သော်တာနဒီ

သော်တာနဒီ လေယဉ်လက်မှတ်အရောင်းဌာန
(1)

18/06/2024
23/05/2024

#နိုင်ငံရပ်ခြားခရီးတစ်ခုသွားရာတွင့်_သင့်ရဲ့ကြင်နာသနားစိတ်ကို အိမ်မှာ ခဏထားခဲ့ပါ
လေယာဥ်ပေါ်မှာ သတိထားစရာ
================================

လေယာဥ်နဲ့ ခရီးတွေ အမြောက်အမြားထွက်ရင် ကပ်လျက်ထိုင်ခုံက ခရီးသွားမိတ်ဆွေရဲ့ ဖော်ရွေမှုကို အထူး (အထူး) သတိထားပါ။

လေယာဥ်ပေါ်မှာ ကျွန်မထက်အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဘေးခုံမှာဝင်ထိုင်လိုက်တယ်။ ဦးခေါင်းအထက်က ပစ္စည်းထားသိုတဲ့ အကန့်ထဲကို သူ့ရဲ့လက်ဆွဲအိတ် ထည့်ပေးဖို့ အကူအညီတောင်းတယ်။ ရှေ့မှာထိုင်နေတဲ့ အမျိုးသားတစ်ယောက် အမြန်ရောက်လာပြီး ဝင်ကူညီလိုက်လို့ တော်ပါသေးရဲ့။ ကျွန်မအရပ်က သိပ်မမြင့်ပါဘူး။ အဲဒီအကန့်ကိုတော့ ဖြစ်တဲ့နည်းနဲ့ ရှောင်နေကျပါ။

ထိုင်ထိုင်ချင်းမှာပဲ သူကကျွန်မကို စကားတွေ ရွှန်းရွှန်းဝေအောင် ဖောင်ဖွဲ့ပြောတော့တာပါပဲ။ သူက အလွန်ကို ခင်မင်စရာကောင်းသလို စကားပြောလည်း အင်မတန်ကောင်းသူပါ။ ဒါနဲ့ပဲ ကျွန်မတို့နှစ်ယောက် ဒူဘိုင်းကိုသွားမယ့် ခရီးစဥ်တလျှောက်လုံး ရောက်တတ်ရာရာ အာလာပသလ္လာပတွေကို တဝကြီး ပြောဖြစ်ခဲ့ကြတယ်။

လေယာဥ်မှူးက မကြာခင်အချိန်အတွင်းမှာ DXB (ဒူဘိုင်းလေဆိပ်) ကို ဆင်းသက်တော့မယ့်အကြောင်း ကြေညာလိုက်ချိန်မှာ ကျွန်မခရီးသွားဖော်က ရုတ်တရက်ဆိုသလို ဗိုက်အောင့်ဝေဒနာ ခံစားလာရတာကို ကရုဏာသက်မိလို့ လူခေါ်တဲ့ခလုတ်ကို နှိပ်လိုက်တယ်။

လေယာဥ်မယ်ရောက်လာပြီး ဘာပြဿနာရှိလဲမေးတာနဲ့ သူသိပ်နေမကောင်းကြောင်း ရှင်းပြနေတုန်းမှာပဲ သူကကျွန်မကို "သမီးရေ ... သမီးရေ ... " လို့ ခေါ်နေပါလေရော။ လေယာဥ်မယ်က အကိုက်အခဲပျောက်ဆေး ပေးရုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ကြောင်းနဲ့ လေယာဥ်ဆင်းတဲ့အထိ သည်းခံပြီးစောင့်ပါလို့ ရှင်းပြသွားတယ်။

လေယာဥ်မှူးကလည်း လေယာဥ်ပေါ်မှာ ဆေးဝါးကုသမှုဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံနေရပြီဖြစ်လို့ ခရီးသည်တွေအားလုံး စိတ်မလှုပ်ရှားကြဘဲ တည်တည်ငြိမ်ငြိမ် နေကြဖို့ အသံချဲ့စက်ကနေ အကြံပေးစကား ပြောကြားလာတယ်။

ကျွန်မမိတ်ဆွေသစ်ကတော့ အော်ရင်းဟစ်ရင်း ချွေးတွေလည်း တစ်ကိုယ်လုံး ရွှဲနစ်နေပြီး အရူးတစ်ယောက်လို ဆက်အော်နေပြီး ကျွန်မလက်ကိုလည်း လုံးဝမလွှတ်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေတော့ ကျန်ခရီးသည်တွေက ကျွန်မတို့ကို သိကျွမ်းတယ်လို့ပဲ ယူဆထားကြတာပေါ့လေ။

မကြာခင်မှာပဲ DXB ကို လေယာဥ်ဆင်းသက်ပါပြီ။ ကျွန်မခရီးသွားဖော်ရဲ့ လက်ဆွဲအိတ်ကို ဦးခေါင်းအထက်က ပစ္စည်းထားသိုတဲ့ အကန့်ထဲကို ကူညီပြီးထည့်ပေးခဲ့တဲ့ အမျိုးသားကပဲ ပြန်ထုတ်ပေးနေတုန်းမှာ ကျွန်မတို့နှစ်ယောက်ဟာ ဒီခရီးစဥ်ကို အတူတူထွက်လာတာ မဟုတ်မှန်း လေယာဥ်ဝန်ထမ်းတွေ ရှင်းရှင်းလင်းလင်း သိသွားအောင် ခပ်ဝေးဝေးမှာနေဖို့ အကြံဥာဏ်ပေးတာဟာ ဘုရား မ တာပါပဲ။

လေယာဥ်ဝန်ထမ်းတွေက ကျွန်မတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို မေးမြန်းကြတဲ့အခါ ကျွန်မက သူ့ကို လုံးဝမသိကြောင်းနဲ့ လေယာဥ်ပေါ်ရောက်မှ စ တွေ့ဖူးကြောင်းကို ပြတ်ပြတ်သားသား ဖြေလိုက်တယ်။

ကျွန်မတို့ လေယာဥ်ပေါ်ကဆင်းပြီး သူ့ကိုနှုတ်ဆက်ချိန်မှာတော့ သူ့လက်ဆွဲအိတ်ကို ကူသယ်ပေးဖို့ တောင်းပန်နေပြန်ရော။ ကျွန်မ စိတ်အရမ်းညစ်သွားတယ်။ ဒါပေမယ့် ဟိုအမျိုးသားကပဲ ကျွန်မကို စေ့စေ့ကြည့်ရင်း သူ့ခေါင်းကို လေးလေးနက်နက် ခါပြနေပြီး အဲဒီပြဿနာကို လေယာဥ်ဝန်ထမ်းတွေကိုပဲ ဖြေရှင်းခိုင်းဖို့ ရေးထားတဲ့ စာတိုလေးတစ်စောင် ကျွန်မကို လှမ်းပေးလာတယ်။

ဒါနဲ့ပဲ ကျွန်မရဲ့မိတ်ဆွေသစ်ကို လေယာဥ်ဝန်ထမ်းတွေ လာပြီးဖြေရှင်းပေးမယ့်အချိန်ကို စောင့်ဆိုင်းဖို့ ဘီးတပ်ကုလားထိုင်နဲ့ ထားခဲ့ရတာကိုပဲ ကိုယ့်မှာအပြစ်ရှိတယ်လို့ ခံစားမိရင်း ထွက်လာခဲ့တယ်။

ကျွန်မတို့ခရီးသည်တွေရဲ့ လက်ဆွဲအိတ်တွေကို စောင့်ဆိုင်းနေချိန်မှာပဲ ဆူဆူညံညံနဲ့ သောင်းကျန်းတဲ့အသံကို ကြားလိုက်ရတယ်။ ကျွန်မမိတ်ဆွေသစ်က ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရာကထပြီး လေယာဥ်ဝန်ထမ်းတွေကို ရှောင်တိမ်းရင်း ထွက်ပြေးနေတော့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့တာပေါ့။ သူ့ပိုက်ဆံအိတ်ကို လေယာဥ်မယ်နဲ့ထားခဲ့ပြီး လက်ဆွဲအိတ်နဲ့အတူ ထွက်ပေါက်ရှိရာကို ဦးတည်ပြီး အသားကုန်ပြေးသွားပါလေရော။

ကံကောင်းထောက်မလို့သာပါလား။ လေယာဥ်ကွင်းရဲတွေပြေးတာ သူ့ထက်ပိုမြန်တယ်လေ။ သူ့ကိုဖမ်းမိလာပြီး လက်ထိပ်တွေနဲ့ ပြန်ခေါ်လာတယ်။ သူက ကျွန်မကို "သမီးရေ ... သမီးရေ ... ဘယ်လိုလုပ်ရက်တာလဲကွယ်" လို့ အော်ပြောနေပါလေရော။ အဲဒီတော့မှ သူမူးယစ်ဆေးတွေ သယ်လာပြီး ကျွန်မကိုငြိစွန်းအောင် ကြိုးစားနေတာကို အမှန်အတိုင်း သဘောပေါက်မိတော့တယ်။

လက်ဆွဲအိတ်ကို ခေါင်းအထက်က အကန့်ထဲကို ကူညီပြီးထည့်ပေးခဲ့တဲ့ အမျိုးသားကပဲ ကျွန်မတို့နှစ်ယောက်ဟာ လေယာဥ်ပေါ်ရောက်မှ စ တင်တွေ့ဖူးကြောင်း လေယာဥ်ကွင်းရဲတွေကို ဝင်ပြီးရှင်းပြပေးလို့ ကျွန်မကံကောင်းသွားတယ်လို့ ပြောရပါလိမ့်မယ်။

ရဲတစ်ယောက်က ကျွန်မပတ်စ်ပို့ကိုယူပြီး ကျွန်မတို့အတူတကွ ခရီးသွားနေတာမှန်ရင် ကျွန်မနာမည်အပြည့်အစုံကို မေးပါလေရော။ ကျွန်မရဲ့ပထမနာမည် (ခရစ်ယာန်နာမည်) ကိုတောင် သူ့ကို ပြောမထားမိတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ။

ရဲတွေက ကျွန်မကို အခန်းငယ်လေးတစ်ခန်းထဲ ခေါ်သွားပြီး သူ့ကိုဘယ်မှာတွေ့ခဲ့ကြောင်း ... လေယာဥ်ပေါ်ကို ကျွန်မဘယ်မှာတက်ခဲ့ကြောင်း ... သူဘယ်မှာတက်ခဲ့ကြောင်း ... စသည်ဖြင့် မေးခွန်းတွေကို အသေးစိတ်မေးပြီး ကျွန်မလက်ဆွဲအိတ်ကိုလည်း နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သလို လက်ဗွေစစ်ဆေးဖို့အတွက် အမှုန့်တွေဖြူးနေကြလေရဲ့။ သူ့ရဲအိတ်တွေကိုလည်း အမှုန့်တွေဖြူးပြီး စစ်ဆေးချိန်မှာတော့ သူ့ရဲ့ပိုက်ဆံအိတ်ပေါ်မှာရော လက်ဆွဲအိတ်ပေါ်မှာပါ ကျွန်မရဲ့လက်ဗွေရာ လုံးဝရှာမတွေ့ပါဘူး။

လေဆိပ်ထဲမှာဖြစ်ဖြစ်၊ လေယာဥ်ပေါ်မှာဖြစ်ဖြစ် တခြားတယောက်ရဲ့ လက်ဆွဲအိတ်တွေကို ဘယ်တော့မှ (ဘယ်တော့မှ) မထိမိ၊ မတို့မိအောင် သတိကြပ်ကြပ်ထားဖို့ အကြံပေးစကားပြောပြီး ကျွန်မကို သွားခွင့်ပြုလိုက်တယ်။

အင်း ... အဲဒီနေ့ကစပြီး ရှင့်ဆီမှာ လက်ဆွဲအိတ် ဘယ်လောက်ပါပါ ရှင့်ကိစ္စကို ရှင်ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ။ ကျွန်မကတော့လေ ရှင့်လက်ဆွဲအိတ်တွေကို တွန်းလှည်းပေါ်ကိုတောင် ကူညီပြီး တင်မပေးနိုင်ပါဘူး။

ရှင့်လက်ဆွဲအိတ်ပြဿနာ ... ရှင့်ပြဿနာဆိုတာ ကျွန်မရဲ့ မူဝါဒပဲ။ ပြီးတော့လည်းလေ ဦးခေါင်းအထက်က ပစ္စည်းထားသိုတဲ့ အကန့်ကို ရှင်မမီနိုင်ဖြစ်နေချိန်မှာ ကျွန်မက အနီးဆုံးလူဖြစ်နေရင်လည်း ကျေးဇူးပြုပြီး လေယာဥ်ဝန်ထမ်းကိုသာ အကူအညီ တောင်းလိုက်ပါ။ ကျွန်မကတော့ ဘာမှမသိနားမလည်ပုံနဲ့ ရှင့်ကိုပဲ ခပ်ကြောင်ကြောင် ငေးစိုက်ကြည့်ပြီး လှည့်ထွက်သွားမှာနော်။

လေယာဥ်နဲ့ ခရီးသွားဖို့ ရည်ရွယ်နေသူတွေအတွက် အထူးသတိပြု မှတ်သားစရာ သင်ခန်းစာပါ။

( * လူမှုကွန်ရက်စာမျက်နှာ Romblon Explorer ရဲ့ပို့စ်ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။ )

Ays Aries

26/04/2024

ရုံးပိတ်ရက်များအား အသိပေးကြေညာခြင်း

22/04/2024
19/04/2024
15/04/2024
12/03/2024

အသိပေးကြေညာချက်

02/02/2024
28/11/2023
27/11/2023
17/11/2023
03/11/2023

အသိပေးကြေညာခြင်း

15/09/2023

မြန်မာနိုင်ငံမှ ပြည်ပသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့မည်ဆိုလျှင်
===================================
ပြည်ပနိုင်ငံများသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့ခွင့် လျှောက်ထားမည့် လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်ခ၊ လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။

အပြည့်အစုံဖတ်ရန်
> https://t.ly/CYYrI

13/07/2023
17/04/2023

မင်္ဂလာရှိသော မြန်မာ့ရိုးရာ နှစ်ဆန်း (၁) ရက်နေ့ ဖြစ်ပါစေ။

08/04/2023
24/03/2023
13/03/2023
12/02/2023

UBA ဟာ de-Havilland (ဒီဟာဗလန့်) ကုမ္ပဏီထုတ် Dove အမျိုးအစား လေယာဉ်ငယ် (၆)စီးနဲ့ စတင်ပြေးဆွဲခဲ့ပါတယ်။ Dove လေယာဉ်ဟာ ခရီးသည် (၁၁) .....

16/01/2023

8M502 F-28-0100 Myanmar Airways International Fokker 100 Takeoff 32R WMKK KUL KLIA RGN Yangon accompanied by silainfo

15/01/2023

Explore the breath taking views of Kuala Lumpur, Petaling Jaya and Subang!

23/12/2022

ဒေသအာဏာပိုင်များက အသိအမှတ်ပြု ထုတ်ပေးတဲ့ လက်မှတ်တွေ အများအပြားရှိတဲ့အထဲက အရေးကြီးလက်မှတ် (Certificate) တစ်ချို့ကိ....

05/12/2022
05/12/2022

မကြာသေးမီကမှ ပျောက်သွားတဲ့သင့်ကားရဲ့ ဘေးကြည့်မှန်ကို အဟောင်းစျေးမှာ ရုတ်တရက် မြင်လိုက်ရလို့ အံ့သြသွားခဲ့ဖူးလား?

မော်တော်ယာဉ်တစ်စီးရဲ့ ဘေးကြည့်မှန်များဟာ မသမာသူတွေအတွက်တော့ တကယ့်ကို မျက်စိကျစရာပေါ့။ ပျောက်ဆုံးသွားတဲ့ ကားဘေးကြည့်မှန်နဲ့ အခုလို ပြန်လည်မဆုံတွေ့ဖို့ ဘယ်လိုကာကွယ်ကြမလဲ?
ပျက်စီးဆုံးရှုံးမှုမှန်သမျှကို ကာမိစေမယ့်အပြင် ဘေးကြည့်မှန်အသစ်လည်း အစားထိုးရနိုင်လို့ သင့်ကားကို အာမခံထားရှိသင့်ပါတယ်။ KBZMS ရဲ့အလုံးစုံမော်တော်ယာဉ်အာမခံက သင့်ကို စိုးရိမ်မှုတွေ လျော့ပါးစေရုံသာမက သင့်မော်တော်ယာဉ်ကိုလည်း အကောင်းဆုံး စောင့်ရှောက်မှုတွေ ပေးမှာမို့ အာမခံထားရှိဖို့ နှိုးဆော်လိုက်တယ်နော်။

အာမခံဝယ်ယူဖို့ အစီအစဉ်ရှိပါက 09950077000 သို့ ခေါ်ဆို၍ ဖြစ်စေ၊ အမှတ် ၅၃၊ Strand Square အဆောက်အဦး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှ KBZMS ရုံးချုပ်အပါအဝင် အခြား မြို့ကြီးများမှ ရုံးခွဲများတွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ယုံကြည်အားထားအာမခံစွမ်းအား

Have you ever been surprised to see your lost wing mirror at the flea market?
No doubt wing mirrors are the eye candy for thieves. How do you save yourself from the shock of being reunited with your lost wing mirror?

Get your vehicle insured to cover any damage. That way, you can replace your wing mirror for free.

Protect the loss of your vehicle (and wing mirror) with our Comprehensive Motor Insurance. Keep your vehicle in the safe hands of KBZMS General Insurance.
You can contact KBZMS on 09 95 007 7000 or visit us at No. 53, Strand Square Building, Strand Street, Pabedan Township, Yangon, Myanmar, or one of our 23 branches around the country for a free consultation.

05/12/2022

📌၂၄နာရီပါတ်လုံးရက်ချိန်းယူနိုင်မည့် Passport Online Booking စနစ်သစ်မကြာမီဖွင့်လှစ်တော့မည်။

01/12/2022

Address

No. 23, 2 Floor Jalan Leboh Pudu
Kuala Lumpur
50050

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+60143237430

Website

Alerts

Be the first to know and let us send you an email when သော်တာနဒီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သော်တာနဒီ:

Videos

Share

Category


Other Tour Agencies in Kuala Lumpur

Show All

You may also like