Life Experiences Of DG

  • Home
  • Life Experiences Of DG

Life Experiences Of DG Respect Each Other

လာအိုမှာ အကြိုက်တွေ့ခဲ့တဲ့ မုန့်လေးတွေ🖤🍕🍔🍰လာအိုရောက်ခဲ့ရင် ဟိုတယ်ပိုင်ရှင်မမကအစ ဝန်ထမ်းတွေထိ ရုပ်ချောသဘောကောင်းတဲ့ ကောင်...
13/04/2024

လာအိုမှာ အကြိုက်တွေ့ခဲ့တဲ့ မုန့်လေးတွေ🖤🍕🍔🍰
လာအိုရောက်ခဲ့ရင် ဟိုတယ်ပိုင်ရှင်မမကအစ ဝန်ထမ်းတွေထိ ရုပ်ချောသဘောကောင်းတဲ့ ကောင်မလေး ကောင်လေးတွေရှိတဲ့ CHEUANG Hotel 2 မှာတည်းပြီး
ဟိုတယ်ရှေ့က Alberto Minichef Bakery and Desert မှာဘဲ ရတဲ့ ဒီမုန့်လေးတွေ Try ကြည့်ပါလို့
Recommend ပေးချင်ပါတယ် DG လို မုန့်စားရတာ ကြိုက်တဲ့သူတွေရှိရင် အကြိုက်တွေ့စေရမယ်လို့
အာမခံပါတယ်ရှင် အားလုံးဘဲ မဂ်လာရှိတဲ့ နှစ်သစ်လေးကိုပိုင်ဆိုင်ပြီး ကျန်းမာပျော်ရွှင်ကြပါစေရှင်🖤

Bangkok မှာ Korea ဆိုင်ကောင်းတာ​လေးတွေ့ခဲ့တယ် OnNut BTS Station ဘေးက Centurt Mall ထဲ Korea ဆိုင်လေး SoDAM တဲ့ အရသာလေးတွေ...
19/09/2023

Bangkok မှာ Korea ဆိုင်ကောင်းတာ​လေးတွေ့ခဲ့တယ် OnNut BTS Station ဘေးက Centurt Mall ထဲ Korea ဆိုင်လေး SoDAM တဲ့ အရသာလေးတွေကတော့ မဆိုးဘူး ဆိုးနေတာတစ်ခုက စျေးနှုန်းလေးတွေ🤐😅
DG မှာစားခဲ့တဲ့ထဲမှာ အကြိုက်ဆုံးက တစ်ခုဘဲရှိတယ်
အ့တာ Mixed Berry Soda လေး တော်တော်ကိုကောင်းတယ် ပြီးတော့ သူက Korea စာလေးနဲ့ဘဲလိုက်ဖတ်သွားတာလားမသိဘူး သူ့ရဲ့အရသာက ချဥ်ချိူလေးကိုမှ Berry သီးခြောက်လေးတွေပါးစပ်ထဲပါလာပြီး ပျော်ဝင်နေတာကိုက ခံစားလို့ကောင်းတာ စာရေးရင်းတောင်ပြန်သောက်ချင်လာတယ် 🤤 နောက်ထပ်ကြိုက်တာက
​Fried Chicken Wing ပျားရည်လေးနဲ့ကြော်ထားတာ ချိူချိူလေးကိုမှ ဆော့လေးနဲ့ တော်တော်ကောင်းဘဲ ကျန်တာတွေကိုတော့ အရမ်းကြိုက်လောက်တဲ့ထဲမပါဘူး
ဒါပေမယ့် သူတို့လာချပေးတဲ့ ဂင်မ်ချီ ထဲမှာတော့
အဖြူရောင် မုန်လာဥ ဂင်မ်ချီလေး တော်တော်ကိုကောင်း
Korean Foods တွေထဲမှာတော့ DG စားခဲ့ဘူးသမျှ ဆိုင်တွေထဲမှာ Singapore က Bugist Mall ထဲမှာရှိတဲ့
အဆောက်ဦး တစ်ခုနဲ့တစ်ခုကြား ကူးတဲ့ တံတားလေးဘေးက ကပ်လျှပ် ဘူဂိုဂီလ် ဆိုင်လေးတော့ အရမ်းကြိုက်တယ် သူငယ်ချင်းတို့လည်း ရောက်ခဲ့ရင်သွားစားကြည့်နော် Korea သွားစရာမလိုဘဲ Korea ရောက်သွားသလို ခံစားစေရမယ်လို့ အာမခံပါတယ် 🤗
အားလုံးဘဲ ကျန်းမာပျော်ရွှင်သော နေ့သစ်များကို
ပိုင်ဆိုင်နိူင်ကြပါစေရှင် ။

*ဒီနေ့အတွက် ဘဝရဲ့အတွေ့အကြုံလေး တစ်ခုပါ*Singapore ကနေ Bangkok ကို DG တို့လင်မယား 14 ရက် free visa နဲ့ လာပါတယ်ပေါ့နော် may...
18/09/2023

*ဒီနေ့အတွက် ဘဝရဲ့အတွေ့အကြုံလေး တစ်ခုပါ*

Singapore ကနေ Bangkok ကို DG တို့လင်မယား
14 ရက် free visa နဲ့ လာပါတယ်ပေါ့နော်
may be 2weeks ဘဲနေဖို့ DGတို့ အစီစဥ်ရှိတာကြောင့် တခြားဘာ plan မှ မပြင်ဆင်ထားမိဘူးပေါ့နော်😢
ဒါနဲ့ DGတို့ နောက်ထပ်တစ်လနေဖို့အကြောင်းပေါ်လာ extend ကိုဘယ်လိုတိုးကြမလဲ နည်းလမ်းရှာတယ်
နီးစပ်ရာမေးတယ် YouTube တွေမှာလည်းရှာတယ်
အမျိူးမျိူးသောနည်းလမ်းတွေ DG တို့ရပါတယ်
Agent တွေဆိုလည်း စျေးအမျိူးမျိူးပေါ့နော်
ဒါနဲ့ DGတို့လည်းစျေးအသက်သာဆုံးနည်းဘယ်လိုရှိမလဲ onlineမှာရှာတော့ ကိုယ်တိုင်လုပ်ရင် သက်သာမယ်
ဘတ် 1900ဘဲကုန်မယ်ဆိုတော့ ကိုယ်တိုင်လုပ်မယ် ဆုံးဖြတ်လိုက်တယ် အ့မှာ ဘာတွေလိုအပ်လဲ ဆက်ရှာ လိုအပ်တာတွေပြင်ဆင်တယ် အ့မှာ အခက်အခဲရှိတာက ထိုင်းနိုင်ငံမှာ communicate လုပ်လို့မကောင်းဘူး သူတို့လူမျိူးတွေက သူတို့ mother language ကိုဘဲ ပြောတက်ကြတယ် Eng ကို ထမင်းစားရေသောက် ရတဲ့လူဆိုတာ အတော့ အတော်ကို ရှားတယ် ဒါကြောင့် ကိုယ်တစ်ခုခုသိချင်တာရှိရင် google translate နဲ့မေးရပြောရတယ် ခေတ်ကတိုးတက်နေတော့ နဲနဲတော့အဆင်ပြေသား😁 ဒီလိုနဲ့ တချိူ့ မြန်မာ တွေလည်း သိသလောက်ပြောပြပေးတဲ့သူတွေရှိပါတယ် ဒါပေမယ့် social media ပေါ်ကနေဘဲ မေးရမြန်းရ တစ်ခါတလေ သူတို့က ပြောပြပေမယ့် ကိုယ်နားမလည်တာလည်းရှိသေးတယ် တနေရာရာသွားရမယ်ဆိုလည်း Singapore လို Public Transport က အရမ်းကြီး fix မဖြစ်တော့ သွားရလာရတာလဲ နည်းနည်းအခက်တွေ့တယ် Boltကငှားတဲ့ Taxi တို့ Economy ဘဲစီးနေရတော့ အကုန်ကျများတာပေါ့ ဒါတော့DGအတွေ့အကြုံပါ DG ပြောပြချင်တာခုမှစမှာ ပေါ့နော် အ့နေ့က Extend တိုးဖို့အတွက် DGတို့လင်မယား Immigration ကိုသွားတယ်ပေါ့နော် DGတို့ရောက်သွားတော့ ကောင်တာကအရာရှိတစ်ယောက်က DGတို့ကို
IT Square ကိုသွားပါဆိုလို့ DGတို့လည်းလည်းကြောင်သွားတယ် မသွားတက်ကြဘူးလေ ပြီးတော့ DGတို့ထင်တာက လူတိုင်းExtendတိုးနေတာဒီမှာဆိုတော့ ငါတို့ကိုဘာလို့များတခြားနေရာလွှတ်တာပါလိမ့်ဆိုပြီး အတွေးတွေဝင်တာပေါ့ Immegration မှာအမျိူးမျိူးရှိတာ တကယ်မသိကြဘူးလေ အ့မှာဘဲ ကိုယ်တွေချင်းစကားပြောနေတာကို ဘေးက အန်တီတစ်ယောက် လာမေးတယ် မြန်မာတွေလားတဲ့ ဒါနဲ့ DGတို့ကဝမ်းသာအားရဟုတ်ပါတယ်မြန်မာပါဆိုပြီးပြောလိုက်တာပေါ့ ပီးတော့အမှန်တိုင်းပြောရရင် သူများကိုအားကိုးချင်မိတဲ့စိတ် မြန်မာချင်းဆိုတော့ Communicate လုပ်ရလည်းလွယ် ကူညီမှာဘဲဆိုတဲ့စိတ်နဲ့ အ့မှာ DGတို့ကစပြီးမေးကြည့်လိုက်တာ သူကလည်းလာနှုတ်ဆက်တာနဲ့ အမ ဒါလေးဘယ်လိုဖြည့်ရလဲသိရင်ပြောပြပေးပါလားပေါ့ အ့မယ် အ့အန်တီက ဘာပြောလိုက်လဲဆိုတော့ အမက Agent တဲ့ အ့တော့အလကားမပြောပြပေးဘူး ပိုက်ဆံပေးရမယ်တဲ့ မဖြည့်တက်ရင်အမကို အကုန်အပ်လိုက်တဲ့ ပိုက်ဆံပေးပြောပြမယ်တဲ့ ကိုယ်လည်းဟုတ်ကဲ့ဆိုပြီးပြုံးပြပြီး ထွက်လာခဲ့တယ် တကယ်ကကွာ ကိုယ်မသိရင် သူတို့ဒါကိုသိတဲ့လူဒါနဲ့စီးပွားရှာနေတဲ့တွေမို့လို့ ကိုယ်မှလုံးဝမသိ မလုပ်တက်တာကျိဆိုရင်တော့ ပေးပြီးလုပ်လိုက်မယ်ကွာ ဖောင်လေးတစ်ခုထဲဖြည့်ရမာကိုတော့ ပိုက်ဆံပေးမလုပ်တော့ဘူး ဘာလို့လဲဆိုတော့ ဒီလောက်နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ဖုန်းတစ်လုံးနဲ့ gol tran သုံးလို့ရနေတာဘဲ ကိုယ်လဲစာမတက်တာမဟုတ် အ့တော့ ကွကိုလုပ်မယ်ယောက်ျားလာဆိုပြီး IT Square ကိုထွက်လာတယ် ဟိုရောက်တော့ Sample Form တွေပြထားတော့ so convenient ဘဲ ဒါနဲ့နှစ်ယောက်သားပြောမိတာ ငါတို့ ကိုယ့်ဘာကိုဖြည့်လိုက်တာ နဲနဲသက်သာသွားတယ်ပေါ့😂 ဒါပေမယ့် တချိူ့နေရာလေးတွေဖြည့်ဖို့ နည်းနည်းတိုင်ပတ်တယ် ဒါကပထမဆုံးအကြိမ်ဆိုတော့ပေါ့လေ
အ့မှာ philippines တစ်ယောက်နဲ့တွေ့တယ် အကုန်ပြောပြတယ် စိတ်ရှည်တယ် ဘာကြောင့်ဆိုတာထိပါရှင်းပြတယ် e skill ကလည်း ကိုယ်တွေထက် မွှတ်ထွတ်နေရော အဆင်ပြေဘဲ အ့ကနေ extend လည်းရခဲ့တယ် အပြန်လည်း သူနဲ့တစ်လမ်းထဲမို့ Bus နဲ့စီးလာလိုက်တာ အသွားတုန်းက ၅၀၀ ကုန်ခဲ့တာ အပြန်ခါ တစ်ယောက် ၅၀ နဲ့ ၁၀၀ ဘဲကုန်လိုက်တယ် 😍 အ့တာအပြင် တခြားသိချင်တာတွေလည်းအများကြီး အကူညီရလိုက်သေး ပီးတော့ ထိုင်းလူမျိူး အသိနှစ်ယောက် ကိုယ်တွေနားက Thai Message ဆိုင်က ပိုင်ရှင်က ကိုယ်တွေ မနက်ကတည်းက အစောကြီးဘာမှမစားရသေးဘဲ သွားတာ ညနေ၅နာရီခွဲမှပြန်ရောက်တယ် ကိုယ်က ကွေ့တီယို စားချင်တယ်လို့ မနေ့က သူတို့ဆိုင်မာ ပိုက်ဆံထုတ်ရင်း ပြောထားမိတော့ ဒီနေ့ဝယ်ထားပေးပြီး ကိုယ်တွေပြန်မလာမချင်းစောင့်နေတာ တကယ်ကို သဘောထားကောင်းကြတယ် အ့မှာ DG ပြောချင်တာကလေ လူတိုင်းကိုယ်တက်တဲ့ပညာ ကိုယ်တက်တဲ့ဝါသနာ ကိုယ်စီကိုယ်စီနဲ့ စီးပွားရှာ ရုန်းကန်နေရတာ သိပါတယ် အပြစ်လည်းမပြောလိုပါဘူး ဒါပေမယ့်လေ ကိုယ့်မြန်မာအချင်းချင်း တိုင်းတပါးမှာ သူမသိတာကို ကိုယ်ပြောပြပေးလိုက်ရတာ ဘယ်လောက်တောင်များ အပန်းကြီးသွားပြီး ဘယ်လောက်တောင်များ အချိန်တွေကုန်သွားလို့လဲဟင် ကိုယ်က သက်သက်ကြီးအချိန်ပေးလိုက်ရတာမဟုတ်ဘူး သူလည်း တန်းစီစောင့်နေရတဲ့အချိန် ကိုယ့်နိုင်ငံကိုယ်လူမျိူးချင်းချင်း ဖေးမလိုက်ရတာ အ့လောက်ထိခက်ခဲလား DG တကယ်နသိလို့ပါ DG တို့ဆို တစ်ခုခုသူများမသိတာ ကိုယ်သိရင် အရမ်းပြောပြချင်တယ် ကူညီနိုင်တာမျိူးဆို ကူညီပေးချင်တယ် တကယ်အ့တာတော့ အင်းပေါ့လေ လူတစ်ဦးနဲ့တစ်ယောက် မတူဘူးဆိုပြီးဘဲမှတ်ယူရမာပေါ့
အောက်မှာပြထားတဲ့ SS လေးတွေက DG တို့ကို ကူညီပေးတဲ့ Philipines ကအမနဲ့ Thai က အမ ပါ ။
DG ရဲ့ သူငယ်ချင်းများအားလုံးလည်း
ပြည်းတွင်းခရီးမှာဘဲ ဖစ်ဖစ်
ပြည်ပခရီးတွေမှာဘဲဖစ်ဖစ်
DG လို အခက်အခဲ ဒါမှမဟုတ်
အတွေ့ကြုံသစ်လေးတွေ ရခဲ့ဖူးတာရှိရင်လည်း
cmt မှာ လာရေးလို့ရတယ်နော် တခြားမကြုံဘူးတဲ့
သူတွေလည်း ကိုယ်တိုင်မဟုတ်တောင် စာလေးတွေကနေ အတွေ့ကြုံရသွားတာပေါ့ 😊😁
အားလုံးဘဲ ကျန်းမာပျော်ရွှင်သော နေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

အားလုံးဘဲ ဒီPageလေးက ကိုယ့်အတွက် အသုံးဝင်မယ် ဗဟုသုတရမယ်လို့ထင်ရင် Like & Follow လေး လုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရ...
17/09/2023

အားလုံးဘဲ ဒီPageလေးက ကိုယ့်အတွက် အသုံးဝင်မယ် ဗဟုသုတရမယ်လို့ထင်ရင် Like & Follow လေး လုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
ပထမဆုံး DG ဒီPageလေးကို စဖွင့်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ပေါ့နော် DG ကိုယ်တိုင် ဒုက္ခတွေနဲ့ရင်းပြီး ရခဲ့ရတဲ့ နိုင်ငံရပ်ခြား အတွေ့အကြုံတွေကနေ မိတ်ဆွေတို့လည်း ဒီလိုသွားဖို့ရှိလာခဲ့ရင် စောင်ရန်ရှောင်ရန်နဲ့ ဘယ်လိုမျိူးအခက်ခဲနဲ့ကြုံတွေ့ခဲ့ရင် ဘာတွေပြင်ဆင်ရမလဲ ဘယ်လိုလေးတွေလုပ်ရမလဲ ဒီလိုဗဟုသုတလေးတွေနဲ့ အကြံဉာဏ်လေးတွေကို ပြောပြချင်လို့ပါ အားလုံးဘဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။

Address


Opening Hours

Monday 18:00 - 22:00
Tuesday 18:00 - 22:00
Wednesday 18:00 - 22:00
Thursday 18:00 - 22:00
Friday 18:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+6584073864

Website

Alerts

Be the first to know and let us send you an email when Life Experiences Of DG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Life Experiences Of DG:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share