Easygoing Myanmar Travel Information

Easygoing Myanmar Travel Information Your satisfaction and happiness is our pride.We are ready to give you healthcare and tours services.

သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး အခမဲ့ ထိုးပေးမည့် အစီအစဥ်ပါ.. ⚘️⚘️
07/08/2024

သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး အခမဲ့ ထိုးပေးမည့် အစီအစဥ်ပါ.. ⚘️⚘️

🌟 အခမဲ့ HPV ကာကွယ်ဆေး ထိုးပေးသွားမည့်အစီအစဉ် 🌟

လူတိုင်း၏ ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို မြှင့်တင်ရန် National Cancer Society Malaysia မှဦးစီးလုပ်ဆောင်သော HPV ကာကွယ်ဆေးထိုးခြင်းအစီအစဉ်အား Myanmar Ethnics Organization ရုံးတွင် ထိုးပေးသွားမည်ဖြစ်ကြောင်းကို အများသိရှိနိုင်ရန်အတွက် မေတ္တာအပြည့်အဝဖြင့် ကြေငြာပေးအပ်ပါသည်။ ဤအစီအစဉ်သည် HPV ကြောင့်ဖြစ်နိုင်သော ကင်ဆာများကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်သော လူမှုအသိုင်းအဝိုင်းတစ်ရပ်ကို ဖော်ဆောင်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

🟢ဘယ်သူတွေထိုးလို့ရလဲ?
အသက် (၉) နှစ်မှ (၄၅) နှစ်အရွယ် ကျား၊မ မရွေး အခမဲ့ HPV ကာကွယ်ဆေး ထိုးလို့ရနိုင်မည်ဖြစ်ပါသည်။ ဒုက္ခသည်များ၊ ဝန်ထမ်းများနှင့် ကျောင်းသားများအတွက် အထူးစီစဉ်ပေးထားခြင်းဖြစ်ပါသည်။

🟢နေ့ရက် - ဩဂုတ် ၂၆

🟢အချိန် - မနက် ၁၀ နာရီမှ ညနေ ၁၂ နာရီအတွင်း

🟢နေရာ - MEO ရုံး
1, jalan Pandan 3/9, Pandan Jaya, Pandan Indah, Ampang, 5510 Hulu Langat, Selangor Malaysia

☀️☀️ အောက်ပါ link တွင် နာမည်စာရင်းသွင်းပေးပါရန် ☀️☀️

👉 https://forms.gle/Yn3Z7xnm7NqK6kbD6

🟢 သတင်းအချက်အလက် ပိုမိုရယူရန် - Sayar Daniel: 016‑442 5139‬

☀️HPV ဆိုတာ ဘာလဲ? ဘာကြောင့် ကာကွယ်ဆေးထိုးသင့်လဲ?📍📍
HPV (Human Papilloma Virus) သည် လူတို့အကြား လိင်ဆက်ဆံရာမှ အလွန်လွယ်ကူစွာ ကူးစက်နိုင်သော ဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး -
1. Nasopharyngeal cancer
2. Oropharyngeal Cancer
3. Cervical Cancer
4. Vulvar Cancer and Vaginal Cancer
5. Annal cancer and pe**le cancer စသည့် အမျိုးမျိုးသော ကင်ဆာရောဂါများ ဖြစ်စေနိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ၉၀% ထက်မနည်းသော HPV ကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

** HPV နှင့် ဆက်စပ်ကင်ဆာများကို တိုက်ဖျက်ရန် ကျွန်ုပ်တို့နှင့်အတူပါဝင်ကြပါစို့**
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
🌟 HPV kidalna zatui a mawkna in kisun thei ding 🌟
National Cancer Society Malaysia makaih na tawh HPV kidalna zatui a mawkna in Myanmar Ethnics Organization (MEO) zum pan in kisun thei ding ahih man in, deihsak na takpi tawh MEO pan in hong zasak nuam ung. HPV kidalna zatui sutna hang in, a piang thei cancer tampi tak te dal theih nading lung guilh na tawh a ki bawl program a hi hi.

🟢 Kua te kisun thei ding?
K*m 9 pan k*m 45 a pha Pasal leh Numei in sun thei ding uh hi. Refugee te, nasem te leh sang naupang te a ding in a kibawl program khat a hihi.

🟢 Ani : August 26
🟢 Ahun: 10 AM pan 12 PM
🟢Amun: MEO Zum
1, jalan Pandan 3/9, Pandan Jaya, Pandan Indah, Ampang, 5510 Hulu Langat, Selangor Malaysia

☀️☀️ Min piak kul ahih man in, a nuai a Link pan in zatui a ki sun nuam te min sazin na piak sak tek ding uh hong ngen nuam ung. ☀️☀️

👉 https://forms.gle/Yn3Z7xnm7NqK6kbD6

🟢Theih beh nop a om leh - Sayar Daniel: 016‑442 5139‬

🟢HPV e cih in bang hiam? Bang hang kidalna zatui sut ding kisam hiam?
HPV (Human Papilloma Virus) natna in, nu leh pa tawh kisai a kilawh manglang mahmah natna virus khat hi a, cancer nam tuam tuam a hi :-
1. nasopharyngeal cancer, nasopharyngeal cancer,
2. Oropharyngeal Cancer
3. Cervical Cancer
4. Vulvar Cancer and Vaginal Cancer
5. Annal cancer and pe**le cancer cih te piang sak thei natna khat a hihi. Kidalna zatui sut na hang in cancer piang na ding 90% bang hong dal zo sak ding hi.
Lungdam!

Plan တာတော့  သေချာ plan ပါတယ်။ ပြီးမှ သွားချင်ရာသွား၊ ရောက်ချင်ရာရောက်၊ စားချင်ရာစား အဖွဲ့ကပါ.. 😊 ဒါပေမဲ့ Melacca ရဲ့ Si...
03/08/2024

Plan တာတော့ သေချာ plan ပါတယ်။ ပြီးမှ သွားချင်ရာသွား၊ ရောက်ချင်ရာရောက်၊ စားချင်ရာစား အဖွဲ့ကပါ.. 😊
ဒါပေမဲ့ Melacca ရဲ့ Signature food ငါးခေါင်းခေါက်ဆွဲတော့စားခဲ့ရပါတယ်။ ဗိုက်ဆာနေကြလို့ ဓါတ်ဖမ်းဖို့ မေ့သွားတာကလွဲရင် Melaka ရဲ့ အလှအပ၊ အစားအသောက်တွေက so nice..
ဒီ program လေးမှာ ပါဝင်အားဖြည့်သူတိုင်းကို Thank you.. ❤️

Brunch နေ့လည်စာ အဆာပြေ ကျွေးတာပါ။  ရုံးခန်းထဲက hot chocolate နဲ့တွဲသောက် ရင် so good.. 👍🏻
10/06/2024

Brunch နေ့လည်စာ အဆာပြေ ကျွေးတာပါ။ ရုံးခန်းထဲက hot chocolate နဲ့တွဲသောက် ရင် so good.. 👍🏻

Pantai မှာ ဆေးရုံတက်ဖြစ်ခဲ့ရင်လေ Menu မှာ Western food ပါလားကြည့်၊ ပြီးရင်တော့ ဆေးရုံ မဆင်းမချင်း Chicken Chop၊ Fish Fil...
29/05/2024

Pantai မှာ ဆေးရုံတက်ဖြစ်ခဲ့ရင်လေ Menu မှာ Western food ပါလားကြည့်၊ ပြီးရင်တော့ ဆေးရုံ မဆင်းမချင်း Chicken Chop၊ Fish Fillet တွေ တလှည့်စီ ကြိတ်ခဲ့ဖို့ မှာပါရစေ.. 🤭🤭🤭

Fasting လုပ်နည်းနဲ့ အကျိုးကျေးဇူးများပုံတွေကို အသေးစိတ်ရေးထားတာ ကြိုက်လို့ ပြန်လည်မျှဝေပါတယ်.. https://www.facebook.com/...
29/04/2024

Fasting လုပ်နည်းနဲ့ အကျိုးကျေးဇူးများပုံတွေကို အသေးစိတ်ရေးထားတာ ကြိုက်လို့ ပြန်လည်မျှဝေပါတယ်..
https://www.facebook.com/share/p/TiF3dEAk9d5SbmNK/?mibextid=oFDknk

Hourly Benefits of Fasting
Review after 4 Years (4)
My Trial to Reverse Type 2 Diabetes. Series 3.

အစာရှောင်ခြင်း၏ နာရီအလိုက် အကျိုးကျေးဇူးများ။
လေးနှစ်ပြီးနောက် ပြန်လည်သုံးသပ်ချက် (၄)
အမျိုးအစား ၂ ဆီးချိုရောဂါကို ပြန်ကောင်းအောင်လုပ်ဖို့ ကျွန်တော်၏ စမ်းသပ်ခြင်း။ စာစဥ် (၃)

It was posted in COVID era on 18-Dec-20 as "Good Morning Greeting card". This valuable information is reposted here for people who fast for various reasons such as weight management, diabetes control or any other disease control, religious reason, therapeutic clinical procedures, autophagy etc.

၎င်းကို "မင်္ဂလာနံနက်ခင်းပါ နှုတ်ခွန်းဆက်ကာဒ်" အဖြစ် 18-Dec-20 ရက်နေ့တွင် COVID ခေတ်တွင် ပို့စ်တင်ခဲ့သည်။ ဤအဖိုးတန်အချက်အလက်များကို ကိုယ်အလေးချိန်ထိန်းခြင်း၊ ဆီးချိုရောဂါထိန်းချုပ်ခြင်း သို့မဟုတ် အခြားရောဂါထိန်းချုပ်ခြင်း၊ ဘာသာရေးအကြောင်းပြချက်၊ ကုထုံးဆိုင်ရာ ကုသမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ခန္ဓာကိုယ်ကို သန့်စင်စေခြင်း စသည်တို့ကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့် အစာရှောင်သူများအတွက် ဤနေရာ၌ ပြန်လည်တင်ပြ လိုက်ပါသည်။

The Hourly Benefits of Fasting
အစာရှောင်ခြင်း၏ နာရီအလိုက် အကျိုးကျေးဇူးများ။

4-8 hours
■ Blood sugars fall
■ All food has left the stomach
■ Insulin is no longer produced

၄-၈ နာရီ
■ သွေးတွင်းသကြားဓာတ်ကျခြင်း။
■ အစာအားလုံး ဗိုက်ထဲမှာ ကုန်သွားပြီ။
■ အင်ဆူလင်ကို မထုတ်တော့ဘူး။

12 hours
■ Food consumed has been burned
■ Digestive system goes to sleep
■ Body begins healing process
■ Human Growth Hormone begins to increase
■ Glucagon is relaxed to balance blood sugars

၁၂ နာရီ
■ အစားအသောက်အားလုံးကို လောင်ကျွမ်းပြီးပြီ။
■ အစာခြေစနစ်က အနားရသွားတယ်။
■ ခန္ဓာကိုယ်သည် ရောင်ရမ်းမှု ကျစေခြင်း လုပ်ငန်းစဉ်ကို စတင်သည်။
■ လူ့ကြီးထွားမှုဟော်မုန်းတွေ များလာတယ်။
■ Glucagon ဂလူးကဂွန်သည် သွေးတွင်းသကြားဓာတ်ကို မကျအောင်ထိန်းညှိပေးသည်။ (အင်ဆူလင်ကတော့ သွေးတွင်းသကြားဓာတ်ကို မတက်အောင်ထိန်းညှိပေးတာပါ။)

14 hours
■ Body has converted to using stored fat as energy
■ Human Growth Hormone starts to increase dramatically

၁၄ နာရီ
■ ခန္ဓာကိုယ်သည် သိုလှောင်ထားသော အဆီများကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။
■ လူ့ကြီးထွားမှုဟော်မုန်းသည် သိသိသာသာ တိုးလာသည်။

16 hours
■ Body starts to ramp up the fat burning

၁၆ နာရီ
■ ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းစေတယ်။

18 hours
■ Human Growth Hormone starts to skyrocket

၁၈ နာရီ
■ လူ့ကြီးထွားမှုဟော်မုန်းသည် တဟုန်ထိုးတက်လာသည်။

24 hours
■ Autophagy begins
■ Drains all glycogen stores
■ Ketones are released into the bloodstream

၂၄ နာရီ
■ Autophagy ခန္ဓာကိုယ်ကို သန့်စင်စေခြင်း စတင်သည်။
■ အရေးပေါ်သုံးရတဲ့ glycogen အားလုံးလည်း ကုန်ပါပြီ။ (အသည်းမှ သိမ်းဆည်းထားသော ဂလူးကို့စ် ကုန်ပါပြီ)
■ ကီတုန်းများကို သွေးလမ်းကြောင်းထဲသို့ ထုတ်ပေးသည်။

36 hours
■ Autophagy 300% increase

၃၆ နာရီ
■ ခန္ဓာကိုယ်ကို သန့်စင်စေခြင်း ၃၀၀% တိုးလာသည်။

48 hours
■ Autophagy increases 30% more
■ Immune system reset and regeneration
■ Increased reduction in inflammation response

၄၈ နာရီ
■ ခန္ဓာကိုယ်ကို သန့်စင်စေခြင်းသည် နောက်ထပ် ၃၀% ပိုတိုးလာသည်။
■ ကိုယ်ခံအားစနစ် ပြန်လည်သတ်မှတ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း။
■ ရောင်ရမ်းမှု တုံ့ပြန်မှုကို တိုးမြင့်စေသည်။

72 hours
■ Autophagy maxes out
Autophagy is a detox process that your body undergoes to clean out damaged cells and regenerate new ones.

၇၂ နာရီ
■ ခန္ဓာကိုယ်ကို သန့်စင်စေခြင်း အမြင့်ဆုံးရောက်လာသည်

Autophagy က ခန္ဓာကိုယ်မှ ဆဲလ် အပျက်များကို သန့်စင်စေခြင်းအပြင် ဆဲလ် အသစ်များကိုလည်း ပြန်လည်ထုတ်လုပ်ပေးပါသည်။

Credit to and excerpt from: https://www.inhousestudiofitness.com.au/blog/2019/5/15/the-hour-by-hour-benefits-of-intermittent-fasting
Read more: https://lifeapps.io/fasting/the-5-stages-of-intermittent-fasting/

When a person is fasting, their blood glucose levels decrease. This triggers the pancreas to make and release more glucagon, a hormone that keeps glucose from dropping too low. Glucagon does this by causing the liver to break down gly cogen (stored glucose) and release the glucose back into the bloodstream. Frequent eating will not provide the chance to use the stored glucose.

လူတစ်ဦးသည် အစာရှောင်သောအခါတွင် ၎င်းတို့၏ သွေးတွင်းဂလူးကို့စ်ပမာဏ ကျဆင်းသွားသည်။ ယင်းကြောင့် ပန်ကရိယသည် ဂလူးကို့စ်ကို အလွန်မနိမ့်ကျစေအောင် ဂလူးကို့စ်ကို ထိန်းညှိပေးသည့် ဟော်မုန်းတစ်မျိုးဖြစ်သည့် ဂလူးကိုဂွန်ကို ပိုမိုထုတ်လွှတ်ပေးရန် လှုံ့ဆော်ပေးသည်။ ဂလူးကိုဂွန်သည် အသည်းမှ glycogen (သိမ်းဆည်းထားသော ဂလူးကို့စ်)ကို ဖြိုခွဲပြီး ဂလူးကို့စ်ကို သွေးကြောထဲသို့ ပြန်ထုတ်ပေးခြင်းကို လုပ်ဆောင်သည်။ မကြာခဏ စားသုံးခြင်းသည် သိမ်းဆည်းထားသော ဂလူးကို့စ်ကို အသုံးပြုရန် အခွင့်အလမ်း ပေးမည်မဟုတ်ပေ။

Hence, to lower blood glucose, fat diabetics shall use (1) intermittent fasting and/or (2) optional avoiding high glycemic foods, whereas thin diabetics shall rely more on diets such as low carb, Keto or carnivore.

ထို့ကြောင့်၊ သွေးတွင်းဂလူးကို့စ်ကို လျှော့ချရန်အတွက် ဝသော ဆီးချိုသမားများသည် (၁) အစာရှောင်ခြင်း နှင့်/သို့မဟုတ် (၂) အချိုဓါတ်မြင့်မားသော အစားအစာများကို ရှောင်ခြင်း တို့ကို ရွေးချယ်နိုင်သော်လည်း ပိန်သောဆီးချိုသမားများသည် ကာဘိုဟိုက်ဒရိတ်နည်းသော၊ ကီတို သို့မဟုတ် အသားစား ဓါတ်စာများအပေါ်တွင် ပိုမိုအားကိုးရမည်ဖြစ်သည်။

၁နှစ်ပြည့်သွားပါပြီ။ အားလုံး ကူညီပံ့ပိုးပေးကြလို့ ကျေးဇူးတင်ပါတယ်.. အချိန်တိုတိုလေးအတွင်း အောင်မြင်လာရတာ အားလုံးရဲ့မေတ္တ...
27/04/2024

၁နှစ်ပြည့်သွားပါပြီ။ အားလုံး ကူညီပံ့ပိုးပေးကြလို့ ကျေးဇူးတင်ပါတယ်.. အချိန်တိုတိုလေးအတွင်း အောင်မြင်လာရတာ အားလုံးရဲ့မေတ္တာကြောင့်ပါ။ အထူးသဖြင့် ဒီjourney လေးရဲ့အစ အားလုံးသိအောင် မိတ်ဆက်ပေးခဲ့တဲ့ "မလေးရှားဘရီတာ" page admin ကြီး ကျော်ကျော်ကို အရမ်းကျေးဇူးတင်ပါတယ်.. Thank you so much Kyaw Kyaw. 🙏🏻
✨️❤️❤️❤️❤️❤️❤️❤️❤️✨️

Happy Thingyan Water Festival to you all..💦ပျော်ရွှင်စရာ သင်္ကြန် ဖြစ်ပါစေ.. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာ့နှစ်သစ...
13/04/2024

Happy Thingyan Water Festival to you all..💦
ပျော်ရွှင်စရာ သင်္ကြန် ဖြစ်ပါစေ.. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာ့နှစ်သစ်ဖြစ်ပါစေ 🙏🏻

Easygoing ရဲ့ Update new လေးပါ အဆုံးထိဖတ်ပေးပါနော်..Thank you ❤️❤️❤️အလုပ် ၃၊၄ခု multitasking တွေနဲ့ ဗျာများနေလို့ Easygo...
06/04/2024

Easygoing ရဲ့ Update new လေးပါ အဆုံးထိဖတ်ပေးပါနော်..
Thank you ❤️❤️❤️
အလုပ် ၃၊၄ခု multitasking တွေနဲ့ ဗျာများနေလို့ Easygoing မှာ postတွေ မတင်ဖြစ်ပေမယ့် follow လုပ်ထားပေးတဲ့သူတွေအတွက် ကျန်းမာရေး၊ Visaအရေး၊ ခရီးသွား၊ ပညာရေး စသဖြင့် နယ်ပယ်စုံ ဗဟုသုတ Video clip တွေ တင်ဆက်ပေးဖို့ ကြိုးစားနေပါတယ်။ ပိုက်ဆံမပေးလို့ ကြော်ငြာ မပေးတဲ့ ဖဘရယ်၊ AI ရယ် ဘယ်လိုပင်နှောင့်နေပါစေ လုပ်စရာ ရှိတာတွေတော့ တထစ်ချင်း မှတ်တိုင်စိုက်မှာပါ။ အချိန်မရှိလို့ MOU တွေဘယ်တခုမှ လက်မှတ်မထိုးတော့ဘူးလို့ စဥ်းစားထားပေမယ့်လဲ အားလုံး လက်မှတ်ထိုးဖြစ်သွားပါတယ်.. 😅 ဒီလိုအခြေအနေမှာ video ရိုက်ပေးချင်တဲ့သူ၊ video editing & media handling လုပ်ပေးမယ့်သူတွေရှိရင် ဖိတ်ခေါ်ပါတယ်နော်။ ကိုယ့်ရဲ့ ပင်မအလုပ်ကိုမဖျက်ပဲ၊ free time တွေမှာ လုပ်လို့ရပါတယ်။ ကိုယ်တိုင် မလုပ်နိုင်၊ မအားလို့ အချိန်မရှိဖြစ်နေတဲ့ ကျမကို ဝိုင်းဝန်း ကူညီပေးနေတဲ့သူတွေ၊ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်.. 🙏🏻🙏🏻🙏🏻

စိတ်ဝင်စားသူများ Page Chatbox မှ တဆင့်လဲ ဆက်သွယ်နိုင်ပါတယ်။ မြန်မာနိုင်ငံသားများကို ဦးစားပေးပါမယ်။
29/03/2024

စိတ်ဝင်စားသူများ Page Chatbox မှ တဆင့်လဲ ဆက်သွယ်နိုင်ပါတယ်။ မြန်မာနိုင်ငံသားများကို ဦးစားပေးပါမယ်။

အားလုံးပဲ Happy Chinese New Year ပါ..  ဟုန်ပေါင်းတွေရပြီး အားလပ်ရက်မှာ ပျော်ရွှင်ကြပါစေ.. 🍊🍊🧧🧧🎉🎉
10/02/2024

အားလုံးပဲ Happy Chinese New Year ပါ.. ဟုန်ပေါင်းတွေရပြီး အားလပ်ရက်မှာ ပျော်ရွှင်ကြပါစေ.. 🍊🍊🧧🧧🎉🎉

Vitamin ဓါတ်ချို့တဲ့ခြင်းနဲ့ ခန္ဓာဗေဒအကြောင်း💊💊၁) မျက်လုံးအောက် မျက်ခမ်းမှာ ဖြူနေရင် (သို့) သွေးမရှိရင် Iron ဓါတ်ချို့တဲ...
04/02/2024

Vitamin ဓါတ်ချို့တဲ့ခြင်းနဲ့ ခန္ဓာဗေဒအကြောင်း💊💊
၁) မျက်လုံးအောက် မျက်ခမ်းမှာ ဖြူနေရင် (သို့) သွေးမရှိရင် Iron ဓါတ်ချို့တဲ့နေတာပါ။
သံဓါတ်ချို့တဲ့ရင် ကလေးငယ်တွေမှာဆို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်စေပါတယ်။ ဒါ့အပြင်နုံးခွေခြင်း၊ မောခြင်း၊ အားနည်းခြင်း၊ ရင်တုန်ခြင်း၊ မူးခြင်း၊ အစားအသောက်ပျက်ခြင်း စတဲ့ ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
Iron ဓါတ်ပြည့်ဝတဲ့ အစားအစာတွေကတော့ အမဲသား၊ ကလီစာ၊ တူနာ၊ ဆယ်လ်မွန်ငါး၊ ဂုံး၊ကမာ နဲ့ ဥ အမျိုမျိုး..🥚🥩🍣🦪
ဟင်းသီးဟင်းရွက်ထဲမှာဆို ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ကိုက်လန်၊ကညွတ်..🥬🥦🫛

၂) ဆံပင်တွေ တအားကျွတ်လွယ်နေတယ်ဆိုရင်တော့ အသားဓါတ် protein ဓါတ်ချို့တဲ့နေတာပါတဲ့။ 🥩🥩🥩🥓🥓
ဦးရေပြားကို နေရောင်ခြည်ထိတွေ့ပေးခြင်းကလဲ ကုစားခြင်း၁မျိုးပါပဲ..

၃) လက်သည်းပေါ်မှာ အဖြူရောင်အကွက်တွေပေါ်လာရင်(သို့) လက်သည်းပွင့်လာရင် အာ့တာဟာ စန်းပွင့်မယ့် နိမိတ်မဟုတ်ပါဘူး၊ Zinc ဓါတ်ချို့တဲ့နေတဲ့လက္ခဏာပါတဲ့။Zinc ဓါတ်ချို့တဲ့ရင် ခဏခဏ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျော ဖြစ်တာ၊ မှတ်ဥာဏ်နဲ အာရုံစူးစိုက်လို့မရခြင်းစတာတွေခံစားရနိုင်ပါတယ်။ ကိုယ်ခံအားစနစ် လျော့နဲလာတဲ့အတွက် အရေပြားပြသနာ နဲ့ အဖျား၊ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။
ဒါကြောင့် Zincဓါတ်ပေါကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ပဲနီလေး၊ ကုလားပဲ၊ ပဲပြား၊ ရှီတာကီမှို နဲ့ ချိစ်တို့ကို မျှတစွာ စားပေးရပါမယ်..🧀🧀🧀
အားလုံး ကျန်းမာကြွယ်ဝသော ဘဝတွေပိုင်ဆိုင်ကြပါစေ❤️❤️

မွေးကထဲက ဦးနှောက်မှာ ရေအိတ်ပါလာလို့ အသက် ၂နှစ်ခွဲမှာ ဗိုက်ထဲ အစာပိုက်ထည့်ထားရတဲ့၊ကိုယ့်ဘာသာကိုယ် ဘာမှ မလုပ်နိုင်တဲ့ သား...
20/01/2024

မွေးကထဲက ဦးနှောက်မှာ ရေအိတ်ပါလာလို့ အသက် ၂နှစ်ခွဲမှာ ဗိုက်ထဲ အစာပိုက်ထည့်ထားရတဲ့၊ကိုယ့်ဘာသာကိုယ် ဘာမှ မလုပ်နိုင်တဲ့ သားသားကို Gastronomy Tube, Pantai Hospital မှာလဲပေးဖြစ်ပါတယ်။ Tube ကို ဖိုးသားရဲ့ မေမေက ဝယ်ထားလို့ Tube ဖိုးမပါ လိမ်းဆေး၊ စားဆေးတွေနဲ့ ခွဲစိတ်ကုဆရာဝန်ကြီး Dr. NanDa ကလေးအထူးကု ဆရာဝန်ကြီး Dr. Chai တို့က 17.01.2024 မှာလဲလှယ်ပေးခဲ့တယ်။ ကုန်ကျစရိတ်ကို အားလုံးသိချင်ကြမယ် ထင်ပါတယ်နော် RM 570 ပဲ ကုန်ကျပါတယ်။ ကျမအတွက်လဲ ပထမဆုံး အတွေ့အကြုံမို့လို့ အမှားအယွင်း၊ အတိမ်းအစောင်းဖြစ်မှာ ကြောက်နေပေမယ့်လို့ အားလုံးအဆင်ပြေပြေ အောင်မြင်စွာပြီးစီးခဲ့လို့ ဝမ်းသာရပါတယ်။ IPC team, Doc တို့နဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်..🙏🏻🙏🏻🙏🏻

အခုတလော အစာအိမ် လူနာတွေချည်းပဲ နော်.. အစာအိမ်ကြောင့် အရေပြားတွေယားယံတာ၊ အလှပျက်တာတွေဖြစ်တတ်လို့ အစားလေး ပုံမှန်စားကြပါလိ...
16/01/2024

အခုတလော အစာအိမ် လူနာတွေချည်းပဲ နော်.. အစာအိမ်ကြောင့် အရေပြားတွေယားယံတာ၊ အလှပျက်တာတွေဖြစ်တတ်လို့ အစားလေး ပုံမှန်စားကြပါလို့..
ပိုက်ဆံ ထက် ကျန်းမာရေးကပို အရေးကြီးပါတယ်နော်.. 💖❤️
နောက်တခါ ဓါတ်ပုံပြန်ရိုက်ရင် အသားတွေလှနေမယ်ဆိုတာ အာမခံပါတယ် မတိုးရေ.. ❤️❤️

အကြာကြီး.. အကြာကြီးစောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေး Van Dawt.. အရမ်းသဘောကောင်းသော Dr. & Su Chen...Consultation F...
02/01/2024

အကြာကြီး.. အကြာကြီးစောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေး Van Dawt..
အရမ်းသဘောကောင်းသော Dr. & Su Chen...Consultation Fee ကို RM 80 ပဲတဲ့ကွယ်။ ကျမရဲ့လူနာမို့လို့ပါတဲ့။ ၁လ စာ ဆေးလဲ အလကားပေးလိုက်တယ်။ 2024 ဟာ Soul family တွေနဲ့ စတင်ခွင့် ရလို့ ပျော်ရွှင်ရပါတယ်။

Happy New Year 2024 to All🤍🎄🤍🎅🤍🎄🤍🎊🤍🎄
31/12/2023

Happy New Year 2024 to All
🤍🎄🤍🎅🤍🎄🤍🎊🤍🎄

ဆေးခန်းပြမည့်သူများ.. 1 Jan 2024 အထိဆေးခန်းတွေပိတ်ပါတယ်။ Jan 2nd မှ အားလုံးပုံမှန်ပြန်လည်ပတ်မှာပါ။ Happy New Year 2024 &...
29/12/2023

ဆေးခန်းပြမည့်သူများ.. 1 Jan 2024 အထိဆေးခန်းတွေပိတ်ပါတယ်။ Jan 2nd မှ အားလုံးပုံမှန်ပြန်လည်ပတ်မှာပါ။
Happy New Year 2024 & Happy Holidays to you all..
အားလုံးအတွက်၊ မြန်မာပြည်ကြီးအတွက် ကောင်းသောနှစ် 2024 ဖြစ်ပါစေ။ ငွေကြေးပြည့်စုံ ကြွယ်ဝပြီး ရောဂါဘယတွေ၊ သောကတွေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်နော်..🙏🏻

24th မှာ Christmas Dinner ဖိတ်ထားတဲ့ Christian မိတ်ဆွေတွေက Suu စိတ်မပူနဲ့ 24thမတိုင်ခင်နင်နေပြန်ကောင်းအောင် ငါတို့ Jesus...
21/12/2023

24th မှာ Christmas Dinner ဖိတ်ထားတဲ့ Christian မိတ်ဆွေတွေက Suu စိတ်မပူနဲ့ 24thမတိုင်ခင်နင်နေပြန်ကောင်းအောင် ငါတို့ Jesus ဆီမှာ နေ့တိုင်းဆုတောင်းပေးမယ်၊ my prayer will accept လို့ ပြောလာတဲ့ သူငယ်ချင်း၊မိတ်ဆွေ၊ ချစ်ခင်လေးစားရသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ test kit နဲ့စစ်တာ Covid Negative ပါ။ ဆိုတော့ကာ အားပြန်ရှိတာနဲ့ အလုပ်တွေပြန်စပါတော့မယ်။ အစာအိမ်နာဖြစ်နေတဲ့ ညီမငယ်ကိုလဲ စိတ်ရှည်၊လက်ရှည် စောင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ဘာကို သွားပြလိုက်ပါ၊ ဖုန်းဆက်ထားပေးမယ် ပြောပေမဲ့လို့ အမနဲ့မှ၊ နေကောင်းတဲ့အထိစောင့်မယ် ဆိုပြီး စောင့်နေကြတဲ့ သူတွေအားလုံး တဦးတယောက်စီတိုင်း ကျေးဇူးတင်ပါတယ်။ အားရှိဖို့လိုသေးလို့ နဲနဲ ထပ်စောင့်ပေးပါအုံးလို့။ ခြေတုန်တုန်၊ လက်တုန်တုန်ဖြစ်နေသေးလို့ပါ။ See You.
သောက်တဲ့ဆေးတွေကတော့ မြင်တဲ့အတိုင်း အင်္ဂလိပ်၊တရုတ်၊ကုလား၊မြန်မာဆေး အစုံပါပဲ။ မနုသနီ ဟင်းရည်တောင်ပါပါသေးတယ်။ Vitamin C စားပေးပါ၊ Mask တပ်ကြပါနော်။

Second time house donation for senior citizen..Home sweet home..❤️မနက်စောစော နိုးနိုးချင်း ဓါတ်ပုံတွေရောက်နေလို့ ကြည့်လိ...
13/12/2023

Second time house donation for senior citizen..
Home sweet home..❤️
မနက်စောစော နိုးနိုးချင်း ဓါတ်ပုံတွေရောက်နေလို့ ကြည့်လိုက်တော့ ကိုယ်တတ်နိုင်သလောက် ပါဝင်လှူဒါန်းထားတဲ့ အိမ်အလှူနဲ့ အိမ်ပိုင်ရှင်အဘွားရဲ့ပုံတွေပါ။ စီမံဖန်တီးပေးတဲ့ စီစဥ်လှူဒါန်းသူတွေကိုရော၊ ကျမကို သွယ်ဝိုက်တဲ့နည်းနဲ့ ပံ့ပိုးပေးကြတဲ့ ကျမရဲ့ လူနာတွေရော၊ကျမရပ်တည်ရှင်သန်နေတဲ့ ဆေးရုံကြီးကိုရော၊ ဘဝမှာ လိုလေသေး မရှိ အပူအပန်မရှိထားတဲ့ ကျမရဲ့family ကိုရော ကျေးဇူးတင်ပါတယ်🙏🏻🙏🏻🙏🏻 ဒါဟာအားလုံးရဲ့ ကုသိုလ်ပဲမို့ မျှဝေလိုက်ပါတယ်..
Good morning ပါ။
Edit : နောက်ထပ်ဆက်သွယ်လာတဲ့ လူနာများကိုရော၊ အားလုံးကိုရော ကျမ Covid positive ဖြစ်နေလို့ အလုပ်တွေအားလုံးကို Dec 22 ထိ နားထားပါတယ်နော်။ အရေးကြီးရင် Emergency ကိုသာတန်းသွားပါ။ ကျမလုပ်ပေးနိုင်တာကတော့ ကျမရဲ့ Team ကိုဖုန်းဆက်အကြောင်းကြားပေးတာပါပဲ။ ကျန်တာကတော့ ကိုယ့်ဘာကိုယ်ဖြေရှင်းကြရမှာပါ။ အခြေအနေဆိုးလားဆိုရင် အမြင့်ဆုံး degree ကိုရောက်နေပြီမို့လို့ မကြာခင်ပြန်ကျတော့မှာပါလို့...အသက်နဲ့တော့ အဝေးကြီးပါလို့ 😅 😅
အားလုံး Maskတွေပြန်တပ်ကြပါနော်။ အထူးသဖြင့် ဆေးရုံမှာပေါ့.. See you.

Christmas Vibe at Pantai with Gynae patient..
11/12/2023

Christmas Vibe at Pantai with Gynae patient..

မင်္ဂလာပါ🙏🏻 မြန်မာပြည်ကနေ မလေးရှားကို အလည် (သို့) ဆေးကု၊ ဆေးစစ် လာချင်တယ်ဆို Visa လျှောက်ရပါတယ်။ Visa လျှောက်ရန် လိုအပ်တ...
01/11/2023

မင်္ဂလာပါ🙏🏻 မြန်မာပြည်ကနေ မလေးရှားကို အလည် (သို့) ဆေးကု၊ ဆေးစစ် လာချင်တယ်ဆို Visa လျှောက်ရပါတယ်။ Visa လျှောက်ရန် လိုအပ်တဲ့ အချက် ၁၂ချက်ပါ။ Visaကြေး ယခု(၂၀၂၃ နိုဝင်ဘာအထိ) မလေးရှားသံရုံးက သတ်မှတ်တာကတော့ 57$ပါ။ ညီမျှတဲ့ မြန်မာငွေကို ပေါက်စျေးအတိုင်း ပေးချေလဲ ရပါတယ်။
🎯အာ့မှာ ဆေးကု၊ ဆေးစစ် Visa နဲ့လာမယ်ဆို "နံပါတ် ၁၊၈၊၉၊၁၀၊၁၂" တွေကို Easygoing ရဲ့ Tour Team leader "ကိုချာလီမြတ်" က တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ဆက်သွယ်ချင်တယ်ဆိုရင်တော့ WhatsApp +959750205156 မှာ သွား Hi နိုင်ပါတယ်။ ဝန်ဆောင်ခလဲ သက်သာပါတယ်။ 🎯အရင်ဆုံး Pantai ဆေးရုံ KLမှာ booking ယူရပါမယ်နော်.. ဒါကတော့ အရေးကြီးဆုံး အချက်ပါ။
ကျေးဇူးတင်ပါတယ်..❤️❤️

ဒီနေ့ မနက်ခင်း စောစော နိုးလို့ အလုပ်တွေ စလုပ်တဲ့အခါမှာ .. ကျမ သတိထားမိပြီး ရှင်းပြဖို့လိုတဲ့ အကြောင်းရာ ၁ခုကို ပြောပြချင...
28/10/2023

ဒီနေ့ မနက်ခင်း စောစော နိုးလို့ အလုပ်တွေ စလုပ်တဲ့အခါမှာ .. ကျမ သတိထားမိပြီး ရှင်းပြဖို့လိုတဲ့ အကြောင်းရာ ၁ခုကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ WhatsApp သို့ Cb မှာ လာ Hi တဲ့ကိစ္စပါ။ ဒီpage မေ့သွားမှာစိုးလို့ Hi တဲ့သူရယ်၊ ဆေးကုချင်လို့ မေးမြန်းစုံစမ်းဖို့ Hi တဲ့သူရယ် ၂မျိုးရှိပါတယ်။ ဒုတိယအမျိုးအစား Hi တဲ့သူတွေက ကျတော်၊ ကျမ ဘယ်သူပါ မိတ်ဆက်ပြီးရင်၊ ခံစားနေရတဲ့ ရောဂါ၊ အခက်အခဲ၊ သောက်နေတဲ့ဆေး စသဖြင့် ဘာဖြစ်ချင်လဲဆိုတာကို ကျမ မHi လဲ ပြောထားခဲ့ပါနော်။ ဒါမှသာလျှင် ကျမက ပြန်ဆွေးနွေးမှာပါ။ Hi တလုံးနဲ့တော့ ကျမက ပြန်ဆွေးနွေးမှာမဟုတ်ပါဘူး။ ပြောစရာလဲ မရှိပါဘူး။ ကျမလိုအပ်လို့ တောင်းတဲ့ စာရွက်စာတမ်းတွေ မပို့တဲ့သူတွေကိုလဲ ကျမက ဘာမှ မကူညီနိုင်ပါဘူး။ ကုသမှု မလိုချင်လို့ပဲလို့ ခံယူပါတယ်။ Hi တလုံးနဲ့ ၁လ၊ ၂လ ကြာတော့မှ အမက အကြောင်းလဲ မပြန်ဘူးဆိုတာ မပြန်ရတဲ့ အကြောင်းရင်းရှိနေလို့ပါနော်..
ကျေးဇူးတင်ပါတယ်❤️❤️❤️
Happy Thidingyut to you all !!
ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🙏🏻🙏🏻🙏🏻

တခါတုန်းက မြန်မာပြည်မှာပါ။ အဲ့ဒီ ဘဝလေးကို လွမ်းလို့..Tour ပြန်လုပ်ပါတော့မယ်။ ဒီတခါတော့ နိုင်ငံခြားသားတွေကို ကိုယ့်တိုင်း...
26/10/2023

တခါတုန်းက မြန်မာပြည်မှာပါ။ အဲ့ဒီ ဘဝလေးကို လွမ်းလို့..Tour ပြန်လုပ်ပါတော့မယ်။ ဒီတခါတော့ နိုင်ငံခြားသားတွေကို ကိုယ့်တိုင်းပြည်ကို အလည်ခေါ်တာ မဟုတ်ပဲ မြန်မာတွေကို မလေးရှား ကို ဖိတ်ခေါ်ချင်ပါတယ်။ အလည်၊ ကျောင်းတက်၊ ဆေးကု၊ ဆေးစစ် အတွက် စုံစမ်းနိုင်ပါတယ်နော်..
KL မှာဆုံကြမယ် .. ❤️❤️❤️ WhatsApp မှာသိလိုတာမေးနိုင်ပါတယ်။ ဖုန်းခေါ်ဆိုခြင်းသည်းခံပါနော်.. 🙏🏻 ဆေးရုံမှာ ရှိနေတဲ့အချိန်တွေဆို လူနာတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ Easygoing က နွေးထွေးစွာကြိုဆိုနေပါတယ်။
❤️❤️❤️
ကြော်ငြာလေး တဖြတ်ကျန်သွားလို့ပါ။ Australia, Perth မှာ ကျောင်းတက်ချင်သူတွေလဲ စုံစမ်းလို့ရပါတယ်နော်.. Thank you. 😊

မင်္ဂလာပါ..ဒီနေ့မှာ ကျမ အားလုံးကို ရှင်းပြချင်တာလေး ရှိပါတယ်။ ကျမကိုမြန်မာတွေက ဒေါ်ဆုမြတ်ကြည်၊ ဆေးရုံက ဆရာဝန်၊ဆရာမတွေနဲ့...
23/10/2023

မင်္ဂလာပါ..
ဒီနေ့မှာ ကျမ အားလုံးကို ရှင်းပြချင်တာလေး ရှိပါတယ်။ ကျမကိုမြန်မာတွေက ဒေါ်ဆုမြတ်ကြည်၊ ဆေးရုံက ဆရာဝန်၊ဆရာမတွေနဲ့ ကျမရဲ့ international team က Sky Soe လို့ သိကြပါတယ်။ ကျမ က Pantai Hospital KL ရဲ့ မြန်မာပြည် ကိုယ်စားလှယ်ပါ၊ ဆေးရုံဝန်ထမ်းမဟုတ်သလို၊ ဆရာဝန်လဲ မဟုတ်ပါဘူး။ ကျမအဓိက ဝန်ဆောင်မှုပေးတာက မြန်မာလူမျိုးတွေ ထိခိုက်နာမကျန်းဖြစ်လို့ ဆေးရုံမှာ ကုသချင်တဲ့အခါ ကျမဆီကို ဆက်သွယ်လာတဲ့ မည်သူ့ကိုမဆို ရောဂါရာဇဝင်နဲ့ ခံစားနေရတာတွေကို အတူတူခံစားနားထောင်ပေးတယ်၊ ဆွေးနွေးပေးတယ်၊ ပြီးရင် အကောင်းဆုံး အသင့်တော်ဆုံး ဖြစ်မယ့်ဆရာဝန်ကို ကျမရဲ့ team နဲ့ သေချာဆွေးနွေးပြီး ရွေးချယ် ချိတ်ဆက်ပေးတယ်၊ ဆေးရုံမှာ လာတာနဲ့ ဆရာဝန် တန်းတွေ့လို့ရအောင် Register လုပ်ပေးထားတယ်။ မကုန်သင့်တာ မကုန်အောင်၊ မဖြစ်သင့်တာမဖြစ်အောင် ဆွေးနွေးအကြံပေးပါတယ်။ ဝန်ဆောင်ခ တပြားမှ မယူပါဘူး။ လိုက်လံ ကူညီပေးခြင်းသက်သက်ပါ။ ကျမတို့ဆေးရုံက ဆရာဝန်တိုင်း မကောင်းသလို၊ အရာအားလုံးက လွယ်ကူ အဆင်ပြေမနေပါဘူး။ အဲ့ဒီလစ်ဟာနေတဲ့ကွက်လပ်လေးကို ကျမက လိုက်လံဖြည့်ပေးတာပါ။စေတနာပါ။ ဒီလိုနေရာမှာ ကျမရဲ့ ဝန်ဆောင်မှုကို အသုံးချလို့ရပါတယ်၊ အသုံးလဲ ချစေလိုပါတယ်။အကျိုးရှိလို့ပါ။ ဒါပေမဲ့ မဆီမဆိုင် ကျမကို location pin ထောက်ခိုင်းတာတို့၊ ကိုယ်ရေးကိုယ်တာ စပ်စုတာတို့၊ မယုံသင်္ကာ ပြောဆိုတာတို့၊ ရိုင်းစိုင်းစွာ ခိုင်းတာတို့၊ တရားမဝင် ကိစ္စများ ဆောင်ရွက်ခိုင်းတာတို့ဟာ ကျမရဲ့ ဝန်ဆောင်မှုထဲမှာ မပါဝင်ပါဘူး။ အဲ့ဒီအတွက်လဲ အစောကြီးထဲက မည်သူ့ဆီက ပိုက်ဆံ တပြားမှ ယူမထားတဲ့အတွက် သည်းမခံပါဘူး။ လုပ်လဲမပေးပါဘူး။ ဆေးရုံကို အခုလာမယ် location ပို့လိုက်ပါဆို ကျမက ပို့ပေးပါတယ်။ အခုလာ၊ အခုပြ မရဘူးလားဆိုတော့ ရပါတယ်။ လိုအပ်တဲ့ Passport၊ UN card သို့ စာရွက် ပါအောင်ယူလာခဲ့ပါ။ ကိုယ့်ဘာကိုယ် registration form ဖြည့်ရမှာမို့ပါ။ ပြီးရင်တော့ ဆရာဝန်ရွေးချယ်ရပါမယ်။ ဘယ်ဆရာဝန်ကောင်းမှန်းမသိရင်၊ ကောင်တာမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ အဲ့ဒီ အချက်ဟာရိုးရှင်းပေမဲ့ အဓိက အချက်ပါပဲ၊ ကိုယ်က လေးဘက်နာ ပါလို့ ကိုယ့်ဘာကိုယ် ရောဂါနာမည်တပ်ပြီး ဆရာဝန်တွေ့တယ်ဆိုပါတော့ တကယ်ဖြစ်နေတာ က ဦးနှောက်၊ အာရုံကြောဆိုရင် စတင်လွဲပါပြီ။ ဒါက လူတိုင်းနားလည်အောင် ဥပမာပေးတာပါ။ ဒီကြားထဲ က အသပြာ ဆရာဝန်နဲ့တွေ့ရင် ထပ်ပြီးလွဲပါပြီ။ ပိုက်ဆံရှိတဲ့သူဆို ကျမ ဘာမှမပြောပါဘူး။ အခု အလုပ်သမားတွေအတွက် အချိန်ယူရှင်းပြနေတာပါ။ အဲဒီတော့ စေတနာကို နားလည်ပါ။ နားလည်မပေးနိုင်ရင် ကိုယ်၊နှုတ်၊ အမူအရာတို့ဖြင့် မစော်ကားပါနဲ့။ ယဥ်ကျေးစွာဖြင့် နိုင်ငံကြီးသား ပီသပေးကြပါလို့ တောင်းဆိုပါတယ်။ ဒီပို့စ်ဟာ ရန်တွေ့တဲ့ ပို့စ်မဟုတ်ပါဘူး။ဒီဆေးရုံကို လာလိုက်ရင် ရောဂါ အားလုံးပျောက်ဆိုတာမျိုး မရှိပါဘူး။ အရာအားလုံးဟာ အကောင်း ၊အဆိုးဒွန်တွဲနေပါတယ်။ ဒါပေမဲ့ ကျမကတော့ ကိုယ့်လူမျိုးတွေအတွက် တံတိုင်းလို၊ ခံတပ်လို၊ ရပ်တည်ကာကွယ်ပေးနေပါတယ် လို့ သတင်းစကားပါးခြင်းသာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ် ❤️❤️

ထပ်မံတိုးချဲ့ထားတဲ့ Block B က လူနာဆောင်အသစ်စက်စက် ပုံပါ။ ကျယ်လွန်းလို့ အားလုံးအပါ တပုံထဲ မရိုက်နိုင်ဘူး..
09/10/2023

ထပ်မံတိုးချဲ့ထားတဲ့ Block B က လူနာဆောင်အသစ်စက်စက် ပုံပါ။ ကျယ်လွန်းလို့ အားလုံးအပါ တပုံထဲ မရိုက်နိုင်ဘူး..

ပုံက  Gamma Knife Surgery Room ပါ။ Gamma Knife Radio Technology က မလေးရှားမှာ PHKL အပါအဝင် စုစုပေါင်း ၅ခုပဲ ရှိပါတယ်။ Br...
04/10/2023

ပုံက Gamma Knife Surgery Room ပါ။ Gamma Knife Radio Technology က မလေးရှားမှာ PHKL အပါအဝင် စုစုပေါင်း ၅ခုပဲ ရှိပါတယ်။ Brain Cancer (ဦးနှောက်ကင်ဆာ) သမားတွေကို ဓာတ်ရောင်ခြည်နဲ့ အကျိတ်၊ အလုံးကိုခွဲစိတ် ကုသမှုပေးတာပါ။ နာကျင်မှု လုံးဝ မရှိပါဘူး။ မူးဝေ၊ ခေါင်းကိုက်၊အော့အန်တာမျိုးစတဲ့ အသေးစား ဘေးထွက်ဆိုးကျိုးတွေတော့ရှိပါတယ်။ ဒါပေမဲ့ ဒီနောက်ဆုံးပေါ် နည်းပညာက အထိအခိုက်၊ အတိမ်းအစောင်းအနည်းဆုံးနဲ့ ထိရောက်မှုအရှိဆုံးသော ကုသမှု၁ခုဖြစ်ပါတယ်။ ကင်ဆာ နောက်ဆုံးအဆင့် ရောက်နေတဲ့သူတွေတော့ Gamma Knife က ကုသမပေး နိုင်ပါဘူး။ အသေးစိတ်ကို ကင်ဆာ သမားများကို တာဝန်ယူ ကုသမှုပေးတဲ့ Oncologist Dr. Malwinder Singh နဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။ Neuro surgeon တွေလဲ PHKLမှာရှိတဲ့အတွက်အသေးစိတ်သိချင်တာ၊ မေးမြန်းလိုတာရှိရင် Page ရဲ့ Chatbox သို့မဟုတ် WhatsApp +60173269750 ကို ဆက်သွယ်နိုင်ပါတယ်။ ဖုန်းခေါ်ခြင်းသည်းခံပါနော်.. Messages တွေကို အားတာနဲ့ ချက်ချင်းအကြောင်းပြန်ပေးပါတယ်။
ကျေးဇူးတင်ပါတယ် ❤️❤️❤️

ကျမ ဒီအလုပ်ကို စလုပ်ဖို့ PHKL ဘက်က စတင်ကမ်းလှမ်းလာကတည်းက စေတနာအပြည့်နဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့ပါတယ်။...
29/09/2023

ကျမ ဒီအလုပ်ကို စလုပ်ဖို့ PHKL ဘက်က စတင်ကမ်းလှမ်းလာကတည်းက စေတနာအပြည့်နဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ အဆင်ပြေဖို့၊ အခွင့်အရေးတွေမသိလို့ မရဘူးဆိုတာမဖြစ်စေဖို့ ဆိုတဲ့စိတ်နဲ့ လုပ်ပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ဒီဆေးလောက က ကျမအတွက် စိမ်းပါတယ်၊ မကျွမ်းကျင်ပါဘူး။ ကျမကို နောက်ကနေ အင်တိုက်အားတိုက်ထောက်ပံ့ပေးနေတဲ့ PHKL ရဲ့ international team သာမရှိရင် ဘယ်အစက စရမှန်းတောင်မသိပါဘူး။ ဒါပေမဲ့ ဘာမှမသိတဲ့ သုညကစတင်ခဲ့တာ အခုဆို ၁နှစ်ပြည့်ပါတော့မယ်။ ကျမတည်ဆောက်ခဲ့တာတွေမှာ ဘာငွေကြေး အကန့်မှ မပါပါဘူး။ ကျမကို တပြားမှ ပေးစရာ မလိုပါဘူး။ အားလုံးကျေနပ်ဝမ်းသာကြတယ်ဆို ကျမပျော်ပါတယ်။ ကျမ ငွေကြေး ပြည့်စုံပါတယ်။ ဒီထက်ပိုပြည့်စုံလာတဲ့တနေ့ကျရင်တော့ ငွေကြေးနွမ်းပါးသူတွေ PHKLမှာ ကလေး အလကားလာမွေးနိုင်အောင် ကျမတဦးတည်းရဲ့ ပိုက်ဆံနဲ့ ထောက်ပံ့ပါအုံးမယ်။ အဲ့ဒါ ကျမရဲ့ ရည်မှန်းချက်ပန်းတိုင်ပါ။ တနေ့နေ့ပေါ့နော်..ဘယ်နေ့လဲတော့မသိပါဘူး.. ✌🏻
ပုံတွေက ကျမရဲ့ စေတနာကို တုံ့ပြန်ကြတဲ့ patients တွေရဲ့ မေတ္တာပါ။ အားနာလို့ မယူပါဘူး ဘယ်လိုပင်ပြောသော်လဲ မရအရ ပေးကြသော သူတို့ရဲ့စေတနာ ကို တုံ့ပြန်လေးစားသော အားဖြင့် မှတ်တမ်းတင်ထားတာပါနော်။ လာဘ်ခေါ်တာ မဟုတ်ပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။ တဦးက စေတနာ၊ တဦးက မေတ္တာပေါ့နော်..❤️❤️❤️
You are the best Boss ever တဲ့ .. ကျေးဇူးတင်ပါတယ်🙏

အောင်မြင်စွာခွဲစိတ်ပြီးစီး.. Take care.. 🤍🤍🤍
29/09/2023

အောင်မြင်စွာခွဲစိတ်ပြီးစီး..
Take care.. 🤍🤍🤍

Pterygium (မျက်စိ ရောဂါ) အတွက် ကုသမှု ခံယူနေတာပါ။Pantai Hospital မှာ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အကုန်ကုသ ပေးပါတယ...
15/09/2023

Pterygium (မျက်စိ ရောဂါ) အတွက် ကုသမှု ခံယူနေတာပါ။
Pantai Hospital မှာ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အကုန်ကုသ ပေးပါတယ်။ အသေးစိတ် သိချင်ရင် WhatsApp number 0173269750 က်ိုဆက်သွယ်နိုင်ပါတယ်။ ဖုန်းခေါ်ဆိုခြင်း သည်းခံပေးပါနော်..

Fighting 💪🏻Maxilofacial treatment ခံယူရန်ပြင်ဆင်နေ တာပါ ... Pantai Hospital မှာ ရရှိနိုင်တဲ့ service တခုပါ။ကုန်ကျစရိတ် က...
07/09/2023

Fighting 💪🏻
Maxilofacial treatment ခံယူရန်ပြင်ဆင်နေ တာပါ ...
Pantai Hospital မှာ ရရှိနိုင်တဲ့ service တခုပါ။
ကုန်ကျစရိတ် က RM 3000 to RM 5000 ရှိပါတယ်။ အသေးစိတ်သိလိုပါက WhatsApp 017-326 9750 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ICU မရောက်အောင် ကျန်းမာရေးတွေဂရုစိုက်ကြပါလို့.. 🤭🤭Easygoing team က အမှာစကား ပါးချင်ပါတယ် 🫡
08/08/2023

ICU မရောက်အောင် ကျန်းမာရေးတွေဂရုစိုက်ကြပါလို့.. 🤭🤭
Easygoing team က အမှာစကား ပါးချင်ပါတယ် 🫡

Address

ARoute MONT KIARA, Jalan Sultan Haji Ahmad Shah
Kuala Lumpur
50480

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 12:30

Website

Alerts

Be the first to know and let us send you an email when Easygoing Myanmar Travel Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Travel Services in Kuala Lumpur

Show All