17/04/2023
👉Bangkok👉 to Pattaya
👉Pattaya👉 to Koh larn ကျွန်း
အားလုံးဘဲမဂ်လာပါရှင်
ဘန်ကောက်ကနေ ပတ္တရားကိုစျေးနှုန်းသက်သက်သာသာနဲ့ သွားပီး koh larn ကျွန်းကိုပါဘယ်လိုသွားလည်ကြမလဲဆိုတာလေးမျှဝေပေးလိုက်ပါတယ်ရှင်☺
-နေ့ချင်းပြန်သွားချင်တဲ့သူတွေအတွက်ဆိုရင်တော့ ဘန်ကောက်ကနေ မနက်စောစောထွက်တဲ့ကားနဲ့လိုက်ဖို့ဆိုရင် Ekkamai bus termminal ကိုမနက်၆နာရီ (ဒါမှမဟုတ်)မနက် ၇နာရီရောက်အောင်သွားဖို့လိုပါတယ်နော်
Ekkamai bus station က bts Ekkamaiမှာရှိတာမို့ btsနဲ့နီးတဲ့သူတွေကbtsစီးပီးသွားလို့ရပါတယ်...
-Bus Station ကို ရောက်လို့လက်မှတ်ဖြတ်တဲ့အခါ
Express နဲ့ Van ကားဆိုပီး၂မျိူးရှိပါမယ်...
-Express ကားကတော့131THB ကျသင့်မှာဖြစ်ပီး ဘန်ကောက်ကနေ၂နာရီခွဲကြာမောင်းပီးရင်North Pattaya ကားဝင်းမှာရပ်ပါမယ်...
အဲ့ကနေတဆင့် 50THB နဲ့ ကားအနီလေးစီးပီး Bali Hai Pier ကိုသွားရပါမယ်...
-Van ကား ကတော့ 160THB ကျသင့်မှာဖြစ်ပီး ဘန်ကောက်ကနေ ၂နာရီကြာမောင်းပီးရင် Bali Hai Pier ကိုသွားမယ်လို့ပြောလိုက်ရင်လှေဆိပ်ထိတိုက်ရိုက်ပို့ပေးပါတယ်...
-Vanနဲ့ Expressမှာ Van က၁၃ယောက်စီးလို့ရပီးတနေရာမှမရပ်ဘဲ အရှိန်နဲ့မောင်းတာမို့မြန်မြန်ရောက်ပေမဲ့ ကလေးပါရင်တော့ Expressကားဘဲစီးဖို့အကြံပေးပါရစေနော်☺..
-ကဲ Bali Hai Pier ကိုရောက်ပီးဆိုရင်Ferry Boatနဲ့ ကျွန်းကိုကူးမလား Speed Boatနဲ့ကျွန်းကိုကူးမလားရွေးချယ်စရာရှိပါမယ်...
-Ferry Boat နဲ့ သွားမယ်ဆို 45mins အချိန်ပေးရပီး 30THB ကျသင့်မှာဖြစ်ပီး Speed Boatနဲ့ဆိုရင် 20minsလောက်သာအချိန်ပေးရပီး 150THB ကျသင့်မှာဖြစ်ပါတယ်...
ရေကြောက်တဲ့သူကလေးပါရင်တော့ Ferry Boatနဲ့သာသွားဖို့မင်မင်ကအကြံပေးချင်ပါတယ်ရှင်😊...
-Ferry Boat က မနက်၈နာရီကနေ နေ့လည်၁နာရီထိ တနာရီခြားတစီးကျွန်းကိုပို့ပေးပီး နေ့လည်၁နာရီကနေညနေ၅နာရီထိတနာရီတစီးကျွန်းကနေပြန်ကြိုလာပေးပါတယ်
-Ferry Boat နဲ့ဘဲသွားသွား Speed Boat နဲ့ဘဲသွားသွား ကျွန်းကိုရောက်ရင်တော့အရင်ဆုံးလုပ်ရမှာက ကမ်းခြေမှာရှိတဲ့ခုံကို အရင်ဆုံးဌားဖို့ပါဘဲ😄
-လူများရင် ထိပ်ဆုံးနေရာမရမှာစိုးလို့ပါ ဆိပ်ကမ်းတံတားရဲ့ညာဘက်ကမ်းခြေကတော့ ခုံနည်းပီးလူနည်းပီးအေးဆေးရှိပါမယ်အစားအသောက်တွေရောင်းတဲ့စျေးတန်းနဲ့တော့ဝေးပါတယ် အေးအေးဆေးဆေးနေချင်တဲ့သူတွေအတွက်ပိုအဆင်ပြေပါတယ်☺
-ဆိပ်ကမ်းတံတားရဲ့ဘယ်ဘက်ကမ်းခြေကတော့ထိုင်ခုံတွေလည်းများပီးအနောက်မှာအစားအသောက်လည်းရောင်းတာမို့လူများပါမယ်အစားတလိုင်းလေးတွေအတွက်ပိုအဆင်ပြေပါတယ်😊
-ခုံဌားခက တခုံကို 100THBကျသင့်မှာဖြစ်ပီး အစားအသောက်လေးဝယ် ပီး ပင်လယ်စာလေးစားလိုက်ရေဆင်းစိမ်လိုက်ဘီယာလေးသောက်လိုက်နဲ့ beach mode ကိုစ ONလို့ရပီးနော်😊
-ဒါနဲ့ကမ်းခြေမှာ 7elevenလည်းဖွင့်ထားတာမို့ လိုအပ်တာလေးတွေလည်းဝယ်လို့ရပါတယ်နော် ဘီယာကတော့၁၁နာရီမှစရောင်းတာမို့ အဲ့အချိန်မှဘီယာစသောက်လို့ရပါမယ်နော်😜
-ရေလည်းဆော့လို့ပင်ပန်းသွားရင်အဝတ်လဲဖို့ အနောက်မှာရေချိူးခန်းလည်းရှိပါတယ်တယောက်ကို 50THBကျသင့်ပါမယ်နော်...
-အေးအေးဆေးဆေးရေဆော့နားလို့ဝပီးဆိုရင် Ferry boat နောက်ဆုံးအခေါက် က 5နာရီမို့ Ferry boatလေးစီးပီးpattayaဘက်ကိုပြန်လာရပါမယ်
အဲ့ကနေvan ကားစီးချင်တဲ့သူကvanကားစီးပီး Expressကားစီးချင်တဲ့သူက ကားအနီလေးစီးပီး North pattaya bus terminal ကိုပြန်လာရပါမယ်နော်...
အဲ့ကနေတဆင့်ဘန်ကောက်ကို ပြန်လာရင်ည၈နာရီလောက်မှာဘန်ကောက်ပြန်ရောက်ပါမယ်ရှင်☺...
-Pattay ကနေ ချက်ချင်းမပြန်ချင်ဘဲညအိပ်ချင်တဲ့သူတွေကတော့ walking streetနဲ့ကော beach နဲ့ကောနီးတဲ့ beach roadကဟိုတယ်တွေမှာဌားနေရင်ပိုအဆင်ပြေ ပါမယ်ရှင်
ညနေဘက် beachမှာအေးအေးဆေးဆေးထိုင်စားသောက်ကြပီး ညဘက်walking streetလျှောက်ကြည့်ရင် pattaya night lifeကိုဖြတ်သန်းကြည့်လို့ရပါတယ်😊
ကဲစာလည်းရှည်သွားပီးမို့ ဒီလောက်နဲ့ဘဲစာကိုရပ်ပါရစေရှင်မင်မင်ရေးထားတဲ့ထဲနားမလည်တာမေးချင်တာရှိရင် ပိုစ့်အောက်မှာမန့်ချန်ထားလို့ရပါတယ်ရှင်...
Ferry Boatထွက်မဲ့ Time table လေး မန့်မှာကြည့်လို့ရပါတယ်ရှင်👇👇👇
နှစ်သစ်မှာအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ...
ချစ်တဲ့မင်မင်
Dao