား)
New Yangon Hotel
https://t.me/sayadawukuthala/1778
29-3-2024 နေ့ည
ကာလသုံးပါးအထူး
တရားရှင်းတမ်း
(ဓမ္မစကြာတောင်စံကျောင်း)
https://t.me/sayadawukuthala/1781
29-3-2024
ကာလသုံးပါးအထူးတရား
(တရားထိုင်ရှု့ကွက်)-၁
မှော်ဘီတရားရိပ်သာဓမ္မာရုံ
(ပါချုပ်ဆရာတော်ဘုရားကြီး
မူရင်းအသံပြင်ဆင်ထားပါတယ်)
https://t.me/sayadawukuthala/1780
30-3-2024
ကာလသုံးပါးအထူးတရား
(တရားထိုင်ရှု့ကွက်)-၂
မှော်ဘီတရားရိပ်သာဓမ္မာရုံ
https://t.me/sayadawukuthala/1782
🙏 Credit: မမိုးမိုးငြိမ်း ၊ မဖူးဖူး
-------
#ဝိမုတ္တိယုဂခေတ်
🧘♀️ လွယ်ကူအဆင်ပြေ Telegram ဖြင့် တရားရှုလိုပါလျှင်
🔗 https://bit.ly/breaking_rebirth
🙏 ☘️🌱🍃🪴🌳