Maple International Service

Maple International Service ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Maple International Service, บริการท่องเที่ยว, 555 Ratchaprarop Road, Makkasan, Ratchathewi, Bangkok.
(2)

🌊 Krabi ကို အလည်သွားမယ်… 🌊မိသားစုနဲ့အလည်သွားသွား၊ချစ်သူနဲ့ပဲ အပန်းဖြေသွားသွား ရေပြင်ပြာပြာ ကြည်လဲ့လဲ့နဲ့ ကမ်းရိုးတန်းတစ်...
01/05/2023

🌊 Krabi ကို အလည်သွားမယ်… 🌊

မိသားစုနဲ့အလည်သွားသွား၊
ချစ်သူနဲ့ပဲ အပန်းဖြေသွားသွား
ရေပြင်ပြာပြာ ကြည်လဲ့လဲ့နဲ့ ကမ်းရိုးတန်းတစ်လျှောက်က ငါးတွေနဲ့အပြိုင် ကူးခတ်လွန့်လူးနေမှာ Krabi ကမ်းခြေပါ… 🏝

ဖြူလွလွသဲသောင်ပြင်၊ မိုးသစ်တောတွေ၊ ဒီရေတောတွေ၊ အရိုင်းဆန်ဆန်သဘာဝလှိုဏ်ဂူတွေက Krabi ဆိုတာနဲ့ ကမ္ဘာတစ်ဝန်းက tourists တွေကို လက်ယပ်ခေါ်သလို ဖြစ်နေတဲ့အကြောင်းရင်းတွေပါပဲ… 🙋🏼‍♀️

💦 December to April အတွင်းက ရာသီဥတုသာယာလို့ tourists တွေအလာများတဲ့ကာလဖြစ်ပြီး ဒီကာလတွေအတွင်းဟာ Krabi တစ်ဝိုက် အစည်ကားဆုံးအချိန်ကာလများပဲဖြစ်ပါတယ်…

🏝Krabi မှာ လှပတဲ့ကျွန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားပြီး အဲ့ဒီ့ထဲက Ao Nang နဲ့ Phi Phi ကျွန်းတွေဟာ tourists တွေကြား popular အဖြစ်ဆုံးနေရာတွေပါ.. တည်းစရာနေရာအများအပြားရှိပြီး ပျော်စရာ nightlife တွေလည်းရှိတဲ့ ဒီကျွန်း ၂ ကျွန်းမှာ တစ်နေကုန်ရေကူးအပန်းဖြေပြီးရင် ညဘက်တွေမှာ ပင်လယ်ရဲ့လတ်ဆတ်တဲ့လေညင်းတွေနဲ့အတူ chilling လုပ်နိုင်ပါသေးတယ်… 🍻

ကိုယ်က အပန်းဖြေရင်း Adventure
ဆန်ဆန်ခရီးသွားချင်တယ်ဆိုရင်တော့ Railay နဲ့
Ton Sai က Perfect place တွေပါပဲနော်…
🤿ရေငုပ်မလား၊ 🥾Hiking လုပ်မလား
🛶ကယက်လှေလှော်မလား၊ 🤿Snorkeling လုပ်မလား
ဒါတွေအကုန်လုံးကို တစ်နေရာတည်းမှာ Paradise ဆန်ဆန်ခံစားချင်တယ်ဆို ဒီကျွန်း ၂ ကျွန်းက Krabi မှာ အကောင်းဆုံးပါ…

ဘယ်ကိုသွားသွား သွားပြီးတာနဲ့ မပြန်ချင်ဖြစ်နေမယ့် ထိုင်းနိုင်ငံတောင်ပိုင်းက Paradise လေးဖြစ်တဲ့ Krabi ကျွန်းကို သွားလည်မယ်ဆိုရင်တော့ Train/ Bus / Flight/ Boat Ferry တို့နဲ့ လွယ်လင့်တကူရောက်နိုင်ပါတယ်…

Krabi Tour Package အတွက် အသေးစိတ်သိလိုတာတွေကိုလည်း Maple မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်…👇

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand


🏕ချင်းမိုင်ထဲက အလှဆုံးပန်းခြံကြီးများ🏕ရှေးဟောင်းအငွေ့အသက်တွေပြည့်နှက်နေတဲ့ ချင်းမိုင်မှာ ဘုရားကျောင်းကန်တွေအပြင် ဘာတွေလည...
30/04/2023

🏕ချင်းမိုင်ထဲက အလှဆုံးပန်းခြံကြီးများ🏕

ရှေးဟောင်းအငွေ့အသက်တွေပြည့်နှက်နေတဲ့ ချင်းမိုင်မှာ ဘုရားကျောင်းကန်တွေအပြင် ဘာတွေလည်ပတ်စရာရှိသေးလဲမေးရင် ချင်းမိုင်ထဲက အလှဆုံးပန်းခြံကြီးတွေထဲမှာပါဝင်တဲ့ ပန်းခြံ ၃ ခုကို စိတ်အပန်းပြေအောင် သွားလည်ကြည့်လိုက်ပါ 💁🏼‍♀️

ဘယ်ပန်းခြံတွေလဲဆိုတာတော့ Maple နဲ့အတူ တစ်ပုံချင်းစီထောက်ကြည့်ပြီး ပုံတွေကတစ်ဆင့် အတူသွားလည်လိုက်ရအောင်နော် 👇

နံပါတ် ၁ - Queen Sirikit Botanic Garden
ပန်းမျိုးစုံလင်တဲ့ ပန်းဥယျာဉ်ကမ္ဘာထဲကို သွားချင်တယ်ဆိုရင် Queen Sirikit Botanic Garden ကိုသွားလည်ပါ။ တော်ဝင်ဘုရင့်နန်းတော်ကို Doi Suthep တောင်ပေါ်မှာ တည်ထားပြီးတော့ ဘုရင့်နန်းတော်နဲ့အတူ ဖွင့်လှစ်ထားတာကတော့ အပူပိုင်းဇုန်မှာ ပေါက်ရောက်တတ်တဲ့သစ်ပင်ပန်းမန်တွေအပြည့်နဲ့ ဝတ်မှုန်ပျားပိတုန်းတို့ ခုန်ကူးရာ Queen Sirikit Botanic Garden ပါ။ ဖန်လုံအိမ်တွေနဲ့အတူ မြောက်များစွာသော ပန်းပေါင်းစုံစုံလင်လင်ရဲ့ထူးခြားတဲ့ outdoor ဥယျာဉ်ကြီးက ရှုမငြီးဖွယ်အလှတရားကို လာလည်သူတွေအတွက် အံ့ဩမှင်တက်စွာ ပေးစွမ်းနေတာ အမှန်ပါပဲရှင်။

သွားရောက်လည်ပတ်မယ်ဆိုရင်တော့ နေရာက-
📍Queen Sirikit Botanic Garden
+66 53 841 234
https://maps.app.goo.gl/Ccze5MkqLTkjDy2RA?g_st=ic

နံပါတ် ၂ - Royal Park Rajapruek
ချင်းမိုင်ရောက်ရင် မဖြစ်မနေသွားလည်ရမယ့် အလှဆုံးပန်းခြံတွေထဲကတစ်ခုကတော့ Royal Park Rajapruek ပန်းခြံပဲဖြစ်ပါတယ်။ The Ratchaphruek Flower Gardens လို့လည်းခေါ်ပြီး မျက်စိတစ်ဆုံးစိမ်းလန်းနေတဲ့အပင်စိမ်းတွေနဲ့အတူ လှပတဲ့ပန်းခင်းကြီးက မြင်ရသူအပေါင်းကို ရင်သပ်ရှုမောဖွယ်ရာအလှကို တမေ့တမော ခံစားမိစေမှာပါ။ ဘေးပတ်ပတ်လည်ပန်းခင်းကြီးနဲ့အတူထိုင်းရိုးရာဗိသုကာပုံစံနန်းတော်ကြီးက လာလည်သူအပေါင်းကို တခြားကမ္ဘာတစ်ခုကိုရောက်သွားစေမယ့် အငွေ့အသက်ကို ပေးစွမ်းနေတာပါ။
ချစ်သူနဲ့ပဲ ၂ ယောက်အတူ လမ်းလျှောက်မလား၊
တစ်ကိုယ်တော်ပဲ ဥယျာဉ်အနှံ့စက်ဘီးပတ်စီးမလား၊
သာယာမိန်းမောဖွယ်အလှတရားတစ်မျိုးနဲ့ ထူးထူးခြားခြားအလှကြီးလှနေတာ ချင်းမိုင်က Royal Park Rajapruek ပန်းခြံကြီးပါ။

သွားလည်မယ်ဆိုရင်တော့ တည်နေရာက-
📍Royal Park Rajapruek
+66 53 114 110
https://maps.app.goo.gl/wBoDZH3wytiK95qS8?g_st=ic

နံပါတ် ၃ - Chiang Mai Erotic Garden
Miss Katai ဆိုသူအမျိုးသမီးရဲ့စိတ်ကူးနဲ့ ဖန်တီးထားတဲ့ အရှေ့တောင်အာရှရဲ့ ပထမဦးဆုံး erotic garden က ချင်းမိုင်မှာ တည်ရှိတာဖြစ်ပါတယ်။
စိမ်းလန်းစိုပြည်တဲ့စပါးခင်းတွေ၊
မျက်စိတစ်ဆုံးကျယ်ပြောလှတဲ့တောင်တန်းတွေက ပန်းခြံပတ်ပတ်လည်ကို ဝန်းရံထားပြီး ထူးခြားတဲ့
plant artwork တွေက သွားလည်သူတွေအတွက်
ဓာတ်ဖမ်းစရာအပြည့်ဖြစ်နေမှာအမှန်ပါ။
ပန်းခြံထဲက teahouse မှာလည်း သောက်စရာတွေကို အခမဲ့သောက်သုံးလို့ရပြီး Miss Katai နဲ့တွဲပြီးတော့လည်း ပန်းခြံထဲမှာ စကားတမေ့တမောပြောကာ အေးအေးအနားယူအပန်းဖြေနိုင်ပါသေးတယ်နော်။
စိတ်တွေပင်ပန်းလို့အနားယူချင်တဲ့အခါ Chiang Mai Erotic Garden ကိုတော့ အလည်တစ်ခေါက်လောက် သွားလည်ကြည့်ပါ။ စိတ်အမောတွေကို ဖြေဖျောက်လိုက်နိုင်မှာ အသေအချာပါ။

သွားလည်မယ်ဆိုရင်တော့ နေရာက -
📍Chiang Mai Erotic Garden
+66 83 318 4855
https://maps.app.goo.gl/e6PVmRM5LNsmqUdx5?g_st=ic



🏝Popular များတဲ့ ဖူးခက်တစ်ခွင်ဝယ်ဘယ်တွေသွားပြီး ဘာတွေလုပ်ကြမယ်…🏝ကြည်လဲ့နေတဲ့ရေပြာပြာနဲ့ ဖြူလွလွသဲသောင်ပြင်တွေ၊ လှပတဲ့ Re...
26/04/2023

🏝Popular များတဲ့ ဖူးခက်တစ်ခွင်ဝယ်
ဘယ်တွေသွားပြီး ဘာတွေလုပ်ကြမယ်…🏝

ကြည်လဲ့နေတဲ့ရေပြာပြာနဲ့ ဖြူလွလွသဲသောင်ပြင်တွေ၊ လှပတဲ့ Resort အမိုက်စားတွေနဲ့ ရှေးဟောင်းအဆောက်အအုံတွေကြား သဘာဝနဲ့အနီးစပ်ဆုံးထိတွေ့နိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက Paradise လေးတစ်ခု🏝

အဲ့ဒီ့နေရာကတော့ ဖူးခက်လို့ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ အလှဆုံးကျွန်းတွေတည်ရှိရာ သုခဘုံနေရာလေးပဲဖြစ်ပါတယ်… 🇹🇭

⛵️ဖူးခက်ကျွန်းပေါ်ရောက်တာနဲ့ လည်ပတ်လို့မဆုံးနိုင်တဲ့အလှဆုံးကျွန်းတွေဖြစ်တဲ့ Phi Phi ကျွန်း၊ Coral ကျွန်းနဲ့ ဖူးခက်အနီးတစ်ဝိုက်က ကမ္ဘာကျော် James Bond ကျွန်းတွေကို boat tour နဲ့ လျှောက်သွားမယ်…⛵️

🌊ပင်လယ်ပြာပြာရေလှိုင်းနုတွေအောက်မှာ snorkeling လုပ်ပြီး သန္တာကျောက်တန်းနဲ့ ပင်လယ်သတ္တဝါတွေရဲ့ သွားလာပုံကို ကြည့်ရှုခံစားမယ်… 💦

⛪️ကမ်းခြေကထွက်လို့ မြို့ဟောင်းဘက်ပဲ သွားလည်ဦးမလား.. ရှေးဟောင်းဗိသုကာလက်ရာအမြောက်အများရှိတဲ့ ဖူးခက်မြို့ရဲ့တစ်စိတ်တစ်ပိုင်းက ခရီးသွားသူတွေကို တစ်မျိုးတစ်ဖုံ ထူးခြားတဲ့ ခံစားမှုရသတွေကို ပေးစွမ်းနေမှာအမှန်ပါ… 💒

🦓တိရစ္ဆာန်ချစ်သူလေးတွေအတွက်လည်း ဖူးခက်က မမေ့စေရ.. Jungle Safari, Tiger Kingdom နဲ့ Dolphin Show လိုနေရာတွေဆီပါ သွားလည်လို့ရအောင် ဖူးခက်ကျွန်းက ဖန်တီးပေးထားလို့ တစ်နေရာတည်းမှာစိတ်ကြိုက်သွားလည်၊ ဖူးခက်တစ်ခွင်ဝယ်ဆိုပြီး လူတွေကြားမှာ ဖူးခက်ကျွန်းဟာ popular ဖြစ်နေရတာပေါ့ရှင်… 💁🏼‍♀️

ဖူးခက်ကို ဘန်ကောက်ကနေဆို ဘယ်လိုသွားမလဲ…❓

ဖူးခက်ကို ဘန်ကောက်ကနေဆို ကားနဲ့ဖြစ်စေ၊ လေယာဉ်နဲ့ဖြစ်စေ သွားလာနိုင်ပါတယ်..
ကားနဲ့ဆိုရင် Bangkok ရဲ့ Southern Bus Terminal က bus တွေစီးပြီးသွားနိုင်သလို flight နဲ့ဆိုရင် ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်ကနေ ဖူးခက်လေဆိပ်ဆီ ပျံသန်းတဲ့ flight တွေနဲ့ တိုက်ရိုက်သွားလည်ပတ်လို့ရပါတယ်…

ဒါ့အပြင် ကျွန်းပေါ်ရောက်ရင်လည်း
Tuk-Tuk, Taxi, Motorcycle , Boat Tour, Car Rental နဲ့ Self-drive ဆိုပြီး ကိုယ်ကြိုက်နှစ်သက်ရာ Transportation ပုံစံနဲ့ လည်ပတ်နိုင်ပါတယ်​နော်… 💁🏼‍♀️

ဖူးခက် tour နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်တာတွေရှိရင်လည်း Maple ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်…👇

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand


ဘန်ကောက်ရောက်ရင် ဒါတွေလုပ်ပါ 👇ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံးမြို့တစ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်...
24/04/2023

ဘန်ကောက်ရောက်ရင် ဒါတွေလုပ်ပါ 👇

ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံးမြို့တစ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်ရင် ရွှေမြန်မာတို့အနေနဲ့ ဘာတွေလုပ်ကြပါသလဲ… ❓

ရိုးရာပြယုဂ်နဲ့ မော်ဒန်ဆန်မှုတွေ၊
ဘုရင့်နန်းတော်နဲ့ ဘုရားကျောင်းတွေ၊
စည်ကားတဲ့ nighlife တွေနဲ့ အမိုက်စားစျေးဝယ်စရာနေရာတွေ၊
အရသာရှိတဲ့ street food တွေနဲ့ ထိုင်းဟင်းလျာတွေ၊ မြောက်များစွာတဲ့ tourist attractions နေရာတွေနဲ့ ပြည့်နှက်နေတဲ့ ဘန်ကောက်မြို့ကြီးထဲ လည်ပတ်စရာတွေများလွန်းလို့ တစ်ခေါက်တစ်ခါလောက် အလည်ရောက်ခဲ့ရင် မဖြစ်မနေ ဒါတွေလုပ်ခဲ့ပါလို့ Maple ကတော့ အကြံပေးလိုက်ပါရစေရှင်… 👇

🇹🇭 ကျောက်ဖရားမြစ်ကမ်းပါးဘေးက Temple of Dawn လို့ခေါ်တဲ့ Wat Arun ဘုရားကျောင်းကိုသွားပြီး ခမ်းနားလှပတဲ့ဗိသုကာအလှတရားကို ခံစားကြည့်ပါ။

🇹🇭 ကြီးကျယ်ခမ်းနားတဲ့ Grand Palace ထဲဝင်ပြီး အနုစိတ်တဲ့ နန်းတော်ရာရဲ့ဗိသုကာအလှတရားကို တဝကြီး ကြည့်ရှုခဲ့ပါ။

🇹🇭 ဘန်ကောက်မြို့တစ်လျှောက်လျှောက်သွားပြီး မြို့ရဲ့ကျော်ကြားတဲ့အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ပါ။

🇹🇭 ဘန်ကောက်မြို့ရဲ့ညစျေးတွေထဲလျှောက်သွားပြီး ညစျေးထဲက အရသာရှိတဲ့အစားအသောက်တွေ စားကြည့်ခဲ့ပါ။

🇹🇭 Riverboat တွေစီးပြီး ဘန်ကောက်မြို့ရဲ့အလှကို မတူညီတဲ့ရှုထောင့်က ခံစားကြည့်လှည့်ပါ။

🇹🇭 Tuk-Tuk စီးပြီး ဘန်ကောက်မြို့ထဲက နေရာစုံကို လျှောက်လည်ခဲ့ပါ။

🇹🇭 ဘန်ကောက်မြို့ထဲက art galleries တွေနဲ့ ပြတိုက်တွေသွားပြီး မတူညီတဲ့ အနုပညာရသတွေကို ခံစားကြည့်လှည့်ပါ။

🇹🇭 တရုတ်တန်းသွားပြီး ထိုင်း street food tour ကို အရသာရှိစွာ ခံစားကြည့်ပါ။

🇹🇭 Chatuchak Weekend Market သွားပြီး ဘန်ကောက်မြို့အပြန် Souvenirs ပစ္စည်းလေးတွေကို အိမ်အပြန်လက်ဆောင်အနေနဲ့ ဝယ်ခဲ့ပါ။

🇹🇭 ရေပေါ်စျေးတွေသွားပြီး စျေးထဲက အရောင်စုံတဲ့ ခံစားမှုအတွေ့အကြုံတွေကို မျက်မြင်ခံစားကြည့်ခဲ့ပါ။

ဒီလိုအရာတွေကို ခံစားဖို့ Bangkok Tour အတွက်ဆိုရင်တော့ Maple International Service ကို ဆက်သွယ်လိုက်ပါ။ 💁🏼‍♀️

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand


💦 ချင်းမိုင် Ob Luang အမျိုးသားဥယျာဥ်ထဲက Mae Tia Waterfall ရဲ့အလှ 💦Mae Tia Waterfall ဆိုတာ အမြင့် မီတာ ၈၀ နဲ့ မီတာ ၄၀ ကျ...
22/04/2023

💦 ချင်းမိုင် Ob Luang အမျိုးသားဥယျာဥ်ထဲက Mae Tia Waterfall ရဲ့အလှ 💦

Mae Tia Waterfall ဆိုတာ အမြင့် မီတာ ၈၀ နဲ့ မီတာ ၄၀ ကျော်ကျယ်ဝန်းပြီး ချင်းမိုင် Ob Luang အမျိုးသားဥယျာဉ်ထဲမှာတည်ရှိတဲ့ ရေတံခွန်တစ်ခုပါ... 💁🏼‍♀️

အဆင့် ၄ ဆင့်ရှိတဲ့ရေတံခွန်တစ်ခုဖြစ်ပြီး ရေတံခွန်ရဲ့ 5 Km အနက်လောက်က တောနက်ထဲမှာ တည်ရှိနေတာဖြစ်လို့ နွေအပူကိုရှောင်ချင်တဲ့သူတွေအတွက်လည်း အိုအေစစ်ဖြစ်နေတဲ့ နေရာတစ်ခုဖြစ်နေတာ အသေအချာပါပဲနော်… 🍃💦

သစ်တော၊ သစ်ပင်တွေနဲ့ သဘာဝကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ ရှုမငြီးဖွယ်ခံစားနိုင်တဲ့နေရာတစ်ခုဖြစ်ပြီး မြို့ပြရဲ့မွန်းကျပ်မှုတွေကြား စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ relax လုပ်နိုင်မှာပဲ ဖြစ်ပါတယ်... ✨

ချင်းမိုင်မြို့တွင်းမှ Highway 108 ကားဖြင့်သွားရောက်နိုင်ပြီး Sop Tia ဘုရားကျောင်းမှ ညာဘက်ကို ချိုးဝင်လိုက်ရင် Ob Luang အမျိုးသားဥယျာဉ်ကို ရောက်ရှိပြီပဲဖြစ်ပါတယ်။ အဲ့ဒီ့ကနေမှ ဆိုင်ကယ်ဖြင့်ဆက်သွားလိုက်ရင် Mae Tia Waterfall ရဲ့ရှုမငြီးဖွယ်အလှတရားကို ရင်သပ်ရှုမောဖွယ်ရာ ခံစားနိုင်ပြီပဲဖြစ်ပါတယ်… 🤩

ကဲ.. သဘာဝနဲ့နီးစပ်ချင်သူတွေအတွက် ချင်းမိုင် Ob Luang အမျိုးသားဥယျာဉ်ထဲက Mae Tia Waterfall အကြောင်းကို ဖော်ပြပြီးပြီဆိုတော့ ချင်းမိုင်ရောက်နေတဲ့ ရွှေမြန်မာတွေလည်း နွေရာသီမှာ အပူရှောင်လိုရင် Mae Tia Waterfall ဆီသွားပြီး သဘာဝအလှတရားတွေ တဝကြီး ခံစားကြည့်လိုက်ရအောင်နော်…👇

📍Mae Tia Waterfall Location
https://maps.app.goo.gl/SjnuiMeYcEs2r9x7A?g_st=ic



❗️ချင်းမိုင်လေထုညစ်ညမ်းမှု ယနေ့မနက်ပိုင်းအထိ အဆိုးဆုံးအခြေအနေတွင်ရောက်ရှိနေ❗️ကမ္ဘာ့လေထုအရည်အသွေးကိုတိုင်းတာတဲ့ IQAir web...
21/04/2023

❗️ချင်းမိုင်လေထုညစ်ညမ်းမှု ယနေ့မနက်ပိုင်းအထိ အဆိုးဆုံးအခြေအနေတွင်ရောက်ရှိနေ❗️

ကမ္ဘာ့လေထုအရည်အသွေးကိုတိုင်းတာတဲ့ IQAir website ရဲ့လေထုအရည်အသွေးစစ်ဆေးမှုအရ ယနေ့အချိန်ထိ Air Quality Index (AQI) 180 ဖြင့် ချင်းမိုင်မြို့ လေထုအရည်အသွေးဟာ အဆိုးဆုံးအခြေအနေမှာ ရောက်ရှိနေကြောင်းသိရပါတယ်။

နွေရာသီရဲ့ရာသီဥတုပူပြင်းမှုနဲ့ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမှုတွေကနေလည်း လေထုညစ်ညမ်းမှုတွေကို ပိုမိုဆိုးရွားစေလျက်ရှိတာမို့ ချင်းမိုင်ရောက် ရွှေမြန်မာတွေအနေနဲ့လည်း အလုပ်သွားဖို့အပြင်ထွက်ရာမှာဖြစ်ဖြစ်၊ မဖြစ်မနေ တစ်နေရာကနေ တစ်နေရာကို သွားဖို့ပဲဖြစ်ဖြစ် Mask များစနစ်တကျတပ်ဆင်ရင်း ကျန်းမာရေးအခြေအနေကို ဂရုစိုက်ကြဖို့ Maple က သတိပေးလိုက်ရပါတယ်နော်။

Ref: Bangkok Post



🍲 Taste Atlas ရဲ့ကမ္ဘာ့အကောင်းဆုံးဟင်းရည်စာရင်းမှာ နံပါတ် ၉ အဆင့်သတ်မှတ်ခံရတဲ့ ထိုင်းရိုးရာ `Tom Kha G*i‘ ဟင်းရည် 🍲မကြာသ...
21/04/2023

🍲 Taste Atlas ရဲ့ကမ္ဘာ့အကောင်းဆုံးဟင်းရည်စာရင်းမှာ နံပါတ် ၉ အဆင့်သတ်မှတ်ခံရတဲ့ ထိုင်းရိုးရာ `Tom Kha G*i‘ ဟင်းရည် 🍲

မကြာသေးခင်က Taste Atlas ရဲ့ best-rated world's soup စာရင်းမှာ အုန်းနို့အရသာပျစ်ပျစ်နဲ့ ထိုင်းရိုးရာ ပူပူစပ်စပ်မွှေးမွှေး Tom Kha G*i ဟင်းရည်ဟာ ကမ္ဘာ့အကောင်းဆုံးဟင်းရည်စာရင်းမှာ နံပါတ် ၉ အဆင့်ဝင်ခဲ့ပါတယ်... ✨

ထိုင်းလို `Samrap’ လို့ခေါ်ပြီး ထိုင်းရိုးရာဟင်းခတ်အမွှေးအကြိုင်တွေကို သမမျှတစွာပေါင်းစပ်ထားတဲ့ ပူပူစပ်စပ်ဟင်းရည်တစ်မျိုးဖြစ်ပြီး Tom Yum ဟင်းရည်နဲ့မတူတာက ဒီဟင်းရည်ထဲမှာ-
🌱အုန်းနို့ရည်ပျစ်ပျစ်
🌱ထိုင်းငံပြာရည်
🌱ထိုင်းငရုတ်သီး
🌱ဂျင်း
🌱စပါးလင်
🌱ရှီတာကဲမှိုနဲ့
🌱ကြက်သားတို့ အဓိကပါဝင်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်စုံစုံလင်လင်ပါဝင်ပြီး အုန်းနို့အရသာပျစ်ပျစ်နဲ့ အာဟာရပြည့်ဆေးဘက်ဝင်တာကြောင့် နေမကောင်းဖြစ်လို့ ခံတွင်းပျက်တဲ့အခါမှာလည်း အရသာရှိစွာ သောက်သုံးနိုင်တဲ့ ဟင်းရည်တစ်မျိုးပဲဖြစ်ပါတယ်… 🍲😋

ဒါ့အပြင် ဒီစာရင်းထဲမှာ ထိုင်း Tom Yum ဟင်းရည်ကလည်း နံပါတ် ၁၆ ချိတ်နေတာပဲဖြစ်ပါတယ်... 🍃

ဒါဆိုရင်တော့ ထိုင်းရောက်လို့ ထိုင်းရိုးရာဟင်းလျာတွေကို စားသောက်ချင်ရင် ဒီလို ကမ္ဘာ့အကောင်းဆုံးTop 10 ဟင်းရည်စာရင်းဝင်ဖြစ်တဲ့ `Tom Kha G*i’ ဟင်းရည်ကို လည်း မြည်းစမ်းကြည့်ဖို့ မမေ့ကြနဲ့တော့နော်… 😋

*i

🧊 ဘန်ကောက်မြို့ရဲ့ပူလောင်နေတဲ့ကမ္ဘာက လွတ်မြောက်နိုင်ဖို့ အကောင်းဆုံးနေရာ - ဘန်ကောက်ရေခဲကမ္ဘာ Ice Magic: Fantasy on Ice🧊ဘ...
20/04/2023

🧊 ဘန်ကောက်မြို့ရဲ့ပူလောင်နေတဲ့ကမ္ဘာက လွတ်မြောက်နိုင်ဖို့ အကောင်းဆုံးနေရာ - ဘန်ကောက်ရေခဲကမ္ဘာ Ice Magic: Fantasy on Ice🧊

ဘန်ကောက်ရောက်နေတဲ့ရွှေမြန်မာတို့သွားရောက်လည်ပတ်ဖို့ နေရာသစ်လေးတစ်ခုကို Maple က ညွှန်းဆိုလိုက်ပါရစေရှင် 💁🏼‍♀️

❄️ ဘန်ကောက်မြို့ပေါ်နေရင်း အပူလည်းရှောင်မယ်၊
နေရာသစ်တစ်ခုလည်း အလည်သွားမယ်ဆိုရင်တော့ Central World မျက်စောင်းထိုးမှာရှိတဲ့ The Market Bangkok ရဲ့ Ice Magic: Fantasy on Ice ရေခဲကမ္ဘာလေးက သင့်ကို စောင့်ကြိုလို့နေပါတယ် 🧊

အထဲမှာဆိုရင် နှင်းကျနေတဲ့ Snowy Town ထဲ ရောက်သွားတဲ့အလား
🏂 နှင်းလျှောစီးဖို့ Slope နေရာတွေ 🏂
⛄️ရေခဲပန်းပုတွေနဲ့ ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာတွေ⛄️
အများအပြားရှိနေတာမို့ ချစ်သူနဲ့ ro မလား၊
ဘော်ဒါတွေနဲ့ နှင်းတွေပစ်ပေါက်တမ်းကစားမလား၊
မိသားစုနဲ့ပဲ အမှတ်တရအသစ်အဆန်းတွေ ဖန်တီးချင်လား ဘန်ကောက်မြို့ရဲ့အပူဒဏ်က ခေတ္တခဏလွတ်မြောက်ဖို့ ဖန်တီးပေးမှာ Ice Magic: Fantasy on Ice ရေခဲကမ္ဘာငယ်နေရာလေးပဲ ဖြစ်ပါတယ် ⛸🫧

သွားရောက်ချင်သူတွေအတွက် April 18 ရက်ကနေ July 16 ရက်အထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး ဝင်ကြေးကတော့ ထိုင်းဘတ် ၁၇၉၉ ဘတ်ကျသင့်မှာဖြစ်ပါတယ်ရှင် 🏂

အခြားထိုင်းနိုင်ငံတွင်းခရီးသွားဝန်ဆောင်မှုများနဲ့ပတ်သက်လို့ သွားလာလည်ပတ်မယ်ဆိုရင်လည်း Maple ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်နော်👇

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand


💦 ပျော်ရွှင်စရာအတာသင်္ကြန်ကာလမှာ အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်း Maple International Service မှ ဆုမွန်ကောင...
13/04/2023

💦 ပျော်ရွှင်စရာအတာသင်္ကြန်ကာလမှာ အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်း Maple International Service မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💦


🎨 ဘန်ကောက်မှာကျင်းပနေတဲ့ အရှေ့တောင်အာရှရဲ့အကြီးဆုံး “Van Gogh Alive Bangkok” Digital Art Exhibition အနုပညာပြပွဲ 🎨အနောက်တ...
12/04/2023

🎨 ဘန်ကောက်မှာကျင်းပနေတဲ့ အရှေ့တောင်အာရှရဲ့အကြီးဆုံး “Van Gogh Alive Bangkok” Digital Art Exhibition အနုပညာပြပွဲ 🎨

အနောက်တိုင်းပန်းချီဆရာတွေရဲ့သမိုင်းမှာ အထင်ရှားဆုံးဒတ်ချ်ပန်းချီဆရာ Vincent Van Gogh ရဲ့အရေးပါဆုံးလက်ရာတွေကို စုစည်းပြသထားတဲ့ “Van Gogh Alive Bangkok“ အနုပညာပြပွဲကို “I Dream My Painting, and Then I Paint My Dream“ Concept နဲ့ ဘန်ကောက်မှာကျင်းပလျက်ရှိပါတယ်..

ဒီပြပွဲကို Bangkok, ICONSIAM ဈေးဝယ်စင်တာမှာကျင်းပနေတာဖြစ်ပြီး ဆုန်ကရန်ပွဲတော်ကာလအတွင်း အေးအေးဆေးဆေးနေရာတစ်ခုမှာ chilling လုပ်ချင်သူတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုအဖြစ် Maple က Recommend လုပ်ချင်ပါတယ်.. 💁🏼‍♀️

ပြပွဲအတွင်း အခန်းကဏ္ဍ (၄)ခုနဲ့ခွဲခြားထားတာဖြစ်ပြီး ဘယ်လိုအခန်းကဏ္ဍတွေပါဝင်နေလဲဆိုတာကိုတော့ Maple နဲ့တူတူကြည့်လိုက်ရအောင်နော်.. 👇

🌻 Van Gogh အသက်ရှိစဉ် အခန်းကဏ္ဍ
Van Gogh ပထမဇုန်အနေနဲ့ Vang Gogh အသက်ရှိစဉ်အခါက Van Gogh ကျင်လည်ဖြတ်သန်းခဲ့တဲ့နေရာတွေကို ရေးဆွဲထားတဲ့ “Bedroom in Arles“ ဆိုတဲ့ပန်းချီကားချပ်အပါအဝင် Van Gogh ရဲ့“The Yellow House“ လို နာမည်ကျော်ပန်းချီကားတွေကို ဒီဇုန်မှာ ပြသထားပါတယ်။

🌻S4 Gallery ခန်းမ
နောက်တစ်ခုကတော့ ၁၈၈၀-၁၈၉၀ ကြားကာလအတွင်း Vincent Van Gogh ရေးဆွဲခဲ့တဲ့ကမ္ဘာကျော်ပန်းချီကားပေါင်း (၃၀၀၀) ကျော်ကို နံရံအမြင့် ၆ မီတာကျော်အမြင့်နဲ့ ပြသထားပြီး ပန်းချီကားထဲက ပန်းချီဆရာရဲ့ ခံစားချက်တွေကို ဆက်သွယ်ပေးတဲ့ ဂန္တဝင်ဂီတတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ ပြသထားတဲ့ပြခန်းနေရာပါ။

🌻 ဗန်ဂိုးမြို့ဟောင်း
Van Gogh နေထိုင်ခဲ့တဲ့မြို့နေရာကို ပုံစံတူဖန်တီးထားတာဖြစ်ပြီး ကွင်း၊ ကြယ်စုံည၊ ကျေးလက်ဒေသနဲ့ ဥယျာဉ်ဆိုပြီး နေရာ (၄) ခုခွဲထားပါတယ်။

🌻 နောက်ဆုံးတစ်နေရာကတော့ အနုပညာချစ်သူတွေအတွက် ကိုယ်ပိုင်အနုပညာလက်ရာတွေကို ဖန်တီးလို့ရတဲ့ဇုန်တစ်ခုနဲ့ အဆုံးသတ်ပါတယ်။ "Letter to Theo" ပေးစာခန်းမှသည် Van Gogh Cafe by After You ဟာ Van Gogh ရဲ့ပန်းချီကားတွေကို AI အနုပညာနဲ့ခံစားနိုင်အောင် အနုပညာချစ်သူတွေကို ဖန်တီးပေးထားပါတယ်။

ပြပွဲကို 31 July 2023 အထိ Attraction Hall ၆လွှာ ICONSIAM ဈေးဝယ်စင်တာ, Bangkok မှာ ပြသထားတာဖြစ်ပြီး လက်မှတ်တွေကိုတော့ ဖော်ပြပါ Website Link တွေမှာ ဝယ်ယူလို့ရပါတယ်ရှင်.. 👇

www.thaiticketmajor.com/van-gogh-alive
ICONSIAM


💦ဆုန်ကရန်ပွဲတော်ကာလအတွင်း ဘယ်လိုအစားအစားအစာတွေကို မြည်းစမ်းကြည့်သင့်လဲ💦မြန်မာပြည်မှာ င်္သကြန်ကာလရောက်ရင် င်္သကြန်ထမင်း၊ ...
12/04/2023

💦ဆုန်ကရန်ပွဲတော်ကာလအတွင်း ဘယ်လိုအစားအစားအစာတွေကို မြည်းစမ်းကြည့်သင့်လဲ💦

မြန်မာပြည်မှာ င်္သကြန်ကာလရောက်ရင် င်္သကြန်ထမင်း၊ င်္သကြန်ဟင်းစားကြသလို ထိုင်းမှာလည်း ဆုန်ကရန်ပွဲတော်ရောက်တိုင်း စားလေ့ရှိတဲ့ ထိုင်းအစားအစာလေးတွေဆိုတာ ရှိပါတယ်… 🇹🇭

ရွှေမြန်မာတို့အနေနဲ့ ထိုင်းရောက်နေတုန်း ဆုန်ကရန်ပွဲတော်ကာလနဲ့ကြုံကြိုက်နေရင် ထိုင်းရိုးရာအစားအစာတွေကိုလည်း မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ်နော်။ အဲဒီ့အတွက် ထိုင်းနှစ်သစ်ကူးကာလ ဆုန်ကရန်မှာ ထိုင်းအငွေ့အသက်တွေနဲ့အတူစားသုံးနိုင်တဲ့ ရိုးရာထိုင်းအစားအစာတွေအကြောင်းကို Maple က ဖော်ပြပေးလိုက်ရပါတယ်… 💁🏼‍♀️

ဘယ်လိုအစားအစာတွေဖြစ်မလဲဆိုတာ တူတူကြည့်လိုက်ရအောင်ပါ…👇

၁။ Pad Thai
ဆန်ခေါက်ဆွဲပြားကို ပဲငံပြာရည်၊ ပဲပင်ပေါက်၊ ဂဏန်းသား၊ ကြက်သား၊ ဝက်သားတွေနဲ့ ရောမွှေကြော်ထားတဲ့ ထိုင်းလူမျိုးတွေရဲ့အစားအစာဖက်ထိုင်းဟာ ဆုန်ကရန်ပွဲတော်ကာလအတွင်း မြည်းစမ်းကြည့်သင့်တဲ့အစားအစာစာရင်းထဲပါဝင်နေပါတယ်။ ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖက်ထိုင်းအစားအစာဆိုတာ ရှိနေပေမယ့် ဒေသခံထိုင်းလူမျိုးတွေကိုယ်တိုင် ချက်ပြုတ်ဖန်တီးထားတဲ့ ဖက်ထိုင်းကိုတော့ ဆုန်ကရန်ပွဲတော်အတွင်း တစ်ခေါက်တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။

၂။ Tom Yum Goong
ထိုင်းရိုးရာတုန်ယမ်းဟင်းရည်ဟာ ဟင်းခတ်အမွှေးအကြိုင် အနံ့ခပ်မြိုင်မြိုင်နဲ့ ဟင်းရည်ထဲမှာ ပုဇွန်၊
ငံပြာရည်၊ သံပုရာ၊ ကရဝေးရွက်တွေအပြင် အခြားထိုင်းရိုးရာ ဟင်းခတ်အမွှေးအကြိုင်စုံစုံလင်လင်ထည့်ထားပြီးထမင်းနဲ့တွဲစားလို့ကောင်းတဲ့ ဟင်းရည်ပဲဖြစ်ပါတယ်။
ဆုန်ကရန်နဲ့ကြုံကြိုက်တုန်း ထိုင်းအငွေ့အသက်တွေကို ကောင်းကောင်းခံစားကြည့်ချင်ရင် Tom Yum Gong ဟင်းရည်ပါ သောက်သုံးခံစားကြည့်ပါ။

၃။ Som Tam (င်္သဘောသီးထောင်း)
Som Tam ဆိုတာ ယိုးဒယားင်္သဘောသီးထောင်းကို ခေါ်တာဖြစ်ပြီး အရှေ့တောင်အာရှမှာ နာမည်ကြီးတဲ့အစားအစာတစ်ခုပါ။ အချဉ်၊ အပူ၊ အငန်၊ ငါးငံပြာရည်အရသာနဲ့ ယိုးဒယားထန်းလျက်ရည်အရသာတို့ဟာ ထိုင်းနိုင်ငံရဲ့ယိုးဒယားင်္သဘောသီးထောင်းမှာ ပါဝင်တဲ့ အဓိက အရသာ (၅) မျိုးပဲဖြစ်ပါတယ်။ ထိုင်းဆုန်ကရန်ရေစိုစိုမှာ င်္သဘောသီးထောင်းပူစပ်စပ်လေးစားရင်း ထိုင်းယဉ်ကျေးမှုကို နှလုံးသားထဲထိ အပြည့်အဝခံစားကြည့်ခဲ့ပါ။

၄။ Mango Sticky Rice (သရက်သီးကောက်ညှင်း)
ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံး အချိုပွဲကိုပြောပါဆိုရင် တကယ့်ကို အရသာရှိလှတဲ့ ထိုင်းရိုးရာအစားအစာ သရက်သီးကောက်ညှင်းကို ပြောရမှာပါ။ အုန်းနို့ချိုနဲ့ပြုလုပ်ထားတဲ့ကောက်ညှင်းကို လတ်ဆတ်တဲ့သရက်သီးချပ်တွေနဲ့တွဲစားရပြီး အရသာရှိတဲ့ ဒီအစားအစာဟာ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သရက်သီးပေါ်ချိန် April နဲ့ May လတွေမှာ Mango Sticky Rice ကို စားသုံးလေ့ရှိကြပြီး ဆုန်ကရန်ပွဲတော်မှာဆို အဓိက အချိုပွဲအနေနဲ့ စားသုံးလေ့ရှိကြတာကတော့ Mango Sticky Rice (ယိုးဒယားသရက်သီးကောက်ညှင်း) အချိုပွဲပဲဖြစ်ပါတယ်။

၅။ Massaman Curry (ထိုင်းရိုးရာအသားဟင်း)
ပါရှန်ရိုးရာဟင်းတစ်မျိုးကို အခြေခံထားတဲ့ massaman ဟင်းဆိုတာ ကမ္ဘာတဝှမ်း လူသိများတဲ့ ဟင်းတစ်မျိုးပါ။ ၁၇ ရာစုအတွင်း ထိုင်းနိုင်ငံအလယ်ပိုင်းမှာ အသား (အမဲသား၊ ဘဲ၊ တို့ဟူး၊ ကြက်)၊ အုန်းနို့၊ ကြက်သွန်နီ၊ မြေပဲ/သီဟိုဠ်စေ့၊ အာလူး၊ ကရဝေးရွက်၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်၊ ပိန္နဲသီး၊ သကြား၊ ငါးငံပြာရည်၊ ငရုတ်ဆီ၊ မန်ကျည်း၊ ငံပြာရည်တွေလို ပါဝင်ပစ္စည်းအမျိုးမျိုးကို ချက်ပြုတ်ထားတဲ့ဟင်းဖြစ်ပြီး ထမင်းနဲ့တွဲစားလေ့ရှိကြပါတယ်။ လိမ္မော်သီး ဒါမှမဟုတ် နာနတ်သီးလိုမျိုး လတ်ဆတ်တဲ့အသီးအနှံတွေလည်း ဟင်းထဲမှာ ပါဝင်ချက်ပြုတ်လေ့ရှိပါတယ်။ ဒီလိုပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ massaman ဟင်းဆိုတာ ထိုင်းဟင်းလျာရဲ့ တကယ့်ရတနာတစ်ခုပါ။ 2011 ခုနှစ်မှာ CNNGo က “ကမ္ဘာ့အရသာအရှိဆုံး အစားအစာ ၅၀” စာရင်းရဲ့ နံပါတ် (၁) နေရာကို သတ်မှတ်ပေးခဲ့တဲ့ Massaman Curry ဟာ ဆုန်ကရန်ပွဲတော်ကာလမှာ မြည်းစမ်းကြည့်သင့်တဲ့ တကယ့်အစားအစာတစ်ခုဆိုတာ အသေအချာပါ။



❗️ချင်းမိုင်တွင် ယနေ့ထိ လေထုညစ်ညမ်းမှုမြင့်မားလျက်ရှိ❗️ချင်းမိုင်မြို့ရဲ့လေထုညစ်ညမ်းမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွား...
10/04/2023

❗️ချင်းမိုင်တွင် ယနေ့ထိ လေထုညစ်ညမ်းမှုမြင့်မားလျက်ရှိ❗️

ချင်းမိုင်မြို့ရဲ့လေထုညစ်ညမ်းမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပြီး အန္တရာယ်ရှိတဲ့ ခရမ်းရောင်အဆင့်အနေအထားကိုရောက်နေတဲ့အတွက် အလုပ်မသွားကြဘဲ အိမ်ကနေ အလုပ်လုပ်ဖို့ ထိုင်းအစိုးရက ညွှန်ကြားထားတာပါတယ်။

ထိုင်းရဲ့လေထုသန့်ရှင်းမှုကို PM2.5 Level နဲ့သတ်မှတ်ထားတာဖြစ်ပြီး အခုအချိန်မှာတော့ ချင်းမိုင်မြို့ရဲ့လေထုညစ်ညမ်းမှုက PM2.5 Level အထက်မြင့်မားနေတာဖြစ်ပါတယ်။

တောမီးလောင်တာတွေ ၊ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့မှု ပိုမိုများပြားလာတာနဲ့အမျှ ချင်းမိုင်ဟာလည်း ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တော်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဒီလိုလေထုညစ်ညမ်းမှုကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် အပြင်မထွက်ကြဖို့ အစိုးရက သတိပေးထားပါတယ်။


ထိုင်းနိုင်ငံရဲ့သဘာဝရုပ်ပုံလွှာ - ခေါင်ရိုင်ဆိုတာတစ်နှစ်ပတ်လုံး အလုပ်တွေကြားမှာ စိတ်မောလူမော ဖြစ်နေပြီဆိုရင်တော့ သင်္ကြန...
09/04/2023

ထိုင်းနိုင်ငံရဲ့သဘာဝရုပ်ပုံလွှာ - ခေါင်ရိုင်ဆိုတာ

တစ်နှစ်ပတ်လုံး အလုပ်တွေကြားမှာ စိတ်မောလူမော ဖြစ်နေပြီဆိုရင်တော့ သင်္ကြန်ကာလမှာ စိတ်ရောလူပါ ခေါင်းရှင်းရင်း အပန်းဖြေဖို့ သိိပ်ကိုလိုအပ်ပြီပေါ့… 🤔
သင်္ကြန်ကာလဆိုတာကလည်း ရွှေမြန်မာတွေအတွက် ပိတ်ရက်ရှည်ကြာရတဲ့ အချိန်ကာလတစ်ခုပါ… 💛💦

ဒါဆိုရင်တော့ ဒီနှစ်သင်္ကြန်မှာ ဘယ်နေရာမှာခေါင်းဆေးရမလဲ စဉ်းစားနေရင် သဘာဝတရားကြီးနဲဲ့ အနီးစပ်ဆုံးနေရာတစ်ခုဖြစ်တဲ့ ခေါင်ရိုင်ဒေသလေးကိုသွားဖို့ Maple က ညွှန်းဆိုချင်ပါတယ်… 💁🏼‍♀️

ခေါင်ရိုင်ဒေသထဲရောက်သွားပြီဆိုတာနဲ့..
💦ယူနက်စကိုစာရင်းဝင်ရေတံခွန်တွေ
🐘ဆင်တွေကို သဘာဝအတိုင်းကြည့်ရှုနိုင်တဲ့နေရာတွေ
💐ရောင်စုံပန်းခင်းတွေ
🍇စပျစ်ခြံတွေ
🛒ဒေသခံတွေရဲ့စျေးခင်းတွေနဲ့
🌳 စိမ်းလန်းတဲ့တောတောင်ရှုခင်းတွေက မြို့ပြရဲ့ရှုပ်ထွေးနောက်ကျိမှုတွေကို ရေနဲ့ဆေးချပစ်သလို လန်းဆန်းသွားစေမှာအမှန်ပါ…

တစ်နေ့တာလုံးလျှောက်သွားပြီးနောက် ညနေခင်းရောက်ပြီဆိုတာနဲ့ အမောအပန်းပြေသွားစေမယ့် View Point ကိုနောက်ခံပြီး ⛰တောတောင်တွေဆီက ဖြတ်သန်းလာတဲ့ လေညင်းတွေကို တဝကြီးရှူရှိုက်လို့ရသလို ဥရောပအငွေ့အသက်တွေကို တဝကြီးခံစားရမယ့် Vibe မျိုးနဲ့ လေရဟတ်ဖြူဖြူတွေရဲ့အလှ 🎡ကိုလည်း ခံစားနိုင်မယ့်နေရာတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့သဘာဝရုပ်ပုံလွှာ - ခေါင်ရိုင်ဆိုတာ တစ်နှစ်ပတ်လုံး အလုပ်တွေနဲ့ ခေါင်းစားနေတဲ့သူတွေအတွက် အေးအေးဆေးဆေးခေါင်းဆေးနိုင်မယ့်နေရာတစ်ခုဖြစ်လို့နေတာတော့ အမှန်ပါပဲရှင်… 🏞️

ဒါဆိုရင်တော့ သွားမယ်ဆို ကြာရှည်မတွေးနဲ့..
ပုံလေးတွေကြည့်ပြီး အမြန်ဆုံးသာ လာလည်လိုက်တော့ရှင်.. 🥰

အခြားထိုင်းနိုင်ငံတွင်းခရီးသွားဝန်ဆောင်မှုများနဲ့ပတ်သက်လို့ သွားလာလည်ပတ်မယ်ဆိုရင်လည်း Maple ကို အချိန်မရွေးဆက်သွယ်လို့ရပါပြီရှင်…👇

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand



🙏 လိုရာဆုတောင်းတိုင်း ဆုတောင်းပြည့်တဲ့ ဘန်ကောက်မြို့ကနတ်သမီး (သို့မဟုတ်) ဖိဆောင်နတ်နန်း 🙏ဘန်ကောက်မြို့မှာ ကော်ဖီဆိုင်တစ်...
07/04/2023

🙏 လိုရာဆုတောင်းတိုင်း ဆုတောင်းပြည့်တဲ့ ဘန်ကောက်မြို့ကနတ်သမီး (သို့မဟုတ်) ဖိဆောင်နတ်နန်း 🙏

ဘန်ကောက်မြို့မှာ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက် မြေနေရာကို ရှင်းလင်းရေးလုပ်ရာကနေ ညောင်ပင်ကြီးတစ်ပင်ကြောင့် ဆက်ပြီးမရှင်းလင်းဖြစ်တော့ဘဲ ရပ်တန့်သွားတဲ့နေရာလေးတစ်ခု…🧐

ဘာကြောင့်ရပ်တန့်သွားတာလဲအဖြေရှာကြည့်တော့ ရှင်းလင်းရေးလုပ်နေတဲ့အလုပ်သမားတစ်ယောက်က အဲ့ဒီ့ညောင်ပင်အောက်မှာ လူပုံစံသစ်တုံးတစ်ခုရှိနေကြောင်း၊ အဲ့ဒီ့သစ်တုံးရှိတဲ့ ညောင်ပင်ကို ခုတ်ထွင်ရှင်းလင်းမယ်ပြောလိုက်တိုင်း အဖြူရောင်ဝတ်ထားတဲ့ မိန်းမငယ်တစ်ယောက် ဖြတ်လျှောက်သွားတာကို မြင်ရကြောင်း ပြောလိုက်ပြီးတဲ့နောက်မှာ ဒီလူပုံစံသစ်တုံးကို ဖိဆောင်လို့ခေါ်ဆိုခဲ့ကြပါတော့တယ်… 💁🏼‍♀️

အဲ့ဒီ့ညောင်ပင်နဲ့သစ်တုံးကိုလည်း မခုတ်တော့ဘဲ ဒီအတိုင်းဆက်လက်ထားရှိရင်း ပန်းရေချမ်းတွေနဲ့ဆက်ကပ်ပူဇော်ပြီး လိုချင်တာတွေဆုတောင်းခဲ့ကြပါတယ်။ ဆိုင်ကိုလာတဲ့သူတွေဆီကနေ တစ်စထက်တစ်စ ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးလာပြီး အခုနောက်ပိုင်းမှာဆိုရင်တော့ ဖိဆောင်ကို လက်ဝတ်ရတနာတွေဆက်ကပ်ပြီး ဆုတောင်းတာမျိုးတွေအထိ လှူဒါန်းလာကြပါတယ်။ ရပ်နီးရပ်ဝေးကနေတောင် တကူးတကလှူဒါန်းသူတွေအရမ်းများလာတဲ့အတွက် ဆိုင်ရှင်က ဆက်ကပ်ပေးရတဲ့အထိကို ဖြစ်လာရတဲ့နေရာကတော့ ဘန်ကောက်မြို့က ဖိဆောင်နတ်နန်းပဲဖြစ်ပါတော့တယ်…🙏

ဖိဆောင်နတ်နန်းကိုသွားလည်မယ်ဆိုရင်တော့ နေရာလေးက ဘန်ကောက်မြို့ရဲ့ B-Story Garden Cafe & Restaurant ဆိုင်လေးမှာတည်ရှိပါတယ်။
Map Link 👇
B-Story Garden Cafe & Restaurants
+66 83 751 1137
https://maps.app.goo.gl/1Wvrv7QoYs9tkr5Q8?g_st=ic

ဒီလောက်ထိ တန်ခိုးကြီးပြီး ဆုတောင်းပြည့်လွန်းလို့ ဘန်ကောက်ရောက်နေတဲ့ရွှေမြန်မာတို့လည်း ဘန်ကောက်ရောက်ရင် ဖိဆောင် (နတ်နန်း) ဆီရောက်အောင်သွားပြီး လိုရာဆုတွေတောင်းခဲ့ဖို့ Maple က လမ်းညွှန်ပေးလိုက်ပါတယ်နော်… 💁🏼‍♀️

ဒါ့အပြင် ထိုင်းနိုင်ငံတွင်းခရီးသွားဝန်ဆောင်မှုများနဲ့ပတ်သက်လို့လည်း Maple ကို အချိန်မရွေးဆက်သွယ်လို့ရပါပြီရှင်…👇

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand


#ဖိဆောင် #နတ်နန်း

💦🇹🇭 တစ်နှစ်ကို လူ (၂) သန်းကျော်လာရောက်လေ့ရှိတဲ့ ဘန်ကောက်က S2O Songkran Festival  🇹🇭💦 ထိုင်းနှစ်ကူးကိုကြိုဆိုသောအားဖြင့် ...
05/04/2023

💦🇹🇭 တစ်နှစ်ကို လူ (၂) သန်းကျော်လာရောက်လေ့ရှိတဲ့ ဘန်ကောက်က S2O Songkran Festival 🇹🇭💦

ထိုင်းနှစ်ကူးကိုကြိုဆိုသောအားဖြင့် ဘန်ကောက်မှာ နှစ်စဥ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ S2O Songkran Festival 2023 ပွဲကို ဒီနှစ်မှာရော ဘယ်သူတွေသွားဖို့ပြင်ဆင်ပြီးကြပြီလဲ.. 🤩

ဒီနှစ်ရဲ့ S2O Songkran Festival ကို ဘန်ကောက်စံတော်ချိန် April 16th နေ့လည်ပိုင်းကနေ April 17th သန်းခေါင်ယံအထိ ကျင်းပသွားမှာဖြစ်ပြီး Age limit ကန့်သတ်ထားခြင်းမရှိဘဲ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လက်မှတ်၀ယ်ယူနိုင်ပါတယ်..

ပွဲနီးရင် လက်မှတ်ကုန်သွားတတ်လို့ လက်မှတ်၀ယ်ယူမယ်ဆိုရင်တော့ S2O Songkran Festival Website ရဲ့“Tickets” tab ကနေ ကြိုတင်၀ယ်ယူထားတာ အကောင်းဆုံးပါ.. Ticket ဈေးနှုန်းတွေက General Admission အတွက် USD 39 နဲ့ VIP Admission အတွက် USD 59 ကျသင့်မှာဖြစ်ပါတယ်..

ဒါဆို 2023 ပွဲမှာဖျော်ဖြေမယ့်သူတွေရဲ့ Lineup စာရင်းတွေကရော... 👇
EDM လောကရဲ့နာမည်ကျော်တော်တော်များများ ပါ၀င်လာမှာဖြစ်ပြီး Tiesto, Dimitri Vegas & Like Mike, Afrojack တို့က Headliner အနေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်.. တခြားလူသိများတဲ့ performers တွေကတော့-
-Alison Wonderland
-Martin Garrix
-David Guetta
-Armin van Buuren
-Steve Aoki
-Hardwell
-DJ Snake
တို့ပါ၀င်ဖျော်ဖြေမှာဖြစ်လို့ Songkran S2O ပွဲမှာ အပီလွင့်ချင်သူတွေအတွက်တော့ လုံး၀အမိုက်စားတွေပါပဲနော်... 😍

ပွဲလက်မှတ်မရလိုက်လို့ Live Stream ကြည့်ချင်သူတွေအတွက်လည်း YouTube နဲ့ Facebook ပေါ်မှာ S2O Songkran Festival ပွဲကို live stream ကြည့်ရှုနိုင်ပါတယ်.. ဒါပေမဲ့ တစ်နှစ်မှတစ်ခါ ဒီလိုအမိုက်စားပွဲကို ကိုယ်တိုင်ဆက်ဆက်သွားချင်သူတွေအတွက်တော့ လုံး၀လက်မလွတ်သင့်တဲ့ပွဲတစ်ခုဖြစ်လို့ ပွဲကြိုက်ခင်တို့ကို S2O Songkran Festival ပွဲဆီ သွားလည်ကြဖို့ Maple က ညွှန်းဆိုလိုက်ပါတယ်ရှင်... 💁🏼‍♀️

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand


💦🇹🇭 ဆုန်ကရန်သင်္ကြန်မှာ ဘန်ကောက်ကို လည်ကြမယ်💦 🇹🇭မြန်မာပြည်ထဲ သင်္ကြန်ကျချင်ပေမယ့် အခြေအနေအကြောင်းတရားတွေအရ စည်စည်ကားကားလ...
03/04/2023

💦🇹🇭 ဆုန်ကရန်သင်္ကြန်မှာ ဘန်ကောက်ကို
လည်ကြမယ်💦 🇹🇭

မြန်မာပြည်ထဲ သင်္ကြန်ကျချင်ပေမယ့် အခြေအနေအကြောင်းတရားတွေအရ စည်စည်ကားကားလည်ခွင့်မရှိတော့ ဘယ်ကိုသွားလည်ရမလဲစဉ်းစားနေရင် ဆုန်ကရန်သင်္ကြန်ကို ဘန်ကောက်မှာ သွားလည်ကြမယ်နော်..
ဘန်ကောက်ရောက်ရင်တော့ ဆုန်ကရန်ပွဲတော်ရဲ့အနှစ်သာရတွေကို အကောင်းဆုံးခံစားဖို့ ဒီနေရာတွေတော့ Maple က မဖြစ်မနေ သွားလည်ကြည့်စေချင်ပါတယ်ရှင်... 👇

🔸 ဘန်ကောက်ရဲ့နာမည်ကျော်လမ်းတွေပေါ်မှာ ရေသဘင်ပွဲ ဆင်နွှဲမယ်
မြန်မာပြည်က လမ်းမတွေပေါ် ရေပြွတ်တွေနဲ့ ရေပက်ခံထွက်ကြသလို ဘန်ကောက်ရဲ့အဓိကအသည်းနှလုံးလမ်း‌မတွေဖြစ်တဲ့ Khao San လမ်းနဲ့ Silom လမ်းမတွေထဲမှာလည်း ရေပုံးတွေ၊ ရေပြွတ်တွေနဲ့ စည်စည်ကားကားရေပက်ဖျန်းနေကြတာကို တွေ့မြင်နိုင်ပါတယ်.. မြန်မာပြည်ရဲ့လမ်း‌ပေါ်သင်္ကြန်တွေကို ပြန်လည်တသအောက်မေ့မိစေဖို့ အနီးအနားက ဘန်ကောက်ကို သွားလည်မယ်ဆိုရင် အနီးအနားက Khao San လမ်းနဲ့ Silom လမ်းမတွေဆီ သွားလည်ကြည့်ဖို့ Maple က Recommend ပေးချင်ပါတယ်နော်...

🔸 နန်းတော်ရင်ပြင်ရှေ့က Sanam Luang ထိုင်းရိုးရာပြဇာတ်ကို သွားရောက်ကြည့်ရှုမယ်
Sanam Luang ဆိုတာ ရိုးရာ Songkran ပွဲတော်ကို ကြည့်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပါ.. Grand Palace ရှေ့က Public Square မှာ ရိုးရာရုပ်သေးပွဲတွေ၊ ထိုင်းရိုးရာအကတွေ၊ မျက်နှာဖုံးတပ်အကတွေကို ဆုန်ကရန်ပွဲ‌တော်ကာလအတွင်း မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် ‌ဗုဒ္ဓဘာသာ၀င်တွေအနေနဲ့ ဘန်ကောက်အမျိုးသားပြတိုက်ရှေ့က ဗုဒ္ဓရုပ်ပွားတော်ကို ရေသပ္ပာယ်ပြီး ပူဇော်မှုတွေလည်း ပြုလုပ်လို့ရပါသေးတယ်ရှင်...

🔸 Wisutkasat Area ၀န်းကျင်က Miss ဆုန်ကရန်ရွေးချယ်ပွဲကို သွားဦးမလား
မြန်မာပြည်မှာ သင်္ကြန်မယ်လေး‌တွေရှိသလို ထိုင်းဆုန်ကရန်မှာလည်း မယ်ဆုန်ကရန်‌လေးတွေရှိ‌နေပါတယ်နော်.. မယ်ဆုန်ကရန်တွေရဲ့ရေစိုစိုအလှကို ဘန်ကောက် ဆုန်ကရန်မှာခံစားနိုင်ဖို့ဆို Wisutkasat Area ၀န်းကျင်က Miss ဆုန်ကရန်ရွေးချယ်ပွဲဆီ အရောက်လာကြည့်သင့်ပြီနော်...

🔸 Ratchada Soi 4
MRT Rama 9 Station နားက Ratchada Soi 4 ကတော့ club ထဲမှာ ရေသဘင်ပွဲဆင်နွှဲချင်သူတွေအတွက် အမိုက်စား water party တစ်ခုပါ.. အသက်သာဆုံး၀င်ခွင့် ticket တွေနဲ့ အသောက်တလိုင်းတွေအတွက် သောက်စရာတွေအပြင် ရူးလောက်စရာကကွက်တွေနဲ့ dancer တွေရဲ့အမိုက်စားကကွက်တွေကို စီးမျောခံစားနိုင်တဲ့နေရာတစ်ခုက‌တော့ club ပေါင်းစုံတဲ့ Ratchada Soi 4 ပဲဖြစ်ပါတယ်...

🔸 Siam Square
Siam Square ကတော့ Shopping အတွက်သာ ကျော်ကြားတာမဟုတ်ဘဲ ဆုန်ကရန်ပွဲတော်အတွက်လည်း ကျော်ကြားတဲ့နေရာတစ်ခုပါ.. ဆုန်ကရန်ပွဲတော်ကာလအတွင်း Siam Paragon, Siam Center, MBK နဲ့ Central World တွေကို ဖွင့်လှစ်ထားပေမယ့် Siam Square က ဆိုင်အတော်များများကိုတော့ ပိတ်ထားပါတယ်.. အဲ့ဒီ့ပိတ်ထားတဲ့နေရာတွေကို ‌ဒေသခံတွေက hot zone လို့ခေါ်ပြီး အဲဒီ့နေရာမှာ ရေမြှုပ် party ကိုပါ ဆင်နွှဲနိုင်ပါတယ်...

ဒါ့အပြင် ဘန်ကောက်က ဆုန်ကရန်ပွဲတော်ကို ဆင်နွှဲရင်း ထိုင်းနိုင်ငံတွင်း အခြားခရီးစဉ်များဖြစ်တဲ့
🚌 Bangkok to Huahin
🚌 Bangkok to Kanchanaburi
🚌 Bangkok to Pattaya
🚌 ဘုရားကိုးဆူနဲ့
🚌 နဂါးသိုက်ဘုရား နေ့ချင်းပြန်ခရီးစဉ်များကိုလည်း Maple မှာ စီစဉ်ပေးနေပါပြီနော်... 💁🏼‍♀️

Maple International Service ရဲ့၀န်ဆောင်မှုများအနေနဲ့ ထိုင်းနိုင်ငံတွင်း လည်ပတ်ဖို့
✅ ကားအငှား၀န်‌ဆောင်မှုများ
✅ Tour Guide ဝန်ဆောင်မှုများ
✅ Shopping ထွက်၊ အလည်အပတ်နှင့် ခရီးသွားခြင်းများအတွက် Guide Service များ
✅ Package Tour, Group Tour နှင့် Custom Tour စတဲ့ Tour အမျိုးမျိုးအတွက် Trip Plan ဆွဲပေးခြင်းများ
✅ ထိုင်းနိုင်ငံရှိ အထင်ကရနာမည်ကြီးကစားကွင်းများ၊ ပန်းခြံများ၊ Cruise များအတွက် ပြင်ပဈေးနှုန်းထက် ပိုသက်သာတဲ့ဈေးနှုန်းများဖြင့် Ticket ၀ယ်ယူနိုင်ခြင်းများ
✅ Air Ticket နှင့် Hotel Booking ဖြတ်ပေးခြင်းများအပြင်
✅ Retirement Visa ဆောင်ရွက်ပေးခြင်းများ
✅ ထိုင်းနိုင်ငံတွင်း Company ထောင်လိုသူများအတွက် Company Setup Registration ဆောင်ရွက်ပေးခြင်းများ စတဲ့၀န်‌ဆောင်မှုများကို Maple International Service မှာ တစ်နေရာတည်းအပြီးအစီးဆောင်ရွက်ပေးနေတာမို့ ထိုင်းနိုင်ငံတွင်းကိစ္စအ၀၀အတွက်ဆို Maple Travels & Tours ကိုသာ ဆက်သွယ်လိုက်ပါရှင် 🤙

To contact 👇
📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand.




🇹🇭 ထိုင်းနိုင်ငံရဲ့ပြင်ဦးလွင်မြို့‌လေးအလား ထင်မှတ်မှားရတဲ့ Phu Ruea တောင်ပေါ်ဒေသလေးဆီရောက်ရင် ဘယ်နေရာတွေသွားလည်ကြမလဲ......
31/03/2023

🇹🇭 ထိုင်းနိုင်ငံရဲ့ပြင်ဦးလွင်မြို့‌လေးအလား ထင်မှတ်မှားရတဲ့ Phu Ruea တောင်ပေါ်ဒေသလေးဆီရောက်ရင် ဘယ်နေရာတွေသွားလည်ကြမလဲ... 🏞️

Phu Ruea ဆိုတာ ထိုင်းနိုင်ငံ Loei ခရိုင်မှာတည်ရှိတဲ့တောင်တန်းကြီး ၁ ခုပါ.. တောင်တန်းဒေသဆိုပေမယ့် ဒီတောင်တန်းဒေသနဲ့ဆက်စပ်နေတဲ့လည်ပတ်စရာနေရာတွေကလည်း အများကြီးပါပဲ.. မြန်မာပြည်မှာဆိုရင်တော့ ပြင်ဦးလွင်ဒေသနဲ့ခပ်ဆင်ဆင်တူတဲ့ နေရာလေးတစ်ခုဆိုလည်း မမှားဘူး‌ပေါ့ရှင်... 💁🏼‍♀️

ဒီနေ့မှာတော့ ဒီလိုအေးချမ်းတဲ့ Phu Ruea တောင်တန်းဒေသက လည်ပတ်စရာနေရာလေးတွေကို ခရီးသွားချစ်သူတွေအတွက် Maple က Sharing လုပ်ပေးချင်ပါတယ်.. ဘယ်နေရာလေးတွေဖြစ်မလဲဆိုတာ‌တော့ Maple နဲ့တူတူကြည့်လိုက်ရအောင်ပါနော်... 👇

⛰️ Phu Ruea National Park
Phu Ruea တောင်ရဲ့အမျိုးသားဥယျာဉ်တစ်ခုဖြစ်တဲ့ Phu Ruea National Park ဟာ ထိုင်းနိုင်ငံရဲ့အအေးဆုံးနေရာတစ်ခုပါ.. ဓာတ်ဖမ်းချင်သူတွေအကြိုက် Photo spot နေရာတွေ၊ သာယာလှပပြီး စိတ်ရောလူပါ relax ဖြစ်သွားစေမယ့်တောင်ထိပ် view point နဲ့ ဆွဲဆောင်မှုရှိတဲ့ Sunset view တွေက လည်ပတ်သူတွေရဲ့နောက်ကျိနေတဲ့စိတ်နှလုံးကို အေးချမ်းသွားမယ့် feeling တွေအပြည့်အ၀ပေးစွမ်းနေမှာအမှန်ပါ...

🏞️ Huai Krathing ဆည်
Phu Ruea တောင်ကိုအမှီပြုပြီး တည်ရှိနေတဲ့ နောက်ထပ်လည်ပတ်စရာနေရာတစ်ခုကတော့ Huai Krathing ဆည်ပါ.. အေးချမ်းတဲ့ Phu Ruea တောင်တန်းကြီးကိုနောက်ခံထားပြီး ဆည်အစပ်ကတဲလေးတွေထဲမှာ နေ့လယ်နေ့ခင်းတစ်ရေးတစ်မောနား၊ အရသာရှိတဲ့ထိုင်းအစားအစာတွေစားပြီး တောင်တန်းကြီးနဲ့ဆည်ရေပြင်ဆီက ဖြတ်တိုက်လာတဲ့ လေပြည်ညင်းတွေကို ဆည်အတွင်းဖောင်စီးရင်း ခံစားနိုင်တာဟာ Huai Krathing ဆည်ရဲ့ဆွဲဆောင်မှုတွေပါ...

💐 Ban Nong B**g Plant Market
Phu Ruea ဒေသကို အခြားဒေသ‌တွေနဲ့မတူဘဲ ထူးခြားစေတဲ့အရာက ပန်းမျိုးစိတ်စုံတည်ရှိရာနေရာတစ်ခုဖြစ်တဲ့ Ban Nong B**g Plant Market ကြောင့်ပါ.. ပန်းပင်ချစ်တတ်သူတွေအတွက် အရောင်မျိုးစိတ်စုံလင်လှတဲ့ပန်းပေါင်းစုံကို တစ်စုတစ်စည်းတည်းတွေ့ရှိနိုင်ပြီး Phu Ruea ကအပြန်မှာ ပန်းမျိုးစိတ်ပင်တွေကို အိမ်မှာစိုက်ဖို့ အပြန်လက်‌ဆောင်အဖြစ်၀ယ်သွားလိုက်‌တော့နော်...

🎑 Phu Ruea High Altitude Agricultural Research Station
ဒီနေရာလေးကတော့ Phu Ruea National Park ဆီသွားရာလမ်းဖြစ်တဲ့၀င်ပေါက် 21 အနီးမှာတည်ရှိပါတယ်.. ပန်းခြံ၀င်ကြေးပေးဆောင်ရာဂိတ်နဲ့ ခရီးသွားတွေ အပေါ့အပါးတစ်ထောက်နားရာနေရာကို ကျော်လွန်ပြီးရင်တော့ ရုပ်ရှင်ကားထဲရောက်သွားသလိုခံစားချက်မျိုးပေးစွမ်းမယ့် မြင်ကွင်းတွေကိုမြင်ရဖို့ တောင်ထိပ်ပေါ်ကို ကားမောင်းပြီးဖြစ်စေ၊ မြူတွေမှိုင်းကာ တိမ်တွေဆိုင်းနေတဲ့ပန်းခြံကို လမ်းလျှောက်ပြီးဖြစ်စေ လည်ပတ်နိုင်ပါပြီ...

💦 Namtok Pla Ba Waterfall
ပြင်ဦးလွင်အမျိုးသားဥယျာဉ်ထဲမှာ ဓာတ်တော်ချိုင့်ရေတံခွန်ရှိသလို Phu Ruea တောင်တန်းဒေသမှာလည်း Namtok Pla Ba ဆိုတဲ့ရေတံခွန်ဆိုတာ ရှိပါတယ်.. အေးချမ်းတဲ့တောတောင်အရိပ်အငွေ့နဲ့အတူ ရေတံခွန်ရဲ့သာယာညွတ်နူးတဲ့ရေစီးသံက ‌လည်ပတ်သူ‌တွေရဲ့ခံစားချက်ကို တစ်မျိုးတစ်ဖုံ လတ်ဆတ်စေမှာပါ...

ဒီနေရာလေးတွေကတော့ Phu Ruea တောင်တန်းဒေသရဲ့ဆွဲဆောင်မှုအရှိ‌ဆုံးနေရာတွေထဲက နေရာ (၅) နေရာကို ဖော်ပြပေးသွားတာပဲဖြစ်ပြီး ထိုင်းရောက်နေတဲ့ရွှေမြန်မာတွေအနေနဲ့ မြန်မာပြည်က ပြင်ဦးလွင် vibe လေးလိုမျိုး ထိုင်းမှာ ခံစားချင်ရင် သွားလည်ပတ်ကြဖို့ အကြံပြုချင်ပါတယ်နော်... 💁🏼‍♀️

ဒါ့အပြင် ထိုင်းနိုင်ငံတွင်းခရီးစဉ်များနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေရှိရင်လည်း Maple ရဲ့ cb မှာ အားမနာတမ်း မေးမြန်းစုံစမ်းနိုင်ပါပြီရှင် 👇

📲 09 444 37598, 09444 37 385
📧 [email protected]
🏢 Room No 4A 581-584, 4th Floors, 555 Ratchaprarop Rd, Makkasan, Ratchathewi, Bangkok, Thailand


ที่อยู่

555 Ratchaprarop Road, Makkasan, Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+6644437385

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Maple International Serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Maple International Service:

แชร์


บริการท่องเที่ยว อื่นๆใน Bangkok

แสดงผลทั้งหมด