EB Tours and Visa Services

EB Tours and Visa Services ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก EB Tours and Visa Services, บริษัทท่องเที่ยว, Bangkok.
(1)

မလေးရှား သွားဖို့အတွက် ဗီဇာကိစ္စ ခေါင်းခဲနေတုန်းပဲလား?🤝Eagle Burma မှ Malaysia E-Visa များကို အသက်သာဆုံးဝန်ဆောင်ခဖြင့် လ...
18/06/2023

မလေးရှား သွားဖို့အတွက် ဗီဇာကိစ္စ ခေါင်းခဲနေတုန်းပဲလား?
🤝Eagle Burma မှ Malaysia E-Visa များကို အသက်သာဆုံးဝန်ဆောင်ခဖြင့် လျှင်လျှင်မြန်မြန်ရရှိနိုင်အောင် ဆောင်ရွက်ပေးနေပါပြီ…

🔥Eagle Burma မှတဆင့် မလေးရှား အလည်ဗီဇာလျှောက်မယ်ဆိုလျှင် အောက်ပါအချက် (၅)မျိုးသာ လိုအပ်ပါတယ်…
✅ပတ်စပို့စ်
✅မှတ်ပုံတင်
✅သန်းခေါင်စာရင်း
✅နောက်ခံအဖြူ ဓာတ်ပုံ
✅ကိုဗစ်ဆေး ၂ကြိမ်
(ကိုဗစ်ဆေး ၂ကြိမ်ထိုးမထားသူများလည်း လာရောက်မေးမြန်းလျှောက်ထားနိုင်ပါတယ်)

E-Visa အမျိုးအစားဖြစ်တဲ့အတွက် စာရွက်စာတမ်းများကို soft copy ပေးဖို့သာလိုအပ်ပါတယ်။
လူကိုယ်တိုင်လာရောက်ဆောင်ရွက်စရာ မလိုအပ်ပါဘူးခင်ဗျာ…

ကျန်လိုအပ်သည့်စာရွက်စာတမ်း(ဘဏ်၊အလုပ်အကိုင် စသဖြင့်…) ဘာတစ်ခုမှပေးရန် မလိုအပ်ပါ…
Eagle Burma မှအပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ…

စိတ်ပါဝင်စားလို့ အသေးစိတ် မေးမြန်းဆောင်ရွက်ချင်တယ်ဆိုရင်တော့…
Phone : (+66) 80 640 6025
Viber : (+66) 80 640 6025
WhatsApp : (+66) 80 640 6025
တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။
#မလေးရှား

ရန်ကုန်တိုင်း တစ်ခုစာလောက်ပဲ ရှိတဲ့ စင်္ကာပူလို နိုင်ငံမျိုးမှာ ဘယ်နေရာတွေကို အဓိကထား လည်ပတ်သွားသင့်လဲ 🇸🇬💫 မင်္ဂလာပါ။ Ea...
16/06/2023

ရန်ကုန်တိုင်း တစ်ခုစာလောက်ပဲ ရှိတဲ့ စင်္ကာပူလို နိုင်ငံမျိုးမှာ ဘယ်နေရာတွေကို အဓိကထား လည်ပတ်သွားသင့်လဲ 🇸🇬💫

မင်္ဂလာပါ။ Eagle Burma ကနေပြီးတော့ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ Eagle Burma ကနေပြီးတော့ မြန်မာလူမျိုးတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါ်ပြီး လည်ပတ်စရာ နေရာတွေလည်း မနည်းတဲ့ စင်္ကာပူနိုင်ငံရဲ့ အမိုက်စားဆွဲဆောင်မှုတွေအကြောင်း ပြောပြပေးသွားပါမယ်ဗျ။

အားလုံးသိပြီးကြတဲ့အတိုင်း စင်္ကာပူနိုင်ငံကို တရားဝင်အားဖြင့် စင်ကာပူသမ္မတနိုင်ငံလို့ ‌ခေါ်ကြပြီး အရှေ့တောင်အာရှပင်လယ်ပြင်မှာရှိတဲ့ ကျွန်းနိုင်ငံနဲ့ မြို့ပြနိုင်ငံအသေးစားလေးပါ။ အသေးစားဆိုပေမယ့် စီးပွားရေးအရပဲ ကြည့်ကြည့်၊ ပညာရေး၊ ကျန်မာရေးပဲ ယှဉ်ယှဉ် လုံးဝ မခေတဲ့ နိုင်ငံတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

တချို့မြန်မာလူမျိုးတို့အနေနဲ့ စင်္ကာပူနိုင်ငံမှာ မနေဖူးပေမယ့် တခြားနိုင်ငံသွားရင် Transit လုပ်တာပဲ ဖြစ်ဖြစ်၊ စင်္ကာပူမြေကို ခနတာတော့ အခြေခြဖူးမှာပဲလေနော်။ ကဲပါ အခုကစပြီး Singapore ရဲ့ ဦးစားပေး သွားလည်သင့်တဲ့ နေရာတွေကို ဖော်ပြပေးသွားပါမယ် ခင်ဗျာ။

နတ်ပြည်ထိရောက်နိုင်သလားလို့တောင် မေးခွန်းထုတ်ရလောက်‌တဲ့ အရှေ့တောင်အာရှက အမြင့်ဆုံးအဆောက်အဦးကြီးများ 🗼အဆောက်အဦးတွေဆိုတာ န...
13/06/2023

နတ်ပြည်ထိရောက်နိုင်သလားလို့တောင် မေးခွန်းထုတ်ရလောက်‌တဲ့ အရှေ့တောင်အာရှက အမြင့်ဆုံးအဆောက်အဦးကြီးများ 🗼

အဆောက်အဦးတွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ Infrastructure ဖြစ်သလို နိုင်ငံ့ပုံရိပ် Image လို့လည်း ပြောလို့ရနိုင်ပါတယ်။ ဥပမာပေးရရင်ဗျာ Burj Khalifa ဆိုတဲ့ ကန္တာရအလယ်က ခေတ်မီတာဝါကြီးကို ‌မြင်လိုက်တာနဲ့ အဲ့နိုင်ငံက ဒူဘိုင်းလို့ စိတ်ကအလိုအလျောက် သိလာသလိုပေါ့ဗျာ။

ဒီလိုပါပဲ ဒီဘက်ခေတ်ကို ရောက်လာတာနဲ့ အရှေ့တောင်အာရှမှာလည်း ခေတ်ရေစီးကြောင်းနဲ့အညီ ဘယ်သူ့နိုင်ငံ ပိုမြင့်ပါတယ်ဆိုပြီး နိုင်ငံ့ဂုဏ်ကို တစ်ဖက်တစ်လှမ်းကမြှင့်တင်ပေးနေတဲ့ တာဝါကြီးတွေလည်း ရှိလာပါပြီ။

Eagle Burma ကနေပြီးတော့ ဒီနေ့မှာ‌ဆိုရင် အရှေ့တောင်အာရှက နတ်ပြည်ထိရောက်‌လောက်မယ့် အဆောက်အဦးကြီးတွေအကြောင်း ပြောပြပေးသွားပါမယ်ခင်ဗျာ။

ဘယ်နိုင်ငံက အများဆုံး ပါဝင်မလဲဆိုတာက ပုံလေးတွေ တစ်ပုံချင်းစီ ထောက်ကြည့်ပေးမှ သိနိုင်မယ်နော်။

Merdeka 118 🇲🇾
အရှေ့တောင်အာရှ ဂုဏ်ဆောင်အမြင့်ဆုံး တာဝါကြီးဖြစ်ပြီး 678.9 မီတာအထိ မြင့်ပါတယ်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ တည်ရှိတာဖြစ်ပြီး ကမ္ဘာ့ပေါ်မှာ ဒုတိယအမြင့်ဆုံး တာဝါကြီးတစ်ခုပါ။

Vietnam Landmark 81 🇻🇳
Landmark 81 ဟာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ အလွန်မြင့်တဲ့ မိုးမျှော်တိုက်တစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ အကြီးဆုံး အိမ်ခြံမြေကုမ္ပဏီ Vinhomes ရဲ့ တာဝါလည်းဖြစ်ပါတယ်။ အမြင့် 461.2 မီတာအထိ ရှိပြီး အာဆီယံရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

The Exchange 106 🇲🇾
The Exchange 106 ဆိုတာကတော့ ယခင်က Signature Tower လို့အမည်ရပြီး 453.6 မီတာမြင့်တဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မိုးမျှော်တိုက်ကြီးပါ။ မလေးရှားမှာ ဒုတိယအမြင့်ဆုံး အဆောက်အဦးဖြစ်ပြီး အရှေ့တောင်အာရှရဲ့ တတိယအမြင့်ဆုံး အဆောက်အဦးလည်း ဖြစ်နေပါတယ်။

Petronas Twin Tower 🇲🇾
မသိတဲ့သူ မရှိသလောက် နာမည်ကြီးတဲ့ တာဝါကြီးပါ။ မလေးရှားရဲ့ Petronas Twin Towers ဟာ တစ်ချိန်က အမြင့် 451.9 မီတာနဲ့ ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦး ဖြစ်ခဲ့ပါတယ်။ 1998 ခုနှစ်မှ 2004 ခုနှစ်အထိ အဲ့ခေါင်းစဉ်ကို ကိုင်စွဲခဲ့တာပါ။ လက်ရှိ ကမ္ဘာပေါ်တွင် အမြင့်ဆုံး နှစ်ထပ်ဖွဲ့စည်းပုံအဆောက်အဦး ဖြစ်နေဆဲပါ။

Autograph Tower 🇮🇩
2022 ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ စံချိန်တင်မိုးမျှော်တိုက်ကြီးကိုလည်း မေ့မထားသင့်ပါဘူး။ ဂျာကာတာမှာ တည်ရှိတာဖြစ်ပြီး 382.9 မီတာအထိ မြင့်ပါတယ်။

Four Season Place 🇲🇾
Four Seasons KLCC နှင့် FSP KLCC Tower လို့လည်းလူသိများပါတယ်။ Four Seasons Place Kuala Lumpur ဟာ မလေးရှားနိုင်ငံ၊ Kuala Lumpur City Centre ရှိ 74 ထပ်၊ 342.5 မီတာ မြင့်တဲ့ မိုးမျှော်တိုက်ဖြစ်ပါတယ်။ ၎င်းဟာ မလေးရှားနိုင်ငံရဲ့ စတုတ္ထအမြင့်ဆုံး အဆောက်အအုံပါ။

Magnolias Waterfront Residences 🇹🇭
Iconsiam ရှိ Magnolias Waterfront Residences ကို 2018 ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဘန်ကောက်ရဲ့ အမြင့်ဆုံး အဆောက်အဦးအဖြစ် 318 မီတာနဲ့ ရပ်တည်နေပါတယ်။

Kingpower MahaNakhon 🇹🇭
ကမ္ဘာ့အကြီးဆုံး မှန်သားပြင် တစ်ခုပါရှိတဲ့ 78 ထပ် တာဝါကြီးပါ။ အမြင့် 314 မီတာရှိတဲ့ ဘန်ကောက်မြို့ရဲ့ နေဝင်ချိန်ဆည်းဆာ မြင်ကွင်းများကို ခံစားဖို့အကောင်းဆုံးလည်းဖြစ်ပါတယ်။ ဘန်ကောက်မြို့လယ်တွင် တည်ရှိပြီး ကမ္ဘာ့အဆင့်မီလို့ ခေါ်ရလောက်အောင် နာမည်ကြီးပါတယ်။

Telekom Tower 🇲🇾
TM Tower ဟုလည်းလူသိများတဲ့ Telekom Tower ဟာတော့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအနောက်ပိုင်း Lembah Pantai ရှိ 55 ထပ်၊ အမြင့် 310 မီတာမြင့်တဲ့ စူပါမိုးမျှော်တိုက်တစ်ခုပါ။ 2023 ခုနှစ်အထိ မလေးရှားဆက်သွယ်ရေးကုမ္ပဏီ Telekom Malaysia ရဲ့ ရုံးချုပ်အဖြစ် ရှိသွားမှာပဲ ဖြစ်ပါတယ်။ အရှေ့တောင် အာရှရဲ့ နံပါတ် 10 နေရာကိုယူထားပါတယ်။

✈️ အပျော်ခရီးထွက်တယ်ဆိုတာ ငွေများများသုံးမှ လုပ်လို့ရတဲ့အရာ မဟုတ်တော့ပါ ...🌎 ကိုယ်သုံးချင်သလောက် ငွေပမာဏနဲ့ နိုင်ငံစုံ ရ...
22/05/2023

✈️ အပျော်ခရီးထွက်တယ်ဆိုတာ ငွေများများသုံးမှ လုပ်လို့ရတဲ့အရာ မဟုတ်တော့ပါ ...

🌎 ကိုယ်သုံးချင်သလောက် ငွေပမာဏနဲ့ နိုင်ငံစုံ ရောက်ရှိအောင် ခရီးသွားနိုင်တဲ့ ခေတ်ကြီးမှာ လူတစ်ဦးကို $794 နဲ့ Thailand - Cambodia - Vietnam သုံးနိုင်ငံ ရောက်အောင် ပို့ဆောင်ပေးမယ့် Budget tour ကို Eagle Burma က စီစဉ်ပေးလိုက်ပါပြီ …
Travel History များများလိုချင်သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်

🧳ဒီGroup Tour လေးကတော့ (25 / 06 / 2023) မှာစတင်ထွက်ခွါပါမယ်

🙌အဲဒီလို စျေးသက်သာလို့ နေရာစုံစုံမရောက်ဘူးမထင်ပါနဲ့ ...

🇹🇭 Thailand
• Erawan Shrine (လေးမျက်နှာဘုရား)
• Central World
• PATTAYA နေ့ချင်းပြန်ခရီးစဉ်
• Big Buddha Temple
• Khao Chi Chan (Laser Buddha)
• Three Mermaids Restaurant
• Jomtien Beach
• Koh Larn Island

🇰🇭 Cambodia
• Angkor Wat
• Bayon Temple
• Ta Keo
• Ta Prohm
• Banteay Kdei
• Pub Street

🇻🇳 Vietnam
• Bui Vien Walking Street
• Mekong Delta Boat Tour
• My Tho
• Vinh Trang Pagoda
• Thoi Son
• Tan Thach Village
စတဲ့နေရာတွေကို စုံလင်အောင် လိုက်ပါပို့ဆောင်မှာပါ။

💰 Package ထဲမှာ ပါဝင်တာလေးတွေကတော့…
✅Tour Leader
✅Round-trip Flights
✅သွားလာ တည်းခိုစရိတ်
✅လည်ပတ်ရာနေရာများအတွက် ဝင်ကြေးများအားလုံး
✅နံနက်စာ
✅အစာပြေမုန့်နှင့်ရေ
✅AIS 5G SIM
✅Pattaya-Koh Larn အသွားအပြန် Speedboat Charges များအားလုံး ပါဝင်မှာဖြစ်ပြီး
❌နေ့လည်စာ၊ညစာနှင့် အခြားကိုယ်ရေးကိုယ်တာ အသုံးစရိတ်လေးတွေကတော့ မပါဝင်ပါဘူးခင်ဗျာ…

🧾 Package စျေးနှုန်းလေးတွေကတော့
(၁)ဦးလျှင် - $794
(၅)ဦးနှင့်အထက် - $784
ကျသင့်မှာဖြစ်ပြီး ခရီးသွားဖော် (၂)ဦး အခန်းပေါင်းနေမယ်ဆိုလျှင် စုစုပေါင်းထဲမှ $100 စျေးလျှော့ပေးမှာဖြစ်ပါတယ်…

🪆 ဖော်ပြထားတဲ့ စျေးနှုန်းအပြင် အခြားအပို ထပ်ဆောင်း ကုန်ကျစရိတ် တောင်းခံမှာ မဟုတ်ပါဘူး ...

5️⃣ သီးသန့် Private tour ကို မိမိတို့နှစ်သက်တဲ့ အချိန်မှာ သွားလိုလျှင်လည်း လူဦးရေ ငါးယောက်ပြည့်တာနှင့် ဒီpackage လေးအတိုင်း စတင်စီစဉ်ထွက်ခွါပေးမှာ ဖြစ်ပါတယ်ခင်ဗျ..

☎️ ဒီ Tour လေးမှာ လိုက်ပါဖို့ Eagle Burma ကိုဆက်သွယ်ချင်တယ်ဆိုရင် အောက်က နံပါတ်လေးတွေအတိုင်းဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်ခင်ဗျ ...
Contact visa Messenger or
Phone : (+66)9 821 850 59
Viber : (+66)9 821 850 59

✈️ စားရိတ်ကျဉ်းကျဉ်းနဲ့ နေရာစုံစုံ ကို လည်ပတ်လေ့လာနိုင်မယ့် သုံးနိုင်ငံ Budget Tour လေးကို Eagle Burma က စီစဉ်ထားတယ်နော်...
20/05/2023

✈️ စားရိတ်ကျဉ်းကျဉ်းနဲ့ နေရာစုံစုံ ကို လည်ပတ်လေ့လာနိုင်မယ့် သုံးနိုင်ငံ Budget Tour လေးကို Eagle Burma က စီစဉ်ထားတယ်နော် ...
🧳 6လပိုင်း 25ရက်နေ့ စတင်ထွက်ခွါမယ့် ဒီခရီးစဉ်လေးက ၇ ရက်ကြာမှာဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် သုံးနိုင်ငံပါဝင်မှာဖြစ်ပါတယ် ...
🌎 ဒီခရီးစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့ ကုန်ကျစားရိတ်အနည်းဆုံးနဲ့ နေရာစုံစုံလင်လင်ရောက်ရှိနိုင်အောင်စီစဉ်ထားတာဖြစ်ပါတယ်။ အချို့ US visa လျှောက်ဖို့ Travel History များများရအောင် စုဆောင်းနေသူတွေအတွက်လည်း သင့်တော်ပါတယ်။

🇹🇭 ဘန်ကောက်ခရီးစဉ်မှာဆိုရင် Erawan Shrine ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။ မိမိတို့ စိတ်ကူးထဲကလိုလားတောင့်တချက်တွေကို ဝတ်ပြုဆုတောင်းရင်း ပြည့်၀မှုတွေရှိတာကြောင့် နာမည်ကြီးလှပါတယ်။ နောက်တစ်နေရာကတော့ ဘန်ကောက်မြို့လည်က ကမ္ဘာ့အကြီးဆုံး စျေးဝယ်စင်တာကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Central World ပါ။ များပြားလှတဲ့ ဆိုင်တွေမဆုံးနိုင်အောင် တွေ့ရမှာဖြစ်ပြီး နိုင်ငံတကာအမှတ်တံဆိပ်ပစ္စည်းစုံ၊ အစားအသောက်နဲ့ တခြား ဖျော်ဖြေရေးတွေ များစွာရှိတဲ့အတွက် ဘန်ကောက်ကို ရောက်ရင် သွားသင့်တဲ့ ထိပ်တန်းနေရာတစ်ခုပါ။ ဒီခရီးစဉ်ထဲမှာ ပတ္တရားကို နေ့ချင်းပြန်တစ်ရက် သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။ ကမ္ဘာကျော် ကမ်းခြေတွေထဲမှာ ပါတဲ့ ပတ္တရားကမ်းခြေမှာ အပမ်းဖြေအနားယူနိုင်ပြီး Wat Phra Yai လို့နာမည်ကြီးတဲ့ ပတ္တရား ဘုရားကြီးကိုလည်း ဖူးမြှော်နိုင်ပါတယ်။ အမြင့် ၁၈ မီတာရှိတဲ့ ရုပ်ပွားတော်ကြီးဟာ တောင်ပေါ်မှာတည်ရှိတာဖြစ်ပြီး လှပသာယာတဲ့ ပတ္တရား ရှုခင်းတွေကို ခံစားကြည့်ရှုဖို့ အကောင်းဆုံးနေရာတွေထဲမှာ ပါဝင်ပါတယ်။ နောက်ပြီး Instragram မှာ ပုံတင်ဖို့ နာမည်ကျော်တဲ့ Three Mermaids စားသောက်ဆိုင်ကိုလည်း ပို့ဆောင်ပေးဦးမှာပါ။ ပတ္တရားအနီးက Khao Chi Chan လို့ နာမည်ကျော်တဲ့ လေဆာဗုဒ္ဓပုံတော်ကိုလည်း ဖူးမြော်ခွင့်ရဦးမှာဖြစ်ပါတယ်။ တောင်နံရံမှာ လေဆာနဲ့ ထွင်းထားတဲ့ ဒီဗုဒ္ဓပုံတော်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်ရာနေရာတစ်ခုပါ။ နောက်ထပ် ပတ္တရားလို အပမ်းဖြေလို့ကောင်းတဲ့ ကမ်းခြေတစ်ခုကတော့ Jomtien Beach ပါ။ ပတ္တရားရဲ့ တောင်ဖက်မှာရှိပြီး အရမ်းလှပါပါတယ်။ ကျယ်ပြန့်တဲ့သဲသောင်ပြင်တလျှောက် လမ်းလျှောက်ရင်း ပင်လယ်လေအေးလေးရဲ့ ထိတွေ့မှုကို ခံစားနိုင်ဖို့ အကောင်းဆုံးကမ်းခြေတစ်ခုပါ။ လှပလွန်းတဲ့ သန္တာကျောက်တန်းတွေရယ် ကြည်လင်စိမ်းမြနေတဲ့ ရေပြင်ရယ်ရှိတဲ့ Koh Larn ကျွန်းဟာလည်း ဒီခရီးစဉ်ထဲမှာပါဝင်ပါတယ်။ Speed Boat စီးပြီး Koh Larn ကျွန်းကို သွားရောက်လည်ပတ်နိုင်ဖို့ပါ စီစဉ်ပေးထားပါတယ်။ ဖွားခနဲလွင့်စဉ်တက်လာတဲ့ ပင်လယ်ရေကြည်လေးတွေရယ်.. Speed Boat အရှိန်နဲ့ ခံစားရမယ့် ပင်လယ်လေရယ်ဟာ ဒီ Koh Larn ကျွန်းခရီးစဉ်မှာပဲရရှိနိုင်မယ့် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံပါ။

🇰🇭 ကမ္ဘောဒီးယားခရီးစဉ်မှာတော့ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် Angkor Wat ဘုရားကျောင်းကြီးကို ရောက်ရှိမှာပါ။ ခမာဗိသုကာလက်ရာရဲ့ ခမ်းနားကြီးကျယ်မှုတွေကို လေ့လာရင်း ရင်သပ်ရှုမောစရာ လှပတဲ့ရှုမျှော်ခင်းတွေကို တွေ့ရမှာဖြစ်တဲ့ ကမ္ဘာကျော်လည်ပတ်စရာနေရာတစ်ခုပါ။ နောက်ထပ်ထူးခြားတဲ့နေရာတစ်ခုကတော့ ကျောက်သားမှာ ပြုံးနေတဲ့ မျက်နှာတော်ပုံစံတွေ ထွင်းထုထားတဲ့ Bayon Temple ပါ။ ထူးခြားတဲ့ ကျောက်ဆစ်လက်ရာအနုပညာတွေကြောင့် ကျော်ကြားလှပါတယ်။ Ta Keo ဘုရားကျောင်းကတော့ သဲကျောက်တွေနဲ့ ထွင်းထုတည်ဆောက်ထားတဲ့ ပိရမစ်သဏ္ဍာန် ဘုရားကျောင်းကြီးပါ။ တောအုပ်အလည်မှာရှိပြီး လှေကားတွေ တစ်ထစ်ပြီး တစ်ထစ် တက်သွားရင်း အထက်ရောက်လေ တောအုပ်ကို အပေါ်စီးက လှပစွာမြင်ရလေမို့ သွားရောက်လေ့လာကြည့်ရှုသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ Tomb Raider ဘုရားကျောင်းလို့ နာမည်ကျော်တဲ့ Ta Prohm ကတော့ ကြီးမားတဲ့ သစ်ပင်ကြီးတွေရဲ့ အမြစ်တွေဖုံးအုပ်နေတဲ့ ကျောက်သားဘုရားကျောင်းကြီးပါ။ သစ်ပင်သစ်မြစ်တွေကြားက ကျောက်သား ဗိသုကာလက်ရာတွေကို အံ့ဩဖွယ်လေ့လာကြည့်ရှုနိုင်မှာဖြစ်ပြီး Tomb Raider ဇာတ်ကားရိုက်ကူးခဲ့တဲ့ နေရာတွေမှာ မိမိတို့ကိုယ်တိုင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ တခြားနေရာတွေထက် လူသူရှင်းလင်းပြီး ခြင်္သေ့ရုပ်ကြီးတွေနဲ့ ခမ်းနားဆိတ်ငြိမ်စွာတည်ရှိနေတဲ့နေရာကတော့ Banteay Kdei ဘုရားကျောင်းကြီးပါ။ Angkor Archaeological Park ဧရိယာရဲ့ ပြင်ပမှာရှိတာမို့ လူသူရှင်းလင်းပြီး အေးအေးဆေးဆေး အနားယူလည်ပတ်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းဝင်အထင်ကရ နေရာတွေကိုလေ့လာပြီးပြီဆိုရင်တော့ ခေတ်သစ် ကမ္ဘောဒီးယားနိုင်ငံရဲ့ လူနေမှုကိုပါ ထိတွေ့ခံစားနိုင်ဖို့ Pub Street ကိုပါလိုက်ပို့ဦးမှာပါ။ စားသောက်ဆိုင်တွေ၊ နိုက်ကလပ်တွေ၊ ဘားတွေ စိတ်ကြိုက်ရွေးချယ်လို့ရတဲ့ လမ်းရှည်ကြီးဖြစ်သလို လမ်းဘေးကမ္ဘောဒီးယားအစားအစာဆိုင်လေးတွေရယ် လမ်းပေါ်မှာ ပြည့်လျှံနေတဲ့ သီချင်းသံတွေနဲ့အတူ တိုးဝှေ့နေတဲ့ လူတွေရယ်နဲ့ တစ်နေ့တာအမောတွေကို ပျော်ရွှင်စီးမျောရင်း ဖြေဖျောက်နိုင်ပါတယ်။

🇻🇳 ဗီယက်နမ်ရောက်ပြီဆိုရင် Bui Vien လမ်းကိုတော့ လျှောက်ဖြစ်အောင် လျှောက်ရမှာပေါ့။ ဟိုချီမင်းမြို့ရဲ့ ဗဟိုချက်က ဒီလမ်းမှာ စားသောက်ဆိုင်လေးတွေ၊ ကော်ဖီဆိုင်လေးတွေ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်လေးတွေနဲ့ လမ်းဘေးဖျော်ဖြေတင်ဆက်သူတွေ စည်ကားတဲ့နေရာတစ်ခုပေါ့။ ချစ်စရာကောင်းလောက်အောင် စည်ကားဆူညံနေတဲ့ လမ်းလေးပါ။ ဒါအပြင် မဲခေါင်မြစ်ထဲ အပျော်စီးလှေလေးနဲ့အတူ လိုက်ပါရင်း မဲခေါင်မြစ်ဝှမ်းတလျှောက်က ဗီယက်နမ်ရိုးရာယဉ်ကျေးမှုဓလေ့တွေနဲ့ ရှုခင်းအလှအပတွေကို ခံစားနိုင်မှာပါ။ Tien မြစ်ကမ်းဘေးက My Tho မြိုကလေးကိုလည်း သွားရောက်လည်ပတ်ကြရဦးမှာပါ။ ဒီမြို့လေးမှာ ဒေသထွက် စားသောက်ကုန်တွေနဲ့ လတ်ဆတ်တဲ့ သစ်သီးတွေကြောင့် နာမည်ကြီးတာမို့ ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင် လည်ပတ်လေ့လာနိုင်ပါတယ်။ အဲဒီမြို့လေးမှာပဲ Vinh Trang ဘုရားကျောင်းရှိပါတယ်။ ဗီယက်နမ်အနုစိတ်လက်ရာအလှအပတွေနဲ့ ခမ်းနားတဲ့ ဒီဘုရားကျောင်းဟာ ဗီယက်နမ်ရောက်ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။ ကျေးလက်အတွေ့အကြုံလိုချင်တယ်ဆိုရင်တော့ Thoi Son ကျွန်းလေးမှာရှိနေပါတယ်။ သစ်သီးခြံတွေ ပျားမွေးမြူရေးခြံတွေမှာ လေ့လာရင်း ဒေသထွက် လတ်ဆတ်တဲ့သီးနှံလေးတွေကိုမြည်းစမ်းခံစားခွင့်ရရှိမှာပါ။ ဖော်ရွေတဲ့ ဗီယက်နမ်ပြည်သူတွေရဲ့ ကြိုဆိုမှုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ကျေးလက်ဒေသလေးပါ။ ဒီလိုပဲ ကျေးလက်ရွာလေးဖြစ်ပေမယ့် စိုက်ပျိုးရေးထက် အနုပညာမှာ နာမည်ကြီးတာကတော့ Tan Thach ရွာလေးပါပဲ။ ဗီယက်နမ်ရိုးရာ မြေအိုးပြုလုပ်ခြင်း၊ ဆန်စက္ကူအလုပ်ရုံတွေကိုလည်း သွားရောက်လေ့လာလို့ရတဲ့ ချစ်စရာကျေးလက်ရွာလေးတစ်ရွာပါ။

💳 ဒီ ခရီးစဉ်လေးမှာ လိုက်ပါမယ်ဆိုရင် တစ်ဦးလျှင် ၇၉၄ ဒေါ်လာကျသင့်မှာဖြစ်ပြီး ငါးယောက်နဲ့အထက် အဖွဲ့လိုက်ခရီးသွားချင်သူတွေအတွက် တစ်ဦး ၇၇၄ ဒေါ်လာစီကျသင့်ပါမယ်။ မိမိခရီးသွားဖော်နဲ့အတူ နှစ်ယောက်ခန်းမှာ အတူပေါင်းနေမယ်ဆိုရင်တော့ နှစ်ဦးအတွက် ဒေါ်လာ ၁၀၀ လျှော့ပေးမှာဖြစ်ပါတယ်။ ထိုင်းခရီးစဉ်မှာမပါဝင်ဘဲ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ခရီးစဉ်ကိုပဲ ဘန်ကောက်ကနေ လိုက်ပါချင်တယ်ဆိုရင်တော့ တစ်ဦးလျှင် ၆၅၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။
👛 ဒီခရီးစဉ်ရဲ့ စျေးနှုန်းတွေဟာ လေယာဉ်လက်မှတ်အပြီးအစီး၊ တည်းခိုစရိတ်၊ ပြည်တွင်းသွားလာစရိတ်၊ သွားရောက်လည်ပတ်ရာနေရာများရဲ့ ဝင်ကြေးများ၊ မနက်စာ (နေ့လည်စာနဲ့ ညစာက မိမိအစီအစဉ်နဲ့ သုံးဆောင်ရမှာပါ)၊ အဆာပြေစားဖွယ်ရာတွေနဲ့ ရေသန့်ဘူးတွေအတွက် ပါဝင်ပါတယ်။ ဒါ့အပြင် Koh Lorn ကျွန်းမှာ အပမ်းဖြေဖို့ ထိုင်ခုံငှားရမ်းခြင်းနဲ့ အုန်းစိမ်းရည်ဧည့်ခံခြင်းတို့ကို Eagle Burma က ကျခံပေးထားမှာဖြစ်ပြီး Speed-Board ခတွေလည်း ထပ်မံပေးစရာမလိုအပ်ပါဘူးခင်ဗျ။ ခရီးစဉ်လိုက်ပါသူတိုင်းအတွက် ဆက်သွယ်မှုအဆင်ပြေစေရန် AIS 5G Sim Card များကို အခမဲ့ပေးအပ်မှာဖြစ်ပြီး ကျွမ်းကျင်တဲ့ Tour Leader လည်းငှားရမ်းပေးထားမှာဖြစ်ပါတယ်။ ဒီ ကြော်ငြာထဲက ကျသင့်ငွေတွေအတိုင်းပဲ ပေးချေရမှာဖြစ်ပြီး နောက်ထပ် အပိုထပ်ဆောင်း တောင်းခံမှုတွေ ရှိမှာမဟုတ်ပါဘူး။
☎️ ဒီ Tour လေးမှာ လိုက်ပါဖို့ Eagle Burma ကိုဆက်သွယ်ချင်တယ်ဆိုရင် အောက်က နံပါတ်လေးတွေအတိုင်းဆက်သွယ်နိုင်ပါတယ်ခင်ဗျ ...
Contact visa Messenger or
Phone : (+66) 80 640 6025
Viber : (+66) 80 640 6025

အိန္ဒိယနိုင်ငံရဲ့ နာမည်အကြီးဆုံး တောင်ထိပ်‌ပေါ်ဆီ သွားရောက်ဖို့ စဉ်းစားနေလား မိတ်ဆွေ 🇮🇳🏔️❄️ဒီတောင်တန်းတွေဟာ ကက်ရ်ှမီးယား...
14/05/2023

အိန္ဒိယနိုင်ငံရဲ့ နာမည်အကြီးဆုံး တောင်ထိပ်‌ပေါ်ဆီ သွားရောက်ဖို့ စဉ်းစားနေလား မိတ်ဆွေ 🇮🇳🏔️❄️

ဒီတောင်တန်းတွေဟာ ကက်ရ်ှမီးယား ပြည်နယ်မှာ တည်ရှိတာဖြစ်ပြီး အဖိုးမဖြတ်နိုင်သော အမွေအနှစ်တစ်ခုလို့လည်း သတ်မှတ်ခြင်း ခံထားရပါတယ် 🤫
လောလောဆယ် တောင်တန်းကြီးတွေအကြောင်း မပြောခင် ကက်ရ်ှမီးယား ဆိုတာဘယ်လိုလဲ ဆိုတာလေး နည်းနည်း Sharing လုပ်ပေးမယ်ဗျ 🏔️🏞️

"ကမ္ဘာ့တစ်‌နေရာက သုခဘုံလေးတစ်ခု" ဟု လူသိများ ကျော်ကြားတဲ့ ကက်ရ်ှမီးယားဟာ အိန္ဒိယနိုင်ငံရဲ့ အလှဆုံးဒေသများထဲမှ တစ်ခုလို့ဆိုကြပါတယ် 🌍🇮🇳
ပိုပြီးလေးနက်အောင် ရှင်းပြရရင် နိုင်ငံရဲ့ မြောက်ဘက်စွန်းစွန်းမှာ တည်ရှိပြီး သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ရေကန်‌တွေ၊ ကြီးမားတဲ့ ရှုခင်းသာ ချိုင့်ဝှမ်းတွေ၊ ပုံပြင်တွေထဲက တောင်တန်းကြီးတွေရဲ့ ကျော်ကြားမှုကြောင့် ခရီးသွားသူတွေ မပြတ်တဲ့ ပြည်နယ်တစ်ခုပေါ့ဗျာ 🤩💫

ကက်ရှ်မီးယားလို့‌ ကြားလိုက်တာနဲ့ လူတွေအရင်ဆုံးပြေးမြင်မိမှာက အခမ်းနားဆုံး သဘာဝ အံ့ဖွယ်‌တွေထဲက တစ်ခုဖြစ်တဲ့ Kolhoi Glacier ဟုလည်း လူသိများသော Kashmir ရေခဲတောင်ပဲ ဖြစ်ပါတယ် 🏔️❄️
Kashmir ရေခဲတောင် ဘယ်မှာရှိလဲ အသေးစိတ်ပြောရမယ်ဆိုရင် နည်းနည်းတော့ရှုပ်မယ်ဗျ ✍️ Jammu နဲ့ Kashmir မှာရှိတဲ့ Anantnag ခရိုင်က Lidder Valley ရဲ့ Kolhoi ဒေသမှာပေါ့ဗျာ 📌
အာရှမင်းသားကြီး ဟိမဝန္တာတောင်တန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ 17,000 အမြင့်မှာ တည်ရှိလို့နေပါတယ် 🌏⛰️🗻

တောင်‌ခြေမှာရှိတဲ့ ရေခဲမြစ်ဟာဆိုရင် နှစ်သန်းပေါင်း များစွာကတည်းက ပေါ်ပေါက်လာခဲ့တဲ့ သဘာဝအလှတစ်ခုဖြစ်ပြီး ခရီးသွားများ ဝင်ရောက်ကြည့်ရှုလို့ရတဲ့ ရေခဲမြစ် အနည်းငယ်ထဲက တစ်ခုလို့လည်း သတ်မှတ်ထားတယ် 🏞️❄️
ကက်ရ်ှမီးယားရေခဲတောင်က သဘာဝအတိုင်း အံ့သြဖွယ်ကောင်းရုံသာမက အဲ့ဒေသအတွက် အရေးပါသော ရေအရင်းအမြစ်တစ်ခုလည်းဖြစ်တယ် ⛲
ရေခဲမြစ်ဟာ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စားသုံးမှုအတွက် ရေပေးနေတဲ့ မြစ်များနဲ့ ချောင်းများစွာရဲ့ ဇာတိလိုဖြစ်နေရော 🎑
သို့သော်လည်း ရေခဲမြစ်ဟာ ကမ္ဘာကြီးပူနွေးလာမှုအန္တရာယ်ကို နှစ်စဉ် ခံနေရပြီး အရွယ်အစားဟာဆိုရင်လည်း နှစ်တိုင်းလိုလို ကျုံ့သထက်ကျုံ့လာပါတယ် 😥
ဟိမဝန္တာတောင်တန်းရဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို ပေးစွမ်းနိုင်မယ့် သဘာဝရတနာတစ်ခုဖြစ်ပြီး ကက်ရှ်မီးယားဒေသအတွက် အဖိုးမဖြတ်နိုင်သော ရေအရင်းအမြစ်တစ်ခုလည်း ဖြစ်တယ် 💎🥇

ဒီလောက်ဆို အဲ့‌တောင်တန်းတွေတလျှောက်မှာ ဘယ်လိုစွန့်စားခန်း‌‌တွေ ဖွင့်လို့ရမလဲ ပြောပြပေးပါမယ်🧗🚵
ခရီးသွားတွေအတွက်တော့ ဟိမဝန္တာတောင်ခြေနားက Pahalgam မြို့မှ ခရီးစတင်ရပါမယ် 📌
လှပတဲ့ မြက်ခင်းပြင်များ၊ သစ်တောများ၊ စမ်းချောင်းများမှတဆင့် မိတ်ဆွေတို့ကို ခေါ်ဆောင်သွားကာ ပတ်ဝန်းကျင်တောင်တန်းတွေရဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို ပေးစွမ်းမယ့် ခရီးတစ်ခုဖြစ်မှာတော့ အာမခံပါတယ် 💯

နိဂုံးအနေနဲ့ Kashmir ရေခဲတောင်ကို ဘယ်လိုလူမျိုးတွေ သွားသင့်လဲဆိုရင် သဘာဝကို ချစ်မြတ်နိုးသူတွေနဲ့ စွန့်စားခန်းများကို နှစ်သက်သူများ အထူးတလည် လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ 🏂⛷️

တကယ် သွားနိုင်လာနိုင်တဲ့ အချိန်မျိုးမှာ ဒီလိုနေရာမျိုးကို တစ်ခေါက်လောက်ဖြစ်ဖြစ် ရောက်ဖူးအောင် သွားကြည့်စေချင်ပါတယ်ဗျ 😉🏔️

ထိုင်းနိုင်ငံက လည်စရာတွေရဲ့ နောက်တဆင့်ကိုတက်ဖို့ စိတ်ကူးထားပါသလား မိတ်ဆွေ❓🤔ဒီလောက်စိတ်ဝင်စားစရာ‌နေရာတွေပေါတဲ့ ထိုင်းနိုင...
11/05/2023

ထိုင်းနိုင်ငံက လည်စရာတွေရဲ့ နောက်တဆင့်ကိုတက်ဖို့ စိတ်ကူးထားပါသလား မိတ်ဆွေ❓🤔

ဒီလောက်စိတ်ဝင်စားစရာ‌နေရာတွေပေါတဲ့ ထိုင်းနိုင်ငံမှာ‌ လည်ပတ်ရတာရိုးလာတဲ့ မိတ်ဆွေအတွက် Bangkok ↔️ Cambodia ခရီးစဉ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🇹🇭🇰🇭

ဒီခရီးစဉ်လေးကိုတော့ လေယာဉ်နဲ့သွားရတာကို မကြိုက်တဲ့သူ‌တွေ အ‌ဆင်ပြေအောင်ရယ် ကားနဲ့အလွယ်လေး သွားလို့ရတာရယ်ကြောင့် ကုန်းလမ်းခရီးလေးစီစဉ်‌ထားပါတယ်

Bangkok ကနေ ခရီးစဉ်ကို စတင်ထွက်ခွာမယ့် နေ့ရက်လေးကတော့ 5 လပိုင်း 24 ရက်နေ့ပါ‼️

Bangkok ကနေ စောစောစီးစီး တက်တက်ကြွကြွဖြစ်အောင် မနက် 5 နာရီ စတင်ထွက်ခွာပါမယ် ☑️

တစ်ညအိပ် ခရီးစဉ်ဖြစ်တဲ့အတွက် 25 ရက်နေ့ ည 8 နာရီ ဝန်းကျင်လောက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်လည်ဆိုက်ရောက်ပါမယ် ☑️

တစ်ညအိပ် ခရီးစဉ်ဆိုတော့ လည်ပတ်မယ့်နေရာတွေ နည်းသွားမလားဆိုပြီး စိတ်ပူနေစရာမလိုပါဘူး ခင်ဗျာ 😉
Khmer တွေရဲ့ အစဉ်အလာကြီးမားတဲ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေကို တဝကြီးခံစားလို့ရအောင်စီစဉ်ပေးထားပါတယ် 🇰🇭

🇰🇭Cambodia ရဲ့ No.1 Tourist Attraction ဖြစ်တဲ့ Angkor Wat

🇰🇭12 ရာစုနောက်ပိုင်းက အရှိန်အဟုန်ကြီးမားခဲ့တဲ့ Khmer လူမျိုးတို့ရဲ့ Bayon Temple

🇰🇭ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်တဲ့ Takeo Temple

🇰🇭နှစ်တစ်ထောင် သစ်ပင်ကြီးတွေအမြစ်တွယ်နေတဲ့ Ta Prohm Temple

🇰🇭မြန်မာပြည်က ပုဂံရဲ့အငွေ့အသက်တွေနဲ့ ဆင်တဲ့ Banteay Kdei ဘုရားကျောင်း

Cambodia နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို အပြည့်အဝခံစားဖို့အတွက် ရည်ရွယ်ထားတဲ့ ခရီးစဉ်လေးပါခင်ဗျာ 🇰🇭🚘

ဒါဆို ခရီးစဉ်အစအဆုံးမှာ ဘာတွေ ပါဝင်သွားမှာလဲ❓

🆗Hotel

🆗ဝင်ကြေးအားလုံး

🆗ဇိမ်လေးနဲ့သွားလည်နိုင်အောင် ဇိမ်ခံကား အပြီးအစီး

🆗အဆာပြေစားလို့ရမယ့် မုန့်

🆗နယ်မြေသစ်တွေကို သွားရောက်တဲ့အခါ အရေးကြီးဆုံးဖြစ်တဲ့ Tour Leader ပါဝင်သွားမှာဖြစ်လို့ မသိတာတို့ မရှင်းတာတို့ စူးစမ်းခြင်တာတို့ ရှိရင် အားမနာတမ်းမေးလို့ရပါတယ်ခင်ဗျာ 💯👌

ခရီးစဉ်အတွက် နေ့လည်စာ၊ ညစာ၊ နယ်စပ်ဖြတ်ကျော်ခ(re-entry) နှင့်ဟိုတယ်အတွင်း mini bar နဲ့အခြားအစားအသောက်မှာယူမှုများကတော့ မပါဝင် ပါဘူးခင်ဗျာ❗️

ဈေးနှုန်းလေးတွေကတော့ 💸💸

☑️တစ်ယောက်ကို 195 USD
☑️5 ယောက်နှင့်အထက် စာရင်းပေးမယ်ဆိုရင် 180 USD
☑️10 နှစ်အောက် 140 USD
☑️1 နှစ်နဲ့အောက် ရင်ခွင်ပိုက်ကလေးငယ်တွေအတွက် "အခမဲ့" ဆိုပြီး သတ်မှတ်ပေးထားပါတယ်ခင်ဗျာ

ဒီပိုစ့်လေးကို Like & Share လုပ်ထားတဲ့ မည်သူမဆိုကိုလည်း ခရီးစဉ်လိုက်ပါတဲ့အခါ 5% discount ပေးသွားဦးမှာ ဖြစ်ပါတယ်‼️⬇️

ခရီးစဉ်အတွက် လူအရေအတွက် အကန့်အသတ်လေး ရှိတာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ Bangkok ↔️ Cambodia ခရီးစဉ်ကို လိုက်ပါမယ်ဆိုရင် မြန်မြန်လေး စာရင်းပေးထားမှ တန်တန်လေးနဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ

👨‍👩‍👧‍👦မိသားစု၊ အသင်းအဖွဲ့အစည်းများအပြင် သူငယ်ချင်းများဖြင့် သီးသန့်သွားလိုပါက private tours ခရီးစဉ်များကိုလည်း အထူးသက်သာသောစျေးနှုန်းဖြင့် ပြည့်စုံအောင်စီစဉ်ပေးပါတယ် ခင်ဗျာ
ကျေးဇူးတင်ပါတယ်

နိုင်ငံတစ်နိုင်ငံကို လည်ပတ်တဲ့အခါ အစားအသောက်အသစ်အဆန်းတွေကို စမ်းသပ်ကြည့်ချင်တဲ့ မိတ်ဆွေတို့အတွက် 👀အရှေ့တောင်အာရှနိုင်ငံမ...
09/05/2023

နိုင်ငံတစ်နိုင်ငံကို လည်ပတ်တဲ့အခါ အစားအသောက်အသစ်အဆန်းတွေကို စမ်းသပ်ကြည့်ချင်တဲ့ မိတ်ဆွေတို့အတွက် 👀
အရှေ့တောင်အာရှနိုင်ငံများရဲ့ လူကြိုက်အများဆုံးနဲ့ နာမည်အကြီးဆုံး အစားအသောက်တွေကို ဖော်ပြပေးသွားပါမယ် 🌏🍜🍚
နိုင်ငံတိုင်းကတော့ သူ့အစားအစာနဲ့သူ နာမည်ကြီးပြီးသားဖြစ်တာမို့လို့ နည်းနည်းတော့ ရွေးချယ်ရခက်မယ်ဗျ 😥
အစားတလိုင်းတို့အနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်နိုင်ငံပဲရောက်ရောက် ဘာလာလာ စားကြမယ်ဆိုတာ သဘောပေါက်ပြီးသားပါခင်ဗျာ 💯🍽️🍽️
ဒါပေမယ့် ဒီနိုင်ငံကိုရောက်ရင် ဒီအစားအစာလေးတော့ စားဖြစ်‌အောင် စားကြည့်ရမယ်ဆိုတဲ့ စိတ်လေးရှိသွားအောင် စာလေးကို အဆုံးထိဖတ်ကြည့်ပေးကြပါဦးနော် 🙇‍♀️
ပုံတစ်ပုံချင်းစီအောက်မှာ ဖော်ပြပေးထားပါတယ်🙇‍♀️
မိတ်ဆွေတို့ရော ဘယ်နိုင်ငံတွေရောက်ရင် ဘာတွေကို အဓိကထားပြီး အစားချင်ဆုံးလဲဆိုတာကို မန့်ခဲ့လို့ရပါတယ်နော်။ 🤫

အမေရိကား အလည်ဗီဇာ တွေ မေလ(၁)ရက်နေ့ ပြန်ဖွင့်ပါပြီ🇺🇸🇺🇸🇺🇸Appointment တွေလည်းပြန်ယူလို့ရပါတော့မယ်။ ( For June, July, August...
19/04/2023

အမေရိကား အလည်ဗီဇာ တွေ မေလ(၁)ရက်နေ့ ပြန်ဖွင့်ပါပြီ🇺🇸🇺🇸🇺🇸
Appointment တွေလည်းပြန်ယူလို့ရပါတော့မယ်။ ( For June, July, August )
အဲ့တော့ လိုအပ်သူတွေလည်း ရအောင်ယူထားကြပါ။ ကြိုတင်ပြင်ဆင်ထားပါ။

ပြီးပြည့်စုံပြီး စိတ်ချသေချာရတဲ့ ဗီဇာဝန်ဆောင်မှုရယူချင်တယ်ဆိုရင်တော့ Eagle Burma မှာရယူလို့ရပါပြီ…🔥

Visa အတွက် DS160 တင်၊ သံရုံး appointment ယူ၊ ဖောင်ဖြည့်တာကစလို့ လိုအပ်တဲ့ supporting docs တွေအထိ အစအဆုံး Eagle Burma မှာဝန်ဆောင်မှုရယူနိုင်ပါတယ်…🔥🔥🔥
Visa consulting service လည်းပါဝင်မှာဖြစ်သည့်အတွက်;
✅မိတ်ဆွေက နားမလည်လျှင် ကျွန်တော်တို့ကရှင်းပြပေးပါတယ်
✅မိတ်ဆွေမှာ လိုအပ်ချက်ရှိလျှင် ကျွန်တော်တို့က ဖြည့်တင်းပေးပါတယ်
✅မိတ်ဆွေက သိနားလည်လျှင်လည်း ကျွန်တော်တို့က မွန်းမံပေးပါတယ်

အဲ့တော့ အများပြောသလိုပဲ… အမေရိကားဆိုတာ နတ်ကြီးသလို ကိုယ့်ဘက်က ကျွမ်းကျင်မှုနဲ့ စေ့စပ်သေချာမှုလည်း လိုအပ်ပါတယ်…❗️
ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး လုပ်လိုက်တာလေးတွေက ပြဿနာရှိလာတာတွေ ကိုယ်တွေ့ပါ…

ဒီအတွက်ကို Eagle Burma မှ ဗီဇာအတွေ့အကြုံရှိသော ကျွမ်းကျင်သူများမှ စနစ်တကျ အသေးစိတ် ပြင်ဆင်ပေးမှာပါ…❤️

မိတ်ဆွေက ယုံကြည်မှုသာပေးပါ
ကျွန်တော်တို့ဘက်က စေ့စပ်သေချာမှု၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ပြီးပြန်ပေးပါမယ်…❤️❤️

ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကို ဝယ်ယူသုံးစွဲချင်တယ်ဆိုရင်တော့…
Phone Num : (+66)9 821 850 59
WhatsApp : (+66)9 821 850 59
Viber : (+66)9 821 850 59
Email : [email protected]
တို့ကိုဆက်သွယ်ဆောင်ရွက်နိုင်ပါပြီ။

စိတ်ချလုံခြုံရတဲ့ ခရီးစဉ်တစ်ခု တစ်နေရာတည်းမှာ အစုံရနိုင်ဖို့အတွက်အပျော်ခရီးသွားမလား? အလုပ်ကိစ္စအတွက်သွားမလား? ချစ်သူ/သူင...
15/04/2023

စိတ်ချလုံခြုံရတဲ့ ခရီးစဉ်တစ်ခု တစ်နေရာတည်းမှာ အစုံရနိုင်ဖို့အတွက်

အပျော်ခရီးသွားမလား? အလုပ်ကိစ္စအတွက်သွားမလား? ချစ်သူ/သူငယ်ချင်းတွေနဲ့ သွားဖို့ customized private tour စီစဉ်မလား?
Visa ကိစ္စကစလို့ Flights Tickets , Travel Insurance အပြင် Budget Tours တွေကို Eagle Burma Travel and Tours မှာ တစ်နေရာတည်း One Stop ရရှိနိုင်ပါပြီ ✅

Eagle Burma မှာ

✔️ ပြီးပြည့်စုံစေမယ့် One Stop Visa Services
✔️ အိမ်ထဲကနေ တစ်လှမ်းမှမခွါဘဲ ဝယ်ယူနိုင်မယ့် Tickets တွေ (Bus, Train, Euro Rail, Japan Rail …)
✔️ ဘေးကင်းလုံခြုံဖို့အတွက် Travel Insurance
✔️ ငွေကုန်သက်သာစေမယ့် Budget Tours တွေကို အလျှင်အမြန်နှင့် အသေအချာ ဆောင်ရွက်ပေးနေပါပြီ။

ဥရောပတစ်ခွင် ခြေဆန့်နိုင်အောင် Schengen Visa ကူညီလျှောက်ပေးတာတွေအပြင် Europe Tour packages လေးတွေလည်း လာဦးမှာဖြစ်လို့ Eagle Burma Travel and Tours ရဲ့ page ကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။

Customized Trip Plans မှာဆိုရင်လည်း…
သွားလိုတဲ့နေရာ၊ လည်ပတ်လိုသည့်ရက်၊ Hotel , Transportation, Travel Style and Local Knowledge တွေအပြင် Budget plans တွေကအစ အသေးစိတ်စီစဉ်ပေးမှာဖြစ်လို့ Eagle Burma မှာ Service အပ်ပြီးတာနှင့် အေးအေးဆေးဆေး ကျောကော့ ရင်မော့သွားရုံပါပဲ။

ဒါကြောင်မို့… ဘာကြောင့်ပဲ ခရီးသွားသွား Eagle Burma Travel and Tours ကိုအရင်ဆုံးသတိရလိုက်ပါ။

Contact visa Messenger or
Phone : (+66)9 821 850 59
Viber : (+66)9 821 850 59
BKK Office - No(108), Chaengwatthana Road, Annusawari, Bang Khen, Bangkok, 10220.

Bangkok Hop-on Hop-off Bus Tourကြီးကျယ်ခမ်းနားပြီး စိတ်ဝင်စားစရာ attractions တွေနှင့်ပြည့်နက်နေတဲ့ Bangkok မြို့တော့ကြီး...
24/03/2023

Bangkok Hop-on Hop-off Bus Tour

ကြီးကျယ်ခမ်းနားပြီး စိတ်ဝင်စားစရာ attractions တွေနှင့်ပြည့်နက်နေတဲ့ Bangkok မြို့တော့ကြီးကို Hop-on Hop-off bus ပေါ်ကနေတစ်ဆင့်ကြည့်ရှုခံစားလိုက်ပါ။

The Grand Palace, Wat Arun, Temple of the Emerald Buddha(မြဘုရား) တို့လိုနာမည်ကြီး attractions နေရာတွေကို တစ်ချိန်တည်းမှာရောက်ရှိမှာဖြစ်ပါတယ်။

Chatuchak Weekend Market, Golden Buddha, Lumphini Park, MBK Center တို့လို Tourist Attractions နေရာများစွာကိုရောက်ရှိမှာဖြစ်သလို ဘန်ကောက်မြို့ရဲ့ နာမည်ကြီးခေါက်စံလမ်းကိုလည်းသွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

Tour တစ်လျှောက်မှာလည်း မတူညီသောနိုင်ငံပေါင်းစုံက ခရီးသွားများနှင့် မိတ်ဆွေဖွဲ့နိုင်မှာဖြစ်ပြီး အတွေ့အကြုံအသစ်အစမ်းများကို ခံစားနိုင်ပါတယ်။

Bangkok Hop-on Hop-off Bus Tour tickets များကိုဝယ်ယူချင်တယ်ဆိုရင်တော့ Eagle Burma မှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။

Tour Package ထဲတွင် attractions ဝင်ကြေးများနှင့် အစားအသောက်အစီအစဉ်များ (မပါဝင်)ပါ။

Maya Bay လိုပြောလိုက်တာနဲ့ စိမ်းပြာရောင်ရေပြင်ကျယ်၊နူးညံ့တဲ့ သဲဖြူဖြူဖွေးဖွေးလေးတွေနဲ့  ထုံးကျောက် ခြောက်ကမ်းပါးတွေဝန်းရ...
23/03/2023

Maya Bay လိုပြောလိုက်တာနဲ့ စိမ်းပြာရောင်ရေပြင်ကျယ်၊နူးညံ့တဲ့ သဲဖြူဖြူဖွေးဖွေးလေးတွေနဲ့ ထုံးကျောက် ခြောက်ကမ်းပါးတွေဝန်းရံထားတဲ့ ပင်လယ်အော်တစ်ခုကို ပြေးမြင်မိမှာပါ။

စိမ်းပြာရောင်ရေပြင်အောက်မှာ ရောင်စုံသန္တာကျောက်တန်းတွေနဲ့ ငါးကျောင်းငါးတွေကူးခတ်နေတာကဟာ မြင်ရသူရူးမတတ်ပါပဲ။

ကံကောင်းရင် ရောင်စုံငါးတွေအပြင် ပင်လယ်လိပ်တွေနှင့် သန္တာကျောက်တန်းငါးမန်းတွေကိုပါ Maya Bay မှာမြင်ရနိုင်ပါတယ်။

"မာယာ” ဆိုတဲ့နာမည်အတိုင်းပဲ သိပ်ကိုမာယာများပါတယ်။
ရောက်ပြီးရင်ကြည့်မဝ၊ခံစားလို့မဝ တသသဖြစ်နေအောင်ကိုဆွဲဆောင်နိုင်လွန်းအားကြီးပါတယ်။

သိပ်လှတဲ့ကမ်းခြေကြီးကို နောက်ခံထားပြီး ဓာတ်ဖမ်းချင်ကြတဲ့သူတွေနဲ့ စွန့်စွန့်စားစားခရီးသွားကြတဲ့ ခရီးသွား နိုင်ငံခြားသားတွေသာမက ဒေသခံထိုင်းတွေနဲ့ပါ ဆုံးစည်းကြတာ မာယာ ပင်လယ်အော်ကြီးမှာပါ။

Maya Bay တည်ရှိရာနေရာကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ နာမည်ကြီး ကျွန်းခြောက်ကျွန်းထဲက ဖီဖီကျွန်းမှာပါ။ လီယိုနာဒို ဒီကာပရီယို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင် "The Beach” ရိုက်ကူးအပြီးမှာတော့ မာယာသည် အရင်ကထက် ကမ္ဘာလှည့် ခရီးသည်တွေကို ပိုမိုဆွဲဆောင်လာနိုင်ပါတယ်။

Maya Bay တွင် ဂေဟစနစ်ကို ထိန်းသိန်းရန်အတွက် ရေကူးကစားခြင်းများကိုတော့ ခွင့်ပြုမထားပါဘူး။
Snorkeling နှင့် Kayaking များကိုလည်း သတ်မှတ်ထားသောနေရာများတွေသာလုပ်သင့်ပါတယ်။
အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများကိုချန်ထားလို့မရသလို သိပ်လှတဲ့ အရာများ အိမ်အပြန်သယ်ဆောင်သွားခြင်းကိုလည်း "မာယာ” ကခွင့်ပြုမထားပါဘူး။

ဘန်ကောက်မှတစ်ဆင့် မာယာပင်လယ်အော်ကို လာရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ဖူးခက်(သို့)ခရာဖီ မှတစ်ဆင့် Long tail boat များ/ Speedboat များဖြင့်လာရောက်လေ့လာလည်ပတ်နိုင်ပါတယ်။

ကိုယ်ပိုင်အချိန်လေးတွေမှာ ကမ္ဘာပေါ်မှာရှိတဲ့ သိပ်လှတဲ့ အရာတွေကို ငေးကြည့်ချင်တယ်ဆိုရင်တော့ Maya Bay ကသွားကိုသွားရမယ့်နေရာပါပဲ။
ချစ်ရသူတွေတူတူ "မာယာ”ရဲ့ သိမ်မွေ့ပြီး အရိုင်းဆန်တဲ့ သဘာဝတရားကြီးကို တစ်ဝကြီးခံစားကြည့်ပါ။

ထိုင်းနိုင်ငံအတွင်းခရီးစဉ်များနှင် အခြားပြည်ပခရီးစဉ်များအကြောင်း သိလိုပါက လာရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။

ဒီနေ့မှာတော့ မြန်မာနိုင်ငံသားများအနေနှင့် တစ်ကမ္ဘာလုံးမှာ Visa Free သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံ(၁၄)နိုင်ငံကို ဖော်ပြ...
22/03/2023

ဒီနေ့မှာတော့ မြန်မာနိုင်ငံသားများအနေနှင့် တစ်ကမ္ဘာလုံးမှာ Visa Free သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံ(၁၄)နိုင်ငံကို ဖော်ပြပေးသွားပါမယ်။

✅Thailand (45)days
✅Laos (14)days
✅Cambodia (14)days
✅Singapore (30)days
✅Brunei (14)days
✅Vietnam (14)days
✅Indonesia (30)days
✅Philippines (30)days
✅Maldives (30)days
✅Dominica (21)days
✅Saint Vincent and the Grenadines (30)days
✅Micronesia (30)days
✅Ecuador (90)days
✅Haiti (90)days

ที่อยู่

Bangkok

เบอร์โทรศัพท์

+66806406025

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ EB Tours and Visa Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง EB Tours and Visa Services:

แชร์


Bangkok สำนักงานตัวแทนจัดการท่องเที่ยวอื่นๆ

แสดงผลทั้งหมด