Best Holiday Singapore Travels & Tours Co., Ltd

  • Home
  • Best Holiday Singapore Travels & Tours Co., Ltd

Best Holiday Singapore Travels & Tours Co., Ltd Tours of Myanmar, Southeast Asia, Europe, America and Bodh Gaya Contact us [email protected], [email protected]

Welcome to the Official page of Best Holiday Travel and Tours. We can tailor any special tour package, altering or combining it, upon request, to give you the unique trip you desire. Our Tours group deliver better value through quality accommodation, professional guides, comfortable coaches and we promise to provide 100% satisfaction. We are warmly welcome and appreciate for all the inqui

ries, comments and suggestion from you :) We will be happy to read and response your questions and comments. We encourage you to share your experience, comments and suggestions. We value your feedback and thank you for helping us to improve our services.

21/05/2023

နီးစပ်ရာ MAB ATM စက်များတွင် မည်သည့်ဘဏ်ကတ်နှင့်မဆို ပုံမှန်အတိုင်း ငွေသားထုတ်ယူနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

MAB ATM စက်များတွင် MAB MPU ကတ်များသာမက အခြားဘဏ်များ၏ MPU ကတ်အမျိုးမျိုး၊ ပြည်တွင်းပြည်ပ ဘဏ်များ၏ Visa, Mastercard, UPI ကတ်အမျိုးမျိုးတို့မှလည်း ငွေသားထုတ်ယူနိုင်သလို MAB Mobile Banking မှတစ်ဆင့်လည်း Cardless Withdrawal ဖြင့် ငွေသားထုတ်ယူနိုင်ပါပြီ။

MAB နဲ့ ပတ်သက်တဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ ဘဏ်စာရင်းအချက်အလက်များကို ပိတ်ရက်မရှိ နေ့စဉ် (၇) နာရီမှ ည (၁၂) နာရီအတွင်း MAB Call Center 01 8610612 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ တယ်။

အသေးစိတ်ကြည့်ရှုရန် - https://bit.ly/42BaDgt

23/10/2022
Best gingers on earth
20/03/2022

Best gingers on earth

အခုလို covid ကာလမှာ အရင်လို covid စစ်ဖို့ခက်ခဲလာတဲ့အတွက် ကိုယ့်အိမ်မှာကိုယ်စစ်ဖို့ singapore ကအမ ကို ဝယ်ခိုင်းလိုက်တာ အခ...
07/07/2021

အခုလို covid ကာလမှာ အရင်လို covid စစ်ဖို့ခက်ခဲလာတဲ့အတွက် ကိုယ့်အိမ်မှာကိုယ်စစ်ဖို့ singapore ကအမ ကို ဝယ်ခိုင်းလိုက်တာ အခု အိမ်မှာ ကိုယ့်ဘာသာကိုယ်စစ်လို့ရလို့အရမ်းအဆင်​ပြေတယ် လွယ်ကူတယ် self-test ​လေး​တွေက အိမ်တိုင်းရှိထားသင့်တယ်​နော်...ဒီးသုံးကြည့်​တော့​အဆင်​ပြေလို့​လေ အားလုံးလဲ လိုအပ်မှာဘဲ ​တွေးပြီး တင်​ပေးလိုက်တာ လိုချင်ရင်​​​ပြော​နော် ဒီးဆီမှာ instock အများကြီးဘဲ...သုံးလို့မတတ်ရင်လဲ video clip ​လေးကြည့်ရုံဘဲ...ပြီး​တော့ singapore အစိုးရ အသိအမှတ်ပြုထားတဲ့ brand ​တွေဘဲ...စိတ်ချရလို့ အားလုံးကို share တာပါ​နော် လိုချင်ရင် ​ပြော​ပေးပါ😍

06/06/2021
Hi မင်္ဂလာပါရှင်... post တွေမတင်တာလဲတော်တော်လေးကြာနေပါပြီ😅 အားလုံး like and follow လေးလုပ်ထားပေးလို့ ကျေးဇူးအများကြီးတင်ပါ...
12/11/2020

Hi မင်္ဂလာပါရှင်... post တွေမတင်တာလဲတော်တော်လေးကြာနေပါပြီ😅 အားလုံး like and follow လေးလုပ်ထားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ရှင့်🙏😍

ခရီးသွားလုပ်ငန်းလေးရပ်တန်နေချိန်မှာ ခင်မင်ရသောမိတ်ဆွေ သူငယ်များကို ပစ္စည်းလေးများတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့် . ပထမဦးဆုံး မိမိကိုယ်မိမိ မိတ်ဆက်ချင်ပါတယ် ကျွန်မနာမည်ကတော့ မလပြည့်ပါ 😁 Singapore မှာနေပါတယ်ရှင့် .. ကျွန်မလက်ရှိ မန်နေဂျာရာထူးနဲ့ Watsons မှာတာဝန်ထမ်းဆောင်နေပါတယ်.. ကျွန်မ ရောင်းချင်တဲ့ ပစ္စည်းများကတော့ Watson’s retail store က ပစ္စည်းများဖြစ်ပါတယ်☺️.. အဓိက ကတော့ health & personal care အတွက်ပါ အချိုသာဆုံးဈေးနှုန်းများနဲ့ Singapore ကနေတင်ပို့သွားပါမယ်ရှင့်
ပထမဦးဆုံးအနေဖြင့် အခုချိန်ကာလမှာလိုအပ်နေသော vitamin D3 ပါ
ပုံမှန်ဈေး - $29, ခုတစ်ပါတ်အတွင်းဝယ်ရင် တစ်ဝင်ဈေး $14.50 , အရမ်းကိုတန်တဲ့ promotion လေးပါ..
Vitamin C ကတော့ ပုံမှန်ဈေး $20, ခု တစ်ပ့တ်အတွင်းဝယ်ရင် တစ်ဗူးဝယ်တစ်ခဗူး လက်ဆောင်ရမယ့်အရမ်းကိုတန်တဲ့ promotion လေးပါ..
Holistic way brand ဟာ နိုင်ငံတစ်ကာနဲ့Singapore မှာ နာမည်ရနေသော brand တခုဖြစ်ပါတယ်ရှင့်
Watson Singapore မှ လိုချင်တာများရှိရင်လဲ ဒီမှာမှာယူလို့ရပါတယ်ရှင့် အောက်ကလင့်ကနေလဲလိုချင်တာများရှိရင်မှာယူလို့ရပါတယ်ရှင့်
Watson's မှ ပေးသော လျှော့ဈေးအတိုင်း ပေးရပြီး အပိုဆောင်းအနေဖြင့် ပို့ဆောင်ခနှင့် ဝန်ဆောင်ခ ၁၀ရာနှုန်းသာ ကုန်ကျပါမည်ရှင့် .. ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
အောက်ကlink လေးမှလဲပစ္စည်းများဝင်ရောက်ကြည့်ရှု့ မှာယူလို့ရပါတယ်ရှင့်

https://www.googleadservices.com/pagead/aclk?sa=L&ai=DChcSEwii_p6Bq_3sAhUSrJYKHQ8zCuEYABAAGgJ0bA&ae=2&ohost=www.google.com.sg&cid=CAASE-Roq8rDz8rb3pesaV6qB5HyPAM&sig=AOD64_3RhO0WYcQmir1AC1OimrBZAGJR6g&q&adurl&ved=2ahUKEwjbyJKBq_3sAhXNXCsKHeg3BpkQ0Qx6BAgKEAE

29/06/2019

ခရီးသွားရတာ ကြိုက်သူများအတွက်

လူငယ်လေးများ စူစမ်းလိုစိတ်ဖြင့် ကိုယ့်အားကိုယ်ကိုး ခရီးသွားခြင်းကို ရည်ရွယ်ပါသည်။

Best Services, Perfect HolidaysWe personally visited hotels and resorts to make sure Room conditions are up to the optim...
30/11/2018

Best Services, Perfect Holidays

We personally visited hotels and resorts to make sure Room conditions are up to the optimum standard and mattresses are with maximum comfort. We even took time to visit restaurants and tasted 🥘 before customers and carefully chose delicious and hygenic cuisine which allows us to guarantee customers with valued and tasty fine dining.Margin is not an option here with us but the great experiences are.... what we valued most is an everlasting smile from our customers

24/11/2018
ကဲကဲ ကမ်းခြေသွားမယ့် ပျိုမေတွေ ဓာတ်ဖမ်းဖို့ အတွက် 😁🌊🏊‍♀️🏝😜
21/11/2017

ကဲကဲ
ကမ်းခြေသွားမယ့် ပျိုမေတွေ ဓာတ်ဖမ်းဖို့ အတွက် 😁🌊🏊‍♀️🏝😜

share gplusအလည်အပတ်တွေထွက်ရင် အမှတ်တရအဖြစ်သိမ်းထားဖို့၊သူငယ်ချင်းတွေကိုပြဖို့၊Fbပေါ်တက်ကြွားဖို့ အလှဓာတ်ပုံတွေရိုက်တတ်ကြတာ သဘာဝပါ။ကမ်းခြေသွားရင်လည်း ထိုနည်းအတိုင်းပါပဲ ခန္ဓာကိုယ်အချိုးအစားလှရင်လှသလို ရေကူးဝတ်စုံလေးတွေနဲ့ လန်းကြတယ်။ဒီတစ်ခါမှာတော့ ကမ်းခြေမှာ swimsuitနဲ့အထာကျကျလန်းနေစေဖို့ poseအချို့နဲ့…

ခရီးသွားလာမူ့ နဲ့  ပတ်သတ်ပြီး ဗဟုသုတ အလို့ ဌာ သိထားသင့်သော်အချက်များ .........................ခရီးသွားလာရာတွင်သင်၏နိုင်...
20/11/2017

ခရီးသွားလာမူ့ နဲ့  ပတ်သတ်ပြီး ဗဟုသုတ အလို့ ဌာ သိထားသင့်သော်အချက်များ .........................

ခရီးသွားလာရာတွင်သင်၏နိုင်ငံကူးလက်မှတ်အခိုးခံရနိုင်သော နည်းလမ်း ၄ မျိုး

နိုင်ငံကူးလက်မှတ်ကိုကိုင်ဆောင်ပြီး ခရီးသွားလာရာတွင် အောက်ဖော်ပြပါ အခြေအနေ ၄မျိုးကိုအထူးဂရုပြုသင့်ပါတယ်။

နိုင်ငံတကာတွင် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသည့် အရေအတွက်မှာ သန်း၄၀ကျော် ရှိသည်ဟု ၂၀၀၂ခုနှစ်တွင် Interpol မှကောက်ယူထားသောမှတ်တမ်းများအရ သိရပါတယ်။ နှစ်စဉ်နှစ်တိုင်း အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံကူးလက်မှတ် အခိုးခံရသူ သို့ မဟုတ် ပျောက်ဆုံးသူအရေအတွက်မှာ ၃သိန်းကျော်ရှိသည်ဟုလည်း သိရပါတယ်။ ခရီးသွားလာရာတွင် ထိုသို့ မဖြစ်ပွားစေရန်အတွက် နိုင်ငံကူးလက်မှတ် ခိုးယူသူများပြုလုပ်လေ့ရှိသည့် နည်းလမ်းများကို အောက်တွင်ဖော်ပြထားပါတယ်။

၁။ အမှတ်တမဲ့တင်ထားမိခြင်း

ခရီးသွားလာရာတွင် သင်၏ အရေးကြီးသော စာရွက်စာတမ်းများကို အထူးဂရုပြုသင့်ပါတယ်။ သင်ဟာ စားသောက်ဆိုင်၏စားပွဲပေါ်တွင် နိုင်ငံကူးလက်မှတ်ကို တင်ထားသည့်အခါဖြစ်စေ၊ သင်၏ခရီးဆောင်အိတ်ပေါ်တွင် ထားပြီး လေဆိပ်ရှိ လေယာဉ်ထွက်ခွာချိန် ဇယားကို ကြည့်နေသည့်အခါမျိုးများတွင် နိုင်ငံကူးလက်မှတ်ကို အမှတ်တမဲ့ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ထိုသို့ သော အခြေအနေမျိုးများတွင် တစ်စုံတစ်ယောက်ဟာ မတော်တဆ အဖြစ်အပျက်မျိုးကို ဖန်တီးပြီး သင်၏ နိုင်ငံကူးလက်မှတ်ကို ခိုးယူနိုင်ပါတယ်။ နိုင်ငံကူးလက်မှတ်ကို အခိုးခံရနိုင်သည့် နေရာများထဲမှ နောက်ထပ်တစ်ခုကတော့ သင်တည်းခိုနေထိုင်မည့် ဟိုတယ်တွင်ပဲ ဖြစ်ပါတယ်။ သင်ဟာ ဟိုတယ်တွင် အခန်းငှားရမ်းရန်အတွက် သင်၏ နိုင်ငံကူးလက်မှတ်ကို အမှတ်တမဲ့ ထားမိပြီး အချက်အလက်များကိုဖြည့်နေစဉ်တွင် တစ်စုံတစ်ယောက်က အခန်းသော့ပြန်လာအပ်သလို သို့ မဟုတ် တစ်စုံတစ်ခုမေးမြန်းသလို ပုံစံမျိုးဖြင့်လဲ သင်၏ နိုင်ငံကူးလက်မှတ်ကို အခိုးခံရနိုင်ပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် သင်၏နိုင်ငံကူးလက်မှတ်ကို သင်၏အရှေ့ တွင်သာထားပြီး၊ အချက်အလက်များကို ဖြည့်ပြီးသည်နှင့်တပြိုင်နက် လုံခြုံသည့်နေရာတွင် ပြန်လည်သိမ်းဆည်းထားသင့်ပါတယ်။

၂။ မတော်တဆဖိတ်ကျဟန်မျိုးဖြင့် စိတ်အပြောင်းအလဲလုပ်ကာ ခိုးယူခြင်း

ရုပ်ရှင်များတွင်တွေ့ မြင်နေကြအတိုင်း သင်၏ အကျီပေါ်သို့ ရေခဲမုန့် သို့ မဟုတ် အအေး စသည်တို့ ကို မတော်တဆ ဖိတ်ကျသွားဟန်ဖြင့် လုပ်ကြံဖန်တီးသည့် အခြေနေမျိုးဖြင့် သင့်ကို လှည့်စားပြီး သင်သတိမထားမိနိုင်သေးသည့်အချိန်တွင် အခြားအပေါင်းအဖော်တစ်ယောက်က သင်၏ နိုင်ငံကူးလက်မှတ်ကိုလဲ ခိုးယူနိုင်ပါတယ်။ ထိုသို့ သော် မတော်တဆမှုမျိုးနှင့် ကြုံတွေ့ ရပါက ဂရုမစိုက်ဘဲ မိမိသွားလိုရာသို့ သာ လျင်မြန်စွာ ထွက်သွားသင့်ပါတယ်။

၃။ အိတ်များထဲမှခိုးယူခြင်း

သင်ဟာ သင်၏နိုင်ငံကူးလက်မှတ်ကို သင်၏အိတ်ထဲတွင် ထည့်ထားပြီး လူများသော နေရာမျိုးတွင် လည်ပတ်နေသည့်အခါမျိုး၊ မီရထား သို့ မဟုတ် ကားစီးနေသည့်အခါမျိုးတွင်လည်း အလစ်သုတ်ခိုးယူခံရနိုင်ပါတယ်။ အကယ်၍ သင်နှင့်အတူ နိုင်ငံကူးလက်မှတ်ကို ယူဆောင်သွားရန်လိုအပ်ပါက သင်၏ခါး၊ သို့ မဟုတ် လည်ပင်းတ၀ိုက်တွင် တပ်ဆင်ထားနိုင်ပြီး သင်၏အ၀တ်အစားဖြင့် ဖုံးကွယ်ထားနိုင်သော အိတ်မျိုးကို ဆောင်ထားသင့်ပါတယ်။ ခရီးသွားလာရာတွင် အသုံးပြုနိုင်သော ပိုက်ဆံအိတ် သို့ မဟုတ် Passport cover ကို ၀ယ်ယူပြီး လဲ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းထားနိုင်သလို တခြားသော အဖိုးတန်ပစ္စည်းများဖြစ်သည့် Credit Card ၊ Emergency cash များကို လဲ ပိုက်ဆံအိတ်ထဲတွင် သိမ်းဆည်းထားနိုင်ပါတယ်။ သို့ ရာတွင် သင်ပိုက်ဆံထုတ်ရန် ပိုက်ဆံအိတ်ကိုဖွင့်သည့်အခါတိုင်းတော့ သင်၏ နိုင်ငံကူးလက်မှတ်ကို အခြားသူများ မမြင်နိုင်သည့် နေရာမျိုးတွင် ထားသင့်ပါတယ်။ မဟုတ်ပါက အန္တရယ်ကို လက်တို့ ခေါ်သလို ဖြစ်နေပါလိမ့်မယ်။

၎။ တာဝန်အပေါ်ခုတုံးလုပ်ကာ ခိုးယူခြင်း

ကမ္ဘာအနှံ့ အပြားရှိ နိုင်ငံအတော်များများတွင် ဟိုတယ်နှင့်လေဆိပ်များတွင် သင်၏ နိုင်ငံကူးလက်မှတ်အစစ်ကို ပြသရန်လိုသလို၊ နယ်စပ်ဖြတ်ကျော်ရာတွင်လည်း ပြသရန်လိုအပ်ပါတယ်။ ယူနီဖောင်းဝတ်ဆင်ထားသောရဲများ၊ အပြင်ဝတ်စုံဝတ်ဆင်ထားသောသူများဟာ ခရီးသွားများထံ ချဉ်းကပ်၍ နိုင်ငံကူးလက်မှတ်ကို ပြသရန် ပြောလေ့ရှိသည်ဟုလည်း ခရီးသွားများက ပြောကြပါတယ်။ တစ်ခါတရံတွင်တော့ ရဲများဟာ တရားမ၀င်ခိုးယူဝင်ရောက်သောသူများကို ဖမ်းဆီးရန်အတွက် အပြင်ဝတ်စုံများကို ၀တ်ဆင်ကြလေ့ရှိပါတယ်။ သို့ ရာတွင် ထင်ယောင်ထင်မှားဖြစ်ပြီး မတော်တဆမှားယွင်းမှုမျိုးမဖြစ်စေရန်အတွက် ကတော့ အထူးသတိပြုသင့်ပါတယ်။ သင်၏ ဘေးပတ်ဝန်းကျင်ရှိ အနေအထားအားလုံးကို စစ်ဆေးသင့်သလို၊ ရဲဝန်ထမ်း၏ ယူနီဖောင်းတွင် လုံခြုံရေးအမှတ်တံဆိပ်များ ရှိမရှိကို လေ့လာပြီးမှ ပြသသင့်ပါတယ်။ အကယ်၍ သင်၏စိတ်ထဲတွင် အခြေအနေတစ်စုံတရာအပေါ် မသက်မသာခံစားမိပါက နီးစပ်ရာရဲစခန်း သို့ မဟုတ် ဟော်တယ်ခန်းမသို့ ခေါ်ဆောင်သွားပြီးမှသာ နိုင်ငံကူးလက်မှတ်ကို ထုတ်ပြသင့်ပါတယ်။

အများသူငါ သထိထားနိုင်အောင် မျှဝေပေးလိုက်နော်

Credit: Bryangmin

20/11/2017




“ခရီးတူတူသွားလို့အကောင်းဆုံး လူ(၁၀)မျိုး”- - - - - - - - - - - - - - - -မကြာခင် မိုးရာသီလည်းကုန်ဆုံးတော့မယ်ဆိုတော့ခရီးတေ...
19/11/2017

“ခရီးတူတူသွားလို့အကောင်းဆုံး လူ(၁၀)မျိုး”
- - - - - - - - - - - - - - - -

မကြာခင် မိုးရာသီလည်းကုန်ဆုံးတော့မယ်ဆိုတော့
ခရီးတွေထွက်တော့မယ့် ပရိတ်သတ်ကြီးအတွက်
ခရီးတူတူသွားလို့အကောင်းဆုံး လူဆယ်မျိုးကို တင်ဆက်ပေးလိုက်တယ်နော်။
ဒီစာကို ဖတ်ပြီးသွားရင် သင့်သူငယ်ချင်းကကော ဘယ်လိုခရီးသွားမျိုးလဲဆိုတာ
မျှဝေပေးခဲ့ဖို့ မမေ့နဲ့ဦးနော်။
တစ်ပုံချင်းစီဝင်ဖတ်သွားနော်
credit: ads.com.mm

အပျော်ခရီးသွားချင်သူများအတွက် ဘာတွေအဓိကထားစဉ်းစားရမလဲ။1. ပထမဦးဆုံးသင့်စိတ်ကူးအိပ်မက်ထဲက သွားချင်တဲ့နေရာတွေကို ရေးချပါ။ဗ...
18/11/2017

အပျော်ခရီးသွားချင်သူများအတွက် ဘာတွေအဓိကထားစဉ်းစားရမလဲ။

1. ပထမဦးဆုံးသင့်စိတ်ကူးအိပ်မက်ထဲက သွားချင်တဲ့နေရာတွေကို ရေးချပါ။

ဗီယက်နမ်၊ ထိုင်း၊ စတဲ့ နှစ်နေရာလောက်ပေါ့။

2. နေရာတွေရေးချပြီးရင်တော့ ဘာ့ကြောင့်သွားချင်လဲ။ သွားချင်တဲ့အကြောင်းအရင်းတွေကို စဉ်းစားပါ။ သဘာဝတောတောင်အလှတွေ ကျွန်းတွေပေါလို့ ဗီယက်နမ်သွားချင်တယ်။ ဒါမှမဟုတ် ဈေးဝယ်ထွက်လို့ ကောင်းမယ့် ဈေးဝယ်ရတာတန်တဲ့ ထိုင်းသွားမလား စသဖြင့်ပေါ့။

3. သွားမယ့်အချိန်သတ်မှတ်ပါ။ သင့်ရဲ့ calendar လေးကြည့်ပြီး ရက်ရှည်ပိတ်ရက်သွားရမလား။ အေးအေးဆေးဆေးသွားချင်ရင်လူသွားနည်းတဲ့အချိန်သွားရမလားဆိုတာ သတ်မှတ်ပါ။ စသဖြင့် တစ်လ၊ နှစ်လကြိုတင်သတ်မှတ်ထားပါ။

4. ရာသီဥတုကိုလည်းလေ့လာချိန်ကိုက်ပါ။ ဆောင်းရာသီသွားရမလား နွေဦးသွားရမလား။ သဘာဝအလှအပတွေကြည့်ချင်ရင် ကိုယ်သွားမယ့်နေရာရဲ့  ဆောင်းဦး၊နွေဦးကိုရွေးချယ်ရမှာပေါ့။ ဒါမှအပူဒဏ်၊မိုးဒဏ်တွေလည်းကာကွယ်ပြီးသားဖြစ်မယ်။

5. သွားမယ့်နေရာမှာ သူငယ်ချင်းတွေရှိလားစဉ်းစားပါ။ ဟုတ်ပါတယ်။ ဒါဟာသင့်အတွက်မရောက်ဘူးတဲ့နေရာတွေ မှာအမှတ်တရတွေပိုမိုထင်ကျန်ခဲ့စေနိုင်မယ်။

6. ဈေးသက်သက်သာသာနဲ့ ခရီးသွားမလား။ အဆင့်တန်းမြင့်မြင့်သွားချင်သလားဆိုတာ သင့်ရဲ့ ဝင်ငွေအပေါ်မှာမူတည်နေတဲ့အတွက် ဒါလည်းစဉ်းစားရမယ့်အချက်တစ်ချက်ပါပဲ


📱09448857603

07/11/2017
🙏🏻 မင်္ဂလာပါ 🙏🏻ကမ္ဘာ့နာမည်ကြီးကျွန်းများရဲ့အလှကိုမရှုံးတဲ့ မြန်မာ့ကျွန်းအလှစစ်ကိုခံစားဖို့ဆိုရင်တော့ နိုင်ငံခြားသားတွေပါ တက...
06/10/2017

🙏🏻 မင်္ဂလာပါ 🙏🏻

ကမ္ဘာ့နာမည်ကြီးကျွန်းများရဲ့အလှကိုမရှုံးတဲ့ မြန်မာ့ကျွန်းအလှစစ်ကိုခံစားဖို့ဆိုရင်တော့ နိုင်ငံခြားသားတွေပါ တကူးတက လာရောက်လည်ပတ်နေတဲ့ တနင်္သာရီတိုင်း "မြိတ်ကျွန်းစု" ကိုအလည်သွားရောက်ဖို့မိတ်ဆက်ပေးချင်ပါတယ်နော်

တာဝန်ကိုယ်စီ နဲ့ စိတ်ရော လူရော ပင်ပန်း နွမ်းနယ်သမျှ 🤧🤕 ပိတ်ရက်မှာ ပြေပျောက်ဖို့ အပန်းဖြေ ရန်အတွက် 😱 အရမ်းလှပတဲ့ 🏝🏖ကျွန်းစုတွေဆီကို သွားချင်နေတဲ့ 🙋🏻‍♂️ကိုကို 🙋🏻မမ တွေ အတွက် 😉
မှ ဈေးလည်း တန်ပီး 💰💸 သွားရတာလည်း သက်သောင့်သက်သာနဲ့ လုံးဝ ပျော်စရာ ကောင်းတဲ့ မြိတ်ကျွန်းစု အပန်းဖြေ ခရီးစဉ်လေးတွေကို တင်ပေးလိုက်တယ်နော် .. 🙌🏻

သွားချင်တဲ့ အချိန် 🕰
သွားမယ့် လူဦးရေ ☝🏻👫👭
သုံးမယ့် 💵ကိုသာ ပြောလိုက်ပါ မှ လူကြီးမင်းတို့ အတွက် စိတ်ကျေနပ်စွာအပန်းဖြေ နိုင်ဖို့ တာဝန်ယူပါရစေ 😊

ခရီးစဉ် ( ၁ )
မြိတ်ကျွန်းစု (၂) ညအိပ် (၃) ရက် အပျော်ခရီးစဉ်
By Cruise
(နတ်သမီးရေတွင်းကျွန်း ၊ဓနသိန္ဒိကျွန်း ၊ ကြယ်လိပ်ကျွန်း ၊ Smart ကျွန်း ၊ သောင်ကမ်းအော် ၊ ဒုန်းကျွန်း)

Day 1: နံနက်၇နာရီတွင် ဟိုတယ်မှလှေဆိပ်သို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ၈နာရီအချိန်တွင် နတ်သမီးရေတွင်းကျွန်းသို့ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ နတ်သမီးရေတွင်းကျွန်းတွင် အနားယူ အပန်းဖြေခြင်း ၊ အလှဓာတ်ပုံရိုက်ကူးခြင်း ၊ Snorkelingပြုလုပ်ခြင်း ၊ ရေကူးခြင်း ၊ Kayak (လှေလှော်ခြင်း)များကို စိတ်တိုင်းကျပြုလုပ်ပြီး နေ့လည်စာကို ကမ်းခြေပေါ်တွင် ဒေသခံစားဖိုမှူး၏ ဒေသဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေးမှာဖြစ်ပါတယ်။ ထိုနောက် ဓနသိန္ဒိကျွန်း သို့ဆက်လက် ခရီးနှင်မှာဖြစ်ပါတယ်။ ဓနသိန္ဒိကျွန်းတွင် အနားယူအပန်းဖြေပြီး ပင်လယ်ပြင်နေဝင်ဆည်းဆာအလှကို ခံစားရင်းကျွန်းပေါ်တွင်(သို့)လှေပေါ်တွင် ညစာကိုအရသာရှိစွာသုံးဆောင်ရမှာဖြစ်ပါတယ်။ ထိုနောက် ရွက်ဖျင်တဲကလေးးများဖြင့် အိပ်စက်အနားယူ ရမှာဖြစ်ပါတယ်။
Day 2: နံနက်ခင်းနိုးထချိန်တွင် မနက်စာသုံးဆောင်ပြီးသည်နှင့် ရေအောက်အလှအပများဖြင့် ပြည့်နက်နေသော ကြယ်လိပ်ကျွန်းသို့ ဆက်လက်ခရီးဆက်မှာ ဖြစ်ပါတယ်။ ကြယ်လိပ်တွင် Kayak (လှေလှော်ခြင်း)၊ Snorkeling လုပ်ခြင်းဖြင့် ရေအောက်သန္တာကျောက်တန်းများ၏ သဘာဝတိုင်း လှပဖြစ်တည်နေမှုများကို မိမိတို့စိတ်ကြိုက် လေ့လာနိုင်မည်ဖြစ်ပါသည်။ ထိုနောက်ကြယ်လိပ်ကျွန်း မှလေ့လာစရာများ စုံလင်လှတဲ့စမတ်ကျွန်းသို့ ခရီးဆက်မှာဖြစ်ပါတယ်။ စမတ်ကျွန်းတွင် နေ့လည်စာ သုံးဆောင်ရမှာဖြစ်ပါတယ်။ စမတ်ကျွန်းတွင်စိတ်ကြိုက် အနားယူအပန်းဖြေပြီး နေဝင်ချိန်ဆည်းဆာ အလှကိုခံစားရင်း ညနေပိုင်းအချိန်ကိုအေးချမ်းစွာ ကုန်ဆုံးရမှာဖြစ်ပါတယ်။ ညစာကိုတော့ဒေသခံ စားဖိုမှု၏ ဒေသဟင်းလျာများဖြင့် အရသာရှိစွာ ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ်။ ကမ်းခြေပေါ်တွင် မီးပုံပွဲ လေးဖြင့် BBQ လုပ်ရင်း Beach Party လေးတစ်ခု ကျင်းပပေးမှာ ဖြစ်ပါတယ်။ထိုနောက် ရွက်ဖျင်တဲလေးများဖြင့် ကမ်းခြေပေါ်တွင်အေးချမ်းစွာ သဘာဝကျကျအိပ်စက် အနားယူရမှာ ဖြစ်ပါတယ်။
Day 3: နောက်တစ်နေ့မနက်တွင်တော့ စမတ်ကျွန်း၏ မနက်ခင်းသာယာလှပ ပုံများကို လေ့လာပြီး မနက်စာစားပြီးသည်နှင့် ဖြူဖွေးသော သဲတန်းကြီးဖြင့် သာယာလှသော သောင်ကမ်းအော် ကမ်းခြေ သို့ပျော်ရွှင်စွာ ခရီးဆက်မှာ ဖြစ်ပါတယ်။ သောင်ကမ်းအော်ကမ်းခြေတွင် Kayak လှေလှော်ခြင်း ၊

ရေကူးခြင်း များပြုလုပ်နိုင်ပါတယ်။ ထိုနောက် ဒုန်းညောင်မှိုင်းရွာ ဆလုံလူမျိုး (ခေါ်) မော်ကင်းတို့၏ ကျေးရွာသို့သွားရောက် လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ထိုနောက် မြိတ်မြို့သိုပျော်ရွှင်စွာအပြန် ခရီးဆက် မှာဖြစ်ပါတယ်။

ပါဝင်သောဝန်ဆောင်မှုများ
- Speed boat, Hotel
- မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ ရေ၊ အအေးနှင့် သစ်သီး
- ရေငုပ်ကိရိယာ (snorkeling equipment)၊ အသက်ကယ်အကျီင်္( life jackets)
- အတွေ့အကြုံရှိ ဧည့်လမ်းညွှန်

ခရီးစဉ် ( ၂ )
ဒုံးရေတံခွန်၊ဒုံးညောင်မှိုင်းရွာ၊Smart ကျွန်း၊ကြယ်လိပ်ကျွန်း၊နတ်သမီးရေတွင်းကျွန်းသို့
“အပျော်ခရီးစဉ်”
2Days 1Night by Cruise
Day (1)

နံနက်၆နာရီခွဲအချိန်တွင် ဟိုတယ်မှလှေဆိပ်သို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ၇နာရီအချိန်တွင် လှေဆိပ်မှဒုံးရေတံခွန်သို့စတင်ထွက်ခွာမှာဖြစ်ပါတယ်။ ရေတံခွန်တွင် ရေချိုးခြင်း၊ အလှဓာတ်ပုံများ ရိုက်ခြင်းနှင့်အတူ ရေတံခွန်၏သဘာဝအလှများကိုလည်း စိတ်တိုင်းကျလေ့လာနိုင်ပါတယ်။ ထိုနောက် နေ့လည်စာကိုအရသာရှိစွာဖြင့် လှေပေါ်တွင်သုံးဆောင်ပြီး ဒုန်းညောင်မှိုင်းရွာ (ဆလုံရွာ)သို့ ခရီးဆက်မှာဖြစ်ပါတယ်။ ဆလုံလူမျိုးတို့၏ နေထိုင် မှုစရိုက်များကို လေ့လာပြီး ထူးဆန်းဖွယ် ကျောက်နံရံ များဖွင့်လှပနေသော “Smart”ကျွန်းသို့ သွားရောက်အနားယူရမှာဖြစ်ပါတယ်။ ”Smart“ ကျွန်းသို့ ရောက်သည်နှင့် လှေပေါ်တွင် BBQ ဖြင့် Dinner ကို အရသာရှိစွာသုံးဆောင်ရမှာဖြစ်ပါတယ်။ ထို့နောက် ကျွန်းပေါ်တွင် ချစ်စရာ ရွက်ဖျင်တဲလေးများဖြင့် ပျော်ရွှင်စွာ အိပ်စက်အနားယူရမှာဖြစ်ပါတယ်။

Day (2)

နံနက်ခင်း အိပ်ရာနိုးထချိန်တွင် အေးချမ်းတိတ်ဆိတ်သော သဘာဝပတ်ဝန်းကျင် နှင့်လတ်ဆတ် သော လေပြေလေညှင်းများနှင့်အတူ မနက်စာကိုအရသာရှိစွာ သုံးဆောင်ရမှာဖြစ်ပါတယ်။ ရောင်စုံ အလှငါးကလေးများ၏ လှုပ်ရှားသွားလာမှုနဲ့ သန္တာကျောက်တန်း များ၏ သဘာဝ အတိုင်း ဖြစ်တည်မှုများ ကို Snorkelingလုပ်ခြင်းဖြင့် လေ့လာနိုင်ပါတယ်။ ထိုနောက်ကြယ်လိပ်ကျွန်းသို့ ခရီးဆက်ရမှာဖြစ်ပါတယ်။ ကြယ်လိပ်တွင် ပျော်ရွှင်စွာရေကူးခြင်း၊ လှေလှော်ခြင်း၊ နေပူဆာလှုံခြင်း၊ ရေအောက်အလှများကို ကြည့်ရှု လေ့လာခြင်းများဖြင့် မိမိတို့စိတ်ကြိုက် လေ့လာနိုင်ပါတယ်။ထိုနောက် လှေပေါ်တွင် ပင်လယ်ပြင်ရှုခင်း များကို လွှတ်လပ်စွာခံစားရင်း နေ့လည်စာကို လှေပေါ်တွင်သုံးဆောင်ရမှာဖြစ်ပါတယ်။ ထို့နောက် နတ်သမီးရေတွင်းကျွန်းသို့ ဆက်လက်ခရီးနှင်ရမှာဖြစ်ပါတယ်။ နတ်သမီးရေတွင်းကျွန်းတွင် အေးဆေးစွာ အနားယူရင်း ပင်လယ်ကမ်းခြေ အလှကိုခံစားရမှာဖြစ်ပါတယ်။ ညနေအချိန်တွင် မြိတ်မြို့သို့ နေဝင်ဆည်းဆာအလှကိုခံစားရင်း အပြန်ခရီးဆက်မှာဖြစ်ပါတယ်။

ပါဝင်သောဝန်ဆောင်မှုများ
- Speed boat, Hotel
- မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ ရေ၊ အအေးနှင့် သစ်သီး
- ရေငုပ်ကိရိယာ (snorkeling equipment)၊ အသက်ကယ်အကျီင်္( life jackets)
- အတွေ့အကြုံရှိ ဧည့်လမ်းညွှန်

ခရီးစဉ် ( ၃ )
မြိတ်ကျွန်းစု ၂ညအိပ်/၃ရက်ခရီးစဉ်
{နှစ်ဖက်လှကျွန်း၊နတ်သမီးရေတွင်းကျွန်း၊ဒုံးညောင်မှိုင်း(မော်ကင်းရွာ)}
Day 1
Morning Flight ဖြင့် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ထွက်ခွာပြီး မြိတ်လေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် Regional Tour Guide များမှ ဖော်ရွေပျူငှာစွာ လာရောက်ကြိုဆိုကြမှာ ဖြစ်ပါတယ်။ ထို့နောက် လူကြီးမင်းတို့ တည်းခိုရာဟိုတယ် တွင် check-in လုပ်ပြီး တနင်္သာရီတိုင်း၏ ကမ်းရိုးတန်းမြို့တော်ဖြစ်သည့် မြိတ်မြို့တွင်းရှိ စိတ်ဝင်စားဖွယ် နေရာများဖြစ်သော မြို့တဖက်ကမ်းရှိရွှေသာလျောင်းတော်မူဘုရား၊ ဒေသတွင်းငါးဖမ်းစက်လှေကြီးများ တည်ဆောက်ရာ လှေဒေါက်ကျင်း နှင့် ဇီဝဇိုး ငှက်ကလေးများ၏ သဘာဝငှက်သိုက်အိမ်သို့ သွားရောက်လေ့လာလည်ပတ်ပြီး နေ့လည်စာကို အရသာကောင်းမွန်သည့် မြန်မာဟင်း လျာများဖြင့် သုံးဆောင်ပါမည်။ ပြီးနောက် ယိုးဒယားဘုရင်များ တည်ထားခဲ့သော သမိုင်းဝင်ဘုရားသိမ်များ တည်ရှိရာ တောကျောင်း စာသင်တိုက်ကို သွားရောက်လေ့လာပါမည်။ ဘုရားကြီးလမ်း၊ ရှေးဟောင်းသိမ်များနှင့် ရေကန်ဘောင်၊ ရှေးဟောင်း ယိုးဒယားဘုရား တို့ကို ဆက်လက်သွားရောက်ပြီး ဟိုတယ်တွင် ခေတ္တခဏအပန်းဖြေပါမည်။ ညနေနေဝင် ဆည်းဆာအလှကို ရှေးဟောင်းသမိုင်းဝင်လေး ကျွန်းဆီမီးသိမ်တော်ကြီး စေတီတော်မြတ်ကြီးကို ဖူးမြော်ရင်း ရင်ပြင်တော်ပေါ်မှနေ၍ ကြည့်ရှုခံစား နိုင်မည်ဖြစ်ပါသည်။ ထို့နောက် ကမ်းနားလမ်းရှိ Shopping Center တွင် ဈေးဝယ်ခွင့်ရရှိမည်ဖြစ်ပြီး ညနေစာကို လတ်ဆတ်သော ပင်လယ်စာနှင့် ယိုးဒယားအစား အစာတို့ဖြင့် တည်ခင်းဧည့်ခံကာ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပါမည်။

Day 2
နံနက် (၆) နာရီတွင် နံနက်စာသုံးဆောင်ပြီး ဟိုတယ်မှ စတင်ထွက်ခွာ၍ မြိတ်ကျွန်းစုသို့ ခရီးဆက်ပါမည်။ ပင်လယ်ပြင်ခရီးစဉ် တ လျှောက် ဒေသခံငါးဖမ်းစက်လှေကြီးများနှင့် ရေလုပ်သားတို့၏ ငါးဖမ်းလုပ်ငန်းခွင်များကို ကြည့်ရှုလေ့လာခွင့် ရရှိမည်ဖြစ်ပါသည်။ မြိတ်ကျွန်းစု၏ နာမည်ကြီး နှစ်ဖက်လှကမ်းခြေတွင် ရေကူးခြင်း၊ snorkeling လုပ်ခြင်း၊ သဲသောင်ပြင်တွင် အပန်းဖြေအနားယူခြင်း၊ ကမ်းခြေတည်ရှိရာကျွန်း၏ သဘာဝပတ်ဝန်းကျင်တို့ကို လေ့လာခွင့်ရရှိပါမည်။ ထို့နောက် နတ်သမီးရေတွင်းကျွန်းသို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာကို ကျွန်းပေါ်တွင်ဒေသဟင်းလျာများနှင့် တည်ခင်းဧည့်ခံပါမည်။ ပြီးနောက် မော်ကင်း (ခ) ဆလုံလူမျိုးများနေထိုင်ရာ ဒုံးညောင်မှိုင်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံဆလုံလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်များကို လေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။ ညနေတွင် အက်ဒမန်ပင်လယ်ပြင်၏ နေဝင်ဆည်းဆာအလှကို ခံစားရင်း မြိတ်ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်ပါမည်။ ညစာကိုဟိုတယ် Grand Jade အမိုးပေါ်ရှိ အဆင့်မြင့် Sky View စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

Day 3
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရှေးဟောင်းပေါ်တော်မူစေတီတော်နှင့် မဟာသိဒ္ဓိဇယ (ရွှေတိဂုံပုံတူ) စေတီတော်သို့ သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် အပြန်လမ်းတွင် ကဏန်းပျော့မွေးမြူရေးကန်နှင့် ဒေသထွက်သီဟိုဠ်စေ့အလုပ်ရုံတို့ကို လေ့လာပါမည်။ ထို့နောက် မြိတ်ဈေးကြီးသို့သွားရောက်ကာ ဒေသထွက်ပစ္စည်းများကိုဝယ်ယူကြပါမည်။ ရတနာချစ်သူတို့ အတွက်ဒေသထွက်ပုလဲရောင်းချသောဆိုင်သို့လည်း လိုက်လံပို့ဆောင်ပေးမည်ဖြစ်ပါသည်။ နေ့လည်စာကိုဒေသထွက်နာမည် ကြီး မြိတ်ကိုက်ကြေးကိုက် ဖြင့် တည်ခင်းဧည့်ခံကာ ဟိုတယ်check-out လုပ်ပြီး မြိတ်လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ပါမည်။

ပါဝင်သောဝန်ဆောင်မှုများ
- Speed boat၊ air con ကား၊ ဟိုတယ်၊
- မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ ရေ၊ အအေးနှင့် သစ်သီး
- ရေငုပ်ကိရိယာ (snorkeling equipment)၊ အသက်ကယ်အကျီင်္( life jackets)
- အတွေ့အကြုံရှိ ဧည့်လမ်းညွှန်
- ဝင်ကြေးများ

ခရီးစဉ် ( ၄)
Marine National Park အပါအ၀င်ကော့သောင်းဖက်မှနာမည်ကြီးကျွန်းတွေ အားလုံး ရောက်မည့်ခရီးစဉ် ( 3 Nights 2 Days)

# # # ညနေပိုင်းလေယာဉ်ဖြင့် ရန်ကုန်မြို့မှမြိတ်မြို့သို့စတင်ထွက်ခွာပြီး မြိတ်လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာလာရောက်ကြိုဆိုပြီး သီးသန့်အပျော်စီးလှေပေါ်သို့ ပို့ဆောင် ပေးပါမည်။
# # # ညနေ (၆း၀၀) မှာဆိပ်ငယ်ဘောတံတား(မြိတ်မြို့)မှ စတင်ထွက်ခွါပြီး ပင်လယ်ပြင်ခရီးစဉ်ကို စတင်ပါမည်။ လှေပေါ်မှာ မိတ်ဆက် Dinner Party လေးတစ်ခုပျော်ပျော်ပါးပါးကျင်းပကြမည်။ တစ်ညတာခရီးကို လှေပေါ်မှာ သက်တောင့်သက်သာ အိပ်စက်အနားယူရင်း မနက်မိုးလင်းလို့ လူကြီးမင်းတို့နိုးထလာတဲ့အချိန်မှာ သာယာလှပတဲ့ အရှေ့တောင်အာရှရဲ့ အမွေအနှစ် Marine National Park တည်ရှိရာ လန်ပိကျွန်းသို့ရောက်ရှိနေမှာဖြစ်ပါတယ်။ လှေပေါ်တွင် နံနက်စာသုံးဆောင်ပြီးသည်နှင့် တစ်နေ့တာစိတ်အပန်းဖြေစရာအစီအစဉ်တွေစတင်ပါ့မယ်။
# # # Snorkeling လုပ်ကြမယ် ၊ ရေကူးကြမယ် ၊ MARINE NATIONAL PARK ကိုလေ့လာကြပါမည်။ snorkeling လုပ်ခြင်း၊ ရေကူးခြင်းနှင့်ဒီရေတောတွေထဲ ကယက်လှေလှော်ခြင်း စတာတွေကို မိမိတို့ကြိုက်နှစ်သက်ရာဖြင့် အပန်းဖြေနိုင်ပါမည်။ ကျွန်းပေါ်ဒါမှမဟုတ်လှေပေါ်မှာ ဒေသခံစားဖိုမူးရဲ့လက်ရာဒေသဟင်းလျာများနှင့် နေ့လည်စာကို ပင်လယ်စာဖြင့် သုံးဆောင်ကြ မည်။ ပြီးနောက် ဒေသအခေါ်စစ်တပ်ဂလက်ကျွန်းရဲ့ Snorkeling လုပ်ဖို့အကောင်းဆုံးနေရာတစ်ခုကို ပို့ဆောင်ပေးမှာဖြစ်ပြီး ရေသတ္တ၀ါမျိုးစိတ်တွေကို လှပတဲ့သန္တာကျောက်တန်းတွေနှင့်အတူ လေ့လာခွင့်ရရှိမှာဖြစ်ပါသည်။ ပြီးနောက်နာမည်ကြီးညောင်ဝိ ကျွန်းပေါ်မှာ ရွက်ဖျင်တဲလေးတွေနဲ့ သဘာဝကျကျအိပ်စက်ကြမယ်။
# # # နောက်တနေ့ မနက်ပိုင်းနံနက်စာသုံးဆောင်ပြီးသည်နှင့် နာမည်ြကီး ညောင်ဝိကျွန်းပေါ်မှာ အပန်းဖြေရေကူးခြင်း၊ Snorkeling လုပ်ခြင်း နှင့်ကျွန်းပေါ်မှသဘာဝပတ်ဝန်းကျင်တွေကို လေ့လာကြမယ်။ ပြီးနောက် မြိတ်ကျွန်းစုရဲ့ ဒေသခံစစ်စစ် များဖြစ်ကြသော ကမ္ဘာက sea gipsy ဟုသိကြသော မော်ကင်း ခေါ် ဆလုံလူမျိုးတို့နေထိုင်ရာ မကြုံဂလက်ကျေးရွာသို့သွားရောက်လှည်ပတ်ပြီး မော်ကင်းတို့ရဲ့ရိုးရာဓလေ့သဘာဝစ၇ိုက်များကို လေ့လာခွင့် ရကြပါမည်။ ပြီးနောက်နာမည်ကြီး ၁၁၅ ကျွန်းအပါအ၀င်လန်ပိတစ်ဝိုက်ကျွန်းတွေကို တစ်နေ့တာ အချိန်မကုန်ချင်းမပြတ်လေ့လာကြမည်။ ညနေ၆နာရီမှာတော့ အပြန်ခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ လှေပေါ်မှာပျော်ပျော်ပါးပါးနှုတ်ဆက်ညစာစားကြပြီး သက်တောင့်သက်သာအိပ်စက်အ နားယူပါမည်။နံနက်ခင်းမှာမြိတ်မြို့သို့ပြန်လည်ရောက်ရှိမှာဖြစ်ပြီး မြိတ်မြို့မှရန်ကုန်မြို့သို့လေကြောင်းဖြင့်ပြန်လည်ထွက်ခွာမှာ ဖြစ်ပါသည်။

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ
• နံနက်စာ၊နေ့လည်စာ၊ညစာ
• ဖျော်ရည်၊သစ်သီးနှင့်သရေစာများ၊ရေသန့်
• Snorkeling equipment ၊life Jacket ၊ Kayak လှေ၊ Lifeboat နှင့်လှေပေါ်ပါအခြားအသုံးအဆောင်များ
• ဧည့်လမ်းညွှန်(English)
• လေဆိပ်အကြိုအပို့

ခရီးစဉ် ( ၅ )

မြန်မာပြည်တောင်ပိုင်း မြိတ်ကျွန်းစု (၃) ညအိပ် (၄) ရက် အပျော်ခရီးစဉ်
By Cruise
( ရေပြည့်အော်ကျွန်း ( Mergui Island ) ၊ လငန်းရွာ ၊ ကြယ်လိပ်ကျွန်း ၊ ဓနသိနိ¨ကျွန်း ၊ ဂျာဘုတ်ကျွန်း ၊ စမတ်ကျွန်း ၊ နှစ်ဖက်လှကျွန်း ၊ ဒုန်းညောင်မှိုင်းရွာ )

Day (1)
နံနက်၇နာရီတွင် ဟိုတယ်မှလှေဆိပ်သို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ၇နာရီခွဲအချိန်တွင် လှေဆိပ်မှ မြိတ်ကျွန်းစု၏လူသိများသော ကျွန်းများထဲတွင် တစ်ကျွန်းအပါအဝင်ဖြစ်သော “Mergui Island”သို့ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ ပင်လယ်ပြင်ခရီးတစ်လျှောက် ဒေသခံငါးဖမ်း စက်လှေကြီးများနှင့် ရေလုပ်သားတို့၏ငါးဖမ်းလုပ်ငန်းခွင်များကို ကြည့်ရှု့လေ့လာရရှိမှာဖြစ် ပါတယ်။ မြိတ်ကျွန်းစု၏နာမည်ကြီးကမ်းခြေတွင် ရေကူးခြင်း၊ Snorkelingလုပ်ခြင်း ၊ kayaking လုပ်ခြင်း၊ သဲသောင်ပြင်ပေါ် တွင် အပန်းဖြေအနားယူခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ထိုနောက် မြန်မာလူမျိုးစုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဆလုံလူမျိုးစုများ နေထိုင်ရာ“လငန်းကျေးရွာ” သို့ခရီးဆက်မှာဖြစ်ပါတယ်။ လငန်းရွာတွင် ဆလုံလူမျိုးများ၏ နေထိုင်မှုဓလေ့သဘာဝ၊ မတူညီ သောဘာသာစကား ၊ ယုံကြည်ကိုးကွယ်မှုများကို လေ့လာပြီး တစ်ဖက်ကမ်းမှလငန်းကျွန်းတွင် ညအိပ်ကြရမှာဖြစ်ပါ တယ်။

Day (2)
နောက်တစ်နေ့ မနက်အိပ်ရာထသည်နှင့် မနက်စာသုံးဆောင်ပြီး လငန်းကျွန်းတွင် ရေအောက်သဘာဝ၏ အလှအပများကိုစိတ်ကြိုက် လေ့လာရမှာဖြစ်ပါတယ်။ လငန်းကျွန်းတွင် Snorkeling ပြုလုပ်ခြင်းဖြင့် ပင်လယ်ငါးမျိုးစိတ်များနှင့် မြိတ်ကျွန်းစု၏ သန္တာကျောက်တန်းမျိုးစုံကို စုံစုံလင်လင် လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ထိုနောက် ကြည်လင်အေးမြသော ပင်လယ်ရေနှင့် ရေအောက်သတ္တဝါမျိုးစိတ်များ ပေါများပြီး သာယာလှသည့် “ ဖြုန်းကြီးကျွန်း (ခေါ်) ကြယ်လိပ်ကျွန်း ” သို့ခရီးဆက်မှာဖြစ်ပါတယ်။ ကြယ်လိပ်ကျွန်းတွင် ရေကူးခြင်းနှင့် လှေလှော်ခြင်း များအပြင် ပင်လယ်ငါးမျိုးစိတ်များ လေ့လာပြီးသည်နှင့် လှေပေါ်တွင် နေ့လည်စာသုံးဆောင်ရမှာ ဖြစ်ပါတယ်။ ထိုနောက် ကြယ်လိပ်ကျွန်း၏ကျွန်းညီနောင်ဖြစ်သော “ဖြုန်းငယ်ကျွန်း(ခေါ်) ဓနသိန္ဓိကျွန်း ” သို့ တစ်ညတာ စခန်းချနားယူရန် ဆက်လက်ခရီးနှင်မှာ ဖြစ်ပါတယ်။

Day (3) နောက်တစ်နေ့နံနက်စာစားပြီးသည်နှင့်မြိတ်မြို့၏ထင်ရှားသောကျွန်းတစ်ကျွန်းဖြစ် သည့် “ ဂျာဘုတ်ကျွန်း ” သို့ဆက်လက်ခရီးနှင်မှာ ဖြစ်ပါတယ်။ ထိုနောက် ဂျာဘုတ်ကျွန်းတွင် ပျော်ရွှင်စွာရေကစားပြီး ရေအောက်သဘာဝအလှများကို စိတ်တိုင်းကျ လေ့လာရမှာ ဖြစ်ပါတယ်။ ထိုနောက် ပင်လယ်ပြင် ဆည်းဆာအလှကို တစ်ဝကြီးခံစားရင်း“Smartကျွန်း” သို့ ညအိပ်စခန်းချ ရန် ခရီးနှင်ရမှာဖြစ်ပါတယ်။ ထိုနောက် လှေပေါ်တွင်ညနေစာ သုံးဆောင်ရမှာဖြစ်ပါတယ်။ ညစာသုံး ဆောင်ပြီးသည်နှင့် ကျွန်းပေါ်တွင် မီးပုံပြီ “ BeachParty ” လေးတစ်ခုဖန်တီးရင်း ရွက်ဖျင်တဲကလေးများဖြင့် သဘာဝကျစွာ အိပ်စက် အနားယူရမှာ ဖြစ်ပါတယ်။

Day (4)
မနက်စာသုံးဆောင်ပြီးသည်နှင့် စမတ်ကျွန်းမှ “နှစ်ဖက်လှကျွန်း(ခေါ်)သဲနှက်တန်းကျွန်း” သို့စတင်ထွက်ခွါမှာ ဖြစ်ပါတယ်။ နှစ်ဖက်လှကျွန်းတွင် ရေကူးခြင်း ၊ kayaking (လှေလှော်ခြင်း)၊ အလှဓာတ်ပုံ ရိုက်ကူးခြင်းများပြုလုပ်ပြီး နေ့လည်စာသုံးဆောင်ရမှာ ဖြစ်ပါတယ်။ ထိုနောက် ဆလုံလူမျိုးများ နေထိုင်ရာ ရွာကလေးများထဲမှ တစ်ခုဖြစ်သော “ဒုန်းညောင်မှိုင်းရွာ” သို့ ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ဒုန်းညောင်မှိုင်းရွာမှ ဆလုံလူမျိုးစုများကို လေ့လာပြီးမြိတ်မြို့သို့ အပြန်ခရီးဆက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ
• နံနက်စာ၊နေ့လည်စာ၊ညစာ
• ဖျော်ရည်၊သစ်သီးနှင့်သရေစာများ၊ရေသန့်
• Snorkeling equipment ၊ lifejacket ၊ Kayakလှေ၊ Lifeboat နှင့်လှေပေါ်ပါအခြား အသုံးအဆောင်များ
• ဧည့်လမ်းညွှန်(English)
• လေဆိပ်အကြိုအပို့

ခရီးစဉ် ( ၆ )
မြိတ်ကျွန်းစု နှင့် လန်ပိတစ်ခွင် အပျော်ခရီးစဉ်
၃ ညအိပ် ၄ ရက်ခရီးစဉ်
Day 1
မနက်ပိုင်းတွင် မြိတ်လေဆိပ်မှ ဆိပ်ငယ်ဘောတံတားသို့ ဒေသခံ ဧည့်လမ်းညွန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး သီးသန့်အပျော်စီးလှေဖြင့် ဆလုံလူမျိုးများရဲ့ရိုးရာဓလေ့ကိုလေ့လာရမည့် ဒုန်းညောင်မှိုင်း (ခ) ဆလုံရွာသို့စတင်ထွက်ခွါပါမည်။ နေ့လည်စာကို ဒုန်းညောင်မှိုင်းရွာ (သို့) လှေပေါ်တွင်သုံးဆောင်ပါမည်။ ထို့နောက်မြိတ်ကျွန်းစုရဲ့ လူသိများကျော်ကြားတဲ့နှစ်ဖက်လှကျွန်း(ခ) သဲနက်တန်းကျွန်းသို့ဆက်လက် ခရီးဆက်ပါမည်။ ရေဆော့ကစားခြင်း၊ ရေအောက်ရှိသဘာဝအတိုင်းဖြစ်ပေါ်နေသော သန္တာကျောက် တန်းများကိုလည်း snorkeling ပြုလုပ်ခြင်းဖြင့် လေ့လာကြည့်ရှုနိုင်ပါသည်။ ညနေပိုင်းတွင် လှေပေါ်မှ နေဝင်ချိန်ကိုကြည့်ရှုခံစားရင်း Marine National Park (ခ) လန်ပိကျွန်းသို့ ခရီးဆက်မည်။ တစ်ညတာခရီးကို လှေပေါ်မှာ အပန်းဖြေအိပ်စက်ပြီး အနားယူကြပါမည်။
Day 2
လူကြီးမင်းတို့နိုးထလာတဲ့အချိန်မှာ သာယာလှပတဲ့အရှေ့တောင်အာရှရဲ့ အမွှေအနှစ် Marine National Park တည်ရှိရာလန်ပိကျွန်းသို့ ရောက်ရှိနေမှာဖြစ်ပါတယ်။ လှေပေါ်တွင် နံနက်စာသုံးဆောင်ပြီး သည်နှင့် တစ်နေ့တာစိတ်အပန်းဖြေစရာအစီအစဉ်စတင်ပါမည်။ Snorkeling လုပ်ကြမယ် ၊ ရေကူးကြမယ် ၊ MARINE NATIONAL PARK ကိုလေ့လာကြပါမည်။ snorkelingလုပ်ခြင်း၊ ရေကူးခြင်းနှင့်ဒီရေတော တစ်လျှောက် ကယက်လှေလှော်ခြင်းစတာတွေကို မိမိတို့ကြိုက်နှစ်သက်ရာဖြင့် အပန်းဖြေနိုင်ပါမည်။ ကျွန်းပေါ် ဒါမှမဟုတ် လှေပေါ်မှာ ဒေသခံစားဖိုမူးရဲ့ လက်ရာဒေသဟင်းလျာများနှင့် နေ့လည်စာကို ပင်လယ်စာဖြင့်သုံးဆောင်ကြမည်။ ပြီးနောက်ဒေသအခေါ် စစ်တပ်ဂလက်ကျွန်းရဲ့ Snorkeling လုပ်ဖို့ အကောင်းဆုံးနေရာတစ်ခုကို ပို့ဆောင်ပေးမှာဖြစ်ပြီးရေသတ္တ၀ါမျိုးစိတ်တွေကို လှပတဲ့သန္တာကျောက်တန်း တွေနှင့်အတူလေ့လာခွင့်ရရှိမှာဖြစ်ပါသည်။ ပြီးနောက်နာမည်ကြီးညောင်ဝိကျွန်းပေါ်မှာ ရွက်ဖျင်တဲလေး တွေနဲ့ သဘာဝကျကျအိပ်စက်ကြမယ်။

Day 3
နောက်တနေ့ မနက်ပိုင်းနံနက်စာသုံးဆောင်ပြီးသည်နှင့် နာမည်ြကီး ညောင်ဝိကျွန်းပေါ်မှာ အပန်းဖြေရေကူးခြင်း၊Snorkelingလုပ်ခြင်းနှင့်ကျွန်းပေါ်မှသဘာဝပတ်ဝန်းကျင်တွေကို လေ့လာကြမယ်။ ပြီး နောက် မြိတ်ကျွန်းစုရဲ့ ဒေသခံစစ်စစ် များဖြစ်ကြသော ကမ္ဘာက sea gipsy ဟုသိကြသော မော်ကင်း

ခေါ်ဆလုံလူမျိုးတို့နေထိုင်ရာ မကြုံဂလက်ကျေးရွာသို့သွားရောက်လှည့်ပတ်ပြီး မော်ကင်းတို့ရဲ့ရိုးရာဓလေ့ သဘာဝစ၇ိုက်များကို လေ့လာခွင့်ရကြပါမည်။ တစ်နေ့တာလုံးလည်ပတ်ပြီးနောက် လှေပေါ် (or) ကမ်းခြေပေါ်တွင် အပန်းဖြေအိပ်စက်အနားယူရမှာဖြစ်ပါတယ်။

Day 4
ပင်လယ်ရေလှိုင်းလေးများ၏ လှိုင်းပုတ်ခတ်သံလေးအတူ မနက်ခင်းကိုနိုးထ၍ နံနက်စာ သုံးဆောင် ပြီးနောက်နာမည်ကြီး ၁၁၅ ကျွန်းအပါအ၀င် လန်ပိတစ်ဝိုက်ကျွန်းတွေကိုလည်ပတ်ပြီး မြိတ်မြို့သို့အပြန် ခရီး ဆက်ပါမည်။

ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ
• နံနက်စာ၊နေ့လည်စာ၊ညစာ
• ဖျော်ရည်၊သစ်သီးနှင့်သရေစာများ၊ရေသန့်
• Snorkeling equipment ၊ lifejacket ၊ Kayakလှေ၊ Lifeboat နှင့်လှေပေါ်ပါအခြား အသုံးအဆောင်များ
• ဧည့်လမ်းညွှန်(English)
• လေဆိပ်အကြိုအပို့

ခရီးစဉ် အကြောင်းအသေးစိတ်နဲ့ ဈေးနှုန်းများ သိချင်တယ်ဆိုရင်
Message Box , Phone 09448857603 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ ..
လူကြီးမင်းတို့ အဆင်ပြေအောင် အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက်ေပးပါသည်။
မကြာခင် မြန်မာပြည် အနှံ့ ဘုရားဖူး ခရီးစဉ်များနှင့် အပန်းဖြေ အလည်အပတ် ခရီးစဉ်များ တင်ပေးမှာ ဖြစ်တဲ့ အတွက် Like and Follow လုပ်ထားကြဖို့ မမေ့ကြနဲ့နော်.

Hello Everybody Morning🌞and I wish U can find the source of Nature🌲Location- Myanmar 🇲🇲
04/10/2017

Hello Everybody Morning🌞and I wish U can find the source of Nature🌲
Location- Myanmar 🇲🇲

ကျိုက္ခမီ ရေလယ်ဘုရား ( ကျိုက္ခမီ မြို့ )  ကျိုက္ခမီရေလယ်ဘုရားမှာ ကျိုက္ခမီမြို့ မော်လမြိုင်ခရိုင် ကျိုက္ခမီမြို့ ပင်လယ်ကမ်ြးေ...
17/08/2017

ကျိုက္ခမီ ရေလယ်ဘုရား ( ကျိုက္ခမီ မြို့ )

ကျိုက္ခမီရေလယ်ဘုရားမှာ ကျိုက္ခမီမြို့ မော်လမြိုင်ခရိုင် ကျိုက္ခမီမြို့ ပင်လယ်ကမ်းခြေစပ်တွင် ပေါ်ထွန်းသော ကျောက်ဆောင်ကုန်းထပ်တွင် ကိန်းဝပ်စံပယ်တော်မူသည်။

မြတ်စွာဘုရား ပွင့်တော်မူခါနီးတွင် ရာမညကရန္နကတိုင်း သုတိန္နနဂရမြို့ ( သုဝဏ္ဏဘူမ္မိ ) တွင် တိသာရာဇမင်း နန်းစံရာ ၊ သားတော် တိဿာကုမ္မာနှင့် သီဟကုမ္မာ တို့သည် သံသရာ ဝဋ်ကိုမြင်၍ ရသေ့ပြုပြီး နောင်တော် တိဿရသေ့သည် ဂစ္ဆဂီရိ ( ဇင်းကျိုက် ) တောင်၌လည်းကောင်း ညီတော်သည် ဗန္ဓဝဂီရီ ( ဇွဲကပင် ) တောင်၌လည်းကောင်း သီတင်းသုံးတော် မူလေသည်။

ထိုရသေ့တို့ မွေးစားသော သူငယ်သည် သေလွန်၍ မဇ္စုမ ဒေသ၌ လူဝင်စားဖြစ်ကာ မြတ်စွာဘုရားပွင့်တော် မူသောအခါ တရား နာကြား၍ ၇ နှစ် အရွယ်တွင်ပင် ဂဝမ္မတီ ရဟန္တာဖြစ်လေသည်။ ထို့နောက် ဂဝမ္မတိထေရ်သည်
ဘဝဟောင်းက မွေးစားခမည်းတော် ရသေ့တို့ကို မြတ်စွာဘုရားကို ဖူးမြော်စေနိုင်ရန် မြတ်စွာဘုရားကို ပင့်ဆောင်၍ မြတ်စွာဘုရားသည် သုဝဏ္ဏဘူမ္မိ ပြည် သို့ ကြွတော်မူရာ ယောနဂတိုင်း သာဂရပြည် ကြင်းမိုင်မြို့ သို့ ရှေးဦးစွာ ရောက်ရှိတော်မူလေသည်။ ကြင်းမိုင်မင်းတွင် သားတော် နှစ်ကျိပ်ရှိ၍ မင်းကိုးကွယ်သော ကပိန္နရသေ့တပါးလည်း ရှိလေသည်။ မင်းသားများနှင့် ရသေ့တို့သည် ဘုရားရှင်အားဖူးမြော်၍ တရားနာကြားပြီးနောက် ကိုးကွယ်ရာကို တောင်းပန်သဖြင့် ဆံတော်တစ်ဆူ စီ ပေးအပ်တော်မူလေသည်။ မြတ်စွာဘုရားသည် ကြင်းမိုင်မြို့မှ တောင်ဝိုင်းတောင် ( ကျိုက္ခမီ တောင်ဘက် သုံးမိုင်ခန့်ကွာ ) သို့ ကြွရောက်သီတင်းသုံး၍ ကျိုက္ခမီ ဘုရားတည်ရာ ကျောက်ဆောင်ပေါ်တွင် တဖန် င်္သတင်းသုံးပြီးမှ သုဝဏ္ဏဘူမ္မိသို့ ကြွတော်မူလေသည်။

ရသေ့နှင့်မင်းသားတို့သည် ဆံတော်ကိုအထူးပူဇော်ကြ၍ ရတနာအမျိုးမျိုးတို့ဖြင့် မွမ်းမံပြီးသော စေတီတည်ရန် နေရာကို ရှာဖွေသော မော်လမြိုင်မြို့အထက် မြစ်မကြီး နှစ်ကွေ့ခွဲအကွာ အရှေ့ဘက်ကမ်း၌ရှိသော တောင်ပေါ်တွင် ဆံတော် ၁၀ ဆူ ဌာပနာ ၍ ၁၈ တောင် မြင့်သော စေတီကို တည်လေသည်။ သာသနာနှစ် ၁၁၇ နှစ်တွင်ပြီး၍ ဒသမ စေတီတော်ဟု သမုတ်လေသည်။ ဒဿမ စေတီကို နောင်အခါ ဒမဿစေတီဟု ခေါ်၍ ရွာကို ဒမသ ရွာဟု ခေါ်တွင်ရာ ယခုအခါ ကော့ကရိတ် မြို့နယ်အတွင်းတွင် တည်ရှိလေသည်။

မင်းသားညီနောင်တို့သည် ဧကဒဿမဘုရား တောင်ဘက် ကော့ဘိန်းအရပ်၌ မြို့တည်ထောင်ရာ အရပ်အနေ မသင့်သဖြင့် ဥဒေါင်းပါသော မြစ်လေးမြွာဆိုင်ရာ တောကို ရှင်းလင်း၍ ရမ္မာဝတီမြို့တည်ပြန်ရာ ရမ္မာဝတီဟု သမုတ်၍ နောင်အခါ မောရမြိုင် မော်လမြိုင် ဟု ခေါ်တွင်လေသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက် သာသနာ နှစ် ၂၁၇ ခုနှစ်တွင် သီဟိုဠ်ကျွန်း ဒေဝါနံ ပိယတိဿ မင်းသည် အဓိဌာန်၍ ရအပ်သော ရုပ်ပွား ၄ ဆူကို သာသနာတည်တံ့ရန် ကျွန်းတုံး သင်္ကန်းတုံး ကျောက်လှည်းဘီးထက်တွင် တင်၍ သာသနာတည်ရာအရပ်၌ ဆိုက်စေရန် အဓိဌာန်၍ မျှော်လွတ်ရာ သင်္ကန်းတုံးနှင့် ရုပ်ပွားတော်သည် ကျိုက္ခမီ ရေလယ်ဘုရားကုန်းသို့ ၂၁၇ ခုနှစ် နတ်တော်လပြည့်နေ့၌ ဆိုက်တော်မူ၍ ဧကဒဿမ စေတီ အရှေ့ဘက် မုခ်တွင် ပင့်ဆောင်၍ နောင်အခါ စေတီတော် ပြိုပျက်သဖြင့် အပေါ်မှ ငုံကာ ဝတ်ကျောင်းဆောက်လုပ်၍ ရုပ်ပွားတော်ကို ပင့်ဆောင်ထားလေသည်။ ရုပ်ပွားတော်သည် အစဉ်သဖြင့် တောင်ဘက်ပင်လယ်သို့သာ မျက်နှာမူမြဲ ကိန်းဝပ်သဖြင့် မွန်ဘာသာဖြင့် ကျိုက်ဟမီ ဘုရားမျှော်ဟု ခေါ်တွင်ရာမှ ကျိုက္ခမီ ဟု တွင်ခဲ့၍ မြို့ရွာကိုပါ ကျိုက္ခမီ ဟု ခေါ်တွင်ခဲ့လေသည်။

ဝတ်ကျောင်း ပတ်ဝန်းကျင်တွင် တံတား၊ ကျောက်လမ်း၊ ကျောင်း၊ ဇရပ် ၊ မုခ်ဦးတို့ကို ဒါယိကာများ အဆင့်ဆင့်က တည်ထားလှူဒါန်းခဲ့ကြသည်။ ၁၂၈၂ ခုနှစ်က စ၍ အဆောက်အအုံများ တိုးပွားလာခဲ့ရာ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ လဆုတ် ၈ ရက်နေ့အထိ ဘုရားပွဲတော် ကျင်းပလေ့ ရှိသည်။

16/08/2017

😉😉

ကျောက်တော်ကြီး ဘုရား (မန္တလေးမြို့)ကျောက်တော်ကြီးဘုရားမှာ မန္တလေးတောင်ခြေအနီး အရှေ့တောင်ဘက်တွင် ကိန်းဝပ်စံပယ်တော်မူလေသည်။ ...
12/08/2017

ကျောက်တော်ကြီး ဘုရား (မန္တလေးမြို့)

ကျောက်တော်ကြီးဘုရားမှာ မန္တလေးတောင်ခြေအနီး အရှေ့တောင်ဘက်တွင် ကိန်းဝပ်စံပယ်တော်မူလေသည်။ အကြီးဆုံးသော သလင်းကျောက်သား ဆင်းတုတော် ဖြစ်လေသည်။

မင်းတုန်းမင်းကြီးသည် မန္တလေးမြို့တော်ကို တည်ထောင်စံမြန်း၍ ၅ နှစ်ကြာသောအခါ သက္ကရာဇ် ၁၂၂၆ ခုနှစ်ခုနှစ်တွင် မန္တလေးမြို့ မြောက်ဘက် မိုင် ၂၀ ခန့် ကွာဝေးသော စကျင်တောင်ပေါ်၌ ကြီးမားသော ကျောက်သားတော်မှ ကျောက်ဆင်းတု ရုပ်ပွားတော်ကြီး ထွင်းထုရန် ကျောက်ဆစ်ပညာကျော်များအား စေလွတ်တော် မူလေသည်။

ရုပ်ပွားတော်ကြီး ထုလုပ်ပြီးသော အခါ လှေဖောင်တော်နှစ်စင်းကို ခိုင်ခံ့စွာ စီရင်ပြီးနောက် ဝါခေါင်လ ရေသင့်သောအခါ စကျင်တောင်ခြေရေစပ်မှ မြေရွာမြစ်နားအရောက် ဆွဲယူပင့်ဆောင်ပြီးလျှင် မြစ်တွင်းမှ မြနန်းစကြာ မီးသင်္ဘောဖြင့် ပင့်ဆောင်ခဲ့ရာ ဝါခေါင်လပြည့်ကျော် - ၂ ရက်နေ့တွင် မန္တလေးမြို့တော် အနောက် အီကင်း ရွာဆိပ်သို့ ဆိုက်ရောက်တော်မူလေသည် ။ ထိုရွာဆိပ်မှ ခံကုန်းရွာမြောက် ရွှေတချောင်း မြောင်းအတွင်းမှ အမူတမ်း တစ်သောင်း နှစ်ထောင်ကျော်ဖြင့် တန်ဆောင်မုန်းလဆန်း ၂ ရက်နေ့တွင် မန္တလေးတောင်ခြေကိန်းဝပ်ရာသို့ ပို့ဆောင်တော်မူလေသည်။

၁၂၂၆ ခုနှစ် တပေါင်းလတွင် ရုပ်ပွားတော် မျက်နှာတော်ဖွင့်၍ ၁၂၂၇ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက်နေ့ တချက်တီးကျော်ချိန်တွင် မင်းကြီးကိုယ်တော်တိုင် ရွှေစုတ်တော်ဖြင့် မျက်ရေးတော် မျက်ခုံးတော်တို့ကို ရေးဖွင့်၍ မဟာသကျ မာရဇိန်ဘွဲ့တော် ဆည်းကပ်လေသည်။
သို့ရာတွင် ကျောက်တော်ကြီး ဟူ၍ ထင်ရှားလေသည်။

ရုပ်ပွားတော်၏ ညာဉ်တော်မှာ စမ္ပခံမှ ရောင်လျန်တော်ထိ ၁၇ တောင် ၁ မိုက် ၄ သစ် ၊ ထက်ဝယ်တော် အပြန့် ၁၂ တောင် အပန်း ၂၈ တောင် ၂ မိုက် ၄ သစ် ၊ ခါးတော်အဝန်း ၁၀ တောင် ၂ မိုက် ၄ သစ်၊ ပုခုံးစွန်း အကျယ် ၈ တောင် အဝန်းအတောင် ၂၀ ၊ ဦးခေါင်းတော် အဝန်း ၁၄ တောင် ရှိလေသည်။ ဘုရားကြီးဝဲယာပတ်လည်၌ အသီတိသာဝက ရဟန္တာ ရုပ်ထုတော်များကို အုဋ္ဌ်ပြသာဒ်တဆောင်စီဖြင့် တည်ထားခဲ့လေသည်။

ရသေ့ကြီး ဦးခန္တက အုဋ္ဌ်ပြသာဒ်တော်တို့၏ အနီးပတ်လည်တွင် လေးမျက်နှာပြည့် ဆောင်းတန်းများ ဆောက်လုပ်လှူတန်းခဲ့လေသည်။ သီတင်းကျွတ်လတွင် ပွဲတော်ကျင်းပ၍ အထူးစည်ကားသည်။

ခရီးသွား ဗဟုသုတ ၊ စေတီပုထိုး သမိုင်းများကို လေ့လာခြင်တယ် ခရီးသွားဖို့ ဈေးသက်သက်သာသာ နဲ့ ၀န်ဆောင်မူ ကောင်းကောင်း Tour Package Plan တွေ ရှိတဲ့ Tour Service ကို ရှာနေတယ်ဆိုရင်တော့ ကျွန်တော်တို့ Page လေးကို Like လုပ်ထားလိုက်ဖို့ ဖိတ်ခေါ်ပါတယ်😘😘😘

Address


Alerts

Be the first to know and let us send you an email when Best Holiday Singapore Travels & Tours Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Best Holiday Singapore Travels & Tours Co., Ltd:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share